Part 3
#Unicode
Jennie သတိရလာတော့ မနက်က ဖြစ်ခဲ့တဲ့အကြောင်းတွေ ပြန်တွေးနေသည်
"ဘာတွေ ဖြစ်ကုန်တာလည်း မသိ...."
Jennie သက်ပြင်းချပြီး ဘယ်အချိန်ရှိပြီလည်းဆိုတာ သိချင်လို့ စားပွဲခုံပေါ် တင်ထားတဲ့ ဖုန်းကို လှမ်းယူလိုက်သည်
သို့သော် စားပွဲခုံပေါ်တွင် ဖုန်းက ရှိမနေပေ
Jennie အိပ်ရာက ထပြီး စားပွဲခုံပေါ်က ပစ္စည်းတွေကို ဖယ်ကာ ရှာသော်လည်း ဖုန်းကို မတွေ့ရ
စောင်နဲ့ခေါင်းအုံးတွေ အောက် လှန်ပြီး ရှာသော်လည်း ဖုန်းကို ရှာမတွေ့ပေ
"ဖုန်းက ဘယ်ရောက်သွားတာလည်း "
"သတိရလာပြီလား "
အနောက်ကနေ ရုတ်တရက်ရောက်လာတဲ့ ကောင်မလေးကြောင့် Jennie လန့်ပြီး ခုန်မိသွားသည်
"Fuck လန့်လိုက်တာ "
"နင် တစ်ချိန်လုံး လန့်နေတာ တော်တော် အသည်းငယ်တာဘဲ "
ကောင်မလေးမှာ Jennieကို ကြည့်ပြီး ရယ်ကာ ခုံတွင် ထိုင်လိုက်သည်
Jennieမှာ ကောင်မလေးကို မျက်စောင်းထိုးကာ ကြည့်လိုက်စဥ် ကောင်မလေးလက်ထဲတွင် သူမ ရှာနေတဲ့ ဖုန်းကို တွေ့လိုက်ရသည်
"Yah ငါ့ဖုန်းကို ဘာလို့ယူထားတာလည်း ပြန်ပေး "
"ငါ နင် သတိမေ့နေတဲ့အချိန် ပျင်းလို့ ခဏယူဆော့တာပါဟ "
"ပေး အခု "
Jennieမှာ ကောင်မလေးရဲ့လက်ထဲက ဖုန်းကို ဆွဲယူလိုက်သည်
"သရဲသာ ဖြစ်တယ် ရှိသမျှ ပစ္စည်းအကုန်ထိလို့ရနေ...."
"အစွမ်းရှိတဲ့ သရဲလေ ငါက "
ကောင်မလေးမှာ စနောက်ပြောပြီး Jennieကို စိုက်ကြည့်နေသည်
Jennieမှာ ကုတင်ပေါ် ထိုင်လိုက်ပြီး သူမကို စိုက်ကြည့်နေတဲ့ ကောင်မလေးကို အော်လိုက်သည်
"Yah ငါ့ကို စိုက်ကြည့်မနေနဲ့.... "
Jennie ပြောစကားကို နားမထောင်ဘဲ ကောင်မလေးမှာ Jennieကိုသာ စိုက်ကြည့်နေသည်
Jennieမှာ ပြောမရသောကြောင့် ခေါင်းအုံးနဲ့ ကောင်မလေးကို လှမ်းပေါက်လိုက်သည်
"အား နာတယ်ဟ "
"ဘာလို့ ငါ့ကို စိုက်ကြည့်နေလည်း "
"နင်ကလည်း ...."
Jennieမှာ ကောင်မလေးကို ဘာမှဆက်မပြောတော့ဘဲ ဗိုက်ဆာလာလို့ အခန်းထဲက ထွက်သွားတယ်
ကောင်မလေးကလည်း Jennie နောက်ကို လိုက်သွားသည်
"Wow အခုမှ သေချာကြည့်မိတယ် နင့် အိမ်က တော်တော်ကျယ်ပြီး လှတာဘဲ...."
ကောင်မလေးပြောတဲ့ စကားကို Jennie ဘာမှ မတုံ့ပြန်ပေ
"ဒီမှာ တစ်ယောက်တည်းနေတာလား "
Jennie မှာ ဘာမှမဖြေဘဲ ရေခဲသေတ္တာထဲက ရေခဲမုန့်ယူပြီး ဧည့်ခန်းဘက် သွားထိုင်သည်
ကောင်မလေးမှာလည်း Jennieနောက်လိုက်ပြီး Jennieနဲ့ မျက်နှာချင်းဆိုင်တွင် သွားထိုင်သည်
ပြီးတော့ ရေခဲမုန့်စားနေတဲ့ Jennieကို စိုက်ကြည့်နေသောကြောင့် Jennie တော်တော်စိတ်တိုလာသည်
"နင် ပျောက်ကွယ်သွားလို့ မရဘူးလား "
Jennieရဲ့ စကားကြောင့် ကောင်မလေးမှာ သက်ပြင်းချပြီး မတ်တပ်ထရပ်သည်
Jennieမှာ ကောင်မလေး ထွက်သွားတော့မယ်ထင်ပြီး ပျော်သွားတယ်
"တံခါးက ဟိုဘက်မှာနော်..."
သို့သော် ကောင်မလေးမှာ ထွက်မသွားဘဲ Tv စင်အောက်က စက်တစ်ခုကို သွားကိုင်ကြည့်နေသည်
"Wow ဒါက ဂိမ်းစက်လား "
"Yah လျှောက်မကိုင်နဲ့ "
Jennie မှာ ကောင်မလေးရဲ့ လက်ကို ကိုင်လိုက်တော့ လက်ဖျားတွေ အေးစက်နေတာကို သတိထားမိသွားတယ်
"နင့်လက်ကလည်း အေးစက်နေတာဘဲ..."
"နင့်လက်လေးကျ နွေးလို့...."
ကောင်မလေးမှာ Jennieရဲ့ လက်ကို ဆုပ်ကိုင်ပြီး ပြောလိုက်သည်
Jennie လက်လေးကို ကိုင်ပြီး ကောင်မလေးမှာ သူမမျက်နှာပေါ် တင်လိုက်သည်
"အား နွေးလိုက်တာ ငါ အရမ်းသဘောကျတာဘဲ "
"Yah ငါ့လက်ကို လွှတ်..."
"ခဏလေးပါ နင့်လက်လေးက အရမ်းနွေးတာဘဲ "
ကောင်မလေးရဲ့ စကားနဲ့အပြုအမူတွေကြောင့် Jennieရင်ထဲ တခုခုဖြစ်သွားသလို ခံစားရသည်
"နင့်ဘဝမှာ နွေးထွေးမှု မခံစားဖူးဘူးလား "
Jennieမေးတော့ ကောင်မလေးမှာ ခေါင်းငုံ့ပြီး ခေါင်းခါပြလိုက်သည်
"နင် တကယ်ဘဲ ဘာမှမမှတ်မိဘူးလား "
Jennieကမေးတော့ ကောင်မလေးမှာ ခေါင်းခါပြပြီး ကြမ်းပြင်ပေါ် ထိုင်ချသည်
ဂိမ်းခလုတ်ကို ကောက်ကိုင်ပြီး Jennieကို မော့ကြည့်သည်
"ဘာလည်း "
"Gameဆော့နည်း သင်ပေးပါလား ငါဆော့ကြည့်ချင်လို့ "
"What the hell သရဲက ဘာလို့ ဂိမ်းဆော့ချင်နေရတာလည်း ငါကရော ဘာလို့ သရဲနဲ့ စကားပြောနေရတာလည်း "
"ဘာလို့လည်းဆိုတော့ နင်က ငါ့ကို မြင်ရလို့ စကားပြောလို့ရလို့ ထိတွေ့လို့ရလို့ပေါ့ဟ "
"အေး အဲ့ဒီ စောကျအဓိပ်ပါယျမရှိတဲ့အရာကွီးက ငါ့ကျမှ ဘာလို့လာဖြစ်နေတာလည်း တွေးမရဘူး "
"အဲ့အဓိပ်ပါယျမရှိတဲ့ အရာတွေကြောင့် ဒီလိုချောမောလှပတဲ့ ငါ့ကို တွေ့ခွင့်ရတာ မဟုတ်လား "
ကောင်မလေးမှာ ပြောပြီး Wink လုပ်ပြပေမယ့် မလုပ်တတ်တော့ မျက်လုံးနှစ်ဖက်လုံး ပိတ်သွားသည်
Jennieမှာ ကောင်မလေးကိုကြည့်ပြီး တဟားဟားနဲ့ ရယ်လေသည်
Jennie Kim တစ်ယောက် အလုပ်မသွားဘဲ သရဲက ဂိမ်းဆော့တာ ထိုင်ကြည့်နေတယ်လေ
"သူက တကယ်သရဲရော ဟုတ်ရဲ့လား ဒီလောက်လှနေတာကို......သူ လိမ်နေတာများလား ဒါပေမယ့် လုံခြုံရေးက ဘာလို့ သူ့ကို မမြင်ရတာလည်း ပြီးကျ သူ့လက်တွေက ဘာလို့အေးစက်နေတာလည်း "
Jennie တစ်ယောက်တည်း တွေးနေမိသည်
"နင့်မှာ သွားစရာနေရာမရှိဘူးလား "
"ဟင့်အင်း ငါ့မှာ ဘယ်နေရာမှ သွားစရာမရှိသလို ဘာမှလည်း မမှတ်မိဘူး"
ကောင်မလေးမှာ ဂိမ်းဆော့ရင်း ပြန်ဖြေလိုက်သည်
"ဒါဆို နင်က ဒီနေရာမှာ နေမယ်လို့ သွယ်ဝိုက်ပြောလိုက်တာပေါ့လေ ဟုတ်လား "
"ဒါပေါ့ "
"Excuse Me! ငါက မသိတဲ့သူကို အိမ်ပေါ်ခေါ်တင်နေခိုင်းရလောက်တဲ့ထိ သဘောမကောင်းဘူးနော် "
"ကိုယ့်ကိုကိုယ်တော့ သိသား "
"Yah အိမ်က ထွက်သွား..... "
ကောင်မလေးမှာ သူမကို စိတ်မတိုတိုအောင် ပြောနေသောကြောင့် Jennie အော်လိုက်သည်
"ဘာလို့လည်း ငါက နင့်ကို အန္တရာယ် ပေးတာလည်း မဟုတ်ဘူး "
"အေး အန္တရာယ် မပေးပေမယ့် ငါ စိတ်မတိုတိုအောင် နင် ပြောနေတာလေ "
"ငါ ဘာဖြစ်ခဲ့လည်းဆိုတာ သိအောင် နင် ကူညီပေးရင်ရော "
"နင့်ကို ကူညီပေးရလောက်အောင်ထိ ငါ အချိန်မအားဘူး "
"တစ်လဘဲ...တစ်လအတွင်း ငါ့အကြောင်း ဘာမှမသိရဘူးဆိုရင် နင့်အိမ်ကနေ ထွက်သွားပေးပါမယ် "
"နင့်အကြောင်းတွေ သိရရင်ရော "
"အဲ့ကျလည်း ထွက်သွားပေးပါမယ် "
"အပေးအယူလုပ်နေတာလား နင် "
"ဘယ်လိုလည်း နင်ကူညီပေးမယ်မလား "
ကောင်မလေးက မေးတော့ Jennie စဥ်းစားလိုက်သည်
ထို့နောက် သက်ပြင်းချပြီး ကူညီပေးဖို့ သဘောတူလိုက်သည်
#Tbc
#Zawgyi
Jennie သတိရလာေတာ့ မနက္က ျဖစ္ခဲ့တဲ့အေၾကာင္းေတြ ျပန္ေတြးေနသည္
"ဘာေတြ ျဖစ္ကုန္တာလည္း မသိ...."
Jennie သက္ျပင္းခ်ၿပီး ဘယ္အခ်ိန္ရွိၿပီလည္းဆိုတာ သိခ်င္လို႔ စားပြဲခုံေပၚ တင္ထားတဲ့ ဖုန္းကို လွမ္းယူလိုက္သည္
သို႔ေသာ္ စားပြဲခုံေပၚတြင္ ဖုန္းက ရွိမေနေပ
Jennie အိပ္ရာက ထၿပီး စားပြဲခုံေပၚက ပစၥည္းေတြကို ဖယ္ကာ ရွာေသာ္လည္း ဖုန္းကို မေတြ႕ရ
ေစာင္နဲ႕ေခါင္းအုံးေတြ ေအာက္ လွန္ၿပီး ရွာေသာ္လည္း ဖုန္းကို ရွာမေတြ႕ေပ
"ဖုန္းက ဘယ္ေရာက္သြားတာလည္း "
"သတိရလာၿပီလား "
အေနာက္ကေန ႐ုတ္တရက္ေရာက္လာတဲ့ ေကာင္မေလးေၾကာင့္ Jennie လန့္ၿပီး ခုန္မိသြားသည္
"Fuck လန့္လိုက္တာ "
"နင္ တစ္ခ်ိန္လုံး လန့္ေနတာ ေတာ္ေတာ္ အသည္းငယ္တာဘဲ "
ေကာင္မေလးမွာ Jennieကို ၾကည့္ၿပီး ရယ္ကာ ခုံတြင္ ထိုင္လိုက္သည္
Jennieမွာ ေကာင္မေလးကို မ်က္ေစာင္းထိုးကာ ၾကည့္လိုက္စဥ္ ေကာင္မေလးလက္ထဲတြင္ သူမ ရွာေနတဲ့ ဖုန္းကို ေတြ႕လိုက္ရသည္
"Yah ငါ့ဖုန္းကို ဘာလို႔ယူထားတာလည္း ျပန္ေပး "
"ငါ နင္ သတိေမ့ေနတဲ့အခ်ိန္ ပ်င္းလို႔ ခဏယူေဆာ့တာပါဟ "
"ေပး အခု "
Jennieမွာ ေကာင္မေလးရဲ႕လက္ထဲက ဖုန္းကို ဆြဲယူလိုက္သည္
"သရဲသာ ျဖစ္တယ္ ရွိသမွ် ပစၥည္းအကုန္ထိလို႔ရေန...."
"အစြမ္းရွိတဲ့ သရဲေလ ငါက "
ေကာင္မေလးမွာ စေနာက္ေျပာၿပီး Jennieကို စိုက္ၾကည့္ေနသည္
Jennieမွာ ကုတင္ေပၚ ထိုင္လိုက္ၿပီး သူမကို စိုက္ၾကည့္ေနတဲ့ ေကာင္မေလးကို ေအာ္လိုက္သည္
"Yah ငါ့ကို စိုက္ၾကည့္မေနနဲ႕.... "
Jennie ေျပာစကားကို နားမေထာင္ဘဲ ေကာင္မေလးမွာ Jennieကိုသာ စိုက္ၾကည့္ေနသည္
Jennieမွာ ေျပာမရေသာေၾကာင့္ ေခါင္းအုံးနဲ႕ ေကာင္မေလးကို လွမ္းေပါက္လိုက္သည္
"အား နာတယ္ဟ "
"ဘာလို႔ ငါ့ကို စိုက္ၾကည့္ေနလည္း "
"နင္ကလည္း ...."
Jennieမွာ ေကာင္မေလးကို ဘာမွဆက္မေျပာေတာ့ဘဲ ဗိုက္ဆာလာလို႔ အခန္းထဲက ထြက္သြားတယ္
ေကာင္မေလးကလည္း Jennie ေနာက္ကို လိုက္သြားသည္
"Wow အခုမွ ေသခ်ာၾကည့္မိတယ္ နင့္ အိမ္က ေတာ္ေတာ္က်ယ္ၿပီး လွတာဘဲ...."
ေကာင္မေလးေျပာတဲ့ စကားကို Jennie ဘာမွ မတုံ႕ျပန္ေပ
"ဒီမွာ တစ္ေယာက္တည္းေနတာလား "
Jennie မွာ ဘာမွမေျဖဘဲ ေရခဲေသတၱာထဲက ေရခဲမုန့္ယူၿပီး ဧည့္ခန္းဘက္ သြားထိုင္သည္
ေကာင္မေလးမွာလည္း Jennieေနာက္လိုက္ၿပီး Jennieနဲ႕ မ်က္ႏွာခ်င္းဆိုင္တြင္ သြားထိုင္သည္
ၿပီးေတာ့ ေရခဲမုန့္စားေနတဲ့ Jennieကို စိုက္ၾကည့္ေနေသာေၾကာင့္ Jennie ေတာ္ေတာ္စိတ္တိုလာသည္
"နင္ ေပ်ာက္ကြယ္သြားလို႔ မရဘူးလား "
Jennieရဲ႕ စကားေၾကာင့္ ေကာင္မေလးမွာ သက္ျပင္းခ်ၿပီး မတ္တပ္ထရပ္သည္
Jennieမွာ ေကာင္မေလး ထြက္သြားေတာ့မယ္ထင္ၿပီး ေပ်ာ္သြားတယ္
"တံခါးက ဟိုဘက္မွာေနာ္..."
သို႔ေသာ္ ေကာင္မေလးမွာ ထြက္မသြားဘဲ Tv စင္ေအာက္က စက္တစ္ခုကို သြားကိုင္ၾကည့္ေနသည္
"Wow ဒါက ဂိမ္းစက္လား "
"Yah ေလွ်ာက္မကိုင္နဲ႕ "
Jennie မွာ ေကာင္မေလးရဲ႕ လက္ကို ကိုင္လိုက္ေတာ့ လက္ဖ်ားေတြ ေအးစက္ေနတာကို သတိထားမိသြားတယ္
"နင့္လက္ကလည္း ေအးစက္ေနတာဘဲ..."
"နင့္လက္ေလးက် ႏြေးလို႔...."
ေကာင္မေလးမွာ Jennieရဲ႕ လက္ကို ဆုပ္ကိုင္ၿပီး ေျပာလိုက္သည္
Jennie လက္ေလးကို ကိုင္ၿပီး ေကာင္မေလးမွာ သူမမ်က္ႏွာေပၚ တင္လိုက္သည္
"အား ႏြေးလိုက္တာ ငါ အရမ္းသေဘာက်တာဘဲ "
"Yah ငါ့လက္ကို လႊတ္..."
"ခဏေလးပါ နင့္လက္ေလးက အရမ္းႏြေးတာဘဲ "
ေကာင္မေလးရဲ႕ စကားနဲ႕အျပဳအမူေတြေၾကာင့္ Jennieရင္ထဲ တခုခုျဖစ္သြားသလို ခံစားရသည္
"နင့္ဘဝမွာ ႏြေးေထြးမႈ မခံစားဖူးဘူးလား "
Jennieေမးေတာ့ ေကာင္မေလးမွာ ေခါင္းငုံ႕ၿပီး ေခါင္းခါျပလိုက္သည္
"နင္ တကယ္ဘဲ ဘာမွမမွတ္မိဘူးလား "
Jennieကေမးေတာ့ ေကာင္မေလးမွာ ေခါင္းခါျပၿပီး ၾကမ္းျပင္ေပၚ ထိုင္ခ်သည္
ဂိမ္းခလုတ္ကို ေကာက္ကိုင္ၿပီး Jennieကို ေမာ့ၾကည့္သည္
"ဘာလည္း "
"Gameေဆာ့နည္း သင္ေပးပါလား ငါေဆာ့ၾကည့္ခ်င္လို႔ "
"What the hell သရဲက ဘာလို႔ ဂိမ္းေဆာ့ခ်င္ေနရတာလည္း ငါကေရာ ဘာလို႔ သရဲနဲ႕ စကားေျပာေနရတာလည္း "
"ဘာလို႔လည္းဆိုေတာ့ နင္က ငါ့ကို ျမင္ရလို႔ စကားေျပာလို႔ရလို႔ ထိေတြ႕လို႔ရလို႔ေပါ့ဟ "
"ေအး အဲ့ဒီ ေစာက်အဓိပ္ပါယ်မရွိတဲ့အရာကြီးက ငါ့က်မွ ဘာလို႔လာျဖစ္ေနတာလည္း ေတြးမရဘူး "
"အဲ့အဓိပ္ပါယ်မရွိတဲ့ အရာေတြေၾကာင့္ ဒီလိုေခ်ာေမာလွပတဲ့ ငါ့ကို ေတြ႕ခြင့္ရတာ မဟုတ္လား "
ေကာင္မေလးမွာ ေျပာၿပီး Wink လုပ္ျပေပမယ့္ မလုပ္တတ္ေတာ့ မ်က္လုံးႏွစ္ဖက္လုံး ပိတ္သြားသည္
Jennieမွာ ေကာင္မေလးကိုၾကည့္ၿပီး တဟားဟားနဲ႕ ရယ္ေလသည္
Jennie Kim တစ္ေယာက္ အလုပ္မသြားဘဲ သရဲက ဂိမ္းေဆာ့တာ ထိုင္ၾကည့္ေနတယ္ေလ
"သူက တကယ္သရဲေရာ ဟုတ္ရဲ႕လား ဒီေလာက္လွေနတာကို......သူ လိမ္ေနတာမ်ားလား ဒါေပမယ့္ လုံၿခဳံေရးက ဘာလို႔ သူ႕ကို မျမင္ရတာလည္း ၿပီးက် သူ႕လက္ေတြက ဘာလို႔ေအးစက္ေနတာလည္း "
Jennie တစ္ေယာက္တည္း ေတြးေနမိသည္
"နင့္မွာ သြားစရာေနရာမရွိဘူးလား "
"ဟင့္အင္း ငါ့မွာ ဘယ္ေနရာမွ သြားစရာမရွိသလို ဘာမွလည္း မမွတ္မိဘူး"
ေကာင္မေလးမွာ ဂိမ္းေဆာ့ရင္း ျပန္ေျဖလိုက္သည္
"ဒါဆို နင္က ဒီေနရာမွာ ေနမယ္လို႔ သြယ္ဝိုက္ေျပာလိုက္တာေပါ့ေလ ဟုတ္လား "
"ဒါေပါ့ "
"Excuse Me! ငါက မသိတဲ့သူကို အိမ္ေပၚေခၚတင္ေနခိုင္းရေလာက္တဲ့ထိ သေဘာမေကာင္းဘူးေနာ္ "
"ကိုယ့္ကိုကိုယ္ေတာ့ သိသား "
"Yah အိမ္က ထြက္သြား..... "
ေကာင္မေလးမွာ သူမကို စိတ္မတိုတိုေအာင္ ေျပာေနေသာေၾကာင့္ Jennie ေအာ္လိုက္သည္
"ဘာလို႔လည္း ငါက နင့္ကို အႏၱရာယ္ ေပးတာလည္း မဟုတ္ဘူး "
"ေအး အႏၱရာယ္ မေပးေပမယ့္ ငါ စိတ္မတိုတိုေအာင္ နင္ ေျပာေနတာေလ "
"ငါ ဘာျဖစ္ခဲ့လည္းဆိုတာ သိေအာင္ နင္ ကူညီေပးရင္ေရာ "
"နင့္ကို ကူညီေပးရေလာက္ေအာင္ထိ ငါ အခ်ိန္မအားဘူး "
"တစ္လဘဲ...တစ္လအတြင္း ငါ့အေၾကာင္း ဘာမွမသိရဘူးဆိုရင္ နင့္အိမ္ကေန ထြက္သြားေပးပါမယ္ "
"နင့္အေၾကာင္းေတြ သိရရင္ေရာ "
"အဲ့က်လည္း ထြက္သြားေပးပါမယ္ "
"အေပးအယူလုပ္ေနတာလား နင္ "
"ဘယ္လိုလည္း နင္ကူညီေပးမယ္မလား "
ေကာင္မေလးက ေမးေတာ့ Jennie စဥ္းစားလိုက္သည္
ထို႔ေနာက္ သက္ျပင္းခ်ၿပီး ကူညီေပးဖို႔ သေဘာတူလိုက္သည္
#Tbc
Bạn đang đọc truyện trên: Truyen3h.Co