Truyen3h.Co

Lies

Part 4

KimFany059

#unicode

နောက်တစ်နေ့ မနက် Jennie အိပ်ရာက နိုးလာပြီး အခန်းထဲက ထွက်လာတော့ သူမ ခြေထောက်ပေါ် ဖြတ်ပြေးသွားတဲ့ Kumaကြောင့် လန့်သွားလေသည်

"Kukuရား လန့်လိုက်တာ....အိမ်ထဲ တအားမပြေးနဲ့လေ"

"ပြေးနိုင်မှလွတ်မယ်နော် Kuma.... ..."

Kuma ကို Jennie ဆူတုံးရှိသေး ကောင်မလေးရဲ့ အသံကြောင့် Jennie လှည့်ကြည့်တော့ ဒိုင်နိုဆောလို ပုံစံလုပ်ပြီး Kumaနောက် ပြေးလိုက်နေတာ တွေ့လိုက်ရသည်

Jennie ခေါင်းခါပြီး သက်ပြင်းချလိုက်သည်

"Ash ကလေးကျနေတာဘဲ "

ဧည့်ခန်းထဲ Kumaနဲ့ အော်ဟစ်ပြီး ဆော့ကစားနေတဲ့ ကောင်မလေးကို လျစ်လျူရှုပြီး Jennie မီးဖိုခန်းထဲ ဝင်သွားတယ်

မနက်စာ ချက်မစားချင်လို့ Jennie ကော်ဖီဖျော်ပြီး ပေါင်မုန့်ကို ထောပတ်သုတ်ကာ စားလိုက်သည်

မနက်စာစားနေတဲ့ အတောအတွင်းမှာလည်း Kuma ဟောင်သံတွေနဲ့အတူ ကောင်မလေးရဲ့ အော်သံတွေကို မကြားချင်ယောင်ဆောင်နေရသည်

Sunday ရုံးပိတ်ရက်မို့ Jennie အိမ်မှာ တစ်နေကုန်အားနေတော့ ဘာလုပ်ရမလည်းဆိုပြီး မီးဖိုခန်းထဲ လျှောက်ကြည့်နေသည်

ဟင်းချက်စရာတွေကုန်နေတာ သတိထားမိတော့ ရေချိုးပြီး စျေးဝယ်ထွက်ဖို့ ဆုံးဖြတ်လိုက်သည်

Jennie ရေချိုးဖို့ မီးဖိုခန်းထဲက ထွက်လာတော့ ကောင်မလေးမှာ ဆိုဖာပေါ်ထိုင်ပြီး Tv ကြည့်နေသည်

Kumaကတော့ သူမပေါင်ပေါ် အိပ်နေလေရဲ့

"သရဲတွေက Tvလည်း ကြည့်လို့ရတာလား "

Jennie သူမဘာသာတိုးတိုးလေး ရေရွတ်ပြီး သူမအခန်းထဲသို့ ရေချိုးဖို့ ဝင်သွားလေသည်

ရေချိုးပြီး ရေချိုးခန်းထဲက ထွက်လာတော့ သူမ ဗီဒိုကို မွှေနှောက်ရှာနေတဲ့ ကောင်မလေးကို မြင်တော့ Jennie မျက်မှောင်ကြုတ်သွားတယ်

"ဘာလုပ်နေတာလည်း "

Jennieရဲ့ မေးခွန်းကြောင့် ကောင်မလေးမှာ Jennieကို တစ်ချက်လှည့်ကြည့်ပြီး ဗီဒိုကို ဆက်မွှေနေသည်

"ခုန Tvကြည့်တာလေ အဲ့ထဲက တစ်ယောက်က အေးနေချိန် ဆွယ်တာလေး ဝတ်ထားရင် နွေးပါတယ်ပြောလို့ အဲ့တာဆွယ်တာ လိုက်ရှာနေတာ "

ကောင်မလေးရဲ့ စကားကြောင့် Jennieမှာ ကောင်မလေးကို တစ်ချက်ကြည့်လိုက်သည်

ကောင်မလေးမှာ တစ်နေ့ကအဝတ်အစားဘဲ ဝတ်ထားတာကို သတိထားမိသည်

"ငါ့ပစ္စည်းတွေ မထိနဲ့လို့ ပြောထားတယ်လေ "

Jennie က ငေါက်လိုက်တော့ ကောင်မလေးမှာ ပြုံးပြီး တောင်းပန်လေသည်

"Sorry ငါ မေ့သွားလို့ "

Jennie သက်ပြင်းချလိုက်သည်

ကောင်မလေး တစ်ကိုယ်လုံးက အေးစက်နေတော့ အနွေးထည်လေးတော့ လိုအပ်မှာဘဲလေ....

Jennie တွေးမိပြီး ဗီဒိုထဲက hoodie တစ်ထည်နဲ့ ဘောင်းဘီတစ်ထည်ကို ထုတ်ပေးလိုက်သည်

"ရော့...."

Jennie ပေးတဲ့ အဝတ်အစားကို ကောင်မလေးမှာ ယူပြီး ရုတ်တရက် သူမရဲ့ ဘောင်းဘီကို ချွတ်ချသောကြောင့် Jennieမှာ အမြန် တစ်ဖက်ကို လှည့်ကာ အော်လေသည်

"Yah ဘာလုပ်တာလည်း "

"အဝတ်အစားလဲတာလေ "

"ငါ့ရှေ့ ချွတ်ချရလား "

"နင်လည်း မိန်းကလေး ငါလည်း မိန်းကလေးကို ဘာတွေရှက်နေတာလည်း "

"သရဲမကတော့ အတိတ်မေ့တာတင်မဟုတ်ဘူး ရှက်ဖို့ပါမေ့နေတာလားမသိဘူး "

"လဲပြီးပြီ "

"လဲပြီးရင် ထွက်သွား ငါ အဝတ်အစား လဲရအုံးမယ် "

"Ok "

Jennie မှာ ကောင်မလေးလည်း ထွက်သွားရော တံခါးကိုလော့ချပြီး အဝတ်အစားလဲလေသည်

ထို့နောက် အခန်းတံခါးပြန်ဖွင့်ပြီး ထွက်လာတော့ ဧည့်ခန်းထဲတွင် ကောင်မလေးကို မတွေ့ရပေ

မီးဖိုချောင်ထဲ သွားကြည့်တော့လည်း မတွေ့ရသောကြောင့် အိမ်ထဲက ထွက်သွားပြီလား တွေးရင်း ကားသော့နဲ့ ပိုက်ဆံအိတ်ကို ယူပြီး Jennie အိမ်ထဲကနေ ထွက်လာခဲ့သည်

နေ့လည်စာကိုတော့ အပြင်မှာ Jennie စားပြီး ညစာအတွက် shopping mallကနေ ကြက်သားနဲ့တစ်ခြား စားစရာတွေရယ် Kumaအတွက် ခွေးစာတွေပါ ဝယ်လာခဲ့သည်

အိမ်ကို ပြန်ရောက်တော့ ကောင်မလေးကို မတွေ့ရပေ

Jennie သက်ပြင်းချလိုက်ပြီး မုန့်တွေ စားစရာတွေကို ရေခဲသေတ္တာထဲ ထည့်လိုက်သည်

ထို့နောက် အခန်းထဲ ဝင်သွားပြီး သက်တောင့်သက်သာ ဖြစ်စေမယ့် အဝတ်အစား ပြန်လဲကာ ကုတင်ပေါ် ပစ်လှဲလိုက်သည်

"ဘာလုပ်နေတာလည်း "

Laptopကို ဖွင့်ပြီး ရုပ်ရှင်ရွေးနေစဥ် ရုတ်တရက်ရောက်လာတဲ့ ကောင်မလေးရဲ့ အသံကြောင့် လန့်ပြီး မအော်မိအောင် ပါးစပ်ကို လက်နဲ့ ပိတ်လိုက်ရသည်

"ငါ့ကို လန့်သေအောင် လုပ်ပြန်ပြီလား "

Jennie စူပုပ်နေတာ ကြည့်ပြီး ကောင်မလေးမှာ ရယ်ကာ ကုတင်ပေါ်ကို တက်လာသည်

"ကုတင်ပေါ်က ဆင်း "

Jennie ပြောပေမယ့် ကောင်မလေးမှာ နားမထောင်ဘဲ Jennieဘေးနား ဝင်ထိုင်လိုက်သည်

"ခုန ဘယ်တွေ သွားနေတာလည်း နင်မရှိတော့ ငါ့မှာ အထီးကျန်ပြီး ပျင်းနေတာ သိလား "

ခေါင်းအုံးကို ပိုက်ပြီး သူမကို စကားပြောနေတဲ့ ကောင်မလေးကို Jennie တစ်ချက်ကြည့်လိုက်သည်

"ဝယ်စရာရှိတဲ့ အစားအစာတွေ သွားဝယ်နေတာ "

Jennie ဖြေပြီး laptopကို အာရုံစိုက်လိုက်သည်

"Aww. ..."

အခန်းထဲတွင် laptopမှ ဇာတ်လမ်းအသံက လွဲလို့ တစ်ခြားအသံများမကြားရတော့ပေ

ကောင်မလေးမှာလည်း ငြိမ်နေပြီး Jennieမှာလည်း ရုပ်ရှင်ကြည့်နေသည်

"ဟိုလေ ငါ ဒီမှာ ခဏအိပ်လို့ရလား နင့်ကုတင်လေးက အိပ်လို့ကောင်းပြီး နွေးနေတာဘဲ "

ကောင်မလေးရဲ့ စကားကြောင့် မနေ့က ကောင်မလေးမှာ ဆိုဖာပေါ် အိပ်ခဲ့ရတာ တွေးမိပြီး Jennie ခေါင်းညိတ်ပြလိုက်သည်

"Yeah "

ကောင်မလေးမှာ လက်ခုပ်တီးပြီး စောင်ကိုခြုံကာ လှဲအိပ်လေသည်

မိနစ်အနည်းငယ် ကြာတော့ ကောင်မလေးရဲ့ အသံမကြားရလို့ Jennie ရုပ်ရှင် ကြည့်ရာက လှည့်ကြည့်တော့ စောင်လေးခြုံကာ အိပ်ပျော်နေတဲ့ ကောင်မလေးကို တွေ့ရလေသည်

အိပ်ပျော်နေတဲ့ ကောင်မလေးကို ကြည့်ပြီး သူမတောင် မသိလိုက်ဘဲ Jennie ပြုံးလိုက်မိသည်

"ဝါး မွှေးလိုက်တာ ကြက်ကြော်ဘဲ "

Jennie ကြက်သားကြော်နေရင်း အနောက်က အသံကြောင့် ကောင်မလေးမှန်း သိလိုက်ပြီလေ

"ငါရော စားလို့ရလား "

"ရပါတယ် နင့်အတွက်ပါ ငါ ကြော်ထားတယ် ပိုနေလို့နော် "

Jennie ကြက်သားကြော်ရင်း ပြန်ဖြေတော့ ကောင်မလေးမှာ ပျော်ပြီး လက်ခုပ်တီးလိုက်သည်

"တကယ်လား ကျေးဇူးတင်ပါတယ် "

ကြက်ကြော်ကို အားပါးတရ စားနေတဲ့ ကောင်မလေးကို ကြည့်ပြီး ဘာလို့မှန်းမသိ Jennie ပြုံးမိနေသည်

"ဝါး ငါစားဖူးသမျှ ကြက်ကြော်ထဲ နင့် ကြက်ကြော်က စားလို့အကောင်းဆုံးဘဲ..... "

"လာမြှောက်မနေနဲ့... ညတိုင်း နင် ဧည့်ခန်းမှာဘဲ အိပ်ရမှာ"

"ငါ ဘာပြောလို့လည်း "

"နင်ပြောမှာ ကြိုသိနေလို့ "

Jennie စကားကြောင့် ကောင်မလေးမှာ အသည်းပုံနှုတ်ခမ်းလေး ပေါ်အောင် ပြုံးလိုက်သည်

Jennie ထိုအပြုံးကို ငေးကြည့်ရင်း ကောင်မလေးမှာ ဘယ်လိုကြောင့် သေဆုံးသွားရလည်းဆိုတာ သိချင်လာသည်

******

နောက်တစ်နေ့မနက် အလုပ်တွင် meeting ပြီးနောက် Jennie သူမရုံးခန်းကို ပြန်လာပြီး အနားယူနေသည်

အနားယူနေရင်း ရုတ်တရက် ကောင်မလေး အကြောင်းကို တွေးမိပြီး စုံစမ်းစစ်ဆေးရေးမှူးဖြစ်တဲ့ သူမရဲ့ သူငယ်ချင်း Ireneဆီ ဖုန်းဆက်လိုက်သည်

"Hello Jennie ထူးထူးဆန်းဆန်း ဖုန်းတွေဆက်လို့ ဘာလည်း ဘယ်သူက နင့်ပိုက်ဆံတွေ လိမ်သွားလို့လည်း "

"အဲ့လိုမဟုတ်ပါဘူး "

Jennieမှာ သူမအိမ်မှာ နေတဲ့ ထူးဆန်းတဲ့ မိန်းကလေး အကြောင်းကို Ireneကို ပြောပြရင် ကောင်းမလား မပြောပြဘဲနေရမလားဆိုတာ တွေးတောနေသည်

သို့သော်လည်း သူမက ပြောပြလိုက်ရင် Ireneက သူမကို ရူးနေတာလားလို့ မေးမှာဆိုးလို့ မပြောဘဲနေဖို့ တွေးလိုက်သည်

"ဒါဆို ဘာများလည်း "

"လွန်ခဲ့တဲ့ သောကြာနေ့က ဖြစ်ခဲ့တဲ့ မတော်တဆမှုတွေနဲ့ ပတ်သက်ပြီး နင့်ကို information တစ်ခု ရှာခိုင်းချင်လို့ "

"အင်း "

"မိန်းကလေး သီးသန့််နော် ကောင်လေးတွေ မပါစေနဲ့ အဲ့မိန်းကလေးတွေရဲ့ ပုံနဲ့ နာမည်တွေကို စုထားပေးပါလား "

"ရပါတယ် ဒါပေမယ့် အချိန်တော့ တော်တော်ပေးရမယ်နော် ဘာလို့ဆို တစ်နေ့တစ်နေ့ ဒီ ဆိုးလ်မြို့ထဲတင် accident ဘယ်လောက်ဖြစ်လည်းဆိုတာ နင်လည်းသိသားနဲ့ "

"ဘယ်လောက်ကြာမလည်း "

"တစ်ပတ် ဒါမှမဟုတ် နှစ်ပတ်....ငါ မြန်နိုင်သလောက်တော့ မြန်ပေးပါမယ် "

"နင့်ကောင်မလေးကိုလည်း ရှာခိုင်းလေ "

Jennie စကားကြောင့် Irene မျက်မှောင်ကြုတ်သွားတယ်

"ငါ့ကောင်မလေးက ဘယ်သူလည်း "

"Oh please... Seulgiလေ သူက စုံထောက်ဆိုလား "

"Yah ငါ့ဟာငါ ရှာနိုင်တယ် ဘယ်သူ့အကူအညီမှ မလိုဘူး "

Seulgiဆိုတဲ့ အူကြောင်ကြောင် စုံထောက်မလေးက Ireneကို သဘောကျနေသူပါ သို့သော် Ireneကတော့ သူမကို လျစ်လျူရှုထားတယ်လေ

"ဒါနဲ့ နင်က ဘာလို့ အဲ့ accident အကြောင်းတွေ လိုချင်ရတာလည်း "

"အာ meeting ရှိလို့ သွားရတော့မယ် ဒါဘဲနော် "

Irene မေးတဲ့ မေးခွန်းကို Jennie မဖြေချင်လို့ စကားလမ်းကြောင်း လွှဲပြီး ဖုန်းချလိုက်သည်

#Tbc

#Z

ေနာက္တစ္ေန႕ မနက္ Jennie အိပ္ရာက နိုးလာၿပီး အခန္းထဲက ထြက္လာေတာ့ သူမ ေျခေထာက္ေပၚ ျဖတ္ေျပးသြားတဲ့ Kumaေၾကာင့္ လန့္သြားေလသည္

"Kukuရား လန့္လိုက္တာ....အိမ္ထဲ တအားမေျပးနဲ႕ေလ"

"ေျပးနိုင္မွလြတ္မယ္ေနာ္ Kuma.... ..."

Kuma ကို Jennie ဆူတုံးရွိေသး ေကာင္မေလးရဲ႕ အသံေၾကာင့္ Jennie လွည့္ၾကည့္ေတာ့ ဒိုင္နိုေဆာလို ပုံစံလုပ္ၿပီး Kumaေနာက္ ေျပးလိုက္ေနတာ ေတြ႕လိုက္ရသည္

Jennie ေခါင္းခါၿပီး သက္ျပင္းခ်လိဳက္သည္

"Ash ကေလးက်ေနတာဘဲ "

ဧည့္ခန္းထဲ Kumaနဲ႕ ေအာ္ဟစ္ၿပီး ေဆာ့ကစားေနတဲ့ ေကာင္မေလးကို လ်စ္လ်ဴရႈၿပီး Jennie မီးဖိုခန္းထဲ ဝင္သြားတယ္

မနက္စာ ခ်က္မစားခ်င္လို႔ Jennie ေကာ္ဖီေဖ်ာ္ၿပီး ေပါင္မုန့္ကို ေထာပတ္သုတ္ကာ စားလိုက္သည္

မနက္စာစားေနတဲ့ အေတာအတြင္းမွာလည္း Kuma ေဟာင္သံေတြနဲ႕အတူ ေကာင္မေလးရဲ႕ ေအာ္သံေတြကို မၾကားခ်င္ေယာင္ေဆာင္ေနရသည္

Sunday ႐ုံးပိတ္ရက္မို႔ Jennie အိမ္မွာ တစ္ေနကုန္အားေနေတာ့ ဘာလုပ္ရမလည္းဆိုၿပီး မီးဖိုခန္းထဲ ေလွ်ာက္ၾကည့္ေနသည္

ဟင္းခ်က္စရာေတြကုန္ေနတာ သတိထားမိေတာ့ ေရခ်ိဳးၿပီး ေစ်းဝယ္ထြက္ဖို႔ ဆုံးျဖတ္လိုက္သည္

Jennie ေရခ်ိဳးဖို႔ မီးဖိုခန္းထဲက ထြက္လာေတာ့ ေကာင္မေလးမွာ ဆိုဖာေပၚထိုင္ၿပီး Tv ၾကည့္ေနသည္

Kumaကေတာ့ သူမေပါင္ေပၚ အိပ္ေနေလရဲ႕

"သရဲေတြက Tvလည္း ၾကည့္လို႔ရတာလား "

Jennie သူမဘာသာတိုးတိုးေလး ေရ႐ြတ္ၿပီး သူမအခန္းထဲသို႔ ေရခ်ိဳးဖို႔ ဝင္သြားေလသည္

ေရခ်ိဳးၿပီး ေရခ်ိဳးခန္းထဲက ထြက္လာေတာ့ သူမ ဗီဒိုကို ေမႊႏွောက္ရွာေနတဲ့ ေကာင္မေလးကို ျမင္ေတာ့ Jennie မ်က္ေမွာင္ၾကဳတ္သြားတယ္

"ဘာလုပ္ေနတာလည္း "

Jennieရဲ႕ ေမးခြန္းေၾကာင့္ ေကာင္မေလးမွာ Jennieကို တစ္ခ်က္လွည့္ၾကည့္ၿပီး ဗီဒိုကို ဆက္ေမႊေနသည္

"ခုန Tvၾကည့္တာေလ အဲ့ထဲက တစ္ေယာက္က ေအးေနခ်ိန္ ဆြယ္တာေလး ဝတ္ထားရင္ ႏြေးပါတယ္ေျပာလို႔ အဲ့တာဆြယ္တာ လိုက္ရွာေနတာ "

ေကာင္မေလးရဲ႕ စကားေၾကာင့္ Jennieမွာ ေကာင္မေလးကို တစ္ခ်က္ၾကည့္လိုက္သည္

ေကာင္မေလးမွာ တစ္ေန႕ကအဝတ္အစားဘဲ ဝတ္ထားတာကို သတိထားမိသည္

"ငါ့ပစၥည္းေတြ မထိနဲ႕လို႔ ေျပာထားတယ္ေလ "

Jennie က ေငါက္လိုက္ေတာ့ ေကာင္မေလးမွာ ၿပဳံးၿပီး ေတာင္းပန္ေလသည္

"Sorry ငါ ေမ့သြားလို႔ "

Jennie သက္ျပင္းခ်လိဳက္သည္

ေကာင္မေလး တစ္ကိုယ္လုံးက ေအးစက္ေနေတာ့ အႏြေးထည္ေလးေတာ့ လိုအပ္မွာဘဲေလ....

Jennie ေတြးမိၿပီး ဗီဒိုထဲက hoodie တစ္ထည္နဲ႕ ေဘာင္းဘီတစ္ထည္ကို ထုတ္ေပးလိုက္သည္

"ေရာ့...."

Jennie ေပးတဲ့ အဝတ္အစားကို ေကာင္မေလးမွာ ယူၿပီး ႐ုတ္တရက္ သူမရဲ႕ ေဘာင္းဘီကို ခြၽတ္ခ်ေသာေၾကာင့္ Jennieမွာ အျမန္ တစ္ဖက္ကို လွည့္ကာ ေအာ္ေလသည္

"Yah ဘာလုပ္တာလည္း "

"အဝတ္အစားလဲတာေလ "

"ငါ့ေရွ႕ ခြၽတ္ခ်ရလား "

"နင္လည္း မိန္းကေလး ငါလည္း မိန္းကေလးကို ဘာေတြရွက္ေနတာလည္း "

"သရဲမကေတာ့ အတိတ္ေမ့တာတင္မဟုတ္ဘူး ရွက္ဖို႔ပါေမ့ေနတာလားမသိဘူး "

"လဲၿပီးၿပီ "

"လဲၿပီးရင္ ထြက္သြား ငါ အဝတ္အစား လဲရအုံးမယ္ "

"Ok "

Jennie မွာ ေကာင္မေလးလည္း ထြက္သြားေရာ တံခါးကိုေလာ့ခ်ၿပီး အဝတ္အစားလဲေလသည္

ထို႔ေနာက္ အခန္းတံခါးျပန္ဖြင့္ၿပီး ထြက္လာေတာ့ ဧည့္ခန္းထဲတြင္ ေကာင္မေလးကို မေတြ႕ရေပ

မီးဖိုေခ်ာင္ထဲ သြားၾကည့္ေတာ့လည္း မေတြ႕ရေသာေၾကာင့္ အိမ္ထဲက ထြက္သြားၿပီလား ေတြးရင္း ကားေသာ့နဲ႕ ပိုက္ဆံအိတ္ကို ယူၿပီး Jennie အိမ္ထဲကေန ထြက္လာခဲ့သည္

ေန႕လည္စာကိုေတာ့ အျပင္မွာ Jennie စားၿပီး ညစာအတြက္ shopping mallကေန ၾကက္သားနဲ႕တစ္ျခား စားစရာေတြရယ္ Kumaအတြက္ ေခြးစာေတြပါ ဝယ္လာခဲ့သည္

အိမ္ကို ျပန္ေရာက္ေတာ့ ေကာင္မေလးကို မေတြ႕ရေပ

Jennie သက္ျပင္းခ်လိဳက္ၿပီး မုန့္ေတြ စားစရာေတြကို ေရခဲေသတၱာထဲ ထည့္လိုက္သည္

ထို႔ေနာက္ အခန္းထဲ ဝင္သြားၿပီး သက္ေတာင့္သက္သာ ျဖစ္ေစမယ့္ အဝတ္အစား ျပန္လဲကာ ကုတင္ေပၚ ပစ္လွဲလိုက္သည္

"ဘာလုပ္ေနတာလည္း "

Laptopကို ဖြင့္ၿပီး ႐ုပ္ရွင္ေ႐ြးေနစဥ္ ႐ုတ္တရက္ေရာက္လာတဲ့ ေကာင္မေလးရဲ႕ အသံေၾကာင့္ လန့္ၿပီး မေအာ္မိေအာင္ ပါးစပ္ကို လက္နဲ႕ ပိတ္လိုက္ရသည္

"ငါ့ကို လန့္ေသေအာင္ လုပ္ျပန္ၿပီလား "

Jennie စူပုပ္ေနတာ ၾကည့္ၿပီး ေကာင္မေလးမွာ ရယ္ကာ ကုတင္ေပၚကို တက္လာသည္

"ကုတင္ေပၚက ဆင္း "

Jennie ေျပာေပမယ့္ ေကာင္မေလးမွာ နားမေထာင္ဘဲ Jennieေဘးနား ဝင္ထိုင္လိုက္သည္

"ခုန ဘယ္ေတြ သြားေနတာလည္း နင္မရွိေတာ့ ငါ့မွာ အထီးက်န္ၿပီး ပ်င္းေနတာ သိလား "

ေခါင္းအုံးကို ပိုက္ၿပီး သူမကို စကားေျပာေနတဲ့ ေကာင္မေလးကို Jennie တစ္ခ်က္ၾကည့္လိုက္သည္

"ဝယ္စရာရွိတဲ့ အစားအစာေတြ သြားဝယ္ေနတာ "

Jennie ေျဖၿပီး laptopကို အာ႐ုံစိုက္လိုက္သည္

"Aww. ..."

အခန္းထဲတြင္ laptopမွ ဇာတ္လမ္းအသံက လြဲလို႔ တစ္ျခားအသံမ်ားမၾကားရေတာ့ေပ

ေကာင္မေလးမွာလည္း ၿငိမ္ေနၿပီး Jennieမွာလည္း ႐ုပ္ရွင္ၾကည့္ေနသည္

"ဟိုေလ ငါ ဒီမွာ ခဏအိပ္လို႔ရလား နင့္ကုတင္ေလးက အိပ္လို႔ေကာင္းၿပီး ႏြေးေနတာဘဲ "

ေကာင္မေလးရဲ႕ စကားေၾကာင့္ မေန႕က ေကာင္မေလးမွာ ဆိုဖာေပၚ အိပ္ခဲ့ရတာ ေတြးမိၿပီး Jennie ေခါင္းညိတ္ျပလိုက္သည္

"Yeah "

ေကာင္မေလးမွာ လက္ခုပ္တီးၿပီး ေစာင္ကိုၿခဳံကာ လွဲအိပ္ေလသည္

မိနစ္အနည္းငယ္ ၾကာေတာ့ ေကာင္မေလးရဲ႕ အသံမၾကားရလို႔ Jennie ႐ုပ္ရွင္ ၾကည့္ရာက လွည့္ၾကည့္ေတာ့ ေစာင္ေလးၿခဳံကာ အိပ္ေပ်ာ္ေနတဲ့ ေကာင္မေလးကို ေတြ႕ရေလသည္

အိပ္ေပ်ာ္ေနတဲ့ ေကာင္မေလးကို ၾကည့္ၿပီး သူမေတာင္ မသိလိုက္ဘဲ Jennie ၿပဳံးလိုက္မိသည္

"ဝါး ေမႊးလိုက္တာ ၾကက္ေၾကာ္ဘဲ "

Jennie ၾကက္သားေၾကာ္ေနရင္း အေနာက္က အသံေၾကာင့္ ေကာင္မေလးမွန္း သိလိုက္ၿပီေလ

"ငါေရာ စားလို႔ရလား "

"ရပါတယ္ နင့္အတြက္ပါ ငါ ေၾကာ္ထားတယ္ ပိုေနလို႔ေနာ္ "

Jennie ၾကက္သားေၾကာ္ရင္း ျပန္ေျဖေတာ့ ေကာင္မေလးမွာ ေပ်ာ္ၿပီး လက္ခုပ္တီးလိုက္သည္

"တကယ္လား ေက်းဇူးတင္ပါတယ္ "

ၾကက္ေၾကာ္ကို အားပါးတရ စားေနတဲ့ ေကာင္မေလးကို ၾကည့္ၿပီး ဘာလို႔မွန္းမသိ Jennie ၿပဳံးမိေနသည္

"ဝါး ငါစားဖူးသမွ် ၾကက္ေၾကာ္ထဲ နင့္ ၾကက္ေၾကာ္က စားလို႔အေကာင္းဆုံးဘဲ..... "

"လာျမႇောက္မေနနဲ႕... ညတိုင္း နင္ ဧည့္ခန္းမွာဘဲ အိပ္ရမွာ"

"ငါ ဘာေျပာလို႔လည္း "

"နင္ေျပာမွာ ႀကိဳသိေနလို႔ "

Jennie စကားေၾကာင့္ ေကာင္မေလးမွာ အသည္းပုံႏႈတ္ခမ္းေလး ေပၚေအာင္ ၿပဳံးလိုက္သည္

Jennie ထိုအၿပဳံးကို ေငးၾကည့္ရင္း ေကာင္မေလးမွာ ဘယ္လိုေၾကာင့္ ေသဆုံးသြားရလည္းဆိုတာ သိခ်င္လာသည္

******

ေနာက္တစ္ေန႕မနက္ အလုပ္တြင္ meeting ၿပီးေနာက္ Jennie သူမ႐ုံးခန္းကို ျပန္လာၿပီး အနားယူေနသည္

အနားယူေနရင္း ႐ုတ္တရက္ ေကာင္မေလး အေၾကာင္းကို ေတြးမိၿပီး စုံစမ္းစစ္ေဆးေရးမႉးျဖစ္တဲ့ သူမရဲ႕ သူငယ္ခ်င္း Ireneဆီ ဖုန္းဆက္လိုက္သည္

"Hello Jennie ထူးထူးဆန္းဆန္း ဖုန္းေတြဆက္လို႔ ဘာလည္း ဘယ္သူက နင့္ပိုက္ဆံေတြ လိမ္သြားလို႔လည္း "

"အဲ့လိုမဟုတ္ပါဘူး "

Jennieမွာ သူမအိမ္မွာ ေနတဲ့ ထူးဆန္းတဲ့ မိန္းကေလး အေၾကာင္းကို Ireneကို ေျပာျပရင္ ေကာင္းမလား မေျပာျပဘဲေနရမလားဆိုတာ ေတြးေတာေနသည္

သို႔ေသာ္လည္း သူမက ေျပာျပလိုက္ရင္ Ireneက သူမကို ႐ူးေနတာလားလို႔ ေမးမွာဆိုးလို႔ မေျပာဘဲေနဖို႔ ေတြးလိုက္သည္

"ဒါဆို ဘာမ်ားလည္း "

"လြန္ခဲ့တဲ့ ေသာၾကာေန႕က ျဖစ္ခဲ့တဲ့ မေတာ္တဆမႈေတြနဲ႕ ပတ္သက္ၿပီး နင့္ကို information တစ္ခု ရွာခိုင္းခ်င္လို႔ "

"အင္း "

"မိန္းကေလး သီးသန့္္ေနာ္ ေကာင္ေလးေတြ မပါေစနဲ႕ အဲ့မိန္းကေလးေတြရဲ႕ ပုံနဲ႕ နာမည္ေတြကို စုထားေပးပါလား "

"ရပါတယ္ ဒါေပမယ့္ အခ်ိန္ေတာ့ ေတာ္ေတာ္ေပးရမယ္ေနာ္ ဘာလို႔ဆို တစ္ေန႕တစ္ေန႕ ဒီ ဆိုးလ္ၿမိဳ႕ထဲတင္ accident ဘယ္ေလာက္ျဖစ္လည္းဆိုတာ နင္လည္းသိသားနဲ႕ "

"ဘယ္ေလာက္ၾကာမလည္း "

"တစ္ပတ္ ဒါမွမဟုတ္ ႏွစ္ပတ္....ငါ ျမန္နိုင္သေလာက္ေတာ့ ျမန္ေပးပါမယ္ "

"နင့္ေကာင္မေလးကိုလည္း ရွာခိုင္းေလ "

Jennie စကားေၾကာင့္ Irene မ်က္ေမွာင္ၾကဳတ္သြားတယ္

"ငါ့ေကာင္မေလးက ဘယ္သူလည္း "

"Oh please... Seulgiေလ သူက စုံေထာက္ဆိုလား "

"Yah ငါ့ဟာငါ ရွာနိုင္တယ္ ဘယ္သူ႕အကူအညီမွ မလိုဘူး "

Seulgiဆိုတဲ့ အူေၾကာင္ေၾကာင္ စုံေထာက္မေလးက Ireneကို သေဘာက်ေနသူပါ သို႔ေသာ္ Ireneကေတာ့ သူမကို လ်စ္လ်ဴရႈထားတယ္ေလ

"ဒါနဲ႕ နင္က ဘာလို႔ အဲ့ accident အေၾကာင္းေတြ လိုခ်င္ရတာလည္း "

"အာ meeting ရွိလို႔ သြားရေတာ့မယ္ ဒါဘဲေနာ္ "

Irene ေမးတဲ့ ေမးခြန္းကို Jennie မေျဖခ်င္လို႔ စကားလမ္းေၾကာင္း လႊဲၿပီး ဖုန္းခ်လိဳက္သည္

#Tbc

Bạn đang đọc truyện trên: Truyen3h.Co