Truyen3h.Co

Lies

Part 5

KimFany059

#Unicode

1 week later

Jennie သူမ အခန်းထဲတွင် laptop တစ်ခုနဲ့ အလုပ်ရှုပ်နေသည်

Irene ပို့ပေးတဲ့ Fileကို ဖွင့်ကြည့်ရင်း နာမည်စာရင်းတွေ အများကြီး တွေ့ရတော့ Jennie ညည်းတွားမိသည်

"Ahhhhhh ဒီ အများကြီးထဲကနေ ဟိုသရဲမကို ရှာရမှာလား "

Fileထဲက ပုံနဲ့ နာမည်တွေ တစ်ခုချင်းစီ လိုက်ကြည့်နေသော်လည်း တစ်နာရီကျော် ကြာတဲ့အထိ ကောင်မလေးရဲ့ ပုံနဲ့ နာမည်က ရှာမတွေ့သေး

Jennie နောက်ကျောတက်လာလို့ ကုတင်ပေါ် ပစ်လှဲပြီး သူမ မျက်နှာကို လက်နဲ့ ပွတ်လိုက်သည်

"အချိန်ဖြုန်းနေတာဘဲ...ကျစ် ငါကလည်း ငါ့အလုပ်ငါ မလုပ်ဘဲ သူများအလုပ် လိုက်လုပ်နေတယ် "

"နင့် ကြည့်ရတာ ဖိအားများနေသလိုဘဲ "

ကောင်မလေးရဲ့ အသံကြောင့် Jennie မျက်လုံးဖွင့်ကြည့်လိုက်သည်

သူမရဲ့ hoodieကို ဝတ်ထားတဲ့ ကောင်မလေးကို ကြည့်ပြီး သက်ပြင်းချလိုက်သည်

သူ့ပစ္စည်းတွေ အဝတ်အစားတွေ ယူသုံးတာ မကြိုက်တဲ့ Jennie Kim တစ်ယောက် ကောင်မလေးကိုတော့ ဘာမှမပြောနိုင်ပေ

"ဘာမှမဖြစ်ပါဘူး "

"နင့်ကြည့်ရတာ အဆင်ပြေနေတဲ့ပုံ မပေါက်ပါဘူးနော် "

"နည်းနည်း ပင်ပန်းနေတာ "

Jennie ပြောပြီး မျက်လုံး ထပ်မှိတ်လိုက်သည်

ကောင်မလေးရဲ့ ခြေသံနဲ့ အခန်းတံခါး ပိတ်သံကို ကြားရတော့ အခန်းထဲကနေ ကောင်မလေး ထွက်သွားပြီဆိုတာ Jennie မျက်လုံးဖွင့်ကြည့်စရာမလိုဘဲ သိနေပြီလေ

ခဏကြာတော့ အခန်းထဲ ကောင်မလေး ပြန်ရောက်လာပြန်သည် Jennie ကတော့ မျက်လုံးဖွင့်မကြည့်ဘဲ မှိတ်ထားလိုက်သည်

"ရော့ ဒီမှာ "

သူမ မျက်နှာပေါ် အေးစက်နေသော အရာတစ်ခုလာထိသောကြောင့် ကောင်မလေးရဲ့ လက်ထင်ပြီး Jennie မျက်လုံးဖွင့်ကြည့်လိုက်သည်

Jennie မျက်လုံးဖွင့်ကြည့်လိုက်တော့ သူမကို ပြုံးပြပြီး ရေခဲမုန့်ဘူးပေးနေတဲ့ ကောင်မလေးကို တွေ့လိုက်ရသည်

Jennie ထထိုင်ပြီး ကောင်မလေးကို ပြန်ပြုံးပြကာ ရေခဲမုန့်ဘူးကို ယူလိုက်သည်

ကောင်မလေးကတော့ ထိုင်ခုံကို ဆွဲယူပြီး ရေခဲမုန့်စားနေတဲ့ Jennieကို ထိုင်ကြည့်နေသည်

"စားအုံးမလား ..."

"ဟင့်အင်း နင်ဘဲ စားပါ နင်က stress ဖြစ်နေရင် ရေခဲမုန့် စားမှ စိတ်ကြည်တာ မဟုတ်လား "

"နင် ဘယ်လို သိတာလည်း "

"ဒီလိုပါဘဲ "

ကောင်မလေးမှာ ခေါင်းခါပြပြီး ပြောလိုက်သည်

ထိုစဥ် တံခါး bellသံကြားလို့ ကောင်မလေးမှ ထပြီး အခန်းထဲက ထွက်သွားတယ်

Jennieလည်း ရေခဲမုန့်ဘူးကို စားပွဲပေါ် တင်ပြီး ကောင်မလေး နောက် လိုက်လာသည်

အပေါက်သေးသေးလေးကနေ အပြင်ကို ချောင်းကြည့်နေတဲ့ ကောင်မလေးရဲ့ ပခုံးကို Jennie ပုတ်လိုက်သည်

"ဘာကြည့်နေတာလည်း "

"အရှေ့မှာ ကောင်မလေးနှစ်ယောက် ရပ်နေလို့ "

"ဟမ် ဘယ်သူလည်း "

ကောင်မလေးကို ဖယ်ခိုင်းပြီး Jennie ကြည့်လိုက်တော့ Chaelisaတို့ အတွဲ ဖြစ်နေသည်

စစချင်း Jennie လန့်သွားပေမယ့် ကောင်မလေးကို Jennie တစ်ယောက်ဘဲ မြင်နိုင်တာ သတိရပြီး စိတ်အေးသွားလေသည်

Jennie အိမ်တံခါးဖွင့်ပေးတော့ Chaeyoungက Jennieကို ဖက်လေသည်

"မတွေ့တာကြာတော့ သတိရလိုက်တာ "

"နင်တို့အတွဲ ဘာလာလုပ်တာလည်း "

"ဒီနား လာရင်း လမ်းကြုံလို့ ဝင်လာတာ Jen "

"ငါ့ ချစ်သူက နင့်များကြိုက်နေလားမသိဘူး Jennieရယ် နင့်အိမ်ဝင်ရအောင်ဘဲ ဇွတ်ပြောနေတာ "

Lisaရဲ့ စကားကြောင့် Jennie ရယ်လိုက်သည်

"ဟင် ဂိမ်းစက်ပါလား နင် ဂိမ်းပြန်ဆော့နေတာလား Jennie "

"မဆော့ပါဘူး ဟာ ဆော့တယ် "

Jennie သူ့ပါးစပ်ကိုသူ လက်နဲ့တောင် ပြန်ရိုက်ချင်မိသွားတယ် Lisa ကတော့ သူ့ အဖြေကြောင့် အူကြောင်ကြောင်နဲ့ Jennieကို ကြည့်လိုက်သည်

"Aww... "

Lisa မှာ ဆိုဖာပေါ် ထိုင်မလို့ ရှိသေး Jennieက ထအော်သောကြောင့် လန့်သွားတယ်

"မထိုင်နဲ့ "

"ဟင် "

တကယ်တော့ Lisa ထိုင်မယ့်နေရာမှာ ကောင်မလေးက ထိုင်နေတာလေ ကောင်မလေးပေါ် ထိုင်မိမှာဆိုးလို့ Jennie အော်လိုက်ခြင်း ဖြစ်သည်

"ရပြီ ထိုင် "

ကောင်မလေးက ဖယ်လိုက်မှ Jennieမှာ Lisaကို ထိုင်ခိုင်းလေသည်

Lisa မှာ Jennieရဲ့ ထူးဆန်းတဲ့ အပြုအမူတွေကြောင့် မျက်မှောင်ကြုတ်ကာ Jennieကို ကြည့်နေသည်

"ခဏနော် "

Chaelisaတို့ကို ခွင့်တောင်းပြီး ကောင်မလေးရဲ့ ပခုံးကို ပုတ်ကာ အခန်းထဲကို ခေါ်သွားသည်

"နင် ဒီမှာ ခဏနေ "

Jennieရဲ့ စကားကြောင့် ကောင်မလေးမှာ မျက်မှောင်ကြုတ်ကာ နှုတ်ခမ်းစူလိုက်သည်

"ဘာလို့လည်း "

ကောင်မလေးရဲ့ ပုံစံက ချစ်ဖို့ကောင်းနေလို့ Jennie မပြုံးမိအောင် စိတ်ထိန်းထားရသည်

"အခန်းထဲမှာနေပြီး ငါ့ဖုန်းနဲ့ ဆော့နေ "

Jennie သူမ ဖုန်းကို ထုတ်ပေးပေမယ့် ကောင်မလေးက မယူပေ

"မဆော့ချင်ဘူး "

Jennieကလည်း ကောင်မလေး အပြင်မှာ ရှိနေရင် Chaelisa တို့နဲ့ စကားကောင်းကောင်းမပြောရမှာဆိုးလို့ အထဲမှာ နေခိုင်းခြင်း ဖြစ်သည်

"မဆော့ချင်ဘူးဆိုလည်း ဒီအခန်းထဲမှာဘဲနေ "

"မဆော့ချင်ဘူးဆိုလည်း ဒီအခန်းထဲမှာဘဲနေ "

ကောင်မလေးမှာ သူပြောသလို လိုက်ပြောနေလို့ Jennie စိတ်ရှုပ်သွားတယ်

"Ash "

"Ash "

"ငါပြောသလို လိုက်ပြောမနေနဲ့ ဒီမှာဘဲနေ ..."

"ငါပြောသလို လိုက်ပြောမနေနဲ့ ဒီမှာဘဲနေ "

"ဒီသရဲမကတော့ "

Jennie မျက်မှောင်ကြုတ်ပြီး Jisoo ကို ကြည့်လိုက်သည်

"နင် ငါ့ပြောစကား နားမထောင်ရင် မကူညီပေးဘူးနော် "

ကောင်မလေးရဲ့ လက်ကို ကိုင်ပြီး Jennie ပြောလိုက်သည်

ဒီတစ်ခါတော့ ကောင်မလေးရဲ့ လက်က အရင်ကလို အေးစက်မနေဘဲ နွေးနေသောကြောင့် Jennie အံ့သြ သွားတယ်

Jennie အံ့သြနေစဥ် ရုတ်တရက် ကောင်မလေးက Jennieရဲ့ နှုတ်ခမ်းကို ပြွတ်ခနဲ နမ်းလိုက်သောကြောင့် Jennie မျက်လုံးပြူးသွားပြီး ကျောက်ရုပ်လို ဖြစ်သွားတယ်

ကောင်မလေးက ထပ်နမ်းသောကြောင့် Jennieမှာ ကောင်မလေးကို ကုတင်ပေါ် ဆောင့်တွန်းလိုက်သည်

"Yah ဘာလို့ ငါ့ကို လာနမ်းတာလည်း shit ငါ့ First kissက သရဲမဆီ ပါသွားပြီ "

"ရုတ်တရက် နမ်းချင်လာလို့ "

"ချီးဘဲ "

ကောင်မလေးကို လက်ခလယ်ထောင်ပြပြီး Jennie ဆဲလိုက်သည်

ထို့နောက် ဧည့်ခန်းထဲက Lisaတို့ကို သတိရပြီး Jennie အခန်းထဲက ထွက်လာသည်

"Jennie နင် နေကောင်းရဲ့လား မျက်နှာက နီရဲနေတာဘဲ "

"အာ ဘာမှမဟုတ်ဘူး မိတ်ကပ်အသစ် စမ်းလိမ်းကြည့်ထားတာ မတည့်လို့နေမယ် "

"Aww "

ဒီလိုနဲ့ Jennieမှာ Chaelisaတို့နဲ့ စကားပြော ညစာအတူစားပြီးနောက် Chaelisa တို့ ပြန်တော့ အိမ်ရှေ့ထိ လိုက်ပို့ပေးလေသည်

Chaelisaတို့ကို လိုက်ပို့ပေးပြီး နောက်ပြန်လှည့်လိုက်တော့ သူမကို ရပ်ကြည့်နေတဲ့ ကောင်မလေးကြောင့် လန့်သွားလေသည်

"Ah လုပ်ပြန်ပြီ လန့်လိုက်တာ "

"နင်က အမြဲ လန့်နေလိုက် "

ကောင်မလေးကို Jennie မျက်စောင်းထိုးလိုက်စဥ် Jennieဖုန်း မြည်လာသောကြောင့် ကိုင်လိုက်သည်

"အေး Jennie ငါ Irene အခု ထပ်ပြီး သတင်းအသစ်တွေရလို့ နင့်ဆီ mailပို့ထားတယ်"

"ကျေးဇူးဘဲ Irene ငါ အခု ကြည့်လိုက်မယ် "

Jennie ပြောပြီး အခန်းထဲ ဝင်ကာ laptop ဖွင့်လိုက်သည် ကောင်မလေးကလည်း သူ့ဘေးနားထိုင်နေသည်

Jennie မှာ mailထဲက ကောင်မလေးရဲ့ ပုံကို မြင်ပြီး အရမ်းပျော်သွားတယ်

"Kim Jisoo. ..."

"ဟင် "

"နင့်နာမည်က Kim Jisooဘဲ "

Jennie ပြောပြီး laptopထဲက ပုံကို သူ့ဘေးနားက ကောင်မလေးကို ပြလိုက်သည်

"ဝါး ငါ့ပုံဘဲ ချောလိုက်တာ "

"အော့ အော့ "

Jisoo စကားကြောင့် Jennie လက်ထိုးအန်တဲ့ ပုံစံလုပ်ပြတော့ Jisoo ရယ်လိုက်သည်

"မဟုတ်လို့လား '

"အခုတော့ နင့်နာမည်သိလိုက်ရပြီ ထပ်ပြီး နင် အသက်ရှိသေးလား သေသွားတာလားဆိုတာ သိရဖို့ စောင့်ကြတာပေါ့ "

"အိပ်ချင်တယ် "

"အိပ်ပါ့လား "

Jennie ကတော့ Jisoo အကြောင်း တက်တက်ကြွကြွပြောနေပေမယ့် Jisooက တဝှားဝှားသမ်းနေသောကြောင့် Jisooကို ပိတ်ကိုက်ချင်စိတ် ထိန်းထားရသည်

"အိပ်မယ်နော် "

Jisoo ပြောပြီး Jennie ဘေးနား ဝင်အိပ်လိုက်သည်

ဟုတ်ပါတယ် Kim Jisoo က ဧည့်ခန်းက ဆိုဖာမှာ မအိပ်ဘဲ Jennie Kim အခန်းထဲ ဝင်အိပ်တာ လေးငါးရက်ရှိနေပါပြီ

ဘယ်လောက် အခန်းထဲက နှင်ထုတ်ထုတ် Jennie တရေးနိုးလာတဲ့အခါ အမြဲ Jisooက သူမဘေးနား အိပ်နေတာ တွေ့ရတယ်လေ

Jisooကို ပြောမနိုင်သောကြောင့် Jennie လက်မြှောက်အရှုံးပေးထားရတယ်လေ

#Tbc

#zawgyi

1 week later

Jennie သူမ အခန္းထဲတြင္ laptop တစ္ခုနဲ႕ အလုပ္ရႈပ္ေနသည္

Irene ပို႔ေပးတဲ့ Fileကို ဖြင့္ၾကည့္ရင္း နာမည္စာရင္းေတြ အမ်ားႀကီး ေတြ႕ရေတာ့ Jennie ညည္းတြားမိသည္

"Ahhhhhh ဒီ အမ်ားႀကီးထဲကေန ဟိုသရဲမကို ရွာရမွာလား "

Fileထဲက ပုံနဲ႕ နာမည္ေတြ တစ္ခုခ်င္းစီ လိုက္ၾကည့္ေနေသာ္လည္း တစ္နာရီေက်ာ္ ၾကာတဲ့အထိ ေကာင္မေလးရဲ႕ ပုံနဲ႕ နာမည္က ရွာမေတြ႕ေသး

Jennie ေနာက္ေက်ာတက္လာလို႔ ကုတင္ေပၚ ပစ္လွဲၿပီး သူမ မ်က္ႏွာကို လက္နဲ႕ ပြတ္လိုက္သည္

"အခ်ိန္ျဖဳန္းေနတာဘဲ...က်စ္ ငါကလည္း ငါ့အလုပ္ငါ မလုပ္ဘဲ သူမ်ားအလုပ္ လိုက္လုပ္ေနတယ္ "

"နင့္ ၾကည့္ရတာ ဖိအားမ်ားေနသလိုဘဲ "

ေကာင္မေလးရဲ႕ အသံေၾကာင့္ Jennie မ်က္လုံးဖြင့္ၾကည့္လိုက္သည္

သူမရဲ႕ hoodieကို ဝတ္ထားတဲ့ ေကာင္မေလးကို ၾကည့္ၿပီး သက္ျပင္းခ်လိဳက္သည္

သူ႕ပစၥည္းေတြ အဝတ္အစားေတြ ယူသုံးတာ မႀကိဳက္တဲ့ Jennie Kim တစ္ေယာက္ ေကာင္မေလးကိုေတာ့ ဘာမွမေျပာနိုင္ေပ

"ဘာမွမျဖစ္ပါဘူး "

"နင့္ၾကည့္ရတာ အဆင္ေျပေနတဲ့ပုံ မေပါက္ပါဘူးေနာ္ "

"နည္းနည္း ပင္ပန္းေနတာ "

Jennie ေျပာၿပီး မ်က္လုံး ထပ္မွိတ္လိုက္သည္

ေကာင္မေလးရဲ႕ ေျခသံနဲ႕ အခန္းတံခါး ပိတ္သံကို ၾကားရေတာ့ အခန္းထဲကေန ေကာင္မေလး ထြက္သြားၿပီဆိုတာ Jennie မ်က္လုံးဖြင့္ၾကည့္စရာမလိုဘဲ သိေနၿပီေလ

ခဏၾကာေတာ့ အခန္းထဲ ေကာင္မေလး ျပန္ေရာက္လာျပန္သည္ Jennie ကေတာ့ မ်က္လုံးဖြင့္မၾကည့္ဘဲ မွိတ္ထားလိုက္သည္

"ေရာ့ ဒီမွာ "

သူမ မ်က္ႏွာေပၚ ေအးစက္ေနေသာ အရာတစ္ခုလာထိေသာေၾကာင့္ ေကာင္မေလးရဲ႕ လက္ထင္ၿပီး Jennie မ်က္လုံးဖြင့္ၾကည့္လိုက္သည္

Jennie မ်က္လုံးဖြင့္ၾကည့္လိုက္ေတာ့ သူမကို ၿပဳံးျပၿပီး ေရခဲမုန့္ဘူးေပးေနတဲ့ ေကာင္မေလးကို ေတြ႕လိုက္ရသည္

Jennie ထထိုင္ၿပီး ေကာင္မေလးကို ျပန္ၿပဳံးျပကာ ေရခဲမုန့္ဘူးကို ယူလိုက္သည္

ေကာင္မေလးကေတာ့ ထိုင္ခုံကို ဆြဲယူၿပီး ေရခဲမုန့္စားေနတဲ့ Jennieကို ထိုင္ၾကည့္ေနသည္

"စားအုံးမလား ..."

"ဟင့္အင္း နင္ဘဲ စားပါ နင္က stress ျဖစ္ေနရင္ ေရခဲမုန့္ စားမွ စိတ္ၾကည္တာ မဟုတ္လား "

"နင္ ဘယ္လို သိတာလည္း "

"ဒီလိုပါဘဲ "

ေကာင္မေလးမွာ ေခါင္းခါျပၿပီး ေျပာလိုက္သည္

ထိုစဥ္ တံခါး bellသံၾကားလို႔ ေကာင္မေလးမွ ထၿပီး အခန္းထဲက ထြက္သြားတယ္

Jennieလည္း ေရခဲမုန့္ဘူးကို စားပြဲေပၚ တင္ၿပီး ေကာင္မေလး ေနာက္ လိုက္လာသည္

အေပါက္ေသးေသးေလးကေန အျပင္ကို ေခ်ာင္းၾကည့္ေနတဲ့ ေကာင္မေလးရဲ႕ ပခုံးကို Jennie ပုတ္လိုက္သည္

"ဘာၾကည့္ေနတာလည္း "

"အေရွ႕မွာ ေကာင္မေလးႏွစ္ေယာက္ ရပ္ေနလို႔ "

"ဟမ္ ဘယ္သူလည္း "

ေကာင္မေလးကို ဖယ္ခိုင္းၿပီး Jennie ၾကည့္လိုက္ေတာ့ Chaelisaတို႔ အတြဲ ျဖစ္ေနသည္

စစခ်င္း Jennie လန့္သြားေပမယ့္ ေကာင္မေလးကို Jennie တစ္ေယာက္ဘဲ ျမင္နိုင္တာ သတိရၿပီး စိတ္ေအးသြားေလသည္

Jennie အိမ္တံခါးဖြင့္ေပးေတာ့ Chaeyoungက Jennieကို ဖက္ေလသည္

"မေတြ႕တာၾကာေတာ့ သတိရလိုက္တာ "

"နင္တို႔အတြဲ ဘာလာလုပ္တာလည္း "

"ဒီနား လာရင္း လမ္းႀကဳံလို႔ ဝင္လာတာ Jen "

"ငါ့ ခ်စ္သူက နင့္မ်ားႀကိဳက္ေနလားမသိဘူး Jennieရယ္ နင့္အိမ္ဝင္ရေအာင္ဘဲ ဇြတ္ေျပာေနတာ "

Lisaရဲ႕ စကားေၾကာင့္ Jennie ရယ္လိုက္သည္

"ဟင္ ဂိမ္းစက္ပါလား နင္ ဂိမ္းျပန္ေဆာ့ေနတာလား Jennie "

"မေဆာ့ပါဘူး ဟာ ေဆာ့တယ္ "

Jennie သူ႕ပါးစပ္ကိုသူ လက္နဲ႕ေတာင္ ျပန္ရိုက္ခ်င္မိသြားတယ္ Lisa ကေတာ့ သူ႕ အေျဖေၾကာင့္ အူေၾကာင္ေၾကာင္နဲ႕ Jennieကို ၾကည့္လိုက္သည္

"Aww... "

Lisa မွာ ဆိုဖာေပၚ ထိုင္မလို႔ ရွိေသး Jennieက ထေအာ္ေသာေၾကာင့္ လန့္သြားတယ္

"မထိုင္နဲ႕ "

"ဟင္ "

တကယ္ေတာ့ Lisa ထိုင္မယ့္ေနရာမွာ ေကာင္မေလးက ထိုင္ေနတာေလ ေကာင္မေလးေပၚ ထိုင္မိမွာဆိုးလို႔ Jennie ေအာ္လိုက္ျခင္း ျဖစ္သည္

"ရၿပီ ထိုင္ "

ေကာင္မေလးက ဖယ္လိုက္မွ Jennieမွာ Lisaကို ထိုင္ခိုင္းေလသည္

Lisa မွာ Jennieရဲ႕ ထူးဆန္းတဲ့ အျပဳအမူေတြေၾကာင့္ မ်က္ေမွာင္ၾကဳတ္ကာ Jennieကို ၾကည့္ေနသည္

"ခဏေနာ္ "

Chaelisaတို႔ကို ခြင့္ေတာင္းၿပီး ေကာင္မေလးရဲ႕ ပခုံးကို ပုတ္ကာ အခန္းထဲကို ေခၚသြားသည္

"နင္ ဒီမွာ ခဏေန "

Jennieရဲ႕ စကားေၾကာင့္ ေကာင္မေလးမွာ မ်က္ေမွာင္ၾကဳတ္ကာ ႏႈတ္ခမ္းစူလိုက္သည္

"ဘာလို႔လည္း "

ေကာင္မေလးရဲ႕ ပုံစံက ခ်စ္ဖို႔ေကာင္းေနလို႔ Jennie မၿပဳံးမိေအာင္ စိတ္ထိန္းထားရသည္

"အခန္းထဲမွာေနၿပီး ငါ့ဖုန္းနဲ႕ ေဆာ့ေန "

Jennie သူမ ဖုန္းကို ထုတ္ေပးေပမယ့္ ေကာင္မေလးက မယူေပ

"မေဆာ့ခ်င္ဘူး "

Jennieကလည္း ေကာင္မေလး အျပင္မွာ ရွိေနရင္ Chaelisa တို႔နဲ႕ စကားေကာင္းေကာင္းမေျပာရမွာဆိုးလို႔ အထဲမွာ ေနခိုင္းျခင္း ျဖစ္သည္

"မေဆာ့ခ်င္ဘူးဆိုလည္း ဒီအခန္းထဲမွာဘဲေန "

"မေဆာ့ခ်င္ဘူးဆိုလည္း ဒီအခန္းထဲမွာဘဲေန "

ေကာင္မေလးမွာ သူေျပာသလို လိုက္ေျပာေနလို႔ Jennie စိတ္ရႈပ္သြားတယ္

"Ash "

"Ash "

"ငါေျပာသလို လိုက္ေျပာမေနနဲ႕ ဒီမွာဘဲေန ..."

"ငါေျပာသလို လိုက္ေျပာမေနနဲ႕ ဒီမွာဘဲေန "

"ဒီသရဲမကေတာ့ "

Jennie မ်က္ေမွာင္ၾကဳတ္ၿပီး Jisoo ကို ၾကည့္လိုက္သည္

"နင္ ငါ့ေျပာစကား နားမေထာင္ရင္ မကူညီေပးဘူးေနာ္ "

ေကာင္မေလးရဲ႕ လက္ကို ကိုင္ၿပီး Jennie ေျပာလိုက္သည္

ဒီတစ္ခါေတာ့ ေကာင္မေလးရဲ႕ လက္က အရင္ကလို ေအးစက္မေနဘဲ ႏြေးေနေသာေၾကာင့္ Jennie အံ့ၾသ သြားတယ္

Jennie အံ့ၾသေနစဥ္ ႐ုတ္တရက္ ေကာင္မေလးက Jennieရဲ႕ ႏႈတ္ခမ္းကို ႁပြတ္ခနဲ နမ္းလိုက္ေသာေၾကာင့္ Jennie မ်က္လုံးျပဴးသြားၿပီး ေက်ာက္႐ုပ္လို ျဖစ္သြားတယ္

ေကာင္မေလးက ထပ္နမ္းေသာေၾကာင့္ Jennieမွာ ေကာင္မေလးကို ကုတင္ေပၚ ေဆာင့္တြန္းလိုက္သည္

"Yah ဘာလို႔ ငါ့ကို လာနမ္းတာလည္း shit ငါ့ First kissက သရဲမဆီ ပါသြားၿပီ "

"႐ုတ္တရက္ နမ္းခ်င္လာလို႔ "

"ခ်ီးဘဲ "

ေကာင္မေလးကို လက္ခလယ္ေထာင္ျပၿပီး Jennie ဆဲလိုက္သည္

ထို႔ေနာက္ ဧည့္ခန္းထဲက Lisaတို႔ကို သတိရၿပီး Jennie အခန္းထဲက ထြက္လာသည္

"Jennie နင္ ေနေကာင္းရဲ႕လား မ်က္ႏွာက နီရဲေနတာဘဲ "

"အာ ဘာမွမဟုတ္ဘူး မိတ္ကပ္အသစ္ စမ္းလိမ္းၾကည့္ထားတာ မတည့္လို႔ေနမယ္ "

"Aww "

ဒီလိုနဲ႕ Jennieမွာ Chaelisaတို႔နဲ႕ စကားေျပာ ညစာအတူစားၿပီးေနာက္ Chaelisa တို႔ ျပန္ေတာ့ အိမ္ေရွ႕ထိ လိုက္ပို႔ေပးေလသည္

Chaelisaတို႔ကို လိုက္ပို႔ေပးၿပီး ေနာက္ျပန္လွည့္လိုက္ေတာ့ သူမကို ရပ္ၾကည့္ေနတဲ့ ေကာင္မေလးေၾကာင့္ လန့္သြားေလသည္

"Ah လုပ္ျပန္ၿပီ လန့္လိုက္တာ "

"နင္က အၿမဲ လန့္ေနလိုက္ "

ေကာင္မေလးကို Jennie မ်က္ေစာင္းထိုးလိုက္စဥ္ Jennieဖုန္း ျမည္လာေသာေၾကာင့္ ကိုင္လိုက္သည္

"ေအး Jennie ငါ Irene အခု ထပ္ၿပီး သတင္းအသစ္ေတြရလို႔ နင့္ဆီ mailပို႔ထားတယ္"

"ေက်းဇူးဘဲ Irene ငါ အခု ၾကည့္လိုက္မယ္ "

Jennie ေျပာၿပီး အခန္းထဲ ဝင္ကာ laptop ဖြင့္လိုက္သည္ ေကာင္မေလးကလည္း သူ႕ေဘးနားထိုင္ေနသည္

Jennie မွာ mailထဲက ေကာင္မေလးရဲ႕ ပုံကို ျမင္ၿပီး အရမ္းေပ်ာ္သြားတယ္

"Kim Jisoo. ..."

"ဟင္ "

"နင့္နာမည္က Kim Jisooဘဲ "

Jennie ေျပာၿပီး laptopထဲက ပုံကို သူ႕ေဘးနားက ေကာင္မေလးကို ျပလိုက္သည္

"ဝါး ငါ့ပုံဘဲ ေခ်ာလိုက္တာ "

"ေအာ့ ေအာ့ "

Jisoo စကားေၾကာင့္ Jennie လက္ထိုးအန္တဲ့ ပုံစံလုပ္ျပေတာ့ Jisoo ရယ္လိုက္သည္

"မဟုတ္လို႔လား '

"အခုေတာ့ နင့္နာမည္သိလိုက္ရၿပီ ထပ္ၿပီး နင္ အသက္ရွိေသးလား ေသသြားတာလားဆိုတာ သိရဖို႔ ေစာင့္ၾကတာေပါ့ "

"အိပ္ခ်င္တယ္ "

"အိပ္ပါ့လား "

Jennie ကေတာ့ Jisoo အေၾကာင္း တက္တက္ႂကြႂကြေျပာေနေပမယ့္ Jisooက တဝွားဝွားသမ္းေနေသာေၾကာင့္ Jisooကို ပိတ္ကိုက္ခ်င္စိတ္ ထိန္းထားရသည္

"အိပ္မယ္ေနာ္ "

Jisoo ေျပာၿပီး Jennie ေဘးနား ဝင္အိပ္လိုက္သည္

ဟုတ္ပါတယ္ Kim Jisoo က ဧည့္ခန္းက ဆိုဖာမွာ မအိပ္ဘဲ Jennie Kim အခန္းထဲ ဝင္အိပ္တာ ေလးငါးရက္ရွိေနပါၿပီ

ဘယ္ေလာက္ အခန္းထဲက ႏွင္ထုတ္ထုတ္ Jennie တေရးနိုးလာတဲ့အခါ အၿမဲ Jisooက သူမေဘးနား အိပ္ေနတာ ေတြ႕ရတယ္ေလ

Jisooကို ေျပာမနိုင္ေသာေၾကာင့္ Jennie လက္ျမႇောက္အရႈံးေပးထားရတယ္ေလ

#Tbc

Bạn đang đọc truyện trên: Truyen3h.Co