Truyen3h.Co

Lies

Part 6

KimFany059

#UNICODE
'"Jisooရေ ဂျုံမှုန့်တွေနဲ့ ဆော့မနေနဲ့ "

Jisooကို Jennie ငေါက်ပြီး သူ့လက်ထဲက ဂျုံမှုန့်ထည့်ထားတဲ့ ပန်းကန်လုံး ဆွဲလုလိုက်သည်

"ပျော်စရာကောင်းလို့ "

Jisoo ပြောပြီး ဂျုံမှုန့်တွေကို Jennie မျက်နှာမှာ သုတ်လိုက်သည်

"Yah ငါပြောနေတယ်လေ ထပ်လုပ်ရင် ထပ်ဆော့နေရင် နင့်ကို ကိတ်မုန့်မကျွေးဘူး Jisoo "

"ကောင်းပြီလေ "

Jennieရဲ့စကားကြောင့် Jisooလည်း ကိတ်မုန့်မစားရမှာဆိုးလို့ ထိုင်ခုံတွင် ထိုင်လိုက်သည်

အလုပ်နားရက်မို့ Jennie အိမ်မှာ ဘာလုပ်ရမလည်း မသိ ပျင်းနေသောကြောင့် ကိတ်မုန့်ဖုတ်နေခြင်း ဖြစ်သည်

ကိတ်မုန့်လုပ်ပြီး ကိတ်မုန့်ဗန်းကို Oven ထဲ ထည့်ပြီး အချိန်သတ်မှတ်လိုက်သည်

Jennieမှာ Jisooကို ကျောပေးပြီး ကိတ်မုန့်ဖုတ်ရင်း အလုပ်ရှုပ်နေပေမယ့် Jisooကတော့ ဘာတွေ သဘောကျနေတယ်မသိ တခစ်ခစ်ရယ်နေသည်

Jennie သိချင်လို့ အနောက်ကို လှည့်ကြည့်တော့ Creamတွေ ထိုင်စားနေတဲ့ Jisooကို တွေ့လိုက်ရသည်

သူမကို ကြည့်နေတဲ့ Jennieကို Jisoo ပြုံးပြပြီး သူမ နှုတ်ခမ်းထောင့်က creamကို လျှာနဲ့ ရက်လိုက်သည်

"Jisoo "

"ဘာလည်း "

"နင့်ကိုယ်နင် ပြန်ကြည့်အုံး ဂျုံမှုန့်တွေ creamတွေနဲ့ ညစ်ပတ်နေတာဘဲ "

ကလေးတစ်ယောက်လို အဝတ်အစားပေါ်မှာ ဂျုံမှုန့်တွေ ပေပွပြီး creamထိုင်စားနေတဲ့ Jisooကို Jennie ဆူလိုက်သည်

"ကိတ်မုန့်နဲ့ တူမသွားဘူးလား ဟီးဟီး "

Jisoo သူ့ကိုယ်သူ ကြည့်ပြီး ရယ်လိုက်သည်

"ကိတ်မုန့်နဲ့အတူ ငါ့ကို ဖုတ်လိုက်ပါလား ဟီးဟီး ကိတ်မုန့်ထက် ငါက ပိုချိုတယ် မြည်းကြည့်မလား "

"Yah ဘာတွေ လျှောက်ပြောနေတာလည်း သွား အဝတ်သွားလဲ "

"ဟုတ်ကဲ့ မေမေ "

သူမကို ပြောင်ချော်ချော်လုပ်ပြီး မီးဖိုခန်းထဲက ထွက်သွားတဲ့ Jisoo ကို ကြည့်ပြီး Jennie သက်ပြင်းချလိုက်သည်

Jennie ကိတ်မုန့်ရလို့ Oven ထဲက ယူပြီး ပန်းကန်ပေါ် တင်ကာ ဧည့်ခန်းထဲ ထွက်လာသည်

ဧည့်ခန်းထဲ Tv ကြိုးတပ်နေတဲ့ Jisooကို တွေ့လို့ Jennie စားပွဲပေါ် ပန်းကန်တင်ရင်း မေးလိုက်သည်

"Jisoo ဘာလုပ်နေတာလည်း "

"ရုပ်ရှင်ကြည့်မလို့လေ လာ ကိတ်မုန့်စားရင်း အတူ ကြည့်ရအောင် "

"ဘာကားလည်း "

"It is okay not to be okay. .. "

Jensoo တို့ ရုပ်ရှင် ကြည့်နေစဥ် Jisooမှာ Kim Soo Hyun ဘယ်လောက်ချောပြီး ဘယ်လောက် Hotကြောင်း တတွတ်တွတ်ပြောနေလို့ Jennie မှာ နားကြားပြင်းကတ်နေပြီလေ

"Omo .....ပေါင်မုန့်တွေနဲ့တော့ မိုက်လိုက်တာ "

"နှာဘူးမ "

Jisooကို မျက်စောင်းထိုးပြီး Jennie တိုးတိုးလေး ပြောလိုက်သည်

"Kim Soo Hyunနဲ့သာ ချစ်သူ ဖြစ်လိုက်ရရင်....ဘယ်လောက်ကောင်းမလည်း "

Jisooရဲ့ ပေါက်ကရစကားတွေကို Jennie နားမထောင်ချင်တော့လို့ Tv ကြည့်ရာမှ ထလိုက်သည်

"Wae ဘယ်သွားမလို့လည်း "

"နင့်ရဲ့ အအော စကားတွေ မခံစားနိုင်လို့ အခန်းထဲ သွားနေမလို့ "

"ရုပ်ရှင် မကြည့်တော့ဘူးလား "

"မကြည့်ဘူး နင့်ဘာသာနင်ကြည့် "

Jennie ဘုဆက်ဆက်ပြောပြီး သူမ အခန်းထဲ ဝင်သွားသည်

After five Minutes

"Kim Jisooooooooooooo "

အခန်းထဲက Jennieရဲ့ အော်သံကြောင့် Jisoo Tv ပိတ်ပြီး သူမ ကိတ်မုန့်ပန်းကန်ကို ယူကာ Jennie အခန်းထဲ ဝင်သွားသည်

"ခေါ်လား "

"အေး ခေါ်တယ် လာ ငါ့ဖုန်း wallpaper မှာ ဘာလို့ Kim Soo Hyun ပုံ ပြောင်းထားတာလည်း "

"ချောလို့ "

"မနေ့ညက ငါ့ဖုန်းနဲ့ ဂိမ်းဆော့နေတယ်ထင်တာ နင်က Kim Soo Hyunပုံတွေ ထိုင်ကြည့်နေတာကိုး "

"သူက Hotပြီး ချောတယ်လေ "

"အေး သူ့ထက် Hotပြီး ချောတဲ့သူရှိတာ နင်မသိဘူးမလား"

"ဘယ်သူလည်း "

"နင့်ရှေ့မှာ ရပ်နေတဲ့ ငါဘဲ "

Jennie ပြောတော့ Jisoo တဟားဟားနဲ့ ရယ်လိုက်သည်

Jennieမှာ မျက်မှောင်ကြုတ်ပြီး Jisoo လက်ထဲက ကိတ်မုန့်ခရင်ကို လက်နဲ့ယူပြီး Jisoo မျက်နှာကို သုတ်လိုက်သည်

မျက်နှာကြီး ရှုံ့မဲ့သွားတဲ့ Jisooကို ကြည့်ပြီး Jennie တဟားဟား ရယ်လိုက်သည်

"ငါ့ကို ဟားလို့ လက်စားပြန်ချေတာ "

Jennie စကားကြောင့် Jisoo devil smile နဲ့ ပြုံးကာ သူမ မျက်နှာက ခရင်ကို လက်ညိုးနဲ့သုတ်ပြီး သူမ လက်ညိုးကို တဟားဟားရယ်နေတဲ့ Jennie ရဲ့ ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်

Jisoo အပြုအမူကြောင့် Jennie အံ့သြပြီး မျက်လုံးပြူးသွားသည်

"ငါလည်း လက်စားပြန်ချေပြီလေ ဟီးဟီး "

"ဖယ် ငါ ရေသွားချိုးတော့မယ် "

Jisooကို ဆောင့်တွန်ပြီး ရေချိုးခန်းထဲ Jennie ပြေးဝင်သွားသည်

#TBC

အပိုင်းတိုသွားရင် Sorry ပါ မူရင်းသာသာကလည်း တိုတိုလေး ရေးထားတာမို့လို့ပါ😁 🖤

#Zawgyi

#UNICODE


"ပျော်စရာကောင်းလို့ "



"ကောင်းပြီလေ "







"Jisoo "

"ဘာလည်း "







"ဟုတ်ကဲ့ မေမေ "




"Jisoo ဘာလုပ်နေတာလည်း "


"ဘာကားလည်း "

"It is okay not to be okay. .. "



"နှာဘူးမ "




"Wae ဘယ်သွားမလို့လည်း "





After five Minutes

"Kim Jisooooooooooooo "


"ခေါ်လား "


"ချောလို့ "


"သူက Hotပြီး ချောတယ်လေ "


"ဘယ်သူလည်း "











#TBC


Bạn đang đọc truyện trên: Truyen3h.Co