Truyen3h.Co

Lies

Part 7

KimFany059

#Unicode

Jisoo မှာ ကုတင်ပေါ် လှဲအိပ်ရင်း Jennieရဲ့ ဖုန်းနဲ့ ဂိမ်းဆော့နေသည်

Jisoo တစ်ယောက် ရေချိုးခန်းထဲက bathrobe နဲ့ Jennie ထွက်မလာခင်အထိ ဂိမ်းကို အာရုံစိုက် ဆော့နေခဲ့ပါတယ်

Jennie ရဲ့ နို့နှစ်လို ဖြူဖွေးတဲ့ ခြေသလုံးလေးကို ကြည့်ပြီး Jisoo တံတွေးမျိုချမိသွားတယ်

Gameရှုံးသွားတာတောင် Jisoo အာရုံမရ Jennie ရဲ့ ခြေထောက်ကိုသာ အာရုံစိုက်ကြည့်နေသည်

"နှာဘူးမ "

Jennieမှာ သူမကို စိုက်ကြည့်နေတဲ့ Jisooကို အော်ပြီး တဘတ်နဲ့ ပစ်ပေါက်လိုက်သည်

"အား နာတယ်နော် "

Jisoo မှာ တဘတ်ကို ကောက်ယူပြီး ထထိုင်လိုက်သည်

"ဘာလုပ်တာလည်း လူကို တဘတ်နဲ့ လာပေါက်နေတယ် "

"ငါ့ခြေထောက်ကို မျက်လုံးကြီး ကျွတ်ကျမတတ် နင်က ငမ်းနေတာလေ "

"ငါ့ကို အပြစ်မပြောနဲ့လေ လှလို့ ငမ်းတာကို ဘာဖြစ်လည်း...."

Jisoo စကားဆုံးသောအခါ သူမ မျက်နှာကို အင်ကျီ တစ်ထည်နဲ့ ထပ်ပေါက်ခံရပြန်သည်

"Yahhh ငါ့မျက်နှာကို နင် ဘာထင်နေတာလည်း "

"နှာဘူးမျက်နှာလို့ ထင်တယ် "

"ဘာပြောတယ် ဒီလောက် ချောမောလှပတဲ့ မျက်နှာလေးကို နှာဘူးမျက်နှာလို့ ထင်တယ် ဟုတ်လား "

Jisooမှာ သူမ မျက်နှာကို လက်ညိုးထိုးပြီး Jennieကို မေးလိုက်သည်

"Excuse Me! ဒီမျက်နှာလေးက နှာဘူးမျက်နှာ မဟုတ်ပါဘူးနော် "

"အဲ့တာဆို ဘာမျက်နှာလည်း နှာဘူးမျက်နှာမို့ နှာဘူးမျက်နှာလို့ ပြောတာ ဘာဖြစ် ဘာတွေစပ်နေတာလည်း "

Jisoo မှာ ထိုင်ရာက ထရပ်ပြီး Jennieကို ကြည့်လိုက်သည်

"နှာဘူး မဟုတ်ဘဲ နှာဘူးလို့ အခေါ်ခံရတာ ထက် နှာဘူး ကျပြီး နှာဘူးလို့ အခေါ်ခံရတာ ပိုကောင်းမယ်ထင်တယ် နင်လည်း နှာဘူးအကျခံချင်လို့ တမင် လမ်းကြောင်း ရေလာမြောင်းပေးလုပ်နေတာမလား "

"သေလိုက်ပါလား "

"Come on နင် နှာဘူး အကျခံချင်ရင် ပြော နင့်ဆန္ဒကို ငါ ဖြည့်စည်းပေးမယ်"

"Yah Kim Jisoo အခန်းထဲက ထွက်သွား "

Jennie ခါးထောက်ပြီး Jisoo ကို အော်လိုက်သည်

"လန့်လိုက်တာ ဘာလို့ ရုတ်တရက်ကြီး ထအော်ရတာလည်း "

"အဝတ်အစားလဲမလို့ ထွက်သွား "

"ကောင်းပြီလေ "

Jisoo ပြောပြီး အခန်းတံခါးဖွင့်ကာ ထွက်သွားသည်

Jennie Bathrobe ကြိုးကို ဖြေတုံးရှိသေး ရုတ်တရက် အခန်းတံခါးပွင့်လာပြီး Jisooရဲ့ ခေါင်းလေးပေါ်လာသည်

"ဟိုလေ စိတ်ပြောင်းသွားရင် လှမ်းခေါ်လိုက်နော် ဧည့်ခန်းထဲ ငါရှိ "

ဘုန်း!

ခေါင်းအုံးပျံကို မြင်လိုက်ရသောကြောင့် Jisoo အမြန် အခန်းတံခါး ပိတ်လိုက်ရသည်

"သူ စိတ်တိုတဲ့အခါ အရမ်း ချစ်ဖို့ကောင်းတယ် "

Jisoo ပြောပြီး ဧည့်ခန်းထဲ သွားလိုက်သည်

Jisoo Tv ဖွင့်ပြီး Tv ကြည့်နေတုံး ခဏကြာတော့ Jennieက အခန်းထဲမှ ထွက်လာသည်

Kumaလေးမှာ အခန်းထဲက ထွက်လာတဲ့ Jennie ဆီ အမြီးလေး ယမ်းပြီး ပြေးသွားသည်

"Kuku "

"စိတ်ပြောင်းသွားပြီလား ဟိတ် "

"လဲသေလိုက် Jisoo "

Jennieမှာ Jisooကို ရန်လုပ်ပြီး ဖုန်းဝင်လာလို့ ဖုန်းကိုင်လိုက်သည်

ဖုန်းပြောရင်း Jisoo နဲ့ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်

"နင်က ဘာလည်း Avatar လား "

Jennie ဖုန်းပြောရင်း ရယ်နေသောကြောင့် Jisoo မျက်မှောင်ကြုတ်သွားတယ်

သို့သော်လည်း Jisooမှာ လျစ်လျူရှုပြီး Tvကို ဆက်ကြည့်နေသည်

Tvကို ဆက်ကြည့်နေပေမယ့် Jennieက ရယ်မောမပျက်သောကြောင့် Jisoo မှာ တစ်ဖက်က Jennieကို ရယ်အောင် လုပ်နိုင်တဲ့ သူကို စိတ်ခုလာသည်

"နင်က တကယ်ရယ်ရတာဘဲ "

Jennie ရယ်ရလွန်းလို့ ထွက်လာတဲ့ သူမ မျက်ရည်တွေကို သုတ်ပြီး ပြောလိုက်သည်

"နင်က တကယ်ရယ်ရတာဘဲ "

Jisooမှာ မျက်နှာလေးရှုံ့မဲ့ပြီး Jennie လေသံအတိုင်း လိုက်အတုခိုးပြီး ပြောလိုက်သည်

Jennieမှာ Jisoo ကို မျက်စောင်းထိုးပြီး တစ်ဖက်က ပြောတဲ့ စကားကို နားထောင်နေသည်

"ကောင်းပြီလေ ဒါဆို မနက်ဖြန် တွေ့ကြတာပေါ့ Bye "

"ကောင်းပြီလေ ဒါဆို မနက်ဖြန် တွေ့ကြတာပေါ့ Bye "

Jisoo ထပ်ပြီး Jennieလို လိုက်ပြောပြန်သည်

"နင်ဘာလို့ ငါပြောသလို လိုက်ပြောနေတာလည်း "

Jennie ဖုန်းချပြီး Jisooကို ရန်လုပ်လိုက်သည်

"ငါမပြောပါဘူးဟ ငါ့ဘာသာငါ ရုပ်ရှင်ကြည့်နေတာလေ နင့်နားက ပဲ့တင်သံကြားတာနေမယ် "

"နင်နဲ့ စကားကောင်းကောင်း ပြောလို့ကို မရပါဘူး "

Jennie စိတ်ပျက်တဲ့ လေသံနဲဲ့ ပြောပြီး သူမဖုန်းကို ကြည့်လိုက်သည်

"Stupid တွေက အဲ့လိုဘဲ စကားကောင်းကောင်းမပြောတတ်ကြဘူး "

"နေပါအုံး နင်က ငါ့ကို Stupid လို့ပြောတာလား "

"ဟင် ငါ ဘယ်မှာပြောလို့လည်း "

"နင် ငါ့ကို စောင်းပြောနေတာ မဟုတ်ဘူးလား "

"မပြောပါဘူး နင့်ဘာသာနင် အထင်လွဲနေတာ "

Jennie စိတ်တိုနေတဲ့ ရုပ်လေးကြည့်ပြီး Jisoo ရယ်ချင်စိတ်ကို ထိန်းထားရသည်

"အေး ရတယ် ငါ့ ကုတင်ပေါ် လာမအိပ်နဲ့ "

Jennie စကားကြောင့် Jisoo မျက်မှောင်ကြုတ်ကာ

"နင် အဲ့လို လုပ်လို့မရဘူးလေ ဧည့်ခန်းထဲက ဆိုဖာမှာ အိပ်ရတာ အေးတယ်ဟ "

"နင် ငါ့ကို စိတ်တိုအောင်လုပ်တာလေ နင့်အပြစ်နဲ့ နင် အအေးခံပေါ့ "

"ငါ နင့်ကို စမိလို့ တောင်းပန်တယ်လေနော် အပြင်မှာမအိပ်ခိုင်းပါနဲ့ "

Jisoo သနားစရာကောင်းတဲ့ လေသံလေးနဲ့ ပြောလိုက်သည်

"မရဘူး ငါ စိတ်ပြောင်းမယ် မထင်နဲ့ "

"မနက်ဖြန်ကျ Kumaကို ရေချိုးပေးထားမယ်လေ "

"မရဘူး "

"ညစာချက်ပေးမယ်လေ "

"No "

Jisoo ဘာပြောပြော Jennieက ငြင်းနေသောကြောင့် Jisoo မှာ နှုတ်ခမ်းကို ဖိကိုက်ပြီး စဥ်းစားနေသည်

"အာ သိပြီ "

Jisoo လက်ဖျောက်တီးပြီး Jennie အခန်းထဲ ပြေးဝင်သွားတယ်

စောင်နဲ့ခေါင်းအုံးတွေ ယူလာ တဲ့ Jisoo ကို Jennie အံ့သြကြီးစွာ စိုက်ကြည့်နေသည်

"ဘာလုပ်နေတာလည်း Jisoo "

Jisoo မှာ Jennie မေးတာ ပြန်မဖြေဘဲ ဆိုဖာပေါ်တွင် ခေါင်းအုံးနဲ့ စောင် ကို တင်လိုက်သည်

ထို့နောက် Jennie အခန်းဘက် ပြေးသွားပြီး အတွင်းဘက်ကနေ အခန်းတံခါးပိတ်လိုက်သည်

"Jisoo ဘာလုပ်နေတာလည်းလို့ "

Jisooမှာ စပ်ဖြီးဖြီးနဲ့ Jennie ဆီ လျှောက်လာသည်

"နင် ငါ့ကို အခန်းထဲမှာ မအိပ်ခိုင်းရင် နင်လည်း အခန်းထဲ အိပ်ရမယ် မထင်နဲ့ Jennie "

"အမ် ဘာပြောတယ် ငါ့အခန်းမှာ ငါအိပ်ချင်သလို အိပ်လို့ရတယ်လေ ဘာတုံး"

"အခု နင့်အခန်းကို အတွင်းကနေ lockချလိုက်ပြီး အခန်းသော့ကို ငါ ဖွက်ထားတယ်...I'm Jisoo I'm Genius  "

Jisoo ပြောပြီး Jennieကို လျှာထုတ်ပြောင်ပြသည်

"Jisooooooo.... နင်က Genius မဟုတ်ဘူး အရူးဘဲ "

"ကြိုက်သလိုပြော အခု ငါနဲ့ အတူ နင် အိပ်ရတော့မယ် ဟိဟိ "

Jisoo ပြောတော့ Jennie မျက်စောင်းထိုးပြီး စောင်ကိုခြုံကာ ဆိုဖာပေါ် လှဲအိပ်လိုက်သည်

Jisooကတော့ ပြုံးဖြီးဖြီးနဲ့ Tv Game ဆော့နေသည်

Jisoo Tv gameဆော့နေတာကို Jennie ကြည့်လိုက်သည်

Jisoo ဂိမ်းဆော့တာတော့ တော်သားဘဲလို့ Jennie စိတ်ထဲ တွေးလိုက်မိသည်

Jisoo ဂိမ်းဆော့ပြီး လှည့်ကြည့်တော့ Jennieက သူမကို ကျောပေးထားသည်

Jisoo Tv ခလုတ်ပိတ်ပြီး Jennie လက်မောင်းလေးကို ကိုင်လိုက်သည်

"Jennie "

Jisoo ခေါ်ပေမယ့် Jennieက လှည့်မကြည့်ပေ

"Jennie အိပ်သွားပြီလား "

Jennieက ဘာမှ ပြန်မဖြေလို့ Jisoo သက်ပြင်းချလိုက်သည်

"Jen... ငါ့ကို စိတ်ဆိုးနေတာလား "

"No "

"ဟုတ်ပါတယ် နင် ငါ့ကို စိတ်ဆိုးနေတာပါ တကယ် စနောက်မိလို့ တောင်းပန်ပါတယ်နော် "

Jisoo ရဲ့ လေးလေးနက်နက်အသံနဲ့ ပြောနေသောကြောင့် Jennie ရင်တွေ ခုန်လာသည်

"အဲ့တာဆို ငါ့ကို စိတ်ရှုပ်အောင် မစနဲ့လေ "

"အဲ့တာတော့ မတတ်နိုင်ဘူး နင် စိတ်ဆိုးရင် တအားချစ်ဖို့ကောင်းတော့ ငါမစဘဲ မနေနိုင်ဘူးဟ "

"အဲ့တာဆို နောက်နေ့ အခန်းထဲ လာမအိပ်နဲ့ "

"ရတယ်လေ နင်လည်း အခန်းထဲ မအိပ်ဘဲ ငါနဲ့အတူ ဆိုဖာမှာ လာအိပ်ပေါ့ "

"နင် တစ်ယောက်တည်း အိပ် "

"မရဘူး နင်နဲ့ အတူ အိပ်ချင်တာ "

Jennieလည်း Jisoo ကို ပြောမနိုင်သောကြောင့် ဆက်မပြောဘဲ ငြိမ်နေလိုက်သည်

#Tbc

#zawgyi





"နှာဘူးမ "


"အား နာတယ်နော် "














"သေလိုက်ပါလား "






"ကောင်းပြီလေ "




ဘုန်း!






"Kuku "


"လဲသေလိုက် Jisoo "



"နင်က ဘာလည်း Avatar လား "




"နင်က တကယ်ရယ်ရတာဘဲ "


"နင်က တကယ်ရယ်ရတာဘဲ "










Jennie စိတ်ပျက်တဲ့ လေသံနဲ့ ပြောပြီး သူမဖုန်းကို ကြည့်လိုက်သည်















"မရဘူး "

"ညစာချက်ပေးမယ်လေ "

"No "


"အာ သိပြီ "



"ဘာလုပ်နေတာလည်း Jisoo "

















"Jennie "





"No "







"နင် တစ်ယောက်တည်း အိပ် "



#Tbc

Bạn đang đọc truyện trên: Truyen3h.Co