Part 11
#Zawgyi
"အာ..."
"Hello မေမေ...."
"ဗျာ ဘာသတင်းလည်း မေမေ"
"တော်ပါပြီ မေမေရာ...."
#TBC
#Unicode
Tiffany အိမ်မက်ကနေ လန့်နိုးလာသည်....
"ဘာလည်းဟ.........ဒါက လူတွေ ပြောနေကြတဲ့ အိမ်မက်ဆိုတာလား....ဒါပေမယ့် ငါ ဘာလို့ အဲ့လိုမက်ရတာလည်း....Nickhun ဆိုတာရော ဘယ်သူလည်း....."
Tiffany စိတ်တွေရှုပ်ပြီး Seoyeonရဲ့ အခန်းထဲကနေ ထွက်လာခဲ့သည်
ထို့နောက် ရေခဲသေတ္တာဘက် သွားပြီး ရေခဲသေတ္တာထဲက ရေဘူး ထုတ်ယူလိုက်သည်
Tiffany ရုတ်တရက်ကြီး အာခြောက်သလို ခံစားရလို့ ရေအမြန်သောက်ပြီး ဖန်ခွက်ကို စားပွဲခုံ တင်လိုက်ပေမယ့် ချော်ပြီး အောက်ကို ကျကွဲသွားသည်
"အာ..."
Tiffany ဖန်ကွဲအပိုင်းအစတွေကို လိုက်ကောက်ရင်း ဖန်ကွဲရှပြီး လက်ညှိုးမှ သွေးတွေထွက်လာသည်
"ငါ့ လက်ညှိုးက ဘာဖြစ်တာလည်........ဘာလို့ အနီရောင် အရည်တွေ ထွက်လာတာလည်း....."
Tiffany ခုနောက်ပိုင်း သူမကိုယ်သူမ ထူးဆန်းလာသလို ခံစားရလို့ ပန်းခြံမှာ တွေ့ခဲ့တဲ့ အဘွားကြီးကို တွေ့အောင်ရှာဖို့ တွေးလိုက်သည်
ဒါဆို သူမ ဘာဖြစ်နေမှန်း အဲ့အဘွားဆီက သိနိုင်ပြီလေ
"မင်း သူမကို ရှာတွေ့ပြီလား Nickhun "
Tiffanyကို ရှာမတွေ့သေးသောကြောင့် သူ့ယောက္ခမရဲ့ မေးခွန်းကို Nickhun ပြန်မဖြေနိုင်ပေ
"သူမကို ဘယ်နေရာမှ ရှာမတွေ့ဘူး Mom..ကျွန်တော် မျှော်လင့်ချက်တွေ တဖြည်းဖြည်း လျော့လာပြီဗျာ "
"Nick....သားရယ် စိတ်ဓာတ်မကျပါနဲ့ အယ် သား မေမေဆီက ဖုန်းလာနေတယ် ကိုင်လိုက်အုံး "
"Hello မေမေ...."
"သား Nickhun သားအတွက် သတင်းကောင်းပါတယ် "
"ဗျာ ဘာသတင်းလည်း မေမေ"
"မေမေ ခု ရှေ့ဖြစ်ဟောဆီ ရောက်နေတာ.....Tiffanyက အခု အရုပ်မဖြစ်နေတယ်တဲ့....အရုပ် company ပိုင်ရှင်က သူ့ကိုအသက်သွင်းထားတာတဲ့ "
"ဟာ....ဖြစ်နိုင်ပါ့မလား မေမေရာ......ဘယ်လိုလုပ် အရုပ်ဖြစ်မှာလည်း "
"ဟဲ့ ဒီရှေ့ဖြစ်ဟောက တော်တော်နာမည်ကြီးတာနော် "
"တော်ပါပြီ မေမေရာ...."
Nickhun သူ့အမေရဲ့ ပေါက်ကရ စကားတွေ နားမထောင်ချင်လို့ ဖုန်းချပစ်လိုက်သည်
Nickhunနဲ့ Tiffanyက LAမှာ သရုပ်ဆောင်တွေပါ.....ရုပ်ရှင်တစ်ကား အတူရိုက်ရာမှ ရည်းစားဖြစ်သွားကြပြီး Date လုပ်တဲ့ ညမှာ ကားမတော်တဆဖြစ်ခဲ့ကြသည်
Nickhunတို့ ဆေးရုံပေါ်မှာ အတော်ကြာတဲ့အထိ သတိမေ့နေပြီး သတိရလာတော့ Tiffany လည်း သတိမေ့နေချိန် ဆေးရုံကပျောက်သွားကြောင်း သူတို့အမေတွေဆီက ကြားခဲ့ရသည်
သတိမေ့နေတဲ့ သူက ဆေးရုံက ဘယ်လိုထွက်ပြေးနိုင်မှာလည်း တစ်ယောက်ယောက်က ခိုးပြေးသွားတာနေမှာဆိုပြီး ဆေးရုံက CCTVတွေကို Nickhun ပြန်ကြည့်ခဲ့ပေမယ့်.....CCTVထဲ ဘာမှရှာမတွေ့ပေ....
Tiffany ပျောက်သွားပုံက ထူးဆန်းခဲ့သည်
"ပျောက်သွားတုံးကလည်း ထူးထူးဆန်းဆန်း ပျောက်သွားတာဆိုတော့.....အင်း မေမေပြောသလိုဖြစ်နေမလားဘဲ အရုပ် company ဆိုတော့........ဟာ.. ငါတို့ အိမ်ဘေးနားက ကောင်မလေးရဲ့ သူငယ်ချင်းက အရုပ် company က သူဌေးလေ...Kim Taeyeon...."
#TBC
Bạn đang đọc truyện trên: Truyen3h.Co