Part 12
#zawgyi
"အ့ဲတာ ဘာႀကီးလည္း "
Taeyeon အခန္းထဲ Tiffany ဝင္သြားၿပီးေနာက္ Taeyeon တစ္ခုခုလုပ္ေနတာေတြ႔ၿပီး ဘာလည္းဆုိတာ သိခ်င္တာနဲ႔ Tiffany ေမးလုိက္တယ္
"အ႐ုပ္အသစ္လုပ္ေနတာ....."
Taeyeon အ႐ုပ္မလုပ္ခဲ့တာ ေတာ္ေတာ္ၾကာၿပီ သူမေနာက္ဆုံး လုပ္ခဲ့တဲ့ အ႐ုပ္ကုိ ျပပါဆုိ Tiffanyကိုသာ ျပရမည္
"ဘာ အ႐ုပ္ေတြလုပ္ေနတာလည္း မလုပ္နဲ႔ကြာ "
Tiffanyရဲ႕ စကားေၾကာင့္ Taeyeon အ့ံျသၿပီး မ်က္ခုံးပင့္မိသြားသည္
Tiffanyကုိ လွမ္းၾကည့္ေတာ့ Tiffany မွာ ႏႈတ္ခမ္းစူၿပီး Taeyeonကို ၾကည့္ေနသည္
"Fanyလုိ အ႐ုပ္အသစ္ေလး လုပ္ေနတာေလ...."
ဟုတ္ပါတယ္ Kpop fanအမ်ားစုက သူတ႔ုိ idolနဲ႔တူတဲ့အ႐ုပ္ေလးေတြ လုပ္ေပးဖု့ိ ေတာင္းဆုိေနလု႔ိ Taeyeon ဒီဇုိင္းဆြဲေနျခင္း ျဖစ္သည္
"မသိဘူး မုန္းတယ္ကြာ "
Tiffany ေျပာၿပီး Taeyeon ကို ေက်ာေပးလုိက္ေတာ့ Taeyeon ရယ္ၿပီး ထုိင္ရာက ထလာကာ Tfifanyကို သူမဘက္ဆြဲလွည့္လုိက္သည္
"မင္း သဝန္တုိေနတာလား "
Taeyeon စလုိက္ေတာ့ Tiffany နားမလည္ဘဲ ျဖစ္သြားတယ္
"သဝန္တုိတယ္.....အ့ဲတာက ဘာကုိေျပာတာလည္း "
"ဒီလုိကြာ မင္းခ်စ္ၿပီး ဂ႐ုစုိက္တဲ့သူက တစ္ျခားသူကုိ ခ်စ္ၿပီး ဂ႐ုစုိက္မွာကုိ မလုိလားတဲ့ခံစားခ်က္မ်ိဴ း ဒါမွမဟုတ္ မင္းမွာမ႐ွိတဲ့အရာက သူမ်ားထဲ႐ွိေနတဲ့အခါ လိုခ်င္လာတဲ့ ခံစားခ်က္မ်ိဳး "
Taeyeon ႐ွင္းျပေတာ့ Tiffany ထပ္ၿပီး ႏႈတ္ခမ္းစူျပန္သည္
"ဒါဆုိ သဝန္တုိေနတာလား "
Taeyeonေမးေတာ့ Tiffany မ်က္ႏွာေလး ပန္းေရာင္သန္းလာသည္
Tiffany ေခါင္းေလးညိတ္ၿပီး ႐ွက္ေနေတ့ာ Taeyeon ဘာလုိ႔မွန္းမသိ Tiffanyကုိ ဆြဲဖက္လုိက္သည္
Tiffanyကုိ ဖက္ထားခ်ိန္ Taeyeon ရင္ခုန္သံေတြ ျမန္လာတာကုိ Taeyeon သူ႔ကုိယ္သူသတိထားမိေနတယ္
"Tae...Taeyeon..."
"Wae...."
"ဒါက ဘယ္လုိခံစားခ်က္ႀကီးလည္း "
"Wae ဘာျဖစ္လုိ႔လည္း ေနမေကာင္းဘူးလား "
Taeyeon စိတ္ပူသြားၿပီး ေမးေတာ့ Tiffany ေခါင္းခါျပသည္ ထုိ႔ေနာက္ Taeyeon လက္ကုိယူၿပီး သူမ ရင္ဘတ္ေပၚကုိ Tiffany တင္လုိက္သည္
Taeyeon ႐ွက္ၿပီး လက္ကိုဖယ္ဖုိ႔ ႀကိဳးစားေပမယ့္ Tiffany မွာ Taeyeon လက္ကုိ ခပ္တင္းတင္းဆုပ္ကုိင္ထားတယ္
"ခံစားရလား "
"အင္း မင္း ႏွလုံးေတာ္ေတာ္ခုန္ေနတယ္ "
Taeyeon ေျဖရင္း ေတာ္ေတာ္အ့ံျသမိသြားတယ္
"ေနပါအုံး သူက ႏွလုံးခုန္ျမန္ေနတယ္ ေနအုံးေလ အ႐ုပ္မက ဘယ္လုိႏွလုံးခုန္မွာလည္း "
Taeyeon မယုံလုိ႔ ထပ္စမ္းၾကည့္ေတာ့ Tiffany ႏွလုံးခုန္ျမန္ေနတာကို ေတြ႔ရျပန္သည္
Tiffanyကုိ Taeyeon ခပ္တင္းတင္းဖက္လုိက္ေတာ့လည္း Tiffany ႏွလုံးခုန္ျမန္ေနျပန္သည္
"Tae....မြန္းတယ္ ဖယ္ေပးအုံး "
Tiffany ႐ုန္းရင္း Taeyeonေရာ Tiffany ေရာ ကုတင္ေပၚ ပစ္လဲက်သြားသည္
"Oh my god...Taeyeon နင္ ဘယ္ေကာင္မေလးနဲ႔ ကုတင္ေပၚမွာ ဘာလုပ္ေနတာလည္း "
Taeyeon အိမ္ကို Yuriတုိ႔ လာလည္ရင္း Taeyeon အခန္းထဲ အသံေတြၾကားလုိ႔ ဝင္ၾကည့္ေသာအခါ ကုတင္ေပၚက Taenyကို ၾကည့္ၿပီး အ့ံျသေနၾကသည္
"အာ မဟုတ္ဘူး နင္တုိ႔ထင္သလုိ မဟုတ္ဘူး "
Taeyeon အျမန္ထၿပီး ႐ွင္းျပေလသည္
"နင္နဲ႔ ေကာင္မေလး တစ္ေယာက္ ကုတင္ေပၚ ဘာဂါလို ျဖစ္ေနတာကုိ ငါတုိ႔ထင္သလုိ မဟုတ္ဘူးဆုိေတ့ာ "
"ေနအုံး ငါ႐ွင္းျပလည္း နင္တုိ႔ ယုံခ်င္မွယုံမွာပါ "
"ေအးေလ ငါတုိ႔မယုံေအာင္ နင္က ဘာလုပ္ေနမွန္းမွမသိတာ "
Taeyeon စိတ္ေတြ႐ႈပ္ေနရင္း Yuriက ဆရာဝန္ဆုိတာ သတိရသြားတယ္
"Yuriက ဆရာဝန္ဘဲ ဟုတ္ၿပီ အခုေနာက္ပုိင္း သူေျပာင္းလဲလာတာကို စစ္ခုိင္းရမယ္ "
"ဘယ္သူ "
Sooyulhyoတု႔ိ ျပဳိင္တူေမးလုိက္ၾကသည္
"Tiffanyေလ... "
"Tiffany....Wait သူက နင့္ရဲ႕ သမီး အ႐ုပ္မဟုတ္ဘူးလား "
"ေအးေလ ဟုတ္တယ္ေလ "
"Taeyeon...ငါက လူဘဲ ကုသတာေနာ္ အ႐ုပ္မကုဘူး နင္ဘာေတြ ေၾကာင္ေနတာလည္း "
"ဒီမွာေလ Tiffany "
Taeyeon ကုတင္ေပၚက Tiffanyကို လက္ညိဳးထုိးျပေတာ့ hyoyeon တုိ႔ အ့ံျသၿပီး ပါးစပ္အေဟာင္းသား ျဖစ္သြားတယ္
ဧည့္ခန္းထဲတြင္ Taeyeon ျဖစ္ခဲ့သမ်ွ အားလုံးကုိ Sooyoung တုိ႔ကုိ ႐ွင္းျပေနသည္
"Wow ငါတုိ႔ေ႐ွ႕မွာ ျဖစ္ပ်က္ေနလုိ႔ ယုံရတာ မဟုတ္ရင္ ယုံစရာကုိ မ႐ွိဘူး "
Hyoyeon သက္ျပင္းခ်ၿပီး ေျပာလုိက္သည္
"Taeyeon....သူ႔လက္ကို ဓားနဲ႔ တစ္ခါလွီးဖူးတယ္လုိ႔ ေျပာတယ္မလား ငါၾကည့္လု႔ိရလား "
Yuri ေမးေတာ့ Tiffanyေခါင္းညိတ္ျပၿပီး သူ႔လက္ကုိျပေတာ့ ဓားနဲ႔ျခစ္ထားတဲ့ဒဏ္ရာက အမာရြတ္ ျဖစ္ေနသည္
"ေျပာရမွာ အားနာေပမယ့္ Tiffany နင့္လက္ကုိအပ္နဲ႔ေဖာက္လုိ႔ ရလားဟင္ "
"ဟုတ္ ရပါတယ္ "
Yuri အဝတ္ခ်ဳပ္အပ္ကုိ မီးကင္ၿပီး Tiffany လက္ညိဳးကို ေဖာက္လုိက္ေတာ့ Tiffany ေအာ္ၿပီး သူမလက္ညိဳးက ေသြးေတြထြက္လာသည္
"သူ လူအျဖစ္ ေျပာင္းလဲေနၿပီဘဲ "
"မျဖစ္ႏုိင္တာ....မဟုတ္ေသးဘူး အ့ဲသူကုိ ႐ွာရမယ္ Tae...."
"ဘယ္သူလည္း "
"Taeတုိ႔ အလုပ္နားက ပန္းျခံမွာ ထုိင္ေနတုံး......"
Tiffany အဘြားႀကီးနဲ႔ေတြ႔ခ့ဲပုံကုိ ျပန္ေျပာျပေနသည္
"ဟုတ္ပါၿပီ ..ကုိယ္ ႐ွာေပးမယ္ ဟုတ္ၿပီ လား "
"Taeyeon....သူ ဘာလု့ိ လူအျဖစ္ ေျပာင္းလဲသြားရတာလည္း သိလား....နင့္ရဲ႕လႊမ္းမုိးမႈေၾကာင့္....နင့္အေပၚ သူခံစားခ်က္႐ွိလာေနၿပီ နင္ေရာဘဲ....."
Sooyoungမွာ Taeyeonနားကပ္ၿပီး တုိးတုိးေလးေျပာလုိက္သည္
#tbc
#unicode
"အဲ့တာ ဘာကြီးလည်း "
Taeyeon အခန်းထဲ Tiffany ဝင်သွားပြီးနောက် Taeyeon တစ်ခုခုလုပ်နေတာတွေ့ပြီး ဘာလည်းဆိုတာ သိချင်တာနဲ့ Tiffany မေးလိုက်တယ်
"အရုပ်အသစ်လုပ်နေတာ....."
Taeyeon အရုပ်မလုပ်ခဲ့တာ တော်တော်ကြာပြီ သူမနောက်ဆုံး လုပ်ခဲ့တဲ့ အရုပ်ကို ပြပါဆို Tiffanyကိုသာ ပြရမည်
"ဘာ အရုပ်တွေလုပ်နေတာလည်း မလုပ်နဲ့ကွာ "
Tiffanyရဲ့ စကားကြောင့် Taeyeon အံ့သြပြီး မျက်ခုံးပင့်မိသွားသည်
Tiffanyကို လှမ်းကြည့်တော့ Tiffany မှာ နှုတ်ခမ်းစူပြီး Taeyeonကို ကြည့်နေသည်
"Fanyလို အရုပ်အသစ်လေး လုပ်နေတာလေ...."
ဟုတ်ပါတယ် Kpop fanအများစုက သူတ့ို idolနဲ့တူတဲ့အရုပ်လေးတွေ လုပ်ပေးဖု့ိ တောင်းဆိုနေလု့ိ Taeyeon ဒီဇိုင်းဆွဲနေခြင်း ဖြစ်သည်
"မသိဘူး မုန်းတယ်ကွာ "
Tiffany ပြောပြီး Taeyeon ကို ကျောပေးလိုက်တော့ Taeyeon ရယ်ပြီး ထိုင်ရာက ထလာကာ Tfifanyကို သူမဘက်ဆွဲလှည့်လိုက်သည်
"မင်း သဝန်တိုနေတာလား "
Taeyeon စလိုက်တော့ Tiffany နားမလည်ဘဲ ဖြစ်သွားတယ်
"သဝန်တိုတယ်.....အဲ့တာက ဘာကိုပြောတာလည်း "
"ဒီလိုကွာ မင်းချစ်ပြီး ဂရုစိုက်တဲ့သူက တစ်ခြားသူကို ချစ်ပြီး ဂရုစိုက်မှာကို မလိုလားတဲ့ခံစားချက်မျိူ း ဒါမှမဟုတ် မင်းမှာမရှိတဲ့အရာက သူများထဲရှိနေတဲ့အခါ လိုချင်လာတဲ့ ခံစားချက်မျိုး "
Taeyeon ရှင်းပြတော့ Tiffany ထပ်ပြီး နှုတ်ခမ်းစူပြန်သည်
"ဒါဆို သဝန်တိုနေတာလား "
Taeyeonမေးတော့ Tiffany မျက်နှာလေး ပန်းရောင်သန်းလာသည်
Tiffany ခေါင်းလေးညိတ်ပြီး ရှက်နေတေ့ာ Taeyeon ဘာလို့မှန်းမသိ Tiffanyကို ဆွဲဖက်လိုက်သည်
Tiffanyကို ဖက်ထားချိန် Taeyeon ရင်ခုန်သံတွေ မြန်လာတာကို Taeyeon သူ့ကိုယ်သူသတိထားမိနေတယ်
"Tae...Taeyeon..."
"Wae...."
"ဒါက ဘယ်လိုခံစားချက်ကြီးလည်း "
"Wae ဘာဖြစ်လို့လည်း နေမကောင်းဘူးလား "
Taeyeon စိတ်ပူသွားပြီး မေးတော့ Tiffany ခေါင်းခါပြသည် ထို့နောက် Taeyeon လက်ကိုယူပြီး သူမ ရင်ဘတ်ပေါ်ကို Tiffany တင်လိုက်သည်
Taeyeon ရှက်ပြီး လက်ကိုဖယ်ဖို့ ကြိုးစားပေမယ့် Tiffany မှာ Taeyeon လက်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားတယ်
"ခံစားရလား "
"အင်း မင်း နှလုံးတော်တော်ခုန်နေတယ် "
Taeyeon ဖြေရင်း တော်တော်အံ့သြမိသွားတယ်
"နေပါအုံး သူက နှလုံးခုန်မြန်နေတယ် နေအုံးလေ အရုပ်မက ဘယ်လိုနှလုံးခုန်မှာလည်း "
Taeyeon မယုံလို့ ထပ်စမ်းကြည့်တော့ Tiffany နှလုံးခုန်မြန်နေတာကို တွေ့ရပြန်သည်
Tiffanyကို Taeyeon ခပ်တင်းတင်းဖက်လိုက်တော့လည်း Tiffany နှလုံးခုန်မြန်နေပြန်သည်
"Tae....မွန်းတယ် ဖယ်ပေးအုံး "
Tiffany ရုန်းရင်း Taeyeonရော Tiffany ရော ကုတင်ပေါ် ပစ်လဲကျသွားသည်
"Oh my god...Taeyeon နင် ဘယ်ကောင်မလေးနဲ့ ကုတင်ပေါ်မှာ ဘာလုပ်နေတာလည်း "
Taeyeon အိမ်ကို Yuriတို့ လာလည်ရင်း Taeyeon အခန်းထဲ အသံတွေကြားလို့ ဝင်ကြည့်သောအခါ ကုတင်ပေါ်က Taenyကို ကြည့်ပြီး အံ့သြနေကြသည်
"အာ မဟုတ်ဘူး နင်တို့ထင်သလို မဟုတ်ဘူး "
Taeyeon အမြန်ထပြီး ရှင်းပြလေသည်
"နင်နဲ့ ကောင်မလေး တစ်ယောက် ကုတင်ပေါ် ဘာဂါလို ဖြစ်နေတာကို ငါတို့ထင်သလို မဟုတ်ဘူးဆိုတေ့ာ "
"နေအုံး ငါရှင်းပြလည်း နင်တို့ ယုံချင်မှယုံမှာပါ "
"အေးလေ ငါတို့မယုံအောင် နင်က ဘာလုပ်နေမှန်းမှမသိတာ "
Taeyeon စိတ်တွေရှုပ်နေရင်း Yuriက ဆရာဝန်ဆိုတာ သတိရသွားတယ်
"Yuriက ဆရာဝန်ဘဲ ဟုတ်ပြီ အခုနောက်ပိုင်း သူပြောင်းလဲလာတာကို စစ်ခိုင်းရမယ် "
"ဘယ်သူ "
Sooyulhyoတု့ိ ပြိုင်တူမေးလိုက်ကြသည်
"Tiffanyလေ... "
"Tiffany....Wait သူက နင့်ရဲ့ သမီး အရုပ်မဟုတ်ဘူးလား "
"အေးလေ ဟုတ်တယ်လေ "
"Taeyeon...ငါက လူဘဲ ကုသတာနော် အရုပ်မကုဘူး နင်ဘာတွေ ကြောင်နေတာလည်း "
"ဒီမှာလေ Tiffany "
Taeyeon ကုတင်ပေါ်က Tiffanyကို လက်ညိုးထိုးပြတော့ hyoyeon တို့ အံ့သြပြီး ပါးစပ်အဟောင်းသား ဖြစ်သွားတယ်
ဧည့်ခန်းထဲတွင် Taeyeon ဖြစ်ခဲ့သမျှ အားလုံးကို Sooyoung တို့ကို ရှင်းပြနေသည်
"Wow ငါတို့ရှေ့မှာ ဖြစ်ပျက်နေလို့ ယုံရတာ မဟုတ်ရင် ယုံစရာကို မရှိဘူး "
Hyoyeon သက်ပြင်းချပြီး ပြောလိုက်သည်
"Taeyeon....သူ့လက်ကို ဓားနဲ့ တစ်ခါလှီးဖူးတယ်လို့ ပြောတယ်မလား ငါကြည့်လု့ိရလား "
Yuri မေးတော့ Tiffanyခေါင်းညိတ်ပြပြီး သူ့လက်ကိုပြတော့ ဓားနဲ့ခြစ်ထားတဲ့ဒဏ်ရာက အမာရွတ် ဖြစ်နေသည်
"ပြောရမှာ အားနာပေမယ့် Tiffany နင့်လက်ကိုအပ်နဲ့ဖောက်လို့ ရလားဟင် "
"ဟုတ် ရပါတယ် "
Yuri အဝတ်ချုပ်အပ်ကို မီးကင်ပြီး Tiffany လက်ညိုးကို ဖောက်လိုက်တော့ Tiffany အော်ပြီး သူမလက်ညိုးက သွေးတွေထွက်လာသည်
"သူ လူအဖြစ် ပြောင်းလဲနေပြီဘဲ "
"မဖြစ်နိုင်တာ....မဟုတ်သေးဘူး အဲ့သူကို ရှာရမယ် Tae...."
"ဘယ်သူလည်း "
"Taeတို့ အလုပ်နားက ပန်းခြံမှာ ထိုင်နေတုံး......"
Tiffany အဘွားကြီးနဲ့တွေ့ခဲ့ပုံကို ပြန်ပြောပြနေသည်
"ဟုတ်ပါပြီ ..ကိုယ် ရှာပေးမယ် ဟုတ်ပြီ လား "
"Taeyeon....သူ ဘာလု့ိ လူအဖြစ် ပြောင်းလဲသွားရတာလည်း သိလား....နင့်ရဲ့လွှမ်းမိုးမှုကြောင့်....နင့်အပေါ် သူခံစားချက်ရှိလာနေပြီ နင်ရောဘဲ....."
Sooyoungမှာ Taeyeonနားကပ်ပြီး တိုးတိုးလေးပြောလိုက်သည်
#tbc
Bạn đang đọc truyện trên: Truyen3h.Co