Truyen3h.Co

Living Doll

Part 3

KimFany059

"သေချာပြီလား Miss Kim.....ကျန်တဲ့အရုပ်တွေတော့ လက်ခံလို့ရပေမယ့်.....အရုပ်မလေးက လှလွန်းလို့ ကျွန်မတို့ လက်ခံသင့်ပါ့မလား မသိဘူး "

မိဘမဲ့ကလေးကျောင်းမှ ဆရာမဖြစ်သူက အရုပ်မလေး Tiffanyကို ကြည့်ပြီး အရုပ်တွေကို လာလှူ တဲ့ Taeyeonကို မေးလိုက်သည်

Taeyeon ကတော့ အရုပ်မလေး Tiffany အတွက် ပိုင်ရှင်အသစ်ရှာနေသည်

ဒီအသက်အရွယ်မှာ အရုပ်မနဲ့ ကစားဖို့လည်း အဆင်မပြေ....ရောင်းလည်း မရောင်းရက်တော့ Taeyeon လှူ ဖို့ဘဲ ဆုံးဖြတ်လိုက်သည်

"ဆရာမဘဲ သိမ်းထားပေးပါလား အဲ့အရုပ်ကို မြင်ရင် သမီးလေးကို ပိုသတိရလာလို့ပါ ဆရာမ နားလည်ပေးမယ် ထင်ပါတယ်...."

Taeyeon ရဲ့ စကားကြောင့် ဆရာမလည်း Tiffanyဆိုတဲ့ အရုပ်မလေးကို လက်ခံလိုက်သည်

"ရပါတယ် လက်တလောတော့ အဲ့အရုပ်လေးကို သိမ်းပေးထားပါမယ် အကယ်၍ စိတ်ပြောင်းသွားခဲ့ရင် Miss Kim ပြန်လာယူလို့ရပါတယ် ဒီအရုပ်ကြောင့် Miss Kim နာကျင်ရတယ်ဆိုရင် ဒီအရုပ်ကြောင့် Miss Kimရဲ့ သမီးလေး အမြဲပြုံးရွှင်နေတာလည်း သတိရပေးလိုက်ပါ "

"ကျေးဇူးတင်ပါတယ် ဆရာမ.....အခုလောလောဆယ်တော့ အဲ့အရုပ်ကို မြင်တိုင်း သမီးကို သတိရလာလို့ မမြင်ချင်ဘူး.......အရုပ်တွေလည်း လာလှူ ပြီးပြီဆိုတော့ အလုပ်ရှိသေးလို့ သွားပါအုံးမယ် "

Taeyeon ဆရာမကို နှုတ်ဆက်ပြီး ကားပေါ်တက်လိုက်သည်....ဆရာမက အပြင်ဘက်ထိ အရုပ်မလေးကို ကိုင်ပြီး Taeyeonကို လိုက်နှုတ်ဆက်သည်

အရုပ်မလေး Tiffanyကို Taeyeon တစ်ချက်လှမ်းကြည့်တော့ Tiffanyရဲ့ eyesmile လေးပျောက်ကွယ်ပြီး မျက်လုံးမှာ ဝမ်းနည်းနေသလို...ပြုံးနေတဲ့ နှုတ်ခမ်းကလည်းမဲ့နေသလို......

"တော်စမ်း Taeyeon သူက အရုပ်မကို ဘာတွေ စိတ်ကူးယဉ်နေတာလည်း "

Taeyeon သူ့ကိုယ်သူ သတိ​ပေးပြီး မိဘမဲ့ကျောင်းက​နေ ထွက်လာခဲ့သည်

လမ်းတွင် သူမရဲ့သမီးလေးနဲ့ Tiffany အရုပ်လေးတို့ ဆော့နေတာတွေ ပြန်မြင်ယောင်လာသည်

"ဘာတွေဖြစ်ပါစေ သမီးက အမြဲတမ်း Mommy ရဲ့ ဘေးနားအမြဲရှိနေမှာနော် "

Taeyeon အတိတ်ကအကြောင်းတွေ ပြန်တွေးပြီး မျက်ရည်တွေကျလာသည်

"ဘာတွေဖြစ်နေပါစေ Tiffanyကို ဂရုစိုက်ပေးမယ်လို့ ကတိပေး "

Taeyeon သူ့သမီးရဲ့ စကားကိုရုတ်တရက် ကြားယောင်လာလို့ ကားဘရိတ်ကို ဆောင့်အုပ်လိုက်သည်

ထို့နောက် ကားကို ပြန်ကွေ့ကာ မိဘမဲ့ကျောင်းကို ပြန်သွားလေသည်

"Shit အဲ့ကတိကို မေ့ရတယ်လို့ "

ကျောင်းကို ရောက်တော့ Taeyeon ဆရာမကို လိုက်ရှာလေသည်။

"ဆရာမ "

ဆရာမကို တွေ့တော့ Taeyeon ဝမ်းသာအားရ ခေါ်လိုက်သည်

"Miss Kim တစ်ခုခုကျန်ခဲ့တာများ ရှိလို့လား "

"အရုပ်မလေးကို ကျွန်မ ပြန်ယူလို့ရမလား "

"ရတာပေါ့ အဲ့အရုပ်မလေး ညစ်ပတ်သွားမှာဆိုးလို့ ကလေးတွေတောင် ပေးဆော့မထားဘူး ကျွန်မယူထားတာ ရော့ "

ဆရာမ သူ့လက်က အရုပ်မလေးကို Taeyeonဆီ ပေးလိုက်သည်

Taeyeon ထို အရုပ်မလေးကို ဖက်ပြီး တောင်းပန်လိုက်သည်

"Sorryပါကွာ.....ဆရာမ အရုပ်လေးကို သိမ်းပေးထားလို့ ကျေးဇူးပါ သွားခွင့်ပြုပါအုံး "

Taeyeon အရုပ်လေးကို ယူပြီး ကျောင်းကနေ ထွက်လာလိုက်သည်

Taeyeon အိမ်ကိုပြန်ရောက်တော့ သူ့သမီးအခန်းထဲ ဝင်ပြီး အရုပ်မလေးကို သူ့သမီး ကုတင်ပေါ် တင်လိုက်သည်

"မင်း​ကြောင့် ငါ့သမီးသေရတာဆိုပြီး အပြစ်တင်ထားခဲ့မိလို့ တောင်းပန်ပါတယ် တကယ်ဆို မင်းက အရုပ်ဘဲလေ မင်းနဲ့မှမဆိုင်တာ ငါ မအားတဲ့အချိန် ငါ့သမီးကို အဖော်ပြု​ပေးလို့​တောင် ကျေးဇူးတင်ရမှာကို "

Taeyeon အရုပ်လေးကို ကြည့်ပြီး ပြောလိုက်သည်

"Shit အရုပ်ကို ဘာတွေသွားပြောနေတာလည်း သတိထားစမ်း Kim Taeyeon "

Taeyeon သူ့သမီးအခန်းထဲက ထွက်လာပြီး ရေခဲသေတ္တာထဲက အရက်ပုလင်းတွေ ထုတ်ကာ ဧည့်ခန်းထဲ ထိုင်သောက်နေလိုက်သည်

Taeyeon တစ်စုံတစ်ခုကို သတိရပြီး သူ့သူငယ်ချင်း Yuriဆီ ဖုန်းဆက်လိုက်သည်

"အေး ပြော "

"ငါ အကူအညီတောင်းချင်လို့ ရလား "

"ရတာပေါ့ ပြောလေ ဘာကူညီပေးရမလည်း "

"40×30 Size ရှိတဲ့ဖန်သား စင်လေး မနက်ဖြန် ငါ့အိမ်ကို ပို့ပေးပါလား ကျသင့်ငွေကို မနက်ဖြန် မင်း bank accထဲ ထည့်ပေးမယ်လေ "

"အင်းပါ မနက်ဖြန် လာပို့ပေးမယ်လေနော် "

"Ok Thanks "

Taeyeon ရှည်ရှည်ဝေးဝေး မပြောတော့ဘဲ ဖုန်းချပြီး အရက်ဆက်သောက်နေသည်.......

အရက်ပုလင်း ငါးပုလင်းကုန်ပြီးနောက် Taeyeon အခန်းထဲတောင် မသွားနိုင်ဘဲ ဆိုဖာပေါ် မှောက်ရက်အိပ်ပျော်နေသည်

Seoyeon အခန်းတံခါးက ရုတ်တရက် ပွင့်လာပြီး သူ့အခန်းထဲက မိန်းကလေး တစ်ယောက် ထွက်လာသည်

ဆိုဖာပေါ် အိပ်ပျော်နေတဲ့ Taeyeonကို ပွေ့ချီပြီး သူ့အခန်းထဲ ခေါ်သွားကာ ကုတင်ပေါ် သေချာတင်ပေးပြီး စောင်သေချာခြုံပေးလိုက်သည်

ထို့နောက် ရှုပ်ပွနေတဲ့ ဧည့်ခန်းကို ရှင်းဖို့ ထိုမိန်းကလေး ဧည့်ခန်းကို သွားလေသည်

#TBC

အဲ့မိန်းကလေးက ဘယ်သူလည်း? 🤔🤔

Bạn đang đọc truyện trên: Truyen3h.Co