Truyen3h.Co

Living Doll

Part 4

KimFany059

ဆူညံသံတွေကြောင့် Taeyeon အိပ်ရာက လန့်နိုးလာသည်.....နာရီကိုကြည့်တော့ ရှစ်နာရီထိုးနေပြီ.....

Taeyeon အောက်ထပ်ကို ဆင်းလာတော့ ဖန်သားစင်လေးကို အလှဆင်တပ်နေကြတဲ့ Yuriနဲ့ အလုပ်သမားတွေကို တွေ့ရသည် 

"Taeyeon မင်းပြောတာ ဒါမဟုတ်လား "

Yuri မေးတော့ Taeyeon ခေါင်းညိတ်ပြသည်

"အဲ့တာက ဘာအတွက်လည်း "

"Seoyeon ရဲ့ အရုပ်မလေးအတွက် "

Taeyeon ပြောတာကို Yuri ခေါင်းညိတ်ပြပြီး

"Ah ဒါနဲ့ အိမ်က ရှင်းသန့်နေတာဘဲ တစ်ခါမှ ဒီလို ရှင်းနေတာမမြင်ဖူးဘူး "

"နင် ဘာတွေပြောနေတာလည်း ငါ အိမ်သန့်ရှင်းရေးမလုပ်တာကြာပြီ "

Taeyeon ပြောရင်း အိမ်ထဲကို တစ်ချက်ကြည့်တော့ ဘီယာဘူးတွေလည်း မရှိတော့ဘဲ ရှင်းလင်းတောက်ပြောင်နေသည်

" ကောင်မလေး အသစ်များရနေတာလား ဟမ် "

Yuri စနောက်ပြီး Taeyeon ကို မေးလိုက်သည်

"သူနဲ့ ဘယ်တုံးက တွေ့တာလည်း "

Yuriမေးသော်လည်း Taeyeon ပြန်မဖြေ သူကိုယ်တိုင်တောင် အံ့အားသင့်နေမိသည်

"ဘာဖြစ်ဖြစ်ပေါ့ နင်အခုလို ဖြစ်နေတာဘဲ ငါပျော်ပါတယ် မဟုတ်ရင် အသေကြီးကျလို့ ငူငိုင်နေတာ ပစ္စည်းတွေ တပ်ဆင်ပြီးပြီမို့ ပြန်တော့မယ်နော် see you "

Taeyeon ရဲ့ ပခုံးကို ပုတ်ပြီး Yuri သူ့အလုပ်သမားတွေနဲ့ ပြန်သွားလေသည်

Yuriလည်း ပြန်သွားရော Taeyeon အံ့သြမှုတွေနဲ့ ကျန်ခဲ့သည်

"ဒီအိမ်ကို ငါ မရှင်းဘဲ ဘာလို့ ရှင်း​နေရတာလည်း.....ဒီအိမ်က သရဲခြောက်နေတာများလား "

Taeyeon တွေးရင်း အိမ်ပေါ်တက်ပြီး သူ့သမီးအခန်းထဲ ဝင်သွားသည်

ထို့နောက် ကုတင်ပေါ်မှာ ထိုင်နေတဲ့ Tiffany အရုပ်မလေးကို ကောက်ယူလိုက်သည်

"Come on Tiffany ငါ့နောက်လိုက်ခဲ့ မင်းကို ဖုန်တွေ အင်းဆက်တွေနဲ့လွတ်တဲ့နေရာကို ပို့ပေးမယ် "

Taeyeon စကားကြောင့် ထပ်ပြီး သူမကို ဘယ်ခေါ်သွားမလည်းဆိုပြီး စိတ်ပူနေသည်

သို့သော်လည်း အိမ်အောက်ကိုရောက်တော့ အရမ်းလှပတဲ့ ဖန်သားအိမ်ပုံစံလေးကို တွေ့ရလေသည်

"ရှေ့လျှောက် မင်း ဒီမှာဘဲ နေရတော့မယ်.....မင်းအတွက် လုံခြုံပါတယ် ငါ companyကို သွားလိုက်အုံးမယ် "

Tiffanyကို ဖန်သားအိမ်ထဲ ထည့်လိုက်ပြီး Taeyeon အလုပ်သွားဖို့ ပြင်ဆင်လေသည်

Taeyeon အလုပ်ကို ရောက်တော့ ဝန်ထမ်းတွေတင်ထားတဲ့ Report တွေ ဖတ်ကြည့်နေသည်

"Hey Taeyeon "

တံခါးမခေါက်ဘဲ ဝင်လာကြတဲ့ Sooyoung Hyoyeon ကြောင့် Taeyeon သက်ပြင်းချလိုက်သည်

"ဘာ အနှောင့်အယှက်ပေးမလို့လည်း "

"Oh နင်ကလည်း ငါတို့က နင့်ကို သုခဘုံပို့ပေးမလို့ပါ "

"ဘယ်ဘုံမှ မသွားချင်ဘူး Hyoyeon "

"Come on Taeyeon ဒီနေ့ည Hyoyeon က သူ့ကလပ်မှာ special event ရှိတယ် DJ ဆိုဒါလား ကိုလာလားမသိဘူး သူလည်းပါတယ်တဲ့ "

"Sodaပါဟ Sooyoungရ "

"Aww အေး သောက်စရာနဲ့ရောသွားလို့ "

"ဆိုဒါနေနေ ကိုလာနေနေ ဆိုဂျူ နေနေ ငါ ဘာမှစိတ်မဝင်စားဘူး အလုပ်မပြီးသေးဘူး သယ်ရင်းတို့ "

"စိတ်မဝင်စားလည်း ည​နေ အလုပ် ဆင်းရင် လာခေါ်မယ် ဒါဘဲ သွားပြီ "

Sooyoungတို့လည်း Taeyeon ပြန်မအော်ခင် အမြန် ပြေးထွက်လာကြသည်

ညနေ အလုပ်ဆင်းခါနီး Sooyoung တို့ ရောက်မလာခင် လာမခေါ်ခင် အလုပ်ကို ပြီးအောင်လုပ်ပြီး companyက ထွက်လာသည်

"Hey Kim Taeyeon "

Taeyeon ထိုအသံကို ရင်းနှီးသလိုခံစားရလို့ လှည့်ကြည့်တော့  သူမရဲ့ ဇနီးဟောင်း Seolhyun ဖြစ်နေသည်

"ဘာလည်း Seoyeonလည်း မရှိတော့ဘူးဆိုတော့ ငါတို့ တွေ့စရာအကြောင်းမရှိဘူးထင်တယ် "

"သတိရနေတာ "

Taeyeonကို Seolhyun ဖက်တော့ Seolhyunကို တွန်းပစ်လိုက်သည်

"ဖယ်.....ဘာလို့ ငါ့ကိုဖက်တာလည်း လူတွေ ဝိုင်းကြည့်နေကြတယ် "

Companyရှေ့မှာမို့ Taeyeon တို့ကို ဝန်ထမ်းတွေက ကြည့်​နေကြသည်

"Taeyeon ငါ့ကို ခွင့်လွှတ်ပေးပါ ငါ နင့်ကိုချစ်တယ် ငါ့ကိုပြန်လာခွင့်ပေးပါလားဟာ "

သူမရဲ့ ခါးကို ဖက်ထားတဲ့ Seolhyun ရဲ့ လက်ကို Taeyeon ဖြုတ်ပစ်ပြီး

"ဘာ နင်က ငါ့ကိုချစ်တယ် ဟုတ်လား ဟိုကောင်နောက် လိုက်သွားတုံးက နင် သောက်စကားတစ်မျိုးပြောခဲ့တာလေ "

"အဲ့တုံးက နင်က ကလေးနဲ့အလုပ်ကိုဘဲ ဂရုစိုက်တော့ ငါက အထီးကျန်ပြီး.....တစ်ခြားသူအပေါ် သာယာသွားခဲ့မိတာ "

"Aww ဒါဆို ငါ့အပြစ်ပေါ့ ဟုတ်လား နင့်မှာ ဦးနှောက်မရှိဘူးလား ကလေးနဲ့ နင်.. ဘယ်သူက အသိစိတ်ရှိပြီး ကိုယ့်ကိုကိုယ်စောင့်ရှောက်နိုင်မလည်း "

"Taeyeon ငါ ပြောတာ နားထောင်ပါအုံး "

"တော်တော့ Seolhyun ငါ နင့်ကို Seoyeonလေး အမေမို့ စကားပြန်ပြောနေတာ နင့်ဆင်ခြေတွေ ငါ ထပ်နားမထောင်နိုင်တော့ဘူး ငါ့ရှေ့ထပ်ပေါ်မလာနဲ့ "

Taeyeon ပြောပြီး သူ့ကားရှိရာသို့ သွားလိုက်သည်

ထို့နောက် Hyoyeonဆီ ဖုန်းဆက်ပြီး

"နင့် ကလပ် လိပ်စာကို ငါ့ဆီပို့လိုက် "

Taeyeon clubရောက်နေချိန်မှာတော့ Tiffany အရုပ်မလေးမှာ Taeyeonရဲ့ အဝတ်အစားတွေကို ဘီဒိုထဲသေချာခေါက်သိမ်းပြီး လုပ်စရာအလုပ်မရှိလို့ ဧည့်ခန်းက ဘီဒိုထဲမှ Taeyeon တို့ photo album တွေကို ယူပြီး ကြည့်လိုက်သည်

သူမ အရုပ်မ ဘဝနဲ့ ဒီအိမ်မှာနေခဲ့တာမို့ အိမ်ထဲက ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာကို Tiffany သေချာသိသည်

Photo Album ပထမဆုံးပုံလေးက Taeyeonတို့ မိသားစုပုံပင်......

"Seolhyun က ချောလိုက်တာ Taeyeon ရဲ့ အရမ်းလိုက်ဖက်တာဘဲ ဒါတောင် ဘာလို့ ကွာရှင်းလိုက်ကြတာလည်းမသိဘူး......."

Tiffany မိသားစု ပုံလေးကို ကြည့်ပြီး ရေရွတ်လိုက်သည်

ဒုတိယပုံကတော့ Seoyeon တစ်ယောက်တည်းပုံပင် သို့သော် ထိုပုံပေါ်မှာ ဘောပင်ဖြင့် မိန်းကလေးတစ်ယောက် ပုံဆွဲပြီး Tiffany လို့ နာမည် တပ်ထားတော့ Fany သူမကို ရည်ညွန်းထားမှန်းသိပြီး မျက်ရည်တွေဝဲလာသည်

Seoyeon ပုံလေးတွေကြည့်ပြီး Fany မျက်ရည်ဝဲနေတုံး ကားစက်သံကြောင့် လန့်သွားလေသည်

"Oh Taeyeon ပြန်လာပြီ......"

Fanyမှာ Taeyeon ဝယ်ပေးထားတဲ့ ဖန်သားအိမ်ရှိရာသို့ အမြန်ပြေးသွားသော်လည်း

"မင်း ဘယ်သူလည်း.......ငါ့အိမ်ထဲ ဘယ်လို ဝင်လာတာလည်း..."

#TBC

Bạn đang đọc truyện trên: Truyen3h.Co