Part 23
Jessi စိတ်ရှုပ်တာနဲ့ LAရောက်တိုင်း ထိုင်နေကြ Barကို သွားလိုက်သည်
Barမှာ အရက်ထိုင်သောက်ရင်း ကောင်မလေးတစ်ယောက်က Jessiကို လာမြူ စွယ်သည်
Jessiမှာ ကောင်မလေးနဲ့ ပလူးပလဲလုပ်ဖို့တိုတာ အသာထား ကောင်မလေးကိုတောင် ဂရုမစိုက်နိုင် မကြည့်နိုင်ပေ....ဘယ်နေရာကြည့်ကြည့် မျက်လုံးထဲ Taeyeonနဲ့ Fanyတို့ နမ်းနေတာဘဲ မြင်ယောင်နေမိသည်
ကောင်မလေးမှာ အဆင့်ကျော်ပြီး Jessi ပေါင်ပေါ်တက်ထိုင်ပေမယ့် Jessiမှာ အဖက်မလုပ်ဘဲ တစ်နေရာကိုသာ ငေးကြည့်နေမိသည်
ကောင်မလေးလည်း စိတ်တိုပြီး Jessiကို နမ်းမယ်လုပ်တော့ သူ့အမကို လိုက်ရှာနေတဲ့ Krystal ရောက်လာပြီး ကောင်မလေးကို တွန်းလိုက်သည်
"Get out Bitch "
ကောင်မလေးမှာ Krystal ကို သူ့ချစ်သူ ထင်ပြီး ဘာမှမပြောဘဲ ထွက်သွားလေသည်
"Krystalလေး "
Krystalလည်း ရောက်လာရော Jessi ဘယ်လောက်သောက်ထားတယ်မသိ မူးပြီး Krystal ပေါ် လဲကျသွားသည်
"Shit "
Krystalလည်း Jessiကို တွဲခေါ်ပြီး Barအပြင်ဘက် ခေါ်လာသည်
"ဟဲ့ ရပ်ကြည့်မနေနဲ့လေ လာတွဲအုံး "
Krystal ကားတံခါးကိုမှီပြီး သူတို့ကို ရပ်ကြည့်နေတဲ့ Amberကို ငေါက်လိုက်သည်
"Aww အေးပါဟ လာပါပြီ "
"အလိုက်ကိုမသိဘူး "
Jessiကို ကားထဲထည့်ပြီးနောက် Krystal ကားရှေ့ခန်းမှာ ထိုင်ကာ သက်ပြင်းချလိုက်သည်
"ဟူး တစ်နေ့တစ်နေ့ သူ့ဘဲ လိုက်ထိန်းနေရတယ် ကလေးဆယ်ယောက်လောက်ကို ထိန်းရသလိုဘဲ "
"လေ့ကျင့်ပြီးသား ဖြစ်သွားတာပေါ့ ငါတို့လက်ထပ်ရင် ကလေး ဆယ်ယောက် ယူမယ်နော် "
Amber မှာ ကားမောင်းရင်း Krystal ညည်းတွားနေကြည့်ပြီး စနောက်လိုက်သည်
"Yah "
Krystal အော်ပြီး Amber လက်မောင်းကို ထုလိုက်သည်
"ငါ ကားမောင်းနေတာနော် Kry "
"ဘာဖြစ်လည်း "
Krystal ထပ်ထုတော့ Amber နာဟန်ဆောင်လိုက်သည်
"Ah "
Amber မျက်နှာမှာ နာကျင်နေတဲ့ပုံကြောင့် Krystal စိတ်မကောင်းဖြစ်ပြီး Amber ပါးလေးကို ဖြတ်ခနဲနမ်းလိုက်သည်
"Hey အနောက်မှာ မင်းတို့ မကြီးဂျက် ပါတာ သတိထားအုံး shitဘဲ သောက်အသည်းကွဲပြီး မူးချင်တာတောင် မူးမရ လာRoနေ "
Jessi သူ့ညီမအော်သံကြောင့် လန့်ပြီး ထကြည့်တော့ Amberကို နမ်းလိုက်တာ တွေ့ရသည် ထို့ကြောင့် သူ့ညီမကို ကြိမ်းဝါးပြီး ပြန်အိပ်လိုက်သည်
"Jessiကို Joy အကြောင်း ပြောလိုက်ရမလား Joyက သူ့သမီးဆိုတာ ....ဒါပေမယ့် သူ ယုံမှာ မဟုတ်ဘူး....... ပြီးကျ သူက ကလေးမလိုချင်ဘူးလေ.....Krystalက ငါ့ကို ဦးနှောက်လာစားနေတယ် "
Fany စိတ်ရှုပ်တာနဲ့ တစ်ခုခုစားပြီး Stress ဖြေဖို့ စဉ်းစားလိုက်သည်
ပေါင်မုန့်ကို ထောပတ်သုတ်နေတုံး Sooyoung ရောက်လာပြီး
"Omar သမီးလည်း ဗိုက်ဆာတယ် "
"ဟုတ်ပါပြီရှင် Omma လုပ်ပေးမယ်နော် "
Taeyeon အိမ်ပြန်ရောက်လာတော့ မုန့်အတူစားနေကြတဲ့ သားအမိနှစ်ယောက်ကို ကြည့်ပြီး ပြုံးမိနေသည်
"အမေတူ သမီးလေး.......ချစ်ဖို့ကောင်းလိုက်တာ......"
Taenyတို့ သားအမိကို Taeyeon ပြုံးကြည့်ရင်း ရုတ်တရက် အပြစ်ရှိသလို ခံစားရသည်
"ငါက သူ့ရဲ့အဖေပါဆိုပြီး Joyကို လိမ်ထားမိတယ်............တကယ်ဆို ..........."
Taeyeon ဧည့်ခန်းကနေ သူတို့ကို ငေးကြည့်နေတာ Fany တွေ့သွားပြီး
"Tae Tae ပြန်လာပြီလား ဘာလုပ်နေတာလည်း လာလေ မုန့်အတူစားမယ် "
"Appa လာခဲ့ Omar လုပ်ပေးတဲ့မုန့်က စားကောင်းတယ် "
Joy မှာ Taeyeonဆီ ပြေးသွားပြီး Taeyeon လက်ကို ဆွဲကာ ခေါ်လာသည်
Fanyမှာ Taeyeonအတွက် ပေါင်မုန့်မီးကင်ပေးပြီး Joyမှာ ပေါင်မုန့်ပေါ် ထောပတ်သုတ်ပေးလေသည်
"Aigoo လိမ်မာတဲ့ မိန်းမနဲ့ သမီးကို ပိုင်ဆိုင်ရတာ ထီပေါက်သလိုမျိုးဘဲ......"
Taeyeon ပြုံးပြီးပြောကာ ပေါင်မုန့်ကို ကိုက်စားလေသည်
"Appa စားလို့ကောင်းလား "
"ကောင်းတာပေါ့ Appa သမီးလေး ကိုယ်တိုင်သုတ်ပေးတဲ့ ပေါင်မုန့် ထောပတ်သုတ်လေး စားလို့တအားကောင်းတယ် "
"Kim Taeyeon shii ရှင်က ရှင့်သမီးဘဲ ချီးကျူး တာလား ပေါင်မုန့်မီးကင်ပေးတဲ့ ကျွန်မကျရော "
Fany ခါးထောက်ပြီးမေးတော့ Taeyeon မသိချင်ယောင်ဆောင်ပြီး သူ့သမီးကို မျက်ခုံးပင့်ပြကာ
"Appaတော့ သတ်ခံရတော့မယ် သမီးရေ "
"ပြေး "
Taeyeonတို့ သားအဖ ပေါင်မုန့်တွေကို ကိုင်ကာ ဧည့်ခန်းထဲကို ပြေးသွားကြသည်
"Yah မပြေးနဲ့ "
Fanyလည်း အနောက်ကပြေးလိုက်ပြီး Taeyeonတို့နဲ့ ပြေးတမ်းလိုက်တမ်းဆော့နေသည်
Fanyက Jessiကို ပြန်လက်ခံမလား 🤔 သူ့အပေါ်ကောင်းတဲ့ Taeyeonနဲ့ဘဲ ဆက်ပေါင်းမလား🤔
#TBC
Bạn đang đọc truyện trên: Truyen3h.Co