Part 24
"Fuck Hangover "
Jessi အရက်အရှိန်ကြောင့် မနက်နိုးလာတော့ ခေါင်းတွေ တအားကိုက်နေသည်
ခေါင်းအုံးပေါ် မျက်နှာကြီးမှောက်ပြီး မနေ့က မြင်ကွင်းကို ပြန်မတွေးမိအောင် ကြိုးစားနေသည်
"Aigoo တစ်ယောက်ယောက်ကတော့ အရက်နာကျနေပြီ"
"နင် ဘာလာလုပ်ပြန်တာလည်း "
"အမလေး Chaw ကြောင့်သာ မဟုတ်ရင် Unnie ဘဝပျက်နေလောက်ပြီနော် Chaw လာခေါ်ပြီး ဟိုတယ်ပို့ပေးတာတောင် ကျေးဇူးမတင်ဘူး "
Jessi မျက်မှောင်ကြုတ်ပြီး သူ့ညီမကို ကြည့်နေသည်
"Unnieကို အံ့သြစေမယ့် Fany Unnieရဲ့ သတင်းလေးတွေ ပြောပြမယ် "
Jessi ခေါင်းအုံးကို သူ့ညီမဆီ ပစ်ပေါက်ပြီး
"အဲ့ ကောင်မ နာမည် မပြောစမ်းနဲ့ "
"Fine မပြောတော့ပါဘူး Unnieကတော့ နောင်တ မရစေနဲ့ပေါ့ "
Krystal ထွက်သွားမယ်လုပ်တော့ Jessi ချောင်းဟန့်ပြီး
"ငါ သူ့ နာမည်ကြားရင် စိတ်တိုပေမယ့် နင်က ဘာပြောချင်တာလည်း "
"စိတ်ပြောင်းသွားပြီပေါ့ "
"ပြောစရာရှိတာသာ ပြောစမ်းပါ "
Krystal ကို Jessi ခေါင်းအုံး နောက်တစ်လုံးနဲ့ ထပ်ပြီး ပစ်ပေါက်ပြန်သည်
"Unnie ကလေးကို မြင်ဖူးချင်လား Fanyရဲ့ သမီးလေးလေ"
Krystal စကားကြောင့် Jessi အော်ရယ်ပြီး
"Kry နင် လူရွှင်တော်လုပ်ပါ့လား နင်ပြောတဲ့ စကားက အရမ်းရယ်ရတယ်"
"Unnie chawပြောတဲ့ထဲ ရယ်စရာမပါဘူးနော် "
"အဲ့ ကလေးက Taeyeonနဲ့ ရတဲ့ ကလေးမဟုတ်ဘူးလား "
Krystal တံခါးပေါက်နားရပ်နေရာက သူ့အမဆီ ပြေးသွားပြီး နောက်ကျောကို တဖုန်းဖုန်းရိုက်ကာ
"Fany Unnie ကို Unnie တွေ့ဖူးတဲ့ အပျက်မတွေလို လူတကာနဲ့ sex လုပ်တယ်ထင်နေတာလား အဲ့ကလေး အဖေက ဘယ်သူလည်း မေးတော့ chaw မျက်လုံးတောင် သူ တည့်ကြည့်မဖြေရဲခဲ့ဘူး "
"Jessi နင် ကလေး ချစ်တတ်လား "
Fanyရဲ့ စကားတွေ မကြိုက်တဲ့အစားအစာတွေ ငါးဟင်းတွေကို အားရပါးရ စားနေတဲ့ Fanyပုံစံကို Jessi ပြန်မြင်ယောင်လာသည်
"ဒါဆို Tiffanyကို ငါ့ဆီပြန်လာဖို့ အကြောင်းပြချက်ရပြီပေါ့ "
Taeyeonမှာ အိပ်ပျော်နေတဲ့ သားအမိနှစ်ယောက်ကို ကြည့်ပြီး မျက်ရည်တွေ ဝဲနေသည်
Fanyတို့နဲ့ အတူရှိချင်ပေမယ့်လည်း တစ်ကိုယ်ကောင်းဆန်သလို ခံစားရသည်
"Jessiဆိုတဲ့ ချီးထုပ်ဘဲ ဒီမိသားစု ဓာတ်ပုံထဲမှာ ပါရမှာပါလေ ငါနဲ့ မသင့်တော်ပါဘူး "
Taeyeon ဆုံးဖြတ်ချက်ချပြီး Jessi ဆီ ဖုန်းခေါ်လိုက်သည်
"ငါပါ Taeyeon.....မင်း ဘယ်မှာလည်း "
"LAမှာ"
"ဒါဆို.. .VIP cafeကို လာခဲ့ ငါတို့ပြောစရာရှိလို့ "
Taeyeon တိုတိုတုတ်တုတ်ပြောပြီး ဖုန်းချလိုက်သည်
Taeyeon cafeဆိုင်မှာ Jessiကို ထိုင်စောင့်နေသည်.....
Cafeဆိုင်မှာ ဖွင့်တဲ့ အဆွေးသီချင်းက Taeyeonကို မျက်ရည်ဝဲစေသည်
Taeyeon သူ့မျက်ရည်တွေကို သုတ်ပြီး စားပွဲခုံကို လက်နဲ့ထိုင် ခေါက်နေသည်
ခဏကြာတော့ Jessi cafeဆိုင်ထဲ ရောက်လာသည်
"ငါ့ကို ဘာပြောစရာရှိလို့လည်း "
jessi မျက်နှာကြောတင်းတင်းနဲ့ Taeyeonကို မေးလိုက်သည်
"မကောင်းတဲ့ အရှုပ်ထုပ်မ "
"ငါ့ကို ဆဲဖို့ ခေါ်တာလား အဲ့တာဆို ငါပြန်တော့မယ် ငါ့ရဲ့တန်ဖိုးရှိတဲ့ အချိန်ကို ပေးပြီးလာတာက ဆဲခံရဖို့ မဟုတ်ဘူး "
"ငါလည်း မင်းလို လူမျိုးနဲ့ စကားပြောဖို့ ငါ့အချိန်ကို ဖဲ့ထားရတာ "
"ပြောစရာမရှိရင် ပြန်တော့မယ် "
"နေအုံး Fany အကြောင်း ပြောမလို့ "
Jessiလည်း Taeyeon နဲ့မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်ပြီး
"ကဲ ပြောလေ "
"Joyက ဘယ်သူ့သမီးလည်းဆိုတာ မသိချင်ဘူးလား "
"မင်းနဲ့ Tiffany ရတဲ့ ကလေးဘဲလေ အဲ့တာကို ဘာလို့ မေးခွန်းလာထုတ်နေတာလည်း "
"သောက်ရူး ငါတို့ကလေးသာဆို မင်းကို အချိန်ကုန်ခံပြီး လာပြောမှာ မဟုတ်ဘူး "
"နင်ပြောချင်တာက "
Jessi မှာ Taeyeon ပြောချင်တာကို သိပေမယ့် မသိချင်ယောင်ဆောင်နေသည်
"မင်းနဲ့ ရတဲ့ကလေး......အဲ့တာသိစေချင်လို့ ပြီးတော့ Fanyကလည်း ခုထိ မင်းကို သံယောဇဉ် မပျက်သေးဘူးဆိုတာ ငါသိတယ် ခုထိ ညဆို မင်းနာမည်ကို ယောင်ယမ်းခေါ်နေတုံး အတိုင်းအတာ တစ်ခုထိ ငါ Tiffanyတို့ သားအမိကို စောင့်ရှောက်ပေးထားပါတယ် ခုတော့ သူတို့ကို လာရှာတဲ့ ပိုင်ရှင်အစစ်ဆီ ပြန်ပေးမလို့ "
Taeyeon စကားကြောင့် Jessi မျက်ရည်ဝဲကာ
"ကျေးဇူး "
"ကျေးဇူးတင်စရာမလိုပါဘူး Fanyကို ပျော်အောင်ထားပါ ငိုအောင် ထပ်လုပ်ရင် မင်းကို ငါ သတ်ပစ်မယ် Jessica ...Fany အိမ်မှာ ရှိတယ် သွားတွေ့လိုက်"
Taeyeonပြောပြီး ထွက်သွားတော့ Jessi လည်း Fanyဆီ အမြန်သွားလေသည်
Bell တီးသံကြောင့် Joyတစ်ယောက် သူ့အဖေ ထင်ပြီး ပြေးလာတံခါးဖွင့်ပေးပေမယ့် တံခါးပေါက်မှာ ရပ်နေတဲ့ Jessiကို မြင်ပြီး
"ဘယ်သူလည်းဟင် "
"သမီးရဲ့ Appa ဒါမှမဟုတ် Omma....."
Fanyမှာ ဟင်းချက်ရာက အိမ်ရှေ့ပြေးလာစဉ် Jessiကို မြင်ပြီး လက်က ဇွန်းပြုတ်ကျသွားလေသည်
#TBC
Jessiက လာခေါ်ပြီဆိုတော့ Fanyက လိုက်ပါ့မလား 🤔
Bạn đang đọc truyện trên: Truyen3h.Co