Part 15
Winter မှာ Yizhuoရဲ့ အိမ်ကိုရောက်တော့ Yizhuoက သူ့ကိုထွက်ကြိုသည်
"Hey Win..နင် တကယ်ဘဲ အဆင်ပြေရဲ့လား "
Yizhuoက မေးတော့ Winter ခေါင်းညိတ်လိုက်သည်
"Win နင့်အစ်မက ငါ့အိမ်မှာ နင့်ကိုလာစောင့်နေတာ "
Yizhuoရဲ့ စကားကြောင့် Winter အံ့သြသွားတယ်
"ဟင် "
"နင် ငါ့ဆီလာရင် သူ့ဆီ ဖုန်းဆက်ပေးပါလို့ တောင်းဆိုထားလို့ နင် ခုန ငါ့ဆီ ဖုန်းဆက်တော့ သူ့ကိုငါ ဆက်သွယ်လိုက်တာ လာ မီးဖိုခန်းထဲ သူရှိတယ် "
Yizhuoမှာ ဧည့်သည်တစ်ချို့ကို ဧည့်ခန်းထဲ နေခိုင်းပြီး Winterကို မီးဖိုခန်းဘက်ခေါ်လာသည်
မီးဖိုခန်းထဲတွင် စားပွဲမှာ ထိုင်နေတဲ့ သူ့အစ်မ Hanaကို တွေ့ရသည်
Hanaရဲ့ မျက်လုံးတွေက ဖူးယောင်နေပြီး သက်တောင့်သက်သာဖြစ်နေတဲ့ပုံမပေါ်ပေ
Minjeongကို တွေ့တော့ Hanaမှာ ထလာပြီး သူ့ညီမကို ဖက်ကာ တောင်းပန်လိုက်သည်
"Minjeong... Liamရဲ့ အပြုအမူတွေအတွက် ညီမလေးကို အစ်မ တောင်းပန်ပါတယ် "
Winterမှာ ရုတ်တရက် သူ့အစ်မအတွက် ဒေါသထွက်လာမိတယ်
"အစ်မ တောင်းပန်စရာမလိုပါဘူး ကျေးဇူးပြုပြီး Hanaရယ် သူနဲ့ကွာရှင်းလိုက်ပါတော့ သူက အစ်မနဲ့ မတန်ဘူး "
Hanaမှာ သူ့ညီမကို ဖက်ရာက ရပ်ပြီး အနောက်ကို ဆုတ်လိုက်သည်
ပြီးတော့ သူစိတ်လှုပ်ရှားရင် လုပ်တတ်တဲ့ လက်ကလေးကို ကိုင်ထားတဲ့အကျင့်လေးအတိုင်း သူ့လက်နှစ်ဖက်ကို သူ Hana ကိုင်လိုက်သည်
"သူ့ကိုတော့ အဲ့အိမ်မှာ မနေခိုင်းစေချင်တော့ဘူး အစ်မ နေချင်ရင်တော့ နေလို့ရတယ် သူ့တော့မရဘူး "
"သူက ငါ့ရဲ့ယောင်္ကျားလေ Minjeongရယ် "
"သူလို လိမ်ညာပြီး လောင်းကစားစွဲနေတဲ့ကောင်က အစ်မရဲ့ ယောင်္ကျားမဖြစ်သင့်ဘူး....Jiminကို အစ်မတို့ အကြွေးတွေဆပ်ပေးဖို့ ပြောခဲ့တာ သူက ကူဆပ်ပေးခဲ့တယ် သူ ကူဆပ်ပေးစရာမလိုတာတောင် ကူဆပ်ပေးခဲ့တာနော် ပြီးတော့ သူ တစ်ခါမှ Liamကို အကြွေးမတောင်းခဲ့ဖူးဘူး ဟော ဒီလောက်ထိ လုပ်ပေးထားတာတောင်မှ နာရေးမှာ ပိုက်ဆံလိုက်တောင်းနေတုံးဘဲ "
"သူ အသုံးလိုနေလို့ဖြစ်မှာပါ "
"အစ်မ....လောင်းကစားလုပ်တာက ဝါသနာမဟုတ်ဘူးနော် စွဲလမ်းမှုမျိုး သူ လောင်းကစားလုပ်ချင်ရင် အလုပ်လုပ်ပြီး သူ့ပိုက်ဆံနဲ့သူလုပ်လေ "
"အလုပ်လုပ်ဖို့အတွက်ထိကျ သူမကျန်းမာသေးဘူးလေ အရိုက်ခံထားရတာ Minjeong လည်း သိသားနဲ့ "
Winter သူ့အစ်မ စကားကြောင့် ခေါင်းခါယမ်းမိတယ်
"မကျန်းမာသေးဘူးသာပြောတယ် ညီမကို သူရိုက်ဖို့တောင် ကြိုးစားခဲ့တာ ပြီးတော့ Jiminအပေါ်လည်း သူမိုက်ရိုင်းသေးတယ် ဘယ်သူ့အပေါ်ကိုမှ လေးစားသမှုမရှိတဲ့သူ့ကို ညီမက ဘာလို့ လေးစားပေးရမှာလဲ အမှန်ကို မြင်ပါတော့ အစ်မရယ် သူက အစ်မနဲ့ လုံးဝမတန်တာပါ "
"သူက ငါ့ယောင်္ကျားလေ "
"အစ်မ ဒီစကားချည်း ထပ်ခါထပ်ခါပြောနေတယ် သူ့အပေါ်ကို အားနာနေတာ တော်လိုက်စမ်းပါတော့ "
Hanaမှာ သူ့မျက်လုံးကို မှိတ်လိုက်ပြီး
"ငါ့မှာ သူဘဲ ရှိတော့တာ "
"ညီမကရော ညီမက အစ်မရဲ့ ညီမလေးလေ "
Winter မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်
"နင် အစ်မကို နှစ်ခါတောင် ထားသွားတယ်လေ နင်သေလားရှင်နေလားတောင် ငါမသိခဲ့ရဘူးလေ Minjeong နင့်ကို အမေတို့လို ဆုံးရှုံးရပြီလို့တောင် ထင်နေတာ "
"အစ်မ..."
"Liam...သူက အမှားတွေ အများကြီးလုပ်ထားပေမယ့် ငါ့ဘေးနားမှာ သူတစ်ချိန်လုံး ရှိနေပေးခဲ့တယ် "
"အစ်မ...နင် သူ့ထက်ကောင်းတဲ့သူနဲ့ တွေ့သင့်တာ "
Winter သူ့အစ်မ လက်ကို ကိုင်ဖို့ ကြိုးစားပေမယ့် Hanaက နောက်ကို ဆုတ်လိုက်သည်
"နင် နားမလည်ပါဘူး Minjeong "
"အစ်မရယ် "
"ဘာဘဲဖြစ်ဖြစ် သူ့အပြုအမူတွေအတွက် နင့်ကို တောင်းပန်ချင်ရုံပါ အစ်မ သွားတော့မယ်နော် "
သူ့အစ်မ ထွက်သွားတော့ Winter လိုက်မသွားဘဲ မီးဖိုခန်းထဲတွင်သာ ရပ်ငိုနေမိသည်
သူ့အစ်မက ခုထိ ရူးမိုက်နေတုံးဘဲ
ထိုစဥ် ခြေသံတွေကြားလို့ Winter သူ့မျက်ရည်တွေကို အမြန်သုတ်လိုက်သည်
သူ့ဆီ လျှောက်လာသူက Yizhuoနဲ့ သူ့အမေပင်ဖြစ်သည်
Yizhuoကတော့ စိတ်မကောင်းတဲ့ အကြည့်တွေနဲ့ သူ့သူငယ်ချင်းကို ကြည့်နေသည်
"သမီးလေး Winter အစ်မနဲ့ ပြန်အဆင်ပြေသွားပြီလား "
"ဟုတ် Aunty Victoria...သမီးတို့ salon သွားကြမလား မသွားရတာ ကြာပေါ့ "
"ကောင်းသားဘဲ သွားကြမယ်လေ "
Yizhuoတို့လည်း Winterရဲ့ ကားနဲ့အတူ Salonကို ထွက်လာကြသည်
"Hey..."
Winter salonကို ရောက်တော့ ဖုန်းမြည်သံကြားတာနဲ့ ဖုန်းကိုင်လိုက်သည်
"ဖုန်းကိုင်တာ နောက်ကျတယ်နော် အချစ်လေး တို့ကို နှလုံးရောဂါရအောင် လုပ်နေတာလား "
"sorry...salonကို သွားနေလို့ ဖုန်းသံမကြားတာနေမယ် အခု salonကို ရောက်ပြီ ငါ ဆံပင်အပြာရောင်လေးနဲ့ဆိုရင် ချစ်ဖို့ကောင်းမယ်ထင်လား "
"ဆံပင်ဆေးဆိုးမလို့လား"
"ဆံပင်အပြာလား ဆံပင်အတိုလား "
"ဆံပင်ဆေးမဆိုးနဲ့ ဒီအတိုင်းလေးလည်း လှပါတယ် ဒါနဲ့ မင်းရဲ့အစ်မ Yizhuoအိမ်ကို ရောက်နေတယ်လို့ Mikeက ပြောတယ် ပြဿနာတစ်ခုခုဖြစ်နေလို့လား ဟိုကောင်ရော အဲ့မှာရှိနေတာလား"
"မရှိပါဘူး "
"အဆင်ပြေရဲ့လား အချစ်ကလေး "
"ပြေပါတယ် "
"အင်းပါ ဒါဆိုလည်း လုပ်စရာရှိတာလုပ်လေနော် နောက်တစ်နာရီကျ တို့ဆီ ဖုန်းခေါ်လိုက်နော် ချစ်တယ် "
"အင်း ငါလည်း နင့်ကို ချစ်တယ် "
Winter ဖုန်းချပြီး သူ့ဖုန်းကို Karinaဆီ နောက်တစ်နာရီကျ ခေါ်ဖို့ ဖုန်းalarm ပေးလိုက်သည်
"ညီမလေး ဘယ်လိုလေးလုပ်ပေးရမလဲ "
"ဆံပင်အညိုရောင်လေး ဆိုးပေးပါ "
Winter ရဲ့ စကားကြောင့် Yizhuo ရယ်လိုက်သည်
Karinaရဲ့ စကားကို Winterက ဘယ်တော့မှ နားမထောင်ဘူးဆိုတာ Yizhuo သိနေတယ်လေ
Mikeဆီ ဖုန်းခေါ်ရလို့ Karina သိပ်တော့ အလိုမကျ တစ်နာရီပြည့်သွားတာတောင် Karinaဆီ Winterက ဖုန်းမခေါ်လို့ ဖုန်းမကိုင်လို့ စိတ်ပူပြီး Mikeဆီ ဖုန်းခေါ်ရတယ်လေ
နောက်မှ ကျေးဇူးရှင်လေးက ဖုန်းalarm ပေးပြီး ခေါင်းလျှော်နေလို့ မကြားလိုက်ကြောင်း Karinaကို ချော့ပြောရသေးတယ်
ထိုအခါမှ Karinaက စိတ်ပြေသွားတယ်
Karinaနဲ့ ဖုန်းပြောပြီးနောက် Winter မှာ သူ့သူငယ်ချင်းကို ကြည့်လိုက်သည်
"Yizhuo..."
"ဘာလည်း "
"ရှေ့လျှောက် နင် ဘာလုပ်မှာလဲ "
"ပိုက်ဆံမရှိဘဲနဲ့တော့ ငါ ဘာမှလုပ်မရဘူး "
"နင်ပြောတာလည်း ဟုတ်ပါတယ် ငါ Karinaကို ပြောလိုက်အုံးမယ် "
Karinaက Aeri ချန်ထားတဲ့ ပိုက်ဆံတွေကို Yizhuo တစ်ယောက် ထပ်ပြီး Winterနဲ့ ထွက်ပြေးမှာဆိုးလို့ မပေးဘဲ သိမ်းထားခဲ့တာလေ
"ဒီတော့ နင်က သူ့ကို အားလုံး ခွင့်လွှတ်ပေးလိုက်ပြီပေါ့ Win "
"အင်း "
"နင် သူ့ကိုထားပြီး ထွက်ပြေးခဲ့တဲ့ အကြောင်းပြချက်ရော မှတ်မိသေးလား"
"ငါ မှတ်မိပါတယ် သူ ငါ့ကို နာကျင်အောင်လုပ်ခဲ့တယ် ငါလည်း သူ့ကို နာကျင်အောင် လုပ်ခဲ့တယ် ငါတို့နှစ်ယောက်လုံး အမှားတွေလုပ်ခဲ့ကြတာဘဲ ဒါပေမယ့်လေ ငါသူ့ကို အခုထိ ချစ်နေတုံးဘဲ နောက်လည်း ချစ်နေမိမှာ Yizhuo "
"နင်တို့တွေ တစ်ယောက်ကိုတစ်ယောက် ချစ်တာနဲ့ အတူရှိနေလို့ မရဘူးလေ ပြောရရင် Karina က လုံးဝပြောင်းလဲသေးတာမှ မဟုတ်တာ သူ နင့်ကို အတင်းအကြပ် လက်ထပ်ခိုင်းခဲ့တာကိုဘဲ ကြည့် "
"ဟုတ်တယ် သူက ငါနဲ့သူဝေးသွားမှာကို အရမ်းကြောက်နေတာ "
"သူ့အချစ်က toxic ဆန်ပါတယ် Win ရယ် "
"Yizhuo... ငါ ဘာလုပ်နေလဲဆိုတာ ငါသိပါတယ် သူငယ်ချင်းရယ် "
သူငယ်ချင်းနှစ်ယောက် စကားများမလို ဖြစ်နေစဥ် ဆံပင်ပြင်ပြီးလို့ ရောက်လာတဲ့ Victoriaကြောင့် စကားပြတ်သွားတယ်
Karinaရဲ့ မျက်ဝန်းတွေကို Winter သိတယ် သူ့ကို လိုအပ်နေမှန်းသိတယ် ဒါကြောင့်မို့လို့ အရမ်းခင်တဲ့ Yizhuoကို သူတို့ Relationshipထဲ ဝင်မပါစေချင်ဘူး Yizhuoအပေါ် ကျေးဇူးတွေအများကြီး တင်နေခဲ့တာ သိပေမယ့်ပေါ့
#tbc
#zawgyi
"ဟင် "
"သူက ငါ့ယောင်္ကျားလေ "
"ငါ့မှာ သူဘဲ ရှိတော့တာ "
"အစ်မ..."
"အစ်မရယ် "
"Hey..."
"မရှိပါဘူး "
"ပြေပါတယ် "
"Yizhuo..."
"ဘာလည်း "
"အင်း "
#tbc
Bạn đang đọc truyện trên: Truyen3h.Co