Part 21
Yizhuoနဲ့အရက်သောက်နေစဥ်Yizhuoနဲ့အရက်သောက်နေစဥ်Yizhuoနဲ့အရက်သောက်နေစဥ်Yizhuoနဲ့အရက်သောက်နေစဥ် တစ်ယောက်ယောက်က သူ့နာမည်ခေါ်သံကြားလို့ Winter လှည့်ကြည့်တော့ Maskတပ်ထားတဲ့ Taeyeonကို တွေ့ရလေသည်
"Tae...Tae..."
Taeyeonမှာ သူ့ကိုတွေ့ရလို့ အရမ်းအံ့သြနေတဲ့ ညီမငယ်လေးကို ပွေ့ဖက်လိုက်သည်
"hi ညီမငယ်လေး "
"အစ်....အစ်မ..."
"ဒါပေါ့ ငါအသက်ရှင်နေသေးတယ် "
Taeyeon မှာ Winterရဲ့ ပါးလေးကို ဆွဲညှစ်ပြီး ပြောလိုက်သည်
"ဟုတ်တာပေါ့ ငါတို့နှစ်ယောက်လုံး အသက်ရှင်နေတယ် Win "
"ဟုတ်....ဟုတ်ပါ့ "
"ငါ့ညီမနဲ့ လက်ထပ်လိုက်ပြီလို့ သတင်းကြားတယ် Congratulation နော် ကလေးမ နောက်ကျမှ ငါ့ကို သက်သက်တစ်ဝိုင်းလိုက်ကျွေး "
"လက်ထပ်လိုက်တာ တကယ်မြန်သွားတယ် တကယ်ကို မြန်သွားတာ "
"မြန်တယ်ဟုတ်လား နင်တို့နှစ်ယောက်လုံးက ငယ်ကတည်းက အတူရှိလာတာကို လက်ထပ်သင့်တယ် မဟုတ်ဘူးလား "
"အစ်မရဲ့ ဇနီးလောင်းရော"
"Madridက fashion event မှာ "
"သူနဲ့တွေ့လို့ရလား "
"ရတာပေါ့ မနက်ဖြန်ကျ သူလေယာဥ်နဲ့ ပြန်လာမှာ Jiminလည်း နောက်ဆုံးတော့ သူ့ကိုတွေ့ရတော့မယ် "
"သူတို့ တွေ့ကြတော့မှာပါ "
Taeyeonက ပြုံးပြီး Winterကို ထပ်ပြီး ဆွဲဖက်ပြန်သည်
"အရာအားလုံးအတွက် စိတ်မကောင်းပါဘူး Winရယ် "
"ရပါတယ် အစ်မ အဆင်ပြေနေတာဘဲလေ အဲ့တစ််ခုတော့ တော်သေးတာပေါ့ "
****
"စေတနာဝန်ထမ်းလုပ်ဖို့ အဆင်သင့်ဘဲရယ် ငါရယ် ငါ့အစ်မရယ် ငယ်ငယ်ကတည်းက ခွေးလေးတွေကိုချစ်ပြီး မွေးချင်ခဲ့တာရယ် အိမ်က ခွင့်မပြုလို့ "
"အခုရော "
Miyeonက မေးလိုက်သည်
"ဟင် "
"နင် တစ်ကောင် မွေးလို့ရတာလေ "
"Umm ငါမသိဘူး "
"Karinaက ခွေးမွေးရတာ သဘောကျလား "
Yizhuo က Winterကို မေးလိုက်သည်
"ဘယ်လိုပြောရမလဲ မသိတော့ဘူး သူက ငယ်ငယ်ကတည်းက အလုပ်များတော့ကွာ တိရစ္ဆာန်လေးတွေကို မွေးချိန်မရှိခဲ့ဘူးလေ သူမွေးချင်လား မမွေးချင်ဘူးလား ပြောဖို့ကျ..."
"ခွေးမွေးတာတော့ အပြစ်မဖြစ်လောက်ပါဘူး "
"Miyeonက Yu businessမှာ အလုပ်လုပ်နေတာ ဘယ်လောက်ကြာပြီလဲ "
Yizhuoက သိချင်လို့ မေးလိုက်သည်
"တစ်နှစ်လောက်ဘဲရှိအုံးမယ် အဲ့တုံးက "
"Karinaက ထောင်ကျပြီး ငါ့မိန်းမနဲ့Yuမိသားစုအသတ်ခံရပြီးနောက်ပိုင်းလား "
"တကယ် အဲ့ကိစ္စအတွက် နင့်မိန်းမအတွက် စိတ်မကောင်းပါဘူး Yizhuoရယ် "
"ရပါတယ် Miyeonရယ် အားလုံးပြိုလဲတော့မလိုဖြစ်တဲ့အချိန် နင်တို့က ဝင်ကူညီပေးလို့ ကျေးဇူးတင်ပါတယ် "
Winter က အခြေအနေတွေ မထူးဆန်းခင် စကားအမြန်ဖြတ်ပြောလိုက်သည်
Winterတို့ စကားပြောနေစဥ် Miyeonမှာတော့ နာမည်ကျော် idolတွေကို လိုက်ငေးနေသည်
Karinaရဲ့ club ဖွင့်ပွဲကို Jay Parkတို့ကအစ တကူးတကလာရောက်ပေးကြတယ်လေ
Winterတို့ အရက်သောက်ပြီး VIP ထိုင်ခုံဆီ ပြန်သွားတော့ Mikeက Winterတို့အတွက် လမ်းရှင်းပေးသည်
Miyeonမှာ ပါးစပ်အဟောင်းသားနဲ့ Mikeကို ကြည့်နေသည်
"သူ...သူက "
"ငါ့ရဲ့ bodyguardပါ Mikeတဲ့ "
"ဟင် Bodyguard ဟုတ်လား အရင်က နင်တစ်ခုခုဖြစ်ခဲ့လို့လား "
"ဒီလိုပါဘဲ Jiminက အရမ်းဂရုစိုက်ပေးလို့ ထားထားတာ "
"Aww...Clubကို အခုမှ ပထမဆုံးရောက်ဖူးတာဆိုတော့ ဘာလုပ်ရမှန်းမသိဖြစ်နေတယ် "
"ဟင် ပထမဆုံးရောက်ဖူးတာလား "
"ဟုတ်တယ် ဘာလုပ်ရမှန်းမသိလို့ သောက်လိုက်ငေးလိုက်လုပ်နေတာ "
"Ha...ဒါဆို ကကြမယ်လေ လာ ဒီမှာ ကကြစို့ "
Winterက VIP ဘက်ဆီမသွားဘဲ Dancing floorမှာ ရပ်ပြီး ကလေသည်
Mikeမှာ သက်ပြင်းချပြီး လူလည်ခေါင်မှာ ရှိနေတဲ့ Winterတို့ကို ဂရုစိုက်ကြည့်နေရတယ်
Winterမှာ ကခုန်ရင်း Miyeonရဲ့ လက်ကို သူ့ခါးပေါ်သို့ တင်လိုက်သည်
"Win..Winter Mrs.Yu တွေ့ရင် မကောင်းဘူးထင်တယ် သူ ဒေါသထွက်လိမ့်မယ် "
"ထွက်ပါစေ တစ်ခါတစ်လေ သူ့ကို စိတ်တိုအောင်လုပ်ပေးရတယ်...Beat အသံအတိုင်း ခါးလေးကိုလှုပ်လိုက် "
Winterက ပြောပြီး သူ့တင်ပါးကို လှုပ်ရမ်းလိုက်သည်
Miyeonမှာ Winter ပြောတဲ့အတိုင်း လိုက်ကပေမယ့် ကြောင်တောင်တောင်ဖြစ်နေပြီး နေသားမကျသေးပေ
Winterမှာ ကနေရင်း Yizhuoကို သတိရလို့ လူအုပ်ထဲ လိုက်ရှာတော့ ကောင်လေးတစ်ယောက်နဲ့ တွဲကနေတဲ့ Yizhuoကို တွေ့ရသည်
Yizhuoကို ကောင်လေးတစ်ယောက်နဲ့အတူတွေ့ရတော့ Winter စိတ်ထဲနာကျင်မိသည်
Aeriကို ဘယ်လောက်တောင် သတိရနေမလဲ....စိတ်လွတ်ကိုယ်လွတ်ထိကို ရူးအောင်ကနေတာဘဲ...
Winterမှာ သူ့သူငယ်ချင်းကို မကြည့်ရက်လို့ Miyeonကို ဖက်လိုက်ပြီး Miyeonပခုံးပေါ် မျက်နှာအပ်လိုက်သည်
Winterမှာ မျက်နှာကို Miyeon ပခုံးပေါ်တင်လိုက်စဥ် တစ်စုံတစ်ယောက်က သူ့ကိုစိုက်ကြည့်နေသလို ခံစားရလို့ အမြန်လိုက်ရှာကြည့်သည်
"အဆင်ပြေရဲ့လား "
Winter မူမမှန်ဖြစ်သွားတာကို Mikeက သတိထားမိပြီး မေးလိုက်သည်
"အဲ့ကောင်..."
Mikeမှာ Winter မျက်စပစ်ပြရာကို လိုက်ကြည့်သည်
"ဘယ်သူလဲ "
"အဲ့ကောင်လေ သူက... ဟိုတစ်ယောက်နဲ့တူတယ် "
"ဟင် ဘယ်မှာလဲ "
"သူက အဲ့မှာ ရှိနေတာပါ အခုဘယ်ရောက်သွားတာလဲ "
Mikeရောက်မလာခင်အထိ အဲ့ကောင်လေးက သူ့ကို စိုက်ကြည့်နေတာလေ
Winter မူးပြီး ထင်ယောင်ထင်မှား မြင်နေတာများလား
Winter လိုက်ရှာကြည့်ပေမယ့် မတွေ့ရတော့ပေ
"စိတ်မပူနဲ့ ငါရှိတယ် Win..."
Mikeက ပြောပြီး သူ့ခါးကြားထဲက သေနတ်ကို ပုတ်ပြသည်
Winterကလည်း သူ့သေနတ်ကို ယူလာခဲ့ရမှာဆိုပြီး မယူလာမိလို့ နောင်တရနေမိသည်
Yizhuoကို ကြည့်တော့ Yuqiနဲ့စကားများနေတယ်
ကြည့်ရတာ Yuqiက ကောင်လေးနဲ့ တွဲကနေတဲ့ Yizhuoကို ဆွဲခေါ်လာတဲ့ပုံဘဲ
Miyeonကတော့ clubကို တစ်ခါမှမရောက်ဖူးလို့ အူကြောင်ကြောင်ဖြစ်နေတယ်
Winter သူ့သူငယ်ချင်းတွေကို ကြည့်လိုက် လူတစ်ယောက်ကိုလိုက်ရှာလိုက်နဲ့ အမြင်တွေ ဝေဝါးလာစဥ် တစ်စုံတစ်ယောက်က သူ့လက်ကို လာဆွဲသည်
Winter လန့်သွားပေမယ့် သူ့လက်ကို လာဆွဲသူက Karina ဖြစ်နေသည်
"တို့ မင်းကို လိုက်ရှာနေတာ Minjeong...လာ တို့ရဲ့ Vip private roomကို လိုက်ပြမယ် "
"Karina ..."
Mikeက Karinaကို ခေါ်တော့ Karinaမှာ Mikeအနားကပ်လိုက်သည်
ထို့နောက် Mikeပြောတာကို နားထောင်ပြီး Karina မျက်မှောင်ကြုတ်သွားတယ်
ချက်ချင်းဘဲ Winterကို သူ့ရင်ခွင်ထဲဆွဲထည့်ပြီး Vip Roomကို ခေါ်သွားတယ်
ပြီးတော့ နောက်ထပ်လုံခြုံရေးတွေ ထပ်တိုးဖို့ Mikeကို အမိန့်ပေးလိုက်သည်
Vip Roomထဲ ရောက်သောအခါ Clubထဲရောက်နေသူတွေကို Winter အခန်းပြတင်းပေါက် မှန်ကနေကြည့်နေသည်
"သူတို့ ငါတို့ကိုမြင်ရလား "
"မမြင်ရဘူး တို့ဘက်ကဘဲဲ မြင်ရတာ မင်းအဆင်ပြေရဲ့လား Minjeong "
"ဟိုကောင်ကြောင့်လား "
"ဟုတ်တယ် "
"နည်းနည်းလန့်သွားပေမယ့် မူးပြီး ထင်ယောင်ထင်မှားမြင်နေတာလည်း ဖြစ်နိုင်တာဘဲ မသိတော့ပါဘူး"
"အင်း "
"နေပါအုံး နင်က ဘာလို့ အေးအေးဆေးဆေးဖြစ်နေရတာလဲ အဲ့ကောင်က ငါ့ကိုပြန်ပေးဆွဲခဲ့တဲ့ကောင် ဖြစ်နိုင်နေတာဘဲလေ "
Karinaမှာ သူ့မိန်းမမျက်ဝန်းထဲ ကြောက်ရွံ့မှုတွေ ကူးခတ်နေတာကို သတိထားမိသည်
"တို့က မင်းရှေ့မှာ ရှိနေသလို မင်းကလဲ တို့ရှေ့မှာ ရှိနေတာဘဲလေ ဘယ်သူမှ မင်းကို နာကျင်အောင်လုပ်လို့မရစေရဘူး မင်းအနားမှာ တို့ရှိနေသ၍ ဘယ်သူမှ မင်းကို အန္တရာယ်ပေးလို့မရဘူး ပြီးတော့ တို့တွေက ပဲရစ်ကို ရောက်နေတာလေ သူတို့ အလွယ်တကူလိုက်လာလို့ မရပါဘူး အဲ့တာအပြင် တို့ လုံခြုံရေးတွေကို ထပ်တိုးထားတယ် အဲ့တာမို့လို့ စိတ်မပူပါနဲ့ နော် "
Karinaမှာ သူ့ရဲ့ကြောက်နေတဲ့ ခွေးပေါက်လေးကို ချော့ပြီး ဖက်ကာ နှစ်သိမ့်လိုက်သည်
#tbc
#zawgyi
"Tae...Tae..."
"hi ညီမငယ်လေး "
"အစ်....အစ်မ..."
"ဟုတ်....ဟုတ်ပါ့ "
"သူနဲ့တွေ့လို့ရလား "
"ရပါတယ် အစ်မ အဆင်ပြေနေတာဘဲလေ အဲ့တစ်ခုတော့ တော်သေးတာပေါ့ "
****
"အခုရော "
Miyeonက မေးလိုက်သည်
"ဟင် "
"Umm ငါမသိဘူး "
"ဘယ်လိုပြောရမလဲ မသိတော့ဘူး သူက ငယ်ငယ်ကတည်းက အလုပ်များတော့ကွာ တိရစ်ဆာန်လေးတွေကို မွေးချိန်မရှိခဲ့ဘူးလေ သူမွေးချင်လား မမွေးချင်ဘူးလား ပြောဖို့ကျ..."
"သူ...သူက "
"အဆင်ပြေရဲ့လား "
"အဲ့ကောင်..."
"ဘယ်သူလဲ "
"ဟင် ဘယ်မှာလဲ "
"Karina ..."
"မမြင်ရဘူး တို့ဘက်ကဘဲ မြင်ရတာ မင်းအဆင်ပြေရဲ့လား Minjeong "
"ဟိုကောင်ကြောင့်လား "
"ဟုတ်တယ် "
"အင်း "
#tbc
Bạn đang đọc truyện trên: Truyen3h.Co