Part 28
Winter အိမ်အောက်ထပ်ကို ဆင်းလာတော့ Mike က မရှိပေ ကောင်းတယ်ပြောရမလား မကောင်းဘူး ပြောရမလားဘဲ ဘာဖြစ်နေနေပေါ့ ခုန သူတို့အော်ဟစ်နေတာတွေ Mike မကြားလိုက်ရတော့ တော်ပါသေးတယ်
လေကောင်းလေသန့်ရှုဖို့ ရေကူးကန်ဘက်ကို Winter ထွက်လာခဲ့လိုက်သည်
လက်နှစ်ဖက်ကို လက်မောင်းမှာ ပွတ်ပြီး Winter တွေးနေမိတယ်
သူ ကိုယ်ဝန်ရှိမနေသင့်ဘူးလေ ဟုတ်တယ်မလား
Yu Karinaက super spermများရှိနေသလားဘဲ
မြေအောက်ကမ္ဘာရဲ့ခေါင်းဆောင် ဖြစ်ခဲ့ဖူးတဲ့ Yu Karina... အခု The Yu Business တွေရဲ့ CEOဖြစ်တဲ့ Yu Karinaက ကလေးအမေဖြစ်တော့မှာပါလား
ပြီးတော့ သူ့ခန္ဓာကိုယ်ထဲ ဝမ်းဗိုက်ထဲမှာရှိတဲ့ ကလေးလေးအကြောင်း တွေးမိသွားတော့ Winter ကာကွယ်ပေးချင်စိတ်တွေ ဖြစ်လာမိတယ်
ဒါကြောင့်မို့လို့ နောက်ထပ် test ပြန်စစ်ဖို့ အိမ်ထဲကို ဝင်လာလိုက်သည်
Yizhuoကလည်း Winter အသင့်ဖြစ်လို့ အိမ်ထဲ ပြန်ဝင်လာတာသိပြီး Winter ကို ကူညီပေးဖို့ အိမ်သာဘက်ကို လိုက်သွားတယ်
"ကဲ ဆယ်မိနစ်လောက် စောင့်ရအောင် "
Winterလည်း ခေါင်းညိတ်ပြလိုက်သည်
ဆေးစစ်ချက်အဖြေကို စောင့်နေရင်း
"Win နင် စိတ်မလှုပ်ရှားဘူးလား "
"မသိတော့ဘူး ငါ ကိုယ်ဝန်ရနိုင်မယ်ဆိုတာ သိပေမယ့် ဒီလောက် မြန်မြန်ရလာလိမ့်မယ်လို့ မထင်မိဘူး "
"သူနဲ့ ကလေးတွေအကြောင်း ပြောဖြစ်လား "
"အင်း ပြောဖြစ်တယ် သူက ကလေးအရမ်းလိုချင်တာလေ သူ ထောင်ကျနေတုံးက ငါက သမီးလေးမွေးတယ်လို့ အိမ်မက်မက်တယ်တဲ့ အဲ့ကလေးလေးရဲ့ အနံ့ ကိုယ်အလေးချိန်တွေက တကယ့်အစစ်အမှန်တွေလိုဘဲတဲ့ "
"ဒါဆို သူ့အိမ်မက်တွေကို တကယ်ဖြစ်လာအောင် နင်ကလုပ်ပေးနိုင်တာဘဲ ဒါပေမယ့် နင်ကရော "
"မသိတော့ဘူး "
"Karinaနဲ့ ပတ်သက်ပြီး ငါဘယ်လိုခံစားရလဲ နင်သိပါတယ် Win "
"မမှတ်မိတော့ပါဘူး Yizhuoရယ် "
"အမှန်တိုင်း ပြောရရင် စစချင်း သူ့ပုံစံကို ငါမကြိုက်ဘူး တစ်ကိုယ်ကောင်းဆန်နေသလိုဘဲ သူ့ပုံစံသာ မကြိုက်တာ သူ့သူငယ်ချင်းကိုတော့ ငါကြိုက်တယ် ဟီး....Aeriကို လွမ်းလိုက်တာဟာ..."
Yizhuo ပြောရင်း သူ့ပါးပေါ် စီးကျလာတဲ့ မျက်ရည်တွေကိုသုတ်လိုက််တယ်
"Karinaကို သောက်မြင်ကတ်ပေမယ့် နင်တို့အတွက် ငါဝမ်းသာပါတယ် Winရယ် နင် သိတယ်မလား နင်ဘာလုပ်လုပ် နင့်ဘေးမှာ ငါအမြဲရှိနေမယ်ဆိုတာ "
"သိပါတယ် Yizhuoရယ် "
Winter က ပြောပြီး သူ့သူငယ်ချင်းကို ဖက်လိုက်သည်
"အဆင်သင့်ဖြစ်ပြီလား "
Yizhuoက မေးတော့ Winter ခေါင်းညိတ်ပြတယ်
"နင် တကယ် ကိုယ်ဝန်ရှိနေတာဘဲ "
"Oh my god "
"ငါ အန်တီလေးဖြစ်ပြီဟေ့ "
"ငါလည်း အမေဖြစ်တော့မှာပေါ့ '
"ကဲ အခု ငါ ထမင်းချက်အန်တီကြီးကို အစားအသောက်ချက်တာနဲ့ ပတ်သက်ပြီး သွားပြောအုံးမယ် နင်က ကိုယ်ဝန်ရှိနေပြီဆိုတော့ အစားအသောက်နဲ့ ပတ်သက်ပြီး စန်းစန်းတင့်ဖြစ်နေမှာလေ ပြီးတော့ ဒီညအတွက် special menu ပြင်ထားဖို့ရော "
"ဟင် ဘာလို့လဲ "
"နင် Karinaကို ဒီအကြောင်းပြောပြရအုံးမယ် မဟုတ်ဘူးလား "
"ဟုတ်တယ် "
"နင် သူ့ကို ဘယ်လိုပြောပြမှာလဲ "
"ဟမ် ဘယ်လိုလဲ "
Yizhuoလည်း သူ့ဖုန်းကိုထုတ်ပြီး You tubeကနေ ကိုယ်ဝန်ရှိကြောင်း အမျိုးသားဖြစ်သူကို supriseလုပ်တဲ့ Videoတွေ ဖွင့်ပြလေသည်
Winterမှာ ထို Video တွေကို ကြည့်ပြီးနောက်
"ဟို ဒီအတိုင်း ပြောပြလိုက်လို့မရဘူးလား "
"ဒါ နင် ပထမဆုံး ကိုယ်ဝန်ရှိတာလေ special ဖြစ်သင့်တာပေါ့ဟ "
"ရှက်စရာကြီး "
Winter စကားကြောင့် Yizhuo မျက်နှာကြီး ရှုံ့မဲ့သွားတယ်
"ထားပါလေ နင်က အမေကောင်းတစ်ယောက် ဖြစ်လာမှာပါ "
သူ့အချစ်ဆုံး သူငယ်ချင်းက အမေတစ်ယောက် ဖြစ်လာတော့မှာမို့လို့ Yizhuo ကြည်နူးမိပြီး မျက်ရည်တွေဝဲလာတယ်
flashback
ဒီနေ့က Winter ကျောင်းအသစ်ကို ပြောင်းလာတဲ့ ပထမဆုံးနေ့လေ
ကျောင်းအသစ်မှာ သူငယ်ချင်း အသစ်တွေရလောက်မယ်လို့ Winter တွေးထားပေမယ့် ပြဿနာအသစ်က ဦးကြိုနေတယ်
"ဒါက ငါ့ခုံ ဖယ်စမ်း "
ခုံအလွတ်တစ်ခုတွေ့လို့ Winter ဝင်ထိုင်လိုက်ပေမယ့် သိပ်မကြာခင်မှာ ကောင်လေးတစ်ယောက်ရောက်လာပြီး Winterကို ပြဿနာရှာလေသည်
"ဒီခုံမှာ နာမည်ကပ်မထားဘူးလေ "
Winter က ပြန်ပြောတော့ ထိုကောင်လေးမှာ ဒေါသထွက်ပြီး ခုံကို ဘုန်းခနဲရိုက်ချသည်
"မင်းက ကျောင်းသူအသစ်ဖြစ်လောက်မယ် ငါဘယ်သူလဲဆိုတာ မသိဘူးလား "
"မသိဘူး "
"ဘာ "
Winterရဲ့စကားကြောင့် ထိုကောင်လေးမှာ ဒေါသပိုထွက်ပြီး Winterကို ရိုက်မယ်ရွယ်တော့ Karina က ရောက်လာပြီး ထိုကောင်လေးကို ဆောင့်တွန်းချသည်
"ယောင်္ကျားဖြစ်ပြီး မိန်းကလေးကို ရိုက်ဖို့ လက်ရွယ်တယ်ပေါ့ ဟုတ်လား "
ကြမ်းပြင်ပေါ်လဲကျနေတဲ့ ကောင်လေးကို ငုံ့ကြည့်ပြီး Karina ပြောလိုက်တယ်
ထို့နောက် သူ့ကိုကြည့်နေတဲ့ ကောင်လေးရဲ့ သူငယ်ချင်းတွေကို လှည့်ကြည့်ပြီး
"နင်တို့ကရော ဘာကြည့်နေကြတာလဲ "
ကောင်လေးတွေမှာ Karinaကို လန့်ပြီး ခေါင်းခါပြကာ သူတို့ထိုင်ခုံတွင် ထိုင်လိုက်ကြသည်
"တို့နဲ့အတူ လာထိုင် "
Karinaက ပြောပြီး Winterကို သူနဲ့အတူ ထိုင်ခိုင်းသည်
"ငါက အရှေ့မှာ ထိုင်ချင်တာ "
"အခုတော့ တို့နဲ့ဘဲ အတူ ထိုင်ရမယ် "
"ဟွန့် နင်နော် ပထမဆုံးအတန်းတက်ရက်ကို ရန်ဖြစ်နေတယ် '
"မင်းကို သူတို့က အနိုင်ကျင့်နေလို့လေ တို့ရှိနေသ၍ မင်းကို ဘယ်သူမှလက်ဖျားနဲ့တောင် မထိစေရဘူး ဒီချမ်းသာတဲ့ကောင်တွေက ပြဿနာရှာဖို့ဘဲတွေးနေတာ အလကားကောင်တွေ "
"နင့်လိုပေါ့ "
"ဟင်...တို့ မင်းကို အခုလေးတင်မှ ကူညီထားတာနော် "
"အဲ့ကောင်တွေလောက်များ ငါကိုင်တွယ်နိုင်ပါတယ်ဟ "
Winter က ပြောတော့ Karinaက ရယ်လိုက်တယ်
"တို့အနားမှာဘဲနေပါ ဒါဆို ဘယ်သူနဲ့မှ ပြဿနာမတက်တော့ဘူး "
"ကြည့်ရတာ ငါ့မှာရွေးချယ်စရာမရှိတဲ့ပုံဘဲ "
"ဒါပေါ့ "
end of flashback
Karina အိမ်ပြန်ရောက်လာတော့ Winterက စောင့်ကြိုနေတယ်
Karinaက Winterကို ဖက်ပြီး နဖူးလေးကို နူးနူးညံ့ညံ့နမ်းလိုက်သည်
Yizhuoကတော့ pinterest က ကလေးအဝတ်အစားပုံတွေ ရှာကြည့်နေရင်း အလုပ်ရှုပ်နေလေရဲ့
"အချစ်ကလေး အခုရော သက်သာရဲ့လား "
"သက်သာပါတယ် Jimin ရဲ့ '
Karinaက Winterကို ပြုံးပြပြီး Yizhuoကို လှမ်းကြည့်လိုက်သည်
"Yizhuo...အန်တီရော နေကောင်းလား "
"နေကောင်းပါတယ် နင်ရောက်လာပြီဆိုတော့ ငါပြန်တော့မယ်နော် နင့်တပည့်ထဲက တစ်ယောက်ကို ငါ့အိမ်ပြန်ပို့ပေးဖို့ ခေါ်သွားအုံးမယ် "
"ကောင်းပါပြီရှင် "
Yizhuoထွက်သွားတော့ Karinaမှာ Winterရဲ့ ခေါင်းလေးကို ဖွဖွလေးပွတ်ပြီး
"တို့ ရေသွားချိုးလိုက်အုံးမယ် ခဏစောင့်ပေးနော် ပြီးရင် ညစာအတူစားကြမယ် '
"အင်း စောင့်နေမယ် "
Karinaက အခန်းထဲဝင်သွားတော့ Winterမှာ စိတ်လှုပ်ရှားပြီး ကျန်ခဲ့တယ်
Karinaက သူကိုယ်ဝန်ရှိနေတာကို သိတဲ့အခါ ဘယ်လိုတုံ့ပြန်မလဲဆိုတာ သိချင်လွန်းလို့ Winter အရမ်းကို စိတ်လှုပ်ရှားလို့နေတယ်လေ
"ခွေးဂေဟာမှာ ဘယ်လိုလဲ အဆင်ပြေရဲ့လား "
Karinaက ထမင်းစားဝိုင်းမှာ ဝင်ထိုင်ပြီး မေးလိုက်သည်
"အဆင်ပြေတယ် အဲ့မှာ အပတ်တိုင်း လုပ်အားပေးလုပ်ချင်မိတယ် ....အဲ့မှာလေ ခွေးဘီလူးလေးတစ်ကောင်ရှိတယ် သူနဲ့လမ်းတောင်အတူလျှောက်ဖြစ်သေးတယ် "
"ဘယ်လို ဘာခွေး "
"ခွေးဘီလူး "
"ခွေးဘီလူးတွေက ရန်လိုတတ်တဲ့ခွေးတွေထဲပါတယ်နော် "
"Rockyက ရန်မလိုတတ်ပါဘူး သူက ကြင်နာတတ်တယ် ငါ သတိလစ်တုံးကဆို ငါ့ကို လူတွေရှာတွေ့တဲ့ထိ ဘယ်မှာမသွားဘဲထိုင်စောင့်ပေးတာ "
"ဘယ်လို မင်း သတိလစ်သွားတာ ဟုတ်လား "
Winterရဲ့ စကားကြောင့် Karina အရမ်းလန့်သွားတယ်
"အာ ခဏလေးဖြစ်သွားတာပါ အခုအဆင်ပြေသွားပါပြီ "
"Mikeက ဘာလို့ ဆေးရုံမပို့ပေးရတာလဲ "
"Jimin ငါ အဆင်ပြေပါတယ်ဆို "
Karinaရဲ့လက်ကို Winter ကိုင်ပြီး ပြောလိုက်သည်
"အဆင်ပြေရင် ဘာလို့ သတိလစ်ရတာလဲ "
"oh come on ဒီအတိုင်း မူးလို့ မေ့လဲတာပါ "
"မင်း...တို့ကို အဆင်ပြေပါတယ်ဆိုပြီး လိမ်ပြောခဲ့တာနော် "
'အစားစားချိန်မမှန်လို့ပါဆို ပြီးတော့ Mikeကလည်း နင့်ကို ပြောပြဖို့လုပ်သေးတယ် ငါက တားခဲ့လို့ပါ "
Karina စိတ်ဆိုးနေတဲ့အချိန် ကိုယ်ဝန်ရှိကြောင်း ပြောဖို့မသင့်တော်သေးဘူး မဟုတ်လား
"ဆယ်ပေါင်ထက်လေးတဲ့ ခွေးတွေနဲ့ ဝေးဝေးနေရမယ်နော် "
"Rockey က ငါ့ဘေးနားရှိနေပေးတာပါဆို '
"ထားပါတော့.... "
Karinaလည်း ထမင်းဆက်စားလိုက်တော့ Winter မှာ အသက်ဝဝရှုပြီး
"Jimin နင့်အတွက် ပြင်ဆင်ထားတာရှိတယ် "
"ဘာများလဲ"
"မျက်လုံးခဏမှိတ်ထား "
Winterက ပြောပြီး ဖုန်းကိုဖွင့်လိုက်သည်
"ရပြီ Jimin မျက်လုံးဖွင့် "
Karinaလည်း မျက်လုံးဖွင့်လိုက်ရော ဖုန်း lockscreenက ကလေးရှိနေပြီလို့ ရေးထားတဲ့စာလေးကို တွေ့လိုက်ရသည်
"မင်း ကိုယ်ဝန်ရှိနေတာလား "
"ဟုတ်တယ် ငါ နှစ်ကြိမ်တောင်စမ်းထားတာ "
Winter မှာ ခေါင်းညိတ်ပြပြီး သူ့အိတ်ထဲက ကိုယ်ဝန်စစ်တဲ့အတံလေးကို Karinaဆီ ပေးလိုက်သည်
Karinaမှာ ထိုပစ္စည်းလေးကိုသေချာကြည့်ပြီးနောက် ပျော်လို့ထခုန်လေသည်
"Finally "
Karinaမှာ ပျော်ပြီး Winterကို ဖက်လေသည်
"ပျော်လား "
"ဒီနေ့က တို့အတွက် အကောင်းဆုံးအပျော်ဆုံးနေ့လေးဘဲ အချစ်ရဲ့ "
Winterမှာ သူ့ပခုံးပေါ် စိုစွတ်လာတာကို ခံစားမိလာသည်
Karina က ပျော်လို့ ငိုနေတာဘဲ
#tbc
#zawgyi
Winter အိမ္ေအာက္ထပ္ကို ဆင္းလာေတာ့ Mike က မရွိေပ ေကာင္းတယ္ေျပာရမလား မေကာင္းဘူး ေျပာရမလားဘဲ ဘာျဖစ္ေနေနေပါ့ ခုန သူတို႔ေအာ္ဟစ္ေနတာေတြ Mike မၾကားလိုက္ရေတာ့ ေတာ္ပါေသးတယ္
ေလေကာင္းေလသန့္ရႈဖို႔ ေရကူးကန္ဘက္ကို Winter ထြက္လာခဲ့လိုက္သည္
လက္ႏွစ္ဖက္ကို လက္ေမာင္းမွာ ပြတ္ၿပီး Winter ေတြးေနမိတယ္
သူ ကိုယ္ဝန္ရွိမေနသင့္ဘူးေလ ဟုတ္တယ္မလား
Yu Karinaက super spermမ်ားရွိေနသလားဘဲ
ေျမေအာက္ကမၻာရဲ႕ေခါင္းေဆာင္ ျဖစ္ခဲ့ဖူးတဲ့ Yu Karina... အခု The Yu Business ေတြရဲ႕ CEOျဖစ္တဲ့ Yu Karinaက ကေလးအေမျဖစ္ေတာ့မွာပါလား
ၿပီးေတာ့ သူ႕ခႏၶာကိုယ္ထဲ ဝမ္းဗိုက္ထဲမွာရွိတဲ့ ကေလးေလးအေၾကာင္း ေတြးမိသြားေတာ့ Winter ကာကြယ္ေပးခ်င္စိတ္ေတြ ျဖစ္လာမိတယ္
ဒါေၾကာင့္မို႔လို႔ ေနာက္ထပ္ test ျပန္စစ္ဖို႔ အိမ္ထဲကို ဝင္လာလိုက္သည္
Yizhuoကလည္း Winter အသင့္ျဖစ္လို႔ အိမ္ထဲ ျပန္ဝင္လာတာသိၿပီး Winter ကို ကူညီေပးဖို႔ အိမ္သာဘက္ကို လိုက္သြားတယ္
"ကဲ ဆယ္မိနစ္ေလာက္ ေစာင့္ရေအာင္ "
Winterလည္း ေခါင္းညိတ္ျပလိုက္သည္
ေဆးစစ္ခ်က္အေျဖကို ေစာင့္ေနရင္း
"Win နင္ စိတ္မလႈပ္ရွားဘူးလား "
"မသိေတာ့ဘူး ငါ ကိုယ္ဝန္ရနိုင္မယ္ဆိုတာ သိေပမယ့္ ဒီေလာက္ ျမန္ျမန္ရလာလိမ့္မယ္လို႔ မထင္မိဘူး "
"သူနဲ႕ ကေလးေတြအေၾကာင္း ေျပာျဖစ္လား "
"အင္း ေျပာျဖစ္တယ္ သူက ကေလးအရမ္းလိုခ်င္တာေလ သူ ေထာင္က်ေနတုံးက ငါက သမီးေလးေမြးတယ္လို႔ အိမ္မက္မက္တယ္တဲ့ အဲ့ကေလးေလးရဲ႕ အနံ႕ ကိုယ္အေလးခ်ိန္ေတြက တကယ့္အစစ္အမွန္ေတြလိုဘဲတဲ့ "
"ဒါဆို သူ႕အိမ္မက္ေတြကို တကယ္ျဖစ္လာေအာင္ နင္ကလုပ္ေပးနိုင္တာဘဲ ဒါေပမယ့္ နင္ကေရာ "
"မသိေတာ့ဘူး "
"Karinaနဲ႕ ပတ္သက္ၿပီး ငါဘယ္လိုခံစားရလဲ နင္သိပါတယ္ Win "
"မမွတ္မိေတာ့ပါဘူး Yizhuoရယ္ "
"အမွန္တိုင္း ေျပာရရင္ စစခ်င္း သူ႕ပုံစံကို ငါမႀကိဳက္ဘူး တစ္ကိုယ္ေကာင္းဆန္ေနသလိုဘဲ သူ႕ပုံစံသာ မႀကိဳက္တာ သူ႕သူငယ္ခ်င္းကိုေတာ့ ငါႀကိဳက္တယ္ ဟီး....Aeriကို လြမ္းလိုက္တာဟာ..."
Yizhuo ေျပာရင္း သူ႕ပါးေပၚ စီးက်လာတဲ့ မ်က္ရည္ေတြကိုသုတ္လိုက္္တယ္
"Karinaကို ေသာက္ျမင္ကတ္ေပမယ့္ နင္တို႔အတြက္ ငါဝမ္းသာပါတယ္ Winရယ္ နင္ သိတယ္မလား နင္ဘာလုပ္လုပ္ နင့္ေဘးမွာ ငါအၿမဲရွိေနမယ္ဆိုတာ "
"သိပါတယ္ Yizhuoရယ္ "
Winter က ေျပာၿပီး သူ႕သူငယ္ခ်င္းကို ဖက္လိုက္သည္
"အဆင္သင့္ျဖစ္ၿပီလား "
Yizhuoက ေမးေတာ့ Winter ေခါင္းညိတ္ျပတယ္
"နင္ တကယ္ ကိုယ္ဝန္ရွိေနတာဘဲ "
"Oh my god "
"ငါ အန္တီေလးျဖစ္ၿပီေဟ့ "
"ငါလည္း အေမျဖစ္ေတာ့မွာေပါ့ '
"ကဲ အခု ငါ ထမင္းခ်က္အန္တီႀကီးကို အစားအေသာက္ခ်က္တာနဲ႕ ပတ္သက္ၿပီး သြားေျပာအုံးမယ္ နင္က ကိုယ္ဝန္ရွိေနၿပီဆိုေတာ့ အစားအေသာက္နဲ႕ ပတ္သက္ၿပီး စန္းစန္းတင့္ျဖစ္ေနမွာေလ ၿပီးေတာ့ ဒီညအတြက္ special menu ျပင္ထားဖို႔ေရာ "
"ဟင္ ဘာလို႔လဲ "
"နင္ Karinaကို ဒီအေၾကာင္းေျပာျပရအုံးမယ္ မဟုတ္ဘူးလား "
"ဟုတ္တယ္ "
"နင္ သူ႕ကို ဘယ္လိုေျပာျပမွာလဲ "
"ဟမ္ ဘယ္လိုလဲ "
Yizhuoလည္း သူ႕ဖုန္းကိုထုတ္ၿပီး You tubeကေန ကိုယ္ဝန္ရွိေၾကာင္း အမ်ိဳးသားျဖစ္သူကို supriseလုပ္တဲ့ Videoေတြ ဖြင့္ျပေလသည္
Winterမွာ ထို Video ေတြကို ၾကည့္ၿပီးေနာက္
"ဟို ဒီအတိုင္း ေျပာျပလိုက္လို႔မရဘူးလား "
"ဒါ နင္ ပထမဆုံး ကိုယ္ဝန္ရွိတာေလ special ျဖစ္သင့္တာေပါ့ဟ "
"ရွက္စရာႀကီး "
Winter စကားေၾကာင့္ Yizhuo မ်က္ႏွာႀကီး ရႈံ႕မဲ့သြားတယ္
"ထားပါေလ နင္က အေမေကာင္းတစ္ေယာက္ ျဖစ္လာမွာပါ "
သူ႕အခ်စ္ဆုံး သူငယ္ခ်င္းက အေမတစ္ေယာက္ ျဖစ္လာေတာ့မွာမို႔လို႔ Yizhuo ၾကည္ႏူးမိၿပီး မ်က္ရည္ေတြဝဲလာတယ္
flashback
ဒီေန႕က Winter ေက်ာင္းအသစ္ကို ေျပာင္းလာတဲ့ ပထမဆုံးေန႕ေလ
ေက်ာင္းအသစ္မွာ သူငယ္ခ်င္း အသစ္ေတြရေလာက္မယ္လို႔ Winter ေတြးထားေပမယ့္ ျပႆနာအသစ္က ဦးႀကိဳေနတယ္
"ဒါက ငါ့ခုံ ဖယ္စမ္း "
ခုံအလြတ္တစ္ခုေတြ႕လို႔ Winter ဝင္ထိုင္လိုက္ေပမယ့္ သိပ္မၾကာခင္မွာ ေကာင္ေလးတစ္ေယာက္ေရာက္လာၿပီး Winterကို ျပႆနာရွာေလသည္
"ဒီခုံမွာ နာမည္ကပ္မထားဘူးေလ "
Winter က ျပန္ေျပာေတာ့ ထိုေကာင္ေလးမွာ ေဒါသထြက္ၿပီး ခုံကို ဘုန္းခနဲရိုက္ခ်သည္
"မင္းက ေက်ာင္းသူအသစ္ျဖစ္ေလာက္မယ္ ငါဘယ္သူလဲဆိုတာ မသိဘူးလား "
"မသိဘူး "
"ဘာ "
Winterရဲ႕စကားေၾကာင့္ ထိုေကာင္ေလးမွာ ေဒါသပိုထြက္ၿပီး Winterကို ရိုက္မယ္႐ြယ္ေတာ့ Karina က ေရာက္လာၿပီး ထိုေကာင္ေလးကို ေဆာင့္တြန္းခ်သည္
"ေယာကၤ်ားျဖစ္ၿပီး မိန္းကေလးကို ရိုက္ဖို႔ လက္႐ြယ္တယ္ေပါ့ ဟုတ္လား "
ၾကမ္းျပင္ေပၚလဲက်ေနတဲ့ ေကာင္ေလးကို ငုံ႕ၾကည့္ၿပီး Karina ေျပာလိုက္တယ္
ထို႔ေနာက္ သူ႕ကိုၾကည့္ေနတဲ့ ေကာင္ေလးရဲ႕ သူငယ္ခ်င္းေတြကို လွည့္ၾကည့္ၿပီး
"နင္တို႔ကေရာ ဘာၾကည့္ေနၾကတာလဲ "
ေကာင္ေလးေတြမွာ Karinaကို လန့္ၿပီး ေခါင္းခါျပကာ သူတို႔ထိုင္ခုံတြင္ ထိုင္လိုက္ၾကသည္
"တို႔နဲ႕အတူ လာထိုင္ "
Karinaက ေျပာၿပီး Winterကို သူနဲ႕အတူ ထိုင္ခိုင္းသည္
"ငါက အေရွ႕မွာ ထိုင္ခ်င္တာ "
"အခုေတာ့ တို႔နဲ႕ဘဲ အတူ ထိုင္ရမယ္ "
"ဟြန့္ နင္ေနာ္ ပထမဆုံးအတန္းတက္ရက္ကို ရန္ျဖစ္ေနတယ္ '
"မင္းကို သူတို႔က အနိုင္က်င့္ေနလို႔ေလ တို႔ရွိေနသ၍ မင္းကို ဘယ္သူမွလက္ဖ်ားနဲ႕ေတာင္ မထိေစရဘူး ဒီခ်မ္းသာတဲ့ေကာင္ေတြက ျပႆနာရွာဖို႔ဘဲေတြးေနတာ အလကားေကာင္ေတြ "
"နင့္လိုေပါ့ "
"ဟင္...တို႔ မင္းကို အခုေလးတင္မွ ကူညီထားတာေနာ္ "
"အဲ့ေကာင္ေတြေလာက္မ်ား ငါကိုင္တြယ္နိုင္ပါတယ္ဟ "
Winter က ေျပာေတာ့ Karinaက ရယ္လိုက္တယ္
"တို႔အနားမွာဘဲေနပါ ဒါဆို ဘယ္သူနဲ႕မွ ျပႆနာမတက္ေတာ့ဘူး "
"ၾကည့္ရတာ ငါ့မွာေ႐ြးခ်ယ္စရာမရွိတဲ့ပုံဘဲ "
"ဒါေပါ့ "
end of flashback
Karina အိမ္ျပန္ေရာက္လာေတာ့ Winterက ေစာင့္ႀကိဳေနတယ္
Karinaက Winterကို ဖက္ၿပီး နဖူးေလးကို ႏူးႏူးညံ့ညံ့နမ္းလိုက္သည္
Yizhuoကေတာ့ pinterest က ကေလးအဝတ္အစားပုံေတြ ရွာၾကည့္ေနရင္း အလုပ္ရႈပ္ေနေလရဲ႕
"အခ်စ္ကေလး အခုေရာ သက္သာရဲ႕လား "
"သက္သာပါတယ္ Jimin ရဲ႕ '
Karinaက Winterကို ၿပဳံးျပၿပီး Yizhuoကို လွမ္းၾကည့္လိုက္သည္
"Yizhuo...အန္တီေရာ ေနေကာင္းလား "
"ေနေကာင္းပါတယ္ နင္ေရာက္လာၿပီဆိုေတာ့ ငါျပန္ေတာ့မယ္ေနာ္ နင့္တပည့္ထဲက တစ္ေယာက္ကို ငါ့အိမ္ျပန္ပို႔ေပးဖို႔ ေခၚသြားအုံးမယ္ "
"ေကာင္းပါၿပီရွင္ "
Yizhuoထြက္သြားေတာ့ Karinaမွာ Winterရဲ႕ ေခါင္းေလးကို ဖြဖြေလးပြတ္ၿပီး
"တို႔ ေရသြားခ်ိဳးလိုက္အုံးမယ္ ခဏေစာင့္ေပးေနာ္ ၿပီးရင္ ညစာအတူစားၾကမယ္ '
"အင္း ေစာင့္ေနမယ္ "
Karinaက အခန္းထဲဝင္သြားေတာ့ Winterမွာ စိတ္လႈပ္ရွားၿပီး က်န္ခဲ့တယ္
Karinaက သူကိုယ္ဝန္ရွိေနတာကို သိတဲ့အခါ ဘယ္လိုတုံ႕ျပန္မလဲဆိုတာ သိခ်င္လြန္းလို႔ Winter အရမ္းကို စိတ္လႈပ္ရွားလို႔ေနတယ္ေလ
"ေခြးေဂဟာမွာ ဘယ္လိုလဲ အဆင္ေျပရဲ႕လား "
Karinaက ထမင္းစားဝိုင္းမွာ ဝင္ထိုင္ၿပီး ေမးလိုက္သည္
"အဆင္ေျပတယ္ အဲ့မွာ အပတ္တိုင္း လုပ္အားေပးလုပ္ခ်င္မိတယ္ ....အဲ့မွာေလ ေခြးဘီလူးေလးတစ္ေကာင္ရွိတယ္ သူနဲ႕လမ္းေတာင္အတူေလွ်ာက္ျဖစ္ေသးတယ္ "
"ဘယ္လို ဘာေခြး "
"ေခြးဘီလူး "
"ေခြးဘီလူးေတြက ရန္လိုတတ္တဲ့ေခြးေတြထဲပါတယ္ေနာ္ "
"Rockyက ရန္မလိုတတ္ပါဘူး သူက ၾကင္နာတတ္တယ္ ငါ သတိလစ္တုံးကဆို ငါ့ကို လူေတြရွာေတြ႕တဲ့ထိ ဘယ္မွာမသြားဘဲထိုင္ေစာင့္ေပးတာ "
"ဘယ္လို မင္း သတိလစ္သြားတာ ဟုတ္လား "
Winterရဲ႕ စကားေၾကာင့္ Karina အရမ္းလန့္သြားတယ္
"အာ ခဏေလးျဖစ္သြားတာပါ အခုအဆင္ေျပသြားပါၿပီ "
"Mikeက ဘာလို႔ ေဆး႐ုံမပို႔ေပးရတာလဲ "
"Jimin ငါ အဆင္ေျပပါတယ္ဆို "
Karinaရဲ႕လက္ကို Winter ကိုင္ၿပီး ေျပာလိုက္သည္
"အဆင္ေျပရင္ ဘာလို႔ သတိလစ္ရတာလဲ "
"oh come on ဒီအတိုင္း မူးလို႔ ေမ့လဲတာပါ "
"မင္း...တို႔ကို အဆင္ေျပပါတယ္ဆိုၿပီး လိမ္ေျပာခဲ့တာေနာ္ "
'အစားစားခ်ိန္မမွန္လို႔ပါဆို ၿပီးေတာ့ Mikeကလည္း နင့္ကို ေျပာျပဖို႔လုပ္ေသးတယ္ ငါက တားခဲ့လို႔ပါ "
Karina စိတ္ဆိုးေနတဲ့အခ်ိန္ ကိုယ္ဝန္ရွိေၾကာင္း ေျပာဖို႔မသင့္ေတာ္ေသးဘူး မဟုတ္လား
"ဆယ္ေပါင္ထက္ေလးတဲ့ ေခြးေတြနဲ႕ ေဝးေဝးေနရမယ္ေနာ္ "
"Rockey က ငါ့ေဘးနားရွိေနေပးတာပါဆို '
"ထားပါေတာ့.... "
Karinaလည္း ထမင္းဆက္စားလိုက္ေတာ့ Winter မွာ အသက္ဝဝရႈၿပီး
"Jimin နင့္အတြက္ ျပင္ဆင္ထားတာရွိတယ္ "
"ဘာမ်ားလဲ"
"မ်က္လုံးခဏမွိတ္ထား "
Winterက ေျပာၿပီး ဖုန္းကိုဖြင့္လိုက္သည္
"ရၿပီ Jimin မ်က္လုံးဖြင့္ "
Karinaလည္း မ်က္လုံးဖြင့္လိုက္ေရာ ဖုန္း lockscreenက ကေလးရွိေနၿပီလို႔ ေရးထားတဲ့စာေလးကို ေတြ႕လိုက္ရသည္
"မင္း ကိုယ္ဝန္ရွိေနတာလား "
"ဟုတ္တယ္ ငါ ႏွစ္ႀကိမ္ေတာင္စမ္းထားတာ "
Winter မွာ ေခါင္းညိတ္ျပၿပီး သူ႕အိတ္ထဲက ကိုယ္ဝန္စစ္တဲ့အတံေလးကို Karinaဆီ ေပးလိုက္သည္
Karinaမွာ ထိုပစၥည္းေလးကိုေသခ်ာၾကည့္ၿပီးေနာက္ ေပ်ာ္လို႔ထခုန္ေလသည္
"Finally "
Karinaမွာ ေပ်ာ္ၿပီး Winterကို ဖက္ေလသည္
"ေပ်ာ္လား "
"ဒီေန႕က တို႔အတြက္ အေကာင္းဆုံးအေပ်ာ္ဆုံးေန႕ေလးဘဲ အခ်စ္ရဲ႕ "
Winterမွာ သူ႕ပခုံးေပၚ စိုစြတ္လာတာကို ခံစားမိလာသည္
Karina က ေပ်ာ္လို႔ ငိုေနတာဘဲ
#tbc
Bạn đang đọc truyện trên: Truyen3h.Co