Truyen3h.Co

Mine S2

Part 29

KimFany059

"ငါ....ငါ ကလေးအမေဖြစ်ပြီ လောကကြီးရေ.... "

Karina အိမ်ထဲကနေ ထွက်ပြီး တစ်လောကလုံးကြားအောင် အော်ပြောလိုက်သည်

Karina စကားကြောင့် Mikeအပြင် လုံခြုံရေးတွေ bodyguard တွေပါ အံ့သြပြီး ပြုံးသွားတာကို Winter မြင်လိုက်ရတယ်

ပြီးတော့ Karinaကို လက်ခုပ်တီးပြီး Congratulations လို့လည်း ပြောကြအားပေးကြသေးသည်

Karina က ဂုဏ်ပြုခံပြီးနောက် အိမ်ထဲကို ပြန်ဝင်လာတယ်

"တို့ကို အကုန်ပြောပြပါအုံး "

Winter လည်း သူဖြစ်ခဲ့သမျှ အကြောင်းတွေ Yizhuoကလည်း သူ့ကို ကိုယ်ဝန်ရှိမှန်းသိအောင် ဘယ်လိုတွေ ကူညီခဲ့ကြောင်း Karinaကို ပြန်ပြောပြတော့ Karinaမှာ နားထောင်ရင်း သဘောကျလို့ ရယ်လိုက်တယ်

"Yizhuoကို ကျေးဇူးတင်လိုက်တာ.... ဒါဆို မင်းလည်း သိတာမကြာသေးဘူးပေါ့ ကိုယ်ဝန် ဘယ်နှလရှိလည်းဆိုတာ "

"မနက်ဖြန်ကျ ဆရာဝန်ဆီသွားပြမလို့ Yizhuoအကြံပေးတာလေ "

"ဒါဆို တို့လည်းလိုက်ခဲ့မယ် "

"အင်း နင့်ကို လိုက်စေချင်တာရယ် "

ဟုတ်တယ်လေ Winter တစ်ယောက်တည်း ဘယ်လိုလုပ် ဆေးရုံကို သွားနိုင်မလဲ ဘယ်လိုလုပ် ကိုင်တွယ်နိုင်မှာလဲ Karinaက သူ့ဘေးနားရှိနေပေးမှ ဖြစ်မှာပေါ့

"တို့နှစ်ယောက်ရဲ့ သမီးလေး မကြာခင် တွေ့ရတော့မယ်"

Karinaက Winter ရဲ့ အမာရွတ်ရှိနေတဲ့ ဝမ်းဗိုက်လေးကို လက်နဲ့အသာအယာလေး ပွတ်ပြီး ပြောလိုက်သည်

"ယောင်္ကျားလေးလား မိန်းကလေးလားဆိုတာ ငါတို့မှမသိသေးတာ "

"ဒါဆို သမီးလေး မွေးလာတဲ့အထိ ကြိုးစားပြီး ကလေးယူကြမယ်လေ holy shit ပျော်လွန်းလို့ သေတော့မှာဘဲ  "

Karinaက Winter ကို ဖက်လိုက်သည်

"တို့ မင်းအတွက် အမြဲတမ်းရှိနေမယ်နော် မင်းက ကိုယ်ဝန်နဲ့လည်း ကြည့်ကောင်းနေမှာဘဲ အချစ်ရယ် "

"ကိုယ်ဝန်သည်တွေက ကြည့်ကောင်းစရာမှမလိုတာ "

"ဘာဖြစ်ဖြစ်ကွယ် "

"ငါ ခွေးမွေးချင်လို့ Jimin "

"ဘယ်လို "

"ကလေးမွေးပြီးရင် ခွေးမွေးချင်လို့....ငယ်ငယ်ကတည်းက ခွေးလေးတစ်ကောင်မွေးချင်ခဲ့တာ အဖေက ခွင့်မပြုလို့ "

"ဒါဆိုလည်း မွေးကြတာပေါ့ "

Karinaက ပြောပြီး Winterရဲ့ လည်ပင်းကို နမ်းလိုက်သည်

Winterလည်း Karinaရဲ့ စကားကြောင့် အရမ်း အံ့သြသွားတယ်

"မင်းက လိုချင်နေတာ မဟုတ်လား "

"ဟုတ်တယ် ခွေးလေးတစ်ကောင် လိုချင်လို့ ရလား "

flashback

"သူ့ကိုတစ်ယောက်တည်း ပေးနေလိုက်ပါ "

Winter မှာ ကောင်လေးရဲ့ uniformကို ဆွဲကိုင်ပြီး ပြောလိုက်ပေမယ့် ကောင်လေးက အဖက်မလုပ်ဘဲ ကောင်မလေးရဲ့ ကျောပိုးအိတ်ကို ဆောင့်ဆွဲသည်

"သူ့ကို တစ်ယောက်တည်း ပေးနေလိုက်လို့ ပြောနေတာ မကြားဘူးလား ခွေးမသားတွေရဲ့ "

Winterက ဆဲလိုက်တော့ ထိုကောင်လေးမှာ ဒေါသထွက်ပြီး Winterဘက်ကို လှည့်လာသည်

"မင်းက ဘာဖြစ်ချင်နေတာလဲ ဒီကောင်မကို သိလို့လား "

ကြမ်းပြင်ပေါ် ပြုတ်ကျနေတဲ့ ပစ္စည်းတွေကို ကောက်သိမ်းနေတဲ့ကောင်မလေးကို လက်ညိုးထိုးပြီး မေးလိုက်တယ်

"မိန်းကလေးတစ်ယောက်ကို... "

"ဒီမှာ Karinaရဲ့ ကောင်မလေး မင်းကိစ္စမဟုတ်ရင် ဝင်မရှုပ်နဲ့ ကိုယ့်အထာနဲ့ကိုယ်နေ ..."

'မိန်းကလေးတစ်ယောက်ကို အနိုင်ကျင့်နေတာကို ငါက မမြင်ချင်ယောင်ဆောင်ပြီး ကျော်သွားရမှာလား "

"ဒီကောင်မတော့ '

ကောင်လေးမှာ Winter ကို လက်ရွယ်တုံးရှိသေးသည် သူ၏လက်ကို လိမ်ချိုးလိုက်သလို ခံစားလိုက်ရတယ်

"အား "

ကောင်လေးရဲ့ ညိုသကြီးကို Karinaက ဆောင့်ကန်တော့ ကောင်လေးမှာ ခွေလဲသွားသည်

Karinaမှာ ထိုကောင်လေးရဲ့ ခေါင်းပေါ်  ဖိနပ်နဲ့နင်းလိုက်ပြီး

"ငါ ပြောထားတဲ့စကားကို တစ်ကျောင်းလုံးကလူတွေ နားလည်မယ်လို့ ထင်ထားခဲ့တာ ...ဘာတဲ့ Kim Minjeongကို နှောင့်ယှက်တဲ့သူ...လက်ပါတဲ့သူ လက်လေးနဲ့ရွယ်တဲ့သူတွေအားလုံး
.... ဘာဖြစ်မယ်တဲ့လည်း ဖြေပါအုံး "

Karina မေးတာကို ကောင်လေးက မဖြေဘဲ တိတ်ဆိတ်နေသည်

"oh ငါ့ကို မကြောက်ဘူးပေါ့ ဒါကြောင့်မို့လို့ ကလန်ကဆန်လုပ်ပြနေတာလား "

'အဲ့....အဲ့လိုမဟုတ်ပါဘူး "

"သူ့ကို အခုချက်ချင်းတောင်းပန်လိုက် "

"တောင်း...တောင်းပန်ပါတယ်ဗျာ "

"နင်အနိုင်ကျင်ခဲ့တဲ့သူ့ကိုလည်း တောင်းပန်လိုက် "

Winterရဲ့စကားကြောင့် ကောင်လေးလည်း သူအနိုင်ကျင့်ခဲ့တဲ့ မိန်းကလေးကို ပြန်တောင်းပန်လိုက်သည်

ကြည့်ပါအုံး စိတ်တိုနေတဲ့ Winterရဲ့ မျက်နှာလေးက ချစ်စရာ....Kim Minjeong ကလေ တစ်ဖက်သူအပေါ်ကိုလည်း အရမ်းကြည့်ပေးတာ ဒါကြောင့်မို့လို့ Karinaက အရမ်းသဘောကျတာလေ

"နင် အဆင်ပြေရဲ့လား "

Karinaမှာ lockerကို မှီရင်း Winterနဲ့ ကောင်မလေး စကားပြောတာကို စောင့်နေသည်

ကောင်မလေးရဲ့ နာမည်က Yunaတဲ့ ဘယ်သူနေနေပါ Kim Minjeongက လွဲပြီး ဘယ်သူ့ကိုမှ စိတ်မဝင်စားတော့ ဘယ်သူ့နာမည်ကိုမှလည်း Karinaမသိချင်ဘူးလေ

Yunaက Minjeongကို ကျေးဇူးတင်စကားပြောပြီး နောက်အတန်းအတွက် သွားလေသည်

ထိုအခါကျမှ Winterက နှုတ်ခမ်းစူပြီး Karinaကို ကြည့်လာသည်

"ဒီလိုပြီးသွားရမှာမှမဟုတ်တာ "

"တစ်ခါတစ်လေ စကားထက် လက်ပါတာ ပိုကောင်းတယ် အချစ်ရဲ့"

Winterရဲ့ နောက်ကျောကို ပွတ်ပေးရင်း Karina ပြောလိုက်သည်

"စကားပြောတာ ပိုသင့်တော်တယ် "

"Oh ဟုတ်လား....အချစ်လေး စကားပြောတုံးက....သူကလက်ခံလို့လား "

"လက်မခံရင် လက်သီးနဲ့ ထိုးတော့မှာလေ "

Minjeongက သူ့လက်သီးလေးဆုပ်ပြတော့ Karinaက ရယ်တယ်

"လူတွေက နင့်ကြောင့် ငါ့ကိုကြောက်ကြတာကို ငါမကြိုက်ဘူး "

"ဟောတော် ဘာဖြစ်လို့လဲ "

"ငါ့ကြောင့် ငါ့ကိုကြောက်တာမျိုးဘဲ ဖြစ်စေချင်တာ "

Karinaက Winter စကားကြောင့် အားပါးတရရယ်လိုက်တယ်

"မင်းကို ကြောက်စေချင်တယ်ဆိုရင် နှုတ်ခမ်းခဏခဏမထော်နဲ့လေ အချစ်ရဲ့ "

"ဘာဖြစ်ဖြစ်ပါ အချိန်ကိုက်ရောက်လာပေးလို့ ကျေးဇူးတင်ပါတယ် "

"ကျေးဇူးတင်ရင် တစ်ခုခုလုပ်ပေးလေ "

Karinaကပြောတော့ Winterမှာ Karinaဘက်ကို လှည့်လာသည်

ထို့နောက် ခြေဖျားထောက်ပြီး Karinaရဲ့မျက်နှာလေးကို ကိုင်လိုက်ကာ နှုတ်ခမ်းလေးကို နမ်းလိုက်သည်

"ငါ့ကို အမြဲတမ်း ကယ်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ် "

Winterရဲ့အပြုအမူကြောင့် Karina အရမ်းကို အံ့သြသွားတယ်

Winterကတော့ ရှက်ပြီး Karinaနဲ့ဆန့်ကျင်ဘက်ကို ထွက်ပြေးသွားလေသည်

End of flashback

#tbc

#zawgyi




















"ဘာဖြစ်ဖြစ်ကွယ် "


"ဘယ်လို "







flashback










"ဒီကောင်မတော့ '


"အား "






'အဲ့....အဲ့လိုမဟုတ်ပါဘူး "






"နင် အဆင်ပြေရဲ့လား "













"ဟောတော် ဘာဖြစ်လို့လဲ "











Bạn đang đọc truyện trên: Truyen3h.Co