Part 30
Winterက တောင်းဆိုလို့သာ ခွေးဘီလူးလေး Rockeyကို မွေးဖို့ Karina သဘောတူလိုက်ပေမယ့် Rockey ကိုတော့ သိပ်သဘောမကျပေ
ပြီးတော့ ကိုယ်ဝန်လွယ်ထားမှန်း သိပြီးနောက် Winterနဲ့ပတ်သက်ရင် အသေးစိတ်လေးကအစ Karina စန်းစန်းတင့်လွန်းနေသည်
တစ်ခါတစ်လေ Karina တစ်ယောက် ရူးများသွားသလား psychoများ ဖြစ်နေသလားလို့ ဘေးနားကနေကြည့်နေမြင်နေရတဲ့ Yizhuoမှာ တွေးမိနေသေးသည်
ကလေးလေးရနေပြီမို့လို့ Karina ပျော်သော်လည်း ထိုကလေးနဲ့ Winterက သူ့ရဲ့ပျော့ကွက်ဖြစ်နေတယ်လေ
Winterနဲ့ပတ်သက်ရင် Karinaက ဘယ်လိုမျိုးလည်း ဘယ်လိုခံစားရလဲဆိုတာ အားလုံးလည်း သိနေတာဘဲ မဟုတ်လား
ဒါကြောင့်မို့လို့ သူ့မိန်းမနဲ့သူ့ကလေး တစ်ခုခုဖြစ်မှာကိုလည်း Karina စိတ်ပူမိသည်
တစ်ခါတစ်လေ ဒီမြေအောက်လောက အမှောင်လောကထဲ ဝင်ခဲ့မိတာကို နောင်တရမိသေးသည်
သူများတွေလို စိတ်ပူပန်မှုမရှိဘဲ သာမန် မိသားစုတွေလို ပျော်ပျော်ရွှင်ရွှင်နဲ့ နေသွားချင်တယ်လေ
Winter ကိုယ်ဝန်လွယ်ထားရတာ လေးလရှိနေပြီ ဒီအပတ်ဆိုရင် ကလေးက မိန်းကလေးလား ယောင်္ကျားလေးလားဆိုတာကို သိရတော့မယ်
မိန်းကလေးဖြစ်နေမယ်ဆိုတာ Winter 98ရာခိုင်နှုန်းလောက် သေချာနေတယ် ကလေးလေးကိုလည်း မိန်းကလေး ဖြစ်စေချင်နေတယ်လေ ဘာလို့လည်းဆိုတော့ Karinaက သမီး မိန်းကလေး လိုချင်တယ်လို့ ပြောဖူးတယ်မဟုတ်လား
ပြီးတော့ ကလေးကို အမြန်ဆုံးတွေ့ချင်နေပြီလေ
Karinaမှာလည်း မိန်းမနဲ့ ကလေးကို ပိုပြီး ကာကွယ်ပေးနိုင်ဖို့ သေလုမတတ်ကြိုးစားနေတယ်
Knock knock
တံခါးခေါက်သံနဲ့အတူ ရုံးခန်းထဲဝင်လာတဲ့ Yuqiကို Karina ဖုန်းပြောရင်း လှမ်းကြည့်လိုက်သည်
"ဘာဖြစ်လို့လဲ တစ်ခုခုဖြစ်နေတာလား "
Yuqiက မေးလိုက်သည်
"ငါ့မိန်းမပေါ့ ခွေးဘီလူးတစ်ကောင် မွေးစားထားတယ်လေ "
"ခွေးဂေဟာကနေလား "
"ဟုတ်ပါ့ "
"နင့်မိန်းမက ကလေးမဟုတ်တော့ပါဘူးဟ ဘာလုပ်ရင် ဘာဖြစ်မယ်ဆိုတာသိပါတယ် သူဘာလုပ်ရမလဲဆိုတာလည်း သိနေပါပြီ "
"ငါ သိပါတယ် ဒါနဲ့ နင်က ဘာလာလုပ်တာလဲ "
"baby gender partyကို ငါ့ဖိတ်မှာလား "
"အယ် Party လုပ်မယ်ဆိုတာ နင်ဘယ်လိုသိတာလဲ "
"ငါ့မှာလဲ source တွေ ရှိပါတယ်ဟ ဒီတော့ ငါ့ကို ဖိတ်မှာပေါ့နော် "
"ကလေးအတွက် လုပ်တာတောင် နင်က Party မက်နေသေးတယ်နော် Yuqi "
"သြော် ကလေးဆိုတာ သာမန်ကလေးမှ မဟုတ်တာ နင့်ရဲ့ကလေးလေ ပြီးတော့ ငါက နင့်မိန်းမရဲ့... "
"မဖိတ်ဘူး "
"Karina နင်က တကယ်မကောင်းတဲ့မိန်းမဘဲ ဟွန်း "
"ဟုတ်တယ်လေ ငါကသောက်ကျင့်မကောင်းတဲ့ မိန်းမဆိုတာ ခုမှသိတာလား "
"ဘာဖြစ်ဖြစ်ထားပါတော့ ပါတီမှာ နင်ဘာလုပ်မှာလဲ "
"ဘာလုပ်ရမှာလဲ '
"သားလေးလိုချင်လား သမီးလေးလိုချင်လား "
"သမီးလေးလိုချင်တာ "
"ဘာလို့လဲ နင့်သမီးကို လာကြောင်တဲ့ ငနဲတွေကို ရိုက်လွှတ်ချင်လို့လား "
"အေး ဟုတ်တယ် အခုကတည်းက ရိုက်လွှတ်ဖို့ လေ့ကျင့်နေပြီ "
Yuqi စကားကြောင့် သူ့သမီးကို လိုက်မယ့်ကောင်တွေအကြောင်း တွေးကြည့်မြင်ယောင်ကြည့်မိတဲ့ Karina တစ်ယောက် သွေးတွေ ပွက်ပွက်ဆူနေပြီလေ
"နင်က သမီးလေးလိုချင်တယ်ဆိုတော့ ငါက သားလေး teamက ဟဲဟဲ ဒီတော့ ဒီမှာ လက်မှတ်ထိုးပေးအုံး "
"ဘာအတွက်လဲ "
"Tower အသစ်ဆောက်ဖို့လေ "
Yuqiက Aeriလိုဘဲ လုပ်ငန်းအသစ် တိုးချဲ့ဖို့အတွက်ဆို ကျွမ်းကျင်လွန်းတယ် တစ်ခါတစ်လေ Yuqiကို ကြည့်ရင်း Aeriကို Karina သတိရမိသည်
*******
အခုတလော Karinaကို Winter ရှောင်နေတတ်သည်
ဘာကိစ္စကြောင့် ရှောင်နေလဲ သူဘာအမှားလုပ်မိလို့လည်းလို့ Karina တွေးနေမိသည်
အလုပ်ကနေ ပြန်ရောက်လာတော့ ခြံထဲမှာ ကောင်မလေးနှစ်ယောက်နဲ့ စကားပြောနေတဲ့ Winterကို Karina တွေ့ရတယ်
"နေပါအုံး အိမ်ကိုပါ သူငယ်ချင်းတွေခေါ်နေတာလား "
Karina ကားပေါ်ကနေဆင်းပြီး Winterတို့ဆီ သွားလိုက်သည်
Winterနဲ့စကားပြောနေသူက Ryujin...Ryujinကို Karina သိပ်သဘောမကျ ဘာလို့လဲဆိုတဲ့ Winterကို ကြည့်တဲ့ သူ့မျက်ဝန်းတွေကို သတိထားမိလို့ပင်
"Minjeong အထဲဝင်မယ် "
"ခဏ ငါ သူငယ်ချင်းနဲ့ စကားပြောနေလို့ "
Ryujinက Karinaကို ကြည့်တော့ Karina က မျက်မှောင်ကြုတ်ပြီး Ryujinကို ပြန်ကြည့်လိုက်တယ်
"သွားကြစို့ "
Winter ရဲ့ လက်ကို Karina ဆွဲပြီး ပြောလိုက်သည်
"သူက စကားပြောနေတယ်လို့ ပြောနေတယ်လေ "
Winter ရဲ့ လက်တစ်ဖက်ကို Ryujin လှမ်းဆွဲပြီး Karinaကို ပြောလိုက်သည်
Winterမှာ အလယ်ကနေ ဒေါသထွက်နေတဲ့ Karinaနဲ့ အလျော့မပေးတဲ့ Ryujinကို ကြည့်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်
"Sorry Ryujin...ငါ သွားရတော့မယ် "
Ryujin မျက်နှာပေါ်က စိတ်ပျက်သွားတဲ့အမူအရာက Karinaကို စိတ်ကျေနပ်မှုဖြစ်စေသည်
"ကောင်းပြီ ဒါဆိုလည်း ငါတို့ပြန်တော့မယ်လေ နောက်တစ်ခါကျ ဘာအနှောင့်အယှက်မှမရှိဘဲ ကောင်းကောင်းမွန်မွန်နဲ့ စကားပြောရဖို့ မျှော်လင့်ပါတယ် "
Karinaကို ကြည့်ပြောပြီး Ryujin ခနဲ့လိုက်သည်
Winterလည်း အားနာလို့ Ryujinတို့ကို ပြုံးပြပြီး ခေါင်းညိတ်လိုက်သည်
Ryujinတို့လည်း ထွက်သွားရော Winter ဆောင့်အောင့်ပြီး အိမ်ထဲ ဝင်သွားတယ်
"နင် ဘာလို့ အမြဲ အဲ့လိုလုပ်နေရတာလဲ Jimin "
"မင်းကရော တို့ကို ဘာလို့ရှောင်နေတာလဲ "
"ငါက နင့်ကို ဘာလို့ ရှောင်ရမှာလဲ "
Karinaနဲ့အကြည့်ချင်းမဆုံဘဲ Winter ပြောလိုက်သည်
"ပြောပါ ဘာလို့ရှောင်နေတာလဲလို့ "
"ရှောင်နေတာမဟုတ်ပါဘူးဆို Jiminရယ် လေကိုတောင် လွတ်လွတ်လပ်လပ်ရှုလို့ မရတော့ဘူးလား "
Winterရဲ့ စကားကြောင့် ဒေါသထွက်နေတဲ့ Karina မျက်နှာက ပြောင်းလဲသွားတာကို Winter သတိထားမိသည်
"သြော် မင်းက အဲ့လိုမွန်းကြပ်နေသလို ခံစားနေရတာလား "
"မ...မဟုတ်ပါဘူး"
Karinaက ဘာမှမပြောဘဲ Winterကိုသာ စိုက်ကြည့်နေသည်
"ဟုတ်တယ် ငါနင့်ကို ရှောင်နေတာ ..."
"Minjeong..."
"ငါ နင့်ကို စိတ်တိုလို့ရှောင်နေတာ "
"ဟော မင်း စိတ်တိုအောင် တို့က ဘာလုပ်မိလို့လဲ "
"နင် ငါ့ကို ဒိတ်လုပ်ဖို့ ခေါ်မယ်လို့ ပြောပြီး ခုထိ မခေါ်သေးလို့လေ "
ထိုအခါမှ Karina သတိရသွားသည် ဟုတ်သားဘဲ Winter ကို ဒိတ်လုပ်ဖို့ခေါ်မယ့်အကြောင်း ပြောထားသေးတာဘဲ....ကလေးဘက် စိတ်ရောက်နေပြီး Karina မေ့သွားတာ
Karinaလည်း သူ့အမှားကို သတိရပြီး Winterကို ဖက်လိုက်သည်
"Sorryပါကွယ် တို့ အလုပ်များနေတာနဲ့.....မကြာခင် မင်းကို ဒိတ်လုပ်ဖို့ တို့တောင်းဆိုမှာပါ တို့ကိုခွင့်လွှတ်နော် "
Winterလည်း သူ့ကောင်မလေးက တောင်းပန်တော့ ပြုံးပြီး ခေါင်းညိတ်ပြလိုက်တယ်
#tbc
#zawgyi
Winterက ေတာင္းဆိုလို႔သာ ေခြးဘီလူးေလး Rockeyကို ေမြးဖို႔ Karina သေဘာတူလိုက္ေပမယ့္ Rockey ကိုေတာ့ သိပ္သေဘာမက်ေပ
ၿပီးေတာ့ ကိုယ္ဝန္လြယ္ထားမွန္း သိၿပီးေနာက္ Winterနဲ႕ပတ္သက္ရင္ အေသးစိတ္ေလးကအစ Karina စန္းစန္းတင့္လြန္းေနသည္
တစ္ခါတစ္ေလ Karina တစ္ေယာက္ ႐ူးမ်ားသြားသလား psychoမ်ား ျဖစ္ေနသလားလို႔ ေဘးနားကေနၾကည့္ေနျမင္ေနရတဲ့ Yizhuoမွာ ေတြးမိေနေသးသည္
ကေလးေလးရေနၿပီမို႔လို႔ Karina ေပ်ာ္ေသာ္လည္း ထိုကေလးနဲ႕ Winterက သူ႕ရဲ႕ေပ်ာ့ကြက္ျဖစ္ေနတယ္ေလ
Winterနဲ႕ပတ္သက္ရင္ Karinaက ဘယ္လိုမ်ိဳးလည္း ဘယ္လိုခံစားရလဲဆိုတာ အားလုံးလည္း သိေနတာဘဲ မဟုတ္လား
ဒါေၾကာင့္မို႔လို႔ သူ႕မိန္းမနဲ႕သူ႕ကေလး တစ္ခုခုျဖစ္မွာကိုလည္း Karina စိတ္ပူမိသည္
တစ္ခါတစ္ေလ ဒီေျမေအာက္ေလာက အေမွာင္ေလာကထဲ ဝင္ခဲ့မိတာကို ေနာင္တရမိေသးသည္
သူမ်ားေတြလို စိတ္ပူပန္မႈမရွိဘဲ သာမန္ မိသားစုေတြလို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႕ ေနသြားခ်င္တယ္ေလ
Winter ကိုယ္ဝန္လြယ္ထားရတာ ေလးလရွိေနၿပီ ဒီအပတ္ဆိုရင္ ကေလးက မိန္းကေလးလား ေယာကၤ်ားေလးလားဆိုတာကို သိရေတာ့မယ္
မိန္းကေလးျဖစ္ေနမယ္ဆိုတာ Winter 98ရာခိုင္ႏႈန္းေလာက္ ေသခ်ာေနတယ္ ကေလးေလးကိုလည္း မိန္းကေလး ျဖစ္ေစခ်င္ေနတယ္ေလ ဘာလို႔လည္းဆိုေတာ့ Karinaက သမီး မိန္းကေလး လိုခ်င္တယ္လို႔ ေျပာဖူးတယ္မဟုတ္လား
ၿပီးေတာ့ ကေလးကို အျမန္ဆုံးေတြ႕ခ်င္ေနၿပီေလ
Karinaမွာလည္း မိန္းမနဲ႕ ကေလးကို ပိုၿပီး ကာကြယ္ေပးနိုင္ဖို႔ ေသလုမတတ္ႀကိဳးစားေနတယ္
Knock knock
တံခါးေခါက္သံနဲ႕အတူ ႐ုံးခန္းထဲဝင္လာတဲ့ Yuqiကို Karina ဖုန္းေျပာရင္း လွမ္းၾကည့္လိုက္သည္
"ဘာျဖစ္လို႔လဲ တစ္ခုခုျဖစ္ေနတာလား "
Yuqiက ေမးလိုက္သည္
"ငါ့မိန္းမေပါ့ ေခြးဘီလူးတစ္ေကာင္ ေမြးစားထားတယ္ေလ "
"ေခြးေဂဟာကေနလား "
"ဟုတ္ပါ့ "
"နင့္မိန္းမက ကေလးမဟုတ္ေတာ့ပါဘူးဟ ဘာလုပ္ရင္ ဘာျဖစ္မယ္ဆိုတာသိပါတယ္ သူဘာလုပ္ရမလဲဆိုတာလည္း သိေနပါၿပီ "
"ငါ သိပါတယ္ ဒါနဲ႕ နင္က ဘာလာလုပ္တာလဲ "
"baby gender partyကို ငါ့ဖိတ္မွာလား "
"အယ္ Party လုပ္မယ္ဆိုတာ နင္ဘယ္လိုသိတာလဲ "
"ငါ့မွာလဲ source ေတြ ရွိပါတယ္ဟ ဒီေတာ့ ငါ့ကို ဖိတ္မွာေပါ့ေနာ္ "
"ကေလးအတြက္ လုပ္တာေတာင္ နင္က Party မက္ေနေသးတယ္ေနာ္ Yuqi "
"ေၾသာ္ ကေလးဆိုတာ သာမန္ကေလးမွ မဟုတ္တာ နင့္ရဲ႕ကေလးေလ ၿပီးေတာ့ ငါက နင့္မိန္းမရဲ႕... "
"မဖိတ္ဘူး "
"Karina နင္က တကယ္မေကာင္းတဲ့မိန္းမဘဲ ဟြန္း "
"ဟုတ္တယ္ေလ ငါကေသာက္က်င့္မေကာင္းတဲ့ မိန္းမဆိုတာ ခုမွသိတာလား "
"ဘာျဖစ္ျဖစ္ထားပါေတာ့ ပါတီမွာ နင္ဘာလုပ္မွာလဲ "
"ဘာလုပ္ရမွာလဲ '
"သားေလးလိုခ်င္လား သမီးေလးလိုခ်င္လား "
"သမီးေလးလိုခ်င္တာ "
"ဘာလို႔လဲ နင့္သမီးကို လာေၾကာင္တဲ့ ငနဲေတြကို ရိုက္လႊတ္ခ်င္လို႔လား "
"ေအး ဟုတ္တယ္ အခုကတည္းက ရိုက္လႊတ္ဖို႔ ေလ့က်င့္ေနၿပီ "
Yuqi စကားေၾကာင့္ သူ႕သမီးကို လိုက္မယ့္ေကာင္ေတြအေၾကာင္း ေတြးၾကည့္ျမင္ေယာင္ၾကည့္မိတဲ့ Karina တစ္ေယာက္ ေသြးေတြ ပြက္ပြက္ဆူေနၿပီေလ
"နင္က သမီးေလးလိုခ်င္တယ္ဆိုေတာ့ ငါက သားေလး teamက ဟဲဟဲ ဒီေတာ့ ဒီမွာ လက္မွတ္ထိုးေပးအုံး "
"ဘာအတြက္လဲ "
"Tower အသစ္ေဆာက္ဖို႔ေလ "
Yuqiက Aeriလိုဘဲ လုပ္ငန္းအသစ္ တိုးခ်ဲ့ဖို႔အတြက္ဆို ကြၽမ္းက်င္လြန္းတယ္ တစ္ခါတစ္ေလ Yuqiကို ၾကည့္ရင္း Aeriကို Karina သတိရမိသည္
*******
အခုတေလာ Karinaကို Winter ေရွာင္ေနတတ္သည္
ဘာကိစၥေၾကာင့္ ေရွာင္ေနလဲ သူဘာအမွားလုပ္မိလို႔လည္းလို႔ Karina ေတြးေနမိသည္
အလုပ္ကေန ျပန္ေရာက္လာေတာ့ ၿခံထဲမွာ ေကာင္မေလးႏွစ္ေယာက္နဲ႕ စကားေျပာေနတဲ့ Winterကို Karina ေတြ႕ရတယ္
"ေနပါအုံး အိမ္ကိုပါ သူငယ္ခ်င္းေတြေခၚေနတာလား "
Karina ကားေပၚကေနဆင္းၿပီး Winterတို႔ဆီ သြားလိုက္သည္
Winterနဲ႕စကားေျပာေနသူက Ryujin...Ryujinကို Karina သိပ္သေဘာမက် ဘာလို႔လဲဆိုတဲ့ Winterကို ၾကည့္တဲ့ သူ႕မ်က္ဝန္းေတြကို သတိထားမိလို႔ပင္
"Minjeong အထဲဝင္မယ္ "
"ခဏ ငါ သူငယ္ခ်င္းနဲ႕ စကားေျပာေနလို႔ "
Ryujinက Karinaကို ၾကည့္ေတာ့ Karina က မ်က္ေမွာင္ၾကဳတ္ၿပီး Ryujinကို ျပန္ၾကည့္လိုက္တယ္
"သြားၾကစို႔ "
Winter ရဲ႕ လက္ကို Karina ဆြဲၿပီး ေျပာလိုက္သည္
"သူက စကားေျပာေနတယ္လို႔ ေျပာေနတယ္ေလ "
Winter ရဲ႕ လက္တစ္ဖက္ကို Ryujin လွမ္းဆြဲၿပီး Karinaကို ေျပာလိုက္သည္
Winterမွာ အလယ္ကေန ေဒါသထြက္ေနတဲ့ Karinaနဲ႕ အေလ်ာ့မေပးတဲ့ Ryujinကို ၾကည့္ၿပီး ဘာလုပ္ရမွန္းမသိ ျဖစ္ေနသည္
"Sorry Ryujin...ငါ သြားရေတာ့မယ္ "
Ryujin မ်က္ႏွာေပၚက စိတ္ပ်က္သြားတဲ့အမူအရာက Karinaကို စိတ္ေက်နပ္မႈျဖစ္ေစသည္
"ေကာင္းၿပီ ဒါဆိုလည္း ငါတို႔ျပန္ေတာ့မယ္ေလ ေနာက္တစ္ခါက် ဘာအႏွောင့္အယွက္မွမရွိဘဲ ေကာင္းေကာင္းမြန္မြန္နဲ႕ စကားေျပာရဖို႔ ေမွ်ာ္လင့္ပါတယ္ "
Karinaကို ၾကည့္ေျပာၿပီး Ryujin ခနဲ႕လိုက္သည္
Winterလည္း အားနာလို႔ Ryujinတို႔ကို ၿပဳံးျပၿပီး ေခါင္းညိတ္လိုက္သည္
Ryujinတို႔လည္း ထြက္သြားေရာ Winter ေဆာင့္ေအာင့္ၿပီး အိမ္ထဲ ဝင္သြားတယ္
"နင္ ဘာလို႔ အၿမဲ အဲ့လိုလုပ္ေနရတာလဲ Jimin "
"မင္းကေရာ တို႔ကို ဘာလို႔ေရွာင္ေနတာလဲ "
"ငါက နင့္ကို ဘာလို႔ ေရွာင္ရမွာလဲ "
Karinaနဲ႕အၾကည့္ခ်င္းမဆုံဘဲ Winter ေျပာလိုက္သည္
"ေျပာပါ ဘာလို႔ေရွာင္ေနတာလဲလို႔ "
"ေရွာင္ေနတာမဟုတ္ပါဘူးဆို Jiminရယ္ ေလကိုေတာင္ လြတ္လြတ္လပ္လပ္ရႈလို႔ မရေတာ့ဘူးလား "
Winterရဲ႕ စကားေၾကာင့္ ေဒါသထြက္ေနတဲ့ Karina မ်က္ႏွာက ေျပာင္းလဲသြားတာကို Winter သတိထားမိသည္
"ေၾသာ္ မင္းက အဲ့လိုမြန္းၾကပ္ေနသလို ခံစားေနရတာလား "
"မ...မဟုတ္ပါဘူး"
Karinaက ဘာမွမေျပာဘဲ Winterကိုသာ စိုက္ၾကည့္ေနသည္
"ဟုတ္တယ္ ငါနင့္ကို ေရွာင္ေနတာ ..."
"Minjeong..."
"ငါ နင့္ကို စိတ္တိုလို႔ေရွာင္ေနတာ "
"ေဟာ မင္း စိတ္တိုေအာင္ တို႔က ဘာလုပ္မိလို႔လဲ "
"နင္ ငါ့ကို ဒိတ္လုပ္ဖို႔ ေခၚမယ္လို႔ ေျပာၿပီး ခုထိ မေခၚေသးလို႔ေလ "
ထိုအခါမွ Karina သတိရသြားသည္ ဟုတ္သားဘဲ Winter ကို ဒိတ္လုပ္ဖို႔ေခၚမယ့္အေၾကာင္း ေျပာထားေသးတာဘဲ....ကေလးဘက္ စိတ္ေရာက္ေနၿပီး Karina ေမ့သြားတာ
Karinaလည္း သူ႕အမွားကို သတိရၿပီး Winterကို ဖက္လိုက္သည္
"Sorryပါကြယ္ တို႔ အလုပ္မ်ားေနတာနဲ႕.....မၾကာခင္ မင္းကို ဒိတ္လုပ္ဖို႔ တို႔ေတာင္းဆိုမွာပါ တို႔ကိုခြင့္လႊတ္ေနာ္ "
Winterလည္း သူ႕ေကာင္မေလးက ေတာင္းပန္ေတာ့ ၿပဳံးၿပီး ေခါင္းညိတ္ျပလိုက္တယ္
#tbc
Bạn đang đọc truyện trên: Truyen3h.Co