Truyen3h.Co

Mine

Part 10

KimFany059

#unicode

"Unnieက Europeက အကြောင်း အရင်ပြောကြည့် "

Winterရဲ့ စကားကြောင့် Taeyeon သဘောကျပြီး ရယ်လေသည်

"ပေါက်စက အပေးအယူတောင်လုပ်တတ်နေပြီလားဟ ဟုတ်ပြီ ဟုတ်ပြီ ညစာအရင်စားကြတာပေါ့ ..."

"ဘာလို့ အိမ်ကိုပြန်ပြီး အဖေနဲ့အမေကို မနှုတ်ဆက်ဘဲ ဒီကိုတန်းလာတာလည်း "

"ညီမလေး Jiminကို တွေ့ချင်လို့ အရင်လာတွေ့တာပေါ့ ငါ့ကိုမလွမ်းဘူးလား ကလေးမ "

Karinaရဲ့ ဆံပင်ကိုဖွပြီး Taeyeonပြောလိုက်သည်

"ကလေးလိုလာဆက်ဆံမနေပါနဲ့ "

နှာခေါင်းရှုံ့ကာ သူမကို ရန်လုပ်နေတဲ့ Karinaကိုကြည့်ပြီး Taeyeonရယ်လိုက်သည်

"ကောင်းပါပြီရှင်  ဒါဆို ညစာစားမယ့်အချိန်ကျမှ တွေ့ရအောင် "

Taeyeonပြောပြီး Winterရဲ့ နဖူးကို ဖွဖွလေးနမ်းလိုက်သည်

"Tae...."

Karinaကအော်တော့ Taeyeonမှာ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး Karinaကို ကြည့်လိုက်သည်

"ဘာလို့လည်း နင်က အဲ့လိုမှ အနမ်းမခံတာ ဒီတော့ နမ်းလို့ရတဲ့သူကိုနမ်းတာ ဘာဖြစ်လို့လည်း ပြီးတော့ သူကလည်း ငါ့ယောင်းမ ဖြစ်မယ့်ဟာကို "

"ဟာ ညီမက Unnieရဲ့ယောင်းမ မဟုတ်တော့ပါဘူးနော် "

"ဟုတ်ပြီရှင် ခဏနေတွေ့ကြမယ် see ya "

Taeyeonက နှုတ်ဆက်ပြီး အိမ်ထဲက ထွက်သွားတော့ Karinaမှာ Winterကို စိုက်ကြည့်နေသည်

"ဒီတော့ နေရာအသစ်မှာ နေခဲ့တဲ့အကြောင်းလေး တို့ကို မပြောပြရသေးဘူးနော် "

"နင် သိချင်နေမယ်မထင်လို့လေ "

"ဒါပေါ့ တို့ မသိချင်ပါဘူး တို့ကို ထားခဲ့ပြီး နေရာအသစ်မှာနေခဲ့တဲ့ အကြောင်းကို တို့က ဘာလို့ နားထောင်ရမှာလည်း တို့မပါဘဲ မင်းက နေရာအသစ်မှာ ပျော်ရွှင်နေတာကို တို့က ကျေနပ်ပီတိဖြာနေမယ်ထင်လား..."

"ဒါဆို ဘာလို့ ငါ့ကိုလာမေးနေတာလည်း "

"တို့အမက တို့အာရုံကို ဆွဲဆောင်နိုင်တဲ့ မေးခွန်း မင်းကိုမေးခဲ့တယ်လေ "

Karinaရဲ့ စကားကြောင့် Winter တံတွေးမျိုချမိသွားတယ်

"အဲ့လိုအတွေးမျိုးတစ်ခါမှ မတွေးခဲ့ဖူးဘူး Minjeong မင်းက တို့စိတ်ကိုသိတယ် မဟုတ်လား ....Kim Minjeong မင်းက တို့အပိုင်ဘဲနော် ဒါကို မင်းစိတ်ထဲဲ မြဲမြဲမှတ်ထားစမ်းပါ "

Karina ပြောပြီး Winterရဲ့ လက်မောင်းကိုဆုပ်ကိုင်လိုက်သည်

"ဒီတော့ ပြောပါအုံး ဘယ်သူက တို့ထက် မင်းကိုပိုထိတွေ့ခဲ့လည်း ပြီးတော့ ဘယ်သူက တို့အပိုင်ကို လာထိပါးရဲတာလည်း "

"ငါက နင့်ပစ္စည်းဥစ္စာမဟုတ်ဘူး Karina "

"တို့မေးတာ ဖြေစမ်း....ကောင်းပြီ မင်းမ​ဖြေဘူးဆိုရင် တို့ဘာသာတို့ အဖြေရှာမယ် "

"Karina နင်ငါ့ကိုနာအောင်လုပ်နေတယ် "

Winterရဲ့ စကားကြောင့် Winterလက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားရာက Karina လွှတ်ပေးလိုက်သည်

ဘာလို့လည်းဆို ဒီနေ့ အရင်ကနဲ့မတူစေရဘူးလို့ Karina သတိပေးထားလို့လေ

"နောက်နှစ်နာရီကျ ညစာသွားစားမယ် အသင့်ပြင်ထား '

Karinaတို့ ညစာစားဖို့ စားသောက်ဆိုင်ကို ရောက်တော့ Aeriတို့ကပါ ရောက်နေသည်

"ညီမလေးရေ '

Taeyeonက လှမ်းခေါ်ပေမယ့် ဘယ်သူ့ကိုခေါ်မှန်းမသိတာကြောင့် Winter ဘယ်နေရာမှာ ဝင်ထိုင်ရမလည်းဆိုတာ မသိပေ

Yizhuoက သူ့ဘေးနားလာထိုင်ဖို့ခေါ်မှ Winterလည်း Yizhuoဘေးဝင်ထိုင်လိုက်သည်

"ဒီစားသောက်ဆိုင်ကို မင်းပြင်ဆင်ထားတာ တော်တော်မိုက်တာဘဲ Jimin အပြင်အဆင်က လုံးဝအထက်တန်းဆန်တယ် "

Taeyeonမှာ သူမညီမကို ချီးကျူးနေသည်

"Europeမှာ ဆိုင်ထပ်ဖွင့်ဖြစ်ရင် မင်းကိုတိုင်ပင်အုံးမယ် "

"Taeyeonက ငါတို့ကို မကြာခင် အီတလီနဲ့ပြင်သစ်မှာ ဖွင့်မယ့် ကလပ်အကြောင်းပြောပြနေတာ "

Aeriက ဝိုင်ငှဲ့ရင်း ဝင်ပြောလိုက်သည်

"ဟုတ်တယ် Minjeongကိုလည်း Europeကို ခေါ်လာခဲ့လေ Jimin "

"Minjeong လို့ မခေါ်နဲ့ Taeyeon "

"ကောင်းပြီ Winterပေါ့ ..."

Taeyeonမှာ ရယ်ပြီး Karinaပါးကိုဆွဲညှစ်ကာ ပြောလိုက်သည်

"ကောင်းပြီ ပြင်သစ်နဲ့အီတလီမှာ ကလပ်ဖွင့်ဖြစ်ရင် မင်းတို့အားလုံးကိုဖိတ်မယ်နော် ပြီးတော့ Yu familyထဲ အသစ်ဝင်လာမယ့် Tiffanyနဲ့လည်း မိတ်ဆက်ပေးမယ်..."

"Tiffanyက ဘယ်သူလည်း "

Winter သိချင်ပြီး မေးလိုက်သည်

"ငါ့သတို့သမီးလေ "

"Wow Unnieက စေ့စပ်ထားတာလား "

"ဟုတ်တယ်.... "

"Karinaက အခုထိ သူ့ခယ်မကိုမတွေ့ရသေးဘူးဘဲ..."

"ငါတို့နှစ်ယောက်လုံးက အလုပ်များနေတာလေ Aeriရ "

"အမရဲ့ သတို့သမီးကို တွေ့ဖို့တောင် အလုပ်များနေလို့တဲ့ မတွေ့ရသေးဘူး..."

Winter စောင်းမြောင်းပြောတဲ့စကားကြောင့် Aeriနဲ့ Yizhuoမှာ ဘာလုပ်ရမှန်းမသိဖြစ်သွားတယ်

"ငါတို့အော်ဒါမှာကြမလား"

Taeyeonပြောပြီး ဝိတ်တာကို လှမ်းခေါ်သည်

Karinaမှာ ထိုင်နေရာကထရပ်ပြီး

"Minjeong လာ မင်းကိုပြစရာရှိတယ် "

Winter ဘာမှမပြောခင် Karinaမှာ Winterလက်ကို တွဲပြီး ဓာတ်လှေကားထဲခေါ်သွားသည်

"ဘယ်သွားမလို့လည်း "

"တို့ရဲ့ ရုံးခန်း "

"ဘာလို့လည်း အဲ့ရုံးခန်းကို ရောက်ဖူးနေတာ ဆယ်ကြိမ်မကဘူး "

"မင်းလွတ်သွားတဲ့အရာလေးတွေရှိသေးတယ် လာ "

ဓာတ်လှေကားပွင့်ပြီးနောက် Karinaတို့ ရုံးခန်းကို ထွက်လာတော့ ဝန်ထမ်းတွေမှာ Karinaတို့ကို ဦးညွှတ်ကာ နှုတ်ဆက်လေသည်

ရုံးခန်းထဲကိုရောက်တော့ Karinaမှာ သူမစားပွဲတွင် ဝင်ထိုင်ပြီး Fileတစ် fileကိုထုတ်လိုက်သည်

"Hyoyeon Kim...မင်းအမေရဲ့ဆွေမျိုး Tacoma Washingtonမှာနေတယ် ...."

Karinaက စလည်းဖတ်ပြရော Winterမှာ လန့်ပြီး မျက်လုံးပြူးလာတယ်

"နင်... နင်ဘာလုပ်နေတာလည်း ..."

"Sunny Lee...Cafeဆိုင်ပိုင်ရှင် Hyoyeon Kimရဲ့ သူငယ်ချင်း Minnie Kim... Cafeဆိုင်က မင်းနဲ့အတူ အလုပ်လုပ်တဲ့ ကောင်မလေး... "

"Ka..Karina..."

"Ella....."

Karinaမှာ Ellaနာမည်ကို ဖတ်ပြီး Winterကို မျက်ခုံးပင့်ကာ ကြည့်လိုက်သည်

"Washingtonမှာ စာသင်နေတဲ့ကျောင်းသူလေး တို့ဆက်​ပြောမယ့်ဟာလေး မှန်လားမှားလားပြောပါအုံး မင်းက သူနဲ့တွဲနေတာတဲ့ ဟုတ်လား "

Karina ရဲ့ စကားကြောင့် Winter ရင်တွေတုန်နေသည်

"တို့မေးတာကို ဖြေပါအုံး Minjeong "

Karinaပြောပြီး ထိုင်ရာကနေ ထလာကာ Winterဆီသို့ လျှောက်လာသည်

"Karina နင်အဲ့ဖိုင်တွေ ဘယ်ကတွေ့လာတာလည်း "

"မင်းက သူ့ကိုထိခွင့်ပေးခဲ့လား တို့အပိုင်ဖြစ်တဲ့ မင်းကိုလေ ..."

"Karina နင်ရူးနေတာဘဲ နင် ငါ့ privacyကို ချိုးဖောက်ပြီး ငါ့အသိတွေကို stalkနေတာလား "

Karinaမှာ Winter လက်ကိုဆောင့်ဆွဲပြီး စားပွဲခုံဘက်ဆောင့်တွန်းလိုက်သည်

"မင်း ကံကောင်းတာဘဲ Minjeong မင်းကို တို့ရှာတွေ့တုန်းက အဲ့ကောင်မ တို့မြင်ကွင်းမှာ ရှိမနေခဲ့တာဘဲ မင်းကို သူထိတွေ့နေတာမြင်မိရင် တို့ သူ့ကိုချက်ချင်း သတ်ပစ်မိမှာဘဲ "

"Karina နင်.. "

"တို့ အပိုင်ဖြစ်တဲ့ မင်းကို ဘယ်သူနဲ့မှ shareမသုံးချင်ဘူး မသုံးနိုင်ဘူး"

"သူက နင်နဲ့မတူဘူး Ellaက ငါ့ကိုနာကျင်အောင် မလုပ်တဲ့အပြင် ဂရုလည်းစိုက်တယ်"

"သူ့စောက်နာမည်ကိုမပြောစမ်းနဲ့ အဲ့ကကိစ္စတွေအပြင် သူ့ကိုပါ မေ့ပစ်လိုက် "

'မေ့ပစ်ရမယ်ဟုတ်လား ငါ့အပေါ်ကောင်းတဲ့ Ellaကို ငါ မေ့ပစ်ရမယ် ဘယ်လိုမေ့နိုင်ရမှာလည်း "

"ဒါဆို မင်းကို တို့မေ့ပစ်နိုင်အောင် လုပ်ပေးရမှာပေါ့ "

Karinaမှာ ပြောပြီး Winterကို စားပွဲခုံပေါ်တင်လိုက်သည်

ထို့နောက် Winterရဲ့ ​ခြေထောက်နှစ်ချောင်းကို ဆွဲဖြဲလိုက်သည်

Winterရဲ့ ပေါင်ကြားထဲ Karina မျက်နှာအပ်ပြီး သူမရဲ့လျှာကိုစတင်အသုံးပြုလေသည်

"မင်းကို ဘယ်သူပိုင်လည်းဆိုတာ မမေ့နဲ့ Minjeong "

Winterကို Karina စိတ်ကြိုက်လုပ်ပြီးတဲ့နောက်မှာတော့ အဝတ်အစားပြန်ဝတ်ပေးလိုက်သည်

"ရုံးခန်းထဲက အမှိုက်တွေရှင်းလိုက် "

Karinaမှာ Winter လက်ကိုဆွဲပြီး ရုံးခန်းထဲကထွက်လာကာ ဝန်ထမ်းတွေကို အမိန့်ပေးလိုက်သည်

"Hey မှာထားတာတွေရပြီ စားလိုက်ကြအုံး "

Karinaလည်း ခေါင်းညိတ်ပြီး ဝင်ထိုင်လိုက်သည်

ထို့နောက် Winter ပန်းကန်ထဲ ဟင်းတွေကို Karina ခပ်ထည့်ပေးသည်

"အချစ်ကလေး စား...ဒီmenu စားကောင်းတယ် "

Winterမှာ Karinaက ဘာမှမဖြစ်သလိုပုံစံနဲ့ သူမကို ဂရုစိုက်ပေးနေတာကို Winter အံ့သြမိသည်

#tbc

#Zawgyi











"Tae...."












"အဲ့လိုအတွေးမျိုးတစ်ခါမှ မတွေးခဲ့ဖူးဘူး Minjeong မင်းက တို့စိတ်ကိုသိတယ် မဟုတ်လား ....Kim Minjeong မင်းက တို့အပိုင်ဘဲနော် ဒါကို မင်းစိတ်ထဲ မြဲမြဲမှတ်ထားစမ်းပါ "










"ညီမလေးရေ '










"ကောင်းပြီ Winterပေါ့ ..."



"Tiffanyက ဘယ်သူလည်း "


"ငါ့သတို့သမီးလေ "


"ဟုတ်တယ်.... "










"ဘယ်သွားမလို့လည်း "

"တို့ရဲ့ ရုံးခန်း "









"Ka..Karina..."

"Ella....."











"Karina နင်.. "


















#tbc

Bạn đang đọc truyện trên: Truyen3h.Co