Truyen3h.Co

Mine

Part 9

KimFany059


အိပ်နေရင်း လေပေါ်ပျံဝဲသလို ခံစားရလို့ Winter လန့်နိုးလာပြီး အော်လိုက်မိသည်

"ဘာမှမဖြစ်ပါဘူး အချစ်လေးရဲ့ "

Winter ပထမဆုံး သတိထားမိတာက Karina ...Karinaက သူမကို သတို့သမီးတစ်ယောက်လို ပွေ့ချီထားသည်

"ဧည့်သည်အတွက်ထားထားတဲ့ အခန်းထဲ မင်း အိပ်ပျော်နေလို့လေ "

Karinaက ပြောပြီး Winterကို သူမတို့ ကုတင်ပေါ် တင်လိုက်သည် ထို့နောက် Winterကို စောင်သေချာခြုံပေးလိုက်သည်

"အဲ့ဒီမှာဘဲ အိပ်ချင်တာ "

"အခုတော့မရဘူး Minjeong... ဒီမှာဘဲ အိပ်...မနက်ဖြန်မှ စကားဆက်ပြောကြတာပေါ့ "

Karina ကပြောပြီး ကုတင်ပေါ်တက်ကာ Winterဘေးနားသို့ ဝင်အိပ်လိုက်သည်

Winterမှာ အိပ်ရာကလန့်နိုးလာလို့ မျက်လုံးကကြောင်နေပြီ

မျက်လုံးမှိတ်ကာ အသက်ပုံမှန်ရှူပြီး အိပ်နေတဲ့ Karinaကို Winter စိုက်ကြည့်နေမိသည်

"Karina...."

"ရှူး....အိပ်ပါတော့ အသည်းလေးရဲ့ "

Karina တိုးတိုးလေးပြောလိုက်သည်

"ငါ့မိဘတွေ သေဆုံးမှုမှာ နင့်ကို ငါ အပြစ်တင်တယ်လို့ တကယ်ထင်ခဲ့တာလား "

Winterမှာ Karina အဖြေပြန်ပေးမယ့်အချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်နေသည်...

Karinaမှာ မျက်လုံးမှိတ်ထားပြီး အသက်ပြင်းပြင်းရှုလိုက်သည်

"မင်းရဲ့အမက တို့ကို အပြစ်တင်ခဲ့တယ်လေ ဒီတော့ မင်းလည်း တို့ကို အပြစ်တင်မယ်လို့ထင်ခဲ့တယ် ဒါကြောင့် မင်းတို့ကို ထားသွားတာလို့ တွေးခဲ့တာ "

"Wendy Unnieက ငါ့ကိုအပြစ်တင်ခဲ့တာလေ Karina "

"မင်းက တို့နဲ့ အတူရှိနေခဲ့လို့ Wendyက အပြစ်တင်ခဲ့တာ ....ဟုတ်တယ် Wendy Unnieက မင်းကို အပြစ်တင်ခဲ့တယ် မင်းသာ တို့နဲ့ မတွေ့ခဲ့ရင် တို့သာ မင်းကို ရူးရူးမူးမူးမချစ်မိခဲ့ရင် ဒါမျိုးတွေ ဖြစ်လာမှာ မဟုတ်ဘူးလေ ..."

Karina မှာ နောက်ဆုံးတော့ မျက်လုံးဖွင့်ပြီး Winterဘက်ကို ကြည့်ကာ ပြောလိုက်သည်

"သူတို့ကို ဖမ်းမိတဲ့အခါ နင်ဘာလုပ်ခဲ့လည်း Karina "

Karinaမှာ Winterမေးတာကို မဖြေဘဲ Winterနားသို့ တိုးလာသည်

ထို့နောက် Winterရဲ့လည်ပင်းပေါ်မျက်နှာလေးတို့ဝှေ့လိုက်ပြီး

"မနက်ဖြန် မနက်ဖြန်မှ ပြောကြတာပေါ့ Minjeong "

"နင် အဲ့လူကို မနှိပ်စက်သင့်ဘူး Karina...သူ ဘယ်လောက်ဘဲ နှိပ်စက်ခံရဖို့ ထိုက်တန်တယ်ပြောပြော နင် မလုပ်ခဲ့သင့်ဘူး "

"တို့ နောင်တမရဘူး Minjeong"

Karina တွေဝေခြင်းမရှိဘဲ ချက်ချင်း ပြောလိုက်သည်

"Hey နင် အဲ့လိုမပြောရဘူးလေ "

Winterမှာ Karinaစကားကြောင့် မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်

"တို့ အဲ့လိုမလုပ်ဘူးဆိုရင် သူတို့ နောက်ပစ်မှတ်က မင်းဖြစ်သွားမှာ Minjeong တို့ ခွင့်မပြုနိုင်ဘူး သူတို့ မင်းကို အန္တရာယ်မပေးခင် တို့က အရင်လက်ဦးယူလိုက်ရလို့ နောင်တမရဘူး...."

"ငါမလုပ်နိုင်ဘူး ငါဒါမျိုး ဒီလို ဘဝမျိုးမနေနိုင်ဘူး...နင်နဲ့အတူရှိနေလို့ နင့်ရန်သူတွေကို ကြောက်နေရတဲ့ ဘဝမျိုး မနေချင်ဘူး "

"တို့က ကာကွယ်ပေးမှာပေါ့  တို့မရှိတဲ့အခါကျလည်း Johnနဲ့ Mikeတို့က ကာကွယ်ပေးမှာပေါ့ "

"အဲ့လိုမဖြစ်ချင်ဘူး England က ဘုရင်မကြီးလို ငါ့ဘေးနား အစောင့်တွေလိုက်နေတာမျိုးမဖြစ်ချင်ဘူး ငါက ဘုရင်မလည်းမဟုတ် "

"မင်းက တို့ရဲ့ ဘုရင်မလေ Minjeong "

"ငါ တကယ်ပြောနေတာ Karina "

Karinaမှာ သက်ပြင်းချပြီး Winter ပါးဖောင်းဖောင်းလေးကို လက်နဲ့ဖွဖွလေးကိုင်လိုက်သည်

"တို့ မင်းကို ကာကွယ်ပေးမှာပါ "

"ငါကြောက်တယ်..."

"မကြောက်ပါနဲ့ မင်းမှာ တို့ရှိပါတယ်... "

"ငါက နင့်ကို ပိုကြောက်တယ် "

Winterရဲ့ စကားကြောင့် Karina မျက်နှာပေါ်က အပြုံးတွေပျောက်ကွယ်သွားသည်

"တို့ မင်းကို ချစ်တယ် "

"နင် ငါ့ကို နာကျင်အောင်လုပ်တယ် Karina "

"မင်းလည်း တို့ကို နာကျင်အောင်လုပ်တာဘဲ "

"နင် ငါ ဘယ်လိုခံစားရမလည်းဆိုတာ စဥ်းစားကြည့် ... ငါချစ်ခဲ့ရတဲ့ အမျိုးသမီးက အမျိုးသားတစ်ယောက်ကို သေတဲ့အထိနှိပ်စက်ခဲ့တာမြင်ရပြီး ဟော ငါ့အမရဲ့ ခေါင်းကိုပါ တစ်လောက သေနတ်နဲ့ချိန်ထားသေးတယ်  ပြီးတော့ ငါသောက်ရမ်းစိတ်တိုတယ်သိလား နင်ငါ့ကို အရုပ်လို သဘောထားတယ်  ငါတို့အတွက် အမှတ်တရတွေပြည့်နေတဲ့ အိမ်မှာ ထောင်ကျနေသလို ငါ့ကို ဖမ်းချုပ်ထားတယ် အဲ့တာ အချစ်မဟုတ်ဘူး နင်အရင်က ငါ့ကို အဲ့လိုချစ်ခဲ့တာ မဟုတ်ဘူး "

"တို့ တောင်းပန်ပါတယ် Minjeong တို့ကို အခွင့်အရေးလေးထပ်ပေးပါလား "

"ငါတို့ နှစ်ယောက်လုံးက စိတ်တိုနေကြတုံးဘဲ Karina...ဒါက အလုပ်မဖြစ်ဘူး နင်ငါ့ကိုလွှတ်ပေးပြီး "

"ဟင့်အင်း မလွှတ်ပေးဘူး မင်း မေ့ပစ်လိုက်တာ ပိုကောင်းမယ် "

"အဲ့မှာ ငါရှိနေဖို့လိုတယ် ငါလိုအပ်နေတာအားလုံး အဲ့ဒီမှာရှိတယ် "

"ဒီမှာလည်း ပြည့်စုံအောင်ထားပေးနေတာ မဟုတ်ဘူးလား "

"နင်က ဘာဖြစ်ချင်နေတာလည်း Karina "

"တို့ မင်းကို တို့ဘဝတစ်ခုလုံးနဲ့ ရင်းပြီးချစ်တယ် အရင်က ဆက်ဆံရေးလေး ပြန်လိုချင်ရုံပါ "

"နင် ဒီလိုပုံစံနဲ့တော့ အရင်က ဆက်ဆံရေးပြန်ရမှာ မဟုတ်ဘူး...နင်က ဒေါသထွက်လွယ်တယ် အထိန်းအကွပ်မရှိဘူး .... ဒုစရိုက်နဲ့ပတ်သက်တဲ့ သွေးထွက်သံယိုကိစ္စတွေလည်း နင်က ဦးဆောင်နေတယ်  "

"တို့တွေ "

"မလုပ်နိုင်ဘူး "

"အနည်းဆုံ ကြိုးစားကြည့်ရအောင် Minjeongရယ် "

'ငါမလုပ်နိုင်ဘူး "

"မင်း ကြာလာရင် နေသားကျသွားမှာပါ "

"တွေ့လား....နင်ငါ့ကို တိရစ္ဆာန်တစ်ကောင်လို နင်လိုချင်တဲ့ပုံစံပုံသွင်းနေတာ  ငါပြောချင်တာ သိတယ်မလား နင်ဘယ်သူလည်းတောင် ငါမသိတော့ဘူး နင်က ငါချစ်ခဲ့တဲ့သူလို့ ပြောနေပေမယ့် ငါ့ချစ်ခဲ့တဲ့ Jimin မဟုတ်ဘူး ငါ ပင်ပန်းနေပြီ Karina ရယ် "

Karinaမှာ ဘာမှမတုံ့ပြန်ဘဲ မျက်လုံးမှိတ်ထားလိုက်သည်

"ငါ နင့်ကို အရမ်းမုန်းတာဘဲ Karinaရယ် "

"ဟင့်အင်း မင်းတို့ကို မမုန်းရက်ပါဘူး မနက်ဖြန်ကျရင် အရင်ကနေ့တွေနဲ့ မတူစေရဘူးလို့ တို့ကတိပေးတယ် နော် "

Karinaမှာ ပြောပြီး Winterရဲ့ နဖူးလေးကို နမ်းလိုက်သည်

Winter ညက ငိုရင်း ပင်ပန်းပြီး ဘယ်လိုအိပ်ပျော်သွားမှန်းမသိပေ

နိုးလာတော့ Karinaက သူမဘေးနားမရှိပေ Winterလည်း မျက်နှာသစ်ရေချိုးပြီး အောက်ထပ်သို့ဆင်းလာသည်

အောက်ထပ်သို့ ​ဆင်းလာရင်း သီချင်းသံညည်းသံလေးကိုကြားရသည်

အသံကြားရာကို Winterကြည့်တော့ Karinaက မီခိုးခန်ထဲ coffeeဖျော်နေပြီး Mikeတို့က လက်ကိုနောက်ပစ်ပြီးရပ်စောင့်နေကြသည်

"Oh Good Morningပါ အချစ်လေးရေ... နိုးပြီလား ..."

Karinaမှာ နူးညံ့တဲ့အပြုံးလေးနဲ့ သူမကို နှုတ်ဆက်လိုက်သောကြောင့် Winterမှာ အံ့သြသွားရသေးသည်

"Good Morning ပါ Miss Kim "

Mikeမှာ Winterကို ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်

"Winter..."

"ဗျာ "

"ငါ့ကို Winterလို့ဘဲခေါ်ပါ Miss Kimလို့ခေါ်တာ အဆင်မပြေလို့ "

"အာ ဟုတ်ကဲ့ဗျာ့ "

Johnကလည်း အလိုက်သိစွာ Mikeကိုခေါ်ပြီး Karinaကို နှုတ်ဆက်ကာ မီးဖိုခန်းထဲက ထွက်လာသည်

Karinaလည်း Winterကို စားပွဲဝိုင်းတွင် ထိုင်ခိုင်းလိုက်သည်

"ဘာသောက်မလည်း coffeeလား "

"Caffeine သောက်ချင်တယ် "

"ထပ်ပြီလား "

Winterမှာ သူမရဲ့ anxiety ကြောင့် caffeine ကို တစ်နေ့နှစ်ခွက်အမြဲသောက်လေ့ရှိသည်

Karinaက ဆရာဝန်ဆီသွားပြဖို့ ပြောပေမယ့် Winterက ခေါင်းမာတယ်လေ

"ဟုတ်တယ်လေ ငါ့ anxietyက ဆရာဝန်ဆီ သွားမပြတော့ ပိုဆိုးတာပေါ့ ငါ့မှာ ရွေးစရာမှမရှိတာ "

"ဆရာဝန်​ဆီ သွားမပြဘဲ လက်လွတ်စပယ်နေတာ မကောင်းဘူးထင်တယ်နော် Minjeong "

"ငါ့ကို သမီးတစ်ယောက်လို မဆူစမ်းပါနဲ့ '

"မင်းကို တို့စိတ်ပူလို့ပြောနေတာ "

"အဲ့လိုဖြစ်အောင် နင်လုပ်ခဲ့တာလေ "

"တို့ဆီကထွက်သွားဖို့ ဘယ်သူမှမပြောခဲ့ပါဘူးနော် "

"တော်ပြီ ဒီနေ့တော့ ရန်မဖြစ်နိုင်တော့ဘူး ငါမောနေပြီ Karina "

"မင်းကို ဒီနေ့က အရင်ကနဲ့မတူစေရဘူးလို့ ကတိပေးခဲ့တယ်မဟုတ်လား "

"Oh အခု နင်က ငါနဲ့စကားနိုင်လုရင်း ကတိတည်နေတာပေါ့ "

"ဟော မင်းကအရင်တို့ကို စကားနာထိုးနေတာလေ "

"ဟွန့်..."

"တို့နဲ့အတူ ညစာစားပေးနိုင်မလား Minjeong "

"လာနောက်နေတာလား"

"တို့ အသစ်ဆောက်ထားတဲ့ စားသောက်ဆိုင်အသစ်ဆီ မင်းကို ခေါ်သွားချင်တယ် ပြီးတော့ အသစ်ထပ်ဆောက်ထားတဲ့ clubဆီရောပေါ့ "

"မသွားချင်ဘူး "

"Minjeongကလည်း "

"မသွားချင်ပါဘူးဆို "

"Aeriနဲ့ Yizhuoပါ လာမယ်ဆိုရင်ရော ..."

"မသွားချင်ဘူး "

Karina တစ်ယောက် ဂျစ်တူး Winterကြောင့် ခေါင်းခြောက်နေပြီလေ ပြောသမျှ လက်မခံဘဲ ဘူးချည်းထိုင်ငြင်းနေတယ်

"Taeyeonလာမယ်ဆိုရင်ရော "

Karinaရဲ့ စကားကြောင့် Winter မျက်လုံးပြူးသွားသည်

"ဘာပြောတယ် "

"Taeyeonက တို့တွေနဲ့အတူ ညစာလိုက်စားမယ်ဆိုရင်ရော မင်း လိုက်ခဲ့မှာလား "

"သူ သူက Europe မှာ မဟုတ်ဘူးလား "

"မင်း အိမ်ပြန်ရောက်ပြီ သတင်းကြားလို့တဲ့ သူ လေယာဥ်နဲ့ ဒီနေ့ဘဲဲပြန်လာတယ်... စိတ်ဝင်စားတယ်မလား.... မင်းက တို့အမကို ဘယ်လောက် ခင်တွယ်လည်းဆိုတာ တို့သိပါတယ်  "

"ဒါဆို ငါ့ကို လွတ်လပ်ခွင့်ပေးမှာလား ..."

"မင်း ဥာဏ်ကောင်းမှန်း တို့သိပါတယ် baby တို့ ကမ်းလှမ်းချက်ကို လက်ခံရင် ကျန်တာ ဆက်ဆွေးနွေးလို့ရတယ် မဟုတ်လား..."

"ငါက လက်မခံဘူးဆိုရင်ရော "

"တို့ကို ရန်မစပါနဲ့ အချစ်ရယ် "

"ငါ့ကို ဘာလုပ်ညာလုပ်ဆိုပြီး အမိန့်ပေးတာ ရပ်မယ်ဆို လက်ခံမယ် "

"မင်းက လူတွေကိုစိန်ခေါ်ရတာ သိပ်ကြိုက်တာဘဲနော် Minjeong ဒါကြောင့်လည်း တို့ငယ်ငယ်ကတည်းက မင်းကို သတိထားမိတာ မင်းက ရန်ဖြစ်ချင်လာအောင် ဘယ်လိုဆွပေးရမလည်းဆိုတာ သိလို့ "

".."

"ဒါကိုလည်း မင်း ကိုင်တွယ်နိုင်မယ်ထင်တယ်  မင်းသိရမယ့် အရာတွေရှိတယ် အဲ့အရာတွေ သိသွားရင် မင်းက တို့..."

"နင်နဲ့ငါက မတူဘူး Karina "

"တို့ ​ဘာကိုပြောချင်လည်းဆိုတာ မင်းသိလာမှာပါ "

'လျို့ဝှက်ထားတာတွေ တော်တော့ ငါကိုပြောမှာဖြင့် ပြောစမ်းပါ Karina "

"အခုကအချိန်မတန်သေးဘူး အချိန်တန်လာရင် သိရလိမ့်မယ် "

"ငါ နင့်ကို မုန်းတယ် "

"အချစ်ရယ် မင်းက တို့ကို စိတ်ဆိုးနေရုံပါ... မင်းကိုယ်မင်း ငြင်းဆန်နေတာကို ရပ်ပြီး မင်း တို့ကို ချစ်နေတုံးဘဲဆိုတာ လက်ခံသင့်တယ် ..."

"ဆုတောင်းလေ "

****

"အငယ်လေး...."

Winterမှာ Taeyeonကို တွေ့တော့ ပျော်ပြီး ခုန်ပေါက်ကာ Taeyeon ရင်ခွင်ထဲ ပြေးဝင်သွားသည်

Taeyeonမှာလည်း Winterကို တင်းတင်းကြပ်ကြပ်ဖက်ထားသည်

"ဖက်ထားတာလျော့ပါအုံး "

"နင် တစ်ခုလေးတောင် ပြောင်းလဲမသွားဘူးဘဲ Jimin... "

Taeyeonမှာ သူ့ညီမကို ကြည့်ပြီး ပြောလိုက်သည်

Taeyeonက...Jiminနဲ့မတူဘူးဆိုပေမယ့် Yu familyနဲ့ပတ်သက်နေတဲ့ အလုပ်တွေကိုတော့ လုပ်နေတယ်ဆိုတာ Winterသိသည်

စစချင်းတော့ Karinaကို နူးညံ့သိမ်မွေ့မယ်လို့ Winterထင်ခဲ့ပေမယ့် အထင်နဲ့အမြင်လွဲသွားတယ်လေ

"ဒီကလေးမ လေးနှစ်ကြီးများတောင် ထွက်ပြေးသွားခဲ့တာဆိုတော့ အဲ့လေးနှစ်အတွင်း သူ singleအနေနဲ့ ဖြတ်သန်းမယ်လို့ နင်ထင်လား Jimin "

Taeyeon ရဲ့ မြင်မြင်ချင်း နှုတ်ဆက်လိုက်တဲ့ စကားကြောင့် Winter ရင်တွေတုန်သွားသည်

Karinaကို Winter လှမ်းကြည့်တော့ နားရွက်တွေနီရဲလာတဲ့ Karina တစ်ယောက် သူမကို မျက်ဝန်းအနက်တွေနဲ့ စိုက်ကြည့်နေသည်

Yu ညီအမနှစ်ယောက်ကြား Winter လက်တွေတုန်ပြီး ဘယ်လိုပြန်ဖြေရမလည်းမသိပေ....

#Tbc

#zawgyi

အိပ္ေနရင္း ေလေပၚပ်ံဝဲသလို ခံစားရလို႔ Winter လန့္နိုးလာၿပီး ေအာ္လိုက္မိသည္

"ဘာမွမျဖစ္ပါဘူး အခ်စ္ေလးရဲ႕ "

Winter ပထမဆုံး သတိထားမိတာက Karina ...Karinaက သူမကို သတို႔သမီးတစ္ေယာက္လို ေပြ႕ခ်ီထားသည္

"ဧည့္သည္အတြက္ထားထားတဲ့ အခန္းထဲ မင္း အိပ္ေပ်ာ္ေနလို႔ေလ "

Karinaက ေျပာၿပီး Winterကို သူမတို႔ ကုတင္ေပၚ တင္လိုက္သည္ ထို႔ေနာက္ Winterကို ေစာင္ေသခ်ာၿခဳံေပးလိုက္သည္

"အဲ့ဒီမွာဘဲ အိပ္ခ်င္တာ "

"အခုေတာ့မရဘူး Minjeong... ဒီမွာဘဲ အိပ္...မနက္ျဖန္မွ စကားဆက္ေျပာၾကတာေပါ့ "

Karina ကေျပာၿပီး ကုတင္ေပၚတက္ကာ Winterေဘးနားသို႔ ဝင္အိပ္လိုက္သည္

Winterမွာ အိပ္ရာကလန့္နိုးလာလို႔ မ်က္လုံးကေၾကာင္ေနၿပီ

မ်က္လုံးမွိတ္ကာ အသက္ပုံမွန္ရႉၿပီး အိပ္ေနတဲ့ Karinaကို Winter စိုက္ၾကည့္ေနမိသည္

"Karina...."

"ရႉး....အိပ္ပါေတာ့ အသည္းေလးရဲ႕ "

Karina တိုးတိုးေလးေျပာလိုက္သည္

"ငါ့မိဘေတြ ေသဆုံးမႈမွာ နင့္ကို ငါ အျပစ္တင္တယ္လို႔ တကယ္ထင္ခဲ့တာလား "

Winterမွာ Karina အေျဖျပန္ေပးမယ့္အခ်ိန္ကို စိတ္ရွည္ရွည္နဲ႕ ေစာင့္ေနသည္...

Karinaမွာ မ်က္လုံးမွိတ္ထားၿပီး အသက္ျပင္းျပင္းရႈလိုက္သည္

"မင္းရဲ႕အမက တို႔ကို အျပစ္တင္ခဲ့တယ္ေလ ဒီေတာ့ မင္းလည္း တို႔ကို အျပစ္တင္မယ္လို႔ထင္ခဲ့တယ္ ဒါေၾကာင့္ မင္းတို႔ကို ထားသြားတာလို႔ ေတြးခဲ့တာ "

"Wendy Unnieက ငါ့ကိုအျပစ္တင္ခဲ့တာေလ Karina "

"မင္းက တို႔နဲ႕ အတူရွိေနခဲ့လို႔ Wendyက အျပစ္တင္ခဲ့တာ ....ဟုတ္တယ္ Wendy Unnieက မင္းကို အျပစ္တင္ခဲ့တယ္ မင္းသာ တို႔နဲ႕ မေတြ႕ခဲ့ရင္ တို႔သာ မင္းကို ႐ူး႐ူးမူးမူးမခ်စ္မိခဲ့ရင္ ဒါမ်ိဳးေတြ ျဖစ္လာမွာ မဟုတ္ဘူးေလ ..."

Karina မွာ ေနာက္ဆုံးေတာ့ မ်က္လုံးဖြင့္ၿပီး Winterဘက္ကို ၾကည့္ကာ ေျပာလိုက္သည္

"သူတို႔ကို ဖမ္းမိတဲ့အခါ နင္ဘာလုပ္ခဲ့လည္း Karina "

Karinaမွာ Winterေမးတာကို မေျဖဘဲ Winterနားသို႔ တိုးလာသည္

ထို႔ေနာက္ Winterရဲ႕လည္ပင္းေပၚမ်က္ႏွာေလးတို႔ေဝွ႕လိုက္ၿပီး

"မနက္ျဖန္ မနက္ျဖန္မွ ေျပာၾကတာေပါ့ Minjeong "

"နင္ အဲ့လူကို မႏွိပ္စက္သင့္ဘူး Karina...သူ ဘယ္ေလာက္ဘဲ ႏွိပ္စက္ခံရဖို႔ ထိုက္တန္တယ္ေျပာေျပာ နင္ မလုပ္ခဲ့သင့္ဘူး "

"တို႔ ေနာင္တမရဘူး Minjeong"

Karina ေတြေဝျခင္းမရွိဘဲ ခ်က္ခ်င္း ေျပာလိုက္သည္

"Hey နင္ အဲ့လိုမေျပာရဘူးေလ "

Winterမွာ Karinaစကားေၾကာင့္ မ်က္ေမွာင္ၾကဳတ္ၿပီး ေျပာလိုက္သည္

"တို႔ အဲ့လိုမလုပ္ဘူးဆိုရင္ သူတို႔ ေနာက္ပစ္မွတ္က မင္းျဖစ္သြားမွာ Minjeong တို႔ ခြင့္မျပဳနိုင္ဘူး သူတို႔ မင္းကို အႏၱရာယ္မေပးခင္ တို႔က အရင္လက္ဦးယူလိုက္ရလို႔ ေနာင္တမရဘူး...."

"ငါမလုပ္နိုင္ဘူး ငါဒါမ်ိဳး ဒီလို ဘဝမ်ိဳးမေနနိုင္ဘူး...နင္နဲ႕အတူရွိေနလို႔ နင့္ရန္သူေတြကို ေၾကာက္ေနရတဲ့ ဘဝမ်ိဳး မေနခ်င္ဘူး "

"တို႔က ကာကြယ္ေပးမွာေပါ့  တို႔မရွိတဲ့အခါက်လည္း Johnနဲ႕ Mikeတို႔က ကာကြယ္ေပးမွာေပါ့ "

"အဲ့လိုမျဖစ္ခ်င္ဘူး England က ဘုရင္မႀကီးလို ငါ့ေဘးနား အေစာင့္ေတြလိုက္ေနတာမ်ိဳးမျဖစ္ခ်င္ဘူး ငါက ဘုရင္မလည္းမဟုတ္ "

"မင္းက တို႔ရဲ႕ ဘုရင္မေလ Minjeong "

"ငါ တကယ္ေျပာေနတာ Karina "

Karinaမွာ သက္ျပင္းခ်ၿပီး Winter ပါးေဖာင္းေဖာင္းေလးကို လက္နဲ႕ဖြဖြေလးကိုင္လိုက္သည္

"တို႔ မင္းကို ကာကြယ္ေပးမွာပါ "

"ငါေၾကာက္တယ္..."

"မေၾကာက္ပါနဲ႕ မင္းမွာ တို႔ရွိပါတယ္... "

"ငါက နင့္ကို ပိုေၾကာက္တယ္ "

Winterရဲ႕ စကားေၾကာင့္ Karina မ်က္ႏွာေပၚက အၿပဳံးေတြေပ်ာက္ကြယ္သြားသည္

"တို႔ မင္းကို ခ်စ္တယ္ "

"နင္ ငါ့ကို နာက်င္ေအာင္လုပ္တယ္ Karina "

"မင္းလည္း တို႔ကို နာက်င္ေအာင္လုပ္တာဘဲ "

"နင္ ငါ ဘယ္လိုခံစားရမလည္းဆိုတာ စဥ္းစားၾကည့္ ... ငါခ်စ္ခဲ့ရတဲ့ အမ်ိဳးသမီးက အမ်ိဳးသားတစ္ေယာက္ကို ေသတဲ့အထိႏွိပ္စက္ခဲ့တာျမင္ရၿပီး ေဟာ ငါ့အမရဲ႕ ေခါင္းကိုပါ တစ္ေလာက ေသနတ္နဲ႕ခ်ိန္ထားေသးတယ္  ၿပီးေတာ့ ငါေသာက္ရမ္းစိတ္တိုတယ္သိလား နင္ငါ့ကို အ႐ုပ္လို သေဘာထားတယ္  ငါတို႔အတြက္ အမွတ္တရေတြျပည့္ေနတဲ့ အိမ္မွာ ေထာင္က်ေနသလို ငါ့ကို ဖမ္းခ်ဳပ္ထားတယ္ အဲ့တာ အခ်စ္မဟုတ္ဘူး နင္အရင္က ငါ့ကို အဲ့လိုခ်စ္ခဲ့တာ မဟုတ္ဘူး "

"တို႔ ေတာင္းပန္ပါတယ္ Minjeong တို႔ကို အခြင့္အေရးေလးထပ္ေပးပါလား "

"ငါတို႔ ႏွစ္ေယာက္လုံးက စိတ္တိုေနၾကတုံးဘဲ Karina...ဒါက အလုပ္မျဖစ္ဘူး နင္ငါ့ကိုလႊတ္ေပးၿပီး "

"ဟင့္အင္း မလႊတ္ေပးဘူး မင္း ေမ့ပစ္လိုက္တာ ပိုေကာင္းမယ္ "

"အဲ့မွာ ငါရွိေနဖို႔လိုတယ္ ငါလိုအပ္ေနတာအားလုံး အဲ့ဒီမွာရွိတယ္ "

"ဒီမွာလည္း ျပည့္စုံေအာင္ထားေပးေနတာ မဟုတ္ဘူးလား "

"နင္က ဘာျဖစ္ခ်င္ေနတာလည္း Karina "

"တို႔ မင္းကို တို႔ဘဝတစ္ခုလုံးနဲ႕ ရင္းၿပီးခ်စ္တယ္ အရင္က ဆက္ဆံေရးေလး ျပန္လိုခ်င္႐ုံပါ "

"နင္ ဒီလိုပုံစံနဲ႕ေတာ့ အရင္က ဆက္ဆံေရးျပန္ရမွာ မဟုတ္ဘူး...နင္က ေဒါသထြက္လြယ္တယ္ အထိန္းအကြပ္မရွိဘူး .... ဒုစရိုက္နဲ႕ပတ္သက္တဲ့ ေသြးထြက္သံယိုကိစၥေတြလည္း နင္က ဦးေဆာင္ေနတယ္  "

"တို႔ေတြ "

"မလုပ္နိုင္ဘူး "

"အနည္းဆုံ ႀကိဳးစားၾကည့္ရေအာင္ Minjeongရယ္ "

'ငါမလုပ္နိုင္ဘူး "

"မင္း ၾကာလာရင္ ေနသားက်သြားမွာပါ "

"ေတြ႕လား....နင္ငါ့ကို တိရစ္ဆာန္တစ္ေကာင္လို နင္လိုခ်င္တဲ့ပုံစံပုံသြင္းေနတာ  ငါေျပာခ်င္တာ သိတယ္မလား နင္ဘယ္သူလည္းေတာင္ ငါမသိေတာ့ဘူး နင္က ငါခ်စ္ခဲ့တဲ့သူလို႔ ေျပာေနေပမယ့္ ငါ့ခ်စ္ခဲ့တဲ့ Jimin မဟုတ္ဘူး ငါ ပင္ပန္းေနၿပီ Karina ရယ္ "

Karinaမွာ ဘာမွမတုံ႕ျပန္ဘဲ မ်က္လုံးမွိတ္ထားလိုက္သည္

"ငါ နင့္ကို အရမ္းမုန္းတာဘဲ Karinaရယ္ "

"ဟင့္အင္း မင္းတို႔ကို မမုန္းရက္ပါဘူး မနက္ျဖန္က်ရင္ အရင္ကေန႕ေတြနဲ႕ မတူေစရဘူးလို႔ တို႔ကတိေပးတယ္ ေနာ္ "

Karinaမွာ ေျပာၿပီး Winterရဲ႕ နဖူးေလးကို နမ္းလိုက္သည္

Winter ညက ငိုရင္း ပင္ပန္းၿပီး ဘယ္လိုအိပ္ေပ်ာ္သြားမွန္းမသိေပ

နိုးလာေတာ့ Karinaက သူမေဘးနားမရွိေပ Winterလည္း မ်က္ႏွာသစ္ေရခ်ိဳးၿပီး ေအာက္ထပ္သို႔ဆင္းလာသည္

ေအာက္ထပ္သို႔ ဆင္းလာရင္း သီခ်င္းသံညည္းသံေလးကိုၾကားရသည္

အသံၾကားရာကို Winterၾကည့္ေတာ့ Karinaက မီခိုးခန္ထဲ coffeeေဖ်ာ္ေနၿပီး Mikeတို႔က လက္ကိုေနာက္ပစ္ၿပီးရပ္ေစာင့္ေနၾကသည္

"Oh Good Morningပါ အခ်စ္ေလးေရ... နိုးၿပီလား ..."

Karinaမွာ ႏူးညံ့တဲ့အၿပဳံးေလးနဲ႕ သူမကို ႏႈတ္ဆက္လိုက္ေသာေၾကာင့္ Winterမွာ အံ့ၾသသြားရေသးသည္

"Good Morning ပါ Miss Kim "

Mikeမွာ Winterကို ဦးၫႊတ္ကာ ႏႈတ္ဆက္လိုက္သည္

"Winter..."

"ဗ်ာ "

"ငါ့ကို Winterလို႔ဘဲေခၚပါ Miss Kimလို႔ေခၚတာ အဆင္မေျပလို႔ "

"အာ ဟုတ္ကဲ့ဗ်ာ့ "

Johnကလည္း အလိုက္သိစြာ Mikeကိုေခၚၿပီး Karinaကို ႏႈတ္ဆက္ကာ မီးဖိုခန္းထဲက ထြက္လာသည္

Karinaလည္း Winterကို စားပြဲဝိုင္းတြင္ ထိုင္ခိုင္းလိုက္သည္

"ဘာေသာက္မလည္း coffeeလား "

"Caffeine ေသာက္ခ်င္တယ္ "

"ထပ္ၿပီလား "

Winterမွာ သူမရဲ႕ anxiety ေၾကာင့္ caffeine ကို တစ္ေန႕ႏွစ္ခြက္အၿမဲေသာက္ေလ့ရွိသည္

Karinaက ဆရာဝန္ဆီသြားျပဖို႔ ေျပာေပမယ့္ Winterက ေခါင္းမာတယ္ေလ

"ဟုတ္တယ္ေလ ငါ့ anxietyက ဆရာဝန္ဆီ သြားမျပေတာ့ ပိုဆိုးတာေပါ့ ငါ့မွာ ေ႐ြးစရာမွမရွိတာ "

"ဆရာဝန္ဆီ သြားမျပဘဲ လက္လြတ္စပယ္ေနတာ မေကာင္းဘူးထင္တယ္ေနာ္ Minjeong "

"ငါ့ကို သမီးတစ္ေယာက္လို မဆူစမ္းပါနဲ႕ '

"မင္းကို တို႔စိတ္ပူလို႔ေျပာေနတာ "

"အဲ့လိုျဖစ္ေအာင္ နင္လုပ္ခဲ့တာေလ "

"တို႔ဆီကထြက္သြားဖို႔ ဘယ္သူမွမေျပာခဲ့ပါဘူးေနာ္ "

"ေတာ္ၿပီ ဒီေန႕ေတာ့ ရန္မျဖစ္နိုင္ေတာ့ဘူး ငါေမာေနၿပီ Karina "

"မင္းကို ဒီေန႕က အရင္ကနဲ႕မတူေစရဘူးလို႔ ကတိေပးခဲ့တယ္မဟုတ္လား "

"Oh အခု နင္က ငါနဲ႕စကားနိုင္လုရင္း ကတိတည္ေနတာေပါ့ "

"ေဟာ မင္းကအရင္တို႔ကို စကားနာထိုးေနတာေလ "

"ဟြန့္..."

"တို႔နဲ႕အတူ ညစာစားေပးနိုင္မလား Minjeong "

"လာေနာက္ေနတာလား"

"တို႔ အသစ္ေဆာက္ထားတဲ့ စားေသာက္ဆိုင္အသစ္ဆီ မင္းကို ေခၚသြားခ်င္တယ္ ၿပီးေတာ့ အသစ္ထပ္ေဆာက္ထားတဲ့ clubဆီေရာေပါ့ "

"မသြားခ်င္ဘူး "

"Minjeongကလည္း "

"မသြားခ်င္ပါဘူးဆို "

"Aeriနဲ႕ Yizhuoပါ လာမယ္ဆိုရင္ေရာ ..."

"မသြားခ်င္ဘူး "

Karina တစ္ေယာက္ ဂ်စ္တူး Winterေၾကာင့္ ေခါင္းေျခာက္ေနၿပီေလ ေျပာသမွ် လက္မခံဘဲ ဘူးခ်ည္းထိုင္ျငင္းေနတယ္

"Taeyeonလာမယ္ဆိုရင္ေရာ "

Karinaရဲ႕ စကားေၾကာင့္ Winter မ်က္လုံးျပဴးသြားသည္

"ဘာေျပာတယ္ "

"Taeyeonက တို႔ေတြနဲ႕အတူ ညစာလိုက္စားမယ္ဆိုရင္ေရာ မင္း လိုက္ခဲ့မွာလား "

"သူ သူက Europe မွာ မဟုတ္ဘူးလား "

"မင္း အိမ္ျပန္ေရာက္ၿပီ သတင္းၾကားလို႔တဲ့ သူ ေလယာဥ္နဲ႕ ဒီေန႕ဘဲဲျပန္လာတယ္... စိတ္ဝင္စားတယ္မလား.... မင္းက တို႔အမကို ဘယ္ေလာက္ ခင္တြယ္လည္းဆိုတာ တို႔သိပါတယ္  "

"ဒါဆို ငါ့ကို လြတ္လပ္ခြင့္ေပးမွာလား ..."

"မင္း ဥာဏ္ေကာင္းမွန္း တို႔သိပါတယ္ baby တို႔ ကမ္းလွမ္းခ်က္ကို လက္ခံရင္ က်န္တာ ဆက္ေဆြးႏြေးလို႔ရတယ္ မဟုတ္လား..."

"ငါက လက္မခံဘူးဆိုရင္ေရာ "

"တို႔ကို ရန္မစပါနဲ႕ အခ်စ္ရယ္ "

"ငါ့ကို ဘာလုပ္ညာလုပ္ဆိုၿပီး အမိန့္ေပးတာ ရပ္မယ္ဆို လက္ခံမယ္ "

"မင္းက လူေတြကိုစိန္ေခၚရတာ သိပ္ႀကိဳက္တာဘဲေနာ္ Minjeong ဒါေၾကာင့္လည္း တို႔ငယ္ငယ္ကတည္းက မင္းကို သတိထားမိတာ မင္းက ရန္ျဖစ္ခ်င္လာေအာင္ ဘယ္လိုဆြေပးရမလည္းဆိုတာ သိလို႔ "

".."

"ဒါကိုလည္း မင္း ကိုင္တြယ္နိုင္မယ္ထင္တယ္  မင္းသိရမယ့္ အရာေတြရွိတယ္ အဲ့အရာေတြ သိသြားရင္ မင္းက တို႔..."

"နင္နဲ႕ငါက မတူဘူး Karina "

"တို႔ ဘာကိုေျပာခ်င္လည္းဆိုတာ မင္းသိလာမွာပါ "

'လ်ိဳ႕ဝွက္ထားတာေတြ ေတာ္ေတာ့ ငါကိုေျပာမွာျဖင့္ ေျပာစမ္းပါ Karina "

"အခုကအခ်ိန္မတန္ေသးဘူး အခ်ိန္တန္လာရင္ သိရလိမ့္မယ္ "

"ငါ နင့္ကို မုန္းတယ္ "

"အခ်စ္ရယ္ မင္းက တို႔ကို စိတ္ဆိုးေန႐ုံပါ... မင္းကိုယ္မင္း ျငင္းဆန္ေနတာကို ရပ္ၿပီး မင္း တို႔ကို ခ်စ္ေနတုံးဘဲဆိုတာ လက္ခံသင့္တယ္ ..."

"ဆုေတာင္းေလ "

****

"အငယ္ေလး...."

Winterမွာ Taeyeonကို ေတြ႕ေတာ့ ေပ်ာ္ၿပီး ခုန္ေပါက္ကာ Taeyeon ရင္ခြင္ထဲ ေျပးဝင္သြားသည္

Taeyeonမွာလည္း Winterကို တင္းတင္းၾကပ္ၾကပ္ဖက္ထားသည္

"ဖက္ထားတာေလ်ာ့ပါအုံး "

"နင္ တစ္ခုေလးေတာင္ ေျပာင္းလဲမသြားဘူးဘဲ Jimin... "

Taeyeonမွာ သူ႕ညီမကို ၾကည့္ၿပီး ေျပာလိုက္သည္

Taeyeonက...Jiminနဲ႕မတူဘူးဆိုေပမယ့္ Yu familyနဲ႕ပတ္သက္ေနတဲ့ အလုပ္ေတြကိုေတာ့ လုပ္ေနတယ္ဆိုတာ Winterသိသည္

စစခ်င္းေတာ့ Karinaကို ႏူးညံ့သိမ္ေမြ႕မယ္လို႔ Winterထင္ခဲ့ေပမယ့္ အထင္နဲ႕အျမင္လြဲသြားတယ္ေလ

"ဒီကေလးမ ေလးႏွစ္ႀကီးမ်ားေတာင္ ထြက္ေျပးသြားခဲ့တာဆိုေတာ့ အဲ့ေလးႏွစ္အတြင္း သူ singleအေနနဲ႕ ျဖတ္သန္းမယ္လို႔ နင္ထင္လား Jimin "

Taeyeon ရဲ႕ ျမင္ျမင္ခ်င္း ႏႈတ္ဆက္လိုက္တဲ့ စကားေၾကာင့္ Winter ရင္ေတြတုန္သြားသည္

Karinaကို Winter လွမ္းၾကည့္ေတာ့ နား႐ြက္ေတြနီရဲလာတဲ့ Karina တစ္ေယာက္ သူမကို မ်က္ဝန္းအနက္ေတြနဲ႕ စိုက္ၾကည့္ေနသည္

Yu ညီအမႏွစ္ေယာက္ၾကား Winter လက္ေတြတုန္ၿပီး ဘယ္လိုျပန္ေျဖရမလည္းမသိေပ....

#Tbc

Bạn đang đọc truyện trên: Truyen3h.Co