Part 16
#unicode
"စိတ်လှုပ်ရှားနေလား "
ကားပြတင်းပေါက်အပြင်ဘက်ကို ငေးကြည့်နေတဲ့ Winterကို Karina မေးလိုက်သည်
"စိတ်လှုပ်ရှားနေတာလား? "
Winterက ပြန်မေးခွန်းထုတ်တော့ Karinaက Winterကို တစ်ချက်ကြည့်ပြီး ကားလမ်းမကို အာရုံပြန်စိုက်လိုက်သည်
"အပြင်ထွက်ရလို့လေ Minjeong "
"ဒီအတိုင်း Taeyeonကို တွေ့ရဖို့ကို "
"အင်းပါလေ တို့ကသာ စိတ်လှုပ်ရှားနေတာ နေမှာပါ "
Winterမှာ ကားလမ်းမကို ကြည့်ပြီး အာရုံစိုက်ကာ ကားသေချာမောင်းနေတဲ့ Karinaကို တစိမ့်စိမ့်ကြည့်နေမိသည်
Karinaဟာ Side profileကအစ အရမ်းပြည့်စုံလှပလွန်းသည်....
Karinaကို စိုက်ကြည့်ရင်း Karinaလက်က ဒဏ်ရာတစ်ချို့ကိုလည်း Winter တွေ့လိုက်သည်
Winterက အသံတိတ်နေလို့ Karina ကားမောင်းရင်း Winterကို ကြည့်လိုက်တော့ သူမကို စိုက်ကြည့်နေတာကို တွေ့ရသည်
"ဘာဖြစ်လို့လည်း.... အချစ်လေး "
Winterမှာ Karinaရဲ့ မျက်နှာလေးကို လက်ဖြင့်ဖွဖွလေးကိုင်လိုက်သည်
"နင့်ကို ချစ်နေတာ Jimin "
Winterရဲ့ စကားကြောင့် Karinaမှာ ပြုံးသွားပြီး လက်တစ်ဖက်က Winterရဲ့ လက်ကို ကိုင်လိုက်သည်
"နင် နောင်တမရဘူးလား Jimin...ဒီဒဏ်ရာ..."
"Aww အဲ့တာက ကုတ်ရာပါ အချစ်ရဲ့ "
"ဒီလိုအခြေအနေထဲ နင့်ကိုနင် ဘာလို့စတေးခံလည်းဆိုတာ ငါမသိဘူး Jiminရယ် "
"မင်းကိုကယ်ဖို့လေ "
"ငါ ပြောချင်တာ နင်သိပါတယ် "
"Minjeong တို့က ဒီလိုမျိူးလုပ်ဖို့ မွေးဖွားလာရတာဘဲ ငယ်စဥ်ကတည်းက သတ်ဖြတ်တာတွေ လေ့ကျင့်ရတယ် ဘာလို့ဆို တို့ ပြန်အသတ်မခံရအောင် "
"ဒါပေမယ့်... "
"တို့ ဒီအလုပ်တွေ အားလုံးကို ထားခဲ့မယ်လို့ မင်းကို ကတိပေးထားတယ်လေ Minjeong...မင်းအတွက်ပေါ့ ..."
Karinaကပြောတော့ Winterက ခေါင်းညိတ်ပြသည်
"Minjeong....တို့ ခဏလောက်တော့ အပြင်သွားရအုံးမယ် Johnနဲ့ Mikeက မင်းအနားမှာ အမြဲရှိပေးလိမ့်မယ်...ဒါပေမယ့် စိတ်မပူပါနဲ့ Taeyeonရော သူ့ Bodyguard တွေ အဖေ့လုံခြုံရေးတွေလည်း အိမ်မှာရှိပါတယ် "
Karinaရဲ့ စကားကြောင့် Winter မျက်မှောင်ကြုတ်သွားတယ်
"နင်က ငါ့ကိုထားသွားမလို့လား "
"အလုပ်သွားလုပ်ရမယ်လေ အချစ်ရဲ့ ဒီအလုပ်တွေကို တို့ လက်စသတ်နိုင်လေ...တို့နှစ်ယောက် ဘဝအသစ်ကို အမြန်ဆုံး ပြန်စနိုင်လေပေါ့ ဟုတ်တယ်မလား...အဆင်ပြေရဲ့လား "
Karinaကမေးတော့ Winter သက်ပြင်းချပြီး ခေါင်းညိတ်ပြလိုက်သည်
Karinaတို့ သူမအဖေအိမ်ကို ရောက်တော့ ကားပေါ်က ဆင်းပြီး Winterလက်ကို တွဲကာ အိမ်ထဲဝင်လာသည်
"အဖေ..."
Karinaမှာ Taeyeonနဲ့ စကားပြောနေတဲ့ သူ့အဖေကို လှမ်းနှုတ်ဆက်လိုက်သည်
"Oh....အိမ်ပြေးလေး Minjeong ပြန်ရောက်လာပြီဘဲ.... လာပါအုံး အန်ကယ့်ဆီကို "
Winterမှာ Karinaကို ကြည့်လိုက်တော့ Karinaမှာ ခေါင်းညိတ်ပြသည်
ဒါကြောင့် Winterလည်း Karinaရဲ့ အဖေကိုဖက်လိုက်သည်
"Uncle..."
"မတွေ့ရတာ အတော်ကြာရောပေါ့ "
Winter ခေါင်းကို ဖွဖွလေးပွတ်ပေးပြီး Karinaရဲ့ အဖေမှာ ပြောလိုက်သည်
"အဖေ ကိုရီးယားမှာဘဲ ရှိနေမယ်ထင်တာ ဒီကို ဘာလို့ရောက်နေတာလည်း "
"သတင်းတွေကြားလို့ ရောက်လာတာလေ "
Winterကို ကြည့်ပြီး Karinaရဲ့ အဖေကပြောတော့ Karinaမှာ Winterရဲ့ လက်ကိုကိုင်ထားလိုက်သည်
"စိတ်မပူပါနဲ့ သူတို့ကို သမီးကိုင်တွယ်လိုက်ပါမယ် "
"သမီးက အဖေ့သမီးဘဲ သူတို့ကို ငရဲက ဘာလည်းဆိုတာ ကောင်းကောင်းကြီးပြနိုင်မယ်လို့ ယုံကြည်တယ် "
ဒီလို အဖေမျိုးက လေ့ကျင့်ပေးထားလို့ Karina ဒီလိုပုံစံဖြစ်နေတယ်ဆိုတာ Winter သဘောပေါက်သွားတယ်
"အဖေ..သမီး တစ်ချို့ကိစ္စတွေ ဖြေရှင်းစရာရှိလို့...Minjeong ကို ဒီမှာနာရီပိုင်းလောက်ထားလို့ အဆင်ပြေလား....သူတစ်ယောက်တည်း မဖြစ်စေချင်လို့ပါ "
"မေးစရာတောင် မလိုပါဘူး အဖေလည်း ချွေးမလေးနဲ့ မတွေ့ရတာ အတော်ကြာရောပေါ့ စကားစမြည်ပြောရအုံးမယ် နော့် Minjeong "
Karinaရဲ့ အဖေကပြောတော့ Winter ရှက်ပြီး ခေါင်းငုံ့ထားသည်
"ဒါနဲ့ ဘာကိစ္စတွေ ကိုင်တွယ်မလို့လည်း သမီး "
Karinaရဲ့ အဖေကမေးတော့ Karinaမှာ Winterကို တစ်ချက်ကြည့်လိုက်သည်
"Taeyeon Unnie....Minjeongကို ပန်းခြံထဲက နှင်းဆီပန်းအသစ်တွေ လိုက်ပြလိုက်ပါအုံး "
Karina စကားဟာ သူမကို ရှောင်ခိုင်းနေတယ်ဆိုတာ Winter သိသည်
Taeyeonလည်း Winterကို ပန်းခြံဘက်သို့ ခေါ်လာသည်
"Unnie သူတို့ဘာတွေပြောနေကြတာလည်း "
"အလုပ်ကိစ္စပေါ့ "
"အဲ့အဖြေကြီး မုန်းလိုက်တာ "
Winterရဲ့ စကားကြောင့် Taeyeonမှာ ရယ်လိုက်သည်
"ညီမလေးရ တစ်ချို့ကိစ္စတွေက နင်မသိတာ ပိုကောင်းတယ် မဟုတ်ရင် အလကားနေခေါင်းကိုက်နေရမှာ "
"ဒီအဖြေလည်း မုန်းတယ်နော် ညီမက ကလေးမဟုတ်တော့ပါဘူး ညီမ ကိုင်တွယ်နိုင်ပါတယ် "
"Jiminကို ဒီအလုပ်တွေဆက်မလုပ်ဖို့ နင်မေးခဲ့သေးလား"
"ညီ..ညီမ "
"အမှားတွေလုပ်နေကြတာဘဲ နင်တို့....Jiminကို အဖေကလွှတ်ပေးမှာ မဟုတ်ဘူးနော် "
"ညီမ နားမလည်လို့ပါ ဘာလို့ အမတို့က ဒီလိုလူတွေသတ်ဖြတ်နေရတဲ့ အခြေအနေထဲ Jiminကို ဆွဲသွင်းနေတာလည်း "
"Jiminက အားလုံးကို ကိုင်တွယ်နိုင်တယ်လေ လူတွေက သူ့ကိုကြောက်ကြတယ် အာမခံရဲဘူး သူ့ကိုအာခံပြီးကွက်ကျော်ရိုက်တဲ့သူက သိပ်မကြာဘူး သေရတာဘဲ..သူသာ ဒီလောကကထွက်ရင် ပိုအန္တရာယ်များတယ် "
"သူက အကုန်လွှတ်ချမယ်လို့ပြောတယ် "
"Jiminက နင့်အတွက်ဆို တစ်လောကလုံးနဲ့တောင် တစ်ကမ္ဘာလုံးနဲ့တောင် ရင်ဆိုင်ရန်ဖြစ်နိုင်တယ်လေ "
"ညီမတို့ ကလေးဘဝတုန်းက Jiminက Dancerဖြစ်ချင်တာလို့ အမြဲပြောဖူးတယ် ဘာလို့ သူ့အိမ်မက်ကို လက်လျော့လိုက်ရတာလည်း "
"ဒီ Yu familyမှာ ငါတို့က မွေးဖွားလာရလို့ ငါတို့မှာ တာဝန်ကိုယ်စီရှိတယ်....ဒီ Yu familyက လုပ်ငန်းတွေအားလုံး ပိုပြီး ကျယ်ပြန့်ကြီးထွားလာအောင် ငါတို့က လုပ်ပေးရမှာ...ငါတို့ မလုပ်ချင်လည်း လုပ်ရမှာဘဲ "
"တာဝန်တဲ့လား...ဒါဆို Jiminလုပ်ချင်တဲ့ အရာကဘာဖြစ်မလည်း unnie "
"Jiminကလား....နင့်ကို ပျော်စေမယ့် အရာအားလုံး သူလုပ်ချင်တာဘဲ "
Winterကိုပြုံးပြပြီး Taeyeonပြောလိုက်သည်
"သူက မပျော်ဘူးဆိုရင်ရော "
"ငါ့ညီမလေးက နင့်ကိုသိပ်ချစ်တာ သိလား နင်နဲ့ရှိတဲ့အချိန်မှ သူရယ်မောပြုံးရွှင်နေတာ "
"ဒါကတော့ ချဲ့ကားလွန်းတယ်နော် "
"အယ် ငါက တကယ်ပြောနေတာပါဟ...Win နင်မရှိတဲ့အခါ Jimin ဘယ်လိုဖြစ်နေလည်း မြင်ဖူးလား မျက်မှောင်ကြီးကြုတ်ထားလိုက်တာဆိုတာ သူ့ရှေ့ ပုရွတ်ဆိတ်တောင်ဖြတ်မလျှောက်ရဲဘူး ကြောက်လို့လေ....နင်ရော ပြန်လာရော ပြုံးရွှင်နေတာများ ပါးစပ်က နားရွက်တပ်ချိတ်လို့ "
"အာ "
"ဒါကြောင့်မို့လို့ ငါ့ညီမလေးရဲ့အချစ်ကို အထင်မလွဲပါနဲ့ "
"မလွဲပါဘူး Unnieရ သူ ညီမကို ချစ်တယ်ဆိုတာ သိပါတယ် "
"နောက်ဆုံးတော့ ငါ့ညီမလေးရဲ့ အချစ်တွေကို အသိမှတ်ပြုပြီပေါ့ ဟုတ်လား ပေါက်စ "
"ဒါပေမယ့်လေ ညီမကြောက်နေသေးတယ် Unnie"
"မကြောက်ပါနဲ့ Yu familyအောက်မှာ ရှိနေသ၍ နင်လုံခြုံပါတယ် "
"ဟိုတစ်ခါလိုဖြစ်မှာ ကြောက်လို့.... "
"အဲ့တုန်းက ဖြစ်ခဲ့တာတွေအတွက် တကယ်စိတ်မကောင်းဘူး "
Taeyeon ပြောပြီး Winterရဲ့ ပခုံးကို ကိုင်လိုက်သည်
"Hey သူ့ပခုံးပေါ်ကလက်ဖယ်လိုက် "
အူတိုလွန်းတဲ့ Karina ရောက်လာတော့ Taeyeonမှာ ရယ်ချင်စိတ်ကို ထိန်းထားရသည်
"Heyတဲ့လား ငါက နင့်အမနော် ကလေးမ "
"ချစ်သူနဲ့ပတ်သက်ရင် အမဘာညာမသိဘူးနော် ဟင်း "
"ဒီကလေးကမတော့ "
Winterမှာ လက်တွေရွယ်ပြီး တစ်ယောက်ကို တစ်ယောက် စနောက်နေတဲ့ ညီမနှစ်ယောက်ကို ကြည့်ပြီး ရယ်လိုက်သည်
"ကဲ ငါသွားအုံးမယ် "
Taeyeonထွက်သွားတော့ Karinaမှာ Winterရဲ့ မျက်နှာကို ကိုင်လိုက်သည်
"Minjeong မင်း အခုလိုမျိုး ပြုံးနေတာလေးကို တို့ အရမ်းလွမ်းနေခဲ့တာ....အခုတော့ မင်းပြုံးရယ်နေတာ မြင်ရပြီး တို့ အရင်ကလို မင်းကို ပျော်အောင်ထားနိုင်ပြီလို့ တွေးမိနေပြီ "
Karinaရဲ့ စကားလည်းဆုံးရော Winter ထိုင်ငိုလေသည်
"အယ် ရုတ်တရက်ကြီး ဘာလို့ ငိုတာလည်း...."
Winterရဲ့ မျက်ရည်တွေကို သုတ်ပေးရင်း Karina မေးလိုက်သည်
"ဒါက ဝမ်းနည်းလို့ ကျတဲ့ မျက်ရည်တွေမဟုတ်ပါဘူး.....ဒါ ဒါက....ငါတောင်းပန်ပါတယ် Jimin "
"အယ်..."
"ငါ့အတွက်ဘဲ ငါတွေးပြီး တစ်ကိုယ်ကောင်းဆန်မိလို့ တောင်းပန်ပါတယ် ..."
"Min... "
"ငါပြောတာလေးကို နားထောင်ပေးပါ Jimin ...."
".."
"နင့်မှာ ခက်ခဲတဲ့အချိန်တွေရှိခဲ့မှန်း ငါသိပါတယ် ဒါပေမယ့် ငါအရမ်း တစ်ကိုယ်ကောင်းဆန်ခဲ့တယ် ငါ့အတွက် ငါဘဲ တွေးတယ် နင်လည်း ဒီလိုမျိုးမနေချင်ဘူးဆိုတာ သိရက်နဲ့....ဒါတွေက နင့်မှာ ရွေးချယ်စရာမရှိလို့ တာဝန်အရ လုပ်ခဲ့တာ မဟုတ်လား ငါ တောင်းပန်ပါတယ် ငါ့ကြောင့် basementထဲကလူရော ငါ့ကို ပြန်ပေးဆွဲခဲ့တဲ့သူတွေကိုပါ....နင့်ကို လူသတ်အောင်ငါဘဲလုပ်ခဲ့တာ "
"မဟုတ်တာ မင်းက တို့ကိုလုပ်ခိုင်းတာ မဟုတ်ပါဘူး...."
"ဒါပေမယ့် ငါ့ကြောင့် နင်လုပ်ရတာဘဲလေ "
"မဟုတ်ဘူး တို့အတွက်တို့လုပ်တာ.... တို့လုပ်ချင်လို့လုပ်တာကွာ အဲ့လိုခွေးသားတွေက အပြစ်မရှိတဲ့ သူတွေကို အနိုင်ကျင့်တာ မမြင်ချင်လို့ "
"နင် အဆင်မပြေဘူးဆိုတာ ငါသိပါတယ် ဒီပြဿနာတွေကြောင့် နင်အေးဆေးမနေနိုင်ဘူးဆိုတာလည်း ငါသိပါတယ် ပြီးတော့ နင့်ကို မကောင်းဆိုးဝါးအဖြစ် မြင်ခဲ့တွေးခဲ့မိလို့တောင်းပန်ပါတယ် "
"ရုတ်တရက်ကြီး ဘယ်လိုဖြစ်တာလည်း "
"Taeyeon Unnieက ငါအမှားလုပ်မိပြီလို့ပြောတယ် နင် ဒီအလုပ်က ထွက်ဖို့ကို အဖေကခွင့်မပြုဘူးလို့လည်း ပြောတယ် "
"အဖေကို ပြောပြီးပြီ....သူကတော့သိပ်သဘောမကျပေမယ့် တို့ဘာလို့ အခုလိုလုပ်လည်းဆိုတာ သူနားလည်ပေးမှာပါ "
"Jimin...."
"အဖေက မကောင်းဆိုးဝါးကြီးလိုဖြစ်ရင််ဖြစ်နေမယ် ဒါပေမယ့် သူ့မှာ အားနည်းချက်ရှိတယ် Minjeong သူ့အားနည်းချက်က ဘာလည်းသိလား တို့အမေဘဲ....သူက ဘာဖြစ်နေနေ သူ့မိသားစုကို အမြဲကာကွယ်ပေးတယ် တို့လည်း သူနဲ့တူတာထင်တယ်.....Minjeong စိတ်ချပါ တို့နှစ်ယောက် သာမန်ဘဝလေးမှာ အေးဆေးနေနိုင်ဖို့ကြိုးစားနေပါတယ် တို့မင်းကို အရမ်းချစ်တယ် "
Winterကို Karina တင်းတင်းကြပ်ကြပ် ဆွဲဖက်လိုက်သည်
#tbc
#zawgyi
"စိတ္လႈပ္ရွားေနလား "
ကားျပတင္းေပါက္အျပင္ဘက္ကို ေငးၾကည့္ေနတဲ့ Winterကို Karina ေမးလိုက္သည္
"စိတ္လႈပ္ရွားေနတာလား? "
Winterက ျပန္ေမးခြန္းထုတ္ေတာ့ Karinaက Winterကို တစ္ခ်က္ၾကည့္ၿပီး ကားလမ္းမကို အာ႐ုံျပန္စိုက္လိုက္သည္
"အျပင္ထြက္ရလို႔ေလ Minjeong "
"ဒီအတိုင္း Taeyeonကို ေတြ႕ရဖို႔ကို "
"အင္းပါေလ တို႔ကသာ စိတ္လႈပ္ရွားေနတာ ေနမွာပါ "
Winterမွာ ကားလမ္းမကို ၾကည့္ၿပီး အာ႐ုံစိုက္ကာ ကားေသခ်ာေမာင္းေနတဲ့ Karinaကို တစိမ့္စိမ့္ၾကည့္ေနမိသည္
Karinaဟာ Side profileကအစ အရမ္းျပည့္စုံလွပလြန္းသည္....
Karinaကို စိုက္ၾကည့္ရင္း Karinaလက္က ဒဏ္ရာတစ္ခ်ိဳ႕ကိုလည္း Winter ေတြ႕လိုက္သည္
Winterက အသံတိတ္ေနလို႔ Karina ကားေမာင္းရင္း Winterကို ၾကည့္လိုက္ေတာ့ သူမကို စိုက္ၾကည့္ေနတာကို ေတြ႕ရသည္
"ဘာျဖစ္လို႔လည္း.... အခ်စ္ေလး "
Winterမွာ Karinaရဲ႕ မ်က္ႏွာေလးကို လက္ျဖင့္ဖြဖြေလးကိုင္လိုက္သည္
"နင့္ကို ခ်စ္ေနတာ Jimin "
Winterရဲ႕ စကားေၾကာင့္ Karinaမွာ ၿပဳံးသြားၿပီး လက္တစ္ဖက္က Winterရဲ႕ လက္ကို ကိုင္လိုက္သည္
"နင္ ေနာင္တမရဘူးလား Jimin...ဒီဒဏ္ရာ..."
"Aww အဲ့တာက ကုတ္ရာပါ အခ်စ္ရဲ႕ "
"ဒီလိုအေျခအေနထဲ နင့္ကိုနင္ ဘာလို႔စေတးခံလည္းဆိုတာ ငါမသိဘူး Jiminရယ္ "
"မင္းကိုကယ္ဖို႔ေလ "
"ငါ ေျပာခ်င္တာ နင္သိပါတယ္ "
"Minjeong တို႔က ဒီလိုမ်ိဴးလုပ္ဖို႔ ေမြးဖြားလာရတာဘဲ ငယ္စဥ္ကတည္းက သတ္ျဖတ္တာေတြ ေလ့က်င့္ရတယ္ ဘာလို႔ဆို တို႔ ျပန္အသတ္မခံရေအာင္ "
"ဒါေပမယ့္... "
"တို႔ ဒီအလုပ္ေတြ အားလုံးကို ထားခဲ့မယ္လို႔ မင္းကို ကတိေပးထားတယ္ေလ Minjeong...မင္းအတြက္ေပါ့ ..."
Karinaကေျပာေတာ့ Winterက ေခါင္းညိတ္ျပသည္
"Minjeong....တို႔ ခဏေလာက္ေတာ့ အျပင္သြားရအုံးမယ္ Johnနဲ႕ Mikeက မင္းအနားမွာ အၿမဲရွိေပးလိမ့္မယ္...ဒါေပမယ့္ စိတ္မပူပါနဲ႕ Taeyeonေရာ သူ႕ Bodyguard ေတြ အေဖ့လုံၿခဳံေရးေတြလည္း အိမ္မွာရွိပါတယ္ "
Karinaရဲ႕ စကားေၾကာင့္ Winter မ်က္ေမွာင္ၾကဳတ္သြားတယ္
"နင္က ငါ့ကိုထားသြားမလို႔လား "
"အလုပ္သြားလုပ္ရမယ္ေလ အခ်စ္ရဲ႕ ဒီအလုပ္ေတြကို တို႔ လက္စသတ္နိုင္ေလ...တို႔ႏွစ္ေယာက္ ဘဝအသစ္ကို အျမန္ဆုံး ျပန္စနိုင္ေလေပါ့ ဟုတ္တယ္မလား...အဆင္ေျပရဲ႕လား "
Karinaကေမးေတာ့ Winter သက္ျပင္းခ်ၿပီး ေခါင္းညိတ္ျပလိုက္သည္
Karinaတို႔ သူမအေဖအိမ္ကို ေရာက္ေတာ့ ကားေပၚက ဆင္းၿပီး Winterလက္ကို တြဲကာ အိမ္ထဲဝင္လာသည္
"အေဖ..."
Karinaမွာ Taeyeonနဲ႕ စကားေျပာေနတဲ့ သူ႕အေဖကို လွမ္းႏႈတ္ဆက္လိုက္သည္
"Oh....အိမ္ေျပးေလး Minjeong ျပန္ေရာက္လာၿပီဘဲ.... လာပါအုံး အန္ကယ့္ဆီကို "
Winterမွာ Karinaကို ၾကည့္လိုက္ေတာ့ Karinaမွာ ေခါင္းညိတ္ျပသည္
ဒါေၾကာင့္ Winterလည္း Karinaရဲ႕ အေဖကိုဖက္လိုက္သည္
"Uncle..."
"မေတြ႕ရတာ အေတာ္ၾကာေရာေပါ့ "
Winter ေခါင္းကို ဖြဖြေလးပြတ္ေပးၿပီး Karinaရဲ႕ အေဖမွာ ေျပာလိုက္သည္
"အေဖ ကိုရီးယားမွာဘဲ ရွိေနမယ္ထင္တာ ဒီကို ဘာလို႔ေရာက္ေနတာလည္း "
"သတင္းေတြၾကားလို႔ ေရာက္လာတာေလ "
Winterကို ၾကည့္ၿပီး Karinaရဲ႕ အေဖကေျပာေတာ့ Karinaမွာ Winterရဲ႕ လက္ကိုကိုင္ထားလိုက္သည္
"စိတ္မပူပါနဲ႕ သူတို႔ကို သမီးကိုင္တြယ္လိုက္ပါမယ္ "
"သမီးက အေဖ့သမီးဘဲ သူတို႔ကို ငရဲက ဘာလည္းဆိုတာ ေကာင္းေကာင္းႀကီးျပနိုင္မယ္လို႔ ယုံၾကည္တယ္ "
ဒီလို အေဖမ်ိဳးက ေလ့က်င့္ေပးထားလို႔ Karina ဒီလိုပုံစံျဖစ္ေနတယ္ဆိုတာ Winter သေဘာေပါက္သြားတယ္
"အေဖ..သမီး တစ္ခ်ိဳ႕ကိစၥေတြ ေျဖရွင္းစရာရွိလို႔...Minjeong ကို ဒီမွာနာရီပိုင္းေလာက္ထားလို႔ အဆင္ေျပလား....သူတစ္ေယာက္တည္း မျဖစ္ေစခ်င္လို႔ပါ "
"ေမးစရာေတာင္ မလိုပါဘူး အေဖလည္း ေခြၽးမေလးနဲ႕ မေတြ႕ရတာ အေတာ္ၾကာေရာေပါ့ စကားစျမည္ေျပာရအုံးမယ္ ေနာ့္ Minjeong "
Karinaရဲ႕ အေဖကေျပာေတာ့ Winter ရွက္ၿပီး ေခါင္းငုံ႕ထားသည္
"ဒါနဲ႕ ဘာကိစၥေတြ ကိုင္တြယ္မလို႔လည္း သမီး "
Karinaရဲ႕ အေဖကေမးေတာ့ Karinaမွာ Winterကို တစ္ခ်က္ၾကည့္လိုက္သည္
"Taeyeon Unnie....Minjeongကို ပန္းၿခံထဲက ႏွင္းဆီပန္းအသစ္ေတြ လိုက္ျပလိုက္ပါအုံး "
Karina စကားဟာ သူမကို ေရွာင္ခိုင္းေနတယ္ဆိုတာ Winter သိသည္
Taeyeonလည္း Winterကို ပန္းၿခံဘက္သို႔ ေခၚလာသည္
"Unnie သူတို႔ဘာေတြေျပာေနၾကတာလည္း "
"အလုပ္ကိစၥေပါ့ "
"အဲ့အေျဖႀကီး မုန္းလိုက္တာ "
Winterရဲ႕ စကားေၾကာင့္ Taeyeonမွာ ရယ္လိုက္သည္
"ညီမေလးရ တစ္ခ်ိဳ႕ကိစၥေတြက နင္မသိတာ ပိုေကာင္းတယ္ မဟုတ္ရင္ အလကားေနေခါင္းကိုက္ေနရမွာ "
"ဒီအေျဖလည္း မုန္းတယ္ေနာ္ ညီမက ကေလးမဟုတ္ေတာ့ပါဘူး ညီမ ကိုင္တြယ္နိုင္ပါတယ္ "
"Jiminကို ဒီအလုပ္ေတြဆက္မလုပ္ဖို႔ နင္ေမးခဲ့ေသးလား"
"ညီ..ညီမ "
"အမွားေတြလုပ္ေနၾကတာဘဲ နင္တို႔....Jiminကို အေဖကလႊတ္ေပးမွာ မဟုတ္ဘူးေနာ္ "
"ညီမ နားမလည္လို႔ပါ ဘာလို႔ အမတို႔က ဒီလိုလူေတြသတ္ျဖတ္ေနရတဲ့ အေျခအေနထဲ Jiminကို ဆြဲသြင္းေနတာလည္း "
"Jiminက အားလုံးကို ကိုင္တြယ္နိုင္တယ္ေလ လူေတြက သူ႕ကိုေၾကာက္ၾကတယ္ အာမခံရဲဘူး သူ႕ကိုအာခံၿပီးကြက္ေက်ာ္ရိုက္တဲ့သူက သိပ္မၾကာဘူး ေသရတာဘဲ..သူသာ ဒီေလာကကထြက္ရင္ ပိုအႏၱရာယ္မ်ားတယ္ "
"သူက အကုန္လႊတ္ခ်မယ္လို႔ေျပာတယ္ "
"Jiminက နင့္အတြက္ဆို တစ္ေလာကလုံးနဲ႕ေတာင္ တစ္ကမၻာလုံးနဲ႕ေတာင္ ရင္ဆိုင္ရန္ျဖစ္နိုင္တယ္ေလ "
"ညီမတို႔ ကေလးဘဝတုန္းက Jiminက Dancerျဖစ္ခ်င္တာလို႔ အၿမဲေျပာဖူးတယ္ ဘာလို႔ သူ႕အိမ္မက္ကို လက္ေလ်ာ့လိုက္ရတာလည္း "
"ဒီ Yu familyမွာ ငါတို႔က ေမြးဖြားလာရလို႔ ငါတို႔မွာ တာဝန္ကိုယ္စီရွိတယ္....ဒီ Yu familyက လုပ္ငန္းေတြအားလုံး ပိုၿပီး က်ယ္ျပန့္ႀကီးထြားလာေအာင္ ငါတို႔က လုပ္ေပးရမွာ...ငါတို႔ မလုပ္ခ်င္လည္း လုပ္ရမွာဘဲ "
"တာဝန္တဲ့လား...ဒါဆို Jiminလုပ္ခ်င္တဲ့ အရာကဘာျဖစ္မလည္း unnie "
"Jiminကလား....နင့္ကို ေပ်ာ္ေစမယ့္ အရာအားလုံး သူလုပ္ခ်င္တာဘဲ "
Winterကိုၿပဳံးျပၿပီး Taeyeonေျပာလိုက္သည္
"သူက မေပ်ာ္ဘူးဆိုရင္ေရာ "
"ငါ့ညီမေလးက နင့္ကိုသိပ္ခ်စ္တာ သိလား နင္နဲ႕ရွိတဲ့အခ်ိန္မွ သူရယ္ေမာၿပဳံး႐ႊင္ေနတာ "
"ဒါကေတာ့ ခ်ဲ့ကားလြန္းတယ္ေနာ္ "
"အယ္ ငါက တကယ္ေျပာေနတာပါဟ...Win နင္မရွိတဲ့အခါ Jimin ဘယ္လိုျဖစ္ေနလည္း ျမင္ဖူးလား မ်က္ေမွာင္ႀကီးၾကဳတ္ထားလိုက္တာဆိုတာ သူ႕ေရွ႕ ပု႐ြတ္ဆိတ္ေတာင္ျဖတ္မေလွ်ာက္ရဲဘူး ေၾကာက္လို႔ေလ....နင္ေရာ ျပန္လာေရာ ၿပဳံး႐ႊင္ေနတာမ်ား ပါးစပ္က နား႐ြက္တပ္ခ်ိတ္လို႔ "
"အာ "
"ဒါေၾကာင့္မို႔လို႔ ငါ့ညီမေလးရဲ႕အခ်စ္ကို အထင္မလြဲပါနဲ႕ "
"မလြဲပါဘူး Unnieရ သူ ညီမကို ခ်စ္တယ္ဆိုတာ သိပါတယ္ "
"ေနာက္ဆုံးေတာ့ ငါ့ညီမေလးရဲ႕ အခ်စ္ေတြကို အသိမွတ္ျပဳၿပီေပါ့ ဟုတ္လား ေပါက္စ "
"ဒါေပမယ့္ေလ ညီမေၾကာက္ေနေသးတယ္ Unnie"
"မေၾကာက္ပါနဲ႕ Yu familyေအာက္မွာ ရွိေနသ၍ နင္လုံၿခဳံပါတယ္ "
"ဟိုတစ္ခါလိုျဖစ္မွာ ေၾကာက္လို႔.... "
"အဲ့တုန္းက ျဖစ္ခဲ့တာေတြအတြက္ တကယ္စိတ္မေကာင္းဘူး "
Taeyeon ေျပာၿပီး Winterရဲ႕ ပခုံးကို ကိုင္လိုက္သည္
"Hey သူ႕ပခုံးေပၚကလက္ဖယ္လိုက္ "
အူတိုလြန္းတဲ့ Karina ေရာက္လာေတာ့ Taeyeonမွာ ရယ္ခ်င္စိတ္ကို ထိန္းထားရသည္
"Heyတဲ့လား ငါက နင့္အမေနာ္ ကေလးမ "
"ခ်စ္သူနဲ႕ပတ္သက္ရင္ အမဘာညာမသိဘူးေနာ္ ဟင္း "
"ဒီကေလးကမေတာ့ "
Winterမွာ လက္ေတြ႐ြယ္ၿပီး တစ္ေယာက္ကို တစ္ေယာက္ စေနာက္ေနတဲ့ ညီမႏွစ္ေယာက္ကို ၾကည့္ၿပီး ရယ္လိုက္သည္
"ကဲ ငါသြားအုံးမယ္ "
Taeyeonထြက္သြားေတာ့ Karinaမွာ Winterရဲ႕ မ်က္ႏွာကို ကိုင္လိုက္သည္
"Minjeong မင္း အခုလိုမ်ိဳး ၿပဳံးေနတာေလးကို တို႔ အရမ္းလြမ္းေနခဲ့တာ....အခုေတာ့ မင္းၿပဳံးရယ္ေနတာ ျမင္ရၿပီး တို႔ အရင္ကလို မင္းကို ေပ်ာ္ေအာင္ထားနိုင္ၿပီလို႔ ေတြးမိေနၿပီ "
Karinaရဲ႕ စကားလည္းဆုံးေရာ Winter ထိုင္ငိုေလသည္
"အယ္ ႐ုတ္တရက္ႀကီး ဘာလို႔ ငိုတာလည္း...."
Winterရဲ႕ မ်က္ရည္ေတြကို သုတ္ေပးရင္း Karina ေမးလိုက္သည္
"ဒါက ဝမ္းနည္းလို႔ က်တဲ့ မ်က္ရည္ေတြမဟုတ္ပါဘူး.....ဒါ ဒါက....ငါေတာင္းပန္ပါတယ္ Jimin "
"အယ္..."
"ငါ့အတြက္ဘဲ ငါေတြးၿပီး တစ္ကိုယ္ေကာင္းဆန္မိလို႔ ေတာင္းပန္ပါတယ္ ..."
"Min... "
"ငါေျပာတာေလးကို နားေထာင္ေပးပါ Jimin ...."
".."
"နင့္မွာ ခက္ခဲတဲ့အခ်ိန္ေတြရွိခဲ့မွန္း ငါသိပါတယ္ ဒါေပမယ့္ ငါအရမ္း တစ္ကိုယ္ေကာင္းဆန္ခဲ့တယ္ ငါ့အတြက္ ငါဘဲ ေတြးတယ္ နင္လည္း ဒီလိုမ်ိဳးမေနခ်င္ဘူးဆိုတာ သိရက္နဲ႕....ဒါေတြက နင့္မွာ ေ႐ြးခ်ယ္စရာမရွိလို႔ တာဝန္အရ လုပ္ခဲ့တာ မဟုတ္လား ငါ ေတာင္းပန္ပါတယ္ ငါ့ေၾကာင့္ basementထဲကလူေရာ ငါ့ကို ျပန္ေပးဆြဲခဲ့တဲ့သူေတြကိုပါ....နင့္ကို လူသတ္ေအာင္ငါဘဲလုပ္ခဲ့တာ "
"မဟုတ္တာ မင္းက တို႔ကိုလုပ္ခိုင္းတာ မဟုတ္ပါဘူး...."
"ဒါေပမယ့္ ငါ့ေၾကာင့္ နင္လုပ္ရတာဘဲေလ "
"မဟုတ္ဘူး တို႔အတြက္တို႔လုပ္တာ.... တို႔လုပ္ခ်င္လို႔လုပ္တာကြာ အဲ့လိုေခြးသားေတြက အျပစ္မရွိတဲ့ သူေတြကို အနိုင္က်င့္တာ မျမင္ခ်င္လို႔ "
"နင္ အဆင္မေျပဘူးဆိုတာ ငါသိပါတယ္ ဒီျပႆနာေတြေၾကာင့္ နင္ေအးေဆးမေနနိုင္ဘူးဆိုတာလည္း ငါသိပါတယ္ ၿပီးေတာ့ နင့္ကို မေကာင္းဆိုးဝါးအျဖစ္ ျမင္ခဲ့ေတြးခဲ့မိလို႔ေတာင္းပန္ပါတယ္ "
"႐ုတ္တရက္ႀကီး ဘယ္လိုျဖစ္တာလည္း "
"Taeyeon Unnieက ငါအမွားလုပ္မိၿပီလို႔ေျပာတယ္ နင္ ဒီအလုပ္က ထြက္ဖို႔ကို အေဖကခြင့္မျပဳဘူးလို႔လည္း ေျပာတယ္ "
"အေဖကို ေျပာၿပီးၿပီ....သူကေတာ့သိပ္သေဘာမက်ေပမယ့္ တို႔ဘာလို႔ အခုလိုလုပ္လည္းဆိုတာ သူနားလည္ေပးမွာပါ "
"Jimin...."
"အေဖက မေကာင္းဆိုးဝါးႀကီးလိုျဖစ္ရင္္ျဖစ္ေနမယ္ ဒါေပမယ့္ သူ႕မွာ အားနည္းခ်က္ရွိတယ္ Minjeong သူ႕အားနည္းခ်က္က ဘာလည္းသိလား တို႔အေမဘဲ....သူက ဘာျဖစ္ေနေန သူ႕မိသားစုကို အၿမဲကာကြယ္ေပးတယ္ တို႔လည္း သူနဲ႕တူတာထင္တယ္.....Minjeong စိတ္ခ်ပါ တို႔ႏွစ္ေယာက္ သာမန္ဘဝေလးမွာ ေအးေဆးေနနိုင္ဖို႔ႀကိဳးစားေနပါတယ္ တို႔မင္းကို အရမ္းခ်စ္တယ္ "
Winterကို Karina တင္းတင္းၾကပ္ၾကပ္ ဆြဲဖက္လိုက္သည္
#tbc
#zawgyi
Bạn đang đọc truyện trên: Truyen3h.Co