Part 17
#UNICODE
Karina အပြင်သွားနေချိန် Karinaရဲ့ အဖေဟာ Winterကို ဟိုးအရင်ချိန်တုန်းကလို သူတို့နဲ့ ရုပ်ရှင်အတူ ကြည့်ဖို့ အကြံပေးသည်
Winterမှာ အတိတ်ကို ပြန်မတွေးချင်ပေမယ့် Karinaရဲ့အဖေဟာ Winterကို ရုပ်ရှင်ခွေ ရွေးခိုင်းသည်
ကာတွန်းကားပါ ရွေးခိုင်းနေလို့ Karinaရဲ့အဖေကို သူမဟာ ကလေးမဟုတ်တော့ကြောင်း အသိပေးချင်မိသည်
"Dad...သူက အသက် နှစ်ဆယ့်လေးနှစ်ရှိနေပါပြီ ကလေးမဟုတ်တော့ပါဘူး "
Taeyeonမှာ သူမအဖေအပြုအမူကို ကြည့်ပြီး ရယ်ရင်းပြောလိုက်သည်
"အသက် နှစ်ဆယ့်လေးနှစ် ဟုတ်လား ...အဲ့လောက်တောင်ရှိသွားပြီလား "
ကာတွန်းခွေကို ကိုင်ရင်း မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ Karina အဖေမှာ အံ့သြတကြီးမေးလိုက်သည်
Karinaရဲ့အဖေဖြစ်သူကို Winter ကြည့်ရင်း အံ့သြနေမိသည် လူတစ်ကာ ဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ ဂန်းစတားကြီးက ယခုလို ကလေးဆန်နေပါလား
Taeyeonရယ် Karinaရဲ့အဖေတို့ကြားထဲတွင် Winterက ထိုင်ပြီး ရုပ်ရှင်ကြည့်နေသည်
Winter ဗိုက်ဆာရင် စားဖို့ ပီဇာနဲ့မုန့်တွေကိုလည်း ယောက္ခထီးဖြစ်သူက မှာပေးထားသေးသည်
မုန့်စားလိုက် ရုပ်ရှင်ကြည့်လိုက်နဲ့ Winter တစ်ယောက် ဗိုက်ပြည့်ပြီး မျက်လုံးစင်းလာကာအိပ်ချင်နေပြီလေ
Winter အိပ်ငိုက်နေရင်း သူမကို တစ်ယောက်ယောက်က ပွေ့ချီသလို ခံစားရလို့ မျက်လုံးဖွင့်ကြည့်တော့ Karina ဖြစ်နေသည်
Karinaကို မြင်တော့ Winter အရမ်းပျော်ပြီး Karinaရင်ခွင်ထဲ ခေါင်းလေးတိုးဝင်လိုက်သည်
Karinaကတော့ Winterကို ချီပြီး သူမအဖေကို အီတလီဘာသာဖြင့် စကားပြောနေသည်
Winterကတော့ ဘာမှနားမလည်လို့ Karinaရဲ့ ရင်ခွင်ထဲဲ ငြိမ်ငြိမ်လေးနေနေတယ်
Karinaမှာ Winterကို ပွေ့ချီပြီး ကားထဲသို့ ခေါ်လာသည်
"Minjeong အဆင်ပြေရဲ့လား"
"အလုပ်တွေ ပြီးသွားပြီလား "
"ပြီးတော့ပြီးပေမယ့် မနက်ဖြန်လည်း သွားစရာရှိသေးတယ် အဲ့တာနဲ့ပတ်သက်ပြီး အဆင်ပြေရဲ့လား Minjeong "
"အဆင်ပြေပါတယ် "
Winter တိုးတိုးလေးပြောလိုက်သည်
"မင်း အဆင်မပြေဘူးဆို တို့ Yizhuoကို အကူအညီတောင်းလိုက်မယ်လေ...အဆင်ပြေလား "
"ပြေပြေပါတယ် "
Winter ခေါင်းညိတ်ပြရင်း ရုတ်တရက် ခွေးမသားတွေကို သတိရပြီး Karinaရင်ခွင်ထဲ တိုးဝင်လိုက်သည်
"baby...ဘာဖြစ်လို့လည်း..."
"..."
"တို့ရှိတယ်နော် တို့ မင်းဘေးမှာ ရှိနေတာမို့လို့ မကြောက်ပါနဲ့ "
Karinaမှာ Winterကို ဖက်ထားပြီး Johnတို့ကို လှမ်းကြည့်လိုက်သည်
"John...အိမ်ထဲက ရေဗူးယူခဲ့ အေးအေးလေးနော် Minjeongက ရေပူမသောက်နိုင်ဘူး"
Johnမှာ ခေါင်းညိတ်ပြပြီး ကားပေါ်က ဆင်းသွားသည်
"ဆေးသောက်မှဖြစ်မယ် "
Karina မှာ ခုံပေါ်က အိတ်ကိုယူပြီးပြောလိုက်သည်
"ဆေးမသောက်ချင်ဘူး ငါအဆင်ပြေပါတယ် Jimin "
"မရဘူး သောက်ရမယ် Minjeong "
"မသောက်ချင်ပါဘူးဆိုဟာ "
Johnက အိမ်ထဲကနေ ရေဘူးယူလာပြီး Karinaကို ပေးလိုက်သည်
"ဆေးသောက်မယ် Minjeong "
"နင်က ဘာလို့ ငါ့ကိုစိတ်ဆိုးနေတာလည်း ..."
"အယ် တို့ မင်းကို စိတ်မဆိုးပါဘူး ဆေးသောက်စေချင်ရုံပါ.... Minjeong တစ်ခြားကိစ္စတွေနဲ့ ပတ်သက်ပြီး မင်းကို တို့ အလျော့ပေးနိုင်ပေမယ့် ဒီတစ်ခါတော့ တို့ကို အလျော့ပေးပြီး ဆေးသောက်ပါ့လားကွာ "
Winterလည်း သက်ပြင်းချပြီး ဆေးသောက်လိုက်ပေမယ့် ခွေးမသားကိုတော့ ခေါင်းထဲက ထုတ်မရပေ
Karinaရဲ့ အိမ်ကိုရောက်တဲ့အခါမှာတော့ Winter ဘာမှမပြောဘဲ ကားပေါ်ကနေ အမြန်ဆင်းပြေးသွားသည်
"တောင်းပန်ပါတယ် မမလေး ကျနော်တို့ ပေါ့ဆမှုကြောင့် အခုလိုဖြစ်ရတာ နောက်မဖြစ်စေရပါဘူး "
Karinaမှာ သူမကိုတောင်းပန်နေတဲ့ နှစ်ယောက်ကို ခေါင်းသာညိတ်ပြပြီး ကားထဲက ထွက်လာလိုက်သည်
Johnတို့က သူတို့အမှားအတွက် ပေးဆပ်ခဲ့ပြီးပြီလေ Karinaလည်း သူတို့ကို ဘယ်လိုကိုင်တွယ်ရမလည်းသိတော့ အချိန်တိုင်း အငြိုးထားပြီး ရိုက်မနေတော့ပေ..ပြီးတော့ Johnက အားလုံးထဲမှာ သူမအပေါ် သစ္စာအရှိဆုံးတပည့် မဟုတ်လား
Karina အိမ်ထဲဝင်လာပြီး အခန်းထဲ ဝင်သွားတော့ ရေသံတွေ ကြားရသည်
ရေချိုးခန်းတံခါးကိုဖွင့်တော့ ရေပန်းအောက်ထိုင်နေတဲ့ Winterကို တွေ့လိုက်ရတယ်
"Jimin..."
Winterမှာ ထရပ်ပြီး Karinaကို ပြေးဖက်သည်
"ဆပ်ပြာတိုက်ပေးရမလား အချစ်လေး "
"အင်း တိုက်ပေး "
Winterကပြောတော့ Karinaမှာ ဆပ်ပြာရည်လေးတွေကို လက်ထဲထည့်ပြီး Winter ခန္ဓာကိုယ်ကို အသာအယာ ပွတ်တိုက်ပေးနေသည်
"တို့ မင်းကို အရမ်းချစ်တယ် Minjeong "
"ငါ သိပါတယ်.... "
Karinaက Winterကို ချစ်တယ်ပြောဖို့ ဘယ်တော့မှ မတွန့်ဆုတ်ခဲ့ဘူး
"Minjeong....."
Winterမှာ အိပ်နေရင်း Karinaအသံကြောင့် နိုးလာသည်
"တို့ အလုပ်သွားတော့မလို့ နိုးလိုက်တာ..... "
"Jimin "
"မင်း မနေ့ညက အိပ်မက်ဆိုးမမက်ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာသိလား "
"ဟင် ဟုတ်လား"
"ဟုတ်တယ် တို့ အလုပ်မှာဆိုပေမယ့် တစ်ခုခုဆို ဖုန်းဆက်လိုက် ဖုန်းကိုအမြဲဖွင့်ထားပြီး လည်ပင်းမှာ ကြိုးနဲ့ဆွဲထားတယ် "
"အင်းပါ.... '
"Yizhuoလည်းလာနေပြီမို့လို့ တို့သွားတော့မယ်နော် "
Karinaက နှုတ်ဆက်ပြီး ထွက်သွားတော့ Winter စိတ်ထဲတစ်မျိုးဖြစ်သွားတယ်
အရင်ကဆို သူမကိုနမ်းပြီးမှ Karinaက အလုပ်သွားတာ မဟုတ်လား ပြီးတော့ မနေ့က ဆပ်ပြာတိုက်ပေးတုန်းကဆို Karinaက လုံးဝအသားမယူခဲ့ဘူး
Karinaက....သူမကို လိင်ပိုင်းဆိုင်ရာ စိတ်ကုန်နေပြီလား
Winter မျက်နှာသစ်ပြီး အခန်းထဲက ထွက်လာတော့ Johnက သူမကိုကြည့်နေသည်
"Winter....ငါ....မင်းလုံခြုံတယ်ဆိုတာ သိစေချင်လို့ပါ ငါ မင်းကို အသက်နဲ့ရင်းပြီး ကာကွယ်ပေးသွားမယ် "
"ကျေးဇူးတင်ပါတယ် John...ငါ့ကြောင့် နင်တို့ ခက်ခဲပြီး အပြစ်ပေးခံလိုက်ရတယ်မလား "
"မဟုတ်တာ ငါတို့ အပြစ်ကြောင့်ပါ ငါ့ဘဝနဲ့ရင်းပြီး ကာကွယ်ပေးမယ်လို့ ကျိန်ဆိုပါတယ် "
"ကျေးဇူးပါ John "
"မင်းက ငါတို့သူဌေးကို ပျော်အောင်လုပ်ပေးနိုင်တယ် Winter "
"ငါသိပါတယ် "
Johnနဲ့ Winter စကားပြောနေစဥ် တံခါးဖွင့်သံကြားလို့ Johnမှာ သူ့လက်ထဲက သေနတ်ကို မောင်းချိန်လိုက်ပြီး သေနတ်နဲ့တံခါးကိုချိန်လိုက်သည်
"Winter...."
အိမ်ထဲကို အာပြဲကြီးနဲ့ ဝင်လာသူက Yizhuo
Winterကိုပြေးဖက်ပြီး Yizhuo ငိုလေသည်
"ငါ့အမှားပါ ငါ အိမ်သာဝင်တာ ကြာသွားလို့ နင်အခုလိုဖြစ်ရတာ "
"မဟုတ်တာ... တော်ကြာ နင့်ကိုပါ သူတို့ဖမ်းမှာပေါ့ "
"ဖမ်းတော့ ဘာဖြစ်လည်း ငါတို့နှစ်ယောက်အတူဆို သူတို့ဖင်ကို ပိတ်ကန်ပြီး ထွက်ပြေးလို့ရတာဘဲ ငါ တောင်းပန်ပါတယ် "
"မတောင်းပန်ပါနဲ့ သူ့ကို Jiminက သတ်လိုက်ပြီ "
"ဟယ် ဟုတ်လား ကောင်းတယ် သူတို့လိုခွေးမသားမျိုးကို မသေမရှင်လုပ်ပြီး ဖင်ထဲ ပိုက်ထိုးသတ်ပစ်ရမှာ ဒါနဲ့တစ်ခြားကောင်တွေကိုရော "
"Jiminက လိုက်ရှာနေတယ် "
"မိုက်တယ် Karinaကတော့ အသေဆော်တော့မယ် နေပါအုံး နင်သူ့ကို Jimin လို့ခေါ်လိုက်တာလား "
Yizhuoကမေးတော့ Winter ခေါင်းညိတ်ပြသည်
"Awwwww နင် သူ့ကိုထပ်ချစ်မိသွားပြီ မဟုတ်လား "
Yizhuo ပြောစကားကို Winter မငြင်းနိုင်ပေ
"နင်တို့ ပြန်အဆင်ပြေသွားတာ ဝမ်းသာပါတယ် "
"ဒါပေမယ့် ငါသူ့ကို လူထပ်သတ်တာမျိုး မလုပ်စေချင်ဘူး ဒါကြောင့်မို့လို့ ငါ ငါနဲ့အတူနေမယ်ဆို ဒိအလုပ်ကို ဆက်မလုပ်ဘဲနေနိုင်လားလို့ မေးခဲ့တယ် "
Winterရဲ့ စကားကြောင့် Yizhuo မျက်လုံးပြူးသွားတယ်
"ဘယ်လို "
"Jiminက ဒီအလုပ်ကို ဆက်မလုပ်ဘူးလို့ ပြောခဲ့တယ် "
"ဒါတော့ Karinaက နင့်ကိုချစ်တာကိုး ဒီတော့ နင်နဲ့ အတူနေရမယ်ဆို ဘာမဆိုလုပ်မှာပေါ့ဟ နင်တို့ ပြန်ပြီး အဆင်ပြေသွားတာဘဲ ဝမ်းသာလိုက်တာ "
Yizhuoနဲ့ Winterတို့ တစ်နေကုန် အိမ်ထဲတွင် စကားပြောလိုက် စားလိုက်နဲ့ အချိန်ကုန်နေသည်
ညနေစောင်းတော့ Aeriက ပြန်ရောက်လာပြီး Karinaတော့ ပါမလာပေ
Yizhuoက Aeriကိုပြေးဖက်ပြီး နမ်းနေတယ်
"Win နင်အဆင်ပြေလား တစ်ခုခုဆို ငါတို့ကိုပြောနော် "
"ပြေပါတယ် Aeri စိတ်မပူပါနဲ့ "
Aeriတို့နဲ့အတူ Winter ညစာစားပြီး စကားပြောနေပေမယ့် Karinaကတော့ ရောက်မလာသေးပေ
ကြည်နူးနေကြတဲ့ Yizhuoနဲ့ Aeriကို ကြည့်ပြီး ဟိုးအရင်က Karinaနဲ့သူမတို့ ပျော်ခဲ့ချိန်ကို Winter သတိရမိသွားတယ်
"Sorry အလုပ်ကိစ္စ နည်းနည်းရှိနေလို့ နောက်ကျသွားတယ် '
Karina ပြန်ရောက်လာမှ Winter စိတ်အေးရသည်
သူမကို Karina ထားသွားမှာကို Winter အရမ်းကြောက်နေမိတယ်လေ
"Minjeongကို ပြန်ပေးဆွဲတဲ့ကောင်တွေ အကုန်သေသွားပြီ "
"ဟင် "
"ခေါင်းတွေကို သေနတ်နဲ့ပစ်ခံရတာ တို့သတ်တာတော့ မဟုတ်ဘူး ဘယ်သူတွေ အရင်ဆော်သွားလည်း မသိပေမယ့် Minjeongအတွက်တော့ အန္တရာယ်ကင်းသွားတာပေါ့ "
Winterကို ဖက်ပြီး Karina ပြောလိုက်သည်
Aeriတို့ ပြန်သွားပြီး ညအိပ်ချိန်ရောက်တော့ Karinaက မအိပ်သေးပေ
Winterကလည်း Karinaဘေးနားမရှိဘဲ အိပ်မပျော်နိုင်ပေ
Karinaက ကုတင်ဘေးနား laptopတစ်လုံးနဲ့ အလုပ်များနေချိန် Winterက အိမ်မက်ဆိုးထပ်မက်လာတယ်
မင်းကို ဖျက်စီးပစ်မယ် ဒါမှ Karinaက မင်းကို ရွံပြီးမလိုချင်မှာ
အဲ့ခွေးမသားက Winterကို ပြောပြီး ဟားတိုက်ရယ်မောနေတယ်
Karinaက သူလိုချင်တဲ့ ဘယ်သူ့ကိုမဆို ယူလို့ရတယ် ဘာလို့ သူက မင့်လို လူမျိုး ဘာလို့ လိုချင်မှာလည်း သူ့ကိုလိုချင်လို့ ခယနေတဲ့ မိန်းကလေးတွေကြား မင်းက ဘာမှမဟုတ်ဘူးလေ....မင်းကို သူထပ်လိုချင်မှာ မဟုတ်တော့ဘူး ဟားဟားဟား
"Ji....Jimin......"
Winter အော်သံကြောင့် Karinaမှာ laptopကို စားပွဲခုံပေါ် တင်ပြီး ကုတင်ပေါ်ပြေးတက်လာသည်
"Minjeong...Minjeong...အဆင်ပြေရဲ့လား "
Winter အိမ်မက်ဆိုးက လန့်နိုးလာချင်း Karinaကို မြင်တော့ ငိုလေသည်
"Jimin..."
"အိမ်မက်ဆိုးထပ်မက်တာလား ဘာမှမဖြစ်ဘူးနော် အဆင်ပြေပါတယ် တို့ရှိတယ် "
"Jimin ငါ့ကို ထိတွေ့ပေး "
Winterရဲ့ စကားကြောင့် Karina အံ့သြသွားတယ်
"ဟင် "
"ငါ နင့်ကိုလိုအပ်တယ် ငါ့ကိုထိတွေ့ပေး "
"Minjeong မင်းက ...အဆင်မပြေသေးဘူးလေ ကလေးရယ် "
"ဟင့်အင်း ငါ အဆင်ပြေတယ် ဘာလည်း နင် ငါ့ကို မလိုချင်တော့တာလား "
ငါ့ရဲ့ Jiminက ငါ့ဆို အမြဲလိုချင်ခဲ့တာပါ အခုတော့ အဲ့ခွေးမသား ဖျက်စီးပြီးနောက်...Jiminက ငါ့ကိုရွံပြီး မလိုချင်တော့ဘူးလား
"ဟင့်အင်း တို့ မင်းကို အမြဲလိုချင်တာပါ တို့ စောင့်နေတာ မင်းအဆင်ပြေမယ့်အချိန်စောင့်နေတာ "
"အခုအဆင်ပြေနေပြီ ငါ့ကိုယူပါ ငါ့ခန္ဓာကိုယ်ကို သိမ်းပိုက်ပါ ငါ့ကိုသုံးဆောင်ပါ Jimin ငါက နင့်အပိုင်ဘဲ "
Winterက ပြောပြီး သူမအဝတ်အစားကို ချွတ်လိုက်သည်
Karinaလည်း Winterကတောင်းဆိုနေသောကြောင့် Winterရဲ့ လည်ပင်းလေးကို ပွတ်ဆွဲနမ်းလိုက်သည်
"အဆင်သင့်ဖြစ်ပြီဆို တို့နာမည်ကို Moanပါအုံး "
"အား...Jimin"
Karinaလည်း Winter လိုချင်နေတဲ့အရာကို မက်မက်မောမော ဖြည့်စည်းပေးလိုက်သည်
#tbc
#zawgyi
Winterကတော့ ဘာမှနားမလည်လို့ Karinaရဲ့ ရင်ခွင်ထဲ ငြိမ်ငြိမ်လေးနေနေတယ်
"အဆင်ပြေပါတယ် "
"ပြေပြေပါတယ် "
"baby...ဘာဖြစ်လို့လည်း..."
"..."
"ဆေးသောက်မှဖြစ်မယ် "
"ဆေးသောက်မယ် Minjeong "
"Jimin..."
"အင်း တိုက်ပေး "
"ငါ သိပါတယ်.... "
"Minjeong....."
"Jimin "
"ဟင် ဟုတ်လား"
"အင်းပါ.... '
"ကျေးဇူးပါ John "
"ငါသိပါတယ် "
"Winter...."
"Jiminက လိုက်ရှာနေတယ် "
"ဘယ်လို "
"ဟင် "
"Ji....Jimin......"
"Jimin..."
"ဟင် "
"အား...Jimin"
#tbc
Bạn đang đọc truyện trên: Truyen3h.Co