Part 18
#UNICODE
Winter အိပ်ရာက နိုးလာတော့ သူမဘေးနား ဘယ်သူမှ မရှိပေ
မနေ့ညက Karinaနဲ့ သောင်းကြမ်းထားသောကြောင့် သူမ ခန္ဓာကိုယ်က လှုပ်လိုက်တာနဲ့ သေလောက်အောင်ကိုက်ခဲ နာကျင်နေသည်
နာရီကို Winter ကြည့်တော့ မနက်လေးနာရီရှိသေး Karinaက အလုပ်ကို အစောကြီး သွားနေပါရောလား
တစ်ညလုံး သောင်းကျန်းထားတာကို Karina တစ်ယောက် မနက်အစောကြီး ဘယ်လိုထနိုင်လည်းဆိုတာ Winter တွေးပြီး အံ့သြမိသည်
Winterလည်း အိပ်မရတာနဲ့ အိပ်ရာကထပြီး ရေချိုးလေသည်
ဆံပင်ကို ခြောက်အောင်လေမှုတ်ပြီးနောက် Winter တစ်ယောက် သူမဖုန်းကို အခန်းထဲတွင် လိုက်ရှာလေသည်
ဖုန်းကို မီးဖိုခန်းထဲမှာ ရှာတွေ့ပြီးနောက် Winterမှာ ပေါင်မုန့်ကို ပါးစပ်နဲ့ကိုက်ထားရင်း Karinaဆီကို message ပို့လိုက်သည်
ညက ကောင်းကောင်းအိပ်ပျော်ရဲ့လား
Karinaဆီက ပြန်စာကိုစောင့်ရင်း Winter ပေါင်မုန့်ကို ထပ်ကိုက်လိုက်သည်
အိပ်ပျော်ပါတယ် Minjeong
Karinaဆီ စာမပြန်ခင် Winter ဘီဒိုထဲက ကော်ဖီမှုန့်ဘူးကို ထုတ်ယူလိုက်သည်
ဒီထက်ပိုပြီး အိပ်သင့်တာကို
Karinaဆီ စာပြန်ပြီးနောက် Winter သူမ မနက်စာကို ဆက်စားနေသည်
တို့ကို စိတ်ပူနေတာလား အချစ်ကလေး?
Karinaရဲ့ replyကြောင့် Winter သဘောကျပြီး ရယ်လိုက်သည်
"ဟုတ်တာပေါ့ စိတ်ပူတာပေါ့ အရူးရဲ့ "
Winter ထိုသို့ရေရွတ်ပေမယ့်လည်း Karinaဆီကိုတော့ စိတ်မပူသလိုပုံစံနဲ့ reply လုပ်လိုက်သည်
မပူပါဘူး
"မလိမ်ပါနဲ့ အချစ်ကလေးရဲ့ "
ရုတ်တရက်အနောက်ကနေ ရောက်လာတဲ့ Karina အသံကြောင့့် Winter လန့်ပြီး တုန်သွားကာ လက်ထဲက ကော်ဖီခွက်လွတ်ကျသွားသည်
အားကစားဝတ်စုံဝတ်ထားတဲ့ Karinaမှာ မီးဖိုခန်းထဲသို့ ဝင်လာသည် ကြည့်ရတာ မနက်ခင်း လေ့ကျင့်ခန်းလုပ်ပြီး ပြန်လာပုံရသည်
"မလှုပ်နဲ့ Minjeong ခွက်အကွဲစတွေနဲ့ ထိခိုက်မိလိမ့်မယ် "
Karinaက ကြမ်းပြင်ပေါ်က အကွဲတွေကို သေချာကောက်ယူပြီး အမှိုက်ပုံးထဲထည့့်လိုက်သည်
ထို့နောက် ဘေစင်တွင် လက်ကို ဆပ်ပြာနဲ့ သေချာဆေးနေသည်
"ထိခိုက်မိသွားသေးလား Minjeong "
"ဟင့်အင်း မခိုက်မိပါဘူး နင်အလုပ်သွားတယ်ထင်နေတာ "
"ဟင့်အင်း မသွားဘူး မင်း တို့ကို ထိတွေ့ခွင့်ပေးလိုက်ကတည်းက လွန်ခဲ့တဲ့လေးနှစ်အတွင်း လစ်ဟာခဲ့တာတွေ ပြန်လိုချင်လို့ ဒီနေ့ အလုပ်မသွားဖို့ ဆုံးဖြတ်လိုက်တာ "
"ဟို..."
"ညကျရင်တော့ ကိစ္စတစ်ခုရှိလို့ အပြင်သွားရမှာ ဒါကြောင့်မို့လို့ ဒီတစ်မနက်လုံး မင်းနဲ့အချိန် ကုန်ဆုံးချင်တယ် "
Winterနဲ့ အချစ်တွေ ဖန်တီးရတာ Karina အတွက်တော့ ပင်လယ်ရေ သောက်နေရသလိုပင် သောက်လေ အငတ်မပြေလေ Karina လိုချင်လေလေ Winterက ထပ်ပေးလေလေပါဘဲ
"တစ်ယောက်တည်းနေရတာ အဆင်ပြေတယ်မဟုတ်လား "
မနက်ကပြောထားသလိုပင် ညရောက်ရင်သွားစရာရှိတဲ့ Karina တစ်ယောက် အိမ်မှာကျန်ခဲ့တဲ့ Winterကို စိတ်တော့ပူသည်
"ပြေပါတယ် "
Karina သက်ပြင်းချပြီး Winterကို ဆွဲဖက်လိုက်သည်
"မင်း တစ်ခုခုလိုအပ်လာရင် တို့ဆီ ဖုန်းခေါ်လိုက် အိမ်မက်ဆိုးမက်တဲ့အခါကျရင်လည်း ဖုန်းခေါ်ပေးပါ မင်းအိမ်မက်ဆိုးတွေကို အကုန်မောင်းထုတ်ပစ်မယ်.... နေရထိုင်ရတာ အဆင်မပြေဖြစ်လာပြီး မလုံခြုံသလို ခံစားရလာရင်လည်း တို့ဆီ ဖုန်းခေါ်ပါ "
"တော်ပါပြီ အနှောင့်အယှက်ပေးသလို ဖြစ်သွားမှာပေါ့ "
"မဖြစ်ပါဘူး မင်းက တို့ရဲ့ အရေးကြီးဆုံးသူဘဲ ဘာလို့ အနှောင့်အယှက် ဖြစ်ရမှာလည်း Minjeongရ "
Karinaရဲ့ စကားကြောင့် Winter ခေါင်းညိတ်ပြီး Karinaရဲ့ ဘယ်ဘက်ပါးလေးကို နမ်းလိုက်သည်
"Minjeong မင်းကို တို့ချစ်တယ် "
"သိပါတယ် "
ည ဆယ်နာရီ Karina အိမ်ကထွက်သွားသောအခါ Winter သက်ပြင်းချမိသည် ...အိမ်ကြီးက ရုတ်တရက် တိတ်ဆိတ်သွားပြီး Karinaရှိတုန်းကလို အိမ်က အိမ်နဲ့တူမနေပင်
Winter အခန်းတံခါးသော့ခတ်လိုက်သည်
ဒီတစ်လတော့ ကိုယ်ဝန်တားဆေးကို Winter မသောက်ထားပေ... ဒါကြောင့်မို့လို့ အခန်းထဲတွင် Dr.Wellရဲ့ လုပ်ငန်းကတ်ကို Winter လိုက်ရှာနေသည်
Dr Wellရဲ့ လုပ်ငန်းကတ်ကို တွေ့တော့ ကတ်ထဲမှာ ရေးထားတဲ့ ဖုန်းနံပါတ်ကို Winter ခေါ်လိုက်သည်
Dr Wellက ဖုန်းကိုင်ပြီး Winterအခြေအနေကို စစ်ဆေးသည်... Winterက Dr.Wellရဲ့ တားဆေးကို ထပ်လိုချင်ကြောင်း ပြောတော့ Dr.Wellက သူမ ကိစ္စတစ်ခုကြောင့် တစ်ခြားမြို့ကို ရောက်နေကြောင်း ပြောသည်
Dr.Well ပြန်လာမှဖြစ်မည်... Winterနဲ့ Karinaက ကလေးမွေးဖို့အကြောင်း တစ်ခါမှ မဆွေးနွေးဖူးဘူးလေ ...Karinaက ကလေးလိုချင်ရဲ့လားဆိုတာတောင် Winter မသိဘူး ....
အခုမှ သူမတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို ပြန်လည်မွန်းမံပြင်ဆင်နေတုန်းရှိသေးသည်
ပြီးတော့ ဒီလိုပတ်ဝန်းကျင်မှာဘဲ ဆက်နေရမယ်ဆိုရင် Winter ကလေးမလိုချင်ပေ သူမတို့ ကလေးကို ဒီလိုဘဝအခြေအနေမျိုးထဲ ဆွဲမသွင်းချင်ပါ
Winter သက်ပြင်းချပြီး အခန်းအပြင်ကို ထွက်လာတယ်...... မီးဖိုခန်းထဲဝင်တော့ Johnက ရေသောက်ရင်း Winterကို လှမ်းကြည့်လိုက်သည်
"မအိပ်သေးဘူးလား Winter "
"ဒီတိုင်း အိပ်မပျော်လို့ "
"Karinaကို ဖုန်း ခေါ်ပေးရမလား..."
'ဟင့်အင်း ရပါတယ် နေပါစေ '
"Karinaလည်း အလုပ်လုပ်ရင်း မင်းဘာဖြစ်နေလည်းသိချင်နေမှာပေါ့ "
"မဟုတ်တာငါ့ကြောင့် အလုပ်လုပ်ရတာ အနှောင့်အယှက်ဖြစ်နေမယ်..."
"သူက မင်းနဲ့ပတ်သက်ရင် အမြဲ အနှောက့်အယှက်မဖြစ်ဘူးဆိုတာ သိတယ်မဟုတ်လား "
"ဒီတိုင်း အိပ်မပျော်လို့ရယ် "
"အိပ်ဆေးသောက်မလား "
Johnက မေးတော့ Winter ခေါင်းညိတ်ပြသည်
Johnလည်း အိပ်ဆေးသွားယူပြီး Winterကို ပေးလိုက်သည်
Winterလည်း လျှောက်တွေးပြီး အတွေးမလွန်အောင် Johnပေးတဲ့ အိပ်ဆေးကို သောက်လိုက်သည်
အိပ်ဆေးသောက်အိပ်တောင် မနက်အစောကြီး Winter နိုးနေပြန်သည်
တစ်ယောက်တည်း ဖြစ်နေရင် လျှောက်တွေးမိမှာဆိုးလို့ Yizhuoဆီ Winter ဖုန်းခေါ်လိုက်သည်
"Hey Win...."
"Yizhuo နင် ဘယ်မှာလည်း "
"Aeriနဲ့ခရီးထွက်နေတာ ဘာလို့လည်း "
"အာ ခရီးထွက်နေတာလား....ငါက ဒီတိုင်း ပျင်းလို့ နင်နဲ့လျှောက်လည်ရမလားလို့ ဖုန်းခေါ်ကြည့်တာ "
"aww မနက်ဖြန်ဆို ငါပြန်ရောက်ပါပြီ ပြန်ရောက်ရင် ဖုန်းဆက်လိုက်မယ်လေနော် "
"အေးပါ အဲ့ကျတွေ့ကြတာပေါ့ ဒါဆိုလည်း ဒါဘဲနော် "
Winter ဖုန်းချပြီး သက်ပြင်းချလိုက်သည်
ထို့နောက် အခန်းထဲကနေ Winter ထွက်လာပြီး Johnတို့ဆီ သွားလိုက်သည်
"တစ်ခုခုလိုလို့လား Winter "
"ငါ... ငါ့အမကို တွေ့ချင်လို့ပါ "
"Karinaက သဘောတူမယ် မထင်ဘူးနော် "
"ဒီတိုင်း အမအဆင်ပြေလား သိချင်လို့ "
"Karinaကို ဖုန်းခေါ်ကြည့်လေ "
Winterလည်း ဆက်မပြောဘဲ ခေါင်းသာငြိမ့်ပြလိုက်သည်
Johnနဲ့ဘယ်လောက်ငြင်းခုန်နေနေ Johnက Karina အမိန့်အတိုင်းဘဲနာခံတာမဟုတ်လား
"Hello အသည်းလေး "
Karina အသံလည်းကြားရော Winterရဲ့ နှလုံးသားလေး နွေးထွေးသွားသလိုခံစားရသည်
"he...hey "
"မနက်အစောကြီးနိုးနေတာလား Minjeong ဘာလို့လည်း တစ်ခုခုဖြစ်လို့လား"
"ငါ ငါ...ငါ့အမကို တွေ့ချင်လို့ "
"မရဘူး "
"မရဘူးလို့ ပြောလို့မရဘူးလေ ဘာကြောင့် မရတာလည်း အကြောင်းပြချက်ပြော "
"မသွားစေချင်လို့ပေါ့... နေ့လည်ကျ ပြန်လာခဲ့မယ် အဲ့ကျ တို့နှစ်ယောက် အတူတူအချိန်ဖြုန်းကြတာပေါ့"
"ဒါဆို နင်ပြန်မရောက်ခင် အမဆီသွားမယ်လေ ငါလည်း ချက်ချင်းအချိန်မှီပြန်လာမှာပါ "
Winterရဲ့ စကားကြောင့် Karina သက်ပြင်းချလိုက်သည်
"တို့မပါဘဲ မင်းကို အပြင်လွှတ်ရမှာ တို့အတွက် မလွယ်ဘူး Minjeongရ "
"Johnတို့ရဲ့ စကားနားထောင်မယ်လို့ ကတိပေးတယ်လေ နော် "
"ကောင်းပြီလေ... "
"ဒါဆို သွားလို့ရတယ်ပေါ့ ဟုတ်လား "
Karinaက ခွင့်ပြုလို့ Winter အရမ်းပျော်သွားတယ်
"ဒါပေမယ့် တစ်ခုတော့ရှိတယ် သူတို့ မင်းကို တစ်ခုခုလုပ်ရင် John သေနတ်က ကျည်ဆံက သူတို့ခေါင်းထဲ ရောက်သွားမယ်နော် "
"အာ အမတို့က ဘာမှမလုပ်ပါဘူး "
"ပြီးရော တစ်ခုခုလိုရင် တို့ဆီဖုန်းဆက် "
"ဒါနဲ့ နင်ရော အဆင်ပြေရဲ့လား Jimin "
"ပြေပါတယ် "
"အင်းပါ ဒီတိုင်းသိချင်လို့ "
"တို့ကို စိတ်မပူပါနဲ့ နေ့လည်ကျ ပြန်လာခဲ့မယ် နော် ချစ်တယ် Minjeong "
Karina စကားကြောင့် Minjeong ပြုံးသွားတယ်
"Bye..."
Winter ဖုန်းချပြီး သိပ်မကြာလိုက် Johnဆီ ဖုန်းဝင်လာသည်... သူမကို ဂရုစိုက်ဖို့ Karinaက ဖုန်းဆက်မှာမှန်း Winter သိတယ်လေ.... ရေချိူးပြီး သူ့အမဆီသွားဖို့ Winter ပြင်ဆင်လိုက်သည်
#tbc
#zawgyi
Winter အိပ္ရာက နိုးလာေတာ့ သူမေဘးနား ဘယ္သူမွ မရွိေပ
မေန႕ညက Karinaနဲ႕ ေသာင္းၾကမ္းထားေသာေၾကာင့္ သူမ ခႏၶာကိုယ္က လႈပ္လိုက္တာနဲ႕ ေသေလာက္ေအာင္ကိုက္ခဲ နာက်င္ေနသည္
နာရီကို Winter ၾကည့္ေတာ့ မနက္ေလးနာရီရွိေသး Karinaက အလုပ္ကို အေစာႀကီး သြားေနပါေရာလား
တစ္ညလုံး ေသာင္းက်န္းထားတာကို Karina တစ္ေယာက္ မနက္အေစာႀကီး ဘယ္လိုထနိုင္လည္းဆိုတာ Winter ေတြးၿပီး အံ့ၾသမိသည္
Winterလည္း အိပ္မရတာနဲ႕ အိပ္ရာကထၿပီး ေရခ်ိဳးေလသည္
ဆံပင္ကို ေျခာက္ေအာင္ေလမႈတ္ၿပီးေနာက္ Winter တစ္ေယာက္ သူမဖုန္းကို အခန္းထဲတြင္ လိုက္ရွာေလသည္
ဖုန္းကို မီးဖိုခန္းထဲမွာ ရွာေတြ႕ၿပီးေနာက္ Winterမွာ ေပါင္မုန့္ကို ပါးစပ္နဲ႕ကိုက္ထားရင္း Karinaဆီကို message ပို႔လိုက္သည္
ညက ေကာင္းေကာင္းအိပ္ေပ်ာ္ရဲ႕လား
Karinaဆီက ျပန္စာကိုေစာင့္ရင္း Winter ေပါင္မုန့္ကို ထပ္ကိုက္လိုက္သည္
အိပ္ေပ်ာ္ပါတယ္ Minjeong
Karinaဆီ စာမျပန္ခင္ Winter ဘီဒိုထဲက ေကာ္ဖီမႈန့္ဘူးကို ထုတ္ယူလိုက္သည္
ဒီထက္ပိုၿပီး အိပ္သင့္တာကို
Karinaဆီ စာျပန္ၿပီးေနာက္ Winter သူမ မနက္စာကို ဆက္စားေနသည္
တို႔ကို စိတ္ပူေနတာလား အခ်စ္ကေလး?
Karinaရဲ႕ replyေၾကာင့္ Winter သေဘာက်ၿပီး ရယ္လိုက္သည္
"ဟုတ္တာေပါ့ စိတ္ပူတာေပါ့ အ႐ူးရဲ႕ "
Winter ထိုသို႔ေရ႐ြတ္ေပမယ့္လည္း Karinaဆီကိုေတာ့ စိတ္မပူသလိုပုံစံနဲ႕ reply လုပ္လိုက္သည္
မပူပါဘူး
"မလိမ္ပါနဲ႕ အခ်စ္ကေလးရဲ႕ "
႐ုတ္တရက္အေနာက္ကေန ေရာက္လာတဲ့ Karina အသံေၾကာင့့္ Winter လန့္ၿပီး တုန္သြားကာ လက္ထဲက ေကာ္ဖီခြက္လြတ္က်သြားသည္
အားကစားဝတ္စုံဝတ္ထားတဲ့ Karinaမွာ မီးဖိုခန္းထဲသို႔ ဝင္လာသည္ ၾကည့္ရတာ မနက္ခင္း ေလ့က်င့္ခန္းလုပ္ၿပီး ျပန္လာပုံရသည္
"မလႈပ္နဲ႕ Minjeong ခြက္အကြဲစေတြနဲ႕ ထိခိုက္မိလိမ့္မယ္ "
Karinaက ၾကမ္းျပင္ေပၚက အကြဲေတြကို ေသခ်ာေကာက္ယူၿပီး အမွိုက္ပုံးထဲထည့့္လိုက္သည္
ထို႔ေနာက္ ေဘစင္တြင္ လက္ကို ဆပ္ျပာနဲ႕ ေသခ်ာေဆးေနသည္
"ထိခိုက္မိသြားေသးလား Minjeong "
"ဟင့္အင္း မခိုက္မိပါဘူး နင္အလုပ္သြားတယ္ထင္ေနတာ "
"ဟင့္အင္း မသြားဘူး မင္း တို႔ကို ထိေတြ႕ခြင့္ေပးလိုက္ကတည္းက လြန္ခဲ့တဲ့ေလးႏွစ္အတြင္း လစ္ဟာခဲ့တာေတြ ျပန္လိုခ်င္လို႔ ဒီေန႕ အလုပ္မသြားဖို႔ ဆုံးျဖတ္လိုက္တာ "
"ဟို..."
"ညက်ရင္ေတာ့ ကိစၥတစ္ခုရွိလို႔ အျပင္သြားရမွာ ဒါေၾကာင့္မို႔လို႔ ဒီတစ္မနက္လုံး မင္းနဲ႕အခ်ိန္ ကုန္ဆုံးခ်င္တယ္ "
Winterနဲ႕ အခ်စ္ေတြ ဖန္တီးရတာ Karina အတြက္ေတာ့ ပင္လယ္ေရ ေသာက္ေနရသလိုပင္ ေသာက္ေလ အငတ္မေျပေလ Karina လိုခ်င္ေလေလ Winterက ထပ္ေပးေလေလပါဘဲ
"တစ္ေယာက္တည္းေနရတာ အဆင္ေျပတယ္မဟုတ္လား "
မနက္ကေျပာထားသလိုပင္ ညေရာက္ရင္သြားစရာရွိတဲ့ Karina တစ္ေယာက္ အိမ္မွာက်န္ခဲ့တဲ့ Winterကို စိတ္ေတာ့ပူသည္
"ေျပပါတယ္ "
Karina သက္ျပင္းခ်ၿပီး Winterကို ဆြဲဖက္လိုက္သည္
"မင္း တစ္ခုခုလိုအပ္လာရင္ တို႔ဆီ ဖုန္းေခၚလိုက္ အိမ္မက္ဆိုးမက္တဲ့အခါက်ရင္လည္း ဖုန္းေခၚေပးပါ မင္းအိမ္မက္ဆိုးေတြကို အကုန္ေမာင္းထုတ္ပစ္မယ္.... ေနရထိုင္ရတာ အဆင္မေျပျဖစ္လာၿပီး မလုံၿခဳံသလို ခံစားရလာရင္လည္း တို႔ဆီ ဖုန္းေခၚပါ "
"ေတာ္ပါၿပီ အႏွောင့္အယွက္ေပးသလို ျဖစ္သြားမွာေပါ့ "
"မျဖစ္ပါဘူး မင္းက တို႔ရဲ႕ အေရးႀကီးဆုံးသူဘဲ ဘာလို႔ အႏွောင့္အယွက္ ျဖစ္ရမွာလည္း Minjeongရ "
Karinaရဲ႕ စကားေၾကာင့္ Winter ေခါင္းညိတ္ၿပီး Karinaရဲ႕ ဘယ္ဘက္ပါးေလးကို နမ္းလိုက္သည္
"Minjeong မင္းကို တို႔ခ်စ္တယ္ "
"သိပါတယ္ "
ည ဆယ္နာရီ Karina အိမ္ကထြက္သြားေသာအခါ Winter သက္ျပင္းခ်မိသည္ ...အိမ္ႀကီးက ႐ုတ္တရက္ တိတ္ဆိတ္သြားၿပီး Karinaရွိတုန္းကလို အိမ္က အိမ္နဲ႕တူမေနပင္
Winter အခန္းတံခါးေသာ့ခတ္လိုက္သည္
ဒီတစ္လေတာ့ ကိုယ္ဝန္တားေဆးကို Winter မေသာက္ထားေပ... ဒါေၾကာင့္မို႔လို႔ အခန္းထဲတြင္ Dr.Wellရဲ႕ လုပ္ငန္းကတ္ကို Winter လိုက္ရွာေနသည္
Dr Wellရဲ႕ လုပ္ငန္းကတ္ကို ေတြ႕ေတာ့ ကတ္ထဲမွာ ေရးထားတဲ့ ဖုန္းနံပါတ္ကို Winter ေခၚလိုက္သည္
Dr Wellက ဖုန္းကိုင္ၿပီး Winterအေျခအေနကို စစ္ေဆးသည္... Winterက Dr.Wellရဲ႕ တားေဆးကို ထပ္လိုခ်င္ေၾကာင္း ေျပာေတာ့ Dr.Wellက သူမ ကိစၥတစ္ခုေၾကာင့္ တစ္ျခားၿမိဳ႕ကို ေရာက္ေနေၾကာင္း ေျပာသည္
Dr.Well ျပန္လာမွျဖစ္မည္... Winterနဲ႕ Karinaက ကေလးေမြးဖို႔အေၾကာင္း တစ္ခါမွ မေဆြးႏြေးဖူးဘူးေလ ...Karinaက ကေလးလိုခ်င္ရဲ႕လားဆိုတာေတာင္ Winter မသိဘူး ....
အခုမွ သူမတို႔ႏွစ္ေယာက္ၾကားက ဆက္ဆံေရးကို ျပန္လည္မြန္းမံျပင္ဆင္ေနတုန္းရွိေသးသည္
ၿပီးေတာ့ ဒီလိုပတ္ဝန္းက်င္မွာဘဲ ဆက္ေနရမယ္ဆိုရင္ Winter ကေလးမလိုခ်င္ေပ သူမတို႔ ကေလးကို ဒီလိုဘဝအေျခအေနမ်ိဳးထဲ ဆြဲမသြင္းခ်င္ပါ
Winter သက္ျပင္းခ်ၿပီး အခန္းအျပင္ကို ထြက္လာတယ္...... မီးဖိုခန္းထဲဝင္ေတာ့ Johnက ေရေသာက္ရင္း Winterကို လွမ္းၾကည့္လိုက္သည္
"မအိပ္ေသးဘူးလား Winter "
"ဒီတိုင္း အိပ္မေပ်ာ္လို႔ "
"Karinaကို ဖုန္း ေခၚေပးရမလား..."
'ဟင့္အင္း ရပါတယ္ ေနပါေစ '
"Karinaလည္း အလုပ္လုပ္ရင္း မင္းဘာျဖစ္ေနလည္းသိခ်င္ေနမွာေပါ့ "
"မဟုတ္တာငါ့ေၾကာင့္ အလုပ္လုပ္ရတာ အႏွောင့္အယွက္ျဖစ္ေနမယ္..."
"သူက မင္းနဲ႕ပတ္သက္ရင္ အၿမဲ အႏွောက့္အယွက္မျဖစ္ဘူးဆိုတာ သိတယ္မဟုတ္လား "
"ဒီတိုင္း အိပ္မေပ်ာ္လို႔ရယ္ "
"အိပ္ေဆးေသာက္မလား "
Johnက ေမးေတာ့ Winter ေခါင္းညိတ္ျပသည္
Johnလည္း အိပ္ေဆးသြားယူၿပီး Winterကို ေပးလိုက္သည္
Winterလည္း ေလွ်ာက္ေတြးၿပီး အေတြးမလြန္ေအာင္ Johnေပးတဲ့ အိပ္ေဆးကို ေသာက္လိုက္သည္
အိပ္ေဆးေသာက္အိပ္ေတာင္ မနက္အေစာႀကီး Winter နိုးေနျပန္သည္
တစ္ေယာက္တည္း ျဖစ္ေနရင္ ေလွ်ာက္ေတြးမိမွာဆိုးလို႔ Yizhuoဆီ Winter ဖုန္းေခၚလိုက္သည္
"Hey Win...."
"Yizhuo နင္ ဘယ္မွာလည္း "
"Aeriနဲ႕ခရီးထြက္ေနတာ ဘာလို႔လည္း "
"အာ ခရီးထြက္ေနတာလား....ငါက ဒီတိုင္း ပ်င္းလို႔ နင္နဲ႕ေလွ်ာက္လည္ရမလားလို႔ ဖုန္းေခၚၾကည့္တာ "
"aww မနက္ျဖန္ဆို ငါျပန္ေရာက္ပါၿပီ ျပန္ေရာက္ရင္ ဖုန္းဆက္လိုက္မယ္ေလေနာ္ "
"ေအးပါ အဲ့က်ေတြ႕ၾကတာေပါ့ ဒါဆိုလည္း ဒါဘဲေနာ္ "
Winter ဖုန္းခ်ၿပီး သက္ျပင္းခ်လိဳက္သည္
ထို႔ေနာက္ အခန္းထဲကေန Winter ထြက္လာၿပီး Johnတို႔ဆီ သြားလိုက္သည္
"တစ္ခုခုလိုလို႔လား Winter "
"ငါ... ငါ့အမကို ေတြ႕ခ်င္လို႔ပါ "
"Karinaက သေဘာတူမယ္ မထင္ဘူးေနာ္ "
"ဒီတိုင္း အမအဆင္ေျပလား သိခ်င္လို႔ "
"Karinaကို ဖုန္းေခၚၾကည့္ေလ "
Winterလည္း ဆက္မေျပာဘဲ ေခါင္းသာၿငိမ့္ျပလိုက္သည္
Johnနဲ႕ဘယ္ေလာက္ျငင္းခုန္ေနေန Johnက Karina အမိန့္အတိုင္းဘဲနာခံတာမဟုတ္လား
"Hello အသည္းေလး "
Karina အသံလည္းၾကားေရာ Winterရဲ႕ ႏွလုံးသားေလး ႏြေးေထြးသြားသလိုခံစားရသည္
"he...hey "
"မနက္အေစာႀကီးနိုးေနတာလား Minjeong ဘာလို႔လည္း တစ္ခုခုျဖစ္လို႔လား"
"ငါ ငါ...ငါ့အမကို ေတြ႕ခ်င္လို႔ "
"မရဘူး "
"မရဘူးလို႔ ေျပာလို႔မရဘူးေလ ဘာေၾကာင့္ မရတာလည္း အေၾကာင္းျပခ်က္ေျပာ "
"မသြားေစခ်င္လို႔ေပါ့... ေန႕လည္က် ျပန္လာခဲ့မယ္ အဲ့က် တို႔ႏွစ္ေယာက္ အတူတူအခ်ိန္ျဖဳန္းၾကတာေပါ့"
"ဒါဆို နင္ျပန္မေရာက္ခင္ အမဆီသြားမယ္ေလ ငါလည္း ခ်က္ခ်င္းအခ်ိန္မွီျပန္လာမွာပါ "
Winterရဲ႕ စကားေၾကာင့္ Karina သက္ျပင္းခ်လိဳက္သည္
"တို႔မပါဘဲ မင္းကို အျပင္လႊတ္ရမွာ တို႔အတြက္ မလြယ္ဘူး Minjeongရ "
"Johnတို႔ရဲ႕ စကားနားေထာင္မယ္လို႔ ကတိေပးတယ္ေလ ေနာ္ "
"ေကာင္းၿပီေလ... "
"ဒါဆို သြားလို႔ရတယ္ေပါ့ ဟုတ္လား "
Karinaက ခြင့္ျပဳလို႔ Winter အရမ္းေပ်ာ္သြားတယ္
"ဒါေပမယ့္ တစ္ခုေတာ့ရွိတယ္ သူတို႔ မင္းကို တစ္ခုခုလုပ္ရင္ John ေသနတ္က က်ည္ဆံက သူတို႔ေခါင္းထဲ ေရာက္သြားမယ္ေနာ္ "
"အာ အမတို႔က ဘာမွမလုပ္ပါဘူး "
"ၿပီးေရာ တစ္ခုခုလိုရင္ တို႔ဆီဖုန္းဆက္ "
"ဒါနဲ႕ နင္ေရာ အဆင္ေျပရဲ႕လား Jimin "
"ေျပပါတယ္ "
"အင္းပါ ဒီတိုင္းသိခ်င္လို႔ "
"တို႔ကို စိတ္မပူပါနဲ႕ ေန႕လည္က် ျပန္လာခဲ့မယ္ ေနာ္ ခ်စ္တယ္ Minjeong "
Karina စကားေၾကာင့္ Minjeong ၿပဳံးသြားတယ္
"Bye..."
Winter ဖုန္းခ်ၿပီး သိပ္မၾကာလိုက္ Johnဆီ ဖုန္းဝင္လာသည္... သူမကို ဂ႐ုစိုက္ဖို႔ Karinaက ဖုန္းဆက္မွာမွန္း Winter သိတယ္ေလ.... ေရခ်ိဴးၿပီး သူ႕အမဆီသြားဖို႔ Winter ျပင္ဆင္လိုက္သည္
#tbc
Bạn đang đọc truyện trên: Truyen3h.Co