Part 19
#unicode
Note- Winterရဲ့ အမက Wendy မဟုတ်တော့ပါဘူးနော် ကျနော် နာမည်ပြောင်းရေးထားပါတယ် ဇာတ်လမ်းအရပါ။
အိမ်ထဲကနေ ပြင်ဆင်ပြီး ထွက်လာတဲ့ Winterကို John တစ်ယောက် ဦးညွတ်နှုတ်ဆက်ပြီး SUV ကားအနောက်ခန်းတံခါးကို ဖွင့်ပေးလိုက်သည်
Winter ကားထဲဝင်တော့ Johnလည်း လိုက်ဝင်လိုက်သည်
ကားရှေ့ခန်းမှာတော့ Kaneလို့ခေါ်တဲ့ တစ်ယောက်ကားမောင်းပြီး Mikeက Kaneဘေးနားတွင်ထိုင်နေသည်
bodyguardတွေကို ကြည့်ပြီး Winter သက်ပြင်းချကာ ပြတင်းပေါက်အပြင်ကိုသာ ငေးကြည့်လိုက်သည်
"ချိုတာ တစ်ခုခုလေး စားချင်လိုက်တာ "
Winterကပြောတော့ Johnမှာ Winterကို လှမ်းကြည့်သည်
"ဒိုးနပ်စားချင်တယ် "
"Double Chocolate နဲ့လား "
John မေးခွန်းကြောင့် Winter အံ့သြသွားတယ်
"နင် ငါ့စိတ်ကို ဖတ်နိုင်တာလား "
Winter စကားကြောင့် Johnမှာ ရယ်လိုက်ပြီး ခေါင်းခါလိုက်သည်
"Karina ပြောပြထားလို့ပါ "
"သူက ဘာပြောပြထားလို့လည်း "
"မင်းအကြောင်းတွေ အားလုံး လေ့လာထားဖို့ ငါတို့ကို သူအမိန့်ပေးထားတယ် "
"သူက ဘာလို့ နင်တို့ကို ငါ့အကြောင်းလေ့လာဖို့ အမိန့်ပေးရတာလည်း "
"မင်းကို အကောင်းဆုံး စောင့်ရှောင့်ပေးနိုင်ဖို့ ပြီးတော့ ဒီလိုမျိုး ထူးထူးဆန်းဆန်း ဗိုက်ဆာနေတဲ့အခါ စိတ်ကျေနပ်အောင်လုပ်ပေးနိုင်ဖို့တဲ့ "
Johnမှာ ပြောရင်းထပ်ရယ်ပြန်သည်
"God...Bossက မင်းဆီ အရမ်းနစ်ဝင်နေတာဘဲ "
"ဟယ် ခုမှဗိုက်ဆာပြီး အချိုစားချင်ကြောင်း ပြောတာလေ ထူးဆန်းလို့လား "
"ဟုတ်ပါပြီဗျာ "
"သူ ငါ့အကြောင်း ဘာပြောသေးလည်း မကောင်းတာတွေရော ပြောသေးလား "
"အင်း ငါ့အတွက်တော့ မင်းအကြောင်းမှန်သမျှက ဘာနေနေ မကောင်းတာဘဲ "
"Hey "
"Karinaက မင်းရဲ့ အရာအားလုံးကို သဘောကျတယ် မကောင်းတဲ့အရာတွေဖြစ်နေရင်တောင် သူက သဘောကျနေတုန်းဘဲ..Bossရဲ့စိတ်ကို နားကိုမလည်ဘူး "
"မကောင်းတဲ့ အရာတွေ ဟုတ်လား "
"ဟုတ်တယ်လေ သူပြောဖူးတယ် မင်းခေါင်းက ကျောက်တုံးလိုဘဲ အရမ်းခေါင်းမာတာတဲ့ ဒါပေမယ့် အဲ့လိုခေါင်းမာတာလေးကိုဘဲ သူအရမ်းချစ်နေရတာတဲ့လေ နားကိုမလည်ပါဘူး "
"ဘယ်နားလည်မှာလည်း နင့်မှာ ရည်းစားမှ မရှိတာ "
Winterရဲ့ တိုက်ခိုက်မှုကြောင့် John မျက်နှာကြီးရှုံ့မဲ့သွားတယ်
Winter စားချင်တဲ့ ဒိုးနတ်ဝယ်ပေးပြီး Wendyဆီ ထွက်လာလိုက်သည်
"သူတို့က ဒီမှာနေတာလား "
Winterမှာ သူမရှေ့ကအဆောက်အအုံကို ကြည့်ရင်း Johnကို ပြောလိုက်သည်
"ဟုတ်တယ် "
"ငါ့မိဘတွေ သေသွားပြီးနောက် ဒီအိမ်ကို ရောင်းလိုက်ပြီထင်တာ "
"Karinaနဲ့ စကားပြောကြည့်ပေါ့ "
John ရဲ့ စကားကြောင့် Winter မျက်မှောင်ကြုတ်သွားသည်
Underworld businessနဲ့ ပတ်သက်ပြီး Karina လျို့ဝှက်ထားတတ်တာကို Winter နားလည်ပါတယ် ...Karinaမှာလည်း အကြောင်းပြချက်တွေရှိမယ်မဟုတ်လား Winter မှာ Karinaက ထိုသို့လျို့ဝှက်ထားတတ်တာကိုလည်း အဆင်ပြေပါတယ်
ဒါပေမယ့် အခုကိစ္စက Winter သိသင့်တာကို Karinaက ဘာမှမပြောသောကြောင့် Winter စ်ိတ်ဆိုးမိသည်
သူ့အမက သူ့ကိုမြင်ရင် ဘယ်လိုတုံ့ပြန်အုံးမလည်းဆိုတာလည်း Winter မမျှော်လင့်ရဲပေ
Karinaက သူ့အမကို ပြန်ပေးဆွဲခဲ့ဖူးတာဆိုတော့ သူ့အမ သူ့အပေါ်တုံ့ပြန်ဆက်ဆံတာကို ငြိမ်ခံဖို့ဘဲ Winter တွေးမိသည်
တံခါပွင့်လာတဲ့အခါ အရင်ကထက် တည်ငြိမ်လာတဲ့ သူ့အမ Hana jeongကို တွေ့လိုက်ရသည်
"Hi..."
Winter မှာ သူ့အမကို တွေ့လိုက်ရလို့ မျက်ရည်တွေဝဲလာပေမယ့် သူ့အမ Hana Jeongကတော့ Winterကို ကြည့်ပြီး မအံ့သြသွားသလို ဘာခံစားချက်မှလည်း ဖြစ်မလာပေ
"နင် ဒီကို ဘာလာလုပ်တာလည်း "
"အမကို လာတွေ့တာ အဆင်ပြေလား သိချင်လို့ "
Hanaက ဘာမှပြန်မပြောပေမယ့် Winterနောက်က ကားကို လှမ်းကြည့်နေတာကို Winterသတိထားမိသည်
"သူတို့က ဘယ်သူတွေလည်း ဘာလုပ်နေကြတာလည်း "
Johnတို့ကို မေးငေါ့ပြပြီး Hanaမေးလိုက်သည်
Hanaကို သူမဖြစ်ခဲ့တာတွေ မပြောပြဖို့ Winter ဆုံးဖြတ်လိုက်သည် ....Hanaလည်း ခက်ခဲတဲ့ကာလကို ဖြတ်ကျော်ခဲ့ရမှာဘဲ သူမရဲ့ ရှုပ်ထွေးတဲ့ ကမ္ဘာထဲ Winterဆွဲမထည့်ချင်ပေ
"Karina အကြောင်းလည်း သိရက်သားနဲ့ "
"သိတာပေါ့ သူဘာလုပ်ခဲ့လည်းဆိုတာ နင်လည်း မြင်ခဲ့တာဘဲလေ '
"ညီမ အထဲဝင်လို့ရလား"
Hanaမှာ ဘာမှမပြောဘဲ တွေဝေနေသည်... Winterက သူ့အမရဲ့လက်ကို ဆွဲကိုင်လိုက်တယ်
"Please Hana....ညီမ အမကို သတိရလို့ပါ "
Hanaလည်း သက်ပြင်းချပြီး ခေါင်းညိတ်ပြလိုက်တယ်
'ဒါပေမယ့် သူတို့ကို အပြင်မှာ နေခိုင်းလိုက် "
Johnတို့ကို မေးငေါ့ပြပြီး Hana ပြောလိုက်သည်
Winterမှာ Johnကို လှမ်းကြည့်ပြီး လက်ဟန်ခြေဟန်ဖြင့် အပြင်မှာ စောင့်နေဖို့ ပြောလေသည်
သူမငယ်စဥ်က နေခဲ့တဲ့ အိမ်လေးထဲ ဝင်လိုက်တဲ့အချိန် နွေးထွေးမှုတွေကို Winter ခံစားလိုက်ရသည်
သူမတို့ မိသားစုဓာတ်ပုံလေးတွေ တွေ့တဲ့အခါမှာလည်း လွမ်းမောပြီး နာကျင်ရသည်
"အားလုံး ဒီအတိုင်းလေးဘဲ "
"ဟုတ်တယ် နင်ထွက်သွားကတည်းက ဘာမှပြောင်းလဲမသွားဘူး "
"Hana...ညီမ...မရည်ရွယ်ပါဘူး "
Winter သူ့အမလက်ကို ကိုင်ပြီး တောင်းပန်ဖို့ လုပ်ပေမယ့် Hanaက ရှောင်လိုက်သည်
"နင် ငါ့ကို ထားသွားတယ် "
"Hana..."
"နင် ငါ့ကို တစ်ယောက်တည်း ထားသွားခဲ့တယ် ငါတို့ မိဘတွေသေပြီးနောက် ငါ့ကို တစ်ယောက်တည်း ထားသွားခဲ့တယ် "
"Hana..."
"ငါ ဘယ်လောက် တုန်လှုပ်ခြောက်ခြားသွေးပျက်ခဲ့လည်းဆိုတာ နင်သိလား...နင် တစ်ခုခုဖြစ်သွားပြီထင်ခဲ့တာ.....အမေတို့ကို အပြင် နင့်ကိုပါ ဆုံးရှုံးလိုက်ရပြီလို့ ထင်ခဲ့တာ "
"ညီမ တောင်းပန်ပါတယ် "
Winter တောင်းပန်ပြီး Hanaကို ဖက်ကာငိုလိုက်သည် Hanaကလည်း ငိုပြီး Winterကို ဖက်လိုက်သည်
Karina အိမ်ကို ပြန်ရောက်တဲ့အခါမှာတော့ Winterက ကတိပေးထားသလို သူမကို အိမ်မှာ စောင့်နေသည်
သို့သော်လည်း Winter မျက်နှာက လန်းဆန်းနေခြင်းမရှိဘဲ မှုန်ကုတ်နေတာကို Karina သတိထားမိသည်
"Minjeong ဘာဖြစ်လို့လည်း.... မင်းရဲ့ အမက တစ်ခုခုလုပ်လိုက်လို့လား "
"ငါ့အမက ငါ့ကို နာကျင်အောင် ဘယ်တော့မှ မလုပ်ပါဘူး "
Winter ခေါင်းခါပြီး ဖြေလိုက်သည်
"သူလုပ်ခဲ့ဖူးပါတယ် "
"အဲ့တာက နင် သူ့ကို ပြန်ပေးဆွဲပြီး ထိုင်ခုံမှာချည်ခဲ့လို့ သူကစိတ်ဆိုးခဲ့တာလေ Jimin "
"အဲ့ကိစ္စကို ဆွဲမထုတ်နဲ့ Minjeong မင်းရဲ့ အမနဲ့ထိုက်တန်တယ်လေ "
"သူ့ခင်ပွန်းလုပ်ခဲ့တာအတွက်နဲ့ နင်က ငါ့အမကို အပြစ်ပေးခဲ့တာလေ...သူ့ခင်ပွန်းလုပ်တာ သူနဲ့ဆိုင်တယ်ဆိုတဲ့စကားက နင့် logicဆိုရင် နင့်ရန်သူတွေ ငါ့ကိုပြန်ပေးဆွဲပြီး နင်သူတို့ကိုလုပ်သလို ငါ့ကိုလုပ်တာက "
"Kim Minjeong စကားကို လက်လွတ်စပယ်မပြောစမ်းနဲ့ "
"နင်ပြောသလို လိုက်ပြောတာလေ "
"ဘာလို့ ဂျစ်ကန်နေတာလည်း "
"ဂျစ်မကန်ပါဘူးနော် "
"Minjeong ဘာဖြစ်နေတာလည်း တို့ကိုပြောပြလေ "
Winterကို ညင်ညင်သာသာနဲ့ Karina မေးလိုက်သည်
Winter သူ့အမအိမ်က ပြန်ရောက်ကတည်းက အကြောင်းအရာတွေ အားလုံးက သူမကို စိတ်အနှောင့်ယှက်ပေးနေသည်
ထိုအကြောင်းအရာအားလုံးကို Karina သိအောင် ပြောပြရမလား
"ငါ့မိဘတွေရဲ့ အိမ်အကြောင်း နင်ဘာလို့ မပြောပြတာလည်း "
Winterကမေးတော့ Karina သက်ပြင်းချလိုက်သည်
Karinaရဲ့ နူးညံ့တဲ့ မျက်ဝန်းတစ်စုံကို မြင်တော့ Winter စိတ်တိုနေတာတောင် ပျောက်သွားတယ်
"ဘာလို့လည်း "
"ဟင် ဘာကိုမေးတာလည်း Minjeong "
"ဘာလို့ အဲ့အိမ်ကို ပြန်ဝယ်ထားတာလည်းလို့ "
"အဲ့အိမ်မှာ မင်းအတွက် အမှတ်တရလေးတွေရှိတယ်လေ Minjeong....မင်းထွက်သွားပြီနောက် မင်းအမက ရောင်းဖို့ ကြိုးစားခဲ့တာ တို့ ပြန်ဝယ်ထားခဲ့တာ တစ်ချိန်ချိန်မှာ မင်းများ ပြန်လိုချင်မလား ပြန်သွားချင်မလားဆိုပြီးလေ "
Karinaရဲ့ စကားကြောင့် Winter သဘောကျပြီး မျက်ရည်တွေဝဲလာတယ်
"ငါ နင့်ကိုချစ်တယ် Jimin...."
Winter သူမ Jiminကို အထင်လွဲပြီးစိတ်ကောက်မိတာကို အားနာပြီး Jiminကို ဖက်ကာငိုလေသည်
#tbc
#zawgyi
Note- Winterရဲ႕ အမက Wendy မဟုတ္ေတာ့ပါဘူးေနာ္ က်ေနာ္ နာမည္ေျပာင္းေရးထားပါတယ္ ဇာတ္လမ္းအရပါ။
အိမ္ထဲကေန ျပင္ဆင္ၿပီး ထြက္လာတဲ့ Winterကို John တစ္ေယာက္ ဦးၫြတ္ႏႈတ္ဆက္ၿပီး SUV ကားအေနာက္ခန္းတံခါးကို ဖြင့္ေပးလိုက္သည္
Winter ကားထဲဝင္ေတာ့ Johnလည္း လိုက္ဝင္လိုက္သည္
ကားေရွ႕ခန္းမွာေတာ့ Kaneလို႔ေခၚတဲ့ တစ္ေယာက္ကားေမာင္းၿပီး Mikeက Kaneေဘးနားတြင္ထိုင္ေနသည္
bodyguardေတြကို ၾကည့္ၿပီး Winter သက္ျပင္းခ်ကာ ျပတင္းေပါက္အျပင္ကိုသာ ေငးၾကည့္လိုက္သည္
"ခ်ိဳတာ တစ္ခုခုေလး စားခ်င္လိုက္တာ "
Winterကေျပာေတာ့ Johnမွာ Winterကို လွမ္းၾကည့္သည္
"ဒိုးနပ္စားခ်င္တယ္ "
"Double Chocolate နဲ႕လား "
John ေမးခြန္းေၾကာင့္ Winter အံ့ၾသသြားတယ္
"နင္ ငါ့စိတ္ကို ဖတ္နိုင္တာလား "
Winter စကားေၾကာင့္ Johnမွာ ရယ္လိုက္ၿပီး ေခါင္းခါလိုက္သည္
"Karina ေျပာျပထားလို႔ပါ "
"သူက ဘာေျပာျပထားလို႔လည္း "
"မင္းအေၾကာင္းေတြ အားလုံး ေလ့လာထားဖို႔ ငါတို႔ကို သူအမိန့္ေပးထားတယ္ "
"သူက ဘာလို႔ နင္တို႔ကို ငါ့အေၾကာင္းေလ့လာဖို႔ အမိန့္ေပးရတာလည္း "
"မင္းကို အေကာင္းဆုံး ေစာင့္ေရွာင့္ေပးနိုင္ဖို႔ ၿပီးေတာ့ ဒီလိုမ်ိဳး ထူးထူးဆန္းဆန္း ဗိုက္ဆာေနတဲ့အခါ စိတ္ေက်နပ္ေအာင္လုပ္ေပးနိုင္ဖို႔တဲ့ "
Johnမွာ ေျပာရင္းထပ္ရယ္ျပန္သည္
"God...Bossက မင္းဆီ အရမ္းနစ္ဝင္ေနတာဘဲ "
"ဟယ္ ခုမွဗိုက္ဆာၿပီး အခ်ိဳစားခ်င္ေၾကာင္း ေျပာတာေလ ထူးဆန္းလို႔လား "
"ဟုတ္ပါၿပီဗ်ာ "
"သူ ငါ့အေၾကာင္း ဘာေျပာေသးလည္း မေကာင္းတာေတြေရာ ေျပာေသးလား "
"အင္း ငါ့အတြက္ေတာ့ မင္းအေၾကာင္းမွန္သမွ်က ဘာေနေန မေကာင္းတာဘဲ "
"Hey "
"Karinaက မင္းရဲ႕ အရာအားလုံးကို သေဘာက်တယ္ မေကာင္းတဲ့အရာေတြျဖစ္ေနရင္ေတာင္ သူက သေဘာက်ေနတုန္းဘဲ..Bossရဲ႕စိတ္ကို နားကိုမလည္ဘူး "
"မေကာင္းတဲ့ အရာေတြ ဟုတ္လား "
"ဟုတ္တယ္ေလ သူေျပာဖူးတယ္ မင္းေခါင္းက ေက်ာက္တုံးလိုဘဲ အရမ္းေခါင္းမာတာတဲ့ ဒါေပမယ့္ အဲ့လိုေခါင္းမာတာေလးကိုဘဲ သူအရမ္းခ်စ္ေနရတာတဲ့ေလ နားကိုမလည္ပါဘူး "
"ဘယ္နားလည္မွာလည္း နင့္မွာ ရည္းစားမွ မရွိတာ "
Winterရဲ႕ တိုက္ခိုက္မႈေၾကာင့္ John မ်က္ႏွာႀကီးရႈံ႕မဲ့သြားတယ္
Winter စားခ်င္တဲ့ ဒိုးနတ္ဝယ္ေပးၿပီး Wendyဆီ ထြက္လာလိုက္သည္
"သူတို႔က ဒီမွာေနတာလား "
Winterမွာ သူမေရွ႕ကအေဆာက္အအုံကို ၾကည့္ရင္း Johnကို ေျပာလိုက္သည္
"ဟုတ္တယ္ "
"ငါ့မိဘေတြ ေသသြားၿပီးေနာက္ ဒီအိမ္ကို ေရာင္းလိုက္ၿပီထင္တာ "
"Karinaနဲ႕ စကားေျပာၾကည့္ေပါ့ "
John ရဲ႕ စကားေၾကာင့္ Winter မ်က္ေမွာင္ၾကဳတ္သြားသည္
Underworld businessနဲ႕ ပတ္သက္ၿပီး Karina လ်ိဳ႕ဝွက္ထားတတ္တာကို Winter နားလည္ပါတယ္ ...Karinaမွာလည္း အေၾကာင္းျပခ်က္ေတြရွိမယ္မဟုတ္လား Winter မွာ Karinaက ထိုသို႔လ်ိဳ႕ဝွက္ထားတတ္တာကိုလည္း အဆင္ေျပပါတယ္
ဒါေပမယ့္ အခုကိစၥက Winter သိသင့္တာကို Karinaက ဘာမွမေျပာေသာေၾကာင့္ Winter စ်ိတ်ဆိုးမိသည်
သူ႕အမက သူ႕ကိုျမင္ရင္ ဘယ္လိုတုံ႕ျပန္အုံးမလည္းဆိုတာလည္း Winter မေမွ်ာ္လင့္ရဲေပ
Karinaက သူ႕အမကို ျပန္ေပးဆြဲခဲ့ဖူးတာဆိုေတာ့ သူ႕အမ သူ႕အေပၚတုံ႕ျပန္ဆက္ဆံတာကို ၿငိမ္ခံဖို႔ဘဲ Winter ေတြးမိသည္
တံခါပြင့္လာတဲ့အခါ အရင္ကထက္ တည္ၿငိမ္လာတဲ့ သူ႕အမ Hana jeongကို ေတြ႕လိုက္ရသည္
"Hi..."
Winter မွာ သူ႕အမကို ေတြ႕လိုက္ရလို႔ မ်က္ရည္ေတြဝဲလာေပမယ့္ သူ႕အမ Hana Jeongကေတာ့ Winterကို ၾကည့္ၿပီး မအံ့ၾသသြားသလို ဘာခံစားခ်က္မွလည္း ျဖစ္မလာေပ
"နင္ ဒီကို ဘာလာလုပ္တာလည္း "
"အမကို လာေတြ႕တာ အဆင္ေျပလား သိခ်င္လို႔ "
Hanaက ဘာမွျပန္မေျပာေပမယ့္ Winterေနာက္က ကားကို လွမ္းၾကည့္ေနတာကို Winterသတိထားမိသည္
"သူတို႔က ဘယ္သူေတြလည္း ဘာလုပ္ေနၾကတာလည္း "
Johnတို႔ကို ေမးေငါ့ျပၿပီး Hanaေမးလိုက္သည္
Hanaကို သူမျဖစ္ခဲ့တာေတြ မေျပာျပဖို႔ Winter ဆုံးျဖတ္လိုက္သည္ ....Hanaလည္း ခက္ခဲတဲ့ကာလကို ျဖတ္ေက်ာ္ခဲ့ရမွာဘဲ သူမရဲ႕ ရႈပ္ေထြးတဲ့ ကမၻာထဲ Winterဆြဲမထည့္ခ်င္ေပ
"Karina အေၾကာင္းလည္း သိရက္သားနဲ႕ "
"သိတာေပါ့ သူဘာလုပ္ခဲ့လည္းဆိုတာ နင္လည္း ျမင္ခဲ့တာဘဲေလ '
"ညီမ အထဲဝင္လို႔ရလား"
Hanaမွာ ဘာမွမေျပာဘဲ ေတြေဝေနသည္... Winterက သူ႕အမရဲ႕လက္ကို ဆြဲကိုင္လိုက္တယ္
"Please Hana....ညီမ အမကို သတိရလို႔ပါ "
Hanaလည္း သက္ျပင္းခ်ၿပီး ေခါင္းညိတ္ျပလိုက္တယ္
'ဒါေပမယ့္ သူတို႔ကို အျပင္မွာ ေနခိုင္းလိုက္ "
Johnတို႔ကို ေမးေငါ့ျပၿပီး Hana ေျပာလိုက္သည္
Winterမွာ Johnကို လွမ္းၾကည့္ၿပီး လက္ဟန္ေျခဟန္ျဖင့္ အျပင္မွာ ေစာင့္ေနဖို႔ ေျပာေလသည္
သူမငယ္စဥ္က ေနခဲ့တဲ့ အိမ္ေလးထဲ ဝင္လိုက္တဲ့အခ်ိန္ ႏြေးေထြးမႈေတြကို Winter ခံစားလိုက္ရသည္
သူမတို႔ မိသားစုဓာတ္ပုံေလးေတြ ေတြ႕တဲ့အခါမွာလည္း လြမ္းေမာၿပီး နာက်င္ရသည္
"အားလုံး ဒီအတိုင္းေလးဘဲ "
"ဟုတ္တယ္ နင္ထြက္သြားကတည္းက ဘာမွေျပာင္းလဲမသြားဘူး "
"Hana...ညီမ...မရည္႐ြယ္ပါဘူး "
Winter သူ႕အမလက္ကို ကိုင္ၿပီး ေတာင္းပန္ဖို႔ လုပ္ေပမယ့္ Hanaက ေရွာင္လိုက္သည္
"နင္ ငါ့ကို ထားသြားတယ္ "
"Hana..."
"နင္ ငါ့ကို တစ္ေယာက္တည္း ထားသြားခဲ့တယ္ ငါတို႔ မိဘေတြေသၿပီးေနာက္ ငါ့ကို တစ္ေယာက္တည္း ထားသြားခဲ့တယ္ "
"Hana..."
"ငါ ဘယ္ေလာက္ တုန္လႈပ္ေျခာက္ျခားေသြးပ်က္ခဲ့လည္းဆိုတာ နင္သိလား...နင္ တစ္ခုခုျဖစ္သြားၿပီထင္ခဲ့တာ.....အေမတို႔ကို အျပင္ နင့္ကိုပါ ဆုံးရႈံးလိုက္ရၿပီလို႔ ထင္ခဲ့တာ "
"ညီမ ေတာင္းပန္ပါတယ္ "
Winter ေတာင္းပန္ၿပီး Hanaကို ဖက္ကာငိုလိုက္သည္ Hanaကလည္း ငိုၿပီး Winterကို ဖက္လိုက္သည္
Karina အိမ္ကို ျပန္ေရာက္တဲ့အခါမွာေတာ့ Winterက ကတိေပးထားသလို သူမကို အိမ္မွာ ေစာင့္ေနသည္
သို႔ေသာ္လည္း Winter မ်က္ႏွာက လန္းဆန္းေနျခင္းမရွိဘဲ မႈန္ကုတ္ေနတာကို Karina သတိထားမိသည္
"Minjeong ဘာျဖစ္လို႔လည္း.... မင္းရဲ႕ အမက တစ္ခုခုလုပ္လိုက္လို႔လား "
"ငါ့အမက ငါ့ကို နာက်င္ေအာင္ ဘယ္ေတာ့မွ မလုပ္ပါဘူး "
Winter ေခါင္းခါၿပီး ေျဖလိုက္သည္
"သူလုပ္ခဲ့ဖူးပါတယ္ "
"အဲ့တာက နင္ သူ႕ကို ျပန္ေပးဆြဲၿပီး ထိုင္ခုံမွာခ်ည္ခဲ့လို႔ သူကစိတ္ဆိုးခဲ့တာေလ Jimin "
"အဲ့ကိစၥကို ဆြဲမထုတ္နဲ႕ Minjeong မင္းရဲ႕ အမနဲ႕ထိုက္တန္တယ္ေလ "
"သူ႕ခင္ပြန္းလုပ္ခဲ့တာအတြက္နဲ႕ နင္က ငါ့အမကို အျပစ္ေပးခဲ့တာေလ...သူ႕ခင္ပြန္းလုပ္တာ သူနဲ႕ဆိုင္တယ္ဆိုတဲ့စကားက နင့္ logicဆိုရင္ နင့္ရန္သူေတြ ငါ့ကိုျပန္ေပးဆြဲၿပီး နင္သူတို႔ကိုလုပ္သလို ငါ့ကိုလုပ္တာက "
"Kim Minjeong စကားကို လက္လြတ္စပယ္မေျပာစမ္းနဲ႕ "
"နင္ေျပာသလို လိုက္ေျပာတာေလ "
"ဘာလို႔ ဂ်စ္ကန္ေနတာလည္း "
"ဂ်စ္မကန္ပါဘူးေနာ္ "
"Minjeong ဘာျဖစ္ေနတာလည္း တို႔ကိုေျပာျပေလ "
Winterကို ညင္ညင္သာသာနဲ႕ Karina ေမးလိုက္သည္
Winter သူ႕အမအိမ္က ျပန္ေရာက္ကတည္းက အေၾကာင္းအရာေတြ အားလုံးက သူမကို စိတ္အႏွောင့္ယွက္ေပးေနသည္
ထိုအေၾကာင္းအရာအားလုံးကို Karina သိေအာင္ ေျပာျပရမလား
"ငါ့မိဘေတြရဲ႕ အိမ္အေၾကာင္း နင္ဘာလို႔ မေျပာျပတာလည္း "
Winterကေမးေတာ့ Karina သက္ျပင္းခ်လိဳက္သည္
Karinaရဲ႕ ႏူးညံ့တဲ့ မ်က္ဝန္းတစ္စုံကို ျမင္ေတာ့ Winter စိတ္တိုေနတာေတာင္ ေပ်ာက္သြားတယ္
"ဘာလို႔လည္း "
"ဟင္ ဘာကိုေမးတာလည္း Minjeong "
"ဘာလို႔ အဲ့အိမ္ကို ျပန္ဝယ္ထားတာလည္းလို႔ "
"အဲ့အိမ္မွာ မင္းအတြက္ အမွတ္တရေလးေတြရွိတယ္ေလ Minjeong....မင္းထြက္သြားၿပီေနာက္ မင္းအမက ေရာင္းဖို႔ ႀကိဳးစားခဲ့တာ တို႔ ျပန္ဝယ္ထားခဲ့တာ တစ္ခ်ိန္ခ်ိန္မွာ မင္းမ်ား ျပန္လိုခ်င္မလား ျပန္သြားခ်င္မလားဆိုၿပီးေလ "
Karinaရဲ႕ စကားေၾကာင့္ Winter သေဘာက်ၿပီး မ်က္ရည္ေတြဝဲလာတယ္
"ငါ နင့္ကိုခ်စ္တယ္ Jimin...."
Winter သူမ Jiminကို အထင္လြဲၿပီးစိတ္ေကာက္မိတာကို အားနာၿပီး Jiminကို ဖက္ကာငိုေလသည္
#tbc
Bạn đang đọc truyện trên: Truyen3h.Co