Part 20
#Unicode
Winter သူ့အမရဲ့ အိမ်ကို နောက်တစ်ခေါက်အလည်ထပ်သွားသည်
ညီအမနှစ်ယောက် မတွေ့ရတဲ့လေးနှစ်လုံး ဖြစ်ပျက်ခဲ့တာတွေကို ပြန်ပြောနေကြသည်
"ဒီတော့ နင်နဲ့ Karinaက ပြန်တွဲနေကြတာပေါ့ ဟုတ်လား "
Winterမှာ သူ့အမမေးခွန်းကို ခေါင်းညိတ်ပြပြီး ပြန်ဖြေသည်
Winter အဖြေကြောင့် Hana မျက်နှာပျက်သွားသည်
"ဘာလို့လည်း "
"နင် သူ့ကိုချစ်လား "
"အင်း ချစ်တယ် သူ့ကိုချစ်တဲ့အချစ်တွေက ရပ်တန့်လို့ မရပါဘူး Unnieရယ် "
"သူက အန္တရာယ်ရှိတယ်နော် Minjeong "
"ညီမအပေါ်တော့ မဟုတ်ပါဘူး "
"နင် ထွက်ပြေးသွားတုန်းက သူ ဒီကိုရောက်လာတယ် နင် ဘယ်ကိုထွက်ပြေးလည်းဆိုတာ ငါက သိမယ်လို့ သူထင်နေတာ... ငါ မသိဘူးပြောတော့... သူ..."
Hana စကားကိုနားထောင်ရင်း Winter စိတ်လေးလံလာပြီး အပြစ်ရှိသလို ခံစားလာရသည်
"သူက ဒီအိမ်ကိုရောင်းပစ်ပြီး ငါ့ကို သတ်ပစ်မယ်လို့ ခြိမ်းခြောက််တယ်...ငါက နင်တို့ကို ခွဲထားတယ်ထင်ပြီး....သတ်ပစ်ဖို့အထိတောင်လုပ်ခဲ့တာ ...အဲ့အချိန်တုန်းက တွေးမိတာက လောကကြီးက ငါ့ဆီက အကုန် ငါပိုင်သမျှ ယူသွားပါ့လားဆိုပြီး ငါ့မိဘတွေ ငါ့ညီမနဲ့ ပြီးတော့ ငါ့ခင်ပွန်းရော "
Hanaပြောရင်း နှုတ်ခမ်းကို ကိုက်လိုက်သည်
"အဲ့လိုနဲ့ ငါ့မှာ ကိုယ်ဝန်ရှိနေမှန်း သိလိုက်ရတယ် "
Hanaရဲ့ စကားကြောင့် Winter လန့်သွားတယ်
"ငါ ကိုယ်ဝန်ရှိမှန်း ပြောပြလို့ရတဲ့ တစ်ယောက်ကတော့ Karinaဘဲ...ငါ့ခင်ပွန်း Liamက ဘယ်တွေသွားပြီး ဘာတွေလုပ်နေမှန်းမသိဘူး ငါ့အနားမှာ မရှိခဲ့ဘူး ...အဲ့လိုအချိန်မှာ Karinaက ငါ့ကို ဂရုစိုက်ခဲ့တယ်....သူက ငါ့ကိုအားပေးရင်း ဒီကလေးလေးက နင့်အတွက် အရေးပါတယ်လို့ပြောသေးတယ်.....ပြီးတော့ နင်က...ကလေးအတွက် အရမ်းကောင်းမွန်တဲ့ အဒေါ်ဖြစ်လာအုံးမှာလို့ ပြောသေးတယ်....ငါလည်း အဲ့လိုထင်ပါတယ်....သူက ဒီကလေးလေးကို နင်တွေ့ရဖို့ နင့်ကိုပြန်ခေါ်ချင်ခဲ့တာ . .. "
Hana စကားကို ကြားပြီး Winter သူမတစ်ကိုယ်ကောင်းဆန်မှုကြောင့် အားနာပြီး အပြစ်ရှိတဲ့စိတ်တွေပိုမိုဝင်ရောက်လာသည်
"ငါ့ခင်ပွန်းကလည်း ပိုက်ဆံတွေအများကြီး သုံးပစ်တယ် သူနဲ့အကြီးအကျယ်ရန်ဖြစ်ရသေးတယ်"
"တောင်းပန်ပါတယ် Unnie...Unnie ခက်ခဲနေတဲ့အချိန် ညီမဘေးနားရှိမပေးခဲ့လို့ "
Hanaရဲ့ လက်ကိုကိုင်ပြီး Winter တောင်းပန်လိုက်သည်
"အဲဲ့ဒီတုန်းက နင့်ကို ငါအရမ်းစိတ်ဆိုးခဲ့တာ "
Karinaက ကိုယ်ဝန်ရှိနေတဲ့ Hanaကို စောင့်ရှောက်ပေးခဲ့တယ်တဲ့လား
"Winter အဲ့လူတွေက ဘာလို့ နင့်နောက်အမြဲလိုက်နေတာလည်း "
ပြတင်းပေါက်ကနေတဆင့် အိမ်ရှေ့ရပ်နေတဲ့ Johnတို့ကို မျက်စပစ်ပြပြီး Hanaမေးလိုက်သည်
"Jiminက သူတို့ကို ညီမကို ဂရုစိုက်ဖို့ လွှတ်ထားတာပါ "
"အို သူ့အမအိမ်မှာ ရှိနေတာဘဲကို ဘာစိတ်ပူစရာရှိလို့ လုံခြုံနေတာဘဲလေ "
Winter မှာ ရုတ်တရက် ဟိုခွေးကောင်အကြောင်းတွေးမိသွားလို့ စိတ်ထဲ သက်တောင့်သက်သာ မဖြစ်လာတော့ပေ
"Karinaက Liamကို မယုံဘူး.... မယုံချင်စရာပါဘဲ ဒင်းကလည်း အိမ်မှာ အမြဲရှိမနေဘူးလေ "
"Unnieက အဆင်ပြေရဲ့လား"
" သူက ငါ့စကားဆို ဘယ်တော့မှ နားမထောင်ပေမယ့် ပြေပါတယ်လေ ဒါမျိုးနဲ့ ငါနေသားကျနေပါပြီ "
Hanaက ဟန်ဆောင်ပြောနေမှန်း Winter သိသည်
Hana မျက်နှာကို ကြည့်ရုံနဲ့ နာကျင်မှုကို ဖုံးကွယ်ထားမှန်း Winter သတိထားမိတယ်လေ
"Unnie...သူ့ကို တကယ်ရော ချစ်ရဲ့လား "
"ငါတို့အတူရှိလာတာ နှစ်တွေကြာရောပေါ့ "
"ညီမ အဲ့တာကိုမေးတာ မဟုတ်ဘူးလေ "
Hanaနဲ့ Liamတို့ ရည်းစားစဖြစ်ခဲ့တဲ့ အချိန်ကို Winter ပြန်တွေးမိသွားတယ်
အစပိုင်းမှာတော့ တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြပေမယ့် နောက်ပိုင်းမှာတော့ Liamက ပြောင်းလဲလာသည်
ပိုက်ဆံနဲ့ပတ်သက်ပြီး လောဘကြီးလာတာကို အချစ်စိတ်မွှန်နေတဲ့ Hanaက လွဲလို့ ဘေးလူတွေက သတိထားမိသည်
Winterရဲ့ မိဘတွေက Hanaကို Liamနဲ့ သဘောမတူပေမယ့် နှစ်ယောက်သား တိတ်တဆိတ်လက်ထပ်လိုက်ကြလို့ မတတ်နိုင်ဘဲ သဘောတူလိုက်ရသည်
ထိုအကြောင်းကို ပြန်တွေးရင်း Winter သက်ပြင်းချလိုက်သည်
"Liamက Unnieကို နာကျင်အောင်လုပ်လား "
"Minjeong အခုချိန်မှာ သူ့အကြောင်း မပြောချင်ဘူးဟာ "
"ဒါဆို သူက Unnieကို ရိုက်တယ်ပေါ့ "
"ဟင့်အင်း မရိုက်ပါဘူး "
"Unnie သူနဲ့ကွာရှင်းသင့်ပြီ "
"Minjeong ငါလည်း နင့်လိုအကြံပြန်ပေးပါရစေ နင် Karinaနဲ့ဖြတ်သင့်ပြီ Karina လုပ်သမျှ ငါမသိဘူးလို့ နင်မထင်နဲ့ သူ့အကြောင်းတွေ နင်သိထားတာထက် ပိုပြီး ငါ ပိုသိတယ်....ငါ့အိမ်ထောင်ရေးကိစ္စထဲ နင်ဝင်မပါပါနဲ့...နင်နားမလည်ပါဘူး "
"ညီမက ဘာလို့ နားမလည်ရမှာလည်း ပြီးတော့ Unnieက ဘာကိုသိထားတာလည်း "
"နင်အတွေ့အကြုံမရှိသေးဘူးဘဲ Minjeong နင်မသိသေးဘူးလား Minjeong...ဒါဆို Karinaက လျို့ဝှက်ထားရာမှာ တကယ်တော်တာဘဲ "
"Unnie လိုရင်းကိုသာ ပြောစမ်းပါ "
Karinaက လျို့ဝှက်ချက်တွေ များတယ်ဆိုတာ Winterသိသည် ဒါကလည်း Winterအတွက်ဆိုတာ သဘောလည်းပေါက်မိသည်
"ငါတို့ အဖေနဲ့အမေ ဘယ်လိုသေသွားလည်း သိလား "
"Jimin ပြောတာတော့ ညီမ မွေးနေ့မို့လို့ ပြန်လာရင်း လမ်းမှာ လေယာဥ်ပျက်ကျခဲ့ပြီး ဆုံးသွားတာတဲ့ "
"ဟုတ်တယ် လေယာဥ်က ဘယ်သူ့လေယာဥ်ထင်လည်း Yu familyရဲ့ private လေယာဥ်... ငါတို့ မိဘတွေက လုပ်ကြံခံရတာ "
Hanaရဲ့ စကားကြောင့် Winter နှလုံးတစ်ခုလုံး ပြုတ်ကျသွားသလို ခံစားရပြီး အသက်ရှုကြပ်လာသည်
"မဖြစ်နိုင်ပါဘူး Jiminပြောတာက တစ်ယောက်ယောက်က လေယာဥ်ကို တိုက်ခိုက်လို့ လေယာဥ်ပေါ်က တစ်ချို့လည်း သေသွားခဲ့တယ်တဲ့ "
"Minjeong အဖေက နင်မုန်းပြီး ထွက်ပြေးခဲ့တဲ့ အမှောင်ကမ္ဘာထဲ ပါဝင်ခဲ့တာ အဲ့တုန်းက နင်က ငယ်သေးလို့ မသိပေမယ့် ငါက အကုန်သိနေခဲ့တယ် ငါတို့ အခြေခံပညာကျောင်း တက်နေရာက private schoolပြောင်းလိုက်ရကတည်းက ထူးဆန်းသလို မခံစားရဘူးလား အင်းပေါ့ နင်က ကလေးဘဲ ရှိသေးတော့ ဘယ်သိမှာလည်း အဖေက Yu familyနဲ့ပူးပေါင်းပြီး မကောင်းတဲ့လုပ်ငန်းတွေ အကုန်လုပ်ခဲ့တာ "
"ညီမ....ညီမမသိခဲ့ဘူး "
"Karinaက နင့်ကို အရမ်းချစ်တယ်ဆိုရင် ဘာလို့ ဒီကိစ္စကို မပြောပြဘဲ လျို့ဝှက်ထားတာလည်း "
"နင်ကလည်း ဘာလို့ အခုမှ ငါ့ကိုပြောပြရတာလည်း ဘာလို့လည်း "
Winter စိတ်တိုပြီး ထအော်တော့ Johnတို့မှာ အိမ်ထဲကို အမြန်ပြေးဝင်ကြသည်
"ပြောစမ်းပါ Hana...'
Winterမှာ စားပွဲခုံပေါ်က ပစ္စည်းတွေပါ လွှင့်ပစ်ပြီး အော်ဟစ်သောင်းကျန်းလေသည်
"အဖေရော Karinaကပါ နင့်ကို မပြောပြဖို့ တောင်းဆိုထားလို့ "
"ဒါဆို ဘာလို့ ခုမှပြောတာလည်း ဘာလို့လည်း "
Johnတို့မှာ စိတ်မတည်မငြိမ်ဖြစ်ပြီး ပေါက်ကွဲနေတဲ့ Winterကို ဖမ်းချုပ်ကြလေသည်
"Winter တော်တော့ "
"Kim Hana ပြောစမ်းပါ "
Johnတို့လည်း အော်ဟစ်နေတဲ့ Winterကို အိမ်ထဲကနေ အမြန်ဆွဲခေါ်ထုတ်သွားသည်
#tbc.
#zawgyi
Winter သူ႕အမရဲ႕ အိမ္ကို ေနာက္တစ္ေခါက္အလည္ထပ္သြားသည္
ညီအမႏွစ္ေယာက္ မေတြ႕ရတဲ့ေလးႏွစ္လုံး ျဖစ္ပ်က္ခဲ့တာေတြကို ျပန္ေျပာေနၾကသည္
"ဒီေတာ့ နင္နဲ႕ Karinaက ျပန္တြဲေနၾကတာေပါ့ ဟုတ္လား "
Winterမွာ သူ႕အမေမးခြန္းကို ေခါင္းညိတ္ျပၿပီး ျပန္ေျဖသည္
Winter အေျဖေၾကာင့္ Hana မ်က္ႏွာပ်က္သြားသည္
"ဘာလို႔လည္း "
"နင္ သူ႕ကိုခ်စ္လား "
"အင္း ခ်စ္တယ္ သူ႕ကိုခ်စ္တဲ့အခ်စ္ေတြက ရပ္တန့္လို႔ မရပါဘူး Unnieရယ္ "
"သူက အႏၱရာယ္ရွိတယ္ေနာ္ Minjeong "
"ညီမအေပၚေတာ့ မဟုတ္ပါဘူး "
"နင္ ထြက္ေျပးသြားတုန္းက သူ ဒီကိုေရာက္လာတယ္ နင္ ဘယ္ကိုထြက္ေျပးလည္းဆိုတာ ငါက သိမယ္လို႔ သူထင္ေနတာ... ငါ မသိဘူးေျပာေတာ့... သူ..."
Hana စကားကိုနားေထာင္ရင္း Winter စိတ္ေလးလံလာၿပီး အျပစ္ရွိသလို ခံစားလာရသည္
"သူက ဒီအိမ္ကိုေရာင္းပစ္ၿပီး ငါ့ကို သတ္ပစ္မယ္လို႔ ၿခိမ္းေျခာက္္တယ္...ငါက နင္တို႔ကို ခြဲထားတယ္ထင္ၿပီး....သတ္ပစ္ဖို႔အထိေတာင္လုပ္ခဲ့တာ ...အဲ့အခ်ိန္တုန္းက ေတြးမိတာက ေလာကႀကီးက ငါ့ဆီက အကုန္ ငါပိုင္သမွ် ယူသြားပါ့လားဆိုၿပီး ငါ့မိဘေတြ ငါ့ညီမနဲ႕ ၿပီးေတာ့ ငါ့ခင္ပြန္းေရာ "
Hanaေျပာရင္း ႏႈတ္ခမ္းကို ကိုက္လိုက္သည္
"အဲ့လိုနဲ႕ ငါ့မွာ ကိုယ္ဝန္ရွိေနမွန္း သိလိုက္ရတယ္ "
Hanaရဲ႕ စကားေၾကာင့္ Winter လန့္သြားတယ္
"ငါ ကိုယ္ဝန္ရွိမွန္း ေျပာျပလို႔ရတဲ့ တစ္ေယာက္ကေတာ့ Karinaဘဲ...ငါ့ခင္ပြန္း Liamက ဘယ္ေတြသြားၿပီး ဘာေတြလုပ္ေနမွန္းမသိဘူး ငါ့အနားမွာ မရွိခဲ့ဘူး ...အဲ့လိုအခ်ိန္မွာ Karinaက ငါ့ကို ဂ႐ုစိုက္ခဲ့တယ္....သူက ငါ့ကိုအားေပးရင္း ဒီကေလးေလးက နင့္အတြက္ အေရးပါတယ္လို႔ေျပာေသးတယ္.....ၿပီးေတာ့ နင္က...ကေလးအတြက္ အရမ္းေကာင္းမြန္တဲ့ အေဒၚျဖစ္လာအုံးမွာလို႔ ေျပာေသးတယ္....ငါလည္း အဲ့လိုထင္ပါတယ္....သူက ဒီကေလးေလးကို နင္ေတြ႕ရဖို႔ နင့္ကိုျပန္ေခၚခ်င္ခဲ့တာ . .. "
Hana စကားကို ၾကားၿပီး Winter သူမတစ္ကိုယ္ေကာင္းဆန္မႈေၾကာင့္ အားနာၿပီး အျပစ္ရွိတဲ့စိတ္ေတြပိုမိုဝင္ေရာက္လာသည္
"ငါ့ခင္ပြန္းကလည္း ပိုက္ဆံေတြအမ်ားႀကီး သုံးပစ္တယ္ သူနဲ႕အႀကီးအက်ယ္ရန္ျဖစ္ရေသးတယ္"
"ေတာင္းပန္ပါတယ္ Unnie...Unnie ခက္ခဲေနတဲ့အခ်ိန္ ညီမေဘးနားရွိမေပးခဲ့လို႔ "
Hanaရဲ႕ လက္ကိုကိုင္ၿပီး Winter ေတာင္းပန္လိုက္သည္
"အဲဲ့ဒီတုန္းက နင့္ကို ငါအရမ္းစိတ္ဆိုးခဲ့တာ "
Karinaက ကိုယ္ဝန္ရွိေနတဲ့ Hanaကို ေစာင့္ေရွာက္ေပးခဲ့တယ္တဲ့လား
"Winter အဲ့လူေတြက ဘာလို႔ နင့္ေနာက္အၿမဲလိုက္ေနတာလည္း "
ျပတင္းေပါက္ကေနတဆင့္ အိမ္ေရွ႕ရပ္ေနတဲ့ Johnတို႔ကို မ်က္စပစ္ျပၿပီး Hanaေမးလိုက္သည္
"Jiminက သူတို႔ကို ညီမကို ဂ႐ုစိုက္ဖို႔ လႊတ္ထားတာပါ "
"အို သူ႕အမအိမ္မွာ ရွိေနတာဘဲကို ဘာစိတ္ပူစရာရွိလို႔ လုံၿခဳံေနတာဘဲေလ "
Winter မွာ ႐ုတ္တရက္ ဟိုေခြးေကာင္အေၾကာင္းေတြးမိသြားလို႔ စိတ္ထဲ သက္ေတာင့္သက္သာ မျဖစ္လာေတာ့ေပ
"Karinaက Liamကို မယုံဘူး.... မယုံခ်င္စရာပါဘဲ ဒင္းကလည္း အိမ္မွာ အၿမဲရွိမေနဘူးေလ "
"Unnieက အဆင္ေျပရဲ႕လား"
" သူက ငါ့စကားဆို ဘယ္ေတာ့မွ နားမေထာင္ေပမယ့္ ေျပပါတယ္ေလ ဒါမ်ိဳးနဲ႕ ငါေနသားက်ေနပါၿပီ "
Hanaက ဟန္ေဆာင္ေျပာေနမွန္း Winter သိသည္
Hana မ်က္ႏွာကို ၾကည့္႐ုံနဲ႕ နာက်င္မႈကို ဖုံးကြယ္ထားမွန္း Winter သတိထားမိတယ္ေလ
"Unnie...သူ႕ကို တကယ္ေရာ ခ်စ္ရဲ႕လား "
"ငါတို႔အတူရွိလာတာ ႏွစ္ေတြၾကာေရာေပါ့ "
"ညီမ အဲ့တာကိုေမးတာ မဟုတ္ဘူးေလ "
Hanaနဲ႕ Liamတို႔ ရည္းစားစျဖစ္ခဲ့တဲ့ အခ်ိန္ကို Winter ျပန္ေတြးမိသြားတယ္
အစပိုင္းမွာေတာ့ တစ္ေယာက္ကိုတစ္ေယာက္ သိပ္ခ်စ္ၾကေပမယ့္ ေနာက္ပိုင္းမွာေတာ့ Liamက ေျပာင္းလဲလာသည္
ပိုက္ဆံနဲ႕ပတ္သက္ၿပီး ေလာဘႀကီးလာတာကို အခ်စ္စိတ္မႊန္ေနတဲ့ Hanaက လြဲလို႔ ေဘးလူေတြက သတိထားမိသည္
Winterရဲ႕ မိဘေတြက Hanaကို Liamနဲ႕ သေဘာမတူေပမယ့္ ႏွစ္ေယာက္သား တိတ္တဆိတ္လက္ထပ္လိုက္ၾကလို႔ မတတ္နိုင္ဘဲ သေဘာတူလိုက္ရသည္
ထိုအေၾကာင္းကို ျပန္ေတြးရင္း Winter သက္ျပင္းခ်လိဳက္သည္
"Liamက Unnieကို နာက်င္ေအာင္လုပ္လား "
"Minjeong အခုခ်ိန္မွာ သူ႕အေၾကာင္း မေျပာခ်င္ဘူးဟာ "
"ဒါဆို သူက Unnieကို ရိုက္တယ္ေပါ့ "
"ဟင့္အင္း မရိုက္ပါဘူး "
"Unnie သူနဲ႕ကြာရွင္းသင့္ၿပီ "
"Minjeong ငါလည္း နင့္လိုအႀကံျပန္ေပးပါရေစ နင္ Karinaနဲ႕ျဖတ္သင့္ၿပီ Karina လုပ္သမွ် ငါမသိဘူးလို႔ နင္မထင္နဲ႕ သူ႕အေၾကာင္းေတြ နင္သိထားတာထက္ ပိုၿပီး ငါ ပိုသိတယ္....ငါ့အိမ္ေထာင္ေရးကိစၥထဲ နင္ဝင္မပါပါနဲ႕...နင္နားမလည္ပါဘူး "
"ညီမက ဘာလို႔ နားမလည္ရမွာလည္း ၿပီးေတာ့ Unnieက ဘာကိုသိထားတာလည္း "
"နင္အေတြ႕အႀကဳံမရွိေသးဘူးဘဲ Minjeong နင္မသိေသးဘူးလား Minjeong...ဒါဆို Karinaက လ်ိဳ႕ဝွက္ထားရာမွာ တကယ္ေတာ္တာဘဲ "
"Unnie လိုရင္းကိုသာ ေျပာစမ္းပါ "
Karinaက လ်ိဳ႕ဝွက္ခ်က္ေတြ မ်ားတယ္ဆိုတာ Winterသိသည္ ဒါကလည္း Winterအတြက္ဆိုတာ သေဘာလည္းေပါက္မိသည္
"ငါတို႔ အေဖနဲ႕အေမ ဘယ္လိုေသသြားလည္း သိလား "
"Jimin ေျပာတာေတာ့ ညီမ ေမြးေန႕မို႔လို႔ ျပန္လာရင္း လမ္းမွာ ေလယာဥ္ပ်က္က်ခဲ့ၿပီး ဆုံးသြားတာတဲ့ "
"ဟုတ္တယ္ ေလယာဥ္က ဘယ္သူ႕ေလယာဥ္ထင္လည္း Yu familyရဲ႕ private ေလယာဥ္... ငါတို႔ မိဘေတြက လုပ္ႀကံခံရတာ "
Hanaရဲ႕ စကားေၾကာင့္ Winter ႏွလုံးတစ္ခုလုံး ျပဳတ္က်သြားသလို ခံစားရၿပီး အသက္ရႈၾကပ္လာသည္
"မျဖစ္နိုင္ပါဘူး Jiminေျပာတာက တစ္ေယာက္ေယာက္က ေလယာဥ္ကို တိုက္ခိုက္လို႔ ေလယာဥ္ေပၚက တစ္ခ်ိဳ႕လည္း ေသသြားခဲ့တယ္တဲ့ "
"Minjeong အေဖက နင္မုန္းၿပီး ထြက္ေျပးခဲ့တဲ့ အေမွာင္ကမၻာထဲ ပါဝင္ခဲ့တာ အဲ့တုန္းက နင္က ငယ္ေသးလို႔ မသိေပမယ့္ ငါက အကုန္သိေနခဲ့တယ္ ငါတို႔ အေျခခံပညာေက်ာင္း တက္ေနရာက private schoolေျပာင္းလိုက္ရကတည္းက ထူးဆန္းသလို မခံစားရဘူးလား အင္းေပါ့ နင္က ကေလးဘဲ ရွိေသးေတာ့ ဘယ္သိမွာလည္း အေဖက Yu familyနဲ႕ပူးေပါင္းၿပီး မေကာင္းတဲ့လုပ္ငန္းေတြ အကုန္လုပ္ခဲ့တာ "
"ညီမ....ညီမမသိခဲ့ဘူး "
"Karinaက နင့္ကို အရမ္းခ်စ္တယ္ဆိုရင္ ဘာလို႔ ဒီကိစၥကို မေျပာျပဘဲ လ်ိဳ႕ဝွက္ထားတာလည္း "
"နင္ကလည္း ဘာလို႔ အခုမွ ငါ့ကိုေျပာျပရတာလည္း ဘာလို႔လည္း "
Winter စိတ္တိုၿပီး ထေအာ္ေတာ့ Johnတို႔မွာ အိမ္ထဲကို အျမန္ေျပးဝင္ၾကသည္
"ေျပာစမ္းပါ Hana...'
Winterမွာ စားပြဲခုံေပၚက ပစၥည္းေတြပါ လႊင့္ပစ္ၿပီး ေအာ္ဟစ္ေသာင္းက်န္းေလသည္
"အေဖေရာ Karinaကပါ နင့္ကို မေျပာျပဖို႔ ေတာင္းဆိုထားလို႔ "
"ဒါဆို ဘာလို႔ ခုမွေျပာတာလည္း ဘာလို႔လည္း "
Johnတို႔မွာ စိတ္မတည္မၿငိမ္ျဖစ္ၿပီး ေပါက္ကြဲေနတဲ့ Winterကို ဖမ္းခ်ဳပ္ၾကေလသည္
"Winter ေတာ္ေတာ့ "
"Kim Hana ေျပာစမ္းပါ "
Johnတို႔လည္း ေအာ္ဟစ္ေနတဲ့ Winterကို အိမ္ထဲကေန အျမန္ဆြဲေခၚထုတ္သြားသည္
#tbc
Bạn đang đọc truyện trên: Truyen3h.Co