Part 21
Johnမှာ Winterကို သူ့အမအိမ်ကနေ ပြန်ခေါ်လာပြီး စိတ်ငြိမ်ဆေးတိုက်ပေးကာ ဂရုစိုက်ပေးနေသည်
ပြီးတော့ Karinaကို ဖုန်းဆက်ခေါ်ထားကြောင်းလည်း Winterကို ပြောပြထားသည်
တစ်နာရီလောက်ကြာတော့ Karina တစ်ယောက် စိတ်ပူခြင်းများစွာနဲ့ အိမ်ကိုရောက်လာသည်
Karina မျက်နှာမှာ စိတ်ပူနေတာရော စိတ်တိုနေတာရော ပေါ်လွင်နေတာ Winter သတိထားခံစားမိသည်
Johnက သူ့အမ အကြောင်းတွေ ဖြစ်ခဲ့သမျှတွေအားလုံး Karinaကို ပြန်တိုင်ထားမယ်ဆိုတာ Winter သိတယ်လေ
Winter...Winter ကတော့ လိမ်ညာခံရပြီး သစ္စာဖောက်ခံရသလို ခံစားနေရသည် ပြီးတော့ ခံစားချက်တွေရှုပ်ထွေးလာလို့ အားအင်ကုန်ခမ်းသွားသလို ဖြစ်နေသည်
Karinaက သူမအနားကို ပြေးလွှားလာပေမယ့် Winterကတော့ Karinaကို တစ်ချက်လေးတောင် မကြည့်ပေ
Winter ဘာမှမပြောဘဲ တိတ်ဆိတ်နေတာက Karinaကို ပိုပြီး စိတ်ပူလာစေသည်
"Minjeong... please "
Karinaက သူမ ပခုံးကိုကိုင်တော့ Minjeongမှာ Karinaကို တွန်းလွှတ်သည် Karinaက နှစ်သိမ့်ပေးဖို့ ကြိုးစားပေမယ့် Winterက လက်မခံ
"မင်း စိတ်သက်သာရာရအောင် ဘယ်လိုလုပ်ရမလည်းဆိုတာ တို့ကို ပြောပြပေးပါ Minjeong "
Winter မျက်လုံးမှိတ်ထားပြီး မငိုမိအောင် ကြိုးစားနေသည်
"ငါ့ကို တစ်ယောက်တည်း ပေးနေစမ်းပါ "
"တို့ အဲ့လိုမလုပ်နိုင်ဘူး "
"ကျေးဇူးပြုပြီး Jiminရယ် ငါ့ကို ခဏလောက် အချိန်ပေးစမ်းပါ ငါ စဥ်းစားဖို့လိုတယ် နင် အခု ငါ့ဘေးနားကနေ ခဏထွက်သွားပေးပါ့လား "
"မင်း တို့ကို စိတ်ဆိုးနေတာဘဲ "
"ဟုတ်တယ် ငါ နင့်ကို စိတ်ဆိုးနေတာ "
နောက်ဆုံးတော့ Karinaကို Winter ကြည့်လိုက်ပြီလေ
"ငါ အားလုံးကို ဒေါသထွက်နေတယ် "
"တို့ မင်းကို ကာကွယ်ဖို့ လုပ်ခဲ့တာပါ "
"သောက်ရေးမပါတာတွေ "
Winter ကျိန်ဆဲပြီး သူမကိုယ်သူမ ဖက်ကာ ငိုလေသည်
"မင်းက တို့ကို ဘာပြောစေချင်တာလည်း "
"ငါ့ကို နေရာလေးတစ်ခု ပေးစမ်းပါ Jimin... ငါ့ကို တစ်ယောက်တည်း ပေးနေစမ်းပါဟာ "
"မရဘူး Minjeong တို့ မင်းကို တစ်ယောက်တည်း ဘယ်တော့မှ ပေးမနေနိုင်ဘူး ..."
Karinaကပြောပြီး အခန်းထဲက တစ်နေရာတွင် ဝင်ထိုင်လိုက်သည်
"ဒါပေမယ့် မင်းကိုနေရာပေးပါမယ် မင်း အဆင်သင့်ဖြစ်တဲ့အခါ မင်းသိချင်တာတွေအကုန် တို့ပြောပြပေးမယ် Minjeong "
"ငါ မလုပ်နိုင်ဘူး "
"ဘာလို့လည်း "
"နင် ငါ့ကို လိမ်ခဲ့တယ် Jimin "
"တို့ မင်းကို ဘာမှမလိမ်ခဲ့ပါဘူး "
"လျှောက်မပြောနဲ့ Jimin...နင် ငါ့ဆီကနေ အရာအားလုံးသိမ်းသွားတယ် ငါ့အမ ငါ့မိဘ ..ပြီးတော့ ငါ အရူးတစ်ယောက်လို ခံစားရတယ် အလိမ်အညာတွေနဲ့ သစ္စာဖောက်ခံရသလို ခံစားရတယ် "
Karinaလည်း သက်ပြင်းချပြီး ထရပ်ကာ Winterဆီသို့ သွားလိုက်သည် ထို့နောက် ငိုနေတဲ့ Winterကို တင်းတင်းကြပ်ကြပ် ဖက်ထားလေသည်
"အရာအားလုံးအဆင်ပြေသွားမှာပါ တိတ်တော့နော် မငိုနဲ့တော့ ကလေးလေး "
Winterကို ဖြည်းဖြည်းချင်းချော့ပြီး ကုတင်ပေါ်သို့ Karina တင်လိုက်သည်
"သူတို့က ငါ့ကိုမချစ်ဘူးလို့ ထင်နေခဲ့တာ "
Karina ရင်ခွင်ထဲ ငိုရင်း Winter ပြောလိုက်သည်
"သူတို့က မင်းကိုချစ်ပါတယ် "
"ငါ့ဘဝတစ်လျှောက်လုံး သူတို့မပါဘဲ ဖြတ်သန်း ကုန်ဆုံးခဲ့ရတယ် "
Karinaရဲ့ shirtကို ကိုင်ပြီး Winter ပြောလိုက်သည်
"ငါ့ကို ကာကွယ်ဖို့လုပ်ခဲ့တာကို မသိဘဲ ငါ့ကိုလျစ်လျူရှုတယ်လို့ ငါ့ကိုမချစ်ဘူးလို့ မနေ့တစ်နေ့ကထိ ထင်နေခဲ့တာ.... "
Winter ပြောရင်း Karina ရင်ခွင်ထဲ ထပ်ငိုပြန်သည်
Karinaမှာ သက်ပြင်းချပြီး Winter ကျောပြင်လေးကို ပွတ်ပေးလေသည်
ပြီးတော့ အရမ်းငိုနေတဲ့ Winterကို ကြည့်ပြီး သူမနှလုံးသားတွေ ကွဲကြေသွားသလို ခံစားရသည်
Karinaက အသည်းမာပြီး ရက်စက်ကြမ်းကြုတ်တဲ့သူ ဖြစ်ပေမယ့် Winterနဲ့တွေ့ရင် ဖယောင်းလိုပျော့ပျောင်းပြီး ပိုးသားလိုနူးညံ့သည်
"ဘာလို့ အဲ့အကြောင်းတွေ ငါ့ကို မပြောပြခဲ့တာလည်း "
"တို့လည်း မင်းမိဘတွေလိုဘဲ မင်းကို ကာကွယ်ပေးချင်လို့...အဲ့တုန်းက တို့အသက်ငယ်ပေမယ့် မင်းကို မတွေ့ခင်ကတည်းက လောကကြီးအကြောင်း ဒီလောက အကြောင်း သိထားခဲ့တော့ မင်းကို ကာကွယ်ပေးခဲ့ချင်တာ "
Winterမှာ Karinaရဲ့ ဖြေချင်းချက်ကို နားထောင်ဖို့ အသင့်ဖြစ်ကြောင်း Karinaကိုမော့ကြည့်လိုက်သည်
"မင်းက အရမ်းဖြူစင်ပြီး ရိုးသားလွန်းတယ်....ပြီးတော့ အဲ့ရိုးသားဖြူစင်မှုတွေကို တို့ပျောက်ကွယ်မသွားစေချင်ဘူး ဒါကြောင့်မို့လို့ ဒီလောကကြီးကနေ မင်းကိုကာကွယ်ဖို့ ဖုံးကွယ်ထားခဲ့ပေမယ့် တို့ တာဝန်မကျေခဲ့ပါဘူး တို့တောင်းပန်ပါတယ် "
"နင််လည်း ဒီလောကကြီးမှာ ဆက်နေစရာမလိုပါဘူး အဲ့အမှောင်ကမ္ဘာကနေ ထွက်လာခဲ့တော့ ငါ နင့်ကို အဆုံးရှုံး မခံနိုင်ဘူး "
"မင်း တို့ကိုမဆုံးရှုံးရပါဘူး အချစ်ကလေးရဲ့ ပြီးတော့ အဲ့ကမ္ဘာကနေ တို့ထွက်လာခဲ့မယ်လို့ ကတိပေးထားတယ်လေ ဟုတ်တယ်မလား အဲ့ကမ္ဘာကနေ ထွက်ပြီး မင်းနဲ့တို့ နှစ်ယောက် ပျော်ပျော်ရွင်ရွင်နဲ့ နေကြမယ်လေ "
"ဟုတ်တယ် နင်နဲ့ငါ..."
Winter တိုးတိုးလေးသံယောင်လိုက်လိုက်သည်
"ချစ်တယ် Minjeong..."
"ငါလည်း နင့်ကို အများကြီး ချစ်တယ် Jimin "
Winterပြောပြီး Karinaရဲ့ နှုတ်ခမ်းလေးကို နမ်းလိုက်တော့ Karinaမှာ ပျော်ပြီး ပြုံးသွားသည်
"ဒါဆို မင်း တို့ကို ခွင့်လွှတ်တယ်ပေါ့"
"အင်း ကတိတော့ပေးပါ နောက်ဆို ဘယ်အရာမှ ငါ့ကို မပြောပြဘဲ မလျို့ဝှက်ထားပါဘူးလို့ "
"ဒါပေမယ့် အလုပ်ကိစ္စနဲ့ပတ်သက်ပြီးကတော့ "
"အဲ့တာလည်း ပြောပြရမယ် ငါတကယ်ပြောနေတာ ငါကိုင်တွယ်နိုင်ပါတယ် "
"အင်းပါ အကုန်လုံး ပြောပြမယ်လို့ ကတိပေးတယ် ဟုတ်ပြီလား "
"ဒါမှ ငါ့ Jimin..."
Karinaက ကတိတွေ ထပ်ခါထပ်ခါပေးနေမှတော့ Winter လည်း ခွင့်လွှတ်ပေးပြီး ယုံကြည်လိုက်ပြီလေ....
#tbc
#zawgyi
"Minjeong... please "
"သောက်ရေးမပါတာတွေ "
"ငါ မလုပ်နိုင်ဘူး "
"ဘာလို့လည်း "
"နင်လည်း ဒီလောကကြီးမှာ ဆက်နေစရာမလိုပါဘူး အဲ့အမှောင်ကမ္ဘာကနေ ထွက်လာခဲ့တော့ ငါ နင့်ကို အဆုံးရှုံး မခံနိုင်ဘူး "
"ဟုတ်တယ် နင်နဲ့ငါ..."
"ချစ်တယ် Minjeong..."
"ဒါမှ ငါ့ Jimin..."
#tbc
Bạn đang đọc truyện trên: Truyen3h.Co