Part 22
Winter သူ့အမအိမ်ကို နောက်တစ်ခေါက် သွားလည်ပြန်သည်... ဒီတစ်ခါတော့ သူမ မတွေ့ချင်တဲ့ သူ့အမရဲ့ အမျိုးသား Liamနဲ့ တွေ့လေသည်
Liamနဲ့ Winterက အဆင်ပြေလှတဲ့ ဆက်ဆံရေးတော့ မဟုတ်.... Winterက သူ့ခဲအိုဖြစ်လို့ ကောင်းကောင်းမွန်မွန်ဆက်ဆံချင်ပေမယ့် Liamကတော့ မကောင်းတဲ့ ချီးထုပ်တစ်ယောက်ပင်
"Oh...အဲ့တာ မင်းသမီးလေး Winter မဟုတ်လား....ဘာလည်း မင်းကောင်မလေးရဲ့ လက်ရာကို လာကြည့်တာလား "
Liam မျက်နှာနဲ့တကွ တစ်ကိုယ်လုံးလည်း ဒဏ်ရာတွေနဲ့ ပြည့်နှက်နေသည် ဒါဟာ Karinaရဲ့ လက်ချက်ဆိုတာ Winter သိပေမယ့် အပြစ်ရှိတဲ့စိတ် အားနာတဲ့စိတ်လေးတောင် Winter ဖြစ်မလာပေ
ဘာလို့ဆို ဒီကောင်က ဒါမျိုးခံစားရမှ ဖြစ်မှာ ဟုတ်တယ်မလား
"ငါ့အမနဲ့ စကားပြောအချိန်ဖြုန်းဖို့ လာတာ "
"အံမယ် မင်းကဖြင့် မင်းအမကို ဂရုလည်းမစိုက်ဘဲနဲ့ "
Liamပြောပြီး ဆိုဖာပေါ် လှဲအိပ်လိုက်သည်
"ရွှေဘုံနန်းမှာ နေရတော့ မင်းသမီးလေး
Winterမှာ အရမ်းအဆင်ပြေနေမှာပေါ့ "
"အင်း..."
"တစ်ကိုယ်ကောင်းဆန်လိုက်တာ "
"ဘာပြောတယ်"
"မင်းက စိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ တကယ့်
နန်းတော်နဲ့တူတဲ့ တိုက်အိမ်ကြီးမှာ နေနေရချိန် ငါနဲ့ မင်းအမက ဒီမှာ ဒုက္ခတွေ ခံစားနေရတာ "
"ငါ့အမတစ်ယောက်တည်း ဒုက္ခခံစားနေရတာပါ နင်က အိမ်မှာတောင်မရှိဘဲ အလေလိုက်နေပြီးတော့ "
"အဲ့တာ ငါ ပိုက်ဆံသွားရှာနေတာ Winter "
"ဟာသဘဲ "
Winterက ပြောပြီး ရယ်တော့ Liamမှာ ဒေါသတကြီးနဲ့ အိပ်နေရာက ထလာသည်
"မင်းရဲ့ သက်တော်စောင့်တွေကြောင့် မင်း ငါ့ကို မလေးမစားပြောနေတာ ခွင့်ပြုထားတာနော် Winter "
"နင် ငါ့ကိုဆက်ဆံသလို နင့်ကို ပြန်ဆက်ဆံရုံပါ Liamရယ် "
Winterပြောပြီး သူ့အမကို ရှာဖို့ ဧည့်ခန်းက ထွက်လာခဲ့သည်
Karinaကလည်း အလုပ်နဲ့မအား Yizhuoကလည်း သူ့အမေကို သတိရလို့ တရုတ်ပြည်ကို ပြန်သွားတော့ Winter တစ်ယောက်တည်း ဖြစ်နေတယ်လေ
မီးဖိုခန်းဘက် အသံကြားလို့ သွားကြည့်တော့ ဟင်းချက်နေတဲ့ Hanaကို တွေ့ရသည်
"အမ ဟင်းချက်နေတာလား "
"ဟုတ်တယ် Liamက ပြန်ရောက်လာတော့ သူကြိုက်တဲ့ ဟင်းလေးချက်နေတာ "
"အချိန်အကြာပြီး ပျောက်သွားသူကို ကောင်းကောင်းမွန်မွန်ကြိုဆိုနေတာ မိုက်လိုက်တာ "
"Minjeong....Liamက ခုန နင့်ကို ပြောဆိုပုံတွေအတွက် အမတောင်းပန်ပါတယ်ကွယ် သူက ဒေါသထွက်ပြီး စိတ်ဆိုးနေလို့ပါ "
"လူတိုင်း ဒေါသထွက်စိတ်ဆိုးနေတာဘဲ အမ...."
"ကဲပါ အမ ငွေသွားထုတ်ချင်လို့ နင် လိုက်ပို့ပေးပါလား "
Hanaက တောင်းဆိုနေတော့ Winter လည်း သက်ပြင်းချပြီး သူ့အမကို ကားနဲ့ လိုက်ပို့ပေးလေသည်
ATM စက်ရှေ့တွင် Hana တစ်ယောက် သူ့ကတ်နဲ့ ငွေထုတ်ပေမယ့် ထုတ်လို့မရ ဖြစ်နေသည်
"Fuck Liam ပိုက်ဆံတွေ အကုန်ထုတ်သွားပြန်ပြီ "
Winterလည်း သူ့အမကို ကူညီဖို့ ဖုန်းထဲက သူ့ဘဏ် accountကိုကြည့်လိုက်တော့ နှလုံးရပ်သွားမလိုတောင်ဖြစ်သွားသည်
ဘာလို့လည်းဆို သူမရဲ့ ဘဏ်ကတ်ကို Karinaက ပိတ်ထားလို့ပင်ဖြစ်သည်
Hanaက ကတ်နဲ့အလုပ်ရှုပ်နေတုန်း Karinaဆီကို Winter ဖုန်းခေါ်လိုက်သည်
"Hello My Love"
"ဟိုလေ ငါ့အကောင့်ထဲက ပိုက်ဆံ နင့်ဆီမှာရှိလားဟင် Jimin "
"အင်း ရှိတယ်လေ "
Karinaက ပါဝါတွေ အာဏာရှိတဲ့တစ်ယောက် ဒါကြောင့်မို့လို့ ဘာမှမရှိတဲ့ Winterက စကားမှားမသွားဖို့ သေချာ အာရုံစိုက်ကာ ပြောနေရသည်
"ပိုက်ဆံတွေကို တစ်ဝက်ချင်းစီလောက်ပေးလို့ရလား "
"ဘာကိုပြောချင်တာလည်း..."
"Liamရဲ့ အကြွေးတွေလေ..."
Winterရဲ့ စကားကြောင့် တစ်ဖက်က တိတ်ဆိတ်သွားတယ် Hanaကတော့ မျက်ရည်လေးတွေ ဝဲပြီး သူ့ညီမကို ကြည့်နေသည်
"ငါ့အကောင့်ထဲမှာ ပိုက်ဆံတွေအများကြီး မရှိတာ သိပါတယ် Liam ရဲ့အကြွေးတစ်ဝက်လောက်တောင်... ငါ့ပိုက်ဆံတွေက "
"ဘာတွေဖြစ်နေတာလည်း Minjeong "
Karina စိတ်မရှည်တော့လို့ ဖြတ်မေးလိုက်သည်
"ငါ ပိုက်ဆံလိုနေလို့ "
Karina ဘက်က ထပ်ပြီး တိတ်ဆိတ်သွားလို့ Winter ထိတ်လန့်လာပြီး ဖုန်းကို တင်းတင်းကြပ်ကြပ် ကိုင်ထားမိသည်
"ငါ အလုပ်လုပ်နိုင်ပါတယ် Liamရဲ့ ပိုက်ဆံတွေကို ပြန်ဆပ်ဖို့ ငါအလုပ်လုပ်ပါ့မယ် Liamက နင့်ဆီ ပိုက်ဆံတွေအများကြီး အကြွေးတင်နေတာသိပါတယ် ဒါပေမယ့်...."
"Johnမှာ ဘဏ်ကတ်ရှိတယ် "
Karina အေးစက်စက်ပြောပြီး ဖုန်းကိုချလိုက်သည် Winter ယခုအခြေအနေကို အရမ်းမုန်းမိသည်
ဒါပေမယ့် သူ့အမရှေ့တော့ ဟန်ဆောင်ပြီး ပြုံးလိုက်သည်
"Hana အဆင်ပြေသွားပြီ သိလား Karinaက ပိုက်ဆံပေးမယ်တဲ့ "
"အားနာလိုက်တာ ညီမလေးရယ်..."
Hanaမှာ သူ့ညီမလေးကို အားနာသလို ညီမဆီက ပြန်မှီခိုနေရလို့ ရှက်လည်းရှက်မိသည်
Johnဆီက ကတ်ကိုတောင်းပြီး Winterတို့ ငွေထုတ်လိုက်ကြသည်
ထို့နောက် ဘဏ်ကတ်ကို အိမ်ရောက်မှ ပြန်ပေးမယ်ဆိုပြီး Winter ကတ်ကို သူ့အိတ်ထဲထည့်လိုက်စဥ် အိတ်ထဲက ပစ္စည်းတွေကို Hanaတွေ့ပြီး အံ့သြသွားတယ်
"Minjeong ကွန်ဒုံးတွေက ဘာလို့ နင့်အိတ်ထဲရောက်နေတာလည်း "
ကလေးတစ်ယောက်လို Hana သူ့ညီမကို ဆူလိုက်သည်
"Karinaနဲ့ အတူရှိနေတာကို ဘာလို့ ကွန်ဒုံးဆောင်ထားတာလည်း "
"ကလေးမလိုချင်လို့ "
ဒီကွန်ဒုံးတွေကို Yizhuoကို အကူအညီတောင်းပြီး ဝယ်ခိုင်းထားတာလေ
"ဘာလို့လည်း Karinaက ချမ်းသာတာကို ကလေးယူပေါ့ဟ..ကလေးနဲ့ဆို နင်တို့ပိုအဆင်ပြေအုံးမှာ..."
နေပါစေ ကလေးကိုဗန်းပြပြီးတော့ ဆက်ဆံရေးကောင်းတစ်ခု မတည်ဆောက်ချင်ပါ
Hanaတို့ အိမ်ပြန်ရောက်တော့ အိမ်ထဲဝင်လာတဲ့ Johnကို Liam သိပ်သဘောမကျချင်ပါ
Yu familyနဲ့ပတ်သက်တဲ့ ပါဝါ အာဏာ ချမ်းသာမှုတွေကို Liamက မနာလိုဖြစ်နေတယ်လေ
"ဟေ့ကောင် မင်း ငါ့အိမ်ထဲ ဘာလာလုပ်တာလည်း "
"ရှက်စရာတွေ မပြောပါနဲ့ ဒါ မင်းအိမ်မှ မဟုတ်တာ "
Johnက မဲ့ပြုံးပြုံးပြီး Liamကို ခနဲ့လိုက်သည်
"Karinaသာ မင်း Winter ကိုပြောဆို ဆက်ဆံနေပုံတွေ့ရင် သနားညှာတာမှုမရှိဘဲ မင်းခေါင်းထဲကို ကျည်တစ်တောင့် လက်ဆောင်ထည့်ပေးလိုက်မှာ သိလား "
Winterမှာ Johnတို့ကို ကြည့်ပြီး သက်ပြင်းချလိုက်သည်
ထိုစဥ် Karinaဆီက ဖုန်းဝင်လာလို့ Winter ကိုင်လိုက်သည်
"တို့ အိမ်ပြန်ရောက်ပြီ.... အခုချက်ချင်း ပြန်လာခဲ့ "
"Hanaက ဟင်းချက် "
"Johnကို ပြန်ခေါ်လာဖို့ ပြောလိုက်မယ် "
Karina ပြောပြီး ဖုန်းချလိုက််သည်
ခဏကြာတော့ Johnက ဖုန်းဖြေပြီးနောက် Winterကို ကြည့်ပြီး
"ငါတို့ ပြန်ဖို့ လိုအပ်နေပြီ Winter "
"ငါ.."
"ငါတို့မှာ အချိန်မရှိဘူး Karinaက အရမ်းစိတ်ဆိုးနေတယ် ချက်ချင်းပြန်မှဖြစ်မယ် "
Johnစကားကြောင့် Winter လန့်ပြီး သူ့အမကို နှုတ်ဆက်ကာ ပြန်လာလိုက်သည်
အိမ်ပြန်လမ်းတွင်
"Liamကို မင်း အဲ့လို ပြောဖို့ ခွင့်မပြုသင့်ဘူး Karinaက ကြိုက်မှာ မဟုတ်ဘူး "
"ငါဘာမှမလုပ်ပါဘူး ပြီးတော့ Liamကိုလည်း ငါပြန်ပြောခဲ့တယ်လေ John "
Johnမှာ ဘာမှဆက်မပြောချေ
"သူ ငါ့ကို အရမ်းစိတ်ဆိုးနေတာလား "
"ကြည့်ကြည့်ပေါ့ ဟိုရောက်မှ "
Karinaရဲ့ စံအိမ်ကို ရောက်တဲ့အခါ Johnကပါ Winter နောက် လိုက်လာသည်
"ဘာလိုက်လုပ်တာလည်း အပြင်မှာ နေရမှာမဟုတ်ဘူးလား"
"Karinaကို report တင်စရာရှိလို့ "
"ဘာ reportလည်း ငါ့အကြောင်းလား "
"ဟုတ်တယ် "
"ဘာမှမဖြစ်ခဲ့တာကို ဘာ report တင်မှာလည်း....John မလုပ်စမ်းပါနဲ့ သူ့ကို မပြောပါနဲ့ "
"ဘာတွေဖြစ်တာလည်း ငါ့ကိုပြော "
ထိုစဥ် Karina ရောက်လာသည်
"Boss တင်ပြစရာရှိပါတယ် "
"ကောင်းပြီ.... တို့နဲ့ Johnပြောစရာရှိတယ် မင်း တို့ကို အခန်းထဲမှာ စောင့်နေ အပြင်မထွက်နဲ့ ကြားလား "
Karinaပြောပြီး Johnကို ခေါ်ကာ ရုံးခန်းထဲ ဝင်သွားသည်
ဒုန်း!
ကျယ်လောင်သော တံခါးပိတ်သံနဲ့အတူ Winter လိပ်ပြာလွင့်သွားသလို ခံစားရသည်
#tbc
#zawgyi
Winter သူ႕အမအိမ္ကို ေနာက္တစ္ေခါက္ သြားလည္ျပန္သည္... ဒီတစ္ခါေတာ့ သူမ မေတြ႕ခ်င္တဲ့ သူ႕အမရဲ႕ အမ်ိဳးသား Liamနဲ႕ ေတြ႕ေလသည္
Liamနဲ႕ Winterက အဆင္ေျပလွတဲ့ ဆက္ဆံေရးေတာ့ မဟုတ္.... Winterက သူ႕ခဲအိုျဖစ္လို႔ ေကာင္းေကာင္းမြန္မြန္ဆက္ဆံခ်င္ေပမယ့္ Liamကေတာ့ မေကာင္းတဲ့ ခ်ီးထုပ္တစ္ေယာက္ပင္
"Oh...အဲ့တာ မင္းသမီးေလး Winter မဟုတ္လား....ဘာလည္း မင္းေကာင္မေလးရဲ႕ လက္ရာကို လာၾကည့္တာလား "
Liam မ်က္ႏွာနဲ႕တကြ တစ္ကိုယ္လုံးလည္း ဒဏ္ရာေတြနဲ႕ ျပည့္ႏွက္ေနသည္ ဒါဟာ Karinaရဲ႕ လက္ခ်က္ဆိုတာ Winter သိေပမယ့္ အျပစ္ရွိတဲ့စိတ္ အားနာတဲ့စိတ္ေလးေတာင္ Winter ျဖစ္မလာေပ
ဘာလို႔ဆို ဒီေကာင္က ဒါမ်ိဳးခံစားရမွ ျဖစ္မွာ ဟုတ္တယ္မလား
"ငါ့အမနဲ႕ စကားေျပာအခ်ိန္ျဖဳန္းဖို႔ လာတာ "
"အံမယ္ မင္းကျဖင့္ မင္းအမကို ဂ႐ုလည္းမစိုက္ဘဲနဲ႕ "
Liamေျပာၿပီး ဆိုဖာေပၚ လွဲအိပ္လိုက္သည္
"ေ႐ႊဘုံနန္းမွာ ေနရေတာ့ မင္းသမီးေလး
Winterမွာ အရမ္းအဆင္ေျပေနမွာေပါ့ "
"အင္း..."
"တစ္ကိုယ္ေကာင္းဆန္လိုက္တာ "
"ဘာေျပာတယ္"
"မင္းက စိတ္ခ်မ္းသာကိုယ္ခ်မ္းသာနဲ႕ တကယ့္
နန္းေတာ္နဲ႕တူတဲ့ တိုက္အိမ္ႀကီးမွာ ေနေနရခ်ိန္ ငါနဲ႕ မင္းအမက ဒီမွာ ဒုကၡေတြ ခံစားေနရတာ "
"ငါ့အမတစ္ေယာက္တည္း ဒုကၡခံစားေနရတာပါ နင္က အိမ္မွာေတာင္မရွိဘဲ အေလလိုက္ေနၿပီးေတာ့ "
"အဲ့တာ ငါ ပိုက္ဆံသြားရွာေနတာ Winter "
"ဟာသဘဲ "
Winterက ေျပာၿပီး ရယ္ေတာ့ Liamမွာ ေဒါသတႀကီးနဲ႕ အိပ္ေနရာက ထလာသည္
"မင္းရဲ႕ သက္ေတာ္ေစာင့္ေတြေၾကာင့္ မင္း ငါ့ကို မေလးမစားေျပာေနတာ ခြင့္ျပဳထားတာေနာ္ Winter "
"နင္ ငါ့ကိုဆက္ဆံသလို နင့္ကို ျပန္ဆက္ဆံ႐ုံပါ Liamရယ္ "
Winterေျပာၿပီး သူ႕အမကို ရွာဖို႔ ဧည့္ခန္းက ထြက္လာခဲ့သည္
Karinaကလည္း အလုပ္နဲ႕မအား Yizhuoကလည္း သူ႕အေမကို သတိရလို႔ တ႐ုတ္ျပည္ကို ျပန္သြားေတာ့ Winter တစ္ေယာက္တည္း ျဖစ္ေနတယ္ေလ
မီးဖိုခန္းဘက္ အသံၾကားလို႔ သြားၾကည့္ေတာ့ ဟင္းခ်က္ေနတဲ့ Hanaကို ေတြ႕ရသည္
"အမ ဟင္းခ်က္ေနတာလား "
"ဟုတ္တယ္ Liamက ျပန္ေရာက္လာေတာ့ သူႀကိဳက္တဲ့ ဟင္းေလးခ်က္ေနတာ "
"အခ်ိန္အၾကာၿပီး ေပ်ာက္သြားသူကို ေကာင္းေကာင္းမြန္မြန္ႀကိဳဆိုေနတာ မိုက္လိုက္တာ "
"Minjeong....Liamက ခုန နင့္ကို ေျပာဆိုပုံေတြအတြက္ အမေတာင္းပန္ပါတယ္ကြယ္ သူက ေဒါသထြက္ၿပီး စိတ္ဆိုးေနလို႔ပါ "
"လူတိုင္း ေဒါသထြက္စိတ္ဆိုးေနတာဘဲ အမ...."
"ကဲပါ အမ ေငြသြားထုတ္ခ်င္လို႔ နင္ လိုက္ပို႔ေပးပါလား "
Hanaက ေတာင္းဆိုေနေတာ့ Winter လည္း သက္ျပင္းခ်ၿပီး သူ႕အမကို ကားနဲ႕ လိုက္ပို႔ေပးေလသည္
ATM စက္ေရွ႕တြင္ Hana တစ္ေယာက္ သူ႕ကတ္နဲ႕ ေငြထုတ္ေပမယ့္ ထုတ္လို႔မရ ျဖစ္ေနသည္
"Fuck Liam ပိုက္ဆံေတြ အကုန္ထုတ္သြားျပန္ၿပီ "
Winterလည္း သူ႕အမကို ကူညီဖို႔ ဖုန္းထဲက သူ႕ဘဏ္ accountကိုၾကည့္လိုက္ေတာ့ ႏွလုံးရပ္သြားမလိုေတာင္ျဖစ္သြားသည္
ဘာလို႔လည္းဆို သူမရဲ႕ ဘဏ္ကတ္ကို Karinaက ပိတ္ထားလို႔ပင္ျဖစ္သည္
Hanaက ကတ္နဲ႕အလုပ္ရႈပ္ေနတုန္း Karinaဆီကို Winter ဖုန္းေခၚလိုက္သည္
"Hello My Love"
"ဟိုေလ ငါ့အေကာင့္ထဲက ပိုက္ဆံ နင့္ဆီမွာရွိလားဟင္ Jimin "
"အင္း ရွိတယ္ေလ "
Karinaက ပါဝါေတြ အာဏာရွိတဲ့တစ္ေယာက္ ဒါေၾကာင့္မို႔လို႔ ဘာမွမရွိတဲ့ Winterက စကားမွားမသြားဖို႔ ေသခ်ာ အာ႐ုံစိုက္ကာ ေျပာေနရသည္
"ပိုက္ဆံေတြကို တစ္ဝက္ခ်င္းစီေလာက္ေပးလို႔ရလား "
"ဘာကိုေျပာခ်င္တာလည္း..."
"Liamရဲ႕ အေႂကြးေတြေလ..."
Winterရဲ႕ စကားေၾကာင့္ တစ္ဖက္က တိတ္ဆိတ္သြားတယ္ Hanaကေတာ့ မ်က္ရည္ေလးေတြ ဝဲၿပီး သူ႕ညီမကို ၾကည့္ေနသည္
"ငါ့အေကာင့္ထဲမွာ ပိုက္ဆံေတြအမ်ားႀကီး မရွိတာ သိပါတယ္ Liam ရဲ႕အေႂကြးတစ္ဝက္ေလာက္ေတာင္... ငါ့ပိုက္ဆံေတြက "
"ဘာေတြျဖစ္ေနတာလည္း Minjeong "
Karina စိတ္မရွည္ေတာ့လို႔ ျဖတ္ေမးလိုက္သည္
"ငါ ပိုက္ဆံလိုေနလို႔ "
Karina ဘက္က ထပ္ၿပီး တိတ္ဆိတ္သြားလို႔ Winter ထိတ္လန့္လာၿပီး ဖုန္းကို တင္းတင္းၾကပ္ၾကပ္ ကိုင္ထားမိသည္
"ငါ အလုပ္လုပ္နိုင္ပါတယ္ Liamရဲ႕ ပိုက္ဆံေတြကို ျပန္ဆပ္ဖို႔ ငါအလုပ္လုပ္ပါ့မယ္ Liamက နင့္ဆီ ပိုက္ဆံေတြအမ်ားႀကီး အေႂကြးတင္ေနတာသိပါတယ္ ဒါေပမယ့္...."
"Johnမွာ ဘဏ္ကတ္ရွိတယ္ "
Karina ေအးစက္စက္ေျပာၿပီး ဖုန္းကိုခ်လိဳက္သည္ Winter ယခုအေျခအေနကို အရမ္းမုန္းမိသည္
ဒါေပမယ့္ သူ႕အမေရွ႕ေတာ့ ဟန္ေဆာင္ၿပီး ၿပဳံးလိုက္သည္
"Hana အဆင္ေျပသြားၿပီ သိလား Karinaက ပိုက္ဆံေပးမယ္တဲ့ "
"အားနာလိုက္တာ ညီမေလးရယ္..."
Hanaမွာ သူ႕ညီမေလးကို အားနာသလို ညီမဆီက ျပန္မွီခိုေနရလို႔ ရွက္လည္းရွက္မိသည္
Johnဆီက ကတ္ကိုေတာင္းၿပီး Winterတို႔ ေငြထုတ္လိုက္ၾကသည္
ထို႔ေနာက္ ဘဏ္ကတ္ကို အိမ္ေရာက္မွ ျပန္ေပးမယ္ဆိုၿပီး Winter ကတ္ကို သူ႕အိတ္ထဲထည့္လိုက္စဥ္ အိတ္ထဲက ပစၥည္းေတြကို Hanaေတြ႕ၿပီး အံ့ၾသသြားတယ္
"Minjeong ကြန္ဒုံးေတြက ဘာလို႔ နင့္အိတ္ထဲေရာက္ေနတာလည္း "
ကေလးတစ္ေယာက္လို Hana သူ႕ညီမကို ဆူလိုက္သည္
"Karinaနဲ႕ အတူရွိေနတာကို ဘာလို႔ ကြန္ဒုံးေဆာင္ထားတာလည္း "
"ကေလးမလိုခ်င္လို႔ "
ဒီကြန္ဒုံးေတြကို Yizhuoကို အကူအညီေတာင္းၿပီး ဝယ္ခိုင္းထားတာေလ
"ဘာလို႔လည္း Karinaက ခ်မ္းသာတာကို ကေလးယူေပါ့ဟ..ကေလးနဲ႕ဆို နင္တို႔ပိုအဆင္ေျပအုံးမွာ..."
ေနပါေစ ကေလးကိုဗန္းျပၿပီးေတာ့ ဆက္ဆံေရးေကာင္းတစ္ခု မတည္ေဆာက္ခ်င္ပါ
Hanaတို႔ အိမ္ျပန္ေရာက္ေတာ့ အိမ္ထဲဝင္လာတဲ့ Johnကို Liam သိပ္သေဘာမက်ခ်င္ပါ
Yu familyနဲ႕ပတ္သက္တဲ့ ပါဝါ အာဏာ ခ်မ္းသာမႈေတြကို Liamက မနာလိုျဖစ္ေနတယ္ေလ
"ေဟ့ေကာင္ မင္း ငါ့အိမ္ထဲ ဘာလာလုပ္တာလည္း "
"ရွက္စရာေတြ မေျပာပါနဲ႕ ဒါ မင္းအိမ္မွ မဟုတ္တာ "
Johnက မဲ့ၿပဳံးၿပဳံးၿပီး Liamကို ခနဲ႕လိုက္သည္
"Karinaသာ မင္း Winter ကိုေျပာဆို ဆက္ဆံေနပုံေတြ႕ရင္ သနားညွာတာမႈမရွိဘဲ မင္းေခါင္းထဲကို က်ည္တစ္ေတာင့္ လက္ေဆာင္ထည့္ေပးလိုက္မွာ သိလား "
Winterမွာ Johnတို႔ကို ၾကည့္ၿပီး သက္ျပင္းခ်လိဳက္သည္
ထိုစဥ္ Karinaဆီက ဖုန္းဝင္လာလို႔ Winter ကိုင္လိုက္သည္
"တို႔ အိမ္ျပန္ေရာက္ၿပီ.... အခုခ်က္ခ်င္း ျပန္လာခဲ့ "
"Hanaက ဟင္းခ်က္ "
"Johnကို ျပန္ေခၚလာဖို႔ ေျပာလိုက္မယ္ "
Karina ေျပာၿပီး ဖုန္းခ်လိဳက္္သည္
ခဏၾကာေတာ့ Johnက ဖုန္းေျဖၿပီးေနာက္ Winterကို ၾကည့္ၿပီး
"ငါတို႔ ျပန္ဖို႔ လိုအပ္ေနၿပီ Winter "
"ငါ.."
"ငါတို႔မွာ အခ်ိန္မရွိဘူး Karinaက အရမ္းစိတ္ဆိုးေနတယ္ ခ်က္ခ်င္းျပန္မွျဖစ္မယ္ "
Johnစကားေၾကာင့္ Winter လန့္ၿပီး သူ႕အမကို ႏႈတ္ဆက္ကာ ျပန္လာလိုက္သည္
အိမ္ျပန္လမ္းတြင္
"Liamကို မင္း အဲ့လို ေျပာဖို႔ ခြင့္မျပဳသင့္ဘူး Karinaက ႀကိဳက္မွာ မဟုတ္ဘူး "
"ငါဘာမွမလုပ္ပါဘူး ၿပီးေတာ့ Liamကိုလည္း ငါျပန္ေျပာခဲ့တယ္ေလ John "
Johnမွာ ဘာမွဆက္မေျပာေခ်
"သူ ငါ့ကို အရမ္းစိတ္ဆိုးေနတာလား "
"ၾကည့္ၾကည့္ေပါ့ ဟိုေရာက္မွ "
Karinaရဲ႕ စံအိမ္ကို ေရာက္တဲ့အခါ Johnကပါ Winter ေနာက္ လိုက္လာသည္
"ဘာလိုက္လုပ္တာလည္း အျပင္မွာ ေနရမွာမဟုတ္ဘူးလား"
"Karinaကို report တင္စရာရွိလို႔ "
"ဘာ reportလည္း ငါ့အေၾကာင္းလား "
"ဟုတ္တယ္ "
"ဘာမွမျဖစ္ခဲ့တာကို ဘာ report တင္မွာလည္း....John မလုပ္စမ္းပါနဲ႕ သူ႕ကို မေျပာပါနဲ႕ "
"ဘာေတြျဖစ္တာလည္း ငါ့ကိုေျပာ "
ထိုစဥ္ Karina ေရာက္လာသည္
"Boss တင္ျပစရာရွိပါတယ္ "
"ေကာင္းၿပီ.... တို႔နဲ႕ Johnေျပာစရာရွိတယ္ မင္း တို႔ကို အခန္းထဲမွာ ေစာင့္ေန အျပင္မထြက္နဲ႕ ၾကားလား "
Karinaေျပာၿပီး Johnကို ေခၚကာ ႐ုံးခန္းထဲ ဝင္သြားသည္
ဒုန္း!
က်ယ္ေလာင္ေသာ တံခါးပိတ္သံနဲ႕အတူ Winter လိပ္ျပာလြင့္သြားသလို ခံစားရသည္
#tbc
Bạn đang đọc truyện trên: Truyen3h.Co