Part 23
#unicode
Karinaနဲ့ Johnတို့ ရုံးခန်းထဲ စကားပြောနေစဥ် Winterမှာ ဧည့်ခန်းက ဆိုဖာပေါ် စိတ်လှုပ်ရှားစွာ ထိုင်နေသည်
Karinaကို Winter ကလေးယူပြီး ချုပ်ချယ်ထားဖို့ စိတ်ထားလုံးဝမရှိကြောင်း ပြောပြရမည်
ပြီးတော့ Dr.Wellဆီက တားဆေးယူသောက်နေတာကိုလည်း Karinaကို သက်သေပြရမည်
ဟူး...အစကတည်းက အမက အဲ့စကားမပြောသင့်တာ
Winter သူ့အမတို့ လင်မယားအတွက် ဘာပြောရမယ်ဆိုတာလည်း မသိတော့ပေ
ပြီးတော့ ပိုက်ဆံကိစ္စပြောရမှာကိုလည်း Winter အရမ်း စိတ်ကုန်သည် အထူးသဖြင့် Karinaဆီက ပိုက်ဆံတောင်းရတာကိုပေါ့
သူ့ဆီက ပိုက်ဆံလိမ်ခဲ့တဲ့ ကောင်ကို Karinaကလည်း ဘာလို့ ပိုက်ဆံကူချင်မှာလည်း
ဒါပေမယ့် Hanaကတော့ Winterရဲ့ အမဖြစ်လို့ Winterမှာ တာဝန်ရှိသည် Hana သူ့ခြေထောက်ပေါ်သူ ရပ်တည်နိုင်အောင် Winterက ကူညီပေးရမည်
Johnက ရုံးခန်းထဲက ထွက်လာတာကို မြင်တဲ့အခါမှာတော့ Winter ထိုင်နေရာက ထလိုက်သည်
"Minjeong ဒီကိုလာခဲ့ "
Karinaက မအော်ဘူးဆိုတော့ ဒါက ကောင်းတဲ့အရာဘဲ မဟုတ်လား
Winter စိတ်လှုပ်ရှားပြီး တံတွေးမျိုချကာ Karinaရဲ့ ရုံးခန်းထဲ လျှောက်သွားသည်
Karinaက သူမရုံးခန်း စားပွဲမှာ ထိုင်နေသည်
Winterမှာ Karinaရဲ့ မျက်လုံးကို မကြည့်ရဲပေ မျက်လုံးချင်းအကြည့်မဆုံရဲပေ Karinaရဲ့ ဒေါသတွေကို လေထဲမှာကို ခံစားမိသည်
"Johnက စကားတွေ အများကြီး ပြောသွားတယ် "
"ဟို "
"မင်းက တို့နဲ့ ပျော်နေတာလို့ တို့ ယုံခဲ့တာ ဒါပေမယ့်..."
Karinaရဲ့ စကားကြောင့် Winter သေးငယ်သွားသလို ခံစားရသည်
သူမအပေါ် အမြဲ ကောင်းပေးဂရုစိုက်ပေးတဲ့ Karinaကို ဘာလို့ အခုလို ခံစားရအောင် သူ လုပ်မိတာလည်းလို့ Winter တွေးနေမိသည်
"နင်က ငါ့ထက် ကောင်းတဲ့သူနဲ့တွေ့သင့်တာပါ "
Winter တိုးတိုးလေး ရေရွတ်လိုက်သည်
Karinaမှာ ဘာမှမပြောဘဲ Winterကိုသာ စိုက်ကြည့်နေသည်
"ငါက ပြောပိုင်ခွင့်မရှိဘူးဆိုတာ သိပါတယ် ဒါပေမယ့် Liamမှာ အလုပ်မရှိဘူး ငါ ငါ့အမကို ကူညီပေးမှဖြစ်မယ် Liam အလုပ်ရှာတွေ့တဲ့အထိ ငါ့အမကို ဂရုစိုက်ပေးမှဖြစ်မယ် "
"ဘယ်သူက သူခိုးလူလိမ်ကို အလုပ်ခန့်မှာလည်း "
"သူ့ကိုအလုပ်မရအောင် နင်လုပ်ထားတာလား "
"တို့က ဘာလို့ သူ့ကို အရေးလုပ် သောက်ဂရုစိုက်ရမှာလည်း "
"ဒါဆို ငါ ငါ့အမကို ထောက်ပံ့ဖို့ အလုပ်လုပ်မှရမယ် "
"မလုပ်ရဘူး "
"Ji..."
"မင်း ဘာအလုပ်မှ လုပ်စရာမလိုဘူး "
Karinaရဲ့ အသံက အမိန့်ပေးသံပေါက်နေသည်
"ဒါပေမယ့် ငါကူညီမှရမှာလေ"
"သူတို့အပေါ် မင်းအကြွေးတင်ထားတာ ဘာမှမရှိဘူး သူတို့ကျေးဇူးလည်း မင်းအပေါ်မရှိဘူး Liamက တန်ဖိုးမရှိတဲ့ ချီးလိုကောင် မင်းအမက သူနဲ့နေဖို့ သူ့ဘဝကို စွန့်ပစ်ပြီး ရွေးချယ်ခဲ့တာ"
Karinaပြောတာ အမှန်တရားဆိုတာ Winter သိပါသည် ဒါပေမယ့် Karinaပြောသလို ဘာမှမလုပ်ဘဲ နေဖို့က ပြောသလောက် မလွယ်ဘူးလေ
"သူတို့ကို ကူညီမှဖြစ်မယ် အမက ငါ့မှာ ကျန်ခဲ့တဲ့တစ်ဦးတည်းသော မိသားစုဝင်လေ Jimin "
"ဒါဆို တို့ကရော တို့ကရောဘာလည်း မင်းရဲ့ မိသားစုမဟုတ်ဘူးလား "
Karina အံကြိတ်ပြီး ပြောလိုက်သည်
"ငါပြောချင်တဲ့ အဓိပ္ပါယ်ကို နင်သိပါတယ် Jiminရယ် "
"မဟုတ်ဘူး "
Karina ခေါင်းခါလိုက်သည်
"တို့က မင်းအတွက် ဘာလည်း Minjeong "
Karina ပြောပြီး ထိုင်ရာမှ ထလာကာ Winterဆီလျှောက်လာသည်
"တို့...မင်းက တို့အတွက် ဘယ်လောက် အဓိပ္ပါယ်ရှိလည်းဆိုတာ ပြောပြဖူးတယ်မဟုတ်လား...အခု မင်း ဘယ်သူ့ကို တိုက်ခိုက်နေလည်း တို့မသိတော့ဘူး တို့ကို ကလန်ကဆန်လုပ်နေတာလား မင်းကို ဒီလောက်ထိ ချစ်ကြောင်း ပြနေတာ မလုံလောက်သေးဘူးလား ဒါမှမဟုတ် မင်းက တို့ကို အဲ့လောက်ထိ မချစ်တာ ဖြစ်နိုင်တယ် ....မင်းတို့ကို ချစ်ရောချစ်ရဲ့လား Minjeong "
"ချစ်တာပေါ့ ငါနင့်ကိုချစ်တာပေါ့ "
"ဒါဆိုရင် မင်းအတွက် တို့ကဘာလည်း "
Winterမှာ သူမရဲ့ လက်ကို Karinaရဲ့ ရင်ဘတ်ပေါ်တင်လိုက်သည် ...Karinaရဲ့ ဘင်ခရာလို တဒုန်းဒုန်းမြည်နေတဲ့ နှလုံးခုန်သံကို Winter ခံစားမိနေသည်
ဒါက Minjeongရဲ့ Jiminဘဲ...ကြောက်မနေသင့်ဘူး မဟုတ်လား
"ချစ်တာပေါ့ Jiminရယ် နင်က ငါ့ရဲ့ အရာအားလုံးဘဲ... အဲ့ထက်တောင်ပိုသေးတယ် သိလား "
Winterရဲ့ စကားကြောင့် Karina ချက်ချင်း နူးညံ့သွားတယ်
"ဒါဆို ဘာလို့ ကိုယ့်ကိုကိုယ်သိမ်ငယ်တဲ့ စကားတွေပြောနေတာလည်း "
"ငါလည်း မသိဘူး "
"နားထောင် Minjeong မင်းက တို့ရဲ့ ကြယ်ပွင့်လေး တို့ရဲ့ စကြာဝဠာ တို့အတွက် အရာအားလုံးဘဲ "
"ငါက နင့်အတွက်......နင်ထင်လို့ပါ တကယ်ဆို "
"တို့ဘဝမှာ မင်းကလွဲပြီး ကျန်တာ မလိုအပ်ဘူး မင်းရှိနေရုံနဲ့ လုံလောက်တယ် သိလား...မင်းကသာ တို့တည်ရှိမှုနဲ့ အားအင်ဖြစ်စေလာတဲ့ အကြောင်းပြချက်ဘဲ အသက်ရှင်ဖို့ လေကိုလိုအပ်သလို မင်းကိုလည်း တို့လိုအပ်တယ် Minjeong မင်းကို ငြီးငွေ့သွားတာမျိုး မရှိခဲ့ဘူး ရှိလာမှာလည်း မဟုတ်ဘူး
တို့နှစ်ယောက်ကြားထဲ ဘယ်သူ့ကိုမှ ဝင်မလာစေချင်ဘူး မင်းမိသားစုရော တို့မိသားစုရောပေါ့ မင်းနဲ့တို့ နှစ်ယောက်တည်းဘဲ တို့ မင်းကိုလိုအပ်သလိုမျိူး တို့ကိုလည်း မင်း လိုအပ်စေချင်တယ် မင်းမရှိဘဲ တို့အသက်မရှင်နိုင်ပေမယ့် တို့မရှိဘဲ မင်းအသက်ရှင်နိုင်ခဲ့ပါတယ် မင်း တို့ကို ထားခဲ့တာကို အရမ်းမုန်းတယ် မင်းထားသွားခဲ့တဲ့ လေးနှစ်လုံး တို့အရမ်းခံစားခဲ့ရတယ် နောက်တော့ မင်းကိုပြန်ဖမ်းမိတဲ့အခါမှာ မင်းက တို့မရှိဘဲ ပျော်နေခဲ့တယ်လို့ ပြောခဲ့တယ် အဲ့ဒီတုံးက ငရဲကျနေသလို ခံစားရပေမယ့် မင်းက တို့ကို ချစ်နေသေးတယ်လို့ ပြောခဲ့တဲ့နေ့မှာတော့ ငရဲကနေ တို့ ပြန်လွှတ်မြောက်လာခဲ့တယ်သိလား....."
Winter ရဲ့ လက်ကိုကိုင်ပြီး Karina ပြောလိုက်သည်
"မင်း ထွက်ပြေးရတဲ့အကြောင်းကလည်း တို့ကြောင့်ဆိုတာ သိပါတယ် မင်းမရှိတဲ့ ဘဝမှာ အသက်ရှင်နေရတာက အပြစ်ပေးခံရသလိုဘဲသိလား တို့ တစ်စစီ ကျိုးပဲ့နေခဲ့တာ...တို့ မင်းကို စောက်ရမ်းချစ်တာ သိရဲ့လား Minjeong "
Karina ပြောပြီး Winterကို နမ်းလိုက်သည်
Winterလည်း Karinaရဲ့နှုတ်ခမ်းကို ပြန်စုပ်နမ်းလိုက်သည်
"Fuck me Jimin.... "
Karinaလည်း Winterရဲ့ အိတ်ထဲက တားဆေးနဲ့ ကွန်ဒုံးတွေကို ထုတ်ယူလွှင့်ပစ်လိုက်သည်
"မင်းအမရဲ့ အကြံပေးချက်ကို နားထောင်သင့်တယ် Minjeong ...."
"က ကလေးယူဖို့လား "
"တို့ လက်စွပ်က မင်းရဲ့ လက်သကြွယ်မှာ ရှိသလို တို့ကလေးလည်း မင်းရဲ့ဗိုက်ထဲမှာ ရှိသင့်တယ် Minjeong "
Karina ပြောပြီး Winterကို ပြင်းပြင်းရှရှနဲ့ တပ်မက်စွာ နမ်းလိုက်သည်
#tbc
#zawgyi
Karinaနဲ႕ Johnတို႔ ႐ုံးခန္းထဲ စကားေျပာေနစဥ္ Winterမွာ ဧည့္ခန္းက ဆိုဖာေပၚ စိတ္လႈပ္ရွားစြာ ထိုင္ေနသည္
Karinaကို Winter ကေလးယူၿပီး ခ်ဳပ္ခ်ယ္ထားဖို႔ စိတ္ထားလုံးဝမရွိေၾကာင္း ေျပာျပရမည္
ၿပီးေတာ့ Dr.Wellဆီက တားေဆးယူေသာက္ေနတာကိုလည္း Karinaကို သက္ေသျပရမည္
ဟူး...အစကတည္းက အမက အဲ့စကားမေျပာသင့္တာ
Winter သူ႕အမတို႔ လင္မယားအတြက္ ဘာေျပာရမယ္ဆိုတာလည္း မသိေတာ့ေပ
ၿပီးေတာ့ ပိုက္ဆံကိစၥေျပာရမွာကိုလည္း Winter အရမ္း စိတ္ကုန္သည္ အထူးသျဖင့္ Karinaဆီက ပိုက္ဆံေတာင္းရတာကိုေပါ့
သူ႕ဆီက ပိုက္ဆံလိမ္ခဲ့တဲ့ ေကာင္ကို Karinaကလည္း ဘာလို႔ ပိုက္ဆံကူခ်င္မွာလည္း
ဒါေပမယ့္ Hanaကေတာ့ Winterရဲ႕ အမျဖစ္လို႔ Winterမွာ တာဝန္ရွိသည္ Hana သူ႕ေျခေထာက္ေပၚသူ ရပ္တည္နိုင္ေအာင္ Winterက ကူညီေပးရမည္
Johnက ႐ုံးခန္းထဲက ထြက္လာတာကို ျမင္တဲ့အခါမွာေတာ့ Winter ထိုင္ေနရာက ထလိုက္သည္
"Minjeong ဒီကိုလာခဲ့ "
Karinaက မေအာ္ဘူးဆိုေတာ့ ဒါက ေကာင္းတဲ့အရာဘဲ မဟုတ္လား
Winter စိတ္လႈပ္ရွားၿပီး တံေတြးမ်ိဳခ်ကာ Karinaရဲ႕ ႐ုံးခန္းထဲ ေလွ်ာက္သြားသည္
Karinaက သူမ႐ုံးခန္း စားပြဲမွာ ထိုင္ေနသည္
Winterမွာ Karinaရဲ႕ မ်က္လုံးကို မၾကည့္ရဲေပ မ်က္လုံးခ်င္းအၾကည့္မဆုံရဲေပ Karinaရဲ႕ ေဒါသေတြကို ေလထဲမွာကို ခံစားမိသည္
"Johnက စကားေတြ အမ်ားႀကီး ေျပာသြားတယ္ "
"ဟို "
"မင္းက တို႔နဲ႕ ေပ်ာ္ေနတာလို႔ တို႔ ယုံခဲ့တာ ဒါေပမယ့္..."
Karinaရဲ႕ စကားေၾကာင့္ Winter ေသးငယ္သြားသလို ခံစားရသည္
သူမအေပၚ အၿမဲ ေကာင္းေပးဂ႐ုစိုက္ေပးတဲ့ Karinaကို ဘာလို႔ အခုလို ခံစားရေအာင္ သူ လုပ္မိတာလည္းလို႔ Winter ေတြးေနမိသည္
"နင္က ငါ့ထက္ ေကာင္းတဲ့သူနဲ႕ေတြ႕သင့္တာပါ "
Winter တိုးတိုးေလး ေရ႐ြတ္လိုက္သည္
Karinaမွာ ဘာမွမေျပာဘဲ Winterကိုသာ စိုက္ၾကည့္ေနသည္
"ငါက ေျပာပိုင္ခြင့္မရွိဘူးဆိုတာ သိပါတယ္ ဒါေပမယ့္ Liamမွာ အလုပ္မရွိဘူး ငါ ငါ့အမကို ကူညီေပးမွျဖစ္မယ္ Liam အလုပ္ရွာေတြ႕တဲ့အထိ ငါ့အမကို ဂ႐ုစိုက္ေပးမွျဖစ္မယ္ "
"ဘယ္သူက သူခိုးလူလိမ္ကို အလုပ္ခန့္မွာလည္း "
"သူ႕ကိုအလုပ္မရေအာင္ နင္လုပ္ထားတာလား "
"တို႔က ဘာလို႔ သူ႕ကို အေရးလုပ္ ေသာက္ဂ႐ုစိုက္ရမွာလည္း "
"ဒါဆို ငါ ငါ့အမကို ေထာက္ပံ့ဖို႔ အလုပ္လုပ္မွရမယ္ "
"မလုပ္ရဘူး "
"Ji..."
"မင္း ဘာအလုပ္မွ လုပ္စရာမလိုဘူး "
Karinaရဲ႕ အသံက အမိန့္ေပးသံေပါက္ေနသည္
"ဒါေပမယ့္ ငါကူညီမွရမွာေလ"
"သူတို႔အေပၚ မင္းအေႂကြးတင္ထားတာ ဘာမွမရွိဘူး သူတို႔ေက်းဇူးလည္း မင္းအေပၚမရွိဘူး Liamက တန္ဖိုးမရွိတဲ့ ခ်ီးလိုေကာင္ မင္းအမက သူနဲ႕ေနဖို႔ သူ႕ဘဝကို စြန့္ပစ္ၿပီး ေ႐ြးခ်ယ္ခဲ့တာ"
Karinaေျပာတာ အမွန္တရားဆိုတာ Winter သိပါသည္ ဒါေပမယ့္ Karinaေျပာသလို ဘာမွမလုပ္ဘဲ ေနဖို႔က ေျပာသေလာက္ မလြယ္ဘူးေလ
"သူတို႔ကို ကူညီမွျဖစ္မယ္ အမက ငါ့မွာ က်န္ခဲ့တဲ့တစ္ဦးတည္းေသာ မိသားစုဝင္ေလ Jimin "
"ဒါဆို တို႔ကေရာ တို႔ကေရာဘာလည္း မင္းရဲ႕ မိသားစုမဟုတ္ဘူးလား "
Karina အံႀကိတ္ၿပီး ေျပာလိုက္သည္
"ငါေျပာခ်င္တဲ့ အဓိပ္ပါယ်ကို နင္သိပါတယ္ Jiminရယ္ "
"မဟုတ္ဘူး "
Karina ေခါင္းခါလိုက္သည္
"တို႔က မင္းအတြက္ ဘာလည္း Minjeong "
Karina ေျပာၿပီး ထိုင္ရာမွ ထလာကာ Winterဆီေလွ်ာက္လာသည္
"တို႔...မင္းက တို႔အတြက္ ဘယ္ေလာက္ အဓိပ္ပါယ်ရှိလည်းဆိုတာ ေျပာျပဖူးတယ္မဟုတ္လား...အခု မင္း ဘယ္သူ႕ကို တိုက္ခိုက္ေနလည္း တို႔မသိေတာ့ဘူး တို႔ကို ကလန္ကဆန္လုပ္ေနတာလား မင္းကို ဒီေလာက္ထိ ခ်စ္ေၾကာင္း ျပေနတာ မလုံေလာက္ေသးဘူးလား ဒါမွမဟုတ္ မင္းက တို႔ကို အဲ့ေလာက္ထိ မခ်စ္တာ ျဖစ္နိုင္တယ္ ....မင္းတို႔ကို ခ်စ္ေရာခ်စ္ရဲ႕လား Minjeong "
"ခ်စ္တာေပါ့ ငါနင့္ကိုခ်စ္တာေပါ့ "
"ဒါဆိုရင္ မင္းအတြက္ တို႔ကဘာလည္း "
Winterမွာ သူမရဲ႕ လက္ကို Karinaရဲ႕ ရင္ဘတ္ေပၚတင္လိုက္သည္ ...Karinaရဲ႕ ဘင္ခရာလို တဒုန္းဒုန္းျမည္ေနတဲ့ ႏွလုံးခုန္သံကို Winter ခံစားမိေနသည္
ဒါက Minjeongရဲ႕ Jiminဘဲ...ေၾကာက္မေနသင့္ဘူး မဟုတ္လား
"ခ်စ္တာေပါ့ Jiminရယ္ နင္က ငါ့ရဲ႕ အရာအားလုံးဘဲ... အဲ့ထက္ေတာင္ပိုေသးတယ္ သိလား "
Winterရဲ႕ စကားေၾကာင့္ Karina ခ်က္ခ်င္း ႏူးညံ့သြားတယ္
"ဒါဆို ဘာလို႔ ကိုယ့္ကိုကိုယ္သိမ္ငယ္တဲ့ စကားေတြေျပာေနတာလည္း "
"ငါလည္း မသိဘူး "
"နားေထာင္ Minjeong မင္းက တို႔ရဲ႕ ၾကယ္ပြင့္ေလး တို႔ရဲ႕ စၾကာဝဠာ တို႔အတြက္ အရာအားလုံးဘဲ "
"ငါက နင့္အတြက္......နင္ထင္လို႔ပါ တကယ္ဆို "
"တို႔ဘဝမွာ မင္းကလြဲၿပီး က်န္တာ မလိုအပ္ဘူး မင္းရွိေန႐ုံနဲ႕ လုံေလာက္တယ္ သိလား...မင္းကသာ တို႔တည္ရွိမႈနဲ႕ အားအင္ျဖစ္ေစလာတဲ့ အေၾကာင္းျပခ်က္ဘဲ အသက္ရွင္ဖို႔ ေလကိုလိုအပ္သလို မင္းကိုလည္း တို႔လိုအပ္တယ္ Minjeong မင္းကို ၿငီးေငြ႕သြားတာမ်ိဳး မရွိခဲ့ဘူး ရွိလာမွာလည္း မဟုတ္ဘူး
တို႔ႏွစ္ေယာက္ၾကားထဲ ဘယ္သူ႕ကိုမွ ဝင္မလာေစခ်င္ဘူး မင္းမိသားစုေရာ တို႔မိသားစုေရာေပါ့ မင္းနဲ႕တို႔ ႏွစ္ေယာက္တည္းဘဲ တို႔ မင္းကိုလိုအပ္သလိုမ်ိဴး တို႔ကိုလည္း မင္း လိုအပ္ေစခ်င္တယ္ မင္းမရွိဘဲ တို႔အသက္မရွင္နိုင္ေပမယ့္ တို႔မရွိဘဲ မင္းအသက္ရွင္နိုင္ခဲ့ပါတယ္ မင္း တို႔ကို ထားခဲ့တာကို အရမ္းမုန္းတယ္ မင္းထားသြားခဲ့တဲ့ ေလးႏွစ္လုံး တို႔အရမ္းခံစားခဲ့ရတယ္ ေနာက္ေတာ့ မင္းကိုျပန္ဖမ္းမိတဲ့အခါမွာ မင္းက တို႔မရွိဘဲ ေပ်ာ္ေနခဲ့တယ္လို႔ ေျပာခဲ့တယ္ အဲ့ဒီတုံးက ငရဲက်ေနသလို ခံစားရေပမယ့္ မင္းက တို႔ကို ခ်စ္ေနေသးတယ္လို႔ ေျပာခဲ့တဲ့ေန႕မွာေတာ့ ငရဲကေန တို႔ ျပန္လႊတ္ေျမာက္လာခဲ့တယ္သိလား....."
Winter ရဲ႕ လက္ကိုကိုင္ၿပီး Karina ေျပာလိုက္သည္
"မင္း ထြက္ေျပးရတဲ့အေၾကာင္းကလည္း တို႔ေၾကာင့္ဆိုတာ သိပါတယ္ မင္းမရွိတဲ့ ဘဝမွာ အသက္ရွင္ေနရတာက အျပစ္ေပးခံရသလိုဘဲသိလား တို႔ တစ္စစီ က်ိဳးပဲ့ေနခဲ့တာ...တို႔ မင္းကို ေစာက္ရမ္းခ်စ္တာ သိရဲ႕လား Minjeong "
Karina ေျပာၿပီး Winterကို နမ္းလိုက္သည္
Winterလည္း Karinaရဲ႕ႏႈတ္ခမ္းကို ျပန္စုပ္နမ္းလိုက္သည္
"Fuck me Jimin.... "
Karinaလည္း Winterရဲ႕ အိတ္ထဲက တားေဆးနဲ႕ ကြန္ဒုံးေတြကို ထုတ္ယူလႊင့္ပစ္လိုက္သည္
"မင္းအမရဲ႕ အႀကံေပးခ်က္ကို နားေထာင္သင့္တယ္ Minjeong ...."
"က ကေလးယူဖို႔လား "
"တို႔ လက္စြပ္က မင္းရဲ႕ လက္သႂကြယ္မွာ ရွိသလို တို႔ကေလးလည္း မင္းရဲ႕ဗိုက္ထဲမွာ ရွိသင့္တယ္ Minjeong "
Karina ေျပာၿပီး Winterကို ျပင္းျပင္းရွရွနဲ႕ တပ္မက္စြာ နမ္းလိုက္သည္
#tbc
Bạn đang đọc truyện trên: Truyen3h.Co