Part 24
"Jimin နင်က ငါ့ကို အသေ သတ်နေတာဘဲ "
"ဟင့်အင်း မဟုတ်ပါဘူး အချစ်ရယ် တို့က လောဘတက်မိနေတာပါ ...."
Karina ပြောပြီး Winterရဲ့ လည်ပင်းလေးကို နမ်းလိုက်သည်
"မင်းသာ ကိုယ်ဝန်ရမယ်ဆိုရင် တို့တော့ အရမ်းအားရကျေနပ်မိမှာ သိလား Minjeong တို့တော့ မင်းကို အကြွင်းမဲ့ချစ်မိနေပြီ...ဘာလို့လည်း...တို့နဲ့အတူ မိသားစုတစ်ခုတည်ဆောက်ဖို့ တို့က စိတ်လှုပ်ရှားနေချိန် မင်းက ဘာလို့ကြောက်နေတာလည်း .....တို့လိုချင်နေတဲ့အရာလေ...."
Winterမှာ Karina အနမ်းတွေကြောင့် စကားတောင် သေချာပြန်မပြောနိုင်ပေ
"မင်းအခုထိ တို့အပေါ်မသေချာနေသေးတာဘဲ "
"မဟုတ်ပါဘူး... ငါနင့်ကိုယုံပါတယ်...ငါ အခုလိုဖြစ်နေတာက ငါ့ကိုယ်ငါ မယုံလို့ဖြစ်နေတာပါ "
Winter ပြောပြီး Karinaရဲ့ လည်ပင်းကို ဖက်လိုက်သည်
"အဲ့လိုမဖြစ်ပါနဲ့ မင်းဟာ တို့အတွက် အကောင်းဆုံးကောင်မလေးဆိုတာ ဘဝတစ်လျှောက်လုံး မင်းနဲ့အတူ ဖြတ်သန်းရင်း ပြောပြမိတော့မယ်....မင်းရဲ့ပျောက်ဆုံးနေတဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေကို တို့ပြန်ရှာပေးမယ်.... မင်းဆီကနေ အဲ့ယုံကြည်မှုတွေကို လုယူသွားတဲ့အရာတွေကို တို့သတ်ပစ်မယ် "
Karinaပြောပြီး Winterရဲ့ အဝတ်အစားတွေကို ချွတ်ပစ်သည်
******
Jiminတို့ အချစ်တွေ ဖန်တီးပြီးနောက် မောပန်းလို့ ကုတင်ပေါ်တွင် လှဲအိပ်နေကြသည်
"Jimin...."
Winter ခေါ်သံကြောင့် Jimin မျက်လုံးဖွင့်လိုက်သည်
"ပြောလေ အချစ် "
Karina သူမရဲ့ဘဝ သူမရဲ့အသက်လေးကို ပြုံးပြီး ကြည့်လိုက်သည်
"ငါ နင့်ကို အရမ်းချစ်တယ် "
Winterရဲ့ စကားကြောင့် Karina သဘောကျပြီး ရယ်လိုက်သည်
ထို့နောက် Winterရဲ့ နှာခေါင်းလေးကို သူမနှာခေါင်းနဲ့ထိတို့ပြီး
"ဒီထက်ပိုပြီး ချစ်ပေးပါအုံး အချစ်ကလေး "
"အများကြီး ချစ်ပေးဖို့ကြ ငါကြောက်နေမိတယ် "
"တို့ကို အများကြီးချစ်ဖို့ မကြောက်ပါနဲ့ Kim Minjeong ......"
"နင်က အကြောက်တရားမရှိတော့ ပြောနိုင်တာပေါ့ ငါက..."
"မင်းလည်း အတူတူဘဲလေ အကြောက်တရားမရှိတာကို မေ့နေတာလား "
Winterရဲ့ အောက်နှုတ်ခမ်းလေးကို ကိုင်ပြီး Karina ပြောလိုက်သည်
"ချစ်တယ် Jimin "
"ထပ်ပြောပါအုံး "
"ချစ်တယ် ချစ်တယ် "
"တို့ကို လက်ထပ်မှာလား "
Karinaက ပြောတော့ Winterက သူမရဲ့အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်သည်
"ဟေး မင်း တို့ကိုချစ်တယ် မဟုတ်လား ဒါဆို လက်ထပ်ရမှာပေါ့ "
"ဟို...နင့်ကိုတော့ ငါချစ်တယ်လေ ဒါပေမယ့် လက်ထပ်ဖို့ကြ..."
"မငြင်းနဲ့တော့... တို့ကတော့ လက်ထပ်ပွဲစီစဥ်တဲ့သူနဲ့တောင် စကားပြောပြီးသွားပြီ "
Karinaရဲ့ စကားကြောင့် Winter မျက်လုံးပြူးသွားသည်
"လက်ထပ်ပွဲစီစဥ်တဲ့ သူနဲ့ ဟုတ်လား နင် ရူးသွားပြီလား Jimin "
"မင်း တို့နဲ့အတူ နေမယ်လို့ သဘောတူကတည်းက တို့က သူနဲ့ပြောထားတာ ...သူက တို့တွေရဲ့ လက်ထပ်ပွဲကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပေးလိမ့်မယ် မင်းလည်း စိတ်ကူးလေးတွေရှိရင် သူနဲ့ စကားပြောကြည့်ပေါ့ "
"လက်ထပ်ပွဲအတွက်လား"
"Minjeong တို့တွေ နှစ်တွေ အကြာကြီး အချိန်ဖြုန်းခဲ့ပြီးပြီ....နောက်ထပ်တစ်လကို ထပ်မဖြုန်းချင်တော့ဘူး "
"ဟင်...နောက်ထပ်တစ်လ "
"တို့အခုဘဲပြောနေတာလေ လကုန်တဲ့အခါ မင်းနဲ့ လက်ထပ်မယ့်အကြောင်း "
Karinaရဲ့ စကားကြောင့် Winter ထထိုင်လိုက်သည်
"Jimim ငါတို့ "
"ဒါပေါ့ တို့တွေ လက်ထပ်ရမှာ "
Karinaလည်း Winterနဲ့အတူ ထထိုင်လိုက်သည်
"တို့ပိုင်တဲ့ ဟိုတယ်တွေထဲက တစ်ခုမှာ လက်ထပ်ပွဲကျင်းပမယ် ပြီးတော့ အသိအားလုံးကို ဖိတ်ကြားမယ် သူတို့ထခုန်ရလောက်တဲ့အထိဖြစ်အောင် မင်းရဲ့ဂါဝန်ကို အလှဆုံးဖြစ်အောင် လုပ်ပေးမယ် "
"အရမ်းမြန်လွန်းတယ် မထင်ဘူးလား လပိုင်းလေးရှိသေး နင်ပေါ်လာပြီး ငါ့ဘဝကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် လုပ်ပစ်တယ် ...ခြိမ်းခြောက်တယ် အတင်းလုယူတယ် အဲ့လိုတွေလုပ်ခဲ့ပြီး လက်ထပ်ခွင့်တောင်းတယ်ပေါ့ ဘယ်တော့မှ ရပ်တော့မှာလည်း "
"မင်းဟာ တို့အပိုင်မဖြစ်မချင်း တို့မရပ်ဘူး ..တို့ အချိန်ထပ်မဖြုန်းချင်တော့ဘူး အားလုံးကိုစွန့်ပစ်ပြီး မင်းနဲ့ဘဝတစ်ခု အမြန်တည်ဆောက်ချင်ပြီ ...မင်းရော တို့နဲ့အတူ တည်ဆောက်ချင်လား "
"Holy shit ငါအဆင်သင့်မဖြစ်သေးဘူး Jimin"
"ဖြစ်လာမှာပါ တို့က သေချာအောင်လုပ်ပေးမယ် "
"ငါ့အမကိုရော ဘယ်လိုလုပ်မှာလည်း သူ့ကို ငါ ကူညီပေးရအုံးမယ်လေ "
"သူတို့လိုချင်သလောက် ပိုက်ဆံတွေ ပေးပစ်လိုက် အချစ် "
"ဟင် သူတို့ကို ပိုက်ဆံပေးခိုင်းနေတာလား "
"အဲ့လိုလုပ်စရာမလိုဘူး ထင်တယ်"
"ဘာလို့ မလိုအပ်ရမှာလည်း မင်းက တို့ရဲ့ မိန်းမဖြစ်တော့မှာလေ ဒီတော့ တို့ပိုင်ဆိုင်မှုတွေ အားလုံးကလည်း မင်းအတွက်ဘဲ...ဒီတော့ မင်းရဲ့ အမနဲ့ အသုံးမကျတဲ့ သူ့အမျိုးသားကို ထောက်ပံ့လိုက် မီလီယံနာဖြစ်တဲ့အထိ ပိုက်ဆံတွေ စိတ်ကြိုက်ပေးပစ်လိုက် ...ဒါမှမဟုတ် မင်းအမရဲ့ အမျိုးသားကို သတ်ပစ်ချင်ရင်လည်း စက္ကန့်ပိုင်းအတွင်း တို့ သတ်ပေးမယ် ....မင်းကိုသာ ပိုင်ဆိုင်ခွင့်ရရင် ဘာတွေပေးရပေးရ တို့ပေးနိုင်တယ် ...."
Karinaတို့ စကားပြောပြီးနောက် Winterမှာ ခဏအိပ်ပျော်သွားသည်
အိပ်ရာက နိုးလာတော့ Karinaမှာ ဖုန်းပြောနေလို့ Winter ရေသွားချိုးလေသည်
ရေချိုးနေရင်း သူမလက်က လက်စွပ်ကို Winter သတိထားမိသွားတယ်
စိန်လက်စွပ်လေး.....Winter ချက်ချင်း ရေချိုးရာက ရပ်ပြီး သဘတ်နဲ့သုတ်ကာ ရေချိုးဝတ်စုံ ဝတ်ပြီး ရေချိုးခန်းထဲက ထွက်လာသည်
အခန်းထဲမှာ Karina မရှိတော့လို့ Karinaရှိမယ်လို့ ထင်ရမယ့် ရုံးခန်းကို Winter ပြေးသွားလေသည်
"Jimin...Jimin "
Karinaမှာ ဖုန်းပြောနေပေမယ့် Winterက အခန်းထဲ ဝင်လာလို့ ဖုန်းကို ချက်ချင်းချလိုက်သည်
"ဒါလေး......"
စိန်လက်စွပ်ဝတ်ထားတဲ့ လက်ကလေးကိုထောင်ပြတော့ jimin ပြုံးလိုက်သည်
"သဘောမကျလို့လား"
"ဘယ်တုံးက ဝယ်ထားတာလည်း "
"လွန်ခဲ့တဲ့ လေးနှစ်လောက်ကပေါ့ "
"ဟင် ဒါဆို နင်...ဒါကို ငါ..."
"ဟုတ်တယ် ဒီလက်စွပ်လေး မင်းကို ပေးဖို့ တို့မှာ အကြာကြီးစောင့်နေခဲ့တာ သဘောကျရဲ့လား Minjeong "
Winterမှာ Karinaအတွက် စိတ်မကောင်းဖြစ်ပြီး မျက်ရည်တွေဝဲလာသည်
"သဘောကျတယ် အရမ်းသဘောကျတာ "
Karinaကို ဖက်ပြီး Winter ပြောလိုက်သည်
"သေချာလား "
Karinaက မေးတော့ Winter ခေါင်းညိတ်ပြပြီး Karinaကို နမ်းလိုက်သည်
"လုံးဝသဘောကျတာ Taeyeonကို ပြောရအုံးမယ် ပြီးတော့ နင့်မိဘတွေရယ် ငါ့အမရယ် Yizhuoတို့ရယ် အား "
"Taeyeonက ကျေနပ်ပြီး Yizhuoတို့က သတိလစ်သွားလောက်တယ်..."
Karinaမှာ သဘောကျလို့ရယ်ပြီး Winterကို နမ်းလိုက်သည်
"သူတို့က တို့တွေအတွက် ပျော်နေမှာပါ အချစ်ရယ် စိတ်မပူပါနဲ့ "
"သူတို့ပျော်မှာကို ငါသိပါတယ် နင်တကယ်ဘဲ လကုန်တဲ့အခါ လက်ထပ်ပွဲလုပ်ချင်တာလား မမြန်လွန်းဘူးလား "
"မမြန်ပါဘူး မင်းအခုဘဲ လက်ခံမယ်ဆို တို့ လက်ထောက်က ဖိတ်စာလိုက်ဖိတ်တော့မှာ...."
"မြန်လိုက်တာ... "
"မြန်မြန်ဘဲလုပ်တယ်...နောက်တစ်ပတ်ကျ မင်း စီစဥ်သူနဲ့တွေ့ပြီး လိုချင်တဲ့ဒီဇိုင်းပြောပြလိုက်လေ နော့် ဟား လကုန်တာနဲ့ မင်းက Yu Minjeong ဖြစ်တော့မှာဘဲ အဆင်သင့်ဖြစ်ပြီလား "
"No..."
Winterမှာ ပြောင်ချော်ချော်လုပ်ပြီး Karinaကို စလိုက်သည်
"Too bad...Ms.Yu...မင်းက တို့အပိုင်ဘဲနော် ဟင်းဟင်း "
Karinaပြောပြီး Winterကို ဆွဲဖက်ကာ နမ်းလိုက်သည်
#tbc
#zawgyi
******
"Jimin...."
"ပြောလေ အချစ် "
"ချစ်တယ် Jimin "
"ထပ်ပြောပါအုံး "
"ချစ်တယ် ချစ်တယ် "
"တို့ကို လက်ထပ်မှာလား "
"လက်ထပ်ပွဲအတွက်လား"
"ဟင်...နောက်ထပ်တစ်လ "
"Jimim ငါတို့ "
"Jimin...Jimin "
"ဒါလေး......"
"သဘောမကျလို့လား"
"ဟင် ဒါဆို နင်...ဒါကို ငါ..."
"သေချာလား "
"မြန်လိုက်တာ... "
"No..."
#tbc.
Bạn đang đọc truyện trên: Truyen3h.Co