Part 25
Winter တစ်ယောက် သတင်းကောင်းကို ပြောပြချင်လို့ သူ့သူငယ်ချင်း Ning Yizhuoဆီ ဖုန်းဆက်သည်
Phone Ring လေးခါလောက် မြည်ပြီးမှ Ning Yizhuo က ဖုန်းကိုင်သောကြောင့် အလုပ်ရှုပ်ချိန် ခေါ်မိတယ်ထင်ပြီး Winter အားနာနေပြန်သည်
"အလုပ်ရှုပ်နေတာလားဟင် ငါ အချိန်မှားခေါ်မိသွားလား "
"အေး Aeriနဲ့ကုတင်ပေါ်မှာ အလုပ်ရှုပ်နေတာလေ သူငယ်ချင်း "
Yizhuo ရဲ့ စကားကြောင့် Winter တံတွေးမျိုချုလိုက်မိသည်
"ဟူး..."
မောလို့ တစ်ဖက်ကနေ လေတွေမှုတ်ထုတ်လိုက်တဲ့ Yizhuoကိုလည်း Winter မနိုင်ပါ
"ငါ လက်ထပ်တော့မယ် Yizhuo "
Yizhuoဆီက တုံ့ပြန်မှုကို စောင့်နေပေမယ့် Yizhuoက ဘာမှပြန်မပြောပေ
"No...."
"Yes..."
"Aeri လက်ကလေး ငြိမ်ငြိမ်နေပါအုံး...."
တစ်ဖက်က Yizhuo အော်သံကြောင့် Winter ရယ်လိုက်သည်
"ငါ လက်ထပ်တော့မယ် Ning Yizhuoရေ "
"Fuck Yeahhhh"
Yizhuo ထပ်အော်ပြန်သည်
"Aeri အချစ်ရေ သူတို့လုပ်တော့မယ် ဟယ် fuckတာကို ပြောတာမဟုတ်ဘူးလေ ဟောတော် သူတို့ လက်ထပ်တော့မယ်လို့ ပြောတာ Rinaက သူ့ကိုလက်ထပ်ခွင့်တောင်းလိုက်ပြီ "
Winterမှာ သူ့သူငယ်ချင်းနှစ်ယောက် စကားပြောတာတွေ နားထောင်ပြီး တခစ်ခစ်နဲ့ ရယ်လေသည်
ထို့အပြင် သူတို့သူငယ်ချင်းနှစ်ယောက် အော်ဟစ်နေကြတာကိုလည်း Winter ကြားရပြီး Yizhuoဆီက reply ရဖို့ Winter စိတ်ရှည်ရှည်နဲ့ စောင့်ရပြန်သည်
"ဘယ်တော့ လက်ထပ်မှာလည်း "
"Jiminက ဒီလကုန်ရင် လက်ထပ်ချင်တယ်လို့ ပြောတယ် "
Winter နှုတ်ခမ်းကို ဖိကိုက်ရင်း ပြောလိုက်သည်
"ဒါဆို သူ လက်ထပ်ပွဲကို ကြိုစီစဥ်နေတာပေါ့ ဟုတ်လား "
Yizhuo စိတ်လှုပ်ရှားနေတာ ကြည့်ပြီး Winter ထပ်ရယ်ပြန်သည်
Winterကတော့ သူမကိုယ်သူမ ဘယ်လိုခံစားနေရမှန်း မသိဖြစ်နေတယ်
ဒါ့အပြင် ဝမ်းဗိုက်ထဲကနေ ပျို့အန်ချင်သလို ခံစားရသောကြောင့် Winter စိုးရိမ်ကြောင့်ကျမှုတွေကြောင့် ဖြစ်နေတာလို့ ယူဆလိုက်သည်
Winter သူမခံစားချက်ကို သူမ မသိသေးပေမယ့် Karinaကို ချစ်ခဲ့တာ ချစ်နေတာတော့ သေချာသည်
ပြီးတော့ Karina ပြောတာလည်းမှန်သည် သူမတို့နှစ်ယောက်က မလွဲနိုင်တဲ့ဖူးစာဖက်တွေဆိုတာ ဘယ်လောက်ဘဲ ခွဲခဲ့ပါစေ နောက်ဆုံး အတူရှိနေပြီလေ....Karinaကလည်း အမြဲအတူရှိအောင် ကြိုးစားနေမှာ
"ငါ နင့်အတွက် စိတ်လှုပ်ရှားလိုက်တာ.....နင် ပျော်နေရဲ့လား ကောင်မလေး "
Yizhuoက Winterကို မေးလိုက်သည်
"အင်း... နည်းနည်းတော့ လန့်ပေမယ့် ပျော်တယ်ထင်တာဘဲ ဘယ်လိုခံစားရလည်း ဒါမှမဟုတ် ဘယ်လို ခံစားနေလည်း မသိတော့ဘူး "
"Oh Honey ကြောက်စရာမရှိပါဘူး ငါက နင့်ဘေးနား အမြဲရှိနေပေမယ် လက်ထပ်ပွဲအတွက် ဂါဝန် သွားတိုင်းတဲ့အခါလည်း ငါလိုက်ခဲ့မယ် ခန်းမဘက်သွားရင်လည်း ငါ့ကိုခေါ်လေ "
"ငါ နင်နဲ့ ခိုးရာဘဲ လိုက်ပြေးချင်တယ် "
Winter နှုတ်ခမ်းထော်ပြီး ပြောလိုက်သည်
လူအများကြီးရှေ့မှာ လက်ထပ်ရတာကို Winter သဘောမကျဘူးလေ
"ဟဲ့ ခိုးရာလိုက်ပြေးလို့ မရဘူးလေ....နင့်ကို ချစ်ပေမယ့် Jiminက ငါ့ကိုလိုက်သတ်လိမ့်မယ်..."
Yizhuoက ပြောတော့ Winterက ရယ်တယ်
"ဘာနေနေ နင့်အတွက် ငါအရမ်းစိတ်လှုပ်ရှားနေတယ်....နေအုံး Pinterest ကနေ ဂါဝန်လေးတွေ သွားရှာအုံးမယ် ....ရှာတွေ့ရင် messageပို့လိုက်မယ်နော် "
Winter ဆီက တုံ့ပြန်မှု ပြန်မရခင် Yizhuo ဖုန်းချလိုက်သည်
Winterလည်း ဖုန်းကို သူမကုတင်ပေါ် ပစ်တင်လိုက်သည်
Taeyeonဆီကို Winter ဖုန်းဆက်ပြီး ပြောပြချင်သည် ဒါပေမယ့် အရေးကြီးတဲ့ကိစ္စကို လူချင်းတွေ့မှ ပြောပြတာ ပိုကောင်းတယ် မဟုတ်လား
ပြီးတော့ Karinaရဲ့ မိသားစုကို သူမတို့ လက်ထပ်မယ့်အကြောင်း Karinaနဲ့ အတူတူပြောပြမယ်လေ
အဲ့လိုပြောပြဖို့ကို Winter မစောင့်နိုင်တော့ဘူး Yu Family က သူမအတွက် ဒုတိယမိသားစုလိုပင် သူမ မိဘတွေ ကွယ်လွန်သွားပြီးနောက် Karinaရဲ့ အမေနဲ့အဖေဟာ သူမအတွက် ဒုတိယ မိဘနှစ်ပါး ဖြစ်လာခဲ့တယ်
ပြီးတော့ Taeyeonက Winterနဲ့ Winterရဲ့ အမအပေါ် အမအရင်းတစ်ယောက်လို ဂရုစိုက်စောင့်ရှောက်ပေးခဲ့တယ်လေ
ပြီးတော့ Karinaနဲ့ Winter တွဲနေတာကို သိတော့လည်း Yu familyက နွေးထွေးစွာ ကြိုဆိုပေးခဲ့တယ်လေ
Winter အခန်းထဲက ထွက်လာပြီး Karinaကို လိုက်ရှာတော့ Dinning Roomထဲ ဟင်းချက်နေတဲ့ Karinaကို တွေ့ရသည် ....Karinaက သူမတို့ လက်ထပ်ပွဲအတွက် ပျော်ပြီး ဟင်းတွေအများကြီး ချက်ထားတာဘဲ
"စားကောင်းမယ့်ပုံဘဲ"
"လက်ထပ်တော့မယ်ဆိုတော့ ဒါမျိုးလုပ်ရမယ်လေ "
Karinaပြောပြီး Winterရဲ့ နှုတ်ခမ်းကို နမ်းလိုက်သည်
"ဗိုက်ဆာနေပြီ Jimin "
"ကောင်းပြီ စားကြတာပေါ့ "
နှစ်ယောက်သား ထမင်းစားနေရင်း Winterမှာ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်
"Yizhuoက မနက်ဖြန် သူနဲ့ လက်ထပ်ပွဲ လုပ်မယ့်နေရာကို သွားရအောင်တဲ့ "
"သွားလေ "
Karinaက ခေါင်းညိတ်ပြပြီး ခွင့်ပြုပေးတယ်
Winterမှာ အံ့သြသွားတယ် ဘာလို့လည်းဆိုတော့ Karinaက ဒါမျိူး လွယ်လွယ်နဲ့ ခွင့်ပြုတတ်တဲ့သူ မဟုတ်ဘူးလေ
Winterမှာ အသားတွေဝါးရင်း Karinaကို ကြည့်နေသည်
"ဘာဖြစ်လို့လည်း အချစ် "
Winterက သူမကို စိုက်ကြည့်နေတာ သတိထားမိလို့ Winterရဲ့လက်ကို ကိုင်ပြီး မေးလိုက်သည်
"အမဆီ ဖုန်းဆက်ချင်လို့ ပြီးတော့ ငါတို့လက်ထပ်မယ့် အကြောင်းလည်း ပြောပြချင်တယ် "
Karinaနဲ့ ငွေကြေးပြဿနာတက်ဖူးတဲ့ အမကို Winter လက်ထပ်ပွဲခေါ်ချင်တာက လွန်များလွန်သွားသလား
"Okayလေ "
Karinaက ထပ်ပြီး ခွင့်ပြုပြန်လို့ Winter အံ့သြရပြန်သည်
Winter အတွေးလွန်နေတာကိုလည်း Karina သတိထားမိသည် မျက်မှောင်ကြုတ်ထားတာကိုလည်း တွေ့နေရတယ်လေ
"ဘာတွေ တွေးနေတာလည်း ဘာတွေက မင်းကို နှောင့်ယှက်နေတာလည်း အချစ်ကလေး "
"ငါတို့ လက်ထပ်မယ့်အကြောင်းရယ် ပြီးတော့ ငါ့မိဘတွေ သေသွားတဲ့အကြောင်းတွေ တွေးနေတာပါ ပြီးတော့ နင်ကလည်း ဟိုအလုပ်တွေကို ဆက်မလုပ်တော့ဘူးဆိုတော့လေ "
"တို့ မင်းကို တစ်နေ့ကျ လက်ထပ်မယ်လို့ အဖေ့ကို ပြောခဲ့ဖူးတယ် ....သူက အဲ့စကားလည်း ကြားရော စိတ်လှုပ်ရှားလွန်းပြီး မျက်ရည်တောင် ကျလာခဲ့တယ်သိလား Minjeong ..သူက မင်းကို ချစ်တယ်ဆိုတာ သိတယ်မလား.... တို့ ဘဝတစ်လျှောက်လုံး မင်းနဲ့ ဖြတ်သန်းမယ်ဆိုတာ သူတို့သိခွင့်ရသွားလို့ ဝမ်းသာမိတယ်....တို့လေ မင်းကို အရမ်းချစ်တာ သိလား "
Karina ရဲ့ စကားကြောင့် Winter သဘောကျပြီး ရယ်လိုက်သည်
"သိတာပေါ့ အချစ်ရယ်"
"တို့ မင်းကို ဘယ်လောက်ထိချစ်ကြောင်း ဘယ်လိုဖော်ပြရမှန်း မသိရလောက်အောင်ထိ ချစ်တာ....မင်းကို လက်ထပ်ရမယ့်နေ့ကို မစောင့်နိုင်တော့ဘူး Kim Minjeong "
Winterမှာ ရယ်ပြီး ထိုင်ခုံမှထကာ Karinaဆီ သွားလေသည်
ထို့နောက် Karinaရဲ့ ပေါင်ပေါ်မှာထိုင်လိုက်ပြီး Karina လည်ပင်းကို သိုင်းဖက်လိုက်သည်
"လူတွေအများကြီး ဖိတ်ကြားထားတဲ့ လက်ထပ်ပွဲနေ့ကို စောင့်မယ့်အစား အခု ငါတို့ခိုးပြေးကြရင် မကောင်းဘူးလား...နိုင်ငံခြားကို နင်နဲ့ငါ ထွက်ပြေးကြမယ် တစ်ချိန်လုံး အဝတ်အစားမပါဘဲ အိပ်ရာထဲ အတူ အိပ်ကြမယ်လေ "
"Minjeong မင်းက တို့ကို စိတ်ထိန်းမရအောင် လုပ်နေတာဘဲ "
"Jimin ငါ လက်ထပ်ပွဲ အကြီးကြီးမလုပ်ချင်ဘူး "
"ကောင်းပြီလေ...ဒါဆို ဘယ်လိုလုပ်ချင်လည်း ဆွေးနွေးစီစဥ်ကြမယ် "
Karinaက ဘာဖြစ်နေပါလိမ့် ဒီနေ့ Winterကို အရမ်းအလျော့ပေးလွန်းနေတယ်
"ငါတို့လက်ထပ်ပွဲကို လူစိမ်းတွေလာမှာ မကြိုက်ဘူး အဲ့မှာ သတင်းထောက်မီဒီယာတွေလည်း မရှိစေချင်ဘူး လုပ်ဖော်ကိုင်ဖက်တွေလည်းမပါစေချင်ဘူးဟာ နင့်အတွက် ခက်ခဲမယ်ဆိုတာ ငါသိပေမယ့်...ငါ နင့်ကို ငါ့သူငယ်ချင်းတွေရှေ့ မိသားစု ရှေ့မှာ နင်နဲ့ စတွေ့ခဲ့တဲ့ ခြံနောက်ဘေး ပန်းခြံထဲ လက်ထပ်ချင်တာ ကြီးကျယ်ခမ်းနားနေတာမျိုးကြီး မလိုချင်ဘူး Jimin "
Karinaမှာ Winterရဲ့ နူးညံ့တဲ့ စကားတွေကြောင့် အရည်ပျော်ကျနေပြီလေ
"ကောင်းပြီလေ မင်းက တို့မိန်းမဖြစ်နေသ၍ မင်းကြိုက်သလိုလုပ် အချစ်လေး "
Winterရဲ့ ပါးနှစ်ဖက်ကို အားပါးတရ နမ်းပြီး Karina ပြောလိုက်သည်
"ဟိုအလုပ်တွေကိုလည်း စွန့်လွှတ်တော့မှာမလား "
"အင်း တို့ တစ်ယောက်ယောက်ကို လေ့ကျင့်ပေးနေတာ သူတို့ အားလုံးရင်းနှီးပြီး ဒီလောကအကြောင်းလည်း သိတဲ့သူပေါ့...."
"ဘယ်သူက လက်လွှဲယူမှာလည်း "
"မင်းမသိတာ ပိုကောင်းပါတယ် Minjeong "
"ဟင့် "
"Hey တို့တွေလက်ထပ်ပွဲထက် အဲ့အလုပ်ကို ပိုစိတ်ဝင်စားနေတာလား ခွေးပေါက်လေး..."
Karinaက Winter နှာခေါင်းလေးကို ဆွဲညှစ်တော့ Winterမှာရယ်ပြီး Karinaရဲ့ နှုတ်ခမ်းလေးကို နမ်းလိုက်သည်
ဘယ်သူလက်လွှဲယူမလည်း မသိတာကောင်းတယ် မဟုတ်လား Karinaက သူမထွက်လာစေချင်တဲ့ လောကကနေ ထွက်လာတော့မယ် မဟုတ်လား
#tbc
Karina လက်လွှဲခဲ့မယ့်သူက ဘယ်သူထင်ပါသလည်း?
#Zawgyi
Winter တစ္ေယာက္ သတင္းေကာင္းကို ေျပာျပခ်င္လို႔ သူ႕သူငယ္ခ်င္း Ning Yizhuoဆီ ဖုန္းဆက္သည္
Phone Ring ေလးခါေလာက္ ျမည္ၿပီးမွ Ning Yizhuo က ဖုန္းကိုင္ေသာေၾကာင့္ အလုပ္ရႈပ္ခ်ိန္ ေခၚမိတယ္ထင္ၿပီး Winter အားနာေနျပန္သည္
"အလုပ္ရႈပ္ေနတာလားဟင္ ငါ အခ်ိန္မွားေခၚမိသြားလား "
"ေအး Aeriနဲ႕ကုတင္ေပၚမွာ အလုပ္ရႈပ္ေနတာေလ သူငယ္ခ်င္း "
Yizhuo ရဲ႕ စကားေၾကာင့္ Winter တံေတြးမ်ိဳခ်ဳလိုက္မိသည္
"ဟူး..."
ေမာလို႔ တစ္ဖက္ကေန ေလေတြမႈတ္ထုတ္လိုက္တဲ့ Yizhuoကိုလည္း Winter မနိုင္ပါ
"ငါ လက္ထပ္ေတာ့မယ္ Yizhuo "
Yizhuoဆီက တုံ႕ျပန္မႈကို ေစာင့္ေနေပမယ့္ Yizhuoက ဘာမွျပန္မေျပာေပ
"No...."
"Yes..."
"Aeri လက္ကေလး ၿငိမ္ၿငိမ္ေနပါအုံး...."
တစ္ဖက္က Yizhuo ေအာ္သံေၾကာင့္ Winter ရယ္လိုက္သည္
"ငါ လက္ထပ္ေတာ့မယ္ Ning Yizhuoေရ "
"Fuck Yeahhhh"
Yizhuo ထပ္ေအာ္ျပန္သည္
"Aeri အခ်စ္ေရ သူတို႔လုပ္ေတာ့မယ္ ဟယ္ fuckတာကို ေျပာတာမဟုတ္ဘူးေလ ေဟာေတာ္ သူတို႔ လက္ထပ္ေတာ့မယ္လို႔ ေျပာတာ Rinaက သူ႕ကိုလက္ထပ္ခြင့္ေတာင္းလိုက္ၿပီ "
Winterမွာ သူ႕သူငယ္ခ်င္းႏွစ္ေယာက္ စကားေျပာတာေတြ နားေထာင္ၿပီး တခစ္ခစ္နဲ႕ ရယ္ေလသည္
ထို႔အျပင္ သူတို႔သူငယ္ခ်င္းႏွစ္ေယာက္ ေအာ္ဟစ္ေနၾကတာကိုလည္း Winter ၾကားရၿပီး Yizhuoဆီက reply ရဖို႔ Winter စိတ္ရွည္ရွည္နဲ႕ ေစာင့္ရျပန္သည္
"ဘယ္ေတာ့ လက္ထပ္မွာလည္း "
"Jiminက ဒီလကုန္ရင္ လက္ထပ္ခ်င္တယ္လို႔ ေျပာတယ္ "
Winter ႏႈတ္ခမ္းကို ဖိကိုက္ရင္း ေျပာလိုက္သည္
"ဒါဆို သူ လက္ထပ္ပြဲကို ႀကိဳစီစဥ္ေနတာေပါ့ ဟုတ္လား "
Yizhuo စိတ္လႈပ္ရွားေနတာ ၾကည့္ၿပီး Winter ထပ္ရယ္ျပန္သည္
Winterကေတာ့ သူမကိုယ္သူမ ဘယ္လိုခံစားေနရမွန္း မသိျဖစ္ေနတယ္
ဒါ့အျပင္ ဝမ္းဗိုက္ထဲကေန ပ်ိဳ႕အန္ခ်င္သလို ခံစားရေသာေၾကာင့္ Winter စိုးရိမ္ေၾကာင့္က်မႈေတြေၾကာင့္ ျဖစ္ေနတာလို႔ ယူဆလိုက္သည္
Winter သူမခံစားခ်က္ကို သူမ မသိေသးေပမယ့္ Karinaကို ခ်စ္ခဲ့တာ ခ်စ္ေနတာေတာ့ ေသခ်ာသည္
ၿပီးေတာ့ Karina ေျပာတာလည္းမွန္သည္ သူမတို႔ႏွစ္ေယာက္က မလြဲနိုင္တဲ့ဖူးစာဖက္ေတြဆိုတာ ဘယ္ေလာက္ဘဲ ခြဲခဲ့ပါေစ ေနာက္ဆုံး အတူရွိေနၿပီေလ....Karinaကလည္း အၿမဲအတူရွိေအာင္ ႀကိဳးစားေနမွာ
"ငါ နင့္အတြက္ စိတ္လႈပ္ရွားလိုက္တာ.....နင္ ေပ်ာ္ေနရဲ႕လား ေကာင္မေလး "
Yizhuoက Winterကို ေမးလိုက္သည္
"အင္း... နည္းနည္းေတာ့ လန့္ေပမယ့္ ေပ်ာ္တယ္ထင္တာဘဲ ဘယ္လိုခံစားရလည္း ဒါမွမဟုတ္ ဘယ္လို ခံစားေနလည္း မသိေတာ့ဘူး "
"Oh Honey ေၾကာက္စရာမရွိပါဘူး ငါက နင့္ေဘးနား အၿမဲရွိေနေပမယ္ လက္ထပ္ပြဲအတြက္ ဂါဝန္ သြားတိုင္းတဲ့အခါလည္း ငါလိုက္ခဲ့မယ္ ခန္းမဘက္သြားရင္လည္း ငါ့ကိုေခၚေလ "
"ငါ နင္နဲ႕ ခိုးရာဘဲ လိုက္ေျပးခ်င္တယ္ "
Winter ႏႈတ္ခမ္းေထာ္ၿပီး ေျပာလိုက္သည္
လူအမ်ားႀကီးေရွ႕မွာ လက္ထပ္ရတာကို Winter သေဘာမက်ဘဴးေလ
"ဟဲ့ ခိုးရာလိုက္ေျပးလို႔ မရဘူးေလ....နင့္ကို ခ်စ္ေပမယ့္ Jiminက ငါ့ကိုလိုက္သတ္လိမ့္မယ္..."
Yizhuoက ေျပာေတာ့ Winterက ရယ္တယ္
"ဘာေနေန နင့္အတြက္ ငါအရမ္းစိတ္လႈပ္ရွားေနတယ္....ေနအုံး Pinterest ကေန ဂါဝန္ေလးေတြ သြားရွာအုံးမယ္ ....ရွာေတြ႕ရင္ messageပို႔လိုက္မယ္ေနာ္ "
Winter ဆီက တုံ႕ျပန္မႈ ျပန္မရခင္ Yizhuo ဖုန္းခ်လိဳက္သည္
Winterလည္း ဖုန္းကို သူမကုတင္ေပၚ ပစ္တင္လိုက္သည္
Taeyeonဆီကို Winter ဖုန္းဆက္ၿပီး ေျပာျပခ်င္သည္ ဒါေပမယ့္ အေရးႀကီးတဲ့ကိစၥကို လူခ်င္းေတြ႕မွ ေျပာျပတာ ပိုေကာင္းတယ္ မဟုတ္လား
ၿပီးေတာ့ Karinaရဲ႕ မိသားစုကို သူမတို႔ လက္ထပ္မယ့္အေၾကာင္း Karinaနဲ႕ အတူတူေျပာျပမယ္ေလ
အဲ့လိုေျပာျပဖို႔ကို Winter မေစာင့္နိုင္ေတာ့ဘူး Yu Family က သူမအတြက္ ဒုတိယမိသားစုလိုပင္ သူမ မိဘေတြ ကြယ္လြန္သြားၿပီးေနာက္ Karinaရဲ႕ အေမနဲ႕အေဖဟာ သူမအတြက္ ဒုတိယ မိဘႏွစ္ပါး ျဖစ္လာခဲ့တယ္
ၿပီးေတာ့ Taeyeonက Winterနဲ႕ Winterရဲ႕ အမအေပၚ အမအရင္းတစ္ေယာက္လို ဂ႐ုစိုက္ေစာင့္ေရွာက္ေပးခဲ့တယ္ေလ
ၿပီးေတာ့ Karinaနဲ႕ Winter တြဲေနတာကို သိေတာ့လည္း Yu familyက ႏြေးေထြးစြာ ႀကိဳဆိုေပးခဲ့တယ္ေလ
Winter အခန္းထဲက ထြက္လာၿပီး Karinaကို လိုက္ရွာေတာ့ Dinning Roomထဲ ဟင္းခ်က္ေနတဲ့ Karinaကို ေတြ႕ရသည္ ....Karinaက သူမတို႔ လက္ထပ္ပြဲအတြက္ ေပ်ာ္ၿပီး ဟင္းေတြအမ်ားႀကီး ခ်က္ထားတာဘဲ
"စားေကာင္းမယ့္ပုံဘဲ"
"လက္ထပ္ေတာ့မယ္ဆိုေတာ့ ဒါမ်ိဳးလုပ္ရမယ္ေလ "
Karinaေျပာၿပီး Winterရဲ႕ ႏႈတ္ခမ္းကို နမ္းလိုက္သည္
"ဗိုက္ဆာေနၿပီ Jimin "
"ေကာင္းၿပီ စားၾကတာေပါ့ "
ႏွစ္ေယာက္သား ထမင္းစားေနရင္း Winterမွာ တိတ္ဆိတ္မႈကို ၿဖိဳခြဲလိုက္သည္
"Yizhuoက မနက္ျဖန္ သူနဲ႕ လက္ထပ္ပြဲ လုပ္မယ့္ေနရာကို သြားရေအာင္တဲ့ "
"သြားေလ "
Karinaက ေခါင္းညိတ္ျပၿပီး ခြင့္ျပဳေပးတယ္
Winterမွာ အံ့ၾသသြားတယ္ ဘာလို႔လည္းဆိုေတာ့ Karinaက ဒါမ်ိဴး လြယ္လြယ္နဲ႕ ခြင့္ျပဳတတ္တဲ့သူ မဟုတ္ဘူးေလ
Winterမွာ အသားေတြဝါးရင္း Karinaကို ၾကည့္ေနသည္
"ဘာျဖစ္လို႔လည္း အခ်စ္ "
Winterက သူမကို စိုက္ၾကည့္ေနတာ သတိထားမိလို႔ Winterရဲ႕လက္ကို ကိုင္ၿပီး ေမးလိုက္သည္
"အမဆီ ဖုန္းဆက္ခ်င္လို႔ ၿပီးေတာ့ ငါတို႔လက္ထပ္မယ့္ အေၾကာင္းလည္း ေျပာျပခ်င္တယ္ "
Karinaနဲ႕ ေငြေၾကးျပႆနာတက္ဖူးတဲ့ အမကို Winter လက္ထပ္ပြဲေခၚခ်င္တာက လြန္မ်ားလြန္သြားသလား
"Okayေလ "
Karinaက ထပ္ၿပီး ခြင့္ျပဳျပန္လို႔ Winter အံ့ၾသရျပန္သည္
Winter အေတြးလြန္ေနတာကိုလည္း Karina သတိထားမိသည္ မ်က္ေမွာင္ၾကဳတ္ထားတာကိုလည္း ေတြ႕ေနရတယ္ေလ
"ဘာေတြ ေတြးေနတာလည္း ဘာေတြက မင္းကို ႏွောင့္ယွက္ေနတာလည္း အခ်စ္ကေလး "
"ငါတို႔ လက္ထပ္မယ့္အေၾကာင္းရယ္ ၿပီးေတာ့ ငါ့မိဘေတြ ေသသြားတဲ့အေၾကာင္းေတြ ေတြးေနတာပါ ၿပီးေတာ့ နင္ကလည္း ဟိုအလုပ္ေတြကို ဆက္မလုပ္ေတာ့ဘူးဆိုေတာ့ေလ "
"တို႔ မင္းကို တစ္ေန႕က် လက္ထပ္မယ္လို႔ အေဖ့ကို ေျပာခဲ့ဖူးတယ္ ....သူက အဲ့စကားလည္း ၾကားေရာ စိတ္လႈပ္ရွားလြန္းၿပီး မ်က္ရည္ေတာင္ က်လာခဲ့တယ္သိလား Minjeong ..သူက မင္းကို ခ်စ္တယ္ဆိုတာ သိတယ္မလား.... တို႔ ဘဝတစ္ေလွ်ာက္လုံး မင္းနဲ႕ ျဖတ္သန္းမယ္ဆိုတာ သူတို႔သိခြင့္ရသြားလို႔ ဝမ္းသာမိတယ္....တို႔ေလ မင္းကို အရမ္းခ်စ္တာ သိလား "
Karina ရဲ႕ စကားေၾကာင့္ Winter သေဘာက်ၿပီး ရယ္လိုက္သည္
"သိတာေပါ့ အခ်စ္ရယ္"
"တို႔ မင္းကို ဘယ္ေလာက္ထိခ်စ္ေၾကာင္း ဘယ္လိုေဖာ္ျပရမွန္း မသိရေလာက္ေအာင္ထိ ခ်စ္တာ....မင္းကို လက္ထပ္ရမယ့္ေန႕ကို မေစာင့္နိုင္ေတာ့ဘူး Kim Minjeong "
Winterမွာ ရယ္ၿပီး ထိုင္ခုံမွထကာ Karinaဆီ သြားေလသည္
ထို႔ေနာက္ Karinaရဲ႕ ေပါင္ေပၚမွာထိုင္လိုက္ၿပီး Karina လည္ပင္းကို သိုင္းဖက္လိုက္သည္
"လူေတြအမ်ားႀကီး ဖိတ္ၾကားထားတဲ့ လက္ထပ္ပြဲေန႕ကို ေစာင့္မယ့္အစား အခု ငါတို႔ခိုးေျပးၾကရင္ မေကာင္းဘူးလား...နိုင္ငံျခားကို နင္နဲ႕ငါ ထြက္ေျပးၾကမယ္ တစ္ခ်ိန္လုံး အဝတ္အစားမပါဘဲ အိပ္ရာထဲ အတူ အိပ္ၾကမယ္ေလ "
"Minjeong မင္းက တို႔ကို စိတ္ထိန္းမရေအာင္ လုပ္ေနတာဘဲ "
"Jimin ငါ လက္ထပ္ပြဲ အႀကီးႀကီးမလုပ္ခ်င္ဘူး "
"ေကာင္းၿပီေလ...ဒါဆို ဘယ္လိုလုပ္ခ်င္လည္း ေဆြးႏြေးစီစဥ္ၾကမယ္ "
Karinaက ဘာျဖစ္ေနပါလိမ့္ ဒီေန႕ Winterကို အရမ္းအေလ်ာ့ေပးလြန္းေနတယ္
"ငါတို႔လက္ထပ္ပြဲကို လူစိမ္းေတြလာမွာ မႀကိဳက္ဘူး အဲ့မွာ သတင္းေထာက္မီဒီယာေတြလည္း မရွိေစခ်င္ဘူး လုပ္ေဖာ္ကိုင္ဖက္ေတြလည္းမပါေစခ်င္ဘူးဟာ နင့္အတြက္ ခက္ခဲမယ္ဆိုတာ ငါသိေပမယ့္...ငါ နင့္ကို ငါ့သူငယ္ခ်င္းေတြေရွ႕ မိသားစု ေရွ႕မွာ နင္နဲ႕ စေတြ႕ခဲ့တဲ့ ၿခံေနာက္ေဘး ပန္းၿခံထဲ လက္ထပ္ခ်င္တာ ႀကီးက်ယ္ခမ္းနားေနတာမ်ိဳးႀကီး မလိုခ်င္ဘူး Jimin "
Karinaမွာ Winterရဲ႕ ႏူးညံ့တဲ့ စကားေတြေၾကာင့္ အရည္ေပ်ာ္က်ေနၿပီေလ
"ေကာင္းၿပီေလ မင္းက တို႔မိန္းမျဖစ္ေနသ၍ မင္းႀကိဳက္သလိုလုပ္ အခ်စ္ေလး "
Winterရဲ႕ ပါးႏွစ္ဖက္ကို အားပါးတရ နမ္းၿပီး Karina ေျပာလိုက္သည္
"ဟိုအလုပ္ေတြကိုလည္း စြန့္လႊတ္ေတာ့မွာမလား "
"အင္း တို႔ တစ္ေယာက္ေယာက္ကို ေလ့က်င့္ေပးေနတာ သူတို႔ အားလုံးရင္းႏွီးၿပီး ဒီေလာကအေၾကာင္းလည္း သိတဲ့သူေပါ့...."
"ဘယ္သူက လက္လႊဲယူမွာလည္း "
"မင္းမသိတာ ပိုေကာင္းပါတယ္ Minjeong "
"ဟင့္ "
"Hey တို႔ေတြလက္ထပ္ပြဲထက္ အဲ့အလုပ္ကို ပိုစိတ္ဝင္စားေနတာလား ေခြးေပါက္ေလး..."
Karinaက Winter ႏွာေခါင္းေလးကို ဆြဲညွစ္ေတာ့ Winterမွာရယ္ၿပီး Karinaရဲ႕ ႏႈတ္ခမ္းေလးကို နမ္းလိုက္သည္
ဘယ္သူလက္လႊဲယူမလည္း မသိတာေကာင္းတယ္ မဟုတ္လား Karinaက သူမထြက္လာေစခ်င္တဲ့ ေလာကကေန ထြက္လာေတာ့မယ္ မဟုတ္လား
#tbc
Karina လက္လႊဲခဲ့မယ့္သူက ဘယ္သူထင္ပါသလည္း?
Bạn đang đọc truyện trên: Truyen3h.Co