Part 26
Taeyeonနဲ့ Mr.Yu တို့မှာ Karinaက လက်ထပ်တော့မယ်လို့လည်း သိရရော အရမ်းပျော်နေကြသည်
Taeyeonဆိုရင် Winterရဲ့ လက်သန်းကြွယ်က လက်စွပ်ကို မြင်ပြီး ပျော်လို့ ထအော်သေးသည်
"Girl....ငါထိန်းခဲ့ရတဲ့ ညီမလေးက ငါ့ထက်အရင် လက်ထပ်တော့မှာဘဲ...."
Karinaရဲ့ ခေါင်းကိုပုတ်ပေးရင်း Taeyeonပြောလိုက်သည်
Mr.Yuz တို့မှာလည်း သူ့သမီးကို ကြည့်ပြီး ဂုဏ်ယူနေသေးသည်
Karinaမှာလည်း သူ့မိဘတွေနဲ့အဆင်ပြေပြီး ပြုံးရွှင်နေတဲ့ Winterကို ပြုံးပြီးကြည့်နေသည်
Winterကို ပျော်ရွှင်စေပြီး လုံခြုံအောင် ထားချင်သည်မှာ Karina အဖြစ်ချင်ဆုံးဆန္ဒတစ်ခုပင်
Yu စံအိမ်တော်က ထွက်လာတဲ့အခါ Winter သက်ပြင်းချလိုက်သည်
Yu စံအိမ်တော်ကနေ Yizhuoတို့ဆီ သွားမယ့် Karinaမှာ Winter သက်ပြင်းချနေတာကို သတိထားမိသွားသည်
"စိတ်တွေလှုပ်ရှားနေတာလား "
"မသိတော့ပါဘူး "
"အချစ်ကလေးကလည်း ဘယ်လိုဘဲဲဖြစ်ဖြစ် မင်းက Yu familyရဲ့ မိသားစုဝင်ဖြစ်သွားပြီလေ ပြီးတော့ သူတို့ကလည်း တို့တွေလက်ထပ်ပွဲအတွက် အရမ်းစိတ်လှုပ်ရှားနေကြတာ "
Winterရဲ့ အဖေက Karinaရဲ့ အဖေအတွက် ညီအကိုတစ်ယောက်လိုပင် ဒါကြောင့်လည်း Karinaရဲ့ အဖေက Winterကို သမီးလေးတစ်ယောက်လို ချစ်ရှာသည်
"အမေကလွဲလို့ တစ်ခြားသူတွေနဲ့ဆို ခပ်တန်းတန်းနေတဲ့အဖေက မင်းနဲ့ဆို အရမ်းနွေးထွေးတာသိလား "
"သိပါတယ် ဒါမျိုးဖြစ်လာတယ်ဆိုတာ ခုထိမယုံနိုင်သေးလို့ "
Aeri တို့ အိမ်ကို ရောက်တဲ့အခါ Yizhuoက Winterတို့ကို ဖက်ပြီး ကြိုဆိုသည်
"Girl နင့်လက်စွပ်က ငါ့ထက်ကြီးတာဘဲ "
Aeroကလည်း လက်ထပ်တော့မယ့် ကြင်စဦး အတွဲကို ဂုဏ်ပြုစကားပြောလေသည်
သူမအခင်ဆုံး သူငယ်ချင်းက အိမ်ထောင်ပြုပြီး ဘဝအတွက် ခြေတစ်လှမ်းစတင်ပြင်ဆင်တော့မှာကို ကြည့်ရင်း Aeri ကြည်နူးမိသည်
အထူးသဖြင့် Aeriနဲ့ Karinaက ညီအမတွေလို ခင်မင်ရင်းနှီးလာတာ နှစ်တွေကြာနေပြီဖြစ်ပြီး Karinaက တာဝန်ယူမှုတွေကြားမှာ ခက်ခဲနေခဲ့တဲ့အပြင် Winter ထွက်ပြေးသွားခဲ့စဥ်ကလည်း စုတ်ပြတ်သွားတဲ့ပုံစံကို Aeriသိနေခဲ့တယ်လေ ဒါကြောင့်မို့လို့ Karinaကို ပျော်ရွှင်နေတာဘဲ Aeri မြင်ချင်မိသည်
"ဒီကလေးနှစ်ယောက်ကို ထားခဲ့ရမှာပေါ့ "
"မင်းလိုချင်တဲ့ ဂါဝန်ဝယ်လို့ရတယ်နော် အချစ် တို့အတွက် ပိုက်ဆံဆိုတာ အရေးမကြီးဘူးရယ်"
Winterရဲ့နဖူးကို နမ်းပြီး Karina ပြောလိုက်သည်
"Yeah ကြားပါတယ် "
Winterက ဘာမှမပြောလို့ Yizhuoက ဝင်ဖြေလိုက်သည်
"တို့ အလုပ်ကိစ္စနဲ့ သွားရပေမယ့် တစ်ခုခုလိုရင် တို့ဆီ ဖုန်းဆက်လိုက်နော် "
"okay "
"တစ်လနော် Minjeong တို့တစ်လထိဘဲစောင့်နိုင်တယ် "
"သိပါတယ် Jiminရ "
"Good girl တို့တွေသွားတော့မယ်နော် Yizhuo သူ့ကို ဂရုစိုက်ပေးပါအုံး "
Karina မသွားခင် Winterကို Johnတို့က သူမတို့ကို စောင့်ရှောက်ပေးမယ့်အကြောင်းတွေ ပြီးတော့ ပိုက်ဆံကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်စရာ အားနာစရာမလိုကြောင်းလည်းပြောသည်
Yizhuoနဲ့ Minjeongတို့ Karinaတို့ ကားထွက်သွားတဲ့အချိန်ထိ ရပ်ကြည့်ကာ နှုတ်ဆက်နေကြသည်
Winterမှာ Karina သူမကို မသွားခင်နှုတ်ဆက်သွားတဲ့ စကားကိုသိပ်သဘောမပေါက်ပေ
"Karinaကို ဒီလိုပုံစံမျိုးမြင်ရတာ သဘောကျတယ် "
Yizhuoက တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ကို ဖြိုခွဲလိုက်သည်
"ဘယ်လိုပုံစံလည်း "
"ရမ်းကား ကြမ်းတမ်းတဲ့ပုံလေ "
"Jiminက အဲ့လိုမဟုတ်ပါဘူးနော် "
"သူမို့လို့ တစ်လအတွင်း နင်စိတ်ပြောင်းသွားမှာ စိတ်မပူဘဲ လက်ထပ်ပွဲအတွက် အေးဆေးနေနိုင်တယ်"
"Yah ငါ စိတ်မပြောင်းပါဘူးဟ "
"အင်းပါ နင့်အတွက် ငါတကယ်ဝမ်းသာတယ်သိတယ် နင်တို့နှစ်ယောက်လုံးအတွက် တကယ်ပျော်မိတယ် "
Winterကို ဆွဲဖက်ပြီး Yizhuo ပြောလိုက်သည်
ထို့နောက် Winter လိုချင်တဲ့ ဂါဝန်ပုံစံမေးပြီး Yizhuoတို့ ဝတ်စုံဆိုင်ကို ထွက်လာခဲ့ကြသည်
******
Yizhuoနဲ့အတူ လက်ထပ်ပွဲအတွက် အပြင်ထွက်ကြည့်ပြီးနောက် Winter အိမ်ကို ပြန်ရောက်လာတယ်
ကုတင်ပေါ်ပစ်လှဲလိုက်ရင်း Karinaဆီ Winter ဖုန်းခေါ်လိုက်သည်
"Hello Baby "
Karinaရဲ့ အသံကြားတော့ Winter သူ့အလိုလိုပြုံးမိသွားသည်
"ခိုးရာလိုက်မပြေးချင်တာ သေချာပါသလား Jimin shii "
သူမစကားကြောင့် တစ်ဖက်က ရယ်လိုက်တဲ့ Karinaရဲ့ရယ်သံဟာ Winter ရဲ့ နှလုံးသားကို လှုပ်ခါစေသည်
" ပြန်ရောက်ပြီလား ချစ်ကလေး "
"ရောက်ပြီ အခု အိပ်ရာထဲမှာတစ်ယောက်တည်း လှဲအိပ်နေတယ် နင်ဘယ်တော့ ပြန်လာမှာလည်း "
"ဘယ်အချိန်ပြန်ရောက်မလည်းဆိုတာ မသေချာဘူး ဒါပေမယ့် စောစောပြန်လာနိုင်အောင် ကြိုးစားပါမယ် "
"ငါ အမနဲ့တွေ့ချင်လို့ သူ့ကို ငါတို့လက်ထပ်မယ့်အကြောင်း နင်က လက်ထပ်ပွဲစရိတ်အကုန်လုံး ပေုမယ်ဆိုတဲ့အကြောင်း ပြောပြထားတယ်"
"hey အဲ့တာ မင်းရဲ့ပိုက်ဆံလေ ကလေးရ တို့ပိုက်ဆံဆိုတာလည်း မင်းပိုက်ဆံဘဲ "
"အမက စစချင်းတော့ လန့်သွားတယ် ဒါပေမယ့် သူက ငါ့ကိုချစ်တော့ ဘာမှမပြောဘူး "
"တို့သိပါတယ် တို့က မင်းကို မလေးမစားလုပ်တဲ့ သူ့ရဲ့သောက်သုံးမကျတဲ့ကောင်ကိုပစ်ပြီး သူ့ကိုယ်သူ လေးစားမှုစေချင်တာ "
"အင်းပါ အားလုံးအဆင်ပြေသွားမှာပါ Jimin နင်ရော အဆင်ပြေလား "
"အင်း မင်းရဲ့အသံကို ကြားလိုက်ရတော့ တော်တော်လေးအဆင်ပြေသွားပြီ ထင်ပါတယ် "
Jimin ပြောပြီး သက်ပြင်းချလိုက်သည်
"တို့ကို ချစ်တယ်လို့ပြောပေးပါအုံး "
"ချစ်တယ် Jimin "
Winter တွေဝေစောင့်ဆိုင်းခြင်းမရှိဘဲ ချက်ချင်း ပြောလိုက်သည်
"တို့...."
"Jimin ဘာတွေဖြစ်နေတာလည်း "
Jiminဘက်က ထူးဆန်းနေသလိုဖြစ်နေလို့ Minjeong သံသယဝင်လာသည်
"ဘာမှမဖြစ်ပါဘူး မင်းဆီက ချစ်တယ်ဆိုတဲ့ စကားကြားချင်လို့ တို့လည်း မင်းကို အရမ်းချစ်တာ သိတယ်မဟုတ်လား ဒါဘဲနော် မကြာခင် တို့ပြန်လာခဲ့မယ် "
Jimin ဘက်က ဖုန်းချသွားတော့ Minjeong စိတ်တွေလေးလံလာတယ် Jiminက အရင်က Jiminနဲ့တောင် မတူတော့ဘူး ထူးဆန်းနေတယ်
"Minjeong...Baby... Minjeong... "
Karinaရဲ့ လှုပ်နှိုးမှုကြောင့် Winter နိုးလာသည်
"ပြန်လာပြီလား Jimin ဟင် နင့်ခန္ဓာကိုယ်ပေါ်မှာ သွေးတွေ ဘာဖြစ်တာလည်း "
Karinaရဲ့ ခန္ဓာကိုယ်ပေါ်က သွေးတွေကို ကြည့်ပြီး Winter အရမ်းလန့်သွားသည်
#tbc
#zawgyi
"မသိတော့ပါဘူး "
"အချစ်ကလေးကလည်း ဘယ်လိုဘဲဖြစ်ဖြစ် မင်းက Yu familyရဲ့ မိသားစုဝင်ဖြစ်သွားပြီလေ ပြီးတော့ သူတို့ကလည်း တို့တွေလက်ထပ်ပွဲအတွက် အရမ်းစိတ်လှုပ်ရှားနေကြတာ "
"Yeah ကြားပါတယ် "
"okay "
"သိပါတယ် Jiminရ "
"ဘယ်လိုပုံစံလည်း "
******
"Hello Baby "
"ချစ်တယ် Jimin "
"တို့...."
#tbc
Bạn đang đọc truyện trên: Truyen3h.Co