Part 27
"Aeri... သူသေသွားပြီ "
Karinaရဲ့ စကားကြောင့် Winter သွေးတွေ အေးခဲသွားသည်
"မ မဖြစ်နိုင်ပါဘူး မနက်ကတောင် သူနဲ့ တွေ့ထားတာကို "
မနက်ကတင် Winterတို့ကို ဂုဏ်ပြုစကားပြောပေးခဲ့တဲ့ Aeriက သေသွားတာ ဖြစ်နိုင်ပါ့မလား
"Minjeong တို့တွေဆီမှာ အချိန်မရှိဘူး Yizhuoဆီ သွားမှဖြစ်မယ် "
Karinaက ခံစားချက်ကင်းမဲ့နေသလို ဖြစ်ပြီး Winterကတော့ ဘာတွေဖြစ်နေလည်းဆိုတာ မသိတော့ပေ
"Aeri...Aeriက သေသွားပြီတဲ့လား "
Karina မျက်လုံးမှိတ်လိုက်ပြီး သက်ပြင်းချလိုက်သည်
"Minjeong please "
Karinaရဲ့ မျက်နှာလေးကို Winter လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်လိုက်သည်
"ငါ့ကို ကြည့်ပါ "
ဒေါသတွေ ကလဲ့စားချေချင်နေတဲ့ စိတ်တွေနဲ့ ပြည့်နှက်နေတဲ့ Karinaရဲ့ မျက်လုံးတွေကို ကြည့်ပြီး Winter ပြောလိုက်သည်
"နင် ဘာဘဲဖြစ်နေနေ ငါ နင့်ကို ချစ်တယ် ငါ နင့်ကို ချစ်တယ် Jimin "
"ချစ်တဲ့အကြောင်းပြောဖို့ အချိန်မရှိဘူး Minjeong တို့တွေ အရင်သွားမှ ဖြစ်မယ် "
Winterရဲ့လက်ကိုဖယ်ပြီး Karina အခန်းထဲက ထွက်လာတယ်
သူက Minjeong ရဲ့ Jimin မဟုတ်ဘူး
Winterဘဝမှာ Yizhuo ပြီးရင် Aeriနဲ့ အရင်းနှီးဆုံး Karina, Aeri, Yizhuoနဲ့ သူမတို့က ညီမအရင်းတွေလို တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ပြီး ချစ်ကြတာဆိုတော့ Winter တော်တော်လေး ရှောခ့်ရနေသည်
ဒါပေမယ့် တစ်ခုခုသိရဖို့ Karinaနောက်ကို ပြေးလိုက်သွားတယ်
Karinaကို လှေကားအောက်မှာ အီတလီဘာသာစကားနဲ့ ဖုန်းပြောနေတာကို Winter တွေ့လိုက်ရသည်
ယောကျ်ားတွေကလည်း အိမ်ထဲကနေ လက်နက်တွေကို အပြင်သယ်ထုတ်သွားကြတယ် ဘာတွေဖြစ်နေလည်း Winter မတွေ့တော့ပေ
Karinaက Winter လက်ကိုတွဲပြီး ကားပေါ်ခေါ်သွားတယ် Johnနဲ့ Mikeက သေနတ်တွေကိုင်ကာ Karinaတို့ဘေး လာထိုင်သည်
ထို့နောက်Yizhuoအိမ်သို့ ထွက်လာကြသည်
Karinaက ဘာတွေဖြစ်နေကြောင်း ရှင်းပြဖို့ ဖုန်းပြောတာပြီးမယ့်အချိန်ထိ Winter စောင့်နေသည်
Karinaက ဖုန်းပြောပြီးတော့ Winter လက်ကို လာကိုင်သည်
"ဘာတွေဖြစ်နေတာလည်း Jimin ငါ့ကိုပြောပါ "
Karinaရဲ့ လက်ကို ဆုပ်ကိုင်ပြီး Winter မေးလိုက်သည်
Karinaလည်း သက်ပြင်းချပြီး
"လွန်ခဲ့တဲ့ တစ်ပတ်က တို့ Aeriကို ဒီလောကက အာဏာရှိတဲ့လူတစ်ချို့နဲ့ မိတ်ဆက်ပေးခဲ့တယ် သူတို့က Aeriကို တို့နေရာဆက်ခံဖို့ သိပ်သဘောမကျကြဘူး အဲ့ဒီတော့ Aeriကို အလစ်တိုက်ခိုက်ပြီး သူတို့စမ်းသပ်တယ် တို့လူတစ်ချို့နဲ့အတူ အဲ့မှာသေနတ်သုံးချက်မှန်ပြီး Aeri သေသွားရတာဘဲ "
Karina ရဲ့စကားကို နားထောင်ရင်း Winter ရင်ထဲဆို့နင့်လာသည်
"တို့ ချက်ချင်း လိုက်သွားပါသေးတယ် အချိန်မမှီလိုက်ဘူး တကယ်တော့ သူ့ကိုတစ်ယောက်တည်း မလွှတ်လိုက်သင့်တာပါ အဲ့ခွေးသားတွေက အကုန်ယူသွားတယ် ပိုက်ဆံတွေရော စာချုပ်ရော Aeriတို့အသက်ရော ချီးဘဲ "
Karinaရဲ့စကားကို နားထောင်ရင်း Winter တစ်ချို့အကြောင်းတွေ ဆက်စပ်တွေးမိလာသည်
"နင် သူ့ကို....လက်လွှဲပေးလိုက်တာလား "
"Aeriက လိုချင်လို့တဲ့ ...တို့ ထင်တာက သူ့ကို အားလုံးသင်ပေးပြီး သေချာလေ့ကျင့်ပေးပြီး လွှဲပေးလို့ရမယ်လို့တွေးခဲ့တာ "
Karina ပြောပြီး ကားထိုင်ခုံကို တရကြမ်းထိုးလေသည်
"Jimin စိတ်လျော့ပါ "
Karinaရဲ့ ပေါင်ကို ကိုင်ပြီး Winter နှစ်သိမ့်လေသည်
Karina ဒေါသထွက်နေပေမယ့် Winterကို ဘယ်တော့မှ ထိခိုက်အောင်မလုပ်မှာဆိုတာ Winter သိတယ်လေ
သူ့ကောင်မလေးရှေ့ မငိုမိအောင် Karina ကြိုးစားနေသည် ...Aeriက သူအချစ်ဆုံးသူငယ်ချင်းလေ Aeri အကြောင်းကြားရင် Yizhuo မေ့လဲသွားမှာ သေချာတယ်
Aeriက Karinaလို ကြမ်းတမ်းတဲ့အရာတွေကို ရင်ဆိုင်နိုင်တဲ့သန်မာလွန်းတဲ့သူ မဟုတ်ဘူး
Aeriနဲ့ Karinaက မတူဘူး ကွဲပြားတယ် Aeriက နူးညံ့တယ် တက်ကြွတယ် Karinaကို ကူညီပေးနိုင်ပေမယ့် Karinaလို လူတိုင်းကို မထိန်းချုပ်နိုင်ဘူး
Aeriက Karinaလို လူသတ်ဖို့ မွေးကတည်းက လေ့ကျင့်ပေးခံရတဲ့သူမဟုတ်ဘူးလေ
Yizhuo အိမ်ကိုရောက်တဲ့အခါ Winter ကားပေါ်ကနေ မဆင်းနိုင်ဘူး ဖြစ်နေတယ် Yizhuo သူမအခင်ဆုံး သူငယ်ချင်းကို ဘယ်လိုပြောပြရမလည်း
သူ့မိန်းမ သူအချစ်ရဆုံး အမျိုးသမီး သေသွားတဲ့အကြောင်းကို Winter ဘယ်လိုပြောပြရမလည်း
Karinaတို့နောက်က လိုက်လာတဲ့ သူ့တပည့်တွေကလည်း ကားတွေပေါ်က ဆင်းပြီး သေနတ်တွေကိုင်ကာ ပတ်ဝန်းကျင်ကို ကြည့်နေကြသည်
ကားစက်ရပ်သံကြောင့် သူ့မိန်းမကို မျှော်နေတဲ့ Yizhuo ပျော်ပြီး အိမ်တံခါးအမြန်ဖွင့်လိုက်ပေမယ့် သူမကို စိတ်မကောင်း အပြစ်ရှိတဲ့ မျက်နှာနဲ့ ကြည့်နေတဲ့ Winterတို့ကို တွေ့တော့ Yizhuo ချက်ချင်း သဘောပေါက်သွားသည်
"Yizhuo တို့ တောင်းပန်ပါတယ် "
"Karina....နင် နင်ကတိပေးခဲ့တယ်လေ "
Yizhuoမှာ Karinaကို ထုရိုက်ပြီး ငိုလေသည်
"တို့ သူတို့ကို ရအောင်ရှာပြီး သတ်ပစ်မယ်လို့ ကတိထပ်ပေးပါတယ် "
"တော်ပါတော့ "
Yizhuo အော်ပြီး Karinaကို တွန်းပစ်လေသည်
Winterမှာ ထိုမြင်ကွင်းကိုကြည့်ပြီး ရင်တွေကွဲပြီး နာကျင်လာသည်
Yizhuo လက်ကိုဆွဲပြီး Winter သူ့ရင်ခွင်ထဲထည့်လိုက်သည်
Yizhuoမှာ Winterရင်ခွင်ထဲတွင် ရှိုက်ကြီးတငင် ငိုလေသည်
"No...Aeri....မဟုတ်ရဘူး အဲ့လိုမဖြစ်ရဘူး "
Yizhuo ငိုရင်း စိတ်တွေဖောက်လာလို့ သူ့ကိုယ်သူ ပြန်ရိုက်လေသည်
"ငါမှားတာ ငါခွင့်ပြုလိုက်လို့ ငါ့ကြောင့် "
"Yizhuo တော်တော့ ကိုယ့်ကိုကိုယ် မလုပ်နဲ့လေ Jimin လုပ်ပါအုံး "
Yizhuoကိုဖမ်းချုပ်ရင်း Winter အကူအညီတောင်းလိုက်သည်
"John ဆေးထိုးအပ်ထုတ်လိုက် "
Johnကို Karina အမိန့်ပေးလိုက်သည်
"Jimin ဘာလုပ်မလို့လည်း "
"သူ့ကို စိတ်ငြိမ်ဆေးထိုးပေးမလို့ "
"ဟင် မလုပ်ပါနဲ့ "
Mikeက Yizhuoကို ဖမ်းချုပ်လိုက်တော့ Johnက စိတ်ငြိမ်ဆေးထိုးပေးလိုက်သည်
"Win...ငါ Aeriမရှိဘဲ ဘယ်လိုအသက်ရှင်ရမလည်း "
Yizhuo ပြောရင်း Mikeရဲ့ လက်မောင်းပေါ်တွင် လဲကျသွားသည်
"Jimin ဘာလို့ အဲ့လိုလုပ်ရတာလည်း "
"စိတ်ငြိမ်ဆေးထိုးပေးမှ သူအဆင်ပြေမှာ Minjeong မဟုတ်ရင် မလွယ်ဘူး Johnတို့ကို ကူညီပြီး Yizhuoကို သူ့အခန်းလိုက်ပို့ပေးလိုက်ပါ "
Mikeက Yizhuoကိုပွေ့ချီပြီး Winter လိုက်ပြတဲ့နောက် လိုက်သွားသည်
Winterလည်း Yizhuoကို ကုတင်ပေါ်တင်ခိုင်းပြီး Mikeတို့ကို ထွက်သွားခိုင်းသည်
ထို့နောက် Yizhuoကို သက်တောင့်သက်သာ ဖြစ်စေမယ့် အဝတ်အစားလဲပေးလိုက်သည်
ခဏကြာတော့ Winter အခန်းထဲက ထွက်လာတော့ ဖုန်းပြောနေတဲ့ Karinaကို တွေ့ရသည်
Karinaအသံက ဒေါသဖြစ်နေတဲ့အသံပေါက်ကွဲနေတဲ့အသံဆိုတာ Winter သတိထားမိသည်
Karina ဖုန်းပြောပြီးနောက် Winter ကိုလှမ်းကြည့်လိုက်သည်
"Yizhuoရော "
"အခုလောလောဆယ် ဆေးအရှိန်ကြောင့် သူအိပ်ပျော်နေတယ် "
"တို့ အဲ့ခွေးမသားတွေကို လိုက်ရှာမယ် သွေးကြွေးပြန်ဆပ်ခိုင်းမယ် Aeriအတွက် လက်စားချေမယ် "
Aeriနဲ့ Karinaက ငယ်ကတည်းက သိလာကြတဲ့သူတွေမို့လို့ ညီအမတွေလိုတောင်ဖြစ်နေပြီလေ Aeri မိသားစုနဲ့Karina မိသားစုက လုပ်ဖော်ကိုင်ဖက်တွေဖြစ်ပြီး Aeriနဲ့ Karinaက ညီအမလိုပင် တစ်ယောက်ဘေးနားတစ်ယောက်ရှိပေးခဲ့ကြတာ
Aeriအတွက် Karina တော်တော်လေးကို ယူကြုံးမရဖြစ်နေတယ်
"Jimin..."
Winterက Karina လက်ကို လှမ်းကိုင်ပေမယ့် Karinaက နောက်ဆုတ်သွားတယ်.... Winter ကြောက်လာမိသည် သူထွက်ပြေးလာခဲ့တဲ့ Karinaအရင်ပုံစံ ပြန်ဖြစ်သွားမှာကို ကြောက်လာမိသည်
"သူတို့လိုမကောင်းတဲ့သူတွေက ရပ်မှာမဟုတ်ဘူး နင့်ဘက်ကဘဲ တော်လိုက်ပါတော့ "
"သူတို့အားလုံးကို သတ်ပစ်တဲ့အခါ ဒါတွေက ပြီးသွားမှာပါ သူတို့ကို တို့လက်ထဲဖမ်းထားပြီး သူတို့ကို သတ်ပေးပါတော့လို့ တောင်းဆိုတဲ့အထိ နှိပ်စက်ပစ်မယ် "
"နင် ဒီလောကကနေ ထွက်မယ်လို့ ကတိပေးခဲ့တယ်လေ နင်ရော Aeriလို သေသွားရင် ဘယ်လိုလုပ်မလည်း "
Winter ပြောရင်း ငိုလေသည်
"Aeriက တို့ကြောင့်သေရတာ တို့အမှားကြောင့်ဖြစ်တာ သူ့အတွက် တို့လက်စားချေရမယ် "
"ဟင့်အင်း နင့်ကြောင့် မဟုတ်ပါဘူး ..ငါတောင်းပန်ပါတယ် Jiminရယ်...."
Karinaက ဘာမှပြန်မပြောပေ...Winter ငိုပြီးတောင်းပန်နေပေမယ့် Karinaက ပြောင်းလဲသွားပြီ
"ဒါက တို့လုပ်ရမယ့် အလုပ်ဘဲ"
"ဒါဆို ငါတို့အရင်တိုင်း ပြန်ဖြစ်တော့မှာပေါ့"
"လူတွေပိုသေတာ လိုချင်လို့လား "
"နောက်ထပ် သေမယ့်သူက နင်ဖြစ်နေရော နင့်မိသားစု ဖြစ်နေရင်ရော ဒါမှမဟုတ် ငါဖြစ်နေရင်ရော "
"အဲ့လိုဖြစ်စရာအကြောင်းမရှိပါဘူး "
Karina ပြောပြီး လှည့်ထွက်သွားဖို့လုပ်ပေမယ့် Winterက Karinaရဲ့ ခါးကို အမြန်ဖက်ပြီးတင်းတင်းကြပ်ကြပ်ဖက်ကာ တားလေသည်
"Jimin ငါတောင်းပန်ပါတယ် မလုပ်ပါနဲ့ဟာ ငါနင့်ကို ဆုံးရှုံးရမှာ အရမ်းကြောက်တယ် ငါ..."
Winterမှာ ရှိုက်ကြီးတငင်ငိုပြီး Karinaကို တောင်းပန်နေသည်
"ပထမက ငါ့ကိုပြန်ပေးဆွဲတယ် ခု Aeriကို သတ်ပစ်တယ် သူတို့ပစ်မှတ်က နင်လေ Jimin သတိမထားမိဘူးလေ "
"ဒါဆိုရင် တို့ကို လာသတ်လေ ဘာလို့သွေးကြောင်နေတာလည်း အဲ့ကောင်တွေက "
"ငါနင့်ကိုချစ်တယ် Jimin နင်သေမှာကို... ငါက လက်ပိုက်မကြည့်နေနိုင်ဘူး"
"Minjeong "
"ဒီတော့ နင်က ငါ့ကိုပေးထားတဲ့ ကတိကို ဖျက်ပစ်မှာလား "
"တို့လုပ်မှဖြစ်မယ် ကတိဖျက်ပစ်ရမယ်ဆိုလည်း အင်း ဟုတ်တယ် အဲ့လိုဘဲ "
Karinaရဲ့ စကားကြောင့် Winter တစ်စစီ ကျိုးပဲ့သွားသလို ခံစားရသည်
#Tbc
#zawgyi
"Aeri... သူသေသွားပြီ "
"Minjeong please "
"ငါ့ကို ကြည့်ပါ "
ယောက်ျားတွေကလည်း အိမ်ထဲကနေ လက်နက်တွေကို အပြင်သယ်ထုတ်သွားကြတယ် ဘာတွေဖြစ်နေလည်း Winter မတွေ့တော့ပေ
"Jimin စိတ်လျော့ပါ "
"တော်ပါတော့ "
"ဟင် မလုပ်ပါနဲ့ "
"Yizhuoရော "
"Jimin..."
"Minjeong "
#Tbc
Bạn đang đọc truyện trên: Truyen3h.Co