Part 4
#unicode
"Wen Wendy Unnie.... "
ကြိုးနဲ့ချည်နှောင်ခံရတဲ့ Wendyကို တွေ့တော့ Winter မှာ Karinaလက်ကိုတွန်းဖယ်ပြီး Wendyဆီ ပြေးသွားတယ်
"Karina...ကျေးဇူးပြုပြီး သူ့ကိုကြိုးဖြည်ပေးပါ..."
Winterမှာ ပြောပြီး Wendyကိုချည်ထားတဲ့ ကြိုးစကို လိုက်ရှာသည်
Johnကတော့ Karinaပေးတဲ့အမိန့်ကိုဘဲ စောင့်နေသည် ...Karinaက Wendyကို ကြိုးဖြည်ပေးပြီး လွှတ်ပေးဖို့ စိတ်ကူးမရှိဘူးလေ
Wendyက Karinaအတွက် Winter သူမဆီပြန်လာဖို့ သူမကိုထပ်ပြီး ထားမသွားဖို့ အာမခံဓားစာခံတစ်ဦးလိုပင်
သို့ပေမယ့်လည်း Winterက မျက်ရည်လေးတွေ ဝိုင်းနေတဲ့ မျက်လုံးလေးနဲ့ Karinaကိုကြည့်တဲ့အခါမှာတော့ Karinaရဲ့နူးညံ့တဲ့ နှလုံးသားလေးက မခံနိုင်တော့ပေ
Winterနဲ့ ပတ်သက်ရင် Karina ရဲ့ နှလုံးသားလေးက အရမ်းအားနည်းပြီး နူးညံ့လွန်းတာဘဲ
"သူ့ကို ကြိုးဖြည်ပေးလိုက် John "
Johnကို Karina အမိန့်ပေးလိုက်သည်
Winterမှာ သူ့အမရဲ့ မျက်လုံးစည်းတွေ ပါးစပ်ကိုကပ်ထားတဲ့ တိပ်တွေကို အမြန်ဖယ်ပေးနေသည်
Wendy မျက်လုံးကိုဖွင့်ဖွင့်ချင်း ရုတ်တရက်မြင်လိုက်ရတဲ့အလင်းရောင်ကြောင့် မျက်လုံးအမြန်ပိတ်လိုက်ရသေးသည်
နောက်မှဖြည်းဖြည်းချင်းဖွင့်ကြည့်တော့ Winterက သူ့လက်ကိုကိုင်ထားတာကို တွေ့လိုက်ရသည်
"Wen Wendy Unnie အဆင်ပြေရဲ့လား "
"ငါ့ကိုလာမထိနဲ့ "
သူမ လက်ကိုလာကိုင်တဲ့ Winterရဲ့ လက်ကို Wendy ဖယ်လိုက်စဥ် Wendyလက်သည်းရှည်က Winter မျက်နှာကိုသွားခြစ်မိသည်
Karinaမှာ ချက်ချင်းဘဲ Winterကို ဆွဲခေါ်ပြီး သူမနောက်သို့ပို့လိုက်သည်
ထို့နောက် Wendyကို သေနတ်နဲ့ချိန်ကာ
"ဒါက ခင်ဗျား သူ့ကိုဆက်ဆံပုံပေါ့ ဟုတ်လား "
Karina အပြုအမူကြောင့် Winter အရမ်းလန့်သွားပြီး သေနတ်ကိုင်ထားတဲ့ Karinaလက်မောင်းကို ကိုင်လိုက်သည်
"Karina ကျေးဇူးပြုပြီး မလုပ်ပါနဲ့ "
Wendyမှာ Winrinaတို့ကို မျက်မှောင်ကြုတ်ကာ စိုက်ကြည့်လိုက်သည်
Wendyမျက်လုံးမှာ အမုန်းတရားတွေနဲ့ပြည့်နှက်နေသည်
"သူ့ကြောင့် ငါဒီကို ရောက်လာရတာ မဟုတ်လား ပြီးတော့ သူ့ကြောင့်ဘဲ အဖေနဲ့အမေက သေခဲ့ရတာလေ...ပြီးတော့ Winter နင်ငါ့ကိုထားသွားပြီး "
"ဒါတွေ အားလုံးက နင့်ကြောင့်ဖြစ်ရတာ Karina "
"တို့ကို အဲ့လိုလာမပြောနဲ့ Minjeong တို့အလုပ်က ဘယ်လိုဆိုတာ မင်းလည်းသိပါတယ် "
"မသိဘူး "
"သူ့ရည်းစားက တို့ဆီအကြွေးတင်နေတာ ပြီးတော့ ငွေဖြူငွေမဲပါလဲသွားသေးတယ် အဲ့တော့ သူ့ရည်းစားလုပ်ရပ်က သူနဲ့လည်းဆိုင်တယ် Minjeong မင်းကြောင့် တို့ သူ့ကိုလေးစားမှုလေးထားပြီး ဆက်ဆံပေးနေတာ "
"လေးစားမှုထားပြီး ဆက်ဆံတာဟုတ်လား ဟာသတွေပြောနေတာဘဲ "
Karinaလည်း ဘာမှမပြောတော့ဘဲ Winterကို လက်မောင်းကနေ ဆောင့်ဆွဲပြီး basement ကနေ ဆွဲထုတ်လာသည်
Johnတို့မှာ basement တံခါးကို ပိတ်လိုက်ကြသည်
"Ka...Karina ငါ့အမကိုတော့ လွှတ်ပေးပါဟာ သူဘာအမှားမှမလုပ်ထားပါဘူး ..."
"မင်းကသာ သူ့ကို စိတ်ပူနေတာ သူက မင်းကို သောက်ဂရုတောင်မစိုက်ဘူး Minjeong..."
"နင်ရောအတူတူဘဲ အခုမှ ကြောင်သူတော် လာမလုပ်နဲ့ Karina "
"တို့ မင်းကို ချစ်တယ် Minjeong "
"တော်စမ်းပါ တော်ပါတော့ နင်ငါ့ကိုမချစ်ပါဘူး ပါးစပ်ထဲတွေ့ရာလျှောက်ပြောမနေနဲ့ ဒါက အချစ်မဟုတ်ဘူး "
"ချစ်တာပေါ့ Minjeongရယ် တို့ မင်းကို အရမ်းချစ်တာ.. မင်းထားခဲ့တဲ့ လေးနှစ်လုံးလုံး တစ်ရက်မှ မနားဘဲ မင်းကို လိုက်ရှာနေခဲ့တာ မင်းကို ရှာတွေ့ဖို့ တို့ဘာမဆိုလုပ်ခဲ့တာ မင်းကို ရှာမတွေ့ခဲ့တဲ့အချိန်တွေမှာ တို့ရဲ့ ရန်သူတွေက မင်းကို ဖမ်းခေါ်သွားသလား မင်းကိုသတ်ပစ်လိုက်လားဆိုတဲ့ အတွေးတွေနဲ့ အိပ်လို့တောင်မရခဲ့ဘူး "
"နင်သာ ငါ့ကို တကယ်ချစ်ရင် ငါ့ကို ပျော်အောင် လွှတ်ပေးရမှာပေါ့ "
"တို့မရှိဘဲ မင်းပျော်လို့မရဘူး Minjeong မင်း ဘယ်လောက်တောင်းပန်နေပါစေ တို့ မင်းကိုလွှတ်မပေးဘူး တို့တွေအချစ်က ရှောင်လွှဲလို့ မရဘူး Minjeong...မင်းက တို့အပိုင် တို့အတွက် ဖြစ်တည်လာတာ တို့မရှိဘဲ မင်းပျော်နေလို့မရဘူး တို့ခွင့်မပြုနိုင်ဘူး "
"ငါ့အမကို လွှတ်ပေးလိုက် "
"ဒါဆို တို့ကို ထပ်ပြီး ထားမသွားပါဘူးလို့ ကတိပေး "
"Karina..."
"ကတိပေးလေ Minjeong..."
Karinaလေသံက စိတ်မရှည်တဲ့လေသံပေါက်နေလို့ Minjeong ခေါင်းညိတ်ပြီး ကတိပေးလိုက်ရသည်
"ငါ ကတိပေးပါတယ် "
Karinaမှာ လိုချင်တာရသွားတဲ့ ကလေးတစ်ယောက်လို ပြုံးပြီး Winterရဲ့ နှုတ်ခမ်းလေးကို နမ်းလိုက်သည်
"မင်း တို့ကို ထပ်ပြီး ထားသွားလို့မရဘူး တို့မင်းကို လိုအပ်တယ် Minjeong... မင်း တို့ကို ထားသွားတုန်းက တို့ ဘာလုပ်ရမှန်းမသိဖြစ်နေခဲ့တယ် ရူးတော့မလိုဘဲ မြင်သမျှလူတွေကို သတ်ပစ်ချင်တဲ့အထိ စိတ်လွတ်နေခဲ့တယ် ...လူတွေကို သတ်ခဲ့တယ် တို့ဒေါသတွေထွက်ခဲ့ပြီးလေ "
"အခုလည်း နင် ဒေါသထွက်နေတုန်းပါဘဲ Karina အခုထိ နင့်ဆီမှာ သွေးတွေဖုံးလွှမ်းနေတုန်းဘဲ နင့်ရဲ့အခုလိုပုံစံကို ငါမချစ်နိုင်ဘူး "
"တို့ကို ဘာလို့ထားသွားတာလည်း Minjeong ...တို့ကို ဘယ်လိုဘဲဖြစ်နေပါစေ ချစ်နေမယ်လို့ပြောပြီး တို့မရှိဘဲ တစ်ယောက်တည်း နေနိုင်တယ်နော် "
Karinaမှာ ပြောပြီး Winterကို ဆွဲဖက်လိုက်သည်
"အဲ့လိုပြောခဲ့တာ Jiminကိုဘဲ ပြောခဲ့တာ အခုလိုဆိုးသွမ်းတဲ့ Karinaကို မဟုတ်ဘူးလေ ..."
Winterမှာ ပြောရင်း မျက်ရည်တွေကျလာသည်
"တို့ပါဘဲ Jiminလေ...မင်းချစ်တဲ့ Jiminက အခု မင်းရဲ့အရှေ့မှာရှိနေတယ်လေ..."
"နင်က မကောင်းဆိုးဝါးဘဲ Karina "
"မင်းချစ်တဲ့ Jiminနဲ့ Karinaက အတူတူဘဲဆိုတာ တို့ဘဲဆိုတာ မင်းလက်ခံရမယ်လေ Minjeong "
Karinaရဲ့ မျက်လုံးတွေကို ကြည့်ရင်း အတိတ်ကို Winter ပြန်မြင်ယောင်လာတယ်
flashback
"Minjeong ...မင်းမိဘတွေရော...."
"သူတို့ အီတလီကနေ ပြန်လာပြီ Jimin..."
Winterပြောပြီး Karinaရဲ့ ရင်ခွင်ထဲ ခေါင်းတို့ဝှေ့လိုက်သည်
ဘယ်သူမှ ဒီနေ့လေးကို ဖျက်စီးနိုင်မှာ မဟုတ်ဘူး ..Winterရဲ့ မိဘတွေက အီတလီကို အလုပ်ကိစ္စနဲ့ခရီးထွက်နေခဲ့တာလေ ဒီနေ့တော့ ပြန်လာနိုင်ခဲ့ပြီ...
"သူတို့ကို အိမ်ပြန်လာဖို့ ငါဘယ်လောက်တောင် ဖျောင်းဖျခဲ့ရလည်းဆိုတာ နင်မသိပါဘူး Jiminရယ် ဒါပေမယ့်...ငါဘွဲ့ယူမယ့်အချိန်မှာတော့ သူတို့မလာနိုင်ဘူးထင်တယ်... "
"သူတို့မလာနိုင်ဘူးလို့ ပြောတာလားနင့်ကို ..."
"ရပါတယ် Jiminရယ် သူတို့မလာလည်း ဘာမှမဖြစ်ပါဘူး ဒီနေ့က ဘွဲ့ယူရမယ့်နေ့လေ စိတ်လျော့ပါနော် "
Minjeongမှာ ပြောရင်းအသံတွေ တုန်လာသည်
"သူတို့သမီး ဘွဲ့ယူတဲ့နေ့ထက် ဘာကစောက်ရေးတွေကြီးနေတာလည်း "
"ဘာလို့ သူတို့က ငါ့ကိုမချစ်တာလည်း Jimin နင်သာ အခုဘေးနားမရှိရင် ငါ့မှာ ဘယ်သူမှမရှိတော့ဘူး ငါ့အမတောင် ဒီကိုမလာဘူး "
"တို့ မင်းရဲ့ဘေးနားမှာဘဲ အမြဲရှိနေမှာ တို့ကို မင်းက နှင်ထုတ်ရင်တောင် တို့ မင်းဘေးကနေ ဘယ်ကိုမှမသွားဘူး "
Karinaရဲ့ စကားကြောင့် Winter နှုတ်ခမ်းလေးထော်လာသည်
"ငါ့ကိုချစ်လား Jimin "
"သိပ်ချစ်တယ် Minjeong...တို့ဘဝထက် မင်းကို ပိုချစ်တယ် Minjeong...."
Karinaက ပြောပြီး Winterကို ဆွဲဖက်နမ်းလိုက်သည်
#tbc
Note- Winterရဲ့ အမနာမည်က Wendyပါ authorက မှားရေးမိလို့ တောင်းပန်ပါတယ်🤗
#Zawgyi
"Wen Wendy Unnie.... "
ႀကိဳးနဲ႕ခ်ည္ႏွောင္ခံရတဲ့ Wendyကို ေတြ႕ေတာ့ Winter မွာ Karinaလက္ကိုတြန္းဖယ္ၿပီး Wendyဆီ ေျပးသြားတယ္
"Karina...ေက်းဇူးျပဳၿပီး သူ႕ကိုႀကိဳးျဖည္ေပးပါ..."
Winterမွာ ေျပာၿပီး Wendyကိုခ်ည္ထားတဲ့ ႀကိဳးစကို လိုက္ရွာသည္
Johnကေတာ့ Karinaေပးတဲ့အမိန့္ကိုဘဲ ေစာင့္ေနသည္ ...Karinaက Wendyကို ႀကိဳးျဖည္ေပးၿပီး လႊတ္ေပးဖို႔ စိတ္ကူးမရွိဘူးေလ
Wendyက Karinaအတြက္ Winter သူမဆီျပန္လာဖို႔ သူမကိုထပ္ၿပီး ထားမသြားဖို႔ အာမခံဓားစာခံတစ္ဦးလိုပင္
သို႔ေပမယ့္လည္း Winterက မ်က္ရည္ေလးေတြ ဝိုင္းေနတဲ့ မ်က္လုံးေလးနဲ႕ Karinaကိုၾကည့္တဲ့အခါမွာေတာ့ Karinaရဲ႕ႏူးညံ့တဲ့ ႏွလုံးသားေလးက မခံနိုင္ေတာ့ေပ
Winterနဲ႕ ပတ္သက္ရင္ Karina ရဲ႕ ႏွလုံးသားေလးက အရမ္းအားနည္းၿပီး ႏူးညံ့လြန္းတာဘဲ
"သူ႕ကို ႀကိဳးျဖည္ေပးလိုက္ John "
Johnကို Karina အမိန့္ေပးလိုက္သည္
Winterမွာ သူ႕အမရဲ႕ မ်က္လုံးစည္းေတြ ပါးစပ္ကိုကပ္ထားတဲ့ တိပ္ေတြကို အျမန္ဖယ္ေပးေနသည္
Wendy မ်က္လုံးကိုဖြင့္ဖြင့္ခ်င္း ႐ုတ္တရက္ျမင္လိုက္ရတဲ့အလင္းေရာင္ေၾကာင့္ မ်က္လုံးအျမန္ပိတ္လိုက္ရေသးသည္
ေနာက္မွျဖည္းျဖည္းခ်င္းဖြင့္ၾကည့္ေတာ့ Winterက သူ႕လက္ကိုကိုင္ထားတာကို ေတြ႕လိုက္ရသည္
"Wen Wendy Unnie အဆင္ေျပရဲ႕လား "
"ငါ့ကိုလာမထိနဲ႕ "
သူမ လက္ကိုလာကိုင္တဲ့ Winterရဲ႕ လက္ကို Wendy ဖယ္လိုက္စဥ္ Wendyလက္သည္းရွည္က Winter မ်က္ႏွာကိုသြားျခစ္မိသည္
Karinaမွာ ခ်က္ခ်င္းဘဲ Winterကို ဆြဲေခၚၿပီး သူမေနာက္သို႔ပို႔လိုက္သည္
ထို႔ေနာက္ Wendyကို ေသနတ္နဲ႕ခ်ိန္ကာ
"ဒါက ခင္ဗ်ား သူ႕ကိုဆက္ဆံပုံေပါ့ ဟုတ္လား "
Karina အျပဳအမူေၾကာင့္ Winter အရမ္းလန့္သြားၿပီး ေသနတ္ကိုင္ထားတဲ့ Karinaလက္ေမာင္းကို ကိုင္လိုက္သည္
"Karina ေက်းဇူးျပဳၿပီး မလုပ္ပါနဲ႕ "
Wendyမွာ Winrinaတို႔ကို မ်က္ေမွာင္ၾကဳတ္ကာ စိုက္ၾကည့္လိုက္သည္
Wendyမ်က္လုံးမွာ အမုန္းတရားေတြနဲ႕ျပည့္ႏွက္ေနသည္
"သူ႕ေၾကာင့္ ငါဒီကို ေရာက္လာရတာ မဟုတ္လား ၿပီးေတာ့ သူ႕ေၾကာင့္ဘဲ အေဖနဲ႕အေမက ေသခဲ့ရတာေလ...ၿပီးေတာ့ Winter နင္ငါ့ကိုထားသြားၿပီး "
"ဒါေတြ အားလုံးက နင့္ေၾကာင့္ျဖစ္ရတာ Karina "
"တို႔ကို အဲ့လိုလာမေျပာနဲ႕ Minjeong တို႔အလုပ္က ဘယ္လိုဆိုတာ မင္းလည္းသိပါတယ္ "
"မသိဘူး "
"သူ႕ရည္းစားက တို႔ဆီအေႂကြးတင္ေနတာ ၿပီးေတာ့ ေငြျဖဴေငြမဲပါလဲသြားေသးတယ္ အဲ့ေတာ့ သူ႕ရည္းစားလုပ္ရပ္က သူနဲ႕လည္းဆိုင္တယ္ Minjeong မင္းေၾကာင့္ တို႔ သူ႕ကိုေလးစားမႈေလးထားၿပီး ဆက္ဆံေပးေနတာ "
"ေလးစားမႈထားၿပီး ဆက္ဆံတာဟုတ္လား ဟာသေတြေျပာေနတာဘဲ "
Karinaလည္း ဘာမွမေျပာေတာ့ဘဲ Winterကို လက္ေမာင္းကေန ေဆာင့္ဆြဲၿပီး basement ကေန ဆြဲထုတ္လာသည္
Johnတို႔မွာ basement တံခါးကို ပိတ္လိုက္ၾကသည္
"Ka...Karina ငါ့အမကိုေတာ့ လႊတ္ေပးပါဟာ သူဘာအမွားမွမလုပ္ထားပါဘူး ..."
"မင္းကသာ သူ႕ကို စိတ္ပူေနတာ သူက မင္းကို ေသာက္ဂ႐ုေတာင္မစိုက္ဘူး Minjeong..."
"နင္ေရာအတူတူဘဲ အခုမွ ေၾကာင္သူေတာ္ လာမလုပ္နဲ႕ Karina "
"တို႔ မင္းကို ခ်စ္တယ္ Minjeong "
"ေတာ္စမ္းပါ ေတာ္ပါေတာ့ နင္ငါ့ကိုမခ်စ္ပါဘူး ပါးစပ္ထဲေတြ႕ရာေလွ်ာက္ေျပာမေနနဲ႕ ဒါက အခ်စ္မဟုတ္ဘူး "
"ခ်စ္တာေပါ့ Minjeongရယ္ တို႔ မင္းကို အရမ္းခ်စ္တာ.. မင္းထားခဲ့တဲ့ ေလးႏွစ္လုံးလုံး တစ္ရက္မွ မနားဘဲ မင္းကို လိုက္ရွာေနခဲ့တာ မင္းကို ရွာေတြ႕ဖို႔ တို႔ဘာမဆိုလုပ္ခဲ့တာ မင္းကို ရွာမေတြ႕ခဲ့တဲ့အခ်ိန္ေတြမွာ တို႔ရဲ႕ ရန္သူေတြက မင္းကို ဖမ္းေခၚသြားသလား မင္းကိုသတ္ပစ္လိုက္လားဆိုတဲ့ အေတြးေတြနဲ႕ အိပ္လို႔ေတာင္မရခဲ့ဘူး "
"နင္သာ ငါ့ကို တကယ္ခ်စ္ရင္ ငါ့ကို ေပ်ာ္ေအာင္ လႊတ္ေပးရမွာေပါ့ "
"တို႔မရွိဘဲ မင္းေပ်ာ္လို႔မရဘူး Minjeong မင္း ဘယ္ေလာက္ေတာင္းပန္ေနပါေစ တို႔ မင္းကိုလႊတ္မေပးဘူး တို႔ေတြအခ်စ္က ေရွာင္လႊဲလို႔ မရဘူး Minjeong...မင္းက တို႔အပိုင္ တို႔အတြက္ ျဖစ္တည္လာတာ တို႔မရွိဘဲ မင္းေပ်ာ္ေနလို႔မရဘူး တို႔ခြင့္မျပဳနိုင္ဘူး "
"ငါ့အမကို လႊတ္ေပးလိုက္ "
"ဒါဆို တို႔ကို ထပ္ၿပီး ထားမသြားပါဘူးလို႔ ကတိေပး "
"Karina..."
"ကတိေပးေလ Minjeong..."
Karinaေလသံက စိတ္မရွည္တဲ့ေလသံေပါက္ေနလို႔ Minjeong ေခါင္းညိတ္ၿပီး ကတိေပးလိုက္ရသည္
"ငါ ကတိေပးပါတယ္ "
Karinaမွာ လိုခ်င္တာရသြားတဲ့ ကေလးတစ္ေယာက္လို ၿပဳံးၿပီး Winterရဲ႕ ႏႈတ္ခမ္းေလးကို နမ္းလိုက္သည္
"မင္း တို႔ကို ထပ္ၿပီး ထားသြားလို႔မရဘူး တို႔မင္းကို လိုအပ္တယ္ Minjeong... မင္း တို႔ကို ထားသြားတုန္းက တို႔ ဘာလုပ္ရမွန္းမသိျဖစ္ေနခဲ့တယ္ ႐ူးေတာ့မလိုဘဲ ျမင္သမွ်လူေတြကို သတ္ပစ္ခ်င္တဲ့အထိ စိတ္လြတ္ေနခဲ့တယ္ ...လူေတြကို သတ္ခဲ့တယ္ တို႔ေဒါသေတြထြက္ခဲ့ၿပီးေလ "
"အခုလည္း နင္ ေဒါသထြက္ေနတုန္းပါဘဲ Karina အခုထိ နင့္ဆီမွာ ေသြးေတြဖုံးလႊမ္းေနတုန္းဘဲ နင့္ရဲ႕အခုလိုပုံစံကို ငါမခ်စ္နိုင္ဘူး "
"တို႔ကို ဘာလို႔ထားသြားတာလည္း Minjeong ...တို႔ကို ဘယ္လိုဘဲျဖစ္ေနပါေစ ခ်စ္ေနမယ္လို႔ေျပာၿပီး တို႔မရွိဘဲ တစ္ေယာက္တည္း ေနနိုင္တယ္ေနာ္ "
Karinaမွာ ေျပာၿပီး Winterကို ဆြဲဖက္လိုက္သည္
"အဲ့လိုေျပာခဲ့တာ Jiminကိုဘဲ ေျပာခဲ့တာ အခုလိုဆိုးသြမ္းတဲ့ Karinaကို မဟုတ္ဘူးေလ ..."
Winterမွာ ေျပာရင္း မ်က္ရည္ေတြက်လာသည္
"တို႔ပါဘဲ Jiminေလ...မင္းခ်စ္တဲ့ Jiminက အခု မင္းရဲ႕အေရွ႕မွာရွိေနတယ္ေလ..."
"နင္က မေကာင္းဆိုးဝါးဘဲ Karina "
"မင္းခ်စ္တဲ့ Jiminနဲ႕ Karinaက အတူတူဘဲဆိုတာ တို႔ဘဲဆိုတာ မင္းလက္ခံရမယ္ေလ Minjeong "
Karinaရဲ႕ မ်က္လုံးေတြကို ၾကည့္ရင္း အတိတ္ကို Winter ျပန္ျမင္ေယာင္လာတယ္
flashback
"Minjeong ...မင္းမိဘေတြေရာ...."
"သူတို႔ အီတလီကေန ျပန္လာၿပီ Jimin..."
Winterေျပာၿပီး Karinaရဲ႕ ရင္ခြင္ထဲ ေခါင္းတို႔ေဝွ႕လိုက္သည္
ဘယ္သူမွ ဒီေန႕ေလးကို ဖ်က္စီးနိုင္မွာ မဟုတ္ဘူး ..Winterရဲ႕ မိဘေတြက အီတလီကို အလုပ္ကိစၥနဲ႕ခရီးထြက္ေနခဲ့တာေလ ဒီေန႕ေတာ့ ျပန္လာနိုင္ခဲ့ၿပီ...
"သူတို႔ကို အိမ္ျပန္လာဖို႔ ငါဘယ္ေလာက္ေတာင္ ေဖ်ာင္းဖ်ခဲ့ရလည္းဆိုတာ နင္မသိပါဘူး Jiminရယ္ ဒါေပမယ့္...ငါဘြဲ႕ယူမယ့္အခ်ိန္မွာေတာ့ သူတို႔မလာနိုင္ဘူးထင္တယ္... "
"သူတို႔မလာနိုင္ဘူးလို႔ ေျပာတာလားနင့္ကို ..."
"ရပါတယ္ Jiminရယ္ သူတို႔မလာလည္း ဘာမွမျဖစ္ပါဘူး ဒီေန႕က ဘြဲ႕ယူရမယ့္ေန႕ေလ စိတ္ေလ်ာ့ပါေနာ္ "
Minjeongမွာ ေျပာရင္းအသံေတြ တုန္လာသည္
"သူတို႔သမီး ဘြဲ႕ယူတဲ့ေန႕ထက္ ဘာကေစာက္ေရးေတြႀကီးေနတာလည္း "
"ဘာလို႔ သူတို႔က ငါ့ကိုမခ်စ္တာလည္း Jimin နင္သာ အခုေဘးနားမရွိရင္ ငါ့မွာ ဘယ္သူမွမရွိေတာ့ဘူး ငါ့အမေတာင္ ဒီကိုမလာဘူး "
"တို႔ မင္းရဲ႕ေဘးနားမွာဘဲ အၿမဲရွိေနမွာ တို႔ကို မင္းက ႏွင္ထုတ္ရင္ေတာင္ တို႔ မင္းေဘးကေန ဘယ္ကိုမွမသြားဘူး "
Karinaရဲ႕ စကားေၾကာင့္ Winter ႏႈတ္ခမ္းေလးေထာ္လာသည္
"ငါ့ကိုခ်စ္လား Jimin "
"သိပ္ခ်စ္တယ္ Minjeong...တို႔ဘဝထက္ မင္းကို ပိုခ်စ္တယ္ Minjeong...."
Karinaက ေျပာၿပီး Winterကို ဆြဲဖက္နမ္းလိုက္သည္
#tbc
Note- Winterရဲ႕ အမနာမည္က Wendyပါ authorက မွားေရးမိလို႔ ေတာင္းပန္ပါတယ္
Bạn đang đọc truyện trên: Truyen3h.Co