Truyen3h.Co

Mine

Part 5

KimFany059

#unicode

End of Flashback

"Minjeong..."

လက်တစ်ဖက်က Winterရဲ့ ဆံပင်တွေကို ထိုးဖွနေသည်

ထိုလက်တစ်ဖက်က အရမ်းကိုနူးနူးညံ့ညံ့နဲ့ Minjeongရဲ့ ဆံပင်တွေကို ကိုင်တွယ်နေတယ်

Winter သူမကိုယ်တိုင်တောင် မသိလိုက်ဘဲဲပြုံးလိုက်မိပါသည်

Winter မျက်လုံးဖွင့်လိုက်တဲ့အခါမှာတော့ သူမကို အချစ်တွေပြည့်နှက်နေတဲ့ မျက်ဝန်းနဲ့ ကြည့်နေတဲ့ Karinaကို တွေ့ရလေသည်

"ဘာလို့ ဒီမှာအိပ်နေရတာလည်း "

Winterရဲ့ ပါးဖောင်းဖောင်းလေးကို Karinaလက်နှစ်ဖက်နဲ့ဆုပ်ကိုင်ရင်းမေးလိုက်သည်

"အိပ်ရာက မကောင်းလို့လား "

ပြတင်းပေါက်ဘေးနားက ထိုင်ခုံပေါ် အိပ်နေတဲ့ Winterကို Karina ထပ်မေးပြန်သည်

'မဟုတ်ပါဘူး '

Winter လိမ်ပြောလိုက်သည်

တကယ်တော့ ထိုအိပ်ရာက Winterအတွက် မှတ်ဥာဏ်များစွာကို ပြန်သတိရစေသောကြောင့် Winter မအိပ်ချင်ခြင်းဖြစ်သည် 

"မင်း အဆင်ပြေရဲ့လားကွယ် "

လုပ်ချင်ရာလုပ်ထားပြီး အဆင်ပြေလား မေးတတ်တဲ့ Karinaကို Winter အရမ်းမုန်းပါသည်

Winterမှာ Karinaကို မျက်စောင်းထိုးလိုက်သည် Karinaက သူမအိမ်မက်ထဲက Jiminနဲ့တူသည် သို့ပေမယ့် မတူပေ

"မပြေဘူး "

ဒီတစ်ခါတော့ Winter လိမ်မပြောတော့ဘဲ အမှန်တိုင်းပြောလိုက်သည် ဘယ်အရာကမှ Winterကို အဆင်မပြေစေဘူးလေ

Winterရဲ့ စကားကြောင့် Karinaမှာ အံကိုကြိတ်ပြီး ထရပ်လိုက်သည်

"တို့ မင်းကို ဒီနေ့ shopping လိုက်ပို့မယ် "

"ဘာ ဘာလို့လည်း "

"Johnက မင်းယူလာတဲ့ အဝတ်အစားတွေကို ညစ်ထေးပြီးဟောင်းနေတဲ့ပုံပေါ်လို့တဲ့ လွှင့်ပစ်လိုက်တယ်"

"နင်တို့မှာ အဲ့လိုလုပ်ပိုင်ခွင့်မရှိဘူးလေ အဲ့တာ ငါ့အဝတ်အစားတွေ "

သူတို့ပြောတဲ့ ညစ်ထေးတဲ့အဝတ်အစားတွေကို ဝယ်နိုင်ဖို့ Winter ဘယ်လောက်တောင် အလုပ်ကြိုးစားခဲ့ရသလည်း....Karinaက အဝတ်တွေကိုတစ်မိနစ်တစ်ထည် ဝတ်နိုင်တဲ့အထိ ချမ်းသာပေမယ့် Winterကတော့ ကော်ဖီဆိုင်မှာတစ်လလုံး ကြိုးစားလုပ်မှ အဝတ်တစ်ထည်ကို ဝယ်နိုင်တဲ့ဘဝပင်

"ဒါကြောင့်မို့ တို့က အသစ်တွေဝယ်ပေးပါမယ်ဆို "

"ဝယ်ပေးစရာမလိုပါဘူး နင်တို့လွှင့်ပစ်တဲ့ င့ါအဝတ်အစားတွေကို ငါ့ပိုက်ဆံနဲ့ ငါ့ဘာသာဝယ်ခဲ့တာ သိလား "

"Music cafeမှာ မင်းအလုပ်လုပ်ခဲ့ကြောင်း တို့ကို Johnက ပြောခဲ့တယ် သီချင်းလည်းဆိုသေးတယ်ဆို ဟုတ်လား ..."

Karinaကမေးတော့ Winterက ဘာမှပြန်မ​ဖြေပေ

"အလုပ်လုပ်ရတာ သဘောကျလား Minjeong "

Karina မေးတာကို Winter ခေါင်းညိတ်ပြီး ​​ဖြေလိုက်သည် သူမသီချင်းဆိုတိုင်း လက်ခုပ်တီးပြီး အားပေးကြတဲ့ အချိန်တွေကို Winter သတိရသည်

"လူတွေရှေ့မှာ သီချင်းဆိုရတာ ကြိုက်တယ် ဒါကြောင့်မို့လည်း အဲ့မှာ ငါအလုပ်လုပ်ခဲ့တာ "

Winterကပြောတော့ Karinaမှာ Winterရဲ့ မေးစေ့လေးကိုကိုင်ကာ သူမကိုမော့ကြည့်ခိုင်းသည်

"ငါ့ကို ဘာလို့ အဲ့ကနေခေါ်လာတာလည်း Karina "

"တို့မပါဘဲ မင်းဘယ်နေရာမှာမှ ပျော်လို့မရဘူး ပျော်ခွင့်မပြုဘူး baby girl "

"ဟင့်အင်း နင်မရှိရင် ငါပိုပျော်တယ် Karina...နင်နဲ့ဆိုရင် ငါမပျော်ဘူး ဒီလိုပုံစံမျိုးဆိုပိုဆိုးတယ် နင် ငါ့ကို နာကျင်အောင် မလုပ်ပါဘူးလို့ ယုံလို့မရဘူး ငါ့အနားကို နင်ရောက်လာရင် ငါအရမ်းကြောက်တာ နင်ငါ့ကို နာကျင်အောင်လုပ်နိုင်တာဘဲ  သတ်ရင်တောင်သတ်ပစ်နိုင်တာဘဲ ဟုတ်တယ်မလား "

"တို့ မင်းကို အရမ်းချစ်လို့ မင်းအသားနာအောင်မလုပ်ရက်ပါဘူး အချစ်လေးရယ် "

"တော်ပါတော့ တော်ပါတော့ Karinaရယ် နင်ငါ့ကို မချစ်ပါဘူး နင့်ပါးစပ်ထဲ ရှိရာစကားတွေ လျှောက်ပြောနေတာ ငါ့ကိုတကယ်မချစ်ပါဘူး "

"မင်းကိုချစ်တဲ့အချစ်တွေက ဘယ်တော့မှ ရပ်တန့်မသွားခဲ့ပါဘူး Minjeong...မင်း တို့ကို ထားသွားခဲ့တာတောင် တို့က မင်းကို ဆက်ချစ်နေခဲ့တာ မင်းက တို့ကိုထားသွားပြီး နာကျင်အောင်လုပ်ခဲ့တာ တို့အသည်းကို ခွဲခဲ့တာ တို့ကိုအခုလို ဖြစ်အောင် ​မင်းလုပ်ခဲ့တာ "

"နင့်ဒေါသကိို ငါ့ပုံချမနေနဲ့ နင့်ကို ငါထားမသွားခင်ကတည်းက နင်ဒီလိုဆိုးရွားခဲ့တာဘဲ "

"မင်း တစ်ခုခုမြင်ခဲ့တာလား ဘာမြင်ခဲ့တာလည်း "

"ငါ...ငါ "

"ပြောစမ်း မင်းဘာမြင်ခဲ့တယ်ဆိုတာ တို့ကိုပြောစမ်း Minjeong "

Winterရဲ့ ပခုံးကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ပြီး Karina မေးလိုက်သည်

'Karina နင်ငါ့ကို နာအောင်လုပ်နေတယ် "

"Fuck "

Karinaမှာ ကျိန်ဆဲပြီး Winterကို လွှတ်ကာ Winter နောက်က နံရံကို သူမလက်သီးနဲ့ အရှိန်ပြင်းပြင်းပိတ်ထိုးလိုက်သည်

"မင်း ဘာကိုမှမြင်လို့ မရဘူး ပြီးတော့ တို့အမှောင်ကမ္ဘာက ကိစ္စတွေက မင်းကို မထိခိုက်စေရဘူးလို့ တို့ကတိပေးတယ် "

"ငါ မြင်ပြီးတာက မြင်ပြီးသွားပြီလေ ဘာများထူးဆန်းပြီး ပြောင်းလဲသွားမှာမို့လို့လည်း...ငါကြောက်တယ်နင့်ကို နင့်မျက်လုံးကိုတောင် တည့်တည့်မကြည့်ရဲဘူး ဒါကြောင့်လေ ငါနဲ့ငါ့အမကို လွှတ်ပေးပါ.... "

"မင်းအမကို ခုနကဘဲ အိမ်ပြန်လိုက်ပို့ခိုင်းလိုက်ပြီ စိတ်မပူနဲ့ Johnက သေချာလိုက်ပို့ပေးမှာပါ "

"ဘာ နင်ငါ့ကိုမပြောပြဘူးဘဲ ငါ့ကိုပြောပြဖို့ မတွေးခဲ့ဘူးလား "

Winter ပါးပေါ်က မျက်ရည်တွေကိုမြင်တော့ Karina သက်ပြင်းချပြီး Winterကို ဆွဲဖက်လိုက်သည်

"တို့တောင်းပန်ပါတယ် "

Karinaက တောင်းပန်ပေမယ့် Winterက ဘာမှပြန်မပြောပေ

"မင်းကို အဲ့လိုတွေမြင်စေခဲ့လို့တောင်းပန်ပါတယ် ...တို့ဆီက ထွက်သွားရကောင်းလားလို့ အပြစ်တင်မိလို့လည်း တောင်းပန်ပါတယ်... '

"Ka..Karina..."

"Jimin...တို့ကို Jiminလို့ခေါ်ပေးလို့မရဘူးလား..."

Karina မျက်လုံးမှာမျက်ရည်တွေကို တွေ့လိုက်ရလို့ Winter အံ့သြသွားတယ်....Karinaငိုတာ တစ်ခါမှ မမြင်ဖူးဘူးလေ...Karinaက ငယ်ငယ်တုန်းကတောင် မငိုဖူးဘူး

"လုပ်ပါ Minjeongရယ် တို့နာမည်အရင်းကိုခေါ်ပေးပါ ဒါမှ မင်း တို့နဲ့အတူရှိနေတယ်လို့ ခံစားလို့ရမှာ..."

"Ka.. အဲ့လိုတော့ ငါ...မခေါ်နိုင်ဘူးထင်တယ် "

Winter စကားကြောင့် Winterကို ဖက်ထားရာက Karina လွှတ်လိုက်သည်

ပြီးတော့ ငိုနေရာကနေ အေးစက်တဲ့မျက်လုံးတွေအဖြစ် ပြန်ပြောင်းသွားတယ်

"ခဏနေ အိမ်ကနေထွက်ကြမယ်.."

"Karina..."

"မင်းကို လွှတ်ပေးဖို့ တို့ကိုတောင်းဆိုလို့ရတယ် အရင်ကအချိန်ကိုသွားချင်ကြောင်း တောင်းဆိုလည်း တို့ကတော့ ခွင့်ပြုမှာမဟုတ်ဘူး အဲ့စောက်ဘဝကို မေ့ပစ်ပြီး တို့ကိုဘဲ အာရုံစိုက် တို့နှစ်ယောက် ဘဝကိုဘဲ အာရုံစိုက် "

Karinaပြောပြီး သူမအိတ်ထဲက ဖုန်းကိုထုတ်လိုက်သည်

"မင်းအတွက် ဖုန်းအသစ်... နံပါတ် 1က တို့ Johnက နံပါတ် 2 ..မင်းရဲ့ဖုန်းထဲမှာ အဲ့နံပါတ်နှစ်ခုဘဲ ရှိတာ မြင်ချင်တယ်နော် တစ်ခြားရှုပ်ရှုပ်ယှက်ယှက်မြင်ရလို့ကတော့ မင်းကို အပြစ်ပေးပြီး တစ်ဖက်က လူကို သတ်ပစ်မယ် ကြားလား Minjeong "

Karinaက အော်လိုက်သောကြောင့် Winter လန့်ပြီးခေါင်းညိတ်လိုက်သည်

"Good Girl...တို့ကို နမ်းပါအုံး Minjeong "

Winterက ရုန်းပေမယ့် Karinaမှာ Winterလည်ပင်းကို ဖွဖွလေးညှစ်ပြီး Winterရဲ့ နှုတ်ခမ်းလေးကို ဆွဲကိုက်လိုက်သည်

#tbc

#zawgyi

End of Flashback

"Minjeong..."

လက္တစ္ဖက္က Winterရဲ႕ ဆံပင္ေတြကို ထိုးဖြေနသည္

ထိုလက္တစ္ဖက္က အရမ္းကိုႏူးႏူးညံ့ညံ့နဲ႕ Minjeongရဲ႕ ဆံပင္ေတြကို ကိုင္တြယ္ေနတယ္

Winter သူမကိုယ္တိုင္ေတာင္ မသိလိုက္ဘဲဲၿပဳံးလိုက္မိပါသည္

Winter မ်က္လုံးဖြင့္လိုက္တဲ့အခါမွာေတာ့ သူမကို အခ်စ္ေတြျပည့္ႏွက္ေနတဲ့ မ်က္ဝန္းနဲ႕ ၾကည့္ေနတဲ့ Karinaကို ေတြ႕ရေလသည္

"ဘာလို႔ ဒီမွာအိပ္ေနရတာလည္း "

Winterရဲ႕ ပါးေဖာင္းေဖာင္းေလးကို Karinaလက္ႏွစ္ဖက္နဲ႕ဆုပ္ကိုင္ရင္းေမးလိုက္သည္

"အိပ္ရာက မေကာင္းလို႔လား "

ျပတင္းေပါက္ေဘးနားက ထိုင္ခုံေပၚ အိပ္ေနတဲ့ Winterကို Karina ထပ္ေမးျပန္သည္

'မဟုတ္ပါဘူး '

Winter လိမ္ေျပာလိုက္သည္

တကယ္ေတာ့ ထိုအိပ္ရာက Winterအတြက္ မွတ္ဥာဏ္မ်ားစြာကို ျပန္သတိရေစေသာေၾကာင့္ Winter မအိပ္ခ်င္ျခင္းျဖစ္သည္ 

"မင္း အဆင္ေျပရဲ႕လားကြယ္ "

လုပ္ခ်င္ရာလုပ္ထားၿပီး အဆင္ေျပလား ေမးတတ္တဲ့ Karinaကို Winter အရမ္းမုန္းပါသည္

Winterမွာ Karinaကို မ်က္ေစာင္းထိုးလိုက္သည္ Karinaက သူမအိမ္မက္ထဲက Jiminနဲ႕တူသည္ သို႔ေပမယ့္ မတူေပ

"မေျပဘူး "

ဒီတစ္ခါေတာ့ Winter လိမ္မေျပာေတာ့ဘဲ အမွန္တိုင္းေျပာလိုက္သည္ ဘယ္အရာကမွ Winterကို အဆင္မေျပေစဘူးေလ

Winterရဲ႕ စကားေၾကာင့္ Karinaမွာ အံကိုႀကိတ္ၿပီး ထရပ္လိုက္သည္

"တို႔ မင္းကို ဒီေန႕ shopping လိုက္ပို႔မယ္ "

"ဘာ ဘာလို႔လည္း "

"Johnက မင္းယူလာတဲ့ အဝတ္အစားေတြကို ညစ္ေထးၿပီးေဟာင္းေနတဲ့ပုံေပၚလို႔တဲ့ လႊင့္ပစ္လိုက္တယ္"

"နင္တို႔မွာ အဲ့လိုလုပ္ပိုင္ခြင့္မရွိဘူးေလ အဲ့တာ ငါ့အဝတ္အစားေတြ "

သူတို႔ေျပာတဲ့ ညစ္ေထးတဲ့အဝတ္အစားေတြကို ဝယ္နိုင္ဖို႔ Winter ဘယ္ေလာက္ေတာင္ အလုပ္ႀကိဳးစားခဲ့ရသလည္း....Karinaက အဝတ္ေတြကိုတစ္မိနစ္တစ္ထည္ ဝတ္နိုင္တဲ့အထိ ခ်မ္းသာေပမယ့္ Winterကေတာ့ ေကာ္ဖီဆိုင္မွာတစ္လလုံး ႀကိဳးစားလုပ္မွ အဝတ္တစ္ထည္ကို ဝယ္နိုင္တဲ့ဘဝပင္

"ဒါေၾကာင့္မို႔ တို႔က အသစ္ေတြဝယ္ေပးပါမယ္ဆို "

"ဝယ္ေပးစရာမလိုပါဘူး နင္တို႔လႊင့္ပစ္တဲ့ င့ါအဝတ္အစားေတြကို ငါ့ပိုက္ဆံနဲ႕ ငါ့ဘာသာဝယ္ခဲ့တာ သိလား "

"Music cafeမွာ မင္းအလုပ္လုပ္ခဲ့ေၾကာင္း တို႔ကို Johnက ေျပာခဲ့တယ္ သီခ်င္းလည္းဆိုေသးတယ္ဆို ဟုတ္လား ..."

Karinaကေမးေတာ့ Winterက ဘာမွျပန္မေျဖေပ

"အလုပ္လုပ္ရတာ သေဘာက်လား Minjeong "

Karina ေမးတာကို Winter ေခါင္းညိတ္ၿပီး ေျဖလိုက္သည္ သူမသီခ်င္းဆိုတိုင္း လက္ခုပ္တီးၿပီး အားေပးၾကတဲ့ အခ်ိန္ေတြကို Winter သတိရသည္

"လူေတြေရွ႕မွာ သီခ်င္းဆိုရတာ ႀကိဳက္တယ္ ဒါေၾကာင့္မို႔လည္း အဲ့မွာ ငါအလုပ္လုပ္ခဲ့တာ "

Winterကေျပာေတာ့ Karinaမွာ Winterရဲ႕ ေမးေစ့ေလးကိုကိုင္ကာ သူမကိုေမာ့ၾကည့္ခိုင္းသည္

"ငါ့ကို ဘာလို႔ အဲ့ကေနေခၚလာတာလည္း Karina "

"တို႔မပါဘဲ မင္းဘယ္ေနရာမွာမွ ေပ်ာ္လို႔မရဘူး ေပ်ာ္ခြင့္မျပဳဘူး baby girl "

"ဟင့္အင္း နင္မရွိရင္ ငါပိုေပ်ာ္တယ္ Karina...နင္နဲ႕ဆိုရင္ ငါမေပ်ာ္ဘူး ဒီလိုပုံစံမ်ိဳးဆိုပိုဆိုးတယ္ နင္ ငါ့ကို နာက်င္ေအာင္ မလုပ္ပါဘူးလို႔ ယုံလို႔မရဘူး ငါ့အနားကို နင္ေရာက္လာရင္ ငါအရမ္းေၾကာက္တာ နင္ငါ့ကို နာက်င္ေအာင္လုပ္နိုင္တာဘဲ  သတ္ရင္ေတာင္သတ္ပစ္နိုင္တာဘဲ ဟုတ္တယ္မလား "

"တို႔ မင္းကို အရမ္းခ်စ္လို႔ မင္းအသားနာေအာင္မလုပ္ရက္ပါဘူး အခ်စ္ေလးရယ္ "

"ေတာ္ပါေတာ့ ေတာ္ပါေတာ့ Karinaရယ္ နင္ငါ့ကို မခ်စ္ပါဘူး နင့္ပါးစပ္ထဲ ရွိရာစကားေတြ ေလွ်ာက္ေျပာေနတာ ငါ့ကိုတကယ္မခ်စ္ပါဘူး "

"မင္းကိုခ်စ္တဲ့အခ်စ္ေတြက ဘယ္ေတာ့မွ ရပ္တန့္မသြားခဲ့ပါဘူး Minjeong...မင္း တို႔ကို ထားသြားခဲ့တာေတာင္ တို႔က မင္းကို ဆက္ခ်စ္ေနခဲ့တာ မင္းက တို႔ကိုထားသြားၿပီး နာက်င္ေအာင္လုပ္ခဲ့တာ တို႔အသည္းကို ခြဲခဲ့တာ တို႔ကိုအခုလို ျဖစ္ေအာင္ မင္းလုပ္ခဲ့တာ "

"နင့္ေဒါသကိို ငါ့ပုံခ်မေနနဲ႕ နင့္ကို ငါထားမသြားခင္ကတည္းက နင္ဒီလိုဆိုး႐ြားခဲ့တာဘဲ "

"မင္း တစ္ခုခုျမင္ခဲ့တာလား ဘာျမင္ခဲ့တာလည္း "

"ငါ...ငါ "

"ေျပာစမ္း မင္းဘာျမင္ခဲ့တယ္ဆိုတာ တို႔ကိုေျပာစမ္း Minjeong "

Winterရဲ႕ ပခုံးကို တင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ၿပီး Karina ေမးလိုက္သည္

'Karina နင္ငါ့ကို နာေအာင္လုပ္ေနတယ္ "

"Fuck "

Karinaမွာ က်ိန္ဆဲၿပီး Winterကို လႊတ္ကာ Winter ေနာက္က နံရံကို သူမလက္သီးနဲ႕ အရွိန္ျပင္းျပင္းပိတ္ထိုးလိုက္သည္

"မင္း ဘာကိုမွျမင္လို႔ မရဘူး ၿပီးေတာ့ တို႔အေမွာင္ကမၻာက ကိစၥေတြက မင္းကို မထိခိုက္ေစရဘူးလို႔ တို႔ကတိေပးတယ္ "

"ငါ ျမင္ၿပီးတာက ျမင္ၿပီးသြားၿပီေလ ဘာမ်ားထူးဆန္းၿပီး ေျပာင္းလဲသြားမွာမို႔လို႔လည္း...ငါေၾကာက္တယ္နင့္ကို နင့္မ်က္လုံးကိုေတာင္ တည့္တည့္မၾကည့္ရဲဘူး ဒါေၾကာင့္ေလ ငါနဲ႕ငါ့အမကို လႊတ္ေပးပါ.... "

"မင္းအမကို ခုနကဘဲ အိမ္ျပန္လိုက္ပို႔ခိုင္းလိုက္ၿပီ စိတ္မပူနဲ႕ Johnက ေသခ်ာလိုက္ပို႔ေပးမွာပါ "

"ဘာ နင္ငါ့ကိုမေျပာျပဘူးဘဲ ငါ့ကိုေျပာျပဖို႔ မေတြးခဲ့ဘူးလား "

Winter ပါးေပၚက မ်က္ရည္ေတြကိုျမင္ေတာ့ Karina သက္ျပင္းခ်ၿပီး Winterကို ဆြဲဖက္လိုက္သည္

"တို႔ေတာင္းပန္ပါတယ္ "

Karinaက ေတာင္းပန္ေပမယ့္ Winterက ဘာမွျပန္မေျပာေပ

"မင္းကို အဲ့လိုေတြျမင္ေစခဲ့လို႔ေတာင္းပန္ပါတယ္ ...တို႔ဆီက ထြက္သြားရေကာင္းလားလို႔ အျပစ္တင္မိလို႔လည္း ေတာင္းပန္ပါတယ္... '

"Ka..Karina..."

"Jimin...တို႔ကို Jiminလို႔ေခၚေပးလို႔မရဘူးလား..."

Karina မ်က္လုံးမွာမ်က္ရည္ေတြကို ေတြ႕လိုက္ရလို႔ Winter အံ့ၾသသြားတယ္....Karinaငိုတာ တစ္ခါမွ မျမင္ဖူးဘူးေလ...Karinaက ငယ္ငယ္တုန္းကေတာင္ မငိုဖူးဘူး

"လုပ္ပါ Minjeongရယ္ တို႔နာမည္အရင္းကိုေခၚေပးပါ ဒါမွ မင္း တို႔နဲ႕အတူရွိေနတယ္လို႔ ခံစားလို႔ရမွာ..."

"Ka.. အဲ့လိုေတာ့ ငါ...မေခၚနိုင္ဘူးထင္တယ္ "

Winter စကားေၾကာင့္ Winterကို ဖက္ထားရာက Karina လႊတ္လိုက္သည္

ၿပီးေတာ့ ငိုေနရာကေန ေအးစက္တဲ့မ်က္လုံးေတြအျဖစ္ ျပန္ေျပာင္းသြားတယ္

"ခဏေန အိမ္ကေနထြက္ၾကမယ္.."

"Karina..."

"မင္းကို လႊတ္ေပးဖို႔ တို႔ကိုေတာင္းဆိုလို႔ရတယ္ အရင္ကအခ်ိန္ကိုသြားခ်င္ေၾကာင္း ေတာင္းဆိုလည္း တို႔ကေတာ့ ခြင့္ျပဳမွာမဟုတ္ဘူး အဲ့ေစာက္ဘဝကို ေမ့ပစ္ၿပီး တို႔ကိုဘဲ အာ႐ုံစိုက္ တို႔ႏွစ္ေယာက္ ဘဝကိုဘဲ အာ႐ုံစိုက္ "

Karinaေျပာၿပီး သူမအိတ္ထဲက ဖုန္းကိုထုတ္လိုက္သည္

"မင္းအတြက္ ဖုန္းအသစ္... နံပါတ္ 1က တို႔ Johnက နံပါတ္ 2 ..မင္းရဲ႕ဖုန္းထဲမွာ အဲ့နံပါတ္ႏွစ္ခုဘဲ ရွိတာ ျမင္ခ်င္တယ္ေနာ္ တစ္ျခားရႈပ္ရႈပ္ယွက္ယွက္ျမင္ရလို႔ကေတာ့ မင္းကို အျပစ္ေပးၿပီး တစ္ဖက္က လူကို သတ္ပစ္မယ္ ၾကားလား Minjeong "

Karinaက ေအာ္လိုက္ေသာေၾကာင့္ Winter လန့္ၿပီးေခါင္းညိတ္လိုက္သည္

"Good Girl...တို႔ကို နမ္းပါအုံး Minjeong "

Winterက ႐ုန္းေပမယ့္ Karinaမွာ Winterလည္ပင္းကို ဖြဖြေလးညွစ္ၿပီး Winterရဲ႕ ႏႈတ္ခမ္းေလးကို ဆြဲကိုက္လိုက္သည္

#tbc

Bạn đang đọc truyện trên: Truyen3h.Co