Part 5
#unicode
End of Flashback
"Minjeong..."
လက်တစ်ဖက်က Winterရဲ့ ဆံပင်တွေကို ထိုးဖွနေသည်
ထိုလက်တစ်ဖက်က အရမ်းကိုနူးနူးညံ့ညံ့နဲ့ Minjeongရဲ့ ဆံပင်တွေကို ကိုင်တွယ်နေတယ်
Winter သူမကိုယ်တိုင်တောင် မသိလိုက်ဘဲဲပြုံးလိုက်မိပါသည်
Winter မျက်လုံးဖွင့်လိုက်တဲ့အခါမှာတော့ သူမကို အချစ်တွေပြည့်နှက်နေတဲ့ မျက်ဝန်းနဲ့ ကြည့်နေတဲ့ Karinaကို တွေ့ရလေသည်
"ဘာလို့ ဒီမှာအိပ်နေရတာလည်း "
Winterရဲ့ ပါးဖောင်းဖောင်းလေးကို Karinaလက်နှစ်ဖက်နဲ့ဆုပ်ကိုင်ရင်းမေးလိုက်သည်
"အိပ်ရာက မကောင်းလို့လား "
ပြတင်းပေါက်ဘေးနားက ထိုင်ခုံပေါ် အိပ်နေတဲ့ Winterကို Karina ထပ်မေးပြန်သည်
'မဟုတ်ပါဘူး '
Winter လိမ်ပြောလိုက်သည်
တကယ်တော့ ထိုအိပ်ရာက Winterအတွက် မှတ်ဥာဏ်များစွာကို ပြန်သတိရစေသောကြောင့် Winter မအိပ်ချင်ခြင်းဖြစ်သည်
"မင်း အဆင်ပြေရဲ့လားကွယ် "
လုပ်ချင်ရာလုပ်ထားပြီး အဆင်ပြေလား မေးတတ်တဲ့ Karinaကို Winter အရမ်းမုန်းပါသည်
Winterမှာ Karinaကို မျက်စောင်းထိုးလိုက်သည် Karinaက သူမအိမ်မက်ထဲက Jiminနဲ့တူသည် သို့ပေမယ့် မတူပေ
"မပြေဘူး "
ဒီတစ်ခါတော့ Winter လိမ်မပြောတော့ဘဲ အမှန်တိုင်းပြောလိုက်သည် ဘယ်အရာကမှ Winterကို အဆင်မပြေစေဘူးလေ
Winterရဲ့ စကားကြောင့် Karinaမှာ အံကိုကြိတ်ပြီး ထရပ်လိုက်သည်
"တို့ မင်းကို ဒီနေ့ shopping လိုက်ပို့မယ် "
"ဘာ ဘာလို့လည်း "
"Johnက မင်းယူလာတဲ့ အဝတ်အစားတွေကို ညစ်ထေးပြီးဟောင်းနေတဲ့ပုံပေါ်လို့တဲ့ လွှင့်ပစ်လိုက်တယ်"
"နင်တို့မှာ အဲ့လိုလုပ်ပိုင်ခွင့်မရှိဘူးလေ အဲ့တာ ငါ့အဝတ်အစားတွေ "
သူတို့ပြောတဲ့ ညစ်ထေးတဲ့အဝတ်အစားတွေကို ဝယ်နိုင်ဖို့ Winter ဘယ်လောက်တောင် အလုပ်ကြိုးစားခဲ့ရသလည်း....Karinaက အဝတ်တွေကိုတစ်မိနစ်တစ်ထည် ဝတ်နိုင်တဲ့အထိ ချမ်းသာပေမယ့် Winterကတော့ ကော်ဖီဆိုင်မှာတစ်လလုံး ကြိုးစားလုပ်မှ အဝတ်တစ်ထည်ကို ဝယ်နိုင်တဲ့ဘဝပင်
"ဒါကြောင့်မို့ တို့က အသစ်တွေဝယ်ပေးပါမယ်ဆို "
"ဝယ်ပေးစရာမလိုပါဘူး နင်တို့လွှင့်ပစ်တဲ့ င့ါအဝတ်အစားတွေကို ငါ့ပိုက်ဆံနဲ့ ငါ့ဘာသာဝယ်ခဲ့တာ သိလား "
"Music cafeမှာ မင်းအလုပ်လုပ်ခဲ့ကြောင်း တို့ကို Johnက ပြောခဲ့တယ် သီချင်းလည်းဆိုသေးတယ်ဆို ဟုတ်လား ..."
Karinaကမေးတော့ Winterက ဘာမှပြန်မဖြေပေ
"အလုပ်လုပ်ရတာ သဘောကျလား Minjeong "
Karina မေးတာကို Winter ခေါင်းညိတ်ပြီး ဖြေလိုက်သည် သူမသီချင်းဆိုတိုင်း လက်ခုပ်တီးပြီး အားပေးကြတဲ့ အချိန်တွေကို Winter သတိရသည်
"လူတွေရှေ့မှာ သီချင်းဆိုရတာ ကြိုက်တယ် ဒါကြောင့်မို့လည်း အဲ့မှာ ငါအလုပ်လုပ်ခဲ့တာ "
Winterကပြောတော့ Karinaမှာ Winterရဲ့ မေးစေ့လေးကိုကိုင်ကာ သူမကိုမော့ကြည့်ခိုင်းသည်
"ငါ့ကို ဘာလို့ အဲ့ကနေခေါ်လာတာလည်း Karina "
"တို့မပါဘဲ မင်းဘယ်နေရာမှာမှ ပျော်လို့မရဘူး ပျော်ခွင့်မပြုဘူး baby girl "
"ဟင့်အင်း နင်မရှိရင် ငါပိုပျော်တယ် Karina...နင်နဲ့ဆိုရင် ငါမပျော်ဘူး ဒီလိုပုံစံမျိုးဆိုပိုဆိုးတယ် နင် ငါ့ကို နာကျင်အောင် မလုပ်ပါဘူးလို့ ယုံလို့မရဘူး ငါ့အနားကို နင်ရောက်လာရင် ငါအရမ်းကြောက်တာ နင်ငါ့ကို နာကျင်အောင်လုပ်နိုင်တာဘဲ သတ်ရင်တောင်သတ်ပစ်နိုင်တာဘဲ ဟုတ်တယ်မလား "
"တို့ မင်းကို အရမ်းချစ်လို့ မင်းအသားနာအောင်မလုပ်ရက်ပါဘူး အချစ်လေးရယ် "
"တော်ပါတော့ တော်ပါတော့ Karinaရယ် နင်ငါ့ကို မချစ်ပါဘူး နင့်ပါးစပ်ထဲ ရှိရာစကားတွေ လျှောက်ပြောနေတာ ငါ့ကိုတကယ်မချစ်ပါဘူး "
"မင်းကိုချစ်တဲ့အချစ်တွေက ဘယ်တော့မှ ရပ်တန့်မသွားခဲ့ပါဘူး Minjeong...မင်း တို့ကို ထားသွားခဲ့တာတောင် တို့က မင်းကို ဆက်ချစ်နေခဲ့တာ မင်းက တို့ကိုထားသွားပြီး နာကျင်အောင်လုပ်ခဲ့တာ တို့အသည်းကို ခွဲခဲ့တာ တို့ကိုအခုလို ဖြစ်အောင် မင်းလုပ်ခဲ့တာ "
"နင့်ဒေါသကိို ငါ့ပုံချမနေနဲ့ နင့်ကို ငါထားမသွားခင်ကတည်းက နင်ဒီလိုဆိုးရွားခဲ့တာဘဲ "
"မင်း တစ်ခုခုမြင်ခဲ့တာလား ဘာမြင်ခဲ့တာလည်း "
"ငါ...ငါ "
"ပြောစမ်း မင်းဘာမြင်ခဲ့တယ်ဆိုတာ တို့ကိုပြောစမ်း Minjeong "
Winterရဲ့ ပခုံးကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ပြီး Karina မေးလိုက်သည်
'Karina နင်ငါ့ကို နာအောင်လုပ်နေတယ် "
"Fuck "
Karinaမှာ ကျိန်ဆဲပြီး Winterကို လွှတ်ကာ Winter နောက်က နံရံကို သူမလက်သီးနဲ့ အရှိန်ပြင်းပြင်းပိတ်ထိုးလိုက်သည်
"မင်း ဘာကိုမှမြင်လို့ မရဘူး ပြီးတော့ တို့အမှောင်ကမ္ဘာက ကိစ္စတွေက မင်းကို မထိခိုက်စေရဘူးလို့ တို့ကတိပေးတယ် "
"ငါ မြင်ပြီးတာက မြင်ပြီးသွားပြီလေ ဘာများထူးဆန်းပြီး ပြောင်းလဲသွားမှာမို့လို့လည်း...ငါကြောက်တယ်နင့်ကို နင့်မျက်လုံးကိုတောင် တည့်တည့်မကြည့်ရဲဘူး ဒါကြောင့်လေ ငါနဲ့ငါ့အမကို လွှတ်ပေးပါ.... "
"မင်းအမကို ခုနကဘဲ အိမ်ပြန်လိုက်ပို့ခိုင်းလိုက်ပြီ စိတ်မပူနဲ့ Johnက သေချာလိုက်ပို့ပေးမှာပါ "
"ဘာ နင်ငါ့ကိုမပြောပြဘူးဘဲ ငါ့ကိုပြောပြဖို့ မတွေးခဲ့ဘူးလား "
Winter ပါးပေါ်က မျက်ရည်တွေကိုမြင်တော့ Karina သက်ပြင်းချပြီး Winterကို ဆွဲဖက်လိုက်သည်
"တို့တောင်းပန်ပါတယ် "
Karinaက တောင်းပန်ပေမယ့် Winterက ဘာမှပြန်မပြောပေ
"မင်းကို အဲ့လိုတွေမြင်စေခဲ့လို့တောင်းပန်ပါတယ် ...တို့ဆီက ထွက်သွားရကောင်းလားလို့ အပြစ်တင်မိလို့လည်း တောင်းပန်ပါတယ်... '
"Ka..Karina..."
"Jimin...တို့ကို Jiminလို့ခေါ်ပေးလို့မရဘူးလား..."
Karina မျက်လုံးမှာမျက်ရည်တွေကို တွေ့လိုက်ရလို့ Winter အံ့သြသွားတယ်....Karinaငိုတာ တစ်ခါမှ မမြင်ဖူးဘူးလေ...Karinaက ငယ်ငယ်တုန်းကတောင် မငိုဖူးဘူး
"လုပ်ပါ Minjeongရယ် တို့နာမည်အရင်းကိုခေါ်ပေးပါ ဒါမှ မင်း တို့နဲ့အတူရှိနေတယ်လို့ ခံစားလို့ရမှာ..."
"Ka.. အဲ့လိုတော့ ငါ...မခေါ်နိုင်ဘူးထင်တယ် "
Winter စကားကြောင့် Winterကို ဖက်ထားရာက Karina လွှတ်လိုက်သည်
ပြီးတော့ ငိုနေရာကနေ အေးစက်တဲ့မျက်လုံးတွေအဖြစ် ပြန်ပြောင်းသွားတယ်
"ခဏနေ အိမ်ကနေထွက်ကြမယ်.."
"Karina..."
"မင်းကို လွှတ်ပေးဖို့ တို့ကိုတောင်းဆိုလို့ရတယ် အရင်ကအချိန်ကိုသွားချင်ကြောင်း တောင်းဆိုလည်း တို့ကတော့ ခွင့်ပြုမှာမဟုတ်ဘူး အဲ့စောက်ဘဝကို မေ့ပစ်ပြီး တို့ကိုဘဲ အာရုံစိုက် တို့နှစ်ယောက် ဘဝကိုဘဲ အာရုံစိုက် "
Karinaပြောပြီး သူမအိတ်ထဲက ဖုန်းကိုထုတ်လိုက်သည်
"မင်းအတွက် ဖုန်းအသစ်... နံပါတ် 1က တို့ Johnက နံပါတ် 2 ..မင်းရဲ့ဖုန်းထဲမှာ အဲ့နံပါတ်နှစ်ခုဘဲ ရှိတာ မြင်ချင်တယ်နော် တစ်ခြားရှုပ်ရှုပ်ယှက်ယှက်မြင်ရလို့ကတော့ မင်းကို အပြစ်ပေးပြီး တစ်ဖက်က လူကို သတ်ပစ်မယ် ကြားလား Minjeong "
Karinaက အော်လိုက်သောကြောင့် Winter လန့်ပြီးခေါင်းညိတ်လိုက်သည်
"Good Girl...တို့ကို နမ်းပါအုံး Minjeong "
Winterက ရုန်းပေမယ့် Karinaမှာ Winterလည်ပင်းကို ဖွဖွလေးညှစ်ပြီး Winterရဲ့ နှုတ်ခမ်းလေးကို ဆွဲကိုက်လိုက်သည်
#tbc
#zawgyi
End of Flashback
"Minjeong..."
လက္တစ္ဖက္က Winterရဲ႕ ဆံပင္ေတြကို ထိုးဖြေနသည္
ထိုလက္တစ္ဖက္က အရမ္းကိုႏူးႏူးညံ့ညံ့နဲ႕ Minjeongရဲ႕ ဆံပင္ေတြကို ကိုင္တြယ္ေနတယ္
Winter သူမကိုယ္တိုင္ေတာင္ မသိလိုက္ဘဲဲၿပဳံးလိုက္မိပါသည္
Winter မ်က္လုံးဖြင့္လိုက္တဲ့အခါမွာေတာ့ သူမကို အခ်စ္ေတြျပည့္ႏွက္ေနတဲ့ မ်က္ဝန္းနဲ႕ ၾကည့္ေနတဲ့ Karinaကို ေတြ႕ရေလသည္
"ဘာလို႔ ဒီမွာအိပ္ေနရတာလည္း "
Winterရဲ႕ ပါးေဖာင္းေဖာင္းေလးကို Karinaလက္ႏွစ္ဖက္နဲ႕ဆုပ္ကိုင္ရင္းေမးလိုက္သည္
"အိပ္ရာက မေကာင္းလို႔လား "
ျပတင္းေပါက္ေဘးနားက ထိုင္ခုံေပၚ အိပ္ေနတဲ့ Winterကို Karina ထပ္ေမးျပန္သည္
'မဟုတ္ပါဘူး '
Winter လိမ္ေျပာလိုက္သည္
တကယ္ေတာ့ ထိုအိပ္ရာက Winterအတြက္ မွတ္ဥာဏ္မ်ားစြာကို ျပန္သတိရေစေသာေၾကာင့္ Winter မအိပ္ခ်င္ျခင္းျဖစ္သည္
"မင္း အဆင္ေျပရဲ႕လားကြယ္ "
လုပ္ခ်င္ရာလုပ္ထားၿပီး အဆင္ေျပလား ေမးတတ္တဲ့ Karinaကို Winter အရမ္းမုန္းပါသည္
Winterမွာ Karinaကို မ်က္ေစာင္းထိုးလိုက္သည္ Karinaက သူမအိမ္မက္ထဲက Jiminနဲ႕တူသည္ သို႔ေပမယ့္ မတူေပ
"မေျပဘူး "
ဒီတစ္ခါေတာ့ Winter လိမ္မေျပာေတာ့ဘဲ အမွန္တိုင္းေျပာလိုက္သည္ ဘယ္အရာကမွ Winterကို အဆင္မေျပေစဘူးေလ
Winterရဲ႕ စကားေၾကာင့္ Karinaမွာ အံကိုႀကိတ္ၿပီး ထရပ္လိုက္သည္
"တို႔ မင္းကို ဒီေန႕ shopping လိုက္ပို႔မယ္ "
"ဘာ ဘာလို႔လည္း "
"Johnက မင္းယူလာတဲ့ အဝတ္အစားေတြကို ညစ္ေထးၿပီးေဟာင္းေနတဲ့ပုံေပၚလို႔တဲ့ လႊင့္ပစ္လိုက္တယ္"
"နင္တို႔မွာ အဲ့လိုလုပ္ပိုင္ခြင့္မရွိဘူးေလ အဲ့တာ ငါ့အဝတ္အစားေတြ "
သူတို႔ေျပာတဲ့ ညစ္ေထးတဲ့အဝတ္အစားေတြကို ဝယ္နိုင္ဖို႔ Winter ဘယ္ေလာက္ေတာင္ အလုပ္ႀကိဳးစားခဲ့ရသလည္း....Karinaက အဝတ္ေတြကိုတစ္မိနစ္တစ္ထည္ ဝတ္နိုင္တဲ့အထိ ခ်မ္းသာေပမယ့္ Winterကေတာ့ ေကာ္ဖီဆိုင္မွာတစ္လလုံး ႀကိဳးစားလုပ္မွ အဝတ္တစ္ထည္ကို ဝယ္နိုင္တဲ့ဘဝပင္
"ဒါေၾကာင့္မို႔ တို႔က အသစ္ေတြဝယ္ေပးပါမယ္ဆို "
"ဝယ္ေပးစရာမလိုပါဘူး နင္တို႔လႊင့္ပစ္တဲ့ င့ါအဝတ္အစားေတြကို ငါ့ပိုက္ဆံနဲ႕ ငါ့ဘာသာဝယ္ခဲ့တာ သိလား "
"Music cafeမွာ မင္းအလုပ္လုပ္ခဲ့ေၾကာင္း တို႔ကို Johnက ေျပာခဲ့တယ္ သီခ်င္းလည္းဆိုေသးတယ္ဆို ဟုတ္လား ..."
Karinaကေမးေတာ့ Winterက ဘာမွျပန္မေျဖေပ
"အလုပ္လုပ္ရတာ သေဘာက်လား Minjeong "
Karina ေမးတာကို Winter ေခါင္းညိတ္ၿပီး ေျဖလိုက္သည္ သူမသီခ်င္းဆိုတိုင္း လက္ခုပ္တီးၿပီး အားေပးၾကတဲ့ အခ်ိန္ေတြကို Winter သတိရသည္
"လူေတြေရွ႕မွာ သီခ်င္းဆိုရတာ ႀကိဳက္တယ္ ဒါေၾကာင့္မို႔လည္း အဲ့မွာ ငါအလုပ္လုပ္ခဲ့တာ "
Winterကေျပာေတာ့ Karinaမွာ Winterရဲ႕ ေမးေစ့ေလးကိုကိုင္ကာ သူမကိုေမာ့ၾကည့္ခိုင္းသည္
"ငါ့ကို ဘာလို႔ အဲ့ကေနေခၚလာတာလည္း Karina "
"တို႔မပါဘဲ မင္းဘယ္ေနရာမွာမွ ေပ်ာ္လို႔မရဘူး ေပ်ာ္ခြင့္မျပဳဘူး baby girl "
"ဟင့္အင္း နင္မရွိရင္ ငါပိုေပ်ာ္တယ္ Karina...နင္နဲ႕ဆိုရင္ ငါမေပ်ာ္ဘူး ဒီလိုပုံစံမ်ိဳးဆိုပိုဆိုးတယ္ နင္ ငါ့ကို နာက်င္ေအာင္ မလုပ္ပါဘူးလို႔ ယုံလို႔မရဘူး ငါ့အနားကို နင္ေရာက္လာရင္ ငါအရမ္းေၾကာက္တာ နင္ငါ့ကို နာက်င္ေအာင္လုပ္နိုင္တာဘဲ သတ္ရင္ေတာင္သတ္ပစ္နိုင္တာဘဲ ဟုတ္တယ္မလား "
"တို႔ မင္းကို အရမ္းခ်စ္လို႔ မင္းအသားနာေအာင္မလုပ္ရက္ပါဘူး အခ်စ္ေလးရယ္ "
"ေတာ္ပါေတာ့ ေတာ္ပါေတာ့ Karinaရယ္ နင္ငါ့ကို မခ်စ္ပါဘူး နင့္ပါးစပ္ထဲ ရွိရာစကားေတြ ေလွ်ာက္ေျပာေနတာ ငါ့ကိုတကယ္မခ်စ္ပါဘူး "
"မင္းကိုခ်စ္တဲ့အခ်စ္ေတြက ဘယ္ေတာ့မွ ရပ္တန့္မသြားခဲ့ပါဘူး Minjeong...မင္း တို႔ကို ထားသြားခဲ့တာေတာင္ တို႔က မင္းကို ဆက္ခ်စ္ေနခဲ့တာ မင္းက တို႔ကိုထားသြားၿပီး နာက်င္ေအာင္လုပ္ခဲ့တာ တို႔အသည္းကို ခြဲခဲ့တာ တို႔ကိုအခုလို ျဖစ္ေအာင္ မင္းလုပ္ခဲ့တာ "
"နင့္ေဒါသကိို ငါ့ပုံခ်မေနနဲ႕ နင့္ကို ငါထားမသြားခင္ကတည္းက နင္ဒီလိုဆိုး႐ြားခဲ့တာဘဲ "
"မင္း တစ္ခုခုျမင္ခဲ့တာလား ဘာျမင္ခဲ့တာလည္း "
"ငါ...ငါ "
"ေျပာစမ္း မင္းဘာျမင္ခဲ့တယ္ဆိုတာ တို႔ကိုေျပာစမ္း Minjeong "
Winterရဲ႕ ပခုံးကို တင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ၿပီး Karina ေမးလိုက္သည္
'Karina နင္ငါ့ကို နာေအာင္လုပ္ေနတယ္ "
"Fuck "
Karinaမွာ က်ိန္ဆဲၿပီး Winterကို လႊတ္ကာ Winter ေနာက္က နံရံကို သူမလက္သီးနဲ႕ အရွိန္ျပင္းျပင္းပိတ္ထိုးလိုက္သည္
"မင္း ဘာကိုမွျမင္လို႔ မရဘူး ၿပီးေတာ့ တို႔အေမွာင္ကမၻာက ကိစၥေတြက မင္းကို မထိခိုက္ေစရဘူးလို႔ တို႔ကတိေပးတယ္ "
"ငါ ျမင္ၿပီးတာက ျမင္ၿပီးသြားၿပီေလ ဘာမ်ားထူးဆန္းၿပီး ေျပာင္းလဲသြားမွာမို႔လို႔လည္း...ငါေၾကာက္တယ္နင့္ကို နင့္မ်က္လုံးကိုေတာင္ တည့္တည့္မၾကည့္ရဲဘူး ဒါေၾကာင့္ေလ ငါနဲ႕ငါ့အမကို လႊတ္ေပးပါ.... "
"မင္းအမကို ခုနကဘဲ အိမ္ျပန္လိုက္ပို႔ခိုင္းလိုက္ၿပီ စိတ္မပူနဲ႕ Johnက ေသခ်ာလိုက္ပို႔ေပးမွာပါ "
"ဘာ နင္ငါ့ကိုမေျပာျပဘူးဘဲ ငါ့ကိုေျပာျပဖို႔ မေတြးခဲ့ဘူးလား "
Winter ပါးေပၚက မ်က္ရည္ေတြကိုျမင္ေတာ့ Karina သက္ျပင္းခ်ၿပီး Winterကို ဆြဲဖက္လိုက္သည္
"တို႔ေတာင္းပန္ပါတယ္ "
Karinaက ေတာင္းပန္ေပမယ့္ Winterက ဘာမွျပန္မေျပာေပ
"မင္းကို အဲ့လိုေတြျမင္ေစခဲ့လို႔ေတာင္းပန္ပါတယ္ ...တို႔ဆီက ထြက္သြားရေကာင္းလားလို႔ အျပစ္တင္မိလို႔လည္း ေတာင္းပန္ပါတယ္... '
"Ka..Karina..."
"Jimin...တို႔ကို Jiminလို႔ေခၚေပးလို႔မရဘူးလား..."
Karina မ်က္လုံးမွာမ်က္ရည္ေတြကို ေတြ႕လိုက္ရလို႔ Winter အံ့ၾသသြားတယ္....Karinaငိုတာ တစ္ခါမွ မျမင္ဖူးဘူးေလ...Karinaက ငယ္ငယ္တုန္းကေတာင္ မငိုဖူးဘူး
"လုပ္ပါ Minjeongရယ္ တို႔နာမည္အရင္းကိုေခၚေပးပါ ဒါမွ မင္း တို႔နဲ႕အတူရွိေနတယ္လို႔ ခံစားလို႔ရမွာ..."
"Ka.. အဲ့လိုေတာ့ ငါ...မေခၚနိုင္ဘူးထင္တယ္ "
Winter စကားေၾကာင့္ Winterကို ဖက္ထားရာက Karina လႊတ္လိုက္သည္
ၿပီးေတာ့ ငိုေနရာကေန ေအးစက္တဲ့မ်က္လုံးေတြအျဖစ္ ျပန္ေျပာင္းသြားတယ္
"ခဏေန အိမ္ကေနထြက္ၾကမယ္.."
"Karina..."
"မင္းကို လႊတ္ေပးဖို႔ တို႔ကိုေတာင္းဆိုလို႔ရတယ္ အရင္ကအခ်ိန္ကိုသြားခ်င္ေၾကာင္း ေတာင္းဆိုလည္း တို႔ကေတာ့ ခြင့္ျပဳမွာမဟုတ္ဘူး အဲ့ေစာက္ဘဝကို ေမ့ပစ္ၿပီး တို႔ကိုဘဲ အာ႐ုံစိုက္ တို႔ႏွစ္ေယာက္ ဘဝကိုဘဲ အာ႐ုံစိုက္ "
Karinaေျပာၿပီး သူမအိတ္ထဲက ဖုန္းကိုထုတ္လိုက္သည္
"မင္းအတြက္ ဖုန္းအသစ္... နံပါတ္ 1က တို႔ Johnက နံပါတ္ 2 ..မင္းရဲ႕ဖုန္းထဲမွာ အဲ့နံပါတ္ႏွစ္ခုဘဲ ရွိတာ ျမင္ခ်င္တယ္ေနာ္ တစ္ျခားရႈပ္ရႈပ္ယွက္ယွက္ျမင္ရလို႔ကေတာ့ မင္းကို အျပစ္ေပးၿပီး တစ္ဖက္က လူကို သတ္ပစ္မယ္ ၾကားလား Minjeong "
Karinaက ေအာ္လိုက္ေသာေၾကာင့္ Winter လန့္ၿပီးေခါင္းညိတ္လိုက္သည္
"Good Girl...တို႔ကို နမ္းပါအုံး Minjeong "
Winterက ႐ုန္းေပမယ့္ Karinaမွာ Winterလည္ပင္းကို ဖြဖြေလးညွစ္ၿပီး Winterရဲ႕ ႏႈတ္ခမ္းေလးကို ဆြဲကိုက္လိုက္သည္
#tbc
Bạn đang đọc truyện trên: Truyen3h.Co