Truyen3h.Co

Mine

Part 6

KimFany059


#unicode

ပြတင်းပေါက်အပြင်ဘက်ကို Winter စိတ်မပါလက်မပါ ကြည့်နေမိသည် ...LAက ထွက်လာခဲ့တာ လေးနှစ်ရှိသွားခဲ့ပေမယ့် အခုထိ LAက ရှုခင်းအားလုံးကို မှတ်မိနေဆဲပင်

ပြီးတော့ အခု ရောက်နေတဲ့ စားသောက်ဆိုင်ကလည်း သူမငယ်ငယ်က Karina ခေါ်လာနေကျ နေရာဖြစ်သည်

" အာ ဒါနဲ့ တို့ပြောဖို့ မေ့နေလို့...Minjeong ဒီဆံပင်အရောင်လေးနဲ့ လှတယ် လိုက်တယ် ..."

သူမဘေးနားက Karinaက Winterရဲ့ ပေါင်ကို ဆုပ်ကိုင်ပြီး ပြောလိုက်သည်

"ငါတော့ သဘောမကျဘူး...."

Winterမှာ Karinaကို ကလန်ကဆန်လုပ်ကာ ပြန်ပြောလိုက်သည်

"ဒါဆိုလည်း မင်းလိုချင်တဲ့ ဆံပင်အရောင်ကို တို့တွေပြောင်းကြတာပေါ့ နော့် အချစ် "

Winterမှာ Karinaကို ကလန်ကဆန်လုပ်ကာ ပြောပေမယ့် Karinaက ဘာမှမဖြစ်သောကြောင့် သိပ်တော့သဘောမကျပေ

"Yizhuo နဲ့ Aeriကို တွေ့ချင်လား "

Karinaရဲ့ စကားကြောင့် Winterမှာ အံ့သြပြီး  မျက်လုံးလေးတွေ ဝိုင်းစက်လာသည်

"သူတို့နဲ့ တွေ့ခွင့်ပေးမလို့လား

"ဒါပေါ့ တို့ မင်းကိုပျော်စေချင်တယ်လေ "

Karinaက ခေါင်းညိတ်ပြပြီး ပြောလိုက်သည်

Yizhuoနဲ့ Aeriကို မတွေ့ရတာ လေးနှစ်ရှိပြီလေ.... Karinaဆီက ထွက်ပြေးလာကတည်းက သူတို့နှစ်ယောက်ကိုပါ အဆက်အသွယ်ဖြတ်ခဲ့တာ ဒါမှ လုံခြုံမယ်လို့ Winterထင်ခဲ့တယ်လေ

"မင်းအတွက် အဝတ်အစားဝယ်ပြီးရင် သူတို့ကိုသွားတွေ့ကြမယ်  ...."

Winterကို အဝတ်အစားတွေဝယ်ပေးဖို့ နာမည်ကြီး အဝတ်အစားဆိုင် သို့ Karina မောင်းထွက်လာသည်

"ခဏနေကျ တို့အလုပ်လုပ်စရာရှိလို့ သွားစရာရှိတယ် ဒါပေမယ့် Yizhuoနဲ့ Aeriက မင်းကိုအဖော်ပြုပေးလိမ့်မယ် Minjeong..."

Karinaကပြောတော့ Winter ပျော်သွားတယ်....နာရီပိုင်းလောက် Karinaနဲ့ ဝေးဝေးနေရတာလည်း ကောင်းတယ်မဟုတ်လား

"သူတို့နဲ့ တွေ့ခွင့်ပေးလို့ ကျေးဇူးတင်ပါတယ် ..."

Winterက ကျေးဇူးတင်စကားပြောတော့ Karinaမှာ ပြုံးပြီး Winterကို ဆွဲနမ်းလိုက်သည်

ထို့နောက် Winter ကို Karinaမှာ စိုက်ကြည့်နေသည်

"Minjeong.. မင်းက အရမ်းလှတာဘဲ တို့တော့ ထမင်းမစားဘဲတောင် တစ်နေကုန် မင်းကို ထိုင်ကြည့်ချင်မိတယ် "

Karinaက ပြောနေပေမယ့် Winterကတော့ ခုနသူမကို ဆွဲဖက်နမ်းတုန်းက Karina ဂျာကင်ထဲ သေနတ်ပါနေတာကို သတိထားမိသွားတယ်လေ

"ဘာတွေလိုလည်း "

"မသိဘူးလေ နင်ကဘဲ အဝတ်အစားပစ္စည်းတွေ လွှင့်ပစ်ခဲ့တာ မဟုတ်ဘူးလား "

"ဒါဆို တို့စိတ်ကြိုက် မင်းကိုဆင်ပေးရမယ်ပေါ့ "

"Karina....ငါ..ငါ့မှာ စုထားတဲ့ ပိုက်ဆံရှိတယ်.... Wendyရဲ့ ကောင်မလေး တင်ထားတဲ့အကြွေးက ဘယ်လောက်လည်း ငါ..."

"1M ဒေါ်လာ လောက်ရှိတယ် မင်း အဲ့လောက်တတ်နိုင်လား Minjeong "

Karinaရဲ့ စကားကြောင့် Winter လန့်သွားတယ် 1M ဒေါ်လာဆိုတာ Winter တစ်နှစ်လောက်အလုပ်လုပ်ရင်တောင်.... မရနိုင်တဲ့ငွေသားတွေပင်

"ဟို..."

"အဲ့တော့...ဘာစကားမှ မပြောဘဲ လာ ကားပေါ်ကဆင်း ဆိုင်ကိုရောက်ပြီ "

Karinaတို့လည်း ဆိုင်ထဲဝင်ရော ဆိုင်ထဲက အမျိုးသမီးမှာ ပြေးလာပြီး Karinaတို့ကို ဦးညွှတ်ကာ နှုတ်ဆက်သည်

"မမလေး Yu...ထပ်တွေ့ခွင့်ရလို့ ဝမ်းသာပါတယ်...မတွေ့ရတာ ဘယ်လောက်ကြာပြီလည်း လေးနှစ်လောက်တောင်ရှိရောပေါ့ "

Karinaက လေးနှစ်အတွင်း ဒီဆိုင်ကို မလာဘူးလား....

"အကြောင်းမရှိဘဲ ဒီဆိုင်ကို ကျွန်မက ဘာလာလုပ်ရမှာလည်း ဟုတ်တယ်မလား Minjeong "

"မမလေး Kim ထပ်တွေ့ခွင့်ရလို့ ဝမ်းသာပါတယ်ရှင့် "

"ဟုတ် တွေ့ရတာ ဝမ်းသာပါတယ် Sarah "

"ကျွန်မတို့ကို အစုံထုတ်ပြပေး ဂျင်း ဂါဝန်  ဖိနပ် ပြီးတော့ အတွင်းခံလှလှလေးတွေ "

Karina ပြောပြီး သူမလက်က Winter ရင်ဘတ်နားရောက်လာသည်

Winterမှာ လန့်ပြီး Karina လက်ကိုရှောင်ကာ ရိုက်လွှတ်လိုက်သည်

"အတွင်းခံမလိုပါဘူး "

"ကျွန်မ အတွက် သူလိုတယ် ဟုတ်တယ်မလား အချစ်လေး ဒီတော့ အတွင်းခံလှလှလေးပါပြပေးပါ..."

Winterကို ပြုံးပြပြီး Karina ပြောလိုက်သည်

"ဟုတ်ကဲ့ပါ မမလေး Kimအတွက် လိုအပ်တာအားလုံး ယူလာပေးပါမယ် အဝတ်လဲအခန်းမှာ စောင့်ပေးပါရှင့် "

"fuck you "

Sarah က ထွက်သွားသောအခါ Winterမှာ Karinaနားကပ်ကာ ကျိန်ဆဲလိုက်သည်

Karinaကတော့ သူမကိုရန်လုပ်နေတဲ့  ခွေးပေါက်စလေးကို ကြည့်ပြီး သဘောကျလို့ တခစ်ခစ်ရယ်နေသည်

"  တို့ကို မင်းစိတ်ကြိုက် fuckလို့ရပါတယ် Minjeong "

"အိမ်မက်မက်မနေနဲ့ "

"မမက်ပါဘူး တို့က လက်တွေ့ဘဲ သဘောကျတာ "

Karina ကြောင့် Aeri နဲ့ Yizhuoကို တွေ့လိုက်ရတော့ Winter အရမ်းငိုချင်မိသွားတယ် Yizhuo တို့ကို မတွေ့ရတာ ဘယ်လောက်ကြာပြီလည်း

"နင် ဘယ်တုံးက ပြန်ရောက်တာလည်း အစကငါ့မယ် Rinaက ဖုန်းဆက်ခေါ်လို့ အံ့သြနေတာ နောက်မှ နင်ပြန်ရောက်ပြီမို့လို့ သူအပြင်သွားနေချိန် အဖော်လုပ်ပေးပါပြောလို့ "

Yizhuoမှာ မလှမ်းမကမ်းတွင် Aeriနဲ့ စကားပြော အလုပ်ရှုပ်နေတဲ့ Karinaကို မျက်စပစ်ကာ ပြောလိုက်သည်

Winterလည်း  Karinaတို့ကို ရုတ်တရက်လှမ်းကြည့်ပြီး မျက်မှောင်ကြုတ်မိသွားတယ်

Aeriနဲ့ Karinaက ဘာတွေအရေးကြီးကိစ္စပြောနေတာလည်း.... သူတို့ကြည့်ရတာ အရမ်း အရေးကြီးနေတဲ့ပုံဘဲ..  ပြီးတော့ Karinaက ရုတ်တရက် ဒေါသထထွက်လာတယ်....ဘာတွေပြောနေကြလည်းဆိုတာ Winterမှာ သိချင်နေပေမယ့် သိလို့မဖြစ်ဘူးမဟုတ်လား...

Aeriက Karinaရဲ့ ကိစ္စတွေလုပ်ငန်းတွေထဲ ပါဝင်ပတ်သက်နေတာကို Winter သိသင့်သလောက်တော့သိသည်

LAနဲ့ New Yorkမှာ ရှိတဲ့ ကာစီနိုလောင်းကစားဝိုင်းတွေ ကလပ်နဲ့ဘား တစ်ဝက်လောက်က Karinaနဲ့ကင်းလွတ်တာမရှိသလို.... ဒီထက်ပိုဆိုးဝါးတဲ့အမှောင်ဂိုဏ်းတွေမှာလည်း Karinaက နာမည်ကြီးတယ်လေ

"သူတို့ အလုပ်ကိစ္စအကြောင်းပြောနေကြပုံဘဲ "

Yizhuo ကပြောတယ်

Yizhuoက အခုလိုနေရတာကို ထင်ထားတာထက်တောင် တည်ငြိမ်နေတဲ့ပုံပေါ်သည်...Yizhuo ဘယ်လိုများ အခုလို အေးအေးဆေးဆေး နေနိုင်တာလည်း Winter သိချင်မိသည်

ပြီးတော့ Winterသိထားသလိုရော သူမသိထားလား ဒါမှမဟုတ် Winterထက် ပိုသိထားလား

Aeriက Yizhuoကို Karinaက Winterကို ထားသလိုထားထားမှာဘဲ

Karinaမှာ Aeriနဲ့ စကားပြောနေရင်း သူမတို့ကို မျက်မှောင်ကြုတ်ကာကြည့်နေတဲ့ Winterကို ကြည့်မိပြီး စကားပြောရာက ရပ်သွားသည်

ထို့နောက် Winterဆီကို လျှောက်လာပြီး Winterရဲ့ ဆံကေသာတွေကို နမ်းရှိုက်လိုက်သည်

"တို့ အလုပ်သွားလုပ်ရတော့မယ် "

"ဘယ်သွားမှာလည်း "

"ဟော ဘာလို့လည်း အချစ်လေးက တို့ကို စိတ်ပူနေတာလား "

"နင် တကယ်မယုံနိုင်စရာဘဲ "

Winterက Karinaကို စိတ်မပူပါဘူး ဟုတ်ပါတယ် Winterက Karinကို စိတ်မပူဘူး စိတ်မပူပါဘူး 

"အလုပ်တစ်ချို့ပြီးတဲ့အခါ တို့ပြန်လာခေါ်မယ် နော် စိတ်မပူဘဲ ဒီမှာဘဲနေပါ "

"စိတ်မပူပါဘူးနော် ငါနင့်ကို ခုထိအမြင်ကတ်ပြီး မုန်းနေတုံးဘဲ "

"haha တို့ကတော့ မင်းကို အရမ်းချစ်ပါသတဲ့ရှင်... တစ်ခုခုလိုအပ်ရင် Johnတို့ကိုခေါ်လိုက် သိလား "

"သေနတ်တွေကိုင်ပြီး စောင့်နေတဲ့သူတို့ကို မလိုချင်ဘူး Karina "

"မလိုချင်ရအောင် မင်းကို တို့ရွေးချယ်ခိုင်းနေတာမဟုတ်ဘူး "

"Karina နင်ငါ့ကို လာမချုပ်ချယ်နဲ့နော် "

"အို မင်းက တို့အပိုင်ဘဲလေ ချုပ်ချယ်မှာပေါ့ ဘာဖြစ်လည်း "

Karinaနဲ့ Winter ငြင်းခုန်ရင်း Karinaဆီ ဖုန်းဝင်လာလို့ ဖုန်းခေါ်တဲ့သူကို Winter ကျေးဇူးတင်မိသွားတယ်

ဒါပေမယ့် ဖုန်းကို Winterနဲ့ခပ်ခွာခွာနေရာကိုသွားပြီး လျိူ့ဝှက်စွာ ပြန်ဖြေနေပုံကို Winter သဘောမကျပေ

"Aeri...."

Karinaရဲ့ အော်သံကြောင့် Winter လန့်ပြီးတုန်သွားသည်

Aeriကလည်း ချက်ချင်းဘဲ Yizhuoနဲ့စကားပြောနေရာကရပ်ပြီး Karinaဆီပြေးလာသည်

"အရေးကြီးကိစ္စပေါ်လာပြီ ခုသွားမှဖြစ်မယ် Minjeong လိမ်လိမ်မာမာနေပြီး စကားနားထောင်နော် တို့အလုပ်ပြီးတာနဲ့ ပြန်ခဲ့မယ်... "

Winter နှုတ်ခမ်းလေးကို Karinaနမ်းပြီး Aeriနဲ့အတူ အနက်ရောင်ကားတစ်စီးပေါ်သို့ တက်သွားလေသည်

#tbc

Author Coachella ရောက်နေလို့ ဒီနေ့မှ ပြန်ရောက်တယ် ဟဲဟဲ 😎

ဒါကတော့ အပြင်ပန်းနူးညံ့ပုံပေါ်ပေမယ့် ကြမ်းတမ်းရက်စက်တတ်တဲ့ ကာစီနို လောင်းကစားပွဲအပြင် တစ်ခြားအရာတွေပါ ပိုင်ဆိုင်ထားတဲ့ မမနှစ်ယောက်ပါ

#zawgyi

ျပတင္းေပါက္အျပင္ဘက္ကို Winter စိတ္မပါလက္မပါ ၾကည့္ေနမိသည္ ...LAက ထြက္လာခဲ့တာ ေလးႏွစ္ရွိသြားခဲ့ေပမယ့္ အခုထိ LAက ရႈခင္းအားလုံးကို မွတ္မိေနဆဲပင္

ၿပီးေတာ့ အခု ေရာက္ေနတဲ့ စားေသာက္ဆိုင္ကလည္း သူမငယ္ငယ္က Karina ေခၚလာေနက် ေနရာျဖစ္သည္

" အာ ဒါနဲ႕ တို႔ေျပာဖို႔ ေမ့ေနလို႔...Minjeong ဒီဆံပင္အေရာင္ေလးနဲ႕ လွတယ္ လိုက္တယ္ ..."

သူမေဘးနားက Karinaက Winterရဲ႕ ေပါင္ကို ဆုပ္ကိုင္ၿပီး ေျပာလိုက္သည္

"ငါေတာ့ သေဘာမက်ဘဴး...."

Winterမွာ Karinaကို ကလန္ကဆန္လုပ္ကာ ျပန္ေျပာလိုက္သည္

"ဒါဆိုလည္း မင္းလိုခ်င္တဲ့ ဆံပင္အေရာင္ကို တို႔ေတြေျပာင္းၾကတာေပါ့ ေနာ့္ အခ်စ္ "

Winterမွာ Karinaကို ကလန္ကဆန္လုပ္ကာ ေျပာေပမယ့္ Karinaက ဘာမွမျဖစ္ေသာေၾကာင့္ သိပ္ေတာ့သေဘာမက်ေပ

"Yizhuo နဲ႕ Aeriကို ေတြ႕ခ်င္လား "

Karinaရဲ႕ စကားေၾကာင့္ Winterမွာ အံ့ၾသၿပီး  မ်က္လုံးေလးေတြ ဝိုင္းစက္လာသည္

"သူတို႔နဲ႕ ေတြ႕ခြင့္ေပးမလို႔လား

"ဒါေပါ့ တို႔ မင္းကိုေပ်ာ္ေစခ်င္တယ္ေလ "

Karinaက ေခါင္းညိတ္ျပၿပီး ေျပာလိုက္သည္

Yizhuoနဲ႕ Aeriကို မေတြ႕ရတာ ေလးႏွစ္ရွိၿပီေလ.... Karinaဆီက ထြက္ေျပးလာကတည္းက သူတို႔ႏွစ္ေယာက္ကိုပါ အဆက္အသြယ္ျဖတ္ခဲ့တာ ဒါမွ လုံၿခဳံမယ္လို႔ Winterထင္ခဲ့တယ္ေလ

"မင္းအတြက္ အဝတ္အစားဝယ္ၿပီးရင္ သူတို႔ကိုသြားေတြ႕ၾကမယ္  ...."

Winterကို အဝတ္အစားေတြဝယ္ေပးဖို႔ နာမည္ႀကီး အဝတ္အစားဆိုင္ သို႔ Karina ေမာင္းထြက္လာသည္

"ခဏေနက် တို႔အလုပ္လုပ္စရာရွိလို႔ သြားစရာရွိတယ္ ဒါေပမယ့္ Yizhuoနဲ႕ Aeriက မင္းကိုအေဖာ္ျပဳေပးလိမ့္မယ္ Minjeong..."

Karinaကေျပာေတာ့ Winter ေပ်ာ္သြားတယ္....နာရီပိုင္းေလာက္ Karinaနဲ႕ ေဝးေဝးေနရတာလည္း ေကာင္းတယ္မဟုတ္လား

"သူတို႔နဲ႕ ေတြ႕ခြင့္ေပးလို႔ ေက်းဇူးတင္ပါတယ္ ..."

Winterက ေက်းဇူးတင္စကားေျပာေတာ့ Karinaမွာ ၿပဳံးၿပီး Winterကို ဆြဲနမ္းလိုက္သည္

ထို႔ေနာက္ Winter ကို Karinaမွာ စိုက္ၾကည့္ေနသည္

"Minjeong.. မင္းက အရမ္းလွတာဘဲ တို႔ေတာ့ ထမင္းမစားဘဲေတာင္ တစ္ေနကုန္ မင္းကို ထိုင္ၾကည့္ခ်င္မိတယ္ "

Karinaက ေျပာေနေပမယ့္ Winterကေတာ့ ခုနသူမကို ဆြဲဖက္နမ္းတုန္းက Karina ဂ်ာကင္ထဲ ေသနတ္ပါေနတာကို သတိထားမိသြားတယ္ေလ

"ဘာေတြလိုလည္း "

"မသိဘူးေလ နင္ကဘဲ အဝတ္အစားပစၥည္းေတြ လႊင့္ပစ္ခဲ့တာ မဟုတ္ဘူးလား "

"ဒါဆို တို႔စိတ္ႀကိဳက္ မင္းကိုဆင္ေပးရမယ္ေပါ့ "

"Karina....ငါ..ငါ့မွာ စုထားတဲ့ ပိုက္ဆံရွိတယ္.... Wendyရဲ႕ ေကာင္မေလး တင္ထားတဲ့အေႂကြးက ဘယ္ေလာက္လည္း ငါ..."

"1M ေဒၚလာ ေလာက္ရွိတယ္ မင္း အဲ့ေလာက္တတ္နိုင္လား Minjeong "

Karinaရဲ႕ စကားေၾကာင့္ Winter လန့္သြားတယ္ 1M ေဒၚလာဆိုတာ Winter တစ္ႏွစ္ေလာက္အလုပ္လုပ္ရင္ေတာင္.... မရနိုင္တဲ့ေငြသားေတြပင္

"ဟို..."

"အဲ့ေတာ့...ဘာစကားမွ မေျပာဘဲ လာ ကားေပၚကဆင္း ဆိုင္ကိုေရာက္ၿပီ "

Karinaတို႔လည္း ဆိုင္ထဲဝင္ေရာ ဆိုင္ထဲက အမ်ိဳးသမီးမွာ ေျပးလာၿပီး Karinaတို႔ကို ဦးၫႊတ္ကာ ႏႈတ္ဆက္သည္

"မမေလး Yu...ထပ္ေတြ႕ခြင့္ရလို႔ ဝမ္းသာပါတယ္...မေတြ႕ရတာ ဘယ္ေလာက္ၾကာၿပီလည္း ေလးႏွစ္ေလာက္ေတာင္ရွိေရာေပါ့ "

Karinaက ေလးႏွစ္အတြင္း ဒီဆိုင္ကို မလာဘူးလား....

"အေၾကာင္းမရွိဘဲ ဒီဆိုင္ကို ကြၽန္မက ဘာလာလုပ္ရမွာလည္း ဟုတ္တယ္မလား Minjeong "

"မမေလး Kim ထပ္ေတြ႕ခြင့္ရလို႔ ဝမ္းသာပါတယ္ရွင့္ "

"ဟုတ္ ေတြ႕ရတာ ဝမ္းသာပါတယ္ Sarah "

"ကြၽန္မတို႔ကို အစုံထုတ္ျပေပး ဂ်င္း ဂါဝန္  ဖိနပ္ ၿပီးေတာ့ အတြင္းခံလွလွေလးေတြ "

Karina ေျပာၿပီး သူမလက္က Winter ရင္ဘတ္နားေရာက္လာသည္

Winterမွာ လန့္ၿပီး Karina လက္ကိုေရွာင္ကာ ရိုက္လႊတ္လိုက္သည္

"အတြင္းခံမလိုပါဘူး "

"ကြၽန္မ အတြက္ သူလိုတယ္ ဟုတ္တယ္မလား အခ်စ္ေလး ဒီေတာ့ အတြင္းခံလွလွေလးပါျပေပးပါ..."

Winterကို ၿပဳံးျပၿပီး Karina ေျပာလိုက္သည္

"ဟုတ္ကဲ့ပါ မမေလး Kimအတြက္ လိုအပ္တာအားလုံး ယူလာေပးပါမယ္ အဝတ္လဲအခန္းမွာ ေစာင့္ေပးပါရွင့္ "

"fuck you "

Sarah က ထြက္သြားေသာအခါ Winterမွာ Karinaနားကပ္ကာ က်ိန္ဆဲလိုက္သည္

Karinaကေတာ့ သူမကိုရန္လုပ္ေနတဲ့  ေခြးေပါက္စေလးကို ၾကည့္ၿပီး သေဘာက်လိဳ႕ တခစ္ခစ္ရယ္ေနသည္

"  တို႔ကို မင္းစိတ္ႀကိဳက္ fuckလို႔ရပါတယ္ Minjeong "

"အိမ္မက္မက္မေနနဲ႕ "

"မမက္ပါဘူး တို႔က လက္ေတြ႕ဘဲ သေဘာက်တာ "

Karina ေၾကာင့္ Aeri နဲ႕ Yizhuoကို ေတြ႕လိုက္ရေတာ့ Winter အရမ္းငိုခ်င္မိသြားတယ္ Yizhuo တို႔ကို မေတြ႕ရတာ ဘယ္ေလာက္ၾကာၿပီလည္း

"နင္ ဘယ္တုံးက ျပန္ေရာက္တာလည္း အစကငါ့မယ္ Rinaက ဖုန္းဆက္ေခၚလို႔ အံ့ၾသေနတာ ေနာက္မွ နင္ျပန္ေရာက္ၿပီမို႔လို႔ သူအျပင္သြားေနခ်ိန္ အေဖာ္လုပ္ေပးပါေျပာလို႔ "

Yizhuoမွာ မလွမ္းမကမ္းတြင္ Aeriနဲ႕ စကားေျပာ အလုပ္ရႈပ္ေနတဲ့ Karinaကို မ်က္စပစ္ကာ ေျပာလိုက္သည္

Winterလည္း  Karinaတို႔ကို ႐ုတ္တရက္လွမ္းၾကည့္ၿပီး မ်က္ေမွာင္ၾကဳတ္မိသြားတယ္

Aeriနဲ႕ Karinaက ဘာေတြအေရးႀကီးကိစၥေျပာေနတာလည္း.... သူတို႔ၾကည့္ရတာ အရမ္း အေရးႀကီးေနတဲ့ပုံဘဲ..  ၿပီးေတာ့ Karinaက ႐ုတ္တရက္ ေဒါသထထြက္လာတယ္....ဘာေတြေျပာေနၾကလည္းဆိုတာ Winterမွာ သိခ်င္ေနေပမယ့္ သိလို႔မျဖစ္ဘူးမဟုတ္လား...

Aeriက Karinaရဲ႕ ကိစၥေတြလုပ္ငန္းေတြထဲ ပါဝင္ပတ္သက္ေနတာကို Winter သိသင့္သေလာက္ေတာ့သိသည္

LAနဲ႕ New Yorkမွာ ရွိတဲ့ ကာစီနိုေလာင္းကစားဝိုင္းေတြ ကလပ္နဲ႕ဘား တစ္ဝက္ေလာက္က Karinaနဲ႕ကင္းလြတ္တာမရွိသလို.... ဒီထက္ပိုဆိုးဝါးတဲ့အေမွာင္ဂိုဏ္းေတြမွာလည္း Karinaက နာမည္ႀကီးတယ္ေလ

"သူတို႔ အလုပ္ကိစၥအေၾကာင္းေျပာေနၾကပုံဘဲ "

Yizhuo ကေျပာတယ္

Yizhuoက အခုလိုေနရတာကို ထင္ထားတာထက္ေတာင္ တည္ၿငိမ္ေနတဲ့ပုံေပၚသည္...Yizhuo ဘယ္လိုမ်ား အခုလို ေအးေအးေဆးေဆး ေနနိုင္တာလည္း Winter သိခ်င္မိသည္

ၿပီးေတာ့ Winterသိထားသလိုေရာ သူမသိထားလား ဒါမွမဟုတ္ Winterထက္ ပိုသိထားလား

Aeriက Yizhuoကို Karinaက Winterကို ထားသလိုထားထားမွာဘဲ

Karinaမွာ Aeriနဲ႕ စကားေျပာေနရင္း သူမတို႔ကို မ်က္ေမွာင္ၾကဳတ္ကာၾကည့္ေနတဲ့ Winterကို ၾကည့္မိၿပီး စကားေျပာရာက ရပ္သြားသည္

ထို႔ေနာက္ Winterဆီကို ေလွ်ာက္လာၿပီး Winterရဲ႕ ဆံေကသာေတြကို နမ္းရွိုက္လိုက္သည္

"တို႔ အလုပ္သြားလုပ္ရေတာ့မယ္ "

"ဘယ္သြားမွာလည္း "

"ေဟာ ဘာလို႔လည္း အခ်စ္ေလးက တို႔ကို စိတ္ပူေနတာလား "

"နင္ တကယ္မယုံနိုင္စရာဘဲ "

Winterက Karinaကို စိတ္မပူပါဘူး ဟုတ္ပါတယ္ Winterက Karinကို စိတ္မပူဘူး စိတ္မပူပါဘူး 

"အလုပ္တစ္ခ်ိဳ႕ၿပီးတဲ့အခါ တို႔ျပန္လာေခၚမယ္ ေနာ္ စိတ္မပူဘဲ ဒီမွာဘဲေနပါ "

"စိတ္မပူပါဘူးေနာ္ ငါနင့္ကို ခုထိအျမင္ကတ္ၿပီး မုန္းေနတုံးဘဲ "

"haha တို႔ကေတာ့ မင္းကို အရမ္းခ်စ္ပါသတဲ့ရွင္... တစ္ခုခုလိုအပ္ရင္ Johnတို႔ကိုေခၚလိုက္ သိလား "

"ေသနတ္ေတြကိုင္ၿပီး ေစာင့္ေနတဲ့သူတို႔ကို မလိုခ်င္ဘူး Karina "

"မလိုခ်င္ရေအာင္ မင္းကို တို႔ေ႐ြးခ်ယ္ခိုင္းေနတာမဟုတ္ဘူး "

"Karina နင္ငါ့ကို လာမခ်ဳပ္ခ်ယ္နဲ႕ေနာ္ "

"အို မင္းက တို႔အပိုင္ဘဲေလ ခ်ဳပ္ခ်ယ္မွာေပါ့ ဘာျဖစ္လည္း "

Karinaနဲ႕ Winter ျငင္းခုန္ရင္း Karinaဆီ ဖုန္းဝင္လာလို႔ ဖုန္းေခၚတဲ့သူကို Winter ေက်းဇူးတင္မိသြားတယ္

ဒါေပမယ့္ ဖုန္းကို Winterနဲ႕ခပ္ခြာခြာေနရာကိုသြားၿပီး လ်ိဴ႕ဝွက္စြာ ျပန္ေျဖေနပုံကို Winter သေဘာမက်ေပ

"Aeri...."

Karinaရဲ႕ ေအာ္သံေၾကာင့္ Winter လန့္ၿပီးတုန္သြားသည္

Aeriကလည္း ခ်က္ခ်င္းဘဲ Yizhuoနဲ႕စကားေျပာေနရာကရပ္ၿပီး Karinaဆီေျပးလာသည္

"အေရးႀကီးကိစၥေပၚလာၿပီ ခုသြားမွျဖစ္မယ္ Minjeong လိမ္လိမ္မာမာေနၿပီး စကားနားေထာင္ေနာ္ တို႔အလုပ္ၿပီးတာနဲ႕ ျပန္ခဲ့မယ္... "

Winter ႏႈတ္ခမ္းေလးကို Karinaနမ္းၿပီး Aeriနဲ႕အတူ အနက္ေရာင္ကားတစ္စီးေပၚသို႔ တက္သြားေလသည္

#tbc

Author Coachella ေရာက္ေနလို႔ ဒီေန႕မွ ျပန္ေရာက္တယ္ ဟဲဟဲ 😎


ဒါကေတာ့ အျပင္ပန္းႏူးညံ့ပုံေပၚေပမယ့္ ၾကမ္းတမ္းရက္စက္တတ္တဲ့ ကာစီနို ေလာင္းကစားပြဲအျပင္ တစ္ျခားအရာေတြပါ ပိုင္ဆိုင္ထားတဲ့ မမႏွစ္ေယာက္ပါ

Bạn đang đọc truyện trên: Truyen3h.Co