Truyen3h.Co

Mine

Part 7

KimFany059

#unicode

Karinaနဲ့ Giselleတို့ ထွက်သွားပြီးနောက် Winterမှာ Yizhuoနဲ့အတူ Aeriတို့ အိမ်ထဲဝင်လာသည်

"နင် ဘယ်လိုများ အဆင်ပြေပြေနေနိုင်တာလည်း "

"ဘာကိုလည်း ..."

Winterမေးခွန်းကြောင့် Yizhuo မျက်မှောင်ကြုတ်ကာ မေးလိုက်သည်

"Karinaနဲ့ ပတ်သက်နေတဲ့ Aeriကို နင် စိတ်မပူဘူးလား...Aeriက နင့်ကို အားလုံးပြောပြလား "

"ငါမေးရင်တော့ သူကပြောပြပါတယ် ဒါပေမယ့် ငါကလည်း သူ့အလုပ်အကြောင်း သိပ်မမေးဖြစ်ဘူးလေ ..လာ နင်ဗိုက်ဆာနေမှာပေါ့ "

Winterကို Yizhuoမှာ မီးဖိုခန်ထဲဆွဲခေါ်သွားတယ်

"Karinaက နင့်ကိုအလိုမတူဘဲဲ ပြန်ဆွဲခေါ်လာမှန်း ငါသိပါတယ် ဒါပေမယ့် Karinaက နင့်ကိုချစ်ပါတယ်ဟ...ငါ့ဘဝက လူတစ်ယောက်က တစ်ခြားလူတစ်ယောက်ကို ရူးရူးမူးမူး ချစ်နေတာမျိုး တစ်ခါမှမမြင်ဖူးဘူး "

"ငါတော့ ဒီမှာမနေချင်ဘူး Yizhuo...ပြီးတော့ နင်လည်း ဒီလိုဘဝမျိုးမှာ ဘာလို့ပျော်နေမှန်း ငါစဥ်းစားမရဘူး "

"ငါလား...ဒီလိုဘဝမျိုးမှာ ငါမပျော်ပါဘူး... ဒါပေမယ့် ကမ္ဘာပေါ်မှာ ဒီလိုဘဝမျိုးနေတတ်တဲ့သူကို ချစ်မိနေတော့လည်း ဘယ်တတ်နိုင်မှာလည်း..."

"ဒီတော့ နင်က Karinaနဲ့ တစ်ဖက်တည်းပေါ့ ဟုတ်လား Yizhuo နင်လည်း ငါ ဒီလိုမျိုး ထွက်မသွားသင့်ဘူးလို့ ပြောချင်တာလား..."

Winter စကားကြောင့် Yizhuo သက်ပြင်းချလိုက်သည်

"အယ် အဲ့လိုမျိုး ပြောတာ မဟုတ်ဘူးလေ ....Karinaနဲ့ Aeriက အလုပ်အတူတူလုပ်ပေမယ့် မတူဘူးဟ...Karinaက ပိုအင်အားကြီး သူဒေါသထွက်ရင် ကြောက်ဖို့လည်းကောင်းတယ် ငါသာနင့်နေရာမှာဆိုလည်း ကြောက်မိမှာဘဲ Winter...ဒါနဲ့ သူ နင့်ကို နာကျင်အောင်လုပ်သေးလား  Winter.."

"Yizhuo ငါ အဆင်ပြေပါတယ် "

"အဆင်ပြေလားမေးတာမဟုတ်ဘူး ငါမေးတာက လုပ်လားမလုပ်လား မေးတာလေ "

"Yizhuo...."

"နင့်ကို နာကျင်အောင်လုပ်ရင်တော့ အဲ့ အရူးမကို ငါ့လက်နဲ့သတ်ပစ်မယ်"

Yizhuoရဲ့ စကားကြောင့် Winter သဘောကျပြီး ရယ်လိုက်သည်

"သတ်ပစ်ပေး အနည်းဆုံး သတ်ဖို့ ကြိုးစားပေး...."

"ဒါပေမယ့်လေ နင်သိလား Winter...သူက နင့်ကို ချစ်တယ်ဆိုတာ သူနင့်ကိုဘယ်လိုဆက်ဆံလည်းဆိုတာ ငါမသိပေမယ့် နင်လည်း သူ့ကိုချစ်ခဲ့တယ် မဟုတ်လား "

"မဟုတ်ဘူး သူက ငါ့ Jimin မဟုတ်ဘူး.... Jiminက သူနဲ့မတူဘူး ငါ့ကို နာကျင်အောင်မလုပ်ဘူးရယ် "

Yizhuoမှာ ငိုမဲ့မဲ့ဖြစ်နေတဲ့ သူ့သူငယ်ချင်းကို ဆွဲဖက်လိုက်သည်... ပြီးတော့ သူမနောက်ကျောပေါ် မျက်ရည်တွေ စီးကျလာတာကိုလည်း Yizhuo သတိထားမိတယ်လေ

"Jiminက သူပါဘဲ Winterရယ် သူက သူ့ကိုယ်သူ ဒေါသတွေအထပ်ထပ်နဲ့ ဖုံးလွှမ်းထားတာ အဲ့လိုအလွှာတွေအောက်မှာ သူ့ပုံစံအစစ်ကိုဖုံးကွယ်ပြီး ပုန်းနေခဲ့တာ Winter နင်တစ်ယောက်ကဘဲ သူ့ကိုဆွဲထုတ်နိုင်မှာ..."

"သူ့ဆီကထွက်သွားလို့ ငါ့ကိုသူ စိတ်ဆိုးနေတာ ငါလည်း ငါ့ကိုအတင်းပြန်ခေါ်လို့ သူ့ကိုစိတ်ဆိုးနေတာ ငါတို့နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက် စိတ်ဆိုးနေကြတာ "

"အားလုံးအဆင်ပြေသွားမှာပါ Winterရယ် "

"ငါ ကြောက်တယ် Yizhuo ...."

"Karinaက နင့်ကိုဘယ်လိုရှာတွေ့ခဲ့လည်းသိလား..."

"ဟင့်အင်း "

Karinaတို့ Yu familyက အရမ်းချမ်းသာသည် New Yorkနဲ့LAမှာဆို Karinaတို့နဲ့ကင်းလွတ်တဲ့နေရာ သိပ်မရှိပေ

Winter ငယ်ငယ်က လိမ်မာပြီး အင်နိုးစန့်ကလေးတစ်ယောက်ဖြစ်ပေမယ့် Karinaကတော့ ဆိုးသွမ်းသည်

ဒါကြောင့်လည်း သူတို့နှစ်ယောက် သူငယ်ချင်းဖြစ်လာကြပြီး တစ်ယောက်အပေါ်တစ်ယောက် မှီခိုရင်း ကြီးပျင်းလာခဲ့တယ်လေ... ပြီးတော့ ဆယ်ကျော်သက်အရွယ်မှာ ချစ်ခဲ့ကြသေးတယ်

"ဘောစိဆိုတော့ လူတွေငှားပြီး ရှာခိုင်းတာနေမှာပေါ့ "

"ဟုတ်မယ် "

"ဒီတော့ ဟိုမှာတုံးက နေရတာ ဘယ်လိုလည်း ပြောပါအုံး "

"အန်တီ Hyoyeonက ငါ့ကို သေချာဂရုစိုက်ပေးတယ် အလုပ်လည်းရှာပေးသေးတယ် အဲ့ cafeဆိုင်မှာ စားပွဲထိုးဝင်လုပ်ရင်း တစ်ခါတစ်ခါ သီချင်းလည်း ဝင်ဆိုသေးတယ် ပြီးတော့ ..

" ပြီးတော့ ဘာဖြစ်လည်း "

'Ella... သူ ငါ့ကိုစိတ်ပူနေတော့မယ်"

"Ella..Ellaက ဘယ်သူတုံးဟ "

"သူ..သူက ငါ့ရည်းစားဖြစ်ခဲ့တာပေါ့ ..."

Winterရဲ့ စကားကြောင့် Yizhuo အံ့သြ သွားတယ်

"Yizhuo ငါဘာလုပ်ရမလည်း သူငါ့ကို စိတ်ပူပြီးလိုက်ရှာနေမှာ "

"အကောင်းဆုံးအကြံဥာဏ်ပေးရမယ်ဆိုရင် နင်သူ့ကို မေ့ပစ်လိုက်ပါ Winter..."

"အင်း...အဲ့မှာ ငါအရမ်းပျော်ခဲ့တာ "

"ဒီမှာလည်း နင်ပျော်ရမှာပါ ပျော်မှာပါ Winter ရယ် "

"ပျော်မှာ ဟုတ်လား ဒီမှာ ငါက ဘယ်လိုပျော်ရမှာလည်း Yizhuo...Karinaက ငါ့ကိုလှောင်အိမ်ထဲ ဖမ်းထားတဲ့ တိရစ္ဆာန်တစ်ကောင်လို ဆက်ဆံနေတာလေ ငါ့မှာ လွတ်လပ်မှုမရှိဘူးဟ ငါဒီလိုမျိုးမနေနိုင်ဘူး "

"ဒါဆို ဘယ်လိုနေချင်လည်းပြော "

"ဒီကနေ ထွက်သွားချင်နေပြီ Yizhuo... ငါ အရမ်းထွက်သွားချင်နေပြီ "

Winterရဲ့ အော်ဟစ်သံကြောင့် အပြင်မှာစောင့်နေတဲ့ Johnတို့ ပြေးဝင်လာကြသည်

"ဘာဖြစ်တာလည်း "

"ဘာမှမဖြစ်ဘူး John "

Yizhuoက ကာပြောပေမယ့် Winterကတော့ ခေါင်းခါပြီး ဆက်အော်သည်

"ငါ အဆင်မပြေဘူး John ငါ ဒီကနေ ထွက်ပြေးချင်နေပြီ ချီးဘဲ "

"ငါ Karinaကို ဖုန်းဆက်ခေါ်လိုက်မယ် "

Johnမှာ ပြောပြီး အိမ်ထဲက ထွက်လာသည်

****

Winter မျက်လုံးဖွင့်ကြည့်လိုက်တော့ Karina အခန်းထဲဲ ပြန်ရောက်နေတာ တွေ့ရသည်

Karinaကတော့ laptop တစ်လုံးနဲ့ အလုပ်များနေလေရဲ့

Yizhuo အိမ်မှာ စကားပြောရင်း စိတ်ဖောက်သွားတာကို Winterမှတ်မိသည်

ပြီးတော့ စိတ်ငြိမ်ဖို့ ချော့နေတဲ့ Yizhuo လက်မောင်းပေါ် အိပ်ပျော်သွားတာရောလေ

"အိုး ကလေးလေး နိုးလာပြီဘဲ မင်းရဲ့ anxiety နဲ့ပတ်သက်တဲ့ ဆေးတွေရော ဘယ်မှာလည်း တို့ရှာမတွေ့လို့ "

Karinaမှာ laptopကို ပိတ်ပြီး စာရေးစာပွဲခုံပေါ်တင်လိုက်သည်

Winterမှာ ဘာမှပြန်မဖြေဘဲ တိတ်ဆိတ်နေသည်

"Minjeong....မင်းရဲ့ဆေးတွေ ဘယ်မှာလည်းဆိုတာ တို့ကိုပြောလို့....Yizhuoက ပြောတယ် မင်းမှာ anxiety attack ရှိတယ်တဲ့ ဆေးသောက်မှဖြစ်မယ် "

"မသောက်ချင်ဘူး အဲ့ဆေးတွေသောက်တာကို ရပ်လိုက်ပြီ "

"ဘာလို့လည်း ဆေးသောက်မှဖြစ်မှာကို "

"ဘာလို့လည်းဆိုတော့ ငါကြောက်လို့ အဲ့ဆေးတွေဝယ်ဖို့ ဆရာဝန်ဆီ ညွှန်ကြားချက်သွားယူရင် နင်ရှာတွေ့သွားမှာဆိုးလို့ လေးနှစ်လုံး ငါမသောက်ဘဲနေခဲ့တာ သိလား ငါဘယ်လိုပုန်းနေနေ အီးဟီးဟီး နောက်ဆုံး နင်ရှာတွေ့သွားတာဘဲ "

ကလေးတစ်​ယောက်လို စကားပြောပြီး ငိုနေတဲ့ Winterကို Karina ဒီအတိုင်းသာရပ်ကြည့်နေမိသည်

****

Winter အိပ်ပျော်သွားပြီး နိုးလာတော့ သူမက Karina လက်မောင်းကိုခေါင်းအုံးပြီး အိပ်နေတာကို သိလိုက်ရသည်

Winter သက်ပြင်းချပြီး အိပ်ရာကထတော့ Karinaမှာ သူမကို လှမ်းဆွဲသည်

"ဘယ်သွားမလို့လည်း "

အိပ်ချင်မူးတူးဖြစ်နေတဲ့ Karinaအသံလေးက ဆွဲဆောင်မှုရှိတာကိုတော့ Winter ဝန်မခံချင်ပေမယ့် ဝန်ခံရပေသည်

"ဧည့်ခန်းထဲ သွားအိပ်မလို့ "

"မသွားရပါဘူး"

"Karina နင်နဲ့ငါက ရည်းစားတွေမဟုတ်တော့ဘူးလေ "

"နှစ် ဘယ်လောက်ကြာကြာ မင်းက တို့အပိုင်ဘဲ.."

"ပေါက်တတ်ကရမပြောစမ်းနဲ့ "

"ဒါဆို တို့နဲ့အတူတူအိပ်ပေး "

"ငါ့ကိုလွှတ် Karina..."

Karinaက သူမကို မလွှတ်ပေးတာကို Winterမအံ့သြပေ Karinaဆိုတဲ့ အမျိုးသမီးက ဘယ်သူ့အမိန့်ကိုမှ မနာခံဘူး ဟင့်အင်း မဟုတ်ဘူး သူ့ကိုဘယ်သူမှ အမိန့်မပေးရဲဘူးလေ

"မလွှတ်ဘူး "

Winterကို ဖက်ထားရုံသာမက ခြေထောက်နဲ့ပါခွထားပြီး Karina ပြောလိုက်သည်

"မင်း ထားသွားတဲ့ လေးနှစ်တွင်းမှာ တစ်ခါမှ ကောင်းကောင်းမအိပ်ရသေးလို့....မိနစ်အနည်းငယ်လောက်ဘဲ အတူထပ်အိပ်ပေးပါအုံး အချစ်ရယ်.... "

Winterမှာ အငြိမ်မနေဘဲ ရုန်းကန်နေသည်

"Minjeong ငြိမ်ငြိမ်နေ "

"ငါ့ကို အမိန့်မပေးနဲ့ "

"မအိပ်ချင်ဘူးဆိုရင် တို့တွေ တစ်ခုခုလုပ်ကြမလား Minjeong "

Karinaကပြောပြီး Winterရဲ့ လည်ပင်းကို နှာခေါင်းလေးနဲ့ တို့ထိပြီး နမ်းလိုက်သည်

"ပြောပါအုံး Minjeong တို့နဲ့ပတ်သက်ပြီး Wet dreamတွေ မက်သေးလား "

"ဒါပေါ့ မက်တယ် အိမ်မက်ထဲမှာ ငါက နင့်ကို ပင်လယ်ထဲတွန်းချပစ်လိုက်တာ ...အဲ့မှာ ဝေလငါးကနင့်ကို မျိုချလိုက်တယ်တဲ့ တကယ့် ပျော်စရာကောင်းတဲ့ ရေတွေစိုရွှဲတဲ့အိမ်မက်ဘဲ "

"နင်က ဟာသတွေ​ပြောတတ်တာဘဲ..."

"ဟာသပြောတာ မဟုတ်ဘူး အမြင်ကတ်နေတာ တကယ် "

"တကယ် အမြင်ကတ်နေတာလား ဒါဆို Cum for me baby girl "

Karinaမှာ အိပ်နေရာကထပြီး Winterပေါ်တက်ခွသည်

Winter ဘယ်လောက်ဘဲရုန်းရုန်း နောက်ဆုံး Karina လိုချင်တာပေးရစမြဲ မဟုတ်လား

Winter ရေချိုးပြီးထွက်လာတော့ Karinaက သူမကို ပြုံးပြနေသည်

"မင်းအကြိုက်ဆုံးမနက်စာ တို့ပြင်ပေးထားတယ် "

Winterမှာ ဘာမှပြန်မပြောဘဲ ရေခဲသေတ္တာထဲက ရေဘူးကိုထုတ်ယူလိုက်သည်

"Minjeong တို့ လျစ်လျူရှုခံရတာမျိုး မကြိုက်ဘူးနော် "

"Yizhuoနဲ့တွေ့ချင်တယ်  .."

"ဟင့်အင်း   "

"သူနဲ့မတွေ့ရဘူးဆိုရင်လည်း ငါ့ကို လူလို လူတစ်ယောက်လို ဆက်ဆံပေးပါ့လား "

"ကောင်းပြီ Yizhuoနဲ့သွားတွေ့....Johnတို့ကို ထည့်ပေးလိုက်မယ် ဒါပေမယ့် ထပ်ပြီး ထွက်ပြေးမယ် မကြံနဲ့ မင်းထပ်ပြီး ထွက်ပြေးလို့ကတော့ မင်းဆီက အရာအားလုံးကို တို့ဆွဲယူပြီး မင်းကို ငရဲပို့ပစ်မယ် ​ကြားလား "

Karinaရဲ့ ဒေါသသံကြောင့် Winter လန့်ပြီးတုန်သွားတယ်

"တို့ပြောနေတာ ကြားလား Minjeong "

"ကြား ကြားပါတယ် "

"Good girl "

Winterရဲ့ မေးစေ့ကို ခွေးတစ်ကောင်လိုပွတ်ပေးပြီး Karina ထွက်သွားသည်

#zawgyi



"ဘာကိုလည်း ..."





"Karinaက နင့်ကိုအလိုမတူဘဲ ပြန်ဆွဲခေါ်လာမှန်း ငါသိပါတယ် ဒါပေမယ့် Karinaက နင့်ကိုချစ်ပါတယ်ဟ...ငါ့ဘဝက လူတစ်ယောက်က တစ်ခြားလူတစ်ယောက်ကို ရူးရူးမူးမူး ချစ်နေတာမျိုး တစ်ခါမှမမြင်ဖူးဘူး "








"Yizhuo...."










"ငါ ကြောက်တယ် Yizhuo ...."


"ဟင့်အင်း "





"ဟုတ်မယ် "



" ပြီးတော့ ဘာဖြစ်လည်း "


"Ella..Ellaက ဘယ်သူတုံးဟ "







"ပျော်မှာ ဟုတ်လား ဒီမှာ ငါက ဘယ်လိုပျော်ရမှာလည်း Yizhuo...Karinaက ငါ့ကိုလှောင်အိမ်ထဲ ဖမ်းထားတဲ့ တိရစ်ဆာန်တစ်ကောင်လို ဆက်ဆံနေတာလေ ငါ့မှာ လွတ်လပ်မှုမရှိဘူးဟ ငါဒီလိုမျိုးမနေနိုင်ဘူး "




"ဘာဖြစ်တာလည်း "

"ဘာမှမဖြစ်ဘူး John "





****

Winter မျက်လုံးဖွင့်ကြည့်လိုက်တော့ Karina အခန်းထဲ ပြန်ရောက်နေတာ တွေ့ရသည်












****



"ဘယ်သွားမလို့လည်း "



"မသွားရပါဘူး"





"ငါ့ကိုလွှတ် Karina..."


"မလွှတ်ဘူး "





"ငါ့ကို အမိန့်မပေးနဲ့ "















"ဟင့်အင်း   "





"ကြား ကြားပါတယ် "

"Good girl "


Bạn đang đọc truyện trên: Truyen3h.Co