Truyen3h.Co

Mine

Part 8

KimFany059

Yizhuoမှာ Winterရဲ့ လက်ကို ကိုင်ပြီး Mallထဲတွင် လျှောက်ပတ်နေသည်

Winterမှာတော့ Karinaကို ဖုန်းဆက်ပြောရုံနဲ့ Karinaက သူမကို အပြင်ထွက်ဖို့ ချက်ချင်း ခွင့်ပြုလိုက်သောကြောင့် အံ့သြနေသည်

ထို့အပြင် အပြင်ထွက်ဖို့ ကလေးတစ်ယောက်လို Karinaဆီက တစ်ကူးတစ်က ခွင့်တောင်းနေရလို့လည်း Winter စိတ်တိုမိသည်

ဘယ်လိုလုပ်လုပ် Winterက ထွက်ပြေးလို့မရပါဘူး Johnနဲ့ Mikeက သူမတို့ကို သမ္မတလို ဘေးနားကနေ လိုက်စောင့်ရှောက်နေလို့လေ

"Win...Yuဆီက Freedom လုပ်ချင်တယ်ဆိုရင်တော့ နင် sexyကျကျ ဝတ်ပြီး သူ့ကို မြူဆွယ်မှဖြစ်မယ် "

Yizhuoမှာ Winterလက်ကို ဆွဲခေါ်ပြီး အဝတ်အစားဆိုင်ထဲ ဝင်သွားသည်

Yizhuo စကားကြောင့် Winter မျက်မှောင်ကြုတ်သွားတယ် ပြီးတော့ Mikeနဲ့ Johnကို တစ်ချက်လှည့်ကြည့်လိုက်သည်

"နင် အဲ့လိုပြောတာရပ်တော့ Yizhuo...သူတို့နှစ်​ယောက်က Karinaကို အကုန်ပြန်ပြောကြမှဟ "

Yizhuoမှာ Winterစကားကြောင့် Winterအတွက် sexyကျစေတဲ့ အဝတ်အစားတွေ ရွေးရင်း Johnတို့ကို ကြည့်လိုက်သည်

"စိတ်လျော့စမ်းပါအေ Karinaလို အလုပ်ရှုပ်နေတဲ့သူက ငါတို့အတင်းအုပ်နေတာကို အာရုံစိုက်နိုင်မလား ဟုတ်တယ်မလား ကောင်လေးတို့ "

သို့သော်လည်း Johnတို့မှာ Yizhuoစကားကို အဖြေပြန်မပေးပေ

"Karinaကတကယ်ဘဲ သူတို့ကို ခွေးတွေကို လေ့ကျင့်ပေးသလို လေ့ကျင့်ပေးထားတာဘဲ ..."

Yizhuoမှာ မကျေမနပ်ဖြစ်ကာ တိုးတိုးလေးပြောလိုက်သည်

"ဒါနဲ့ ရှင်တို့နှစ်ယောက် ကျွန်မတို့အဝတ်အစားရွေးနေချိန် တစ်ခုခုသွားစားလို့ရပါတယ်နော် "

"ကျွန်တော်တို့က Winterကို မျက်စိအောက်ကပျောက်ခံလို့မရပါဘူး Yizhuo "

Mikeကပြောပြီး Winterကိုကြည့်လိုက်သည်

"အိုး သူကဘယ်မှထွက်မပြေးပါဘူး "

"Miss Karinaက သူ့ကိုမယုံလို့ပါ "

Mike စကားကြောင့် Johnမှာ Mikeကို အကြည့်နဲ့ သတိလှမ်းပေးလိုက်သည်

Mikeက မပြောသင့်တဲ့စကား မပြောရမယ့်စကားကို ပြောလိုက်တာဘဲ 

Winterကတော့ မအံ့သြတော့ဘူးလေ.... Karinaက သူမကို မယုံဘူးဆိုတာ သိတယ်လေ....ဒါပေမယ့် စိတ်တော့ဆိုးမိသည်

"တောင်း တောင်းပန်ပါတယ် ခင်ဗျာ့ "

Mikeမှာ ချောင်းဟန့်ပြီး Winterကို ဦးညွှတ်ကာ တောင်းပန်စကားဆိုလိုက်သည်

"Oh ရပါတယ် တောင်းပန်စရာမလိုပါဘူး John တို့လည်း မအံ့သြတော့ပါဘူး "

Winterက ရပါတယ်ပြောပေမယ့် မျက်နှာမှာတော့ ဒေါသထွက်နေပုံပေါ်နေတာ Yizhuoသိတယ်လေ

ဒါကြောင့်မို့လို့ ဒီလိုအဆင်မပြေတဲ့အခြေအနေမဖြစ်အောင် Winterလက်ထဲ အဝတ်အစားတွေထိုးထည့်ပြီး အဝတ်လဲခန်းထဲ တွန်းပို့လေသည်

"Win ဒါလေးဝတ်ကြည့် "

Winterမှာ အဝတ်လဲခန်းထဲက ထွက်လာပြီး Yizhuoကို ရန်လုပ်ပါလေသည်

"Yizhuo ဒါကြီး ငါမဝတ်တတ်ဘူး.... အဝတ်အစားမပါသလို ခံစားရတယ် "

"Win နင်က သောက်ရမ်း hotတယ် မိုက်တယ်ဟ "

"Yizhuo ငါ...Karinaကို ဆွဲဆောင်မှာ မဟုတ်ဘူးနော် ငါသူ့ကိုမုန်းတယ် "

"မုန်းတယ် မုန်းတယ်နဲ့ တကယ်ဘဲ Winter နင်က သူ့ကိုမုန်းတာ မဟုတ်ပါဘူး စိတ်တိုနေတာပါဟာ မုန်းတာနဲ့ စိတ်တိုတာမတူဘူး "

"Yizhuo ငါက နင်နဲ့တွေ့ချင်လို့ သူ့ကိုမနည်းခွင့်တောင်းပြီး ထွက်လာတာကို အခုသူ့အကြောင်းဘဲ ပြောနေရပြန်ပြီ "

"Oh တောင်းပန်ပါတယ်.... အဲ့အကြောင်း မေ့ထားလိုက်တော့ အခု နင်ဘာလုပ်ချင်လည်းပြော ငါတို့အကုန်လုပ်ကြမယ်လေ "

"Basketballဆော့ချင်တယ် ..."

"Publicမှာတော့ ဆော့လို့မရဘူးနော် အရမ်းအန္တရာယ်များတယ် "

"ဘာလို့လည်း ဘာလို့ အန္တရာယ်များရတာလည်း အရင်ကလည်း ငါတို့ဆော့နေကြဘဲကို..."

"အင်းလေ Karina ဟိုအလုပ်ကို လက်ပြောင်းမယူခင်အထိလေ... Karinaမှာ ရန်သူတွေအများကြီးဘဲ ဒါကြောင့် ငါတို့လူအုပ်ထဲ သွားဖို့ကြ မလုံခြုံဘူး ငါတို့ကလွယ်ကူတဲ့ပစ်မှတ်ဖြစ်လိမ့်မယ် "

Yizhuoစကားကြောင့် Winterမှာ သက်ပြင်းချပြီး အဝတ်လဲခန်းထဲ ပြန်ဝင်သွားသည်

ခဏကြာတော့ အဝတ်အစားလဲပြီး ပြန်ထွက်လာသည် သို့သော် Yizhuoဆီမလာဘဲ ဆိုင်အပြင်ဘက်ကို ထွက်သွားသောကြောင့် Yizhuoအနောက်က လိုက်ရလေသည်

"Win နင်သိသားနဲ့ "

"မသိဘူး ငါတကယ်မသိဘူး "

Johnတို့က​လည်း ဘေးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ကာ Winterတို့နောက် လိုက်သွားလေသည်

"Winter လာစမ်းပါ နင်ကတကယ်ဘဲ နင် သူ့ဆီကမထွက်သွားခင်က ခက်ခဲတဲ့ဘဝလို ပြုမူနေတာဘဲ နင့်မိဘတွေ..."

"Yizhuo တော်လိုက်တော့ ..."

Yizhuo စကားကြောင့် Winterမှာ ရပ်ပြီးရန်လုပ်လိုက်သည်

"ငါက ဒီတိုင်းပြောရုံပါ "

"ငါ့မိဘတွေက လူကောင်းတွေ ..သူတို့ကကောင်းတဲ့လူတွေပါ "

"ငါ သိပါတယ် Win "

"ဒါကြောင့်မို့လို့ သူတို့ကို Karinaနဲ့မယှဥ်မနှိုင်းပါနဲ့..."

Winterမှာပြောပြီး ကားပါကင်သို့ဆက်သွားသည်

"Karinaကိုလည်း နင်အပြစ်ပြောလို့မရဘူးလေ "

Yizhuo စကားကြောင့် Winter​ခြေလှမ်းတွေ ရပ်သွားတယ်

"ငါ့မိဘတွေ သေတာနဲ့ပတ်သက်ပြီး Karinaကို ငါ အပြစ်တင်တယ်ထင်နေတာလား Yizhuo "

"နင် Karinaကိုထားသွားတုန်းက သူအဲ့လိုတွေးနေမှာဘဲ သူကတော့ အဲ့လိုကြောင့်ဆိုပြီး ယူဆခဲ့တာဘဲ ..."

"ငါ့မိဘတွေ သေတာနဲ့ပတ်သက်ပြီး ငါ တစ်ခါမှ Karina ကို အပြစ်မတင်ခဲ့ဖူးဘူး တွေးတောင်မတွေးကြည့်ခဲ့ဘူး Yizhuo....ငါဘာလို့ သူ့ကိုထားသွားလည်း နင်သိလား ငါအကြောင်းပြချက်မရှိဘဲ ထားမသွားဘူး"

"ငါ သိပါပြီ.. နင် Karinaကိုလည်း နားလည်အောင် သေချာပြောပြကြည့်သင့်တယ် "

"ဘာ သူ့ကိုသေချာပြောရမယ် ဟုတ်လား ငါပြောလိုက်ရုံနဲ့ သူကငါ့ကိုလွှတ်ပေးမယ်လို့ နင်ထင်နေတာလား....Fever dreamဘဲ Yizhuo "

"မဟုတ်ဘူးလေ ဒါဆို သူနည်းနည်းနားလည်ပြီး ဒေါသတွေလည်းလျော့သွားမယ် နင်လည်း အများကြီး မခံစားရတော့ဘူးပေါ့ "

"ငါအများကြီး ခံစားပြီးပါပြီ Yizhuo "

"ငါ့မိဘတွေက ဘာလို့ အလုပ်ကိစ္စဆိုပြီး ခဏခဏခရီးထွက်နေကြတာလည်း "

ရှုခင်းကြည့်ဖို့ အဆောက်အအုံငယ်လေးထဲတွင် Karinaတို့ ထိုင်နေကြသည်

Winter ကတော့ Karinaရဲ့ ပေါင်ပေါ်တွင် ထိုင်နေသည်

"အလုပ်ကိစ္စကြောင့်ပေါ့ "

Karinaရဲ့ အဖြေကို Winter သဘောမကျသောကြောင့် နှုတ်ခမ်းထော်သွားသည်

Karinaကလည်း Winter နှုတ်ခမ်းထော်သွားတာကို ချက်ချင်းသိသည်

"အဲ့တာက ဘာဖြစ်လို့လည်း မင်းမှာတို့ရှိနေတာဘဲလေ Minjeongရ "

"Jimin...ငါပြောချင်တာနဲ့ မတူဘူးဆိုတာ နင်သိပါတယ် "

"မသိဘူးလေ.... "

Winterမှာ Karinaပေါင်ပေါ်ခွထိုင်ထားပြီး Karinaရဲ့ လည်ပင်းက Karina ဆယ့်ရှစ်နှစ်ပြည့်တုန်းက သူမကိုယ်တိုင် ဝယ်ပေးထားတဲ့ဆွဲကြိုးလေးကို ကိုင်လိုက်သည်

"နင့်မိဘတွေ နင့်အနားထပ်ရှိပါစေလို့ မဆုတောင်းဘူးလား..."

"ဟင့်အင်း မဆုတောင်းပါဘူး "

"တကယ်လား ငါကတော့ အန်တီနဲ့အန်ကယ်ကိုချစ်တယ် "

"ဒါပေါ့ ချစ်ရမှာပေါ့ သူတို့က မင်းအပေါ်ကောင်းတာကိုး"

"ဒါဆို သူတို့က နင့်အပေါ်ကျ မကောင်းလို့လား "

"အာ ဘယ်လိုပြောရမလည်း "

"ဘာဖြစ်ဖြစ် သူတို့ကိုလည်း နင်ချစ်တာဘဲကို "

"ဒါပေါ့လေ "

"ငါကတော့လေ ငါ့လာမယ်မွေးနေ့မှာ သူတို့ကိုရှိစေချင်ရုံလေးပါ အရင်နှစ်တွေကလို မဖြစ်ဖို့ မျှော်လင့်တာဘဲ "

"ဖြစ်လာမှာပေါ့ "

"နင်ကလည်း ငါ့ဘေးမှာဘဲ ရှိနေပေးမယ် မဟုတ်လား "

"မင်းရဲ့ဘေးနားမှာ တို့အမြဲရှိနေမှာပါ Minjeong "

"ဒါနဲ့ Taeyeonလည်း ပြန်လာမယ်မဟုတ်လား"

"နေပါအုံး မင်းရဲ့မွေးနေ့မှာ Taeyeon ပြန်လာမလာကို ဘာလို့ ဂရုစိုက်နေတာလည်း "

Karina သဝန်တိုနေတဲ့ လေသံနဲ့မေးလိုက်သည်

"ဘာလို့လည်းဆိုတော့ သူ့ကိုချစ်လို့ပေါ့ "

"Minjeong "

"ကဲ Jiminကတော့ Taeyeonက နင့်အမလေဟယ် ငါကလည်း Taeyeonကို ငါ့အမတစ်ယောက်လိုဘဲ သဘောထားပြီး ချစ်တာ ဟုတ်ပြီလား လျှောက်ပြီး သဝ​န်တိုမနေနဲ့ "

"မသိဘူးကွာ တို့ကလွဲပြီး မင်းဘယ်သူ့ကိုမှ မချစ်ရဘူး Minjeong "

Winterမှာ Karinaမျက်နှာနားလေးသို့ကပ်ကာ

"ငါက နင့်အပိုင်လေ Jiminရ ငါ့ကို နင့်ဆီကနေ ဘယ်သူမှ လုယူလို့မရဘူး " လို့ ပြောပြီး Karina နဖူးကို လက်နဲ့တောက်လိုက်သည်

ထို့နောက် Karinaပေါ်က ဆင်းကာ Winter ထွက်ပြေးသွားသည်

"Minjeong လာစမ်း မင်းကိုလည်းတို့ပြန်လုပ်မယ် "

"Jimin ငါကစတာလေဟာ "

Winter သူမနောက်လိုက်လာတဲ့Jiminကို ကြည့်ပြီး သဘောကျလို့ တခစ်ခစ်ရယ်ကာ ပြေးလေသည်

Winter အိမ်မက်ကနိုးလာတော့ Karinaရဲ့ အိမ်က ဧည့်သည်တွေနေဖို့ထားတဲ့ အခန်းထဲမှာဘဲ ရှိနေသေးမှန်း သိလိုက်ရသည်

ဒီအခန်းလေးက Karinaနဲ့သူမ ညတိုင်းအတူအိပ်တဲ့အခန်းထက် တော်တော်လေးကျဥ်းသည်

အိမ်မက်မက်ခဲ့တဲ့ အရင်ကအကြောင်းတွေကြောင့် Winter မှာ မိဘတွေနဲ့အမရယ် Jimin...Jiminကို သတိရမိသည်

ပရိဘောဂတောင်မရှိတဲ့ အခန်းငယ်လေးထဲမှာ အထီးကျန်ပြီးပျောက်ဆုံးနေသလို Winter ခံစားရသည် ....

အရင်ကအကြောင်းတွေ ပြန်တွေးရင်း Winter မျက်ရည်ကျလာသည်

"Minjeong... "

အခန်းထဲဝင်လာတဲ့ Karinaကြောင့် Winter တစ်ဖက်ကိုချက်ချင်းလှည့်လိုက်သည်

သို့သော်လည်း Karinaက သူမလှည့်တဲ့ဘက်ကို ရောက်လာပြီး ဆောင့်ကြောင့်ထိုင်လိုက်သည်

"ထွက်သွား "

"ဘာလို့ ဒီမှာရှိနေတာလည်း ကလေးရ..."

Karinaရဲ့ မေးခွန်းကို Winter ပြန်မဖြေပေ

"Johnက​ပြောတယ် မင်းနဲ့ Yizhuo ရန်ဖြစ်ခဲ့ကြတယ်တဲ့"

"ငါလုပ်သမျှ အရာအားလုံး Mikeနဲ့Johnက နင့်ကိုပြောပြနေမှာလား "

"ဒါပေါ့ "

"မယုံနိုင်စရာဘဲ "

"ဒါကြောင့် မင်းငိုနေတာလား Yizhuoနဲ့ ရန်ဖြစ်လို့လေ "

"အဲ့တာကြောင့် မဟုတ်ပါဘူး "

"ဒါဆို ဘာကြောင့် ငိုနေတာလည်း "

"ငါ ပင်ပန်းနေပြီ "

"ဒါဆိုလည်း အခန်းထဲ သွားအိပ်ကြရအောင်လေ လာ အချစ်ကလေး တို့ကျောပေါ်တက်လိုက် "

"ဟင့်အင်း ငါဒီမှာဘဲ အိပ်မှာ... "

"Minjeong "

ဟိုဘက်ကိုလှည့်သွားတဲ့ Winterကြောင့် Karina ကုတင်ပေါ်သို့တက်လိုက်သည်

"ငါ့မှာ  ဘယ်သူမှမရှိတော့သလို ခံစားရတယ် "

Karinaမှာ ချက်ချင်းဘဲ Winterကိုဆွဲထူကာ သူမပေါင်ပေါ်ထိုင်ခိုင်းလိုက်သည်

"မင်းမှာ တို့ရှိတယ်လေ Minjeong တို့အမြဲတမ်း မင်းဘေးနားမှာ ရှိနေတာဘဲ "

"ဟင့်အင်း ငါ့မှာ နင်မရှိတော့ဘူး"

"ရော် ရှိပါတယ်ဆို "

Winterမှာ ဘာမှဆက်မပြောဘဲ အော်ငိုတော့ Karinaမှာ Winterကို တင်းတင်းကြပ်ကြပ်ဖက်ထားလေသည်

"ငါ့မိသားစုကိုလွမ်းတယ် ပြီးတော့ ငါ့ရဲ့ Jiminလေးကိုလည်း လွမ်းတယ် "

Winterကို Karina ဘယ်လိုနှစ်သိမ့်ပေးရမလည်း သူချစ်ခဲ့ဖူးတဲ့ အားနည်းတဲ့ Jiminက အခု သန်မာနေတဲ့ Karinaဆိုတာ Winterကို ဘယ်လိုရှင်းပြရမလည်း

"ဟင့်အင်း နင်မဟုတ်ဘူး Jiminက နင်မဟုတ်တော့ဘူး"

Winterပြောပြီး Karinaရဲ့ ရင်ခွင်ထဲ ဆက်ငိုနေသည် Karinaကတော့ ဘာမှမပြောတော့ဘဲ Winterရဲ့ နောက်ကျောလေးကိုဘဲ ဖွဖွလေးပုတ်ပေးလိုက်သည်

Karinaရဲ့ရင်ခွင်ထဲ Winter အတော်အတန်ကြာငိုပြီးနောက်  Karina လည်ပင်းမှာ သူမလက်ဆောင်ပေးထားတဲ့ ဆွဲကြိုးလေးဝတ်ထားသေးတာကို Winter တွေ့လိုက်သည်

"Yizhuoက ပြောတယ် ငါ့မိဘတွေသေတာ နင့်ကြောင့်ဆိုပြီး ငါက နင့်ကို အပြစ်တင်တယ်လို့ နင်ကတွေးနေတာတဲ့.. တကယ်တော့... ငါနင့်ကိုတစ်ခါမှ အပြစ်မတင်ဖူးပါဘူး "

"ဒါဆို ဘာလို့ထွက်ပြေးတာလည်း "

"ဘာလို့ဆို ငါ​ကြောက်နေလို့ "

"တို့ကိုလား "

"နင် အမျိုးသားတစ်ယောက်ကို နှိပ်စက်နေတာ ငါတွေ့ခဲ့တယ် Karina...ငါ အဲ့တာမြင်ပြီး ကြောက်သင့်တယ်မထင်ဘူးလား "

Winter စကားကြောင့် Karina မျက်မှောင်ကြုတ်သွားတယ်

"သူနဲ့ထိုက်တန်လို့လေ.."

"နင်ဘယ်လိုများပြောနိုင်တာလည်း..."

"ဒီတော့ မင်းမိဘသေဆုံးမှုက တို့ကြောင့်မဟုတ်ဘူးလို့ အပြစ်တင်ပြီး ထွက်သွားတာမဟုတ်ဘဲ ဒီကိစ္စလေးကြောင့် ထွက်သွားရတာပေါ့ ဟုတ်လား "

Winterဆီက တုံ့ပြန်မှုကို Karinaမရပေ

"အနည်းဆုံး မင်းတို့ကို မေးသင့်တယ်လေ ဘာလို့ အဲ့လူကို နှိပ်စက်ရတာလည်းဆိုတာ "

"နင်က မကောင်းဆိုးဝါးဘဲ Karina...."

Winterရဲ့ စကားကြောင့် သူမပေါင်ပေါ်က Winterကို Karina ဆောင့်တွန်းလိုက်သည်

"တို့ကို မကောင်းဆိုးဝါးလို့ ထင်တယ်ပေါ့ ဟုတ်လား တို့ဘာကြောင့်လုပ်ခဲ့လည်းဆိုတာ ပြောရမလား "

"..."

"ဒါမှမဟုတ် မင်းက အကုန်မြင်ပြီးပြီဆိုပြီး တို့ကိုမကောင်းဆိုးဝါးလို့ ပြောရင် တို့မင်းကို အပြစ်တင်တယ် Minjeong "

"Bullshit "

"မင်းမိဘတွေ သေသွားတုန်းက တုန်လှုပ်ခြောက်ခြားနေတဲ့ မင်းကို ကြည့်ပြီး တို့အရမ်းနာကျင်ခဲ့တာ ဘယ်လိုလုပ်ပေးရမလည်းတို့မသိဘူး မင်းကိုအဆင်ပြေအောင် ဘယ်လိုလုပ်ပေးရမလည်း မသိဘူး တို့အရမ်းစိတ်တွေပူပြီး တို့ကိုယ်တို့ အသုံးမကျသလိုခံစားလာခဲ့ရတယ်...ပြီးတော့ မင်းရဲ့မိဘတွေကို လုပ်ကြံတဲ့သူတွေက နောက်ထပ် မင်းကို ပစ်မှတ်ထားမှာ တို့ကြောက်ခဲ့တယ် ဒါကြောင့်မို့လို့ အဲ့ခွေးမသားတွေကို တို့လိုက်ရှာခဲ့တယ် ရှာတွေ့ပြီးတော့ မင်းမိဘတွေကို မင်းဆီကခေါ်သွားခဲ့လို့ သတ်ပစ်ခဲ့လို့ သူတို့ကိုတစ်ဖန် ပြန်နှိပ်စက်ပြီး မင်းကို ဘာအန္တရာယ်မှ မပေးနိုင်အောင် သတ်ပစ်ခဲ့တာ သိလား Minjeong မင်းကို သေးသေးလေးတောင် အပွန်းပဲ့မခံနိုင်လို့ တို့လက်ဘဲ သွေးစွန်းအောင်လုပ်ခဲ့တာပါကွာ "

Karina မျက်ဝန်းထဲက မျက်ရည်တွေကို Winter မြင်နေရသည်

"မင်း တို့ကို မကောင်းတဲ့သူလို့ထင်တယ်ဆိုရင် မင်းထွက်သွားခဲ့တဲ့ လေးနှစ်လုံး တို့ဘယ်လိုနေခဲ့အသက်ရှင်ခဲ့ရလည်း တွေးကြည့်ဖူးလား မင်းကို အန္တရာယ် ပေးချင်တဲ့ ခွေးမသားတွေက မင်းကိုဖမ်းခေါ်သွားလားဆိုပြီး တို့အကုန်လိုက်ရှာပြီး သတ်ပစ်ခဲ့တာ..တို့က အရူးလို ဖြစ်နေခဲ့ချိန် မင်းကတော့ ဘဝအသစ်ပြန်စပြီး​ ပျော်နေခဲ့တာ... တို့ သစ္စာဖောက်ခံရသလို ခံစားရပြီး ဒေါသထွက်တယ် Minjeong မင်းက ဘာလို့ တို့အပေါ် ဒီလိုလုပ်ရက်တာလည်း ကတိတွေပေးခဲ့ပြီး ဒီလိုလွယ်လွယ်နဲ့ ဖောက်ဖျက်နိုင်ရတာလည်း...မင်းကအရင် တို့ကို နာကျင်အောင်လုပ်ခဲ့တာပါ..  "

#Tbc

#zawgyi

Yizhuoမွာ Winterရဲ႕ လက္ကို ကိုင္ၿပီး Mallထဲတြင္ ေလွ်ာက္ပတ္ေနသည္

Winterမွာေတာ့ Karinaကို ဖုန္းဆက္ေျပာ႐ုံနဲ႕ Karinaက သူမကို အျပင္ထြက္ဖို႔ ခ်က္ခ်င္း ခြင့္ျပဳလိုက္ေသာေၾကာင့္ အံ့ၾသေနသည္

ထို႔အျပင္ အျပင္ထြက္ဖို႔ ကေလးတစ္ေယာက္လို Karinaဆီက တစ္ကူးတစ္က ခြင့္ေတာင္းေနရလို႔လည္း Winter စိတ္တိုမိသည္

ဘယ္လိုလုပ္လုပ္ Winterက ထြက္ေျပးလို႔မရပါဘူး Johnနဲ႕ Mikeက သူမတို႔ကို သမၼတလို ေဘးနားကေန လိုက္ေစာင့္ေရွာက္ေနလို႔ေလ

"Win...Yuဆီက Freedom လုပ္ခ်င္တယ္ဆိုရင္ေတာ့ နင္ sexyက်က် ဝတ္ၿပီး သူ႕ကို ျမဴဆြယ္မွျဖစ္မယ္ "

Yizhuoမွာ Winterလက္ကို ဆြဲေခၚၿပီး အဝတ္အစားဆိုင္ထဲ ဝင္သြားသည္

Yizhuo စကားေၾကာင့္ Winter မ်က္ေမွာင္ၾကဳတ္သြားတယ္ ၿပီးေတာ့ Mikeနဲ႕ Johnကို တစ္ခ်က္လွည့္ၾကည့္လိုက္သည္

"နင္ အဲ့လိုေျပာတာရပ္ေတာ့ Yizhuo...သူတို႔ႏွစ္ေယာက္က Karinaကို အကုန္ျပန္ေျပာၾကမွဟ "

Yizhuoမွာ Winterစကားေၾကာင့္ Winterအတြက္ sexyက်ေစတဲ့ အဝတ္အစားေတြ ေ႐ြးရင္း Johnတို႔ကို ၾကည့္လိုက္သည္

"စိတ္ေလ်ာ့စမ္းပါေအ Karinaလို အလုပ္ရႈပ္ေနတဲ့သူက ငါတို႔အတင္းအုပ္ေနတာကို အာ႐ုံစိုက္နိုင္မလား ဟုတ္တယ္မလား ေကာင္ေလးတို႔ "

သို႔ေသာ္လည္း Johnတို႔မွာ Yizhuoစကားကို အေျဖျပန္မေပးေပ

"Karinaကတကယ္ဘဲ သူတို႔ကို ေခြးေတြကို ေလ့က်င့္ေပးသလို ေလ့က်င့္ေပးထားတာဘဲ ..."

Yizhuoမွာ မေက်မနပ္ျဖစ္ကာ တိုးတိုးေလးေျပာလိုက္သည္

"ဒါနဲ႕ ရွင္တို႔ႏွစ္ေယာက္ ကြၽန္မတို႔အဝတ္အစားေ႐ြးေနခ်ိန္ တစ္ခုခုသြားစားလို႔ရပါတယ္ေနာ္ "

"ကြၽန္ေတာ္တို႔က Winterကို မ်က္စိေအာက္ကေပ်ာက္ခံလို႔မရပါဘူး Yizhuo "

Mikeကေျပာၿပီး Winterကိုၾကည့္လိုက္သည္

"အိုး သူကဘယ္မွထြက္မေျပးပါဘူး "

"Miss Karinaက သူ႕ကိုမယုံလို႔ပါ "

Mike စကားေၾကာင့္ Johnမွာ Mikeကို အၾကည့္နဲ႕ သတိလွမ္းေပးလိုက္သည္

Mikeက မေျပာသင့္တဲ့စကား မေျပာရမယ့္စကားကို ေျပာလိုက္တာဘဲ 

Winterကေတာ့ မအံ့ၾသေတာ့ဘူးေလ.... Karinaက သူမကို မယုံဘူးဆိုတာ သိတယ္ေလ....ဒါေပမယ့္ စိတ္ေတာ့ဆိုးမိသည္

"ေတာင္း ေတာင္းပန္ပါတယ္ ခင္ဗ်ာ့ "

Mikeမွာ ေခ်ာင္းဟန့္ၿပီး Winterကို ဦးၫႊတ္ကာ ေတာင္းပန္စကားဆိုလိုက္သည္

"Oh ရပါတယ္ ေတာင္းပန္စရာမလိုပါဘူး John တို႔လည္း မအံ့ၾသေတာ့ပါဘူး "

Winterက ရပါတယ္ေျပာေပမယ့္ မ်က္ႏွာမွာေတာ့ ေဒါသထြက္ေနပုံေပၚေနတာ Yizhuoသိတယ္ေလ

ဒါေၾကာင့္မို႔လို႔ ဒီလိုအဆင္မေျပတဲ့အေျခအေနမျဖစ္ေအာင္ Winterလက္ထဲ အဝတ္အစားေတြထိုးထည့္ၿပီး အဝတ္လဲခန္းထဲ တြန္းပို႔ေလသည္

"Win ဒါေလးဝတ္ၾကည့္ "

Winterမွာ အဝတ္လဲခန္းထဲက ထြက္လာၿပီး Yizhuoကို ရန္လုပ္ပါေလသည္

"Yizhuo ဒါႀကီး ငါမဝတ္တတ္ဘူး.... အဝတ္အစားမပါသလို ခံစားရတယ္ "

"Win နင္က ေသာက္ရမ္း hotတယ္ မိုက္တယ္ဟ "

"Yizhuo ငါ...Karinaကို ဆြဲေဆာင္မွာ မဟုတ္ဘူးေနာ္ ငါသူ႕ကိုမုန္းတယ္ "

"မုန္းတယ္ မုန္းတယ္နဲ႕ တကယ္ဘဲ Winter နင္က သူ႕ကိုမုန္းတာ မဟုတ္ပါဘူး စိတ္တိုေနတာပါဟာ မုန္းတာနဲ႕ စိတ္တိုတာမတူဘူး "

"Yizhuo ငါက နင္နဲ႕ေတြ႕ခ်င္လို႔ သူ႕ကိုမနည္းခြင့္ေတာင္းၿပီး ထြက္လာတာကို အခုသူ႕အေၾကာင္းဘဲ ေျပာေနရျပန္ၿပီ "

"Oh ေတာင္းပန္ပါတယ္.... အဲ့အေၾကာင္း ေမ့ထားလိုက္ေတာ့ အခု နင္ဘာလုပ္ခ်င္လည္းေျပာ ငါတို႔အကုန္လုပ္ၾကမယ္ေလ "

"Basketballေဆာ့ခ်င္တယ္ ..."

"Publicမွာေတာ့ ေဆာ့လို႔မရဘူးေနာ္ အရမ္းအႏၱရာယ္မ်ားတယ္ "

"ဘာလို႔လည္း ဘာလို႔ အႏၱရာယ္မ်ားရတာလည္း အရင္ကလည္း ငါတို႔ေဆာ့ေနၾကဘဲကို..."

"အင္းေလ Karina ဟိုအလုပ္ကို လက္ေျပာင္းမယူခင္အထိေလ... Karinaမွာ ရန္သူေတြအမ်ားႀကီးဘဲ ဒါေၾကာင့္ ငါတို႔လူအုပ္ထဲ သြားဖို႔ၾက မလုံၿခဳံဘူး ငါတို႔ကလြယ္ကူတဲ့ပစ္မွတ္ျဖစ္လိမ့္မယ္ "

Yizhuoစကားေၾကာင့္ Winterမွာ သက္ျပင္းခ်ၿပီး အဝတ္လဲခန္းထဲ ျပန္ဝင္သြားသည္

ခဏၾကာေတာ့ အဝတ္အစားလဲၿပီး ျပန္ထြက္လာသည္ သို႔ေသာ္ Yizhuoဆီမလာဘဲ ဆိုင္အျပင္ဘက္ကို ထြက္သြားေသာေၾကာင့္ Yizhuoအေနာက္က လိုက္ရေလသည္

"Win နင္သိသားနဲ႕ "

"မသိဘူး ငါတကယ္မသိဘူး "

Johnတို႔ကလည္း ေဘးပတ္ဝန္းက်င္ကို တစ္ခ်က္ၾကည့္ကာ Winterတို႔ေနာက္ လိုက္သြားေလသည္

"Winter လာစမ္းပါ နင္ကတကယ္ဘဲ နင္ သူ႕ဆီကမထြက္သြားခင္က ခက္ခဲတဲ့ဘဝလို ျပဳမူေနတာဘဲ နင့္မိဘေတြ..."

"Yizhuo ေတာ္လိုက္ေတာ့ ..."

Yizhuo စကားေၾကာင့္ Winterမွာ ရပ္ၿပီးရန္လုပ္လိုက္သည္

"ငါက ဒီတိုင္းေျပာ႐ုံပါ "

"ငါ့မိဘေတြက လူေကာင္းေတြ ..သူတို႔ကေကာင္းတဲ့လူေတြပါ "

"ငါ သိပါတယ္ Win "

"ဒါေၾကာင့္မို႔လို႔ သူတို႔ကို Karinaနဲ႕မယွဥ္မႏွိုင္းပါနဲ႕..."

Winterမွာေျပာၿပီး ကားပါကင္သို႔ဆက္သြားသည္

"Karinaကိုလည္း နင္အျပစ္ေျပာလို႔မရဘူးေလ "

Yizhuo စကားေၾကာင့္ Winterေျခလွမ္းေတြ ရပ္သြားတယ္

"ငါ့မိဘေတြ ေသတာနဲ႕ပတ္သက္ၿပီး Karinaကို ငါ အျပစ္တင္တယ္ထင္ေနတာလား Yizhuo "

"နင္ Karinaကိုထားသြားတုန္းက သူအဲ့လိုေတြးေနမွာဘဲ သူကေတာ့ အဲ့လိုေၾကာင့္ဆိုၿပီး ယူဆခဲ့တာဘဲ ..."

"ငါ့မိဘေတြ ေသတာနဲ႕ပတ္သက္ၿပီး ငါ တစ္ခါမွ Karina ကို အျပစ္မတင္ခဲ့ဖူးဘူး ေတြးေတာင္မေတြးၾကည့္ခဲ့ဘူး Yizhuo....ငါဘာလို႔ သူ႕ကိုထားသြားလည္း နင္သိလား ငါအေၾကာင္းျပခ်က္မရွိဘဲ ထားမသြားဘူး"

"ငါ သိပါၿပီ.. နင္ Karinaကိုလည္း နားလည္ေအာင္ ေသခ်ာေျပာျပၾကည့္သင့္တယ္ "

"ဘာ သူ႕ကိုေသခ်ာေျပာရမယ္ ဟုတ္လား ငါေျပာလိုက္႐ုံနဲ႕ သူကငါ့ကိုလႊတ္ေပးမယ္လို႔ နင္ထင္ေနတာလား....Fever dreamဘဲ Yizhuo "

"မဟုတ္ဘူးေလ ဒါဆို သူနည္းနည္းနားလည္ၿပီး ေဒါသေတြလည္းေလ်ာ့သြားမယ္ နင္လည္း အမ်ားႀကီး မခံစားရေတာ့ဘူးေပါ့ "

"ငါအမ်ားႀကီး ခံစားၿပီးပါၿပီ Yizhuo "

"ငါ့မိဘေတြက ဘာလို႔ အလုပ္ကိစၥဆိုၿပီး ခဏခဏခရီးထြက္ေနၾကတာလည္း "

ရႈခင္းၾကည့္ဖို႔ အေဆာက္အအုံငယ္ေလးထဲတြင္ Karinaတို႔ ထိုင္ေနၾကသည္

Winter ကေတာ့ Karinaရဲ႕ ေပါင္ေပၚတြင္ ထိုင္ေနသည္

"အလုပ္ကိစၥေၾကာင့္ေပါ့ "

Karinaရဲ႕ အေျဖကို Winter သေဘာမက်ေသာေၾကာင့္ ႏႈတ္ခမ္းေထာ္သြားသည္

Karinaကလည္း Winter ႏႈတ္ခမ္းေထာ္သြားတာကို ခ်က္ခ်င္းသိသည္

"အဲ့တာက ဘာျဖစ္လို႔လည္း မင္းမွာတို႔ရွိေနတာဘဲေလ Minjeongရ "

"Jimin...ငါေျပာခ်င္တာနဲ႕ မတူဘူးဆိုတာ နင္သိပါတယ္ "

"မသိဘူးေလ.... "

Winterမွာ Karinaေပါင္ေပၚခြထိုင္ထားၿပီး Karinaရဲ႕ လည္ပင္းက Karina ဆယ့္ရွစ္ႏွစ္ျပည့္တုန္းက သူမကိုယ္တိုင္ ဝယ္ေပးထားတဲ့ဆြဲႀကိဳးေလးကို ကိုင္လိုက္သည္

"နင့္မိဘေတြ နင့္အနားထပ္ရွိပါေစလို႔ မဆုေတာင္းဘူးလား..."

"ဟင့္အင္း မဆုေတာင္းပါဘူး "

"တကယ္လား ငါကေတာ့ အန္တီနဲ႕အန္ကယ္ကိုခ်စ္တယ္ "

"ဒါေပါ့ ခ်စ္ရမွာေပါ့ သူတို႔က မင္းအေပၚေကာင္းတာကိုး"

"ဒါဆို သူတို႔က နင့္အေပၚက် မေကာင္းလို႔လား "

"အာ ဘယ္လိုေျပာရမလည္း "

"ဘာျဖစ္ျဖစ္ သူတို႔ကိုလည္း နင္ခ်စ္တာဘဲကို "

"ဒါေပါ့ေလ "

"ငါကေတာ့ေလ ငါ့လာမယ္ေမြးေန႕မွာ သူတို႔ကိုရွိေစခ်င္႐ုံေလးပါ အရင္ႏွစ္ေတြကလို မျဖစ္ဖို႔ ေမွ်ာ္လင့္တာဘဲ "

"ျဖစ္လာမွာေပါ့ "

"နင္ကလည္း ငါ့ေဘးမွာဘဲ ရွိေနေပးမယ္ မဟုတ္လား "

"မင္းရဲ႕ေဘးနားမွာ တို႔အၿမဲရွိေနမွာပါ Minjeong "

"ဒါနဲ႕ Taeyeonလည္း ျပန္လာမယ္မဟုတ္လား"

"ေနပါအုံး မင္းရဲ႕ေမြးေန႕မွာ Taeyeon ျပန္လာမလာကို ဘာလို႔ ဂ႐ုစိုက္ေနတာလည္း "

Karina သဝန္တိုေနတဲ့ ေလသံနဲ႕ေမးလိုက္သည္

"ဘာလို႔လည္းဆိုေတာ့ သူ႕ကိုခ်စ္လို႔ေပါ့ "

"Minjeong "

"ကဲ Jiminကေတာ့ Taeyeonက နင့္အမေလဟယ္ ငါကလည္း Taeyeonကို ငါ့အမတစ္ေယာက္လိုဘဲ သေဘာထားၿပီး ခ်စ္တာ ဟုတ္ၿပီလား ေလွ်ာက္ၿပီး သဝန္တိုမေနနဲ႕ "

"မသိဘူးကြာ တို႔ကလြဲၿပီး မင္းဘယ္သူ႕ကိုမွ မခ်စ္ရဘူး Minjeong "

Winterမွာ Karinaမ်က္ႏွာနားေလးသို႔ကပ္ကာ

"ငါက နင့္အပိုင္ေလ Jiminရ ငါ့ကို နင့္ဆီကေန ဘယ္သူမွ လုယူလို႔မရဘူး " လို႔ ေျပာၿပီး Karina နဖူးကို လက္နဲ႕ေတာက္လိုက္သည္

ထို႔ေနာက္ Karinaေပၚက ဆင္းကာ Winter ထြက္ေျပးသြားသည္

"Minjeong လာစမ္း မင္းကိုလည္းတို႔ျပန္လုပ္မယ္ "

"Jimin ငါကစတာေလဟာ "

Winter သူမေနာက္လိုက္လာတဲ့Jiminကို ၾကည့္ၿပီး သေဘာက်လိဳ႕ တခစ္ခစ္ရယ္ကာ ေျပးေလသည္

Winter အိမ္မက္ကနိုးလာေတာ့ Karinaရဲ႕ အိမ္က ဧည့္သည္ေတြေနဖို႔ထားတဲ့ အခန္းထဲမွာဘဲ ရွိေနေသးမွန္း သိလိုက္ရသည္

ဒီအခန္းေလးက Karinaနဲ႕သူမ ညတိုင္းအတူအိပ္တဲ့အခန္းထက္ ေတာ္ေတာ္ေလးက်ဥ္းသည္

အိမ္မက္မက္ခဲ့တဲ့ အရင္ကအေၾကာင္းေတြေၾကာင့္ Winter မွာ မိဘေတြနဲ႕အမရယ္ Jimin...Jiminကို သတိရမိသည္

ပရိေဘာဂေတာင္မရွိတဲ့ အခန္းငယ္ေလးထဲမွာ အထီးက်န္ၿပီးေပ်ာက္ဆုံးေနသလို Winter ခံစားရသည္ ....

အရင္ကအေၾကာင္းေတြ ျပန္ေတြးရင္း Winter မ်က္ရည္က်လာသည္

"Minjeong... "

အခန္းထဲဝင္လာတဲ့ Karinaေၾကာင့္ Winter တစ္ဖက္ကိုခ်က္ခ်င္းလွည့္လိုက္သည္

သို႔ေသာ္လည္း Karinaက သူမလွည့္တဲ့ဘက္ကို ေရာက္လာၿပီး ေဆာင့္ေၾကာင့္ထိုင္လိုက္သည္

"ထြက္သြား "

"ဘာလို႔ ဒီမွာရွိေနတာလည္း ကေလးရ..."

Karinaရဲ႕ ေမးခြန္းကို Winter ျပန္မေျဖေပ

"Johnကေျပာတယ္ မင္းနဲ႕ Yizhuo ရန္ျဖစ္ခဲ့ၾကတယ္တဲ့"

"ငါလုပ္သမွ် အရာအားလုံး Mikeနဲ႕Johnက နင့္ကိုေျပာျပေနမွာလား "

"ဒါေပါ့ "

"မယုံနိုင္စရာဘဲ "

"ဒါေၾကာင့္ မင္းငိုေနတာလား Yizhuoနဲ႕ ရန္ျဖစ္လို႔ေလ "

"အဲ့တာေၾကာင့္ မဟုတ္ပါဘူး "

"ဒါဆို ဘာေၾကာင့္ ငိုေနတာလည္း "

"ငါ ပင္ပန္းေနၿပီ "

"ဒါဆိုလည္း အခန္းထဲ သြားအိပ္ၾကရေအာင္ေလ လာ အခ်စ္ကေလး တို႔ေက်ာေပၚတက္လိုက္ "

"ဟင့္အင္း ငါဒီမွာဘဲ အိပ္မွာ... "

"Minjeong "

ဟိုဘက္ကိုလွည့္သြားတဲ့ Winterေၾကာင့္ Karina ကုတင္ေပၚသို႔တက္လိုက္သည္

"ငါ့မွာ  ဘယ္သူမွမရွိေတာ့သလို ခံစားရတယ္ "

Karinaမွာ ခ်က္ခ်င္းဘဲ Winterကိုဆြဲထူကာ သူမေပါင္ေပၚထိုင္ခိုင္းလိုက္သည္

"မင္းမွာ တို႔ရွိတယ္ေလ Minjeong တို႔အၿမဲတမ္း မင္းေဘးနားမွာ ရွိေနတာဘဲ "

"ဟင့္အင္း ငါ့မွာ နင္မရွိေတာ့ဘူး"

"ေရာ္ ရွိပါတယ္ဆို "

Winterမွာ ဘာမွဆက္မေျပာဘဲ ေအာ္ငိုေတာ့ Karinaမွာ Winterကို တင္းတင္းၾကပ္ၾကပ္ဖက္ထားေလသည္

"ငါ့မိသားစုကိုလြမ္းတယ္ ၿပီးေတာ့ ငါ့ရဲ႕ Jiminေလးကိုလည္း လြမ္းတယ္ "

Winterကို Karina ဘယ္လိုႏွစ္သိမ့္ေပးရမလည္း သူခ်စ္ခဲ့ဖူးတဲ့ အားနည္းတဲ့ Jiminက အခု သန္မာေနတဲ့ Karinaဆိုတာ Winterကို ဘယ္လိုရွင္းျပရမလည္း

"ဟင့္အင္း နင္မဟုတ္ဘူး Jiminက နင္မဟုတ္ေတာ့ဘူး"

Winterေျပာၿပီး Karinaရဲ႕ ရင္ခြင္ထဲ ဆက္ငိုေနသည္ Karinaကေတာ့ ဘာမွမေျပာေတာ့ဘဲ Winterရဲ႕ ေနာက္ေက်ာေလးကိုဘဲ ဖြဖြေလးပုတ္ေပးလိုက္သည္

Karinaရဲ႕ရင္ခြင္ထဲ Winter အေတာ္အတန္ၾကာငိုၿပီးေနာက္  Karina လည္ပင္းမွာ သူမလက္ေဆာင္ေပးထားတဲ့ ဆြဲႀကိဳးေလးဝတ္ထားေသးတာကို Winter ေတြ႕လိုက္သည္

"Yizhuoက ေျပာတယ္ ငါ့မိဘေတြေသတာ နင့္ေၾကာင့္ဆိုၿပီး ငါက နင့္ကို အျပစ္တင္တယ္လို႔ နင္ကေတြးေနတာတဲ့.. တကယ္ေတာ့... ငါနင့္ကိုတစ္ခါမွ အျပစ္မတင္ဖူးပါဘူး "

"ဒါဆို ဘာလို႔ထြက္ေျပးတာလည္း "

"ဘာလို႔ဆို ငါေၾကာက္ေနလို႔ "

"တို႔ကိုလား "

"နင္ အမ်ိဳးသားတစ္ေယာက္ကို ႏွိပ္စက္ေနတာ ငါေတြ႕ခဲ့တယ္ Karina...ငါ အဲ့တာျမင္ၿပီး ေၾကာက္သင့္တယ္မထင္ဘူးလား "

Winter စကားေၾကာင့္ Karina မ်က္ေမွာင္ၾကဳတ္သြားတယ္

"သူနဲ႕ထိုက္တန္လို႔ေလ.."

"နင္ဘယ္လိုမ်ားေျပာနိုင္တာလည္း..."

"ဒီေတာ့ မင္းမိဘေသဆုံးမႈက တို႔ေၾကာင့္မဟုတ္ဘူးလို႔ အျပစ္တင္ၿပီး ထြက္သြားတာမဟုတ္ဘဲ ဒီကိစၥေလးေၾကာင့္ ထြက္သြားရတာေပါ့ ဟုတ္လား "

Winterဆီက တုံ႕ျပန္မႈကို Karinaမရေပ

"အနည္းဆုံး မင္းတို႔ကို ေမးသင့္တယ္ေလ ဘာလို႔ အဲ့လူကို ႏွိပ္စက္ရတာလည္းဆိုတာ "

"နင္က မေကာင္းဆိုးဝါးဘဲ Karina...."

Winterရဲ႕ စကားေၾကာင့္ သူမေပါင္ေပၚက Winterကို Karina ေဆာင့္တြန္းလိုက္သည္

"တို႔ကို မေကာင္းဆိုးဝါးလို႔ ထင္တယ္ေပါ့ ဟုတ္လား တို႔ဘာေၾကာင့္လုပ္ခဲ့လည္းဆိုတာ ေျပာရမလား "

"..."

"ဒါမွမဟုတ္ မင္းက အကုန္ျမင္ၿပီးၿပီဆိုၿပီး တို႔ကိုမေကာင္းဆိုးဝါးလို႔ ေျပာရင္ တို႔မင္းကို အျပစ္တင္တယ္ Minjeong "

"Bullshit "

"မင္းမိဘေတြ ေသသြားတုန္းက တုန္လႈပ္ေျခာက္ျခားေနတဲ့ မင္းကို ၾကည့္ၿပီး တို႔အရမ္းနာက်င္ခဲ့တာ ဘယ္လိုလုပ္ေပးရမလည္းတို႔မသိဘူး မင္းကိုအဆင္ေျပေအာင္ ဘယ္လိုလုပ္ေပးရမလည္း မသိဘူး တို႔အရမ္းစိတ္ေတြပူၿပီး တို႔ကိုယ္တို႔ အသုံးမက်သလိုခံစားလာခဲ့ရတယ္...ၿပီးေတာ့ မင္းရဲ႕မိဘေတြကို လုပ္ႀကံတဲ့သူေတြက ေနာက္ထပ္ မင္းကို ပစ္မွတ္ထားမွာ တို႔ေၾကာက္ခဲ့တယ္ ဒါေၾကာင့္မို႔လို႔ အဲ့ေခြးမသားေတြကို တို႔လိုက္ရွာခဲ့တယ္ ရွာေတြ႕ၿပီးေတာ့ မင္းမိဘေတြကို မင္းဆီကေခၚသြားခဲ့လို႔ သတ္ပစ္ခဲ့လို႔ သူတို႔ကိုတစ္ဖန္ ျပန္ႏွိပ္စက္ၿပီး မင္းကို ဘာအႏၱရာယ္မွ မေပးနိုင္ေအာင္ သတ္ပစ္ခဲ့တာ သိလား Minjeong မင္းကို ေသးေသးေလးေတာင္ အပြန္းပဲ့မခံနိုင္လို႔ တို႔လက္ဘဲ ေသြးစြန္းေအာင္လုပ္ခဲ့တာပါကြာ "

Karina မ်က္ဝန္းထဲက မ်က္ရည္ေတြကို Winter ျမင္ေနရသည္

"မင္း တို႔ကို မေကာင္းတဲ့သူလို႔ထင္တယ္ဆိုရင္ မင္းထြက္သြားခဲ့တဲ့ ေလးႏွစ္လုံး တို႔ဘယ္လိုေနခဲ့အသက္ရွင္ခဲ့ရလည္း ေတြးၾကည့္ဖူးလား မင္းကို အႏၱရာယ္ ေပးခ်င္တဲ့ ေခြးမသားေတြက မင္းကိုဖမ္းေခၚသြားလားဆိုၿပီး တို႔အကုန္လိုက္ရွာၿပီး သတ္ပစ္ခဲ့တာ..တို႔က အ႐ူးလို ျဖစ္ေနခဲ့ခ်ိန္ မင္းကေတာ့ ဘဝအသစ္ျပန္စၿပီး ေပ်ာ္ေနခဲ့တာ... တို႔ သစၥာေဖာက္ခံရသလို ခံစားရၿပီး ေဒါသထြက္တယ္ Minjeong မင္းက ဘာလို႔ တို႔အေပၚ ဒီလိုလုပ္ရက္တာလည္း ကတိေတြေပးခဲ့ၿပီး ဒီလိုလြယ္လြယ္နဲ႕ ေဖာက္ဖ်က္နိုင္ရတာလည္း...မင္းကအရင္ တို႔ကို နာက်င္ေအာင္လုပ္ခဲ့တာပါ..  "

#Tbc

Bạn đang đọc truyện trên: Truyen3h.Co