Part 8
#Unicode
"မင်း ဘာစားချင်လည်း......"
ရေခဲသေတ္တာတံခါးကို ဖွင့်ပြီး Chaeyoungကို Lisa မေးလိုက်သည်။
"အသား........"
Lisa ဘေးနားမှာ ရပ်နေတဲ့ Chaeyoungက ချက်ချင်းဘဲ ဖြေလိုက်သည်။
Chaeyoung ရဲ့ အဖြေကြောင့် Lisa ပြုံးလိုက်တယ်......အစကတည်းက အသားလို့ ဖြေမယ်ဆိုတာ Lisa သိနေတယ်လေ.....
Chaeyoung ကို ထိုင်ခုံမှာ ထိုင်ခိုင်းပြီး ရေခဲသေတ္တာထဲက အသားတွေကို ထုတ်ယူလိုက်တယ်.......
ပြီးတော့ လှီးပြီး ဒယ်အိုးထဲ ထည့်ကာ ကြော်လိုက်သည်........
အသားကြော်ပြီးနောက် ဇွန်းနဲ့ ခက်ရင်းကို ယူပြီး အသားကြော်ပန်းကန်နဲ့အတူ Chaeyoungရဲ့ ရှေ့ကိုချလိုက်သည်။
"ရော့ ကိုယ့်ဘာသာကိုယ် ဇွန်းရယ် ခက်ရင်းရယ် သုံးပြီး စားကြည့် "
Chaeyoungလည်း ခေါင်းညိတ်ပြီး ဇွန်းနဲ့ ခက်ရင်းကို သုံးပြီး အသားလှီးပေမယ့် မလှီးတတ်ပေ....ခက်ရင်းနဲ့လည်း မထိုးတတ်တော့ Lisaကို မျက်နှာငယ်လေးနဲ့ ကြည့်လိုက်တယ်.....
'No...........ထပ်ကြိုးစားကြည့်........."
"ဗိုက်ဆာနေပြီ......"
Lisa ခေါင်းခါပြတော့ Chaeyoung နှုတ်ခမ်းစူပြီး ပြောလိုက်သည်
Lisaလည်း ထိုင်နေရာမှ ထပြီး Chaeyoung ဘက်ကို လျှောက်လာတယ်.....ပြီးတော့ Chaeyoung ထိုင်နေတဲ့ အနောက်ကနေ ရပ်ပြီး သိုင်းဖက်သလို အနေအထားနဲ့ နေလိုက်သည်။
Chaeyoungရဲ့ လက်နှစ်ဖက်ကို ကိုင်ပြီး အသားလှီးနည်းသင်ပေးလိုက်သည်။
Chaeyoung အသားလှီးတတ်သွားတော့ ပျော်ပြီး လက်ခုပ်တီးလေသည်
Chaeyoungမှာ အသားကို ဝါးရင်း ပြုံးနေသည်။
"ကဲ စားတတ်သွားပြီဆိုတော့ နေ့လည်စာကို ကိုယ့်ဘာသာကိုယ် စားနော်....စားပွဲပေါ် တင်ခဲ့မယ်....."
Lisa ပန်းကန်ဆေးရင်း ပြောလိုက်သည်။
"Nae.....ကျွန်မ ကြိုးစားစားကြည့်ပါမယ်....."
"လျှောက်မဖွထားနဲ့နော် ကြားလား.. ...အခန်းထဲမှာနေပြီးတော့ ကုတင်ပေါ်မှာ အိပ်ရင်အိပ် ကစားရင်ကစား......ငါ ပြန်လာရင် ရှုပ်ပွထားတာတွေ မမြင်ချင်ဘူးနော်......."
Lisa ပြောတာကို Chaeyoung ခေါင်းညိတ်ပြလိုက်သည်။
"ငါသွားတော့မယ် အထဲ၀င်နေတော့......."
Lisa သူ့အိတ်ကို လွယ်ပြီးတော့ Chaeyoungရဲ့ လက်ကို ကိုင်ကာ အိပ်ခန်းထဲသို့ လိုက်ပို့လိုက်သည်။
အိပ်ခန်းထဲတွင် Chaeyoungရဲ့ ဆံပင်တွေကို သပ်တင်ပေးပြီး
"ငါ သွားတော့မယ်နော်....."
Chaeyoung ကို နှုတ်ဆက်ကာ YGသို့ Lisa ထွက်လာသည်
~~~~~~ ~~~~~~~~~
"Chae....."
Lisa အိမ်ပြန်ရောက်လာတော့
အိမ်ထဲကို ၀င်လာပြီး ဧည့်ခန်းကို ကြည့်လိုက်သည်
ရှုပ်ပွထားတာ မတွေ့ရဘဲ သန့်ရှင်းနေတာကို တွေ့ရတော့ Chaeyoung က သူ့စကားကို နားထောင်တယ်ဆိုပြီး Lisa ကျေနပ်သွားတယ်
မီးဖိုထဲ ၀င်ကြည့်တော့လည်း Chaeyoungက
သူစားပြီးသား ပန်းကန်ကို ဆေးပြီး စင်ပေါ်တင်ထားတာကို တွေ့ရတော့ Lisa သဘောကျပြီး ပြုံးမိသွားသည်။
"ငါ ခေါ်နေတာတောင် မလာသေးဘူး.. ...အိပ်များပျော်နေသလား....."
Lisa အခန်းထဲကို ၀င်သွားလိုက်တော့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် သွေးတွေဆူပွက်လာတယ်
သူ့ရဲ့ အ၀တ်တွေက ကြမ်းပြင်မှာ ပြန့်ကျဲနေပြီး အ၀တ်ဘီဒိုကလည်း ပွင့်နေ၏....Chaeyoungကလည်း အ၀တ်ဗီဒိုထဲ ခေါင်းထိုးပြီး တစ်ခုခုကို ရှာနေသလို.......
"Chaeyoung................................."
Lisaရဲ့ အကျယ်ကြီးအော်သံကြောင့် Chaeyoung လန့်ပြီး တုန်သွားတယ်
"မင်း တကယ်ဘဲ ငါ့စကားကို နားမထောင်တာဘဲ .....ငါ မင်းကို ဘာမှမဖွထားနဲ့ ပြောထားတယ်လေ ကြည့်စမ်း အခု မင်း ဘာလုပ်ထားတာလည်း......"
Lisa ဒေါသထွက်ပြီး အံကိုကြိတ်ကာ ပြောလိုက်သည်။
"ကြမ်းပြင်မှာ တွားမသွားနဲ့လို့ ပြောထားတာလည်း ဘယ်နှကြိမ်ရှိပြီလည်း.......ပြီးတော့ ဘာကိစ္စကြောင့် ငါ့အ၀တ်အစားတွေကို ထုတ်ထားတာလည်း......"
"သ....သခင်....."
"Lisa. ......Lisa ......."
"Lili. ..Liliရဲ့ ဘီဒိုထဲမှာ ကြွက်၀င်နေလို့ပါ...."
"Ah....."
Chaeyoungရဲ့ စကားကြောင့် Lisa အော်ငိုချင်သွားတယ်
"ကျွန်မက ကြောင် မဟုတ်တော့တာ သိပါတယ် ....ဒါပေမယ့် ကြွက်က ကျွန်မရှေ့ကို ခဏခဏဖြတ်လျှောက်ပြီး ကျွန်မကို စနေတော့........"
"ဒါနဲ့ဘဲ ငါ့ဘီဒိုထဲ ကြွက်၀င်ဖမ်းတယ်ပေါ့ "
Chaeyoungမှာ အော်ခံရတော့ ကြောက်ပြီး မျက်ရည်တွေကျလာကာ ခေါင်းညိတ်ပြတယ်
"ငိုမနေနဲ့ ......အမြဲတမ်း မင်း အမှားလုပ်ပြီးရင် ငိုပြီ ......တောင်းပန်ပါတယ်ပြောပေမယ့် ဘယ်တော့မှ ပြောစကား နားမထောင်ဘူး....ငါ့အ၀တ်အစားတွေကို သေချာခေါက်ပြီး ဘီဒိုထဲ သေချာထည့်ထားတာကို လိုချင်တယ် .....ငါ စိတ်ဆိုးတာ မခံချင်ရင် ခုချက်ချင်း ပြန်ထည့်......."
"ဘယ်လိုလုပ်ရမလဲ ကျွန်မ မသိဘူး....."
"မသိဘူးဆိုရင် ဘာလို့ဖွသေးလည်း...."
"တောင်းပန်ပါတယ်...."
"တောင်းပန်တာ မလိုချင်ဘူး အခုချက်ချင်းပြန်ထည့်"
Lisa အမိန့်ပေးပြီး ကုတင်ပေါ်ကို ပစ်လှဲကာ မျက်လုံးကို မှိတ်ထားလိုက်သည်။
Chaeyoung ကတော့ မျက်ရည်တွေကို သုတ်ပြီး အ၀တ်တွေကို ခေါက်နည်းလည်းမသိ Lisaကိုလည်း မမေးရဲတော့ လုံးပြီး အ၀တ်ဗီဒိုထဲ ထည့်လိုက်သည်။
"ဟို.....ပြီးပြီ....."
Lisa ထလာပြီး ဘီဒိုကို ဆွဲဖွင့်လိုက်သည်။
"ဒါ ငါလုပ်ထားတာနဲ့တူလို့လား......အမှိုက်ပုံကြီးကျနေတာဘဲ....."
"ကျွန်မမှ မလုပ်တတ်တာ....."
"မင်း မလုပ်တတ်ဘူးဆိုလည်း ငါ့စကားနားထောင်သင့်တယ်.....ဘာလို့ဖွထားတာလည်း......"
"အဲ့တာ ကြွက်ရဲ့အမှားကို......"
"သူများကို အပြစ်တင်မနေနဲ့ "
"တောင်းပန်ပါတယ်....."
Chaeyoung အဆူခံရတဲ့ ကလေးတစ်ယောက်လို ခေါင်းငုံ့ကာ တောင်းပန်စကား ပြောလိုက်သည်။
"ပြောပြန်ပြီ ပြီးရင် လုပ်ချင်တာလုပ်တာ....."
"နောက် မလုပ်တော့ပါဘူးလို့ ကတိပေးတယ်....."
"သွား မျက်နှာသွားသစ်ချေ.....ကြောင်ချေးအိုးရုပ်နဲ့......."
Chaeyoung လည်း ရေချိုးခန်းထဲ မျက်နှာ သွားသစ်လေသည်...Chaeyoung မျက်နှာသစ်ပြီး ထွက်လာတော့
"ရော့ ငါ ရေချိူးခန်းထဲ ၀င်နေတုံး ဒီဂါဝန်လေး ၀တျထား...."
Lisa ဂါ၀န်အနီရောင်လေး ထုတ်ပေးပြီး ရေချိုးခန်းထဲ ၀င်သွားတယ်
ခဏအကြာပြန်ထွက်လာတော့ ဂါ၀န်ကို ကိုင်ပြီးထိုင်နေတဲ့ Chaeyoungကို တွေ့ရသည်၊
"Yah...၀တ်ထားလို့ ပြောခဲ့တယ်လေ....."
"ဘယ်လို၀တ်ရမှန်းမသိလို့ "
"ဟိုဘက်လှည့်...အကုန်ချွတ်....."
Chaeyoung ကို အ၀တ်အစားတွေ အားလုံးချွတ်ခိုင်းပြီး Lisa အနောက်ကနေ ဂါ၀န်၀တ်ပေးကာ ဇစ်တပ်ပေးလိုက်သည်။
ပြီးတော့ အရှေ့ပြန်လှည့်ခိုင်းပြီး Chaeyoungရဲ့ မျက်နှာကို ကိုင်လိုက်သည်
Chaeyoungကတော့ Lisaကို မကြည့်ဘဲ အကြည့်တွေ ရှောင်လွှဲနေသည်။
"ထိုင်....."
Chaeyoungကို ထိုင်ခိုင်းပြီး မိတ်ကပ်ပြင်ပေးကာ ဖိနပ်စီးပေးပြီး အပြင်ဘက်ကို ခေါ်သွား၏
"ကျွန်မတို့ အပြင်သွားမလို့လား...."
Chaeyoung ပျော်ပြီး မေးလိုက်သည်။
"သိပ်ပျော်မနေနဲ့ ငါ မင်းကို စိတ်ဆိုးပြေသေးတာမဟုတ်ဘူး......"
Lisaစကား ကြောင့် Chaeyoung နှုတ်ခမ်းစူသွာတော့ Chaeyoung မသိအောင် Lisa ရယ်လိုက်လေသည်။
#tbc
#Zawgyi
"မင်း ဘာစားချင်လည်း......"
"အသား........"
'No...........ထပ်ကြိုးစားကြည့်........."
"ဗိုက်ဆာနေပြီ......"
"ငါ သွားတော့မယ်နော်....."
~~~~~~ ~~~~~~~~~
"Chae....."
အိမ်ထဲကို ၀ငျလာပွီး ဧည့်ခန်းကို ကြည့်လိုက်သည်
မီးဖိုထဲ ၀င်ကြည့်တော့လည်း Chaeyoungက
Lisa အခန်းထဲကို ၀ငျသှားလိုကျတော့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် သွေးတွေဆူပွက်လာတယ်
"Chaeyoung................................."
"သ....သခင်....."
"Lisa. ......Lisa ......."
"Ah....."
"တောင်းပန်ပါတယ်...."
"ဟို.....ပြီးပြီ....."
"ကျွန်မမှ မလုပ်တတ်တာ....."
"တောင်းပန်ပါတယ်....."
"ရော့ ငါ ရေချိုးခန်းထဲ ၀ငျနတေုံး ဒီဂါဝန်လေး ၀တထြား...."
Lisa ဂါဝန်အနီရောင်လေး ထုတ်ပေးပြီး ရေချိုးခန်းထဲ ၀ငျသှားတယျ
"Yah...၀တျထားလို့ ပြောခဲ့တယ်လေ....."
"ထိုင်....."
#tbc
Bạn đang đọc truyện trên: Truyen3h.Co