Truyen3h.Co

Playing With Jealousy

Part 3

KimFany059

#zawgyi

"Yah yah ငါ့ကုိ ဘာလုိ႔ိနမ္းတာလည္း "

သူမကို နမ္းလုိက္တ့ဲ Jennie ကို Jisoo တြန္းလုိက္ၿပီး ေမးလုိက္သည္

"Jinwoo Sunbae နဲ႔ နမ္းၿပီးၿပီလား "

"ဟဲ့ တြဲတာမွ မၾကာေသးဘူး ဘယ္လိုလုပ္နမ္းတဲ့အဆင့္ေရာက္မွာလည္း "

Jisoo စကားေၾကာင့္ Jennie ျပံဳးၿပီး

"Sunbae န႔ဲနမ္းတဲ့အခါ က်င့္သားရေအာင္ ငါက လုပ္ေပးတာ.....မဟုတ္ရင္ သူနမ္း​ေန​ေပမယ့္ နင္က မနမ္းတတ္ရင္ မေကာင္းဘူးေလ "

"ေပါက္တက္ကရေတြ ေလ်ွာက္လုပ္မယ့္အစား လာစာအုပ္ "

Jennieရဲ႕ နားရြက္ကို Jisoo ဆြဲလိမ္လုိက္သည္

"အား...နာတယ္ "

"ေသလုိက္ "

Jennie တုိ႔ စာလုပ္ေနရင္း

"Jisoo.... "

"ဟင္ "

"နင္ ဘာလ႔ုိ Jinwoo sunbae ကုိ ျပန္ႀကိဳက္တာလည္း "

Jisoo ေဘာပင္အဖုံးကုိ ကုိက္ၿပီး Jennieေမးခြန္းကုိ ေျဖဖုိ႔ စဥ္းစားေနသည္

"အင္း.....သူက ေခ်ာတယ္ ႏူးည့ံတယ္ ငါ့ကုိ ဂ႐ုစုိက္တယ္ တကယ္ခ်စ္တယ္လုိ႔ ခံစားရလုိ႔..."

"ငါလည္း နင့္ကုိ ဂ႐ုစုိက္တယ္ေလ...."

"နင္က ငါ့သူငယ္ခ်င္းေလ အ႐ူးမရ စာလုပ္စမ္းပါ ေပါက္ကရေျပာမေနနဲ႔ "

Jisooေျပာၿပီး Jennie နဖူးကို လက္ျဖင့္ ႐ုိက္လုိက္သည္

ေက်ာင္းကန္တင္းတြင္ Jisooတုိ႔ကေတာ့ ၾကည္ၾကည္ႏူးႏူး စကားေျပာေနေပမယ့္ Minoကေတာ့ ဂိမ္းေဆာ့ေနၿပီး Jennieကေတာ့ ဓာတ္ပုံ ထုိင္႐ုိက္ေနသည္

"ေမးလုိက္မယ္ေနာ္ Oppa "

Jisoo တစ္ခုခုကုိေမးဖုိ႔ Jinwooဆီက ခြင့္ျပဳခ်က္ ေတာင္းေနသည္

Jinwooလည္း ေခါင္းညိတ္ျပေရာ Jisoo ေခ်ာင္းဟန္႔ၿပီး

"အဟမ္းဟမ္း.....ေက်ာင္းပိတ္ရက္က် ငါနဲ႔ Oppaက ကစားကြင္းသြားလည္မလုိ႔ Jennie နင္နဲ႔ Mino Oppaေရာ လုိက္ခဲ့ပါလားလုိ႔ "

"ဟို....ငါ ကိစၥ "

"အုိ လုိက္မွာေတာ့ ႏွစ္တြဲလုံး ကစားကြင္းမွာ ဒိတ္ၾကမယ္ေလ "

Mino စကားကုိျဖတ္လုၿပီး Jennie သြားဖုိ႔ သေဘာတူလုိက္သည္

"Jinja တကယ္လား "

Jennieက လုိက္မယ္ေျပာလုိ႔ Jisoo အရမ္းေပ်ာ္သြားသည္....

သူမ အခုထိ Jinwooနဲ႔ ႏွစ္ေယာက္တည္း႐ွိေနရမွာကုိ Jisoo ႐ွက္ေနေသးသည္

ထုိ႔ေၾကာင့္ Jennie တုိ႔ ကုိ ေခၚဖုိ႔ Jinwooကို ခြင့္ေတာင္းခဲ့ျခင္း ျဖစ္သည္

"လုိက္မယ္ လုိက္မယ္ "

Jennieကလည္း Jisooနဲ႔ Jinwoo ႏွစ္ေယာက္တည္း႐ွိမွာ မလုိလားလုိ႔ လုိက္ဖုိ႔ သေဘာတူလုိက္သည္

"Yah ငါ အ့ဲေန႔သြားစရာ႐ွိတယ္ "

Mino အ့ဲေန႔ ဂိမ္းဆုိင္သြားဖုိ႔ သူ႔သူငယ္ခ်င္းေတြနဲ႔ ခ်ိန္းထားလုိ႔ Jennie နားကပ္ေျပာလုိ္က္သည္

"ဖ်က္လုိက္ ဂိမ္းက ဘယ္ခ်ိန္ေဆာ့ေဆာ့ ေဆာ့လုိ႔ရတယ္ "

Jennieလည္း Minoနားကပ္ၿပီး ျပန္ေျပာလုိက္သည္

"ဒါေပမယ့္ "

"ငါတုိ႔က အတြဲလုိ႔ ဟန္ေဆာင္ထားတာေနာ္ သူတုိ႔ရိပ္မိလုိ႔မျဖစ္ဘူး...."

"ဟူး "

Minoလည္း မျငင္းႏုိင္ဘဲ Jennieတုိ႔နဲ႔ ကစားကြင္းလုိက္ဖို႔ သေဘာတူလုိက္ရသည္

"ငါ ဘာလုိ႔ ဒီ fake Relation လုပ္ဖုိ႔ သေဘာတူမိလည္းမသိဘူး 💭💭"

Mino စိတ္ထဲ Jennie ကမ္းလွမ္းခ်က္ကုိ လက္ခံမိလုိ႔ ေနာင္တရေနသည္

"Gomawo Jennie နင္နဲ႔ကစားကြင္းသြားမယ္ေျပာမွ အိမ္ကလႊတ္တာမုိ႔ "

"ရပါတယ္ ငါလည္း ကစားကြင္းမသြားရတာၾကာၿပီ.........."

Jennieက ကစားကြင္းသြားမယ္ဆုိုၿပီး အိမ္လာေခၚလုိ႔ Jisoo ေက်းဇူးတင္ေနျခင္းျဖစ္သည္

ရည္းစားနဲ႔ သြားမယ္လုိ႔သာ သူ႔အေမကုိေျပာမိလုိ႔ကေတာ့ Jisoo ေက်ာင္းသူဘဝမွာ ရည္းစားထားရမလားဆုိၿပီး အဆူခံရမွာ ေသခ်ာသည္

ကစားကြင္းတြင္ jinwoo နဲ႔ Jisooက ေကာင္းကင္ရဟတ္ကို အတူစီးၾကသည္

Jennieလည္း Minoကို ေခၚၿပီး ရဟတ္လုိက္စီးေလသည္

တေရြ႔ေရြ႔နဲ႔အေပၚကုိတက္ေနတဲ့ ရဟက္ေပၚတြင္ Jinwoo တစ္ေယာက္ Jisooရဲ႕လက္ကို ကုိင္ၿပီး ႐ွဴ ခင္းေတြလုိက္ျပေနသည္

Meanwhile

"ဟဲ့ မင္းငါ့ကုိ နစ္နာေၾကးေပးသင့္တယ္ ဟုိေကာင္ေတြ ငါ့ကုိစိတ္ဆုိးလုိ႔ မုန္႔လုိက္ဝယ္ေကြၽးေခ်ာ့ရအုံးမွာ "

"ကဲပါ ေရာ့ ..."

Jennie သူ႔ပုိက္ဆံအိတ္ထဲက ပုိက္ဆံေတြထုတ္ေပးလုိက္သည္

"ဒီေန႔ေတာ့ ေသေသခ်ာခ်ာပီပီျပင္ျပင္ သ႐ုပ္ေဆာင္ေပး ဟုတ္ၿပီလား "

"Okay..."

Minoလည္း Jennie ေပးတဲ့ပုိက္ဆံေတြကို သူ႔ေဘာင္းဘီအိတ္ထဲ ထည့္လုိက္သည္

ရဟတ္လည္း ေအာက္ျပန္ေရာက္လာေရာ ႐ုတ္တရက္ Jennieရဲ႕ လက္ကုိ Mino တြဲလုိက္သည္

"ဘာလုပ္..."

"မင္းဘဲ ပီပီျပင္ျပင္သ႐ုပ္ေဆာင္ဆုိ...."

Jennieလည္း သူမေျပာခဲ့တ့ဲ စကားမုိ႔ Minoကို ဘာမွ မေျပာဘဲေနလုိက္သည္

"Woah...အေပၚစီးကေန ႐ွဴ ခင္းေတြ ၾကည့္ရတာ အရမ္းလွတာဘဲေနာ္ အခ်စ္ကေလး "

Jennie ရဲ႕ေမးေစ့ကုိကုိင္ၿပီး Jisoo တုိ႔ေ႐ွ႕ Mino ေမးလုိက္သည္

"ဒါ ဒါေပါ့.....Jisoo ငါနဲ႔တစ္ခါေလာက္အတူစီးၾကမလား ငါတုိ႔ႏွစ္ေယာက္ ရဟတ္တစ္ခါမွမစီးဖူးဘူးေလ "

"ဒါဆုိ Jennieနဲ႔အတူ ရဟတ္စီးလုိက္ေလ ကုိယ္တုိ႔က ဟုိနားကမုန္႔ဆုိင္မွာ ေစာင့္ေနမယ္ "

"Gomawo Jinwoo Oppa "

Jinwooကို ေက်းဇူးတင္စကားေျပာၿပီး Jennieတုိ႔ ရဟတ္ေပၚတက္လာၾကသည္

ရဟတ္ေပၚတြင္

"Jisoo နင္နဲ႔သူ ရဟတ္ေပၚ နမ္းၾကေသးလား "

Jennie စကားေၾကာင့္ Jisoo တံေတြးေတြသီးကုန္သည္

"မနမ္းပါဘူးဟ လက္ကိုင္ၿပီးဘဲ စကားေျပာၾကတာ "

"ေသခ်ာလား "

"ဒါေပါ့ "

"ဒါဆုိ...."

Jennie ထုိင္ရာက ထၿပီး Jisoo ေပါင္ေပၚတက္ခြလုိက္သည္

"Jennie ဘာလုပ္တာလည္း သူမ်ားေတြ ျမင္ကုန္ "

Jisoo စကားမဆုံးေသး Jisooရဲ႕ ႏႈတ္ခမ္းကုိ Jennie ထပ္နမ္းျပန္သည္

#TBC

#unicode

"Yah yah ငါ့ကို ဘာလို့ိနမ်းတာလည်း "

သူမကို နမ်းလိုက်တဲ့ Jennie ကို Jisoo တွန်းလိုက်ပြီး မေးလိုက်သည်

"Jinwoo Sunbae နဲ့ နမ်းပြီးပြီလား "

"ဟဲ့ တွဲတာမှ မကြာသေးဘူး ဘယ်လိုလုပ်နမ်းတဲ့အဆင့်ရောက်မှာလည်း "

Jisoo စကားကြောင့် Jennie ပြုံးပြီး

"Sunbae နဲ့နမ်းတဲ့အခါ ကျင့်သားရအောင် ငါက လုပ်ပေးတာ.....မဟုတ်ရင် သူနမ်းနေပေမယ့် နင်က မနမ်းတတ်ရင် မကောင်းဘူးလေ "

"ပေါက်တက်ကရတွေ လျှောက်လုပ်မယ့်အစား လာစာအုပ် "

Jennieရဲ့ နားရွက်ကို Jisoo ဆွဲလိမ်လိုက်သည်

"အား...နာတယ် "

"သေလိုက် "

Jennie တို့ စာလုပ်နေရင်း

"Jisoo.... "

"ဟင် "

"နင် ဘာလ့ို Jinwoo sunbae ကို ပြန်ကြိုက်တာလည်း "

Jisoo ဘောပင်အဖုံးကို ကိုက်ပြီး Jennieမေးခွန်းကို ဖြေဖို့ စဉ်းစားနေသည်

"အင်း.....သူက ချောတယ် နူးညံ့တယ် ငါ့ကို ဂရုစိုက်တယ် တကယ်ချစ်တယ်လို့ ခံစားရလို့..."

"ငါလည်း နင့်ကို ဂရုစိုက်တယ်လေ...."

"နင်က ငါ့သူငယ်ချင်းလေ အရူးမရ စာလုပ်စမ်းပါ ပေါက်ကရပြောမနေနဲ့ "

Jisooပြောပြီး Jennie နဖူးကို လက်ဖြင့် ရိုက်လိုက်သည်

ကျောင်းကန်တင်းတွင် Jisooတို့ကတော့ ကြည်ကြည်နူးနူး စကားပြောနေပေမယ့် Minoကတော့ ဂိမ်းဆော့နေပြီး Jennieကတော့ ဓာတ်ပုံ ထိုင်ရိုက်နေသည်

"မေးလိုက်မယ်နော် Oppa "

Jisoo တစ်ခုခုကိုမေးဖို့ Jinwooဆီက ခွင့်ပြုချက် တောင်းနေသည်

Jinwooလည်း ခေါင်းညိတ်ပြရော Jisoo ချောင်းဟန့်ပြီး

"အဟမ်းဟမ်း.....ကျောင်းပိတ်ရက်ကျ ငါနဲ့ Oppaက ကစားကွင်းသွားလည်မလို့ Jennie နင်နဲ့ Mino Oppaရော လိုက်ခဲ့ပါလားလို့ "

"ဟို....ငါ ကိစ္စ "

"အို လိုက်မှာတော့ နှစ်တွဲလုံး ကစားကွင်းမှာ ဒိတ်ကြမယ်လေ "

Mino စကားကိုဖြတ်လုပြီး Jennie သွားဖို့ သဘောတူလိုက်သည်

"Jinja တကယ်လား "

Jennieက လိုက်မယ်ပြောလို့ Jisoo အရမ်းပျော်သွားသည်....

သူမ အခုထိ Jinwooနဲ့ နှစ်ယောက်တည်းရှိနေရမှာကို Jisoo ရှက်နေသေးသည်

ထို့ကြောင့် Jennie တို့ ကို ခေါ်ဖို့ Jinwooကို ခွင့်တောင်းခဲ့ခြင်း ဖြစ်သည်

"လိုက်မယ် လိုက်မယ် "

Jennieကလည်း Jisooနဲ့ Jinwoo နှစ်ယောက်တည်းရှိမှာ မလိုလားလို့ လိုက်ဖို့ သဘောတူလိုက်သည်

"Yah ငါ အဲ့နေ့သွားစရာရှိတယ် "

Mino အဲ့နေ့ ဂိမ်းဆိုင်သွားဖို့ သူ့သူငယ်ချင်းတွေနဲ့ ချိန်းထားလို့ Jennie နားကပ်ပြောလိုက်သည်

"ဖျက်လိုက် ဂိမ်းက ဘယ်ချိန်ဆော့ဆော့ ဆော့လို့ရတယ် "

Jennieလည်း Minoနားကပ်ပြီး ပြန်ပြောလိုက်သည်

"ဒါပေမယ့် "

"ငါတို့က အတွဲလို့ ဟန်ဆောင်ထားတာနော် သူတို့ရိပ်မိလို့မဖြစ်ဘူး...."

"ဟူး "

Minoလည်း မငြင်းနိုင်ဘဲ Jennieတို့နဲ့ ကစားကွင်းလိုက်ဖို့ သဘောတူလိုက်ရသည်

"ငါ ဘာလို့ ဒီ fake Relation လုပ်ဖို့ သဘောတူမိလည်းမသိဘူး 💭💭"

Mino စိတ်ထဲ Jennie ကမ်းလှမ်းချက်ကို လက်ခံမိလို့ နောင်တရနေသည်

"Gomawo Jennie နင်နဲ့ကစားကွင်းသွားမယ်ပြောမှ အိမ်ကလွှတ်တာမို့ "

"ရပါတယ် ငါလည်း ကစားကွင်းမသွားရတာကြာပြီ.........."

Jennieက ကစားကွင်းသွားမယ်ဆိုပြီး အိမ်လာခေါ်လို့ Jisoo ကျေးဇူးတင်နေခြင်းဖြစ်သည်

ရည်းစားနဲ့ သွားမယ်လို့သာ သူ့အမေကိုပြောမိလို့ကတော့ Jisoo ကျောင်းသူဘဝမှာ ရည်းစားထားရမလားဆိုပြီး အဆူခံရမှာ သေချာသည်

ကစားကွင်းတွင် jinwoo နဲ့ Jisooက ကောင်းကင်ရဟတ်ကို အတူစီးကြသည်

Jennieလည်း Minoကို ခေါ်ပြီး ရဟတ်လိုက်စီးလေသည်

တရွေ့ရွေ့နဲ့အပေါ်ကိုတက်နေတဲ့ ရဟက်ပေါ်တွင် Jinwoo တစ်ယောက် Jisooရဲ့လက်ကို ကိုင်ပြီး ရှူ ခင်းတွေလိုက်ပြနေသည်

Meanwhile

"ဟဲ့ မင်းငါ့ကို နစ်နာကြေးပေးသင့်တယ် ဟိုကောင်တွေ ငါ့ကိုစိတ်ဆိုးလို့ မုန့်လိုက်ဝယ်ကျွေးချော့ရအုံးမှာ "

"ကဲပါ ရော့ ..."

Jennie သူ့ပိုက်ဆံအိတ်ထဲက ပိုက်ဆံတွေထုတ်ပေးလိုက်သည်

"ဒီနေ့တော့ သေသေချာချာပီပီပြင်ပြင် သရုပ်ဆောင်ပေး ဟုတ်ပြီလား "

"Okay..."

Minoလည်း Jennie ပေးတဲ့ပိုက်ဆံတွေကို သူ့ဘောင်းဘီအိတ်ထဲ ထည့်လိုက်သည်

ရဟတ်လည်း အောက်ပြန်ရောက်လာရော ရုတ်တရက် Jennieရဲ့ လက်ကို Mino တွဲလိုက်သည်

"ဘာလုပ်..."

"မင်းဘဲ ပီပီပြင်ပြင်သရုပ်ဆောင်ဆို...."

Jennieလည်း သူမပြောခဲ့တဲ့ စကားမို့ Minoကို ဘာမှ မပြောဘဲနေလိုက်သည်

"Woah...အပေါ်စီးကနေ ရှူ ခင်းတွေ ကြည့်ရတာ အရမ်းလှတာဘဲနော် အချစ်ကလေး "

Jennie ရဲ့မေးစေ့ကိုကိုင်ပြီး Jisoo တို့ရှေ့ Mino မေးလိုက်သည်

"ဒါ ဒါပေါ့.....Jisoo ငါနဲ့တစ်ခါလောက်အတူစီးကြမလား ငါတို့နှစ်ယောက် ရဟတ်တစ်ခါမှမစီးဖူးဘူးလေ "

"ဒါဆို Jennieနဲ့အတူ ရဟတ်စီးလိုက်လေ ကိုယ်တို့က ဟိုနားကမုန့်ဆိုင်မှာ စောင့်နေမယ် "

"Gomawo Jinwoo Oppa "

Jinwooကို ကျေးဇူးတင်စကားပြောပြီး Jennieတို့ ရဟတ်ပေါ်တက်လာကြသည်

ရဟတ်ပေါ်တွင်

"Jisoo နင်နဲ့သူ ရဟတ်ပေါ် နမ်းကြသေးလား "

Jennie စကားကြောင့် Jisoo တံတွေးတွေသီးကုန်သည်

"မနမ်းပါဘူးဟ လက်ကိုင်ပြီးဘဲ စကားပြောကြတာ "

"သေချာလား "

"ဒါပေါ့ "

"ဒါဆို...."

Jennie ထိုင်ရာက ထပြီး Jisoo ပေါင်ပေါ်တက်ခွလိုက်သည်

"Jennie ဘာလုပ်တာလည်း သူများတွေ မြင်ကုန် "

Jisoo စကားမဆုံးသေး Jisooရဲ့ နှုတ်ခမ်းကို Jennie ထပ်နမ်းပြန်သည်

#TBC

Bạn đang đọc truyện trên: Truyen3h.Co