Truyen3h.Co

Playing With Jealousy

Part 4

KimFany059


Jennieရဲ႕ အနမ္းေတြၾကား Jisoo အသက္ရႉမရ ျဖစ္ေနသည္

ထို႔ေၾကာင့္ Jennieကို Jisoo တြန္းပစ္လိုက္သည္လ

"Jennie ေတာ္ေတာ့ ေခနန ေအာက္ေရာက္ေတာ့မယ္ "

"ဘာလည္း Jinwoo Oppa ျမင္မွာဆိုးလို႔လား "

"က်စ္......မဆိုးစမ္းနဲ႕ Jennie...ကေလးလည္း မဟုတ္ေတာ့ဘူး "

Jisoo စိတ္ဆိုးေနတဲ့ပုံေပါက္လာလို႔ Jennie သက္ျပင္းခ်ၿပီး Jisoo ဆီကေန ဖယ္လိုက္သည္

"စိတ္ဆိုးသြားတာလား "

Jisoo ျမာ Jennie ေမးတာကို မေျဖဘဲ အျပင္ကိုသာ ေငးၾကည့္ေနသည္

ရဟတ္လည္း ေအာက္ကို ေရာက္လာေတာ့ Jisooတို႔လည္း ရဟတ္ေပါက ဆင္းလာၾကသည္

"လာ Oppaတို႔ ေရခဲမုန့္သြားစားရေအာင္ "

Jinwoo သူ႕ေကာင္မေလး လက္ကိုဆြဲၿပီး ေရခဲမုန့္ဆိုင္ကို သြားလိုက္သည္

ေရခဲမုန့္ဆိုင္တြင္ Jinwoo သူ႕ေကာင္မေလးကို ေရခဲမုန့္ခြံ႕ေကြၽးေတာ့ Minoလည္း Jinwoo လုပ္သလို Jennieကို ေရခဲမုန့္ခြံံ့ေကြၽးသည္

သို႔ေသာ္လည္း Jennie စိတ္မၾကည္မလင္ျဖစ္ေနတဲ့အခ်ိန္နဲ႕ ႀကဳံရေတာ့ Minoတစ္ေယာက္ ေက်းဇူးအတင္မခံရဘဲ အကိုက္ခံရေလသ​ည္

"အား....နာတယ္ဟ ဘာလို႔ ကိုက္တာလည္း "

"Hee Oppaက ခ်စ္ဖို႔ေကာင္းလို႔ "

တကယ္ေတာ့ ​ jisooကို ေရခဲမုန့္ ခြံ႕ေကြၽးတဲ့
Jinwoo ကို Jennie မေက်မနပ္ျဖစ္ေနတာေလ.........မေက်မနပ္ျဖစ္ေနတာကို ထုတ္ေျပာလို႔မရလို႔ Minoဆီသာ ပုံခ်ကိဳက္လိုက္ျခင္း ျဖစ္သည္

Mino အကိုက္ခံရတဲ့ သူ႕လက္ေလးကို ပြတ္ရင္း Jennieကို မ်က္ေမွာင္ၾကဳတ္ကာ ၾကည့္လိုက္သည္

"မင္းတို႔အတြဲက တကယ္ ခ်စ္ဖို႔ေကာင္းတာဘဲ လိုက္လည္းလိုက္ပါ့"

"Gomawo Jinwoo oppa...."

Jennie သူမတို႔အတြဲကို လိုက္တယ္ေျပာလို႔ ဟန္ေဆာင္ရယ္ကာ Jinwooကို ေက်းဇူးတင္စကားေျပာလိုက္သည္

"ေရခဲမုန့္စားၿပီးၿပီဆိုေတာ့ ​ပင္လယ္ဓားျပစီးရေအာင္ "

Jinwoo ေျပာေတာ့ Jennie အျမန္ထရပ္ၿပီး

"မျဖစ္ဘူး Jisooက အဲ့လိုအျမင့္ေတြ ေၾကာက္တတ္တယ္.... အာ ဟုတ္သား ခုနက ရဟတ္ကို နင္ဘယ္လိုစီးလိုက္တာလည္း Jisoo နင္ အျမင့္ေၾကာက္တာကို "

Jennie ေစာနက သဝန္တိုစိတ္ေၾကာင့္ ဘာမွမျမင္မေတြးမိေပမယ့္ ယခုမွ Jisoo အျမင့္ေၾကာက္တာကို သတိရလာသည္.......

"ရပါတယ္ ခုနကေတာင္ ငါ ရဟတ္စီးနိုင္ေသးတာဘဲ စီးရဲပါတယ္ "

Jennieကေျပာေပမယ့္ Jinwoo စိတ္မေကာင္းျဖစ္မွာဆိုးလို႔ Jisoo စီးရဲသည္ဟု ဟန္ေဆာင္ေျပာလိုက္သည္

"ရလို႔လား "

"Oppaသာ Chawေဘးနား ရွိရင္ အျမင့္လည္းမေၾကာက္ေတာ့ဘူး "

Jisoo မွာ Jinwooကို ခြၽဲလိုက္ေတာ့ Jennie တစ္ေယာက္ ပါးစပ္ထဲလက္ထိုးအန္လိုက္သ​ည္

"ေဝါ့...."

"Yah နင္ေသမယ္ Jennie "

Jisoo မွာ Jennieကို လိုက္ရိုက္ေတာ့ Jennie တစ္ေယာက္ ဆိုင္ထဲကေန ထြက္ေျပးသြားေလသည္

Jinwoo စိတ္မေကာင္းျဖစ္မွာဆိုးလို႔သာ Jisoo ပင္လယ္ဓားျပလိုက္စီးရေပမယ့္ ေတာ္ေတာ္ေလးေၾကာက္ေနမိၿပီး Jinwoo ရင္ခြင္ထဲဘဲ ပုန္းေနမိသည္

Jennieကေတာ့ ေၾကာက္လို႔ေအာ္ဖို႔ေမ့ၿပီး Jinwooနဲ႕ Jisooကို ၾကည့္ၿပီး စိတ္ထဲတစ္မ်ိဳးႀကီး ခံစားေနရသည္။

Mino တစ္ေယာက္ ပင္လယ္ဓားျပေလွကေန ဆင္းလာၿပီးကတည္းက Jennie မ်က္ႏွာမေကာင္းေနတာကို သတိထားမိသည္

"Jennie အဆင္ေျပရဲ႕လား မင္း မ်က္ႏွာလည္း မေကာင္းဘူး "

"ငါ မူးၿပီးအန္ခ်င္လာတာ ေနမေကာင္းလို႔ အိမ္ျပန္လိုက္ပို႔ေပးပါလား "

"ဟင္......"

"Jinwoo oppaတို႔ sorryေနာ္ chaw ေနမေကာင္းခ်င္သလိုျဖစ္လာလို႔"

Jennieက ေနမေကာင္းဘူးဆိုလို႔ Mino နဲ႕ ျပန္လႊတ္ရမွာ Jisoo စိတ္မခ်ေပ......ဘာလို႔ဆို Jennie တစ္ေယာက္ ေနမေကာင္းတာနဲ႕ ေဘးနားဝန္းက်င္တစ္ခုလုံးေပပြေအာင္ ေအာ့အန္တတ္ျခင္းေၾကာင့္ ျဖစ္သည္

ဒါ့အျပင္ Jennie မူးၿပီဆိုလွ်င္ ပတ္ဝန္းက်င္ကို ဂ႐ုမစိုက္ ေတြ႕ရာလွဲၿပီး အိပ္တတ္သည္...ဒါေၾကာင့္ Minoနဲ႕ ျပန္လႊတ္ရမွာကို Jisoo စိတ္မခ်......

"Jinwoo oppa.....chaw ေတာင္းပန္ပါတယ္ ေနာက္မွ ေလွ်ာက္လည္ရေအာင္ေလေနာ္..chawလည္း ေနမေကာင္းခ်င္သလို ျဖစ္လာလို႔ Jennieနဲ႕တူတူ ျပန္လိုက္ေတာ့မယ္ "

"အာ ႏွစ္ေယာက္လုံးရရဲ႕လား oppaတို႔ ျပန္လိုက္ပို႔ေပးမယ္ေလ "

"ရပါတယ္ chawတို႔ အဆင္ေျပပါတယ္ Oppaတို႔သာ အိမ္ကိုေသခ်ာျပန္ေနာ္ ျပန္ေရာက္ရင္ message ပို႔အုံး "

"Ok...Jisooလည္း ျပန္ေရာက္ရင္ ph ဆက္ေနာ္ "

"Nae...Jennie လာ သြားၾကစို႔ "

Jennieရဲ႕လက္ကို Jisooတြဲလိုက္သည္

Jennieမွာ Jisooရဲ႕ အျပဳအမူေၾကာင့္ အ့ံၾသေနသည္....

Busကားေပါတြင္ jennieမွာ Jisooကို စကားမေျပာဘဲ ကားမွန္ကိုသာ မွီၿပီး အျပင္ကိုသာ ေငးၾကည့္ေနသည္

"ေခါင္းမူးေနတာမလား ငါ့ပခုံးေပါမွီအိပ္ေလ.... "

"ရပါတယ္ ငါက သိပ္မမူးပါဘူး နင္သာ အျမင့္​ေၾကာက္ရက္နဲ႕ သြားစီးတာ မူးၿပီ မဟုတ္လား "

Jennie စကားေၾကာင့္ Jisoo ၿပဳံးၿပီး

"ငါက မမူးပါဘူး ေနမေကာင္းတဲ့ နင့္ကို စိတ္မခ်လိဳ႕ Jinwoo oppaကို လိမ္ေျပာလိုက္တာ "

Jisoo စကားေၾကာင့္ Jennie ေပ်ာ္သြားသည္

"နင္ ငါ့ကိုစိတ္ပူေနတာလား "

"ဒါေပါ့ နင္ ေနမေကာင္းျဖစ္ရင္ ဘယ္ေလာက္ဆိုးလည္း ......ငါကဘဲ သိၿပီး ငါကဘဲ ဂ႐ုစိုက္ေပးနိုင္တာေလ....ဒါေၾကာင့္ မူးရင္ ငါ့ပခုံးေပါမွီအိပ္ေလ "

Jennie ခ်က္ခ်င္းဘဲ Jisoo ေပါင္ေပါ လွဲအိပ္လိုက္သည္

"Gomawo Jisoo....."

"အိမ္ျပန္ေရာက္ရင္ ဆန္ျပဳတ္ေသာက္မလား ငါ ျပဳတ္ေပးမယ္ "

"Okေသာက္မယ္....."

Jennie ဘာမွမျဖစ္ေသာ္လည္း တစ္လမ္းလုံး Jisooေပါင္ေပါအိပ္လိုက္လာခဲ့သ​ည္

သူမတို႔ တိုက္ခန္းေရာက္ေတာ့

"Jennie နင္ အဝတ္အစားလဲထားႏွင့္ ငါ ဆန္ျပဳတ္ျပဳတ္ေပးမယ္........"

"အင္း ...."

Jennie အဝတ္အစားလဲေနခ်ိန္ Jisooတစ္ေယာက္ မီးဖိုေခ်ာင္ထဲ ဝင္လာသည္

"Aigoo အသင့္စားေခါက္ဆြဲျပဳတ္ထုတ္ေတြခ်ည္းဘဲ .....အင္းေပါ့ေလ သူကမိဘေတြနဲ႕ ေနရတာ မဟုတ္ေတာ့လည္း...."

ဟုတ္ပါတယ္ Jennieရဲ႕ မိဘေတြက ဆိုးလ္မွာမဟုတ္..နယူးဇီလန္ကိုေျပာင္းသြားျခင္း ျဖစ္သည္

Jennieက Jisooနဲ႕မခြဲနိုင္လို႔ ဆိုးလ္မွာေနခဲ့ျခင္း ျဖစ္သည္ တစ္ႏွစ္ကို သုံးခါေလာက္ေတာ့ သူမိဘေတြက Jennieကို လာေတြ႕တတ္ပါသည္

Jisoo ဆန္ျပဳတ္ျပဳတ္ရင္း အေတြးလြန္ေနစဥ္ ႐ုတ္တရက္ Jennieက ခါးကိုအေနာက္ကေန သိုင္းဖက္ေသာေၾကာင့္ လန့္သြားေလသ​ည္

"အာ.."

"ဘာေတြအေတြးလြန္ေနလို႔ ဒီေလာက္ထိ လန့္သြားရတာလည္း "

"ဟို နင္တစ္ေယာက္တည္း ဒီအိမ္မွာရွိတယ္ဆိုတာ ေတြးေနလို႔"

"ငါ တစ္ေယာက္တည္းရွိတယ္ဆိုေတာ့ နင္က ဘေတြေတြးေနတာလည္း......စိတ္ကူးယဥ္ေနတာလား .."

Jennie ေမးရင္း သူမလက္ေတြက Jisoo အက်ီေအာက္ထဲေရာက္လာသည္

#author keyboardေၾကာင္ေနလို႔ သတ္ပုံမွားရင္ ခြင့္လႊတ္ပါဖလ

#unicode

Jennieရဲ့ အနမ်းတွေကြား Jisoo အသက်ရှူမရ ဖြစ်နေသည်

ထို့ကြောင့် Jennieကို Jisoo တွန်းပစ်လိုက်သည်လ

"Jennie တော်တော့ ခေနန အောက်ရောက်တော့မယ် "

"ဘာလည်း Jinwoo Oppa မြင်မှာဆိုးလို့လား "

"ကျစ်......မဆိုးစမ်းနဲ့ Jennie...ကလေးလည်း မဟုတ်တော့ဘူး "

Jisoo စိတ်ဆိုးနေတဲ့ပုံပေါက်လာလို့ Jennie သက်ပြင်းချပြီး Jisoo ဆီကနေ ဖယ်လိုက်သည်

"စိတ်ဆိုးသွားတာလား "

Jisoo မြာ Jennie မေးတာကို မဖြေဘဲ အပြင်ကိုသာ ငေးကြည့်နေသည်

ရဟတ်လည်း အောက်ကို ရောက်လာတော့ Jisooတို့လည်း ရဟတ်ပေါက ဆင်းလာကြသည်

"လာ Oppaတို့ ရေခဲမုန့်သွားစားရအောင် "

Jinwoo သူ့ကောင်မလေး လက်ကိုဆွဲပြီး ရေခဲမုန့်ဆိုင်ကို သွားလိုက်သည်

ရေခဲမုန့်ဆိုင်တွင် Jinwoo သူ့ကောင်မလေးကို ရေခဲမုန့်ခွံ့ကျွေးတော့ Minoလည်း Jinwoo လုပ်သလို Jennieကို ရေခဲမုန့်ခွံံ့ကျွေးသည်

သို့သော်လည်း Jennie စိတ်မကြည်မလင်ဖြစ်နေတဲ့အချိန်နဲ့ ကြုံရတော့ Minoတစ်ယောက် ကျေးဇူးအတင်မခံရဘဲ အကိုက်ခံရလေသ​ည်

"အား....နာတယ်ဟ ဘာလို့ ကိုက်တာလည်း "

"Hee Oppaက ချစ်ဖို့ကောင်းလို့ "

တကယ်တော့ ​ jisooကို ရေခဲမုန့် ခွံ့ကျွေးတဲ့
Jinwoo ကို Jennie မကျေမနပ်ဖြစ်နေတာလေ.........မကျေမနပ်ဖြစ်နေတာကို ထုတ်ပြောလို့မရလို့ Minoဆီသာ ပုံချကိုက်လိုက်ခြင်း ဖြစ်သည်

Mino အကိုက်ခံရတဲ့ သူ့လက်လေးကို ပွတ်ရင်း Jennieကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်

"မင်းတို့အတွဲက တကယ် ချစ်ဖို့ကောင်းတာဘဲ လိုက်လည်းလိုက်ပါ့"

"Gomawo Jinwoo oppa...."

Jennie သူမတို့အတွဲကို လိုက်တယ်ပြောလို့ ဟန်ဆောင်ရယ်ကာ Jinwooကို ကျေးဇူးတင်စကားပြောလိုက်သည်

"ရေခဲမုန့်စားပြီးပြီဆိုတော့ ​ပင်လယ်ဓားပြစီးရအောင် "

Jinwoo ပြောတော့ Jennie အမြန်ထရပ်ပြီး

"မဖြစ်ဘူး Jisooက အဲ့လိုအမြင့်တွေ ကြောက်တတ်တယ်.... အာ ဟုတ်သား ခုနက ရဟတ်ကို နင်ဘယ်လိုစီးလိုက်တာလည်း Jisoo နင် အမြင့်ကြောက်တာကို "

Jennie စောနက သဝန်တိုစိတ်ကြောင့် ဘာမှမမြင်မတွေးမိပေမယ့် ယခုမှ Jisoo အမြင့်ကြောက်တာကို သတိရလာသည်.......

"ရပါတယ် ခုနကတောင် ငါ ရဟတ်စီးနိုင်သေးတာဘဲ စီးရဲပါတယ် "

Jennieကပြောပေမယ့် Jinwoo စိတ်မကောင်းဖြစ်မှာဆိုးလို့ Jisoo စီးရဲသည်ဟု ဟန်ဆောင်ပြောလိုက်သည်

"ရလို့လား "

"Oppaသာ Chawဘေးနား ရှိရင် အမြင့်လည်းမကြောက်တော့ဘူး "

Jisoo မှာ Jinwooကို ချွဲလိုက်တော့ Jennie တစ်ယောက် ပါးစပ်ထဲလက်ထိုးအန်လိုက်သ​ည်

"ဝေါ့...."

"Yah နင်သေမယ် Jennie "

Jisoo မှာ Jennieကို လိုက်ရိုက်တော့ Jennie တစ်ယောက် ဆိုင်ထဲကနေ ထွက်ပြေးသွားလေသည်

Jinwoo စိတ်မကောင်းဖြစ်မှာဆိုးလို့သာ Jisoo ပင်လယ်ဓားပြလိုက်စီးရပေမယ့် တော်တော်လေးကြောက်နေမိပြီး Jinwoo ရင်ခွင်ထဲဘဲ ပုန်းနေမိသည်

Jennieကတော့ ကြောက်လို့အော်ဖို့မေ့ပြီး Jinwooနဲ့ Jisooကို ကြည့်ပြီး စိတ်ထဲတစ်မျိုးကြီး ခံစားနေရသည်။

Mino တစ်ယောက် ပင်လယ်ဓားပြလှေကနေ ဆင်းလာပြီးကတည်းက Jennie မျက်နှာမကောင်းနေတာကို သတိထားမိသည်

"Jennie အဆင်ပြေရဲ့လား မင်း မျက်နှာလည်း မကောင်းဘူး "

"ငါ မူးပြီးအန်ချင်လာတာ နေမကောင်းလို့ အိမ်ပြန်လိုက်ပို့ပေးပါလား "

"ဟင်......"

"Jinwoo oppaတို့ sorryနော် chaw နေမကောင်းချင်သလိုဖြစ်လာလို့"

Jennieက နေမကောင်းဘူးဆိုလို့ Mino နဲ့ ပြန်လွှတ်ရမှာ Jisoo စိတ်မချပေ......ဘာလို့ဆို Jennie တစ်ယောက် နေမကောင်းတာနဲ့ ဘေးနားဝန်းကျင်တစ်ခုလုံးပေပွအောင် အော့အန်တတ်ခြင်းကြောင့် ဖြစ်သည်

ဒါ့အပြင် Jennie မူးပြီဆိုလျှင် ပတ်ဝန်းကျင်ကို ဂရုမစိုက် တွေ့ရာလှဲပြီး အိပ်တတ်သည်...ဒါကြောင့် Minoနဲ့ ပြန်လွှတ်ရမှာကို Jisoo စိတ်မချ......

"Jinwoo oppa.....chaw တောင်းပန်ပါတယ် နောက်မှ လျှောက်လည်ရအောင်လေနော်..chawလည်း နေမကောင်းချင်သလို ဖြစ်လာလို့ Jennieနဲ့တူတူ ပြန်လိုက်တော့မယ် "

"အာ နှစ်ယောက်လုံးရရဲ့လား oppaတို့ ပြန်လိုက်ပို့ပေးမယ်လေ "

"ရပါတယ် chawတို့ အဆင်ပြေပါတယ် Oppaတို့သာ အိမ်ကိုသေချာပြန်နော် ပြန်ရောက်ရင် message ပို့အုံး "

"Ok...Jisooလည်း ပြန်ရောက်ရင် ph ဆက်နော် "

"Nae...Jennie လာ သွားကြစို့ "

Jennieရဲ့လက်ကို Jisooတွဲလိုက်သည်

Jennieမှာ Jisooရဲ့ အပြုအမူကြောင့် အ့ံသြနေသည်....

Busကားပေါတွင် jennieမှာ Jisooကို စကားမပြောဘဲ ကားမှန်ကိုသာ မှီပြီး အပြင်ကိုသာ ငေးကြည့်နေသည်

"ခေါင်းမူးနေတာမလား ငါ့ပခုံးပေါမှီအိပ်လေ.... "

"ရပါတယ် ငါက သိပ်မမူးပါဘူး နင်သာ အမြင့်​ကြောက်ရက်နဲ့ သွားစီးတာ မူးပြီ မဟုတ်လား "

Jennie စကားကြောင့် Jisoo ပြုံးပြီး

"ငါက မမူးပါဘူး နေမကောင်းတဲ့ နင့်ကို စိတ်မချလို့ Jinwoo oppaကို လိမ်ပြောလိုက်တာ "

Jisoo စကားကြောင့် Jennie ပျော်သွားသည်

"နင် ငါ့ကိုစိတ်ပူနေတာလား "

"ဒါပေါ့ နင် နေမကောင်းဖြစ်ရင် ဘယ်လောက်ဆိုးလည်း ......ငါကဘဲ သိပြီး ငါကဘဲ ဂရုစိုက်ပေးနိုင်တာလေ....ဒါကြောင့် မူးရင် ငါ့ပခုံးပေါမှီအိပ်လေ "

Jennie ချက်ချင်းဘဲ Jisoo ပေါင်ပေါ လှဲအိပ်လိုက်သည်

"Gomawo Jisoo....."

"အိမ်ပြန်ရောက်ရင် ဆန်ပြုတ်သောက်မလား ငါ ပြုတ်ပေးမယ် "

"Okသောက်မယ်....."

Jennie ဘာမှမဖြစ်သော်လည်း တစ်လမ်းလုံး Jisooပေါင်ပေါအိပ်လိုက်လာခဲ့သ​ည်

သူမတို့ တိုက်ခန်းရောက်တော့

"Jennie နင် အဝတ်အစားလဲထားနှင့် ငါ ဆန်ပြုတ်ပြုတ်ပေးမယ်........"

"အင်း ...."

Jennie အဝတ်အစားလဲနေချိန် Jisooတစ်ယောက် မီးဖိုချောင်ထဲ ဝင်လာသည်

"Aigoo အသင့်စားခေါက်ဆွဲပြုတ်ထုတ်တွေချည်းဘဲ .....အင်းပေါ့လေ သူကမိဘတွေနဲ့ နေရတာ မဟုတ်တော့လည်း...."

ဟုတ်ပါတယ် Jennieရဲ့ မိဘတွေက ဆိုးလ်မှာမဟုတ်..နယူးဇီလန်ကိုပြောင်းသွားခြင်း ဖြစ်သည်

Jennieက Jisooနဲ့မခွဲနိုင်လို့ ဆိုးလ်မှာနေခဲ့ခြင်း ဖြစ်သည် တစ်နှစ်ကို သုံးခါလောက်တော့ သူမိဘတွေက Jennieကို လာတွေ့တတ်ပါသည်

Jisoo ဆန်ပြုတ်ပြုတ်ရင်း အတွေးလွန်နေစဥ် ရုတ်တရက် Jennieက ခါးကိုအနောက်ကနေ သိုင်းဖက်သောကြောင့် လန့်သွားလေသ​ည်

"အာ.."

"ဘာတွေအတွေးလွန်နေလို့ ဒီလောက်ထိ လန့်သွားရတာလည်း "

"ဟို နင်တစ်ယောက်တည်း ဒီအိမ်မှာရှိတယ်ဆိုတာ တွေးနေလို့"

"ငါ တစ်ယောက်တည်းရှိတယ်ဆိုတော့ နင်က ဘတွေတွေးနေတာလည်း......စိတ်ကူးယဥ်နေတာလား .."

Jennie မေးရင်း သူမလက်တွေက Jisoo အကျီအောက်ထဲရောက်လာသည်

#author keyboardကြောင်နေလို့ သတ်ပုံမှားရင် ခွင့်လွှတ်ပါ

Bạn đang đọc truyện trên: Truyen3h.Co