Part 5
#Unicode
"Jennie ဘာလုပ်တာလည်း ဖယ်....."
သူမ ဗိုက်သားကို လာပွတ်နေတဲ့ Jennieရဲ့ လက်ကို Jisoo ရိုက်လိုက်သည်
"အဲ့လိုတွေမလုပ်ပါနဲ့ ငါမကြိုက်ဘူး Jennie....မိန်းကလေးချင်း ဒါဘာလုပ်တာလည်း ငါတို့က သူငယ်ချင်းတွေလေ..... .."
Jisoo မျက်မှောင်ကြုတ်ပြီး အော်လိုက်သောကြောင့် Jennie စိတ်မကောင်းဖြစ်သွားသည်
Jisoo တကယ်ဘဲ Jennieကို သူငယ်ချင်းလို သဘောထားနေတာ မှန်ကန်တာလား.....Jennie ကဘဲ သူငယ်ချင်းကို သဝန်တိုကာ မဖြစ်သင့်တဲ့ ခံစားချက်တွေရှိနေပြီး မလုပ်သင့်တဲ့အရာတွေ လုပ်နေမိတာ မှားနေတာလား Jennie တွေးမရ......
ထိုခံစားချက်တွေ ဖျောက်ဖျက်ဖို့ Jennie ကြိုးစားဖူးသည်...သို့သော် Jinwoo နဲ့ Jisooကို အတူတွေ့ရတဲ့အခါတိုင်း ခံစားချက်တွေက ပိုမိုကြီးထွားလာပြီး လုပ်သင့်မလုပ်သင့် မတွေးမိဘဲ စိတ်ထဲ ထင်ရာ လျှောက်လုပ်နေမိသည်
ယခု Jisooရဲ့ သဘောထားကို သိပြီမို့လို့ Jennie သက်ပြင်းချပြီး ဧည့်ခန်းထဲသို့ ထွက်သွားလေသည်
"ငါ အော်လိုက်လို့ စိတ်ဆိုးသွားတာလား.... မတတ်နိုင်ဘူးလေ သူက ဘာတွေလုပ်မှန်းမသိ ငါ့ရဲ့ First kissကိုလည်း ယူသွားသေးတယ် အခုလည်း မထော်မနန်းတွေလုပ်နေ မအော်ရင် မပြောရင် မီးဖိုချောင်ထဲ ငါ့အပျိုစင်ဘဝကို ပေးရတော့မှာ အမလေး...."
Jisoo ဆန်ပြုတ်ပြုတ်ရင်း ညည်းညူနေမိသည်
"ကဲ ဆန်ပြုတ်ရလာပြီ...."
Jisoo ဆန်ပြုတ်ပန်းကန်ယူလာတော့ Jennie မကြားချင်ယောင်ဆောင်ပြီး သူမဖုန်းထဲကိုသာ ဆော့နေသည်
"Jennie Kim..... မဆိုးစမ်းနဲ့ အော်လိုက်လို့ စိတ်ကောက်ရအောင် နင်က ကလေးလား "
"ဟုတ်တယ် ငါက ကလေး ဘာဖြစ်ချင်လည်း ပြော"
Jennie ခေါင်းမော့ပြီး Jisooကို ရန်တွေ့လိုက်သည်
"ကလေးဆို လူကြီးပြောစကားနားထောင်ရမှာပေါ့ ဖုန်းပေး...ဆန်ပြုတ်သောက်ရအောင်လေနော်....Jennie က လိမ်မာပါတယ်.....'
Jennieကို ချော့ပြီး သူ့လက်ထဲက ဖုန်းကို Jisoo ဆွဲလုလိုက်သည်
"ဟွန်း...."
"ကဲပါ နောက်မအော်တော့ဘူးလေ လိမ်မာပါတယ် အာ....ပူတုန်းလေး စားလိုက် ပြီးရင် ဆေးသောက်ရအောင် "
Jisooကို မျက်စောင်းထိုးပြီး Jennie မှာ Jisoo ခွံ့ကျွေးတဲ့ ဆန်ပြုတ်ကို စားလိုက်သည်
"ကောင်းလား "
"အရမ်း ကောင်းတယ် Master Chef ဝင်ပြိုင်ပါလား...."
"မကောင်းမှာ စိတ်ပူနေတာ ကောင်းရင် ပြိီးတာဘဲ "
ထိုစဥ် Jennie phထဲသို့ Minoဆီက Message ဝင်လာသည်
📧 ငွေလွှဲပေးမယ်ဆို အမြန်လွှဲပေးတော့ ငါ အရေးကြီးနေလို့
"Jisoo ခဏနော် "
Jennie လည်း သူမတို့ အကြောင်းကို Jisooသိမှာဆိုးလို့ ချက်ချင်းထရပ်ပြီး အိမ်သာထဲ ဝင်သွားလေသည်
"အေးပါ နင်တို့ ရည်းစားချင်း အေးဆေးစကားပြောပါ ဖုန်းပြောပြီးရင် ဆေးသောက်နော် ငါ ပြန်ပြီ "
Jisooမှာ Jennie ကို နှုတ်ဆက်ပြီး သူမတိုက်ခန်းသို့ ပြန်လာခဲ့သည်
Jennie လည်း သူမ bank အကောင့်ကနေ Minoဆီသို့ ပြောထားတဲ့အတိုင်း ငွေလွှဲပေးလိုက်သည်
💌jisoo...အိမ်ပြန်ရောက်ပြီလား
Jisoo သူမ အိမ်ပြန်ရောက်လို့ အဝတ်အစားလဲနေစဥ် Jinwoo ဆီက Message ဝင်လာလို့ ပျော်သွားသည်
တကယ်တော့ သူမ JennieကိုMino Message ပို့တာမြင်ပြီး Jinwooဆီက Message ကို မျှော်နေခဲ့တာပါ
💌ဟုတ် ပြန်ရောက်ပြီ Oppa...အကြာကြီး
လျှောက်မလည်ပေးနိုင်လို့ အားနာပါတယ်
💌ရပါတယ် အိမ်ကိုသေချာပြန်ရောက်လို့ တော်သေးတာပေါ့ နေမကောင်းဘူးမလား ဆေးသေချာသောက်ပြီး အိပ်တော့နော် ချစ်တယ် Jisoo ❤
💌Me too Oppa.....
Jisooလည်း Message ပို့ပြီးနောက် မအိပ်ချင်လို့ သူမ phထဲက ဂိမ်းကိုဆော့နေလိုက်သည်
ဂိမ်းဆော့နေရင်း ရုတ်တရက် Jennie အကြောင်းတွေးမိလာသည်
Jennieနဲ့သူမ ခင်လာတာ အလယ်တန်းကျောင်းသူ ဘဝကတည်းက....
Jennieက Jisooတို့ကျောင်းကို ပြောင်းလာသူဖြစ်ပြီး စကားပြောနည်းတဲ့အပြင် ခပ်ချေချေနေသောကြောင့် ဘယ်သူမှ သူမကို စကားမပြောရဲ သွားမပြောကြပေ
Jisooတစ်ယောက်ကဘဲ Jennieကို စကားသွားပြောခဲ့ပြီး Jennie စကားပြန်ပြောပြီး ခင်တဲ့သူကလည်း Jisoo တစ်ယောက်ဘဲ ဖြစ်သည်
Jensooတို့ သွားအတူစားအတူ ကျောင်းကလပ်လည်း အတူဝင် အားကစားလည်း အတူလုပ်ခဲ့ကြသည်
Jennie အလယ်တန်းကျောင်းသူ ဘဝကတည်းက ရည်းစားစထားခဲ့သည်....သူမရဲ့ အချစ်ဦးက အထက်တန်းကျောင်းသား Kwon Jiyong.....
ရည်းစားထားပြီးနောက်ပိုင်း Jisooကို Jennie သိပ်အရေးမလုပ်ခဲ့ပေ...သူ့ရည်းစားနဲ့ အချိန်ကုန်တာ များသည် .....သို့သော်လည်း Jennieကို ခင်တဲ့ စိတ်နဲ့ Jisoo အပြစ်မမြင်ခဲ့ပေ
"နေပါအုံး အခု သူလုပ်နေတာတွေက.....နေပါအုံး ငါရည်းစားရသွားပြီး သူ့ကိုပစ်ထားမှာဆိုးလို့ ငါ့ဆီက Attention ယူနေတာလား....အောင်မာ ဒင်းက သူကျ အလယ်တန်းကတည်းက ငါ့ကိုပစ်ထားပြီး သူ့အလှည့်ကျ အထီးကျန်မှာကြောက်နေ မိဂျန်းမ "
Jisoo အတိတ်ကိုပြန်တွေးမိပြီး စိတ်ထဲကနေ Jennie ကို ရန်တွေ့လိုက်သည်
တကယ်ဘဲ Jisoo ထင်သလို Jennie က Jisoo ရည်းစားရသွားလို့ အထီးကျန်မှာကြောက်နေတာလား........
Jennie သူမ ဝက်ဝံရုပ်လေးကို ဖက်ထားရင်း Jisoo အကြောင်းတွေးနေမိသည်
အခု Jisoo ရည်းစားရသွားတာကို Jennie တော်တော်လေး မခံမရပ်နိုင်ဖြစ်နေသည်
"ငါက သူ ရည်းစားရသွားတာကို သဝန်တိုနေတာလား......သဝန်တိုစရာမှ မလိုတာ ကိုယ့်သူငယ်ချင်း ရည်းစားရသွားတာဘဲလေ ......ငါ ရည်းစားထားတုံးကရော Jisoo အခုလို သဝန်တိုခဲ့လား ....ငါ.....ငါ Jisooကို ချစ်မိနေတာလား......ဘာလို့ဆို Jiyong Oppaနဲ့ နမ်းတုံးကတောင် ငါ ရင်မခုန်ခဲ့ဘူး....ဒါပေမယ့် Jisooကိုခဏလေးနမ်းလိုက်တာတောင် ရင်တွေခုန်တာ သေမလိုဘဲ....ငါ ငါ အခုလို လျှောက်လုပ်နေမိတာ သဝန်တိုနေမိလို့လား......."
Jennie တော်တော်လေး စဥ်းစားမိပြီးနောက် အဖြေတစ်ခုကို သူမရှာတွေ့သွားလေသည်
#TBC
#Zawgyi
"Jennie ဘာလုပ္တာလည္း ဖယ္....."
သူမ ဗိုက္သားကို လာပြတ္ေနတဲ့ Jennieရဲ႕ လက္ကို Jisoo ရိုက္လိုက္သည္
"အဲ့လိုေတြမလုပ္ပါနဲ႕ ငါမႀကိဳက္ဘူး Jennie....မိန္းကေလးခ်င္း ဒါဘာလုပ္တာလည္း ငါတို႔က သူငယ္ခ်င္းေတြေလ..... .."
Jisoo မ်က္ေမွာင္ၾကဳတ္ၿပီး ေအာ္လိုက္ေသာေၾကာင့္ Jennie စိတ္မေကာင္းျဖစ္သြားသည္
Jisoo တကယ္ဘဲ Jennieကို သူငယ္ခ်င္းလို သေဘာထားေနတာ မွန္ကန္တာလား.....Jennie ကဘဲ သူငယ္ခ်င္းကို သဝန္တိုကာ မျဖစ္သင့္တဲ့ ခံစားခ်က္ေတြရွိေနၿပီး မလုပ္သင့္တဲ့အရာေတြ လုပ္ေနမိတာ မွားေနတာလား Jennie ေတြးမရ......
ထိုခံစားခ်က္ေတြ ေဖ်ာက္ဖ်က္ဖို႔ Jennie ႀကိဳးစားဖူးသည္...သို႔ေသာ္ Jinwoo နဲ႕ Jisooကို အတူေတြ႕ရတဲ့အခါတိုင္း ခံစားခ်က္ေတြက ပိုမိုႀကီးထြားလာၿပီး လုပ္သင့္မလုပ္သင့္ မေတြးမိဘဲ စိတ္ထဲ ထင္ရာ ေလွ်ာက္လုပ္ေနမိသည္
ယခု Jisooရဲ႕ သေဘာထားကို သိၿပီမို႔လို႔ Jennie သက္ျပင္းခ်ၿပီး ဧည့္ခန္းထဲသို႔ ထြက္သြားေလသည္
"ငါ ေအာ္လိုက္လို႔ စိတ္ဆိုးသြားတာလား.... မတတ္နိုင္ဘူးေလ သူက ဘာေတြလုပ္မွန္းမသိ ငါ့ရဲ႕ First kissကိုလည္း ယူသြားေသးတယ္ အခုလည္း မေထာ္မနန္းေတြလုပ္ေန မေအာ္ရင္ မေျပာရင္ မီးဖိုေခ်ာင္ထဲ ငါ့အပ်ိဳစင္ဘဝကို ေပးရေတာ့မွာ အမေလး...."
Jisoo ဆန္ျပဳတ္ျပဳတ္ရင္း ညည္းၫူေနမိသည္
"ကဲ ဆန္ျပဳတ္ရလာၿပီ...."
Jisoo ဆန္ျပဳတ္ပန္းကန္ယူလာေတာ့ Jennie မၾကားခ်င္ေယာင္ေဆာင္ၿပီး သူမဖုန္းထဲကိုသာ ေဆာ့ေနသည္
"Jennie Kim..... မဆိုးစမ္းနဲ႕ ေအာ္လိုက္လို႔ စိတ္ေကာက္ရေအာင္ နင္က ကေလးလား "
"ဟုတ္တယ္ ငါက ကေလး ဘာျဖစ္ခ်င္လည္း ေျပာ"
Jennie ေခါင္းေမာ့ၿပီး Jisooကို ရန္ေတြ႕လိုက္သည္
"ကေလးဆို လူႀကီးေျပာစကားနားေထာင္ရမွာေပါ့ ဖုန္းေပး...ဆန္ျပဳတ္ေသာက္ရေအာင္ေလေနာ္....Jennie က လိမ္မာပါတယ္.....'
Jennieကို ေခ်ာ့ၿပီး သူ႕လက္ထဲက ဖုန္းကို Jisoo ဆြဲလုလိုက္သည္
"ဟြန္း...."
"ကဲပါ ေနာက္မေအာ္ေတာ့ဘူးေလ လိမ္မာပါတယ္ အာ....ပူတုန္းေလး စားလိုက္ ၿပီးရင္ ေဆးေသာက္ရေအာင္ "
Jisooကို မ်က္ေစာင္းထိုးၿပီး Jennie မွာ Jisoo ခြံ႕ေကြၽးတဲ့ ဆန္ျပဳတ္ကို စားလိုက္သည္
"ေကာင္းလား "
"အရမ္း ေကာင္းတယ္ Master Chef ဝင္ၿပိဳင္ပါလား...."
"မေကာင္းမွာ စိတ္ပူေနတာ ေကာင္းရင္ ၿပိီးတာဘဲ "
ထိုစဥ္ Jennie phထဲသို႔ Minoဆီက Message ဝင္လာသည္
📧 ေငြလႊဲေပးမယ္ဆို အျမန္လႊဲေပးေတာ့ ငါ အေရးႀကီးေနလို႔
"Jisoo ခဏေနာ္ "
Jennie လည္း သူမတို႔ အေၾကာင္းကို Jisooသိမွာဆိုးလို႔ ခ်က္ခ်င္းထရပ္ၿပီး အိမ္သာထဲ ဝင္သြားေလသည္
"ေအးပါ နင္တို႔ ရည္းစားခ်င္း ေအးေဆးစကားေျပာပါ ဖုန္းေျပာၿပီးရင္ ေဆးေသာက္ေနာ္ ငါ ျပန္ၿပီ "
Jisooမွာ Jennie ကို ႏႈတ္ဆက္ၿပီး သူမတိုက္ခန္းသို႔ ျပန္လာခဲ့သည္
Jennie လည္း သူမ bank အေကာင့္ကေန Minoဆီသို႔ ေျပာထားတဲ့အတိုင္း ေငြလႊဲေပးလိုက္သည္
💌jisoo...အိမ္ျပန္ေရာက္ၿပီလား
Jisoo သူမ အိမ္ျပန္ေရာက္လို႔ အဝတ္အစားလဲေနစဥ္ Jinwoo ဆီက Message ဝင္လာလို႔ ေပ်ာ္သြားသည္
တကယ္ေတာ့ သူမ JennieကိုMino Message ပို႔တာျမင္ၿပီး Jinwooဆီက Message ကို ေမွ်ာ္ေနခဲ့တာပါ
💌ဟုတ္ ျပန္ေရာက္ၿပီ Oppa...အၾကာႀကီး
ေလွ်ာက္မလည္ေပးနိုင္လို႔ အားနာပါတယ္
💌ရပါတယ္ အိမ္ကိုေသခ်ာျပန္ေရာက္လို႔ ေတာ္ေသးတာေပါ့ ေနမေကာင္းဘူးမလား ေဆးေသခ်ာေသာက္ၿပီး အိပ္ေတာ့ေနာ္ ခ်စ္တယ္ Jisoo ❤
💌Me too Oppa.....
Jisooလည္း Message ပို႔ၿပီးေနာက္ မအိပ္ခ်င္လို႔ သူမ phထဲက ဂိမ္းကိုေဆာ့ေနလိုက္သည္
ဂိမ္းေဆာ့ေနရင္း ႐ုတ္တရက္ Jennie အေၾကာင္းေတြးမိလာသည္
Jennieနဲ႕သူမ ခင္လာတာ အလယ္တန္းေက်ာင္းသူ ဘဝကတည္းက....
Jennieက Jisooတို႔ေက်ာင္းကို ေျပာင္းလာသူျဖစ္ၿပီး စကားေျပာနည္းတဲ့အျပင္ ခပ္ေခ်ေခ်ေနေသာေၾကာင့္ ဘယ္သူမွ သူမကို စကားမေျပာရဲ သြားမေျပာၾကေပ
Jisooတစ္ေယာက္ကဘဲ Jennieကို စကားသြားေျပာခဲ့ၿပီး Jennie စကားျပန္ေျပာၿပီး ခင္တဲ့သူကလည္း Jisoo တစ္ေယာက္ဘဲ ျဖစ္သည္
Jensooတို႔ သြားအတူစားအတူ ေက်ာင္းကလပ္လည္း အတူဝင္ အားကစားလည္း အတူလုပ္ခဲ့ၾကသည္
Jennie အလယ္တန္းေက်ာင္းသူ ဘဝကတည္းက ရည္းစားစထားခဲ့သည္....သူမရဲ႕ အခ်စ္ဦးက အထက္တန္းေက်ာင္းသား Kwon Jiyong.....
ရည္းစားထားၿပီးေနာက္ပိုင္း Jisooကို Jennie သိပ္အေရးမလုပ္ခဲ့ေပ...သူ႕ရည္းစားနဲ႕ အခ်ိန္ကုန္တာ မ်ားသည္ .....သို႔ေသာ္လည္း Jennieကို ခင္တဲ့ စိတ္နဲ႕ Jisoo အျပစ္မျမင္ခဲ့ေပ
"ေနပါအုံး အခု သူလုပ္ေနတာေတြက.....ေနပါအုံး ငါရည္းစားရသြားၿပီး သူ႕ကိုပစ္ထားမွာဆိုးလို႔ ငါ့ဆီက Attention ယူေနတာလား....ေအာင္မာ ဒင္းက သူက် အလယ္တန္းကတည္းက ငါ့ကိုပစ္ထားၿပီး သူ႕အလွည့္က် အထီးက်န္မွာေၾကာက္ေန မိဂ်န္းမ "
Jisoo အတိတ္ကိုျပန္ေတြးမိၿပီး စိတ္ထဲကေန Jennie ကို ရန္ေတြ႕လိုက္သည္
တကယ္ဘဲ Jisoo ထင္သလို Jennie က Jisoo ရည္းစားရသြားလို႔ အထီးက်န္မွာေၾကာက္ေနတာလား........
Jennie သူမ ဝက္ဝံ႐ုပ္ေလးကို ဖက္ထားရင္း Jisoo အေၾကာင္းေတြးေနမိသည္
အခု Jisoo ရည္းစားရသြားတာကို Jennie ေတာ္ေတာ္ေလး မခံမရပ္နိုင္ျဖစ္ေနသည္
"ငါက သူ ရည္းစားရသြားတာကို သဝန္တိုေနတာလား......သဝန္တိုစရာမွ မလိုတာ ကိုယ့္သူငယ္ခ်င္း ရည္းစားရသြားတာဘဲေလ ......ငါ ရည္းစားထားတုံးကေရာ Jisoo အခုလို သဝန္တိုခဲ့လား ....ငါ.....ငါ Jisooကို ခ်စ္မိေနတာလား......ဘာလို႔ဆို Jiyong Oppaနဲ႕ နမ္းတုံးကေတာင္ ငါ ရင္မခုန္ခဲ့ဘူး....ဒါေပမယ့္ Jisooကိုခဏေလးနမ္းလိုက္တာေတာင္ ရင္ေတြခုန္တာ ေသမလိုဘဲ....ငါ ငါ အခုလို ေလွ်ာက္လုပ္ေနမိတာ သဝန္တိုေနမိလို႔လား......."
Jennie ေတာ္ေတာ္ေလး စဥ္းစားမိၿပီးေနာက္ အေျဖတစ္ခုကို သူမရွာေတြ႕သြားေလသည္
#TBC
Bạn đang đọc truyện trên: Truyen3h.Co