Truyen3h.Co

Playing With Jealousy

Part 6

KimFany059

#Unicode

ချစ်တယ်.....ဟုတ်တယ် Jisooကို Jennie ချစ်မိနေတာ.......

Jisooကို ချစ်နေလို့ဘဲ Jinwooနဲ့တွဲတဲ့ အကြောင်း သိတဲ့နေ့က ငိုခဲ့ရတာ.....

Jisooကို ချစ်နေလို့ဘဲ သူမရဲ့ first kissကို Jinwooက ယူသွားမှာဆိုးလို့ Jennie အရူးကွက်နင်းပြီး Jisooကို နမ်းခဲ့တာ

Jisooကို ချစ်နေလို့ဘဲ Jinwooနဲ့ နှစ်ယောက်တည်း ချိန်းတွေ့တာ လက်မခံနိုင်လို့ အနောက်ကနေ လိုက်နေမိတာ...

Jisooကို ချစ်နေလို့ဘဲ ဘာမှမတွေးနိုင်ဘဲ ထင်တိုင်းလုပ်နေမိတာ....

Jisooကို ချစ်နေလို့ဘဲ သူ သဝန်တိုလာအောင် Minoနဲ့ ဟန်ဆောင်တွဲခဲ့တာ......ဆိုပေမယ့် Jisoo. တစ်ယောက်ကတော့ သဝန်တိုမယ့်ပုံမပြောနဲ့ Congratulation တောင် ဝမ်းသာအားရပြောခဲ့လေသည်

Jennie သူမရဲ့ ခံစားချက်အစစ်မှန်ကို သိရတော့ မယုံကြည်နိုင်ဖြစ်ပြီး ကုတင်ပေါ လူးလှိမ့်နေသည်

မယုံကြည်နိုင်လည်း ယုံကြည်ရမှာဘဲ ဘယ်အချိန်ကတည်းက သူမ Jisooကို ချစ်မိသွားသည်မသိ.....

Aww Jennie တစ်ယောက် ပေတံလိုအဖြောင့်ထင်နေတာ ဒင်းက ပေတံတော့ပေတံဘဲ ကွေးလိုက်ဖြောင့်လိုက်လုပ်လို့ရတဲ့ ဂျယ်လီပေတံ ဖြစ်နေပါရောလား......

~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျောင်းသုံးရက်ပိတ်လို့ Jennie အိမ်မှာ နားဖို့တွေးပေမယ့် Jisoo ရဲ့ ကျေးဇူးကြောင့် ကားဂိတ်ကို ရောက်နေသည်

"Gomawo Jennie...နင်နဲ့သွားမယ်လို့ပြောမှ အိမ်က စိတ်ချပြီး လွှတ်မှာမို့ "

"ရပါတယ် ငါလည်း နှင်းလျှောစကိတ်မစီးရတာ ကြာပြီမို့ လိုက်လာတာ....."

Jennie အမှန်တော့ အိမ်မှာနားချင်ပေမယ့် တစ်ညအိပ်ခရီးသွားမှာမို့ Jisoo နဲ့ Jinwoo နှစ်ယောက်တည်း စိတ်မချလို့ လိုက်လာခဲ့ခြင်း ဖြစ်သည်

"Hyung မင်းတော့ Jisooနဲ့ အတူတစ်ခန်းတည်း သုံးရမှာမို့ စိတ်လှုပ်ရှားနေပြီမလား "

Jinwooနဲ့ Mino ကားဂိတ်ကို လာရင်း စကားပြောနေကြသည်

"ဟို..ဟို.... မင်းရော စိတ်မလှုပ်ရှားဘူးလား "

Jinwoo စကားကြောင့် Mino ပြုံးလိုက်သည်

"စိတ်လှုပ်ရှားစရာ ဘာရှိလို့လည်း....."

"အေးပေါ့ မင်း​က အတွေ့အကြုံရှိတဲ့ကောင်ဆိုတော့ ပြောအားရှိတာပေါ့ ငါက အခုမှ ရည်းစားစထားဖူးတာကို "

"ကြက်ဥများများ စားလာလား "

"Yah အဲ့လိုတွေ Jisoo တို့ရှေ့မ​ပြောနဲ့နော် ရှက်စရာကြီး "

"အေးပါကွာ "

Jinwoo တို့ ကားဂိတ်ကိုရောက်လာတော့ Jisoo တို့က လက်ပြနှုတ်ဆက်လိုက်သည်

"စောင့်ရတာ ကြာသွားလား Jisoo....sorry ကားတွေကြပ်နေလို့ "

"ရပါတယ် မကြာသေးပါဘူး Chawတို့လည်း ခုနမှ ရောက်တာ "

"လာလေ ကားပေါတက်ကြစို့ "

Jisooနဲ့ Jinwooက တစ်ခုံ Minoနဲ့ Jennieက တစ်ခုံ ထိုင်ပြီး Yongpyong Ski Resortသို့ သွားကြလေသည်

လမ်းတွင် Jisooနဲ့ Jinwoo တို့ကတော့ နားကြပ်တစ်ဖက်စီတပ်ပြီး သီချင်းနားထောင်လာပေမယ့် Jennie ကတော့ အနောက်ကနေ Jisooကို ကြည့်နေမိသည်

Resort ရောက်တော့ တောင်အောက်က ဟိုတယ်တစ်ခုတွင် Jinwooတို့ အခန်းနှစ်ခန်းယူလိုက်သည်

"Double Bedနဲ့ နှစ်ခန်းပေးပါ "

Jinwoo စကားကြောင့် Jisoo တစ်ခုခုကို တွေးမိပြီး လန့်သွားသည်

"ဟို ဟို chawနဲ့ Jennieက တစ်ခန်းယူလိုက်မယ်နော် Oppa "

Jisoo စကားကြောင့် Jinwoo မျှော်လင့်ထားတာတွေ ပျက်သွားသည်

"အော်....အင်းပါ မိန်းကလေးနှစ်ယောက် တစ်ခန်းတည်းနေတော့လည်း ကောင်း​ပါတယ် ဘေးချင်းကပ်ရက်ဘဲကို အကူအညီလိုရင် လာတောင်းလို့ရတာပေါ့ "

"ဟုတ်....."

"ဒါဆိုလည်း အဝတ်အစားလဲပြီး နားအုံးလေနော် ညကျမှ စကိတ်သွားစီးကြတာပေါ့ "

"Nae "

Jisoo သော့ယူပြီး Jennie လက်ကိုဆွဲကာ သူမတို့နေရမယ့်အခန်းသို့ သွားလေသည်

Jisooကြောင့်ဘဲ Jennieလည်း စိတ်အေးသွားရသည်

Jinwoo အခန်းယူကတည်းက Jennie စိတ်ထဲ ပေါက်ကရတွေးမိပြီး ကြိတ်လောင်နေရတာ အခုမှ လောင်နေတာအားလုံး ငြိမ်းသွားလေသည်

"စိတ်မညစ်ပါနဲ့ သားကြီးရာ နောက်ခါပေါ့ "

ငူငိုင်သွားတဲ့ Jinwoo ရဲ့ ပခုံးကိုပုတ်ပြီး Mino နှစ်သိမ့်ပေးလိုက်သည်

ကုတင်ပေါတွင် Jennie လှဲအိပ်လိုက်ပြီး

"Jisoo နင်ဘာလို့ Jinwoo Oppaနဲ့ တစ်ခန်းတည်းမနေတာလည်း"

Jennie မေးခွန်းကြောင့် Jisoo ရှက်ပြီး မျက်နှာလေးနီရဲလာသည်

"ဟို ဟို "

"ရှက်လို့လား....."

"ငါ ရေချိုးလိုက်အုံးမယ် "

Jennie ရဲ့ မေးခွန်းကို Jisooမဖြေဘဲ ရှောင်လိုက်သည်

ညရောက်တော့ Jisoo တို့ နှင်းလျှောစကိတ်စီးဖို့ ထွက်လာခဲ့ကြသည်

"ကောင်းကောင်းအနားယူခဲ့လား "

"Yes အနားယူခဲ့တယ် Oppa အားတွေအပြည့်ဘဲ "

Jisoo ကလေးလေးတစ်ယောက်လို လက်သီးလက်မောင်းတန်းပြီး ပြောတော့ Jennieရော Jinwooပါ သဘောကျပြီး ရယ်လေသည်

Jisooနဲ့ Jinwooတို့က နှင်းလျှောစကိတ်ကို အတူတူစီးနေကြစဥ် Minoကတော့ တဘုန်းဘုန်းလဲကျနေတဲ့ Jennieကို သင်ပေးနေသည်

ဘုန်း.....

"Yah ခဏခဏ လဲကျမနေနဲ့လေ "

"Yah ဘယ်သူက အသားအနာခံပြီး လှဲချမှာလည်း မစီးတတ်လို့ကို "

"စီးတတ်အောင် သင်ပေးနေတာလေ ထိန်းမှပေါ့ တစ်ချိန်လုံး လဲနေတာ "

"စိတ်မရှည်ရင် မသင်ပေးနဲ့ သွား ဘယ်သူမှ နင့်ကို သင်ခိုင်းနေတာ မဟုတ်ဘူး "

Jisooနဲ့ Jinwooမှာ ရန်ဖြစ်နေတဲ့ Minoတို့ကိုကြည့်ပြီး ရယ်နေကြသည်

ခဏကြာတော့ Jinwooဆီ ဖုန်းဝင်လာသည်

"Jisoo ခဏနော် ကိုယ့်အမေ ဖုန်းဆက်လို့ သွားပြောလိုက်အုံးမယ် "

"ဟုတ် Oppa "

Jinwooကို Jisoo စောင့်နေရင်း Jennie ကို နှင်းလျှောစကိတ်စီးနည်း သင်ပေးဖို့ ဆုံးဖြတ်လိုက်သည်

"Mino Oppa....chaw သူ့ကို သင်ပေးလိုက်မယ် Oppaက ကိုယ့်ဘာသာကိုယ် စီးလိုက်ပါ "

"Okk"

Minoလည်း Jisooကို လက်မထောင်ပြပြီး သူတို့နားက ထွက်လာခဲ့သည်

"ငါ သင်ပေးမှဘဲ နင် စီးတတ်တော့မှာလာ....စိတ်ကိုလျှော့...တောင့်တောင့်ကြီးမနေနဲ့လာ "

Jennie လက်ကို တွဲပေးပြီး Jisoo သင်ပေးနေသည်

Mino တောင်ပေါကနေ စကိတ်စီးရင်း တောင်အောက်ကို ရောက်လာသည်

စကိတ်ထက်စီးဖို့ တောင်ပေါကို Minoပြန်တက်လာစဥ်.....Jensooနှစ်ယောက် နမ်းနေတာကို တွေ့လိုက်ရသောကြောင့် Mino အရမ်းလန့်သွားလေသည်

Jennie စကိတ်စီးပြီး လဲကျပြန်သောကြောင့် Jisooကဆွဲထူလိုက်သည်

Jisooဆွဲထူရင်း Jennie ရုတ်တရက် ထရပ်ပြီး Jisoo နှုတ်ခမ်းကို နမ်းလိုက်သည်

"Yah ဘာလုပ်တာလည်း လူတွေအများကြီးရှိတာကို "

"Jinwoo ရော Mino ရော ဒီနားမှာ မရှိပါဘူး စိတ်မပူပါနဲ့ "

Jennie ထင်သလို မဟုတ်ပေ သူမတို့နမ်းနေတာကို Mino သေချာပေါက်မြင်သွားခဲ့သည်

နှင်းလျှောစကိတ် စီးပြီးနောက် Jinwoo တို့ ဟိုတယ်က coffeeဆိုင်တွင် coffee ထိုင်သောက်နေကြသည်

Minoကတော့ ခုန အကြောင်းကို ပြန်တွေးပြီး သူ့သူငယ်ချင်း Jinwoo အတွက် စိတ်တိုနေသည်

Jinwooကို ပြောရင်ကောင်းမလားမပြောရင် ကောင်းမလား တွေးနေရင်း

"J....Jennie..... ပြောစရာရှိလို့ ခဏ...."

Minoပြောပြီး စားပွဲခုံက ထွက်သွားတော့ Jennieလည်း Minoနောက်သို့ လိုက်သွားသည်

Coffeeဆိုင် အပြင်ကို ရောက်တော့ Jennie လက်ကို Minoဆောင့်ဆွဲပြီး သူမအခန်းထဲ ခေါသွားသည်..... အပြင်မှာဆို Jinwoo မတော်တဆ ကြားသွားမှာ Mino စိုးရိမ်နေခြင်းကြောင့် ဖြစ်သည်

"Yah ဘာလုပ်တာလည်း လွှတ်....ဘာလို့ အခန်းထဲခေါလာတာလည်း နင် ဘာလုပ်မလို့လည်း "

Jennieကိုအခန်းထဲ Mino ဆောင့်ဆွဲလာပြီး နံရံဘက် ဆောင့်တွန်းလိုက်သည်

"အား နာတယ်ဟ ဘာဖြစ်တာလည်း ရူးနေတာလား နင် ...ပြောစရာရှိတယ်ဆိုပြီး အကြမ်းဖက်နေတာလား"

"မင်းနဲ့ Jisoo ကဘာလည်း "

"ဘာရမှာလည်း သူငယ်ချင်းလေ....."

"အဟက် သူငယ်ချင်းလေတဲ့ ဟုတ်လား ငါ ယုံအောင် ဖြီးစမ်း Jennie "

"နင် နင် ဘာဖြစ်နေတာတုံးဟ "

"မင်းနဲ့ Jisoo တောင်ပေါမှာ နမ်းနေတာ ငါ တွေ့ခဲ့တယ် Jennie "

Mino စကားကြောင့် Jennie အရမ်းလန့်သွားသည်

"နင်...နင် မြင်သွားတာလား "

"အေး စကိတ်စီးဖို့ တောင်ပေါပြန်တက်လာတုံးတွေ့တာဘဲ "

"ဟင်"

"မင်း ဘာတွေကြံစည်နေတာလည်း Jennie.... Jisooနဲ့ Jinwooတွဲနေတာ သိရက်နဲ့ မင်းကွာ...."

"နင် ဒီအကြောင်းကို Jinwoo သွားမပြောပါနဲ့ ငါ ပိုက်ဆံပေးမယ် "

Jennie စကားကြောင့် Mino စိတ်ပိုတိုလာပြီး Jennie ပခုံးကို ဆောင့်ကိုင်လိုက်သည်

"ပိုက်ဆံက အရာအားလုံးဖြေရှင်းနိုင်မယ်ထင်နေတာလား....."

Jisoo နဲ့ Jinwooမှာ ကော်ဖီသောက်ပြီးနောက် အနားယူဖို့ အခန်းဘက်သို့ ပြန်လာကြသည်

Jennieနဲ့ Miniကို အပြင်ထွက်သွားတယ်ထင်ပြီး Jisoo သူမအခန်းထဲ ဝင်လာပေမယ့်......နံရံဘက်ကပ်နေတဲ့ Jennieရယ် သူမပခုံးကို ကိုင်နေတဲ့ Minoကို မြင်ပြီး Jisoo တစ်မျိုးထင်သွားလေသည်

Jennieလည်း Jisoo အခန်းထဲ ဝင်လာတာ ​တွေ့တော့ Minoကို အမြန်တွန်းလိုက်သည်

"Jisoo...."

"ဟို ဟို ရပါတယ် နင်တို့လုပ်စရာရှိတာ ဆက်လုပ်ပါ ငါ Jinwooဆီဘဲ သွားတော့မယ်....အနှောင့်အယှက်ပေးမိရင် Sorry..."

Jisoo ထွက်သွားတော့ Jennie လိုက်ဆွဲဖို့ လုပ်ပေမယ့် Minoက တားလိုက်သည်

"သူများအတွဲကြားထဲ ဝင်မပါနဲ့ Jennie "

"Jinwoo နဲ့ သူတစ်ခန်းထဲ "

"အိပ်တော့ ဘာဖြစ်လည်း သမီးရည်းစားတွေဘဲကို "

"အဲ့တာနင့်ကြောင့် နင့်ကြောင့် နင်နဲ့ငါ နမ်းနေတယ်လို့ Jisoo ထင်သွားတာ "

"ဘယ်သူက စမှားတာလည်း Jennie ဒီလောက်နဲ့ဘဲ တော်လိုက်တော့ ရှေ့ဆက်ရင် အမှားတွေပိုဖြစ်လာမယ် Jisoo ကလည်း မိန်းကလေးချင်း စိတ်မဝင်စားလို့ Jinwooနဲ့တွဲတာလေ ....မင်းရှေ့ဆက်မတိုးဘူးဆို ငါ Jinwooကို မပြောဘူး ရှေ့ဆက်တိုးလာရင်တော့ ငါ ပြောရလိမ့်မယ် ဒီညငါ ဒီ ထိုင်ခုံမှာဘဲ အိပ်မယ် မင်းလည်း အိပ်တော့ စိတ်မပူပါနဲ့"

Minoပြောပြီး ထိုင်ခုံပေါ ထိုင်ကာ အိပ်လိုက်သည်

Jennieမှာတော့ သူမတို့နမ်းတာကို Minoမြင်သွားတာကို စိတ်ပူတာထက် အခုအခန်းထဲ နှစ်ယောက်တည်း ရှိနေမည့် Jisooတို့ကို ပိုစိတ်ပူနေသည်......

ရင်တွေတုန်လွန်းလို့ Jennie ဘာလုပ်ရမှန်းမသိ.....Jisoo ကို သွားခေါချင်ပေမယ့် လျှောက်တွေးမိပြီး မခေါရဲ...Jisooကို တစ်ခြားကောင်လေးနဲ့ အတူရှိနေတာကို မြင်ယောင်ပြီး Jennie မွန်းကြပ်လာသည်......

Minoက သူမကို ခြိမ်းခြောက်ထားသောကြောင့် Jennie စောင်ကိုသာ ခေါင်းမြီးခြုံပြီး ငိုနေမိသည်

#TBC

#zawgyi

ခ်စ္တယ္.....ဟုတ္တယ္ Jisooကို Jennie ခ်စ္မိေနတာ.......

Jisooကို ခ်စ္ေနလို႔ဘဲ Jinwooနဲ႕တြဲတဲ့ အေၾကာင္း သိတဲ့ေန႕က ငိုခဲ့ရတာ.....

Jisooကို ခ်စ္ေနလို႔ဘဲ သူမရဲ႕ first kissကို Jinwooက ယူသြားမွာဆိုးလို႔ Jennie အ႐ူးကြက္နင္းၿပီး Jisooကို နမ္းခဲ့တာ

Jisooကို ခ်စ္ေနလို႔ဘဲ Jinwooနဲ႕ ႏွစ္ေယာက္တည္း ခ်ိန္းေတြ႕တာ လက္မခံနိုင္လို႔ အေနာက္ကေန လိုက္ေနမိတာ...

Jisooကို ခ်စ္ေနလို႔ဘဲ ဘာမွမေတြးနိုင္ဘဲ ထင္တိုင္းလုပ္ေနမိတာ....

Jisooကို ခ်စ္ေနလို႔ဘဲ သူ သဝန္တိုလာေအာင္ Minoနဲ႕ ဟန္ေဆာင္တြဲခဲ့တာ......ဆိုေပမယ့္ Jisoo. တစ္ေယာက္ကေတာ့ သဝန္တိုမယ့္ပုံမေျပာနဲ႕ Congratulation ေတာင္ ဝမ္းသာအားရေျပာခဲ့ေလသည္

Jennie သူမရဲ႕ ခံစားခ်က္အစစ္မွန္ကို သိရေတာ့ မယုံၾကည္နိုင္ျဖစ္ၿပီး ကုတင္ေပါ လူးလွိမ့္ေနသည္

မယုံၾကည္နိုင္လည္း ယုံၾကည္ရမွာဘဲ ဘယ္အခ်ိန္ကတည္းက သူမ Jisooကို ခ်စ္မိသြားသည္မသိ.....

Aww Jennie တစ္ေယာက္ ေပတံလိုအေျဖာင့္ထင္ေနတာ ဒင္းက ေပတံေတာ့ေပတံဘဲ ေကြးလိုက္ေျဖာင့္လိုက္လုပ္လို႔ရတဲ့ ဂ်ယ္လီေပတံ ျဖစ္ေနပါေရာလား......

~~~~~~~~~~~~~~~~~~~~~~~~~~~~~

ေက်ာင္းသုံးရက္ပိတ္လို႔ Jennie အိမ္မွာ နားဖို႔ေတြးေပမယ့္ Jisoo ရဲ႕ ေက်းဇူးေၾကာင့္ ကားဂိတ္ကို ေရာက္ေနသည္

"Gomawo Jennie...နင္နဲ႕သြားမယ္လို႔ေျပာမွ အိမ္က စိတ္ခ်ၿပီး လႊတ္မွာမို႔ "

"ရပါတယ္ ငါလည္း ႏွင္းေလွ်ာစကိတ္မစီးရတာ ၾကာၿပီမို႔ လိုက္လာတာ....."

Jennie အမွန္ေတာ့ အိမ္မွာနားခ်င္ေပမယ့္ တစ္ညအိပ္ခရီးသြားမွာမို႔ Jisoo နဲ႕ Jinwoo ႏွစ္ေယာက္တည္း စိတ္မခ်လိဳ႕ လိုက္လာခဲ့ျခင္း ျဖစ္သည္

"Hyung မင္းေတာ့ Jisooနဲ႕ အတူတစ္ခန္းတည္း သုံးရမွာမို႔ စိတ္လႈပ္ရွားေနၿပီမလား "

Jinwooနဲ႕ Mino ကားဂိတ္ကို လာရင္း စကားေျပာေနၾကသည္

"ဟို..ဟို.... မင္းေရာ စိတ္မလႈပ္ရွားဘူးလား "

Jinwoo စကားေၾကာင့္ Mino ၿပဳံးလိုက္သည္

"စိတ္လႈပ္ရွားစရာ ဘာရွိလို႔လည္း....."

"ေအးေပါ့ မင္း​က အေတြ႕အႀကဳံရွိတဲ့ေကာင္ဆိုေတာ့ ေျပာအားရွိတာေပါ့ ငါက အခုမွ ရည္းစားစထားဖူးတာကို "

"ၾကက္ဥမ်ားမ်ား စားလာလား "

"Yah အဲ့လိုေတြ Jisoo တို႔ေရွ႕မ​ေျပာနဲ႕ေနာ္ ရွက္စရာႀကီး "

"ေအးပါကြာ "

Jinwoo တို႔ ကားဂိတ္ကိုေရာက္လာေတာ့ Jisoo တို႔က လက္ျပႏႈတ္ဆက္လိုက္သည္

"ေစာင့္ရတာ ၾကာသြားလား Jisoo....sorry ကားေတြၾကပ္ေနလို႔ "

"ရပါတယ္ မၾကာေသးပါဘူး Chawတို႔လည္း ခုနမွ ေရာက္တာ "

"လာေလ ကားေပါတက္ၾကစို႔ "

Jisooနဲ႕ Jinwooက တစ္ခုံ Minoနဲ႕ Jennieက တစ္ခုံ ထိုင္ၿပီး Yongpyong Ski Resortသို႔ သြားၾကေလသည္

လမ္းတြင္ Jisooနဲ႕ Jinwoo တို႔ကေတာ့ နားၾကပ္တစ္ဖက္စီတပ္ၿပီး သီခ်င္းနားေထာင္လာေပမယ့္ Jennie ကေတာ့ အေနာက္ကေန Jisooကို ၾကည့္ေနမိသည္

Resort ေရာက္ေတာ့ ေတာင္ေအာက္က ဟိုတယ္တစ္ခုတြင္ Jinwooတို႔ အခန္းႏွစ္ခန္းယူလိုက္သည္

"Double Bedနဲ႕ ႏွစ္ခန္းေပးပါ "

Jinwoo စကားေၾကာင့္ Jisoo တစ္ခုခုကို ေတြးမိၿပီး လန့္သြားသည္

"ဟို ဟို chawနဲ႕ Jennieက တစ္ခန္းယူလိုက္မယ္ေနာ္ Oppa "

Jisoo စကားေၾကာင့္ Jinwoo ေမွ်ာ္လင့္ထားတာေတြ ပ်က္သြားသည္

"ေအာ္....အင္းပါ မိန္းကေလးႏွစ္ေယာက္ တစ္ခန္းတည္းေနေတာ့လည္း ေကာင္း​ပါတယ္ ေဘးခ်င္းကပ္ရက္ဘဲကို အကူအညီလိုရင္ လာေတာင္းလို႔ရတာေပါ့ "

"ဟုတ္....."

"ဒါဆိုလည္း အဝတ္အစားလဲၿပီး နားအုံးေလေနာ္ ညက်မွ စကိတ္သြားစီးၾကတာေပါ့ "

"Nae "

Jisoo ေသာ့ယူၿပီး Jennie လက္ကိုဆြဲကာ သူမတို႔ေနရမယ့္အခန္းသို႔ သြားေလသည္

Jisooေၾကာင့္ဘဲ Jennieလည္း စိတ္ေအးသြားရသည္

Jinwoo အခန္းယူကတည္းက Jennie စိတ္ထဲ ေပါက္ကရေတြးမိၿပီး ႀကိတ္ေလာင္ေနရတာ အခုမွ ေလာင္ေနတာအားလုံး ၿငိမ္းသြားေလသည္

"စိတ္မညစ္ပါနဲ႕ သားႀကီးရာ ေနာက္ခါေပါ့ "

ငူငိုင္သြားတဲ့ Jinwoo ရဲ႕ ပခုံးကိုပုတ္ၿပီး Mino ႏွစ္သိမ့္ေပးလိုက္သည္

ကုတင္ေပါတြင္ Jennie လွဲအိပ္လိုက္ၿပီး

"Jisoo နင္ဘာလို႔ Jinwoo Oppaနဲ႕ တစ္ခန္းတည္းမေနတာလည္း"

Jennie ေမးခြန္းေၾကာင့္ Jisoo ရွက္ၿပီး မ်က္ႏွာေလးနီရဲလာသည္

"ဟို ဟို "

"ရွက္လို႔လား....."

"ငါ ေရခ်ိဳးလိုက္အုံးမယ္ "

Jennie ရဲ႕ ေမးခြန္းကို Jisooမေျဖဘဲ ေရွာင္လိုက္သည္

ညေရာက္ေတာ့ Jisoo တို႔ ႏွင္းေလွ်ာစကိတ္စီးဖို႔ ထြက္လာခဲ့ၾကသည္

"ေကာင္းေကာင္းအနားယူခဲ့လား "

"Yes အနားယူခဲ့တယ္ Oppa အားေတြအျပည့္ဘဲ "

Jisoo ကေလးေလးတစ္ေယာက္လို လက္သီးလက္ေမာင္းတန္းၿပီး ေျပာေတာ့ Jennieေရာ Jinwooပါ သေဘာက်ၿပီး ရယ္ေလသည္

Jisooနဲ႕ Jinwooတို႔က ႏွင္းေလွ်ာစကိတ္ကို အတူတူစီးေနၾကစဥ္ Minoကေတာ့ တဘုန္းဘုန္းလဲက်ေနတဲ့ Jennieကို သင္ေပးေနသည္

ဘုန္း.....

"Yah ခဏခဏ လဲက်မေနနဲ႕ေလ "

"Yah ဘယ္သူက အသားအနာခံၿပီး လွဲခ်မွာလည္း မစီးတတ္လို႔ကို "

"စီးတတ္ေအာင္ သင္ေပးေနတာေလ ထိန္းမွေပါ့ တစ္ခ်ိန္လုံး လဲေနတာ "

"စိတ္မရွည္ရင္ မသင္ေပးနဲ႕ သြား ဘယ္သူမွ နင့္ကို သင္ခိုင္းေနတာ မဟုတ္ဘူး "

Jisooနဲ႕ Jinwooမွာ ရန္ျဖစ္ေနတဲ့ Minoတို႔ကိုၾကည့္ၿပီး ရယ္ေနၾကသည္

ခဏၾကာေတာ့ Jinwooဆီ ဖုန္းဝင္လာသည္

"Jisoo ခဏေနာ္ ကိုယ့္အေမ ဖုန္းဆက္လို႔ သြားေျပာလိုက္အုံးမယ္ "

"ဟုတ္ Oppa "

Jinwooကို Jisoo ေစာင့္ေနရင္း Jennie ကို ႏွင္းေလွ်ာစကိတ္စီးနည္း သင္ေပးဖို႔ ဆုံးျဖတ္လိုက္သည္

"Mino Oppa....chaw သူ႕ကို သင္ေပးလိုက္မယ္ Oppaက ကိုယ့္ဘာသာကိုယ္ စီးလိုက္ပါ "

"Okk"

Minoလည္း Jisooကို လက္မေထာင္ျပၿပီး သူတို႔နားက ထြက္လာခဲ့သည္

"ငါ သင္ေပးမွဘဲ နင္ စီးတတ္ေတာ့မွာလာ....စိတ္ကိုေလွ်ာ့...ေတာင့္ေတာင့္ႀကီးမေနနဲ႕လာ "

Jennie လက္ကို တြဲေပးၿပီး Jisoo သင္ေပးေနသည္

Mino ေတာင္ေပါကေန စကိတ္စီးရင္း ေတာင္ေအာက္ကို ေရာက္လာသည္

စကိတ္ထက္စီးဖို႔ ေတာင္ေပါကို Minoျပန္တက္လာစဥ္.....Jensooႏွစ္ေယာက္ နမ္းေနတာကို ေတြ႕လိုက္ရေသာေၾကာင့္ Mino အရမ္းလန့္သြားေလသည္

Jennie စကိတ္စီးၿပီး လဲက်ျပန္ေသာေၾကာင့္ Jisooကဆြဲထူလိုက္သည္

Jisooဆြဲထူရင္း Jennie ႐ုတ္တရက္ ထရပ္ၿပီး Jisoo ႏႈတ္ခမ္းကို နမ္းလိုက္သည္

"Yah ဘာလုပ္တာလည္း လူေတြအမ်ားႀကီးရွိတာကို "

"Jinwoo ေရာ Mino ေရာ ဒီနားမွာ မရွိပါဘူး စိတ္မပူပါနဲ႕ "

Jennie ထင္သလို မဟုတ္ေပ သူမတို႔နမ္းေနတာကို Mino ေသခ်ာေပါက္ျမင္သြားခဲ့သည္

ႏွင္းေလွ်ာစကိတ္ စီးၿပီးေနာက္ Jinwoo တို႔ ဟိုတယ္က coffeeဆိုင္တြင္ coffee ထိုင္ေသာက္ေနၾကသည္

Minoကေတာ့ ခုန အေၾကာင္းကို ျပန္ေတြးၿပီး သူ႕သူငယ္ခ်င္း Jinwoo အတြက္ စိတ္တိုေနသည္

Jinwooကို ေျပာရင္ေကာင္းမလားမေျပာရင္ ေကာင္းမလား ေတြးေနရင္း

"J....Jennie..... ေျပာစရာရွိလို႔ ခဏ...."

Minoေျပာၿပီး စားပြဲခုံက ထြက္သြားေတာ့ Jennieလည္း Minoေနာက္သို႔ လိုက္သြားသည္

Coffeeဆိုင္ အျပင္ကို ေရာက္ေတာ့ Jennie လက္ကို Minoေဆာင့္ဆြဲၿပီး သူမအခန္းထဲ ေခါသြားသည္..... အျပင္မွာဆို Jinwoo မေတာ္တဆ ၾကားသြားမွာ Mino စိုးရိမ္ေနျခင္းေၾကာင့္ ျဖစ္သည္

"Yah ဘာလုပ္တာလည္း လႊတ္....ဘာလို႔ အခန္းထဲေခါလာတာလည္း နင္ ဘာလုပ္မလို႔လည္း "

Jennieကိုအခန္းထဲ Mino ေဆာင့္ဆြဲလာၿပီး နံရံဘက္ ေဆာင့္တြန္းလိုက္သည္

"အား နာတယ္ဟ ဘာျဖစ္တာလည္း ႐ူးေနတာလား နင္ ...ေျပာစရာရွိတယ္ဆိုၿပီး အၾကမ္းဖက္ေနတာလား"

"မင္းနဲ႕ Jisoo ကဘာလည္း "

"ဘာရမွာလည္း သူငယ္ခ်င္းေလ....."

"အဟက္ သူငယ္ခ်င္းေလတဲ့ ဟုတ္လား ငါ ယုံေအာင္ ၿဖီးစမ္း Jennie "

"နင္ နင္ ဘာျဖစ္ေနတာတုံးဟ "

"မင္းနဲ႕ Jisoo ေတာင္ေပါမွာ နမ္းေနတာ ငါ ေတြ႕ခဲ့တယ္ Jennie "

Mino စကားေၾကာင့္ Jennie အရမ္းလန့္သြားသည္

"နင္...နင္ ျမင္သြားတာလား "

"ေအး စကိတ္စီးဖို႔ ေတာင္ေပါျပန္တက္လာတုံးေတြ႕တာဘဲ "

"ဟင္"

"မင္း ဘာေတြႀကံစည္ေနတာလည္း Jennie.... Jisooနဲ႕ Jinwooတြဲေနတာ သိရက္နဲ႕ မင္းကြာ...."

"နင္ ဒီအေၾကာင္းကို Jinwoo သြားမေျပာပါနဲ႕ ငါ ပိုက္ဆံေပးမယ္ "

Jennie စကားေၾကာင့္ Mino စိတ္ပိုတိုလာၿပီး Jennie ပခုံးကို ေဆာင့္ကိုင္လိုက္သည္

"ပိုက္ဆံက အရာအားလုံးေျဖရွင္းနိုင္မယ္ထင္ေနတာလား....."

Jisoo နဲ႕ Jinwooမွာ ေကာ္ဖီေသာက္ၿပီးေနာက္ အနားယူဖို႔ အခန္းဘက္သို႔ ျပန္လာၾကသည္

Jennieနဲ႕ Miniကို အျပင္ထြက္သြားတယ္ထင္ၿပီး Jisoo သူမအခန္းထဲ ဝင္လာေပမယ့္......နံရံဘက္ကပ္ေနတဲ့ Jennieရယ္ သူမပခုံးကို ကိုင္ေနတဲ့ Minoကို ျမင္ၿပီး Jisoo တစ္မ်ိဳးထင္သြားေလသည္

Jennieလည္း Jisoo အခန္းထဲ ဝင္လာတာ ​ေတြ႕ေတာ့ Minoကို အျမန္တြန္းလိုက္သည္

"Jisoo...."

"ဟို ဟို ရပါတယ္ နင္တို႔လုပ္စရာရွိတာ ဆက္လုပ္ပါ ငါ Jinwooဆီဘဲ သြားေတာ့မယ္....အေႏွာင့္အယွက္ေပးမိရင္ Sorry..."

Jisoo ထြက္သြားေတာ့ Jennie လိုက္ဆြဲဖို႔ လုပ္ေပမယ့္ Minoက တားလိုက္သည္

"သူမ်ားအတြဲၾကားထဲ ဝင္မပါနဲ႕ Jennie "

"Jinwoo နဲ႕ သူတစ္ခန္းထဲ "

"အိပ္ေတာ့ ဘာျဖစ္လည္း သမီးရည္းစားေတြဘဲကို "

"အဲ့တာနင့္ေၾကာင့္ နင့္ေၾကာင့္ နင္နဲ႕ငါ နမ္းေနတယ္လို႔ Jisoo ထင္သြားတာ "

"ဘယ္သူက စမွားတာလည္း Jennie ဒီေလာက္နဲ႕ဘဲ ေတာ္လိုက္ေတာ့ ေရွ႕ဆက္ရင္ အမွားေတြပိုျဖစ္လာမယ္ Jisoo ကလည္း မိန္းကေလးခ်င္း စိတ္မဝင္စားလို႔ Jinwooနဲ႕တြဲတာေလ ....မင္းေရွ႕ဆက္မတိုးဘူးဆို ငါ Jinwooကို မေျပာဘူး ေရွ႕ဆက္တိုးလာရင္ေတာ့ ငါ ေျပာရလိမ့္မယ္ ဒီညငါ ဒီ ထိုင္ခုံမွာဘဲ အိပ္မယ္ မင္းလည္း အိပ္ေတာ့ စိတ္မပူပါနဲ႕"

Minoေျပာၿပီး ထိုင္ခုံေပါ ထိုင္ကာ အိပ္လိုက္သည္

Jennieမွာေတာ့ သူမတို႔နမ္းတာကို Minoျမင္သြားတာကို စိတ္ပူတာထက္ အခုအခန္းထဲ ႏွစ္ေယာက္တည္း ရွိေနမည့္ Jisooတို႔ကို ပိုစိတ္ပူေနသည္......

ရင္ေတြတုန္လြန္းလို႔ Jennie ဘာလုပ္ရမွန္းမသိ.....Jisoo ကို သြားေခါခ်င္ေပမယ့္ ေလွ်ာက္ေတြးမိၿပီး မေခါရဲ...Jisooကို တစ္ျခားေကာင္ေလးနဲ႕ အတူရွိေနတာကို ျမင္ေယာင္ၿပီး Jennie မြန္းၾကပ္လာသည္......

Minoက သူမကို ၿခိမ္းေျခာက္ထားေသာေၾကာင့္ Jennie ေစာင္ကိုသာ ေခါင္းၿမီးၿခဳံၿပီး ငိုေနမိသည္

#TBC

Bạn đang đọc truyện trên: Truyen3h.Co