Part 7
#Unicode
Knock Knock
တံခါးခေါက်သံကြောင့် အိမ်သာသွားမယ့် Jinwoo မှာ Minoထင်ပြီး တံခါးဖွင့်ထားကြောင်း အော်ပြောပြီး အိမ်သာထဲ ဝင်သွားလေသည်
"ငါ တံခါးလော့မချထားဘူး ဝင်လာလို့ရတယ် Mino...... "
Jisooလည်း တံခါးလော့ချမထားဘူး ပြောလို့ တံခါးဖွင့်ကာ အခန်းထဲ ဝင်လာသည်
"Oppa အိမ်သာထဲမှာထင်တယ်....'
Jisoo သက်ပြင်းချပြီး Jinwoo ကုတင်ပေါ ထိုင်မိသည်
သူမ စိတ်ထဲ နံရံဘက်ကပ်နေတဲ့ Jennieနဲ့ Mino ပုံရိပ်ဘဲ တွေးနေမိသည်
သူမ ဘယ်လောက်အတွေးလွန်သွားလည်း မသိ.....
သူမ အသိစိတ်ပြန်ဝင်လာတော့ သူမက ကုတင်ပေါ ပစ်လှဲနေပြီး Jinwooက သူမပေါ တက်ခွထားသည်
"Jisoo ဘာတွေ အတွေးလွန်နေတာလည်း..."
Jinwooကြောင့် Jisooလည်း လန့်ပြီး စကားတွေထစ်ကုန်သည်
"ဟို ဟို "
"Oppaနဲ့ အတူတူအိပ်မလို့လာတာလား "
Jinwoo မေးခွန်းကို Jisoo ခေါင်းညိတ်ပြီးသာ ဖြေလိုက်သည်
Jisoo ခေါင်းညိတ်ပြလို့ Jinwoo ပြုံးပြီး Jisoo နှူတ်ခမ်းလေးကို နမ်းဖို့ ရှေ့ကိုတိုးလာသည်
သို့သော်လည်း Jisoo မျက်နှာကို တစ်ဖက်လွှဲလိုက်မိသည်....
Jisoo အပြုအမူကြောင့် သူမ အခုထိ အဆင်သင့်မဖြစ်သေးဘူးဆိုတာ Jinwoo သဘောပေါက်သွားသလို စိတ်မကောင်းလည်း ဖြစ်သွားသည်
ထို့ကြောင့် Jinwoo သက်ပြင်းချပြီး Jisooဆီက ဖယ်လိုက်သည်
"မင်း ကုတင်ပေါမှာ အိပ်လေ ကိုယ်ကတော့ ဒီထိုင်ခုံပေါမှာ အိပ်လိုက်မယ် ..."
Jinwoo ပြောပြီး သူ့အခန်းထဲက ထိုင်ခုံတွင် ထိုင်လိုက်သည်
"ဟို Oppa. ..."
Jinwoo စိတ်မကောင်းဖြစ်သွားတာကို Jisoo သိနေတာမို့ အားနာသလိုခံစားရသည်....
သူမတို့အသက်အရွယ်ဆို တော်တော်များများ ချစ်သူတွေနဲ့အိပ်ဖူးပြီးကြပြီလေ....Jisooတစ်ယောက်ဘဲ...... အခုထိ အဆင်သင့်မဖြစ်သေးတာ...
"ရပါတယ် ကိုယ့်ကိုအားမနာပါနဲ့ ခုနက အကြောင်းကိုလည်း မေ့လိုက်တော့နော် Good Night Jisoo. ..."
Jinwooပြောပြီး Jisooကို မျက်နှာလွှဲကာ အိပ်လိုက်သည်
Jisooလည်း စိတ်တွေရှုပ်လာပြီး စောင်ကို ခေါင်းမြီးခြုံအိပ်လိုက်သည်
နောက်တစ်နေ့ အိမ်ပြန်လမ်းတွင် Jinwooနဲ့ Jisooမှာလည်း ကားပေါတိတ်ဆိတ်နေပြီး Minoနဲ့ Jennie လည်း တိတ်ဆိတ်စွာနဲ့ပါလာသည်
ထိုနေ့က Jennieနဲ့ Jisoo စကားမပြောဖြစ်ကြပေ Jennie ကလည်း Jisooကို မနှုတ်ဆက်ဘဲ အိမ်ထဲဝင်သွားသလို Jisooကလည်း ငူငူငိုင်ငိုင်နဲ့ အိမ်ထဲဝင်သွားသည်
"Mino မင်း အိမ်မပြန်နဲ့အုံး "
"Wae ဘာလို့လည်း "
Jinwooတို့ ကားဂိတ်ပြန်ရောက်တော့ Taxi ငှားနေတဲ့ Minoကို လှမ်းတားလိုက်သည်
"သွားသောက်ရအောင်......."
Minoလည်း Jinwoo တစ်ခုခုဖြစ်နေတယ်ဆိုတာ သိပြီး Jinwoo နောက် လိုက်သွားလေသည်
"စိတ်ညစ်စရာတစ်ခုခုရှိလို့လား Jinwoo "
Mino ဆိုဂျူ ငှဲ့ရင်း မေးလိုက်သည်
Jinwooကတော့ ဘာမှမဖြေဘဲ ဆိုဂျူ တစ်ခွက်ကိုသာ အရင်သောက်လိုက်သည်
"မနေ့က Jisooနဲ့ အဆင်မပြေလို့လား....."
"Mino .....Jisoo က ငါ့ကို တကယ်မချစ်ဘူး ထင်တယ်....."
"မင်းတို့ ဘာဖြစ်ကြတာလည်း "
"မနေ့ညက သူ ငါ့အခန်းထဲလာတယ်ကွာ..... ..ကုတင်ပေါမှာ အကြာကြီး ငူငူငိုင်ငိုင်နဲ့ ထိုင်နေတာ.......ငါ သူ့ကိုစကားပြောနေတာလည်းမကြားဘူး ငါ သူ့ကိုနမ်းမယ်လုပ်တော့ သူ ရှောင်သွားတယ်.....အဆင်သင့်မဖြစ်သေးလို့ ရှောင်သွားတာမျိူး မဟုတ်ဘူးကွာ သူက မကြိုက်တဲ့ပုံစံ မသထီတဲ့ပုံစံနဲ့ တစ်ဖက်ကို လှည့်ရှောင်သွားတာ........."
Jinwoo စကားကို နားထောင်ရင်း Mino စဥ်းစားနေသည်
"Jinwoo. ....Jisooကို မင်း သိပ်မယုံနဲ့......အချိန်ယူပြီး ပြန်စဥ်းစား သူနဲ့ရှေ့ဆက်မလား လက်တွဲဖြုတ်မလားဆိုတာ ငါက မင်းကို စိတ်ပူလို့ပြောတာ သူတို့အရွယ်က မြီးကောင်ပေါက်စ အရွယ်ကွာ.....စိတ်ကစားကြတာတွေရှိမှာ "
Jinwoo သက်ပြင်းချပြီး ဆိုဂျူ နောက်တစ်ခွက်သာ ထပ်မော့သောက်လိုက်သည်
နောက်တစ်နေ့မနက် Jisooကို Jinwoo ကျောင်းသွားဖို့ လာမခေါသလို Jennieကိုလည်း Jisoo သွားမခေါဘဲ တစ်ယောက်တည်းသာ ကျောင်းကို သွားလိုက်သည်
ကျောင်းကိုရောက်တော့ ကန်တင်းတွင် သူမကိုစောင့်နေကျ သူမချစ်သူ Jinwooကို မတွေ့ရပေ
Jinwoo ကျောင်းနောက်ကျတာနေမှာပါလို့ Jisoo ဖြည့်တွေးပြီး ကန်တင်းတွင် တစ်ယောက်တည်း ထိုင်စောင့်နေမိသည်
ကျောင်းသာတက်သွားသည် Jinwooရော Jennie ပါ ကန်တင်းရောက်မလာပေ....
Jisoo အတန်းထဲရောက်လာတော့ Jennieကိုလည်း မတွေ့ရပေ
"Jennie လည်း မရှိပါလား....ဘာလို့ကျောင်းမလာတာလည်း.....နေမကောင်းလို့လား...ဒါမှမဟုတ်....ကျောင်းဆင်းရင် Jennie ဆီ သွားရမယ်..."
Jennie ကျောင်းမလာတာကို Jisoo သိပြီး တစ်ယောက်တည်း အတွေးတွေလွန်နေသည်။
နေ့လည် ထမင်းစားချိန်ရောက်တော့ Jinwoo နဲ့ Jisoo ကန်တင်းတွင် မျက်နှာချင်းဆိုင်တွေ့သောအခါ
"Jinwoo Oppa "
"Aww Jisoo. ...."
"ကန်တင်းလာတာကို ဘာလို့ chawကို လာမခေါတာလည်း "
"လုပ်စရာလေးရှိလို့ သွားလိုက်အုံးမယ်....."
Jinwoo ရှောင်ထွက်သွားတာကို Jisoo သတိထားမိသည်
"သူ ငါ့ကို စိတ်ဆိုးနေတာဘဲ..........ဒီနေ့ ဘာတွေဖြစ်နေတာလည်းဟာ......."
Jisoo တစ်ယောက်တည်း ကန်တင်းတွင် အထီးကျန်ကျန်နဲ့ ထမင်းစားလိုက်ရသည်
ညနေကျောင်းဆင်းသောအခါ
Knock Knock
တံခါးခေါက်သံကြောင့် Jennie သွားဖွင့်ပေးတော့
"Jisoo "
"Jennie နင် ဘာလို့ကျောင်းမလာတာလည်း နေမကောင်းလို့လား "
Jisoo မေးပြီး Jennie အိမ်ထဲဝင်လာသည်
"ဟင် Jennie နင့်မျက်နှာတစ်ခုလုံး ယောင်ကိုင်းနေပါလား ဘာဖြစ်တာလည်း "
Jennie မျက်နှာတစ်ခုလုံး ယောင်ကိုင်းပြီး အညိုမဲစွဲနေတာကို Jisoo တွေ့သွားပြီး စိတ်ပူသွားသည်
"ဟို ရေချိုးခန်းထဲ မှောက်ရက်လဲလို့ အဲ့တာကြောင့်လေ ဒီမျက်နှာကြီးနဲ့ ကျောင်းလာရမှာ ရှက်လို့ မလာတာ "
"Awwwww. ....."
"ဘာသောက်မလည်း "
"ရေဘဲ ပေးပါ "
Jennie ရေဘူးယူလာပြီး Jisoo ကို ပေးလိုက်သည်
"Jisoo နင်မျက်နှာလည်း မကောင်းပါလား ဘာဖြစ်လို့လည်း "
"Jinwoo Oppaလေ ငါ့ကို စိတ်ဆိုးပြီး စကားမပြောဘူး ရှောင်နေတယ် "
"ဟင် ဘယ်လိုဖြစ်တာလည်း "
Jisoo သက်ပြင်းချပြီး ဖြစ်သမျှ အကုန် Jennieအား ပြန်ပြောပြသည်
Jinwooနဲ့ Jisoo ဘာမှမဖြစ်ဘူးဆိုတာ Jennie သိသွားသောအခါမှ စိတ်အေးသွားသည်
သူမ တစ်ညလုံး တစ်နေကုန်လုံး အဲ့စိတ်နဲ့နေထိုင်မကောင်းဖြစ်နေခဲ့တာ အခုတော့ ရင်ဘတ်ထဲက အပူလုံးကြီး ပြုတ်ကျသွားပြီလေ.....
"နင်က သူနဲ့အိပ်ဖို့ အဆင်သင့်မဖြစ်သေးတာလား...........မအိပ်ချင်တာလား...."
"ငါ့ကိုယ်ငါ ဘာဖြစ်ချင်နေမှန်းမသိပါဘူး Jennie ရာ......"
"Jisoo... "
"ဟင် "
Jisoo မော့ကြည့်တော့ Jisoo မျက်နှာလေးကို ကိုင်ပြီး Jennie နမ်းလိုက်သည်
ထို့နောက်Jisooကို ဆိုဖာပေါလှဲခိုင်းပြီး Jisooအပေါသို့ Jennie တက်ခွသည်
"Jennie.... "
"ရှူး...စကားမပြောနဲ့ "
Jisoo နှုတ်ခမ်းကို လက်ညိုးနဲ့ပိတ်ပြီး Jisoo ရဲ့ လည်ပင်းလေးကို Jennie အနမ်းတွေပေးလိုက်သည်
Jinwooနဲ့တုံးက ရှောင်ဖယ်ခဲ့တဲ့ Jisoo. ....အခု Jennie နဲ့ကျ ရှောင်ဖယ်ဖို့ သတိရခဲ့သလား.....Jennie အင်အားကို မလွန်ဆန်နိုင်လို့ ငြိမ်ခံနေသလား........???????
#TBC
#Zawgyi
Knock Knock
တံခါးေခါက္သံေၾကာင့္ အိမ္သာသြားမယ့္ Jinwoo မွာ Minoထင္ၿပီး တံခါးဖြင့္ထားေၾကာင္း ေအာ္ေျပာၿပီး အိမ္သာထဲ ဝင္သြားေလသည္
"ငါ တံခါးေလာ့မခ်ထားဘူး ဝင္လာလို႔ရတယ္ Mino...... "
Jisooလည္း တံခါးေလာ့ခ်မထားဘူး ေျပာလို႔ တံခါးဖြင့္ကာ အခန္းထဲ ဝင္လာသည္
"Oppa အိမ္သာထဲမွာထင္တယ္....'
Jisoo သက္ျပင္းခ်ၿပီး Jinwoo ကုတင္ေပါ ထိုင္မိသည္
သူမ စိတ္ထဲ နံရံဘက္ကပ္ေနတဲ့ Jennieနဲ႕ Mino ပုံရိပ္ဘဲ ေတြးေနမိသည္
သူမ ဘယ္ေလာက္အေတြးလြန္သြားလည္း မသိ.....
သူမ အသိစိတ္ျပန္ဝင္လာေတာ့ သူမက ကုတင္ေပါ ပစ္လွဲေနၿပီး Jinwooက သူမေပါ တက္ခြထားသည္
"Jisoo ဘာေတြ အေတြးလြန္ေနတာလည္း..."
Jinwooေၾကာင့္ Jisooလည္း လန့္ၿပီး စကားေတြထစ္ကုန္သည္
"ဟို ဟို "
"Oppaနဲ႕ အတူတူအိပ္မလို႔လာတာလား "
Jinwoo ေမးခြန္းကို Jisoo ေခါင္းညိတ္ၿပီးသာ ေျဖလိုက္သည္
Jisoo ေခါင္းညိတ္ျပလို႔ Jinwoo ၿပဳံးၿပီး Jisoo ႏႉတ္ခမ္းေလးကို နမ္းဖို႔ ေရွ႕ကိုတိုးလာသည္
သို႔ေသာ္လည္း Jisoo မ်က္ႏွာကို တစ္ဖက္လႊဲလိုက္မိသည္....
Jisoo အျပဳအမူေၾကာင့္ သူမ အခုထိ အဆင္သင့္မျဖစ္ေသးဘူးဆိုတာ Jinwoo သေဘာေပါက္သြားသလို စိတ္မေကာင္းလည္း ျဖစ္သြားသည္
ထို႔ေၾကာင့္ Jinwoo သက္ျပင္းခ်ၿပီး Jisooဆီက ဖယ္လိုက္သည္
"မင္း ကုတင္ေပါမွာ အိပ္ေလ ကိုယ္ကေတာ့ ဒီထိုင္ခုံေပါမွာ အိပ္လိုက္မယ္ ..."
Jinwoo ေျပာၿပီး သူ႕အခန္းထဲက ထိုင္ခုံတြင္ ထိုင္လိုက္သည္
"ဟို Oppa. ..."
Jinwoo စိတ္မေကာင္းျဖစ္သြားတာကို Jisoo သိေနတာမို႔ အားနာသလိုခံစားရသည္....
သူမတို႔အသက္အ႐ြယ္ဆို ေတာ္ေတာ္မ်ားမ်ား ခ်စ္သူေတြနဲ႕အိပ္ဖူးၿပီးၾကၿပီေလ....Jisooတစ္ေယာက္ဘဲ...... အခုထိ အဆင္သင့္မျဖစ္ေသးတာ...
"ရပါတယ္ ကိုယ့္ကိုအားမနာပါနဲ႕ ခုနက အေၾကာင္းကိုလည္း ေမ့လိုက္ေတာ့ေနာ္ Good Night Jisoo. ..."
Jinwooေျပာၿပီး Jisooကို မ်က္ႏွာလႊဲကာ အိပ္လိုက္သည္
Jisooလည္း စိတ္ေတြရႈပ္လာၿပီး ေစာင္ကို ေခါင္းၿမီးၿခဳံအိပ္လိုက္သည္
ေနာက္တစ္ေန႕ အိမ္ျပန္လမ္းတြင္ Jinwooနဲ႕ Jisooမွာလည္း ကားေပါတိတ္ဆိတ္ေနၿပီး Minoနဲ႕ Jennie လည္း တိတ္ဆိတ္စြာနဲ႕ပါလာသည္
ထိုေန႕က Jennieနဲ႕ Jisoo စကားမေျပာျဖစ္ၾကေပ Jennie ကလည္း Jisooကို မႏႈတ္ဆက္ဘဲ အိမ္ထဲဝင္သြားသလို Jisooကလည္း ငူငူငိုင္ငိုင္နဲ႕ အိမ္ထဲဝင္သြားသည္
"Mino မင္း အိမ္မျပန္နဲ႕အုံး "
"Wae ဘာလို႔လည္း "
Jinwooတို႔ ကားဂိတ္ျပန္ေရာက္ေတာ့ Taxi ငွားေနတဲ့ Minoကို လွမ္းတားလိုက္သည္
"သြားေသာက္ရေအာင္......."
Minoလည္း Jinwoo တစ္ခုခုျဖစ္ေနတယ္ဆိုတာ သိၿပီး Jinwoo ေနာက္ လိုက္သြားေလသည္
"စိတ္ညစ္စရာတစ္ခုခုရွိလို႔လား Jinwoo "
Mino ဆိုဂ်ဴ ငွဲ႕ရင္း ေမးလိုက္သည္
Jinwooကေတာ့ ဘာမွမေျဖဘဲ ဆိုဂ်ဴ တစ္ခြက္ကိုသာ အရင္ေသာက္လိုက္သည္
"မေန႕က Jisooနဲ႕ အဆင္မေျပလို႔လား....."
"Mino .....Jisoo က ငါ့ကို တကယ္မခ်စ္ဘူး ထင္တယ္....."
"မင္းတို႔ ဘာျဖစ္ၾကတာလည္း "
"မေန႕ညက သူ ငါ့အခန္းထဲလာတယ္ကြာ..... ..ကုတင္ေပါမွာ အၾကာႀကီး ငူငူငိုင္ငိုင္နဲ႕ ထိုင္ေနတာ.......ငါ သူ႕ကိုစကားေျပာေနတာလည္းမၾကားဘူး ငါ သူ႕ကိုနမ္းမယ္လုပ္ေတာ့ သူ ေရွာင္သြားတယ္.....အဆင္သင့္မျဖစ္ေသးလို႔ ေရွာင္သြားတာမ်ိဴး မဟုတ္ဘူးကြာ သူက မႀကိဳက္တဲ့ပုံစံ မသထီတဲ့ပုံစံနဲ႕ တစ္ဖက္ကို လွည့္ေရွာင္သြားတာ........."
Jinwoo စကားကို နားေထာင္ရင္း Mino စဥ္းစားေနသည္
"Jinwoo. ....Jisooကို မင္း သိပ္မယုံနဲ႕......အခ်ိန္ယူၿပီး ျပန္စဥ္းစား သူနဲ႕ေရွ႕ဆက္မလား လက္တြဲျဖဳတ္မလားဆိုတာ ငါက မင္းကို စိတ္ပူလို႔ေျပာတာ သူတို႔အ႐ြယ္က ၿမီးေကာင္ေပါက္စ အ႐ြယ္ကြာ.....စိတ္ကစားၾကတာေတြရွိမွာ "
Jinwoo သက္ျပင္းခ်ၿပီး ဆိုဂ်ဴ ေနာက္တစ္ခြက္သာ ထပ္ေမာ့ေသာက္လိုက္သည္
ေနာက္တစ္ေန႕မနက္ Jisooကို Jinwoo ေက်ာင္းသြားဖို႔ လာမေခါသလို Jennieကိုလည္း Jisoo သြားမေခါဘဲ တစ္ေယာက္တည္းသာ ေက်ာင္းကို သြားလိုက္သည္
ေက်ာင္းကိုေရာက္ေတာ့ ကန္တင္းတြင္ သူမကိုေစာင့္ေနက် သူမခ်စ္သူ Jinwooကို မေတြ႕ရေပ
Jinwoo ေက်ာင္းေနာက္က်တာေနမွာပါလို႔ Jisoo ျဖည့္ေတြးၿပီး ကန္တင္းတြင္ တစ္ေယာက္တည္း ထိုင္ေစာင့္ေနမိသည္
ေက်ာင္းသာတက္သြားသည္ Jinwooေရာ Jennie ပါ ကန္တင္းေရာက္မလာေပ....
Jisoo အတန္းထဲေရာက္လာေတာ့ Jennieကိုလည္း မေတြ႕ရေပ
"Jennie လည္း မရွိပါလား....ဘာလို႔ေက်ာင္းမလာတာလည္း.....ေနမေကာင္းလို႔လား...ဒါမွမဟုတ္....ေက်ာင္းဆင္းရင္ Jennie ဆီ သြားရမယ္..."
Jennie ေက်ာင္းမလာတာကို Jisoo သိၿပီး တစ္ေယာက္တည္း အေတြးေတြလြန္ေနသည္။
ေန႕လည္ ထမင္းစားခ်ိန္ေရာက္ေတာ့ Jinwoo နဲ႕ Jisoo ကန္တင္းတြင္ မ်က္ႏွာခ်င္းဆိုင္ေတြ႕ေသာအခါ
"Jinwoo Oppa "
"Aww Jisoo. ...."
"ကန္တင္းလာတာကို ဘာလို႔ chawကို လာမေခါတာလည္း "
"လုပ္စရာေလးရွိလို႔ သြားလိုက္အုံးမယ္....."
Jinwoo ေရွာင္ထြက္သြားတာကို Jisoo သတိထားမိသည္
"သူ ငါ့ကို စိတ္ဆိုးေနတာဘဲ..........ဒီေန႕ ဘာေတြျဖစ္ေနတာလည္းဟာ......."
Jisoo တစ္ေယာက္တည္း ကန္တင္းတြင္ အထီးက်န္က်န္နဲ႕ ထမင္းစားလိုက္ရသည္
ညေနေက်ာင္းဆင္းေသာအခါ
Knock Knock
တံခါးေခါက္သံေၾကာင့္ Jennie သြားဖြင့္ေပးေတာ့
"Jisoo "
"Jennie နင္ ဘာလို႔ေက်ာင္းမလာတာလည္း ေနမေကာင္းလို႔လား "
Jisoo ေမးၿပီး Jennie အိမ္ထဲဝင္လာသည္
"ဟင္ Jennie နင့္မ်က္ႏွာတစ္ခုလုံး ေယာင္ကိုင္းေနပါလား ဘာျဖစ္တာလည္း "
Jennie မ်က္ႏွာတစ္ခုလုံး ေယာင္ကိုင္းၿပီး အညိုမဲစြဲေနတာကို Jisoo ေတြ႕သြားၿပီး စိတ္ပူသြားသည္
"ဟို ေရခ်ိဳးခန္းထဲ ေမွာက္ရက္လဲလို႔ အဲ့တာေၾကာင့္ေလ ဒီမ်က္ႏွာႀကီးနဲ႕ ေက်ာင္းလာရမွာ ရွက္လို႔ မလာတာ "
"Awwwww. ....."
"ဘာေသာက္မလည္း "
"ေရဘဲ ေပးပါ "
Jennie ေရဘူးယူလာၿပီး Jisoo ကို ေပးလိုက္သည္
"Jisoo နင္မ်က္ႏွာလည္း မေကာင္းပါလား ဘာျဖစ္လို႔လည္း "
"Jinwoo Oppaေလ ငါ့ကို စိတ္ဆိုးၿပီး စကားမေျပာဘူး ေရွာင္ေနတယ္ "
"ဟင္ ဘယ္လိုျဖစ္တာလည္း "
Jisoo သက္ျပင္းခ်ၿပီး ျဖစ္သမွ် အကုန္ Jennieအား ျပန္ေျပာျပသည္
Jinwooနဲ႕ Jisoo ဘာမွမျဖစ္ဘူးဆိုတာ Jennie သိသြားေသာအခါမွ စိတ္ေအးသြားသည္
သူမ တစ္ညလုံး တစ္ေနကုန္လုံး အဲ့စိတ္နဲ႕ေနထိုင္မေကာင္းျဖစ္ေနခဲ့တာ အခုေတာ့ ရင္ဘတ္ထဲက အပူလုံးႀကီး ျပဳတ္က်သြားၿပီေလ.....
"နင္က သူနဲ႕အိပ္ဖို႔ အဆင္သင့္မျဖစ္ေသးတာလား...........မအိပ္ခ်င္တာလား...."
"ငါ့ကိုယ္ငါ ဘာျဖစ္ခ်င္ေနမွန္းမသိပါဘူး Jennie ရာ......"
"Jisoo... "
"ဟင္ "
Jisoo ေမာ့ၾကည့္ေတာ့ Jisoo မ်က္ႏွာေလးကို ကိုင္ၿပီး Jennie နမ္းလိုက္သည္
ထို႔ေနာက္Jisooကို ဆိုဖာေပါလွဲခိုင္းၿပီး Jisooအေပါသို႔ Jennie တက္ခြသည္
"Jennie.... "
"ရႉး...စကားမေျပာနဲ႕ "
Jisoo ႏႈတ္ခမ္းကို လက္ညိုးနဲ႕ပိတ္ၿပီး Jisoo ရဲ႕ လည္ပင္းေလးကို Jennie အနမ္းေတြေပးလိုက္သည္
Jinwooနဲ႕တုံးက ေရွာင္ဖယ္ခဲ့တဲ့ Jisoo. ....အခု Jennie နဲ႕က် ေရွာင္ဖယ္ဖို႔ သတိရခဲ့သလား.....Jennie အင္အားကို မလြန္ဆန္နိုင္လို႔ ၿငိမ္ခံေနသလား........???????
#TBC
Bạn đang đọc truyện trên: Truyen3h.Co