လူဆိုးမလေး ကိုယ့်ချစ်သူ Part-3
Basketball ကစားပြီး နှစ်ရက်လောက် Taeyeon ကျောင်းမတက်ဘဲ ပျောက်နေ၏.....Fanyမှာ ကျောင်းမတက်တဲ့ Taeyeon ကို မတွေ့ရလို့ ကျေးဇူးတင်ရမယ့်အစား Taeyeonကို တွေ့ချင်နေ၏
"Morning.. ....Fany...."
"Morning Sica......"
"Sicaရေ......အခုတလော Fanyကြည့်ရတာ အရင်လို မတက်ကြွဘဲ ငူငူငိုင်ငိုင်နဲ့ပါလား....."
Fany ဘေးနားမှာ ထိုင်လိုက်ပြီး Sunny စလိုက်သည်။
"Hey....နင့်ချစ်သူကို မတွေ့ရလို့ဆိုပြီး စိတ်ညစ်နေတာလို့ မပြောနဲ့နော်......."
Sica စလိုက်သည်။
"သေလေ ငါ ဘယ်တော့မှ သူ့ကို လွမ်းနေမှာ မဟုတ်ဘူး သူ 2ရက် 11 နာရီ 5 မိနစ် နဲ့ 35 စက္ကန့် ပျောက်နေတာတောင် ငါ ဂရုမစိုက်ဘူး......"
"Aww ဂရုမစိုက်ရှာလို့ဘဲ သူမလာတဲ့နေ့ကို အတိအကျပြောပြနေပါလား....."
"Yah နင်တို့တွေ သေပြီသာမှတ်....."
Hell Fany တစ်ယောက် ခုံကို ဘုန်းခနဲ ရိုက်ချလို်က်တော့ Sicaတို့မှာ အတွယ်ခံရတော့မယ်မှန်း သိပြီး အတန်းအပြင်ဘက်ကို ထွက်ပြေးကြလေ၏
"မြတ်စွာဘုရား ကယ်ပါ....."
Sunny ပြေးရင်း ရေရွတ်လိုက်သည်။ သိပ်မကြာပါ.....မြတ်စွာဘုရားမှ Sunny၏ ဆုတောင်းကို ဖြည့်ပေးလိုက်သည်ထင်ရ.....ကောင်းကင်မှ နတ်သားတစ်ပါး ဆင်းလာ၏......ထိုသူကား Kim Taeyeonပင် ဖြစ်သည်။
Fany အနောက်ကနေ ပြေးလာတော့ Taeyeonမှာ ဆီးကြိုပြီး ဖက်လိုက်သည်။
"Oh babyရယ် ကိုယ့်ကို အဲ့လောက်တောင် လွမ်းနေတာလား....ကိုယ်ရောက်နေမှန်းသိလို့ ပြေးလာတာလား....."
"နင့်ကို ဘယ်သူက လွမ်းနေလို့လည်း ဆုတောင်းလေ......"
"ကိုယ်သိပါတယ် ကိုယ့်ကို အရမ်းလွမ်းနေမှန်း......"
"Hey ငါ့ကို ဖက်ထားမနေနဲ့ လွှတ်ပေး......"
"Fanyလေး....ကိုယ် မရှိတုံး တခြားကောင်လေးတွေနဲ့ စကားပြောနေတယ်လို့ သတင်းကြားတယ်နော်....."
"ဘာဖြစ်လဲ ငါ့ဘာသာငါ့ပါးစပ်နဲ့ စကားပြောတာ....."
"ကောင်းပါပြီ သူတို့နဲ့ စကားပြောလို့ မင်းကို အပြစ်ပေးရမယ်......"
"ဘယ်လို ...."
"အပြစ်ပေးမယ် ဟုတ်လား.. ....."
"Omm ကိုယ့်နောက်လိုက်ခဲ့......"
Taeyeon ဆွဲဆောင်မှု ရှိတဲ့ အသံနဲ့ ပြောပြီး Fanyကို အနီးအနားက သိပ္ပံ ဓာတ်ခွဲခန်းထဲသို့ ခေါ်သွားလေ၏
"Yah yah ငါ့ကို ဘယ်ခေါ်သွားတာလည်း အတန်းတက်ရအုံးမှာ...."
Fanyမှာ ရုန်းကန်ရင်း ပါသွားလေ၏
ဓာတ်ခွဲခန်းထဲတွင် Fanyကို နံရံထောင့်သို့ တွန်းလိုက်ပြီး Taeyeon တဖြည်းဖြည်း ရှေ့တိုးလာသည်
"မင်းရဲ့ ကိုယ်သင်းရနံ့လေးက မွှေးလိုက်တာ..."
Taeyeon ပြောပြီး Fany ရဲ့ လည်ပင်းကို နမ်းလိုက်သည်။
"What the hell......yah နင် ဘာလုပ်နေတာလည်း ဖယ်စမ်း....."
"မင်းကို အပြစ်ပေးတာလေ...."
"အပြစ်ပေးတာ ဟုတ်လား ငါ့ကို rape တော့မယ့်အတိုင်းဘဲ သောက်ရူးရဲ့ ...."
Fany စကားမဆုံးသေး Fanyရဲ့ နှုတ်ခမ်းကို Taeyeon နမ်းလိုက်သည်။
"စကားအရမ်းများတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ပါးစပ်ကို အခုလို ပိတ်ပေးရတယ်ကွ...."
Fanyမှာ လည်ပင်းအနမ်းခံရကတည်းက ရင်တွေခုန်နေပါတယ်ဆို နှုတ်ခမ်းလည်း အနမ်းခံရရော ရန်တောင် မတွေ့နိုင်တော့ပေ.....
"မင်းမှာ ဖုန်းရှိလား....."
Fanyမှာ ရင်တွေခုန်နေလွန်းလို့ ဘာစကားမှ မပြောနိုင်သေးပေ.....
"Oh မရှိဘူးထင်တယ်.....အတော်ပဲ ငါ အလုပ်ကိစ္စနဲ့ ခရီးထွက်တုံးက မင်းအတွက် ဖုန်းဝယ်လာတယ် ..."
Taeyeonက ကျောင်းတက်ရင်း သူ့အဖေ company ကိုပါ ဦးစီးနေရသူဖြစ်သည်။ ထို့ကြောင့် လွန်ခဲ့တဲ့နှစ်ရက်က သူပျောက်နေခြင်းဖြစ်သည်။
"မင်းဖုန်းမှာ ငါ့နံပါတ်ပါတယ်.....မင်း သူငယ်ချင်းတွေက လွဲပြီး ဘယ်ကောင်လေးကိုမှ ဖုန်းနံပါတ်မပေးရဘူး.....ပြီးတော့ ငါ ဖုန်းခေါ်ရင် မကိုင်ရင်....စာပို့တာ ပြန်မပို့ရင်.....ညတိုင်း ငါ့နာမည်ကို အော်အောင် မင်းကို အပြစ်ပေးမယ်............"
Taeyeonရဲ့ စကားကြောင့် Fanyမျက်နှာမှာ ခရမ်းချဉ်သီးလို နီရဲသွား၏
*ကျောင်းတက်ခေါင်းလောင်းသံ*
"Oh....ကျောင်းတက်နေပြီဘဲ အချစ်ကလေးရေ ကိုယ်အတန်းသွားတက်လိုက်အုံးမယ်.....'
Fanyရဲ့ နှုတ်ခမ်းကို နောက်တစ်ခေါက် နမ်းပြီး Taeyeon ထွက်သွားလေသည်။
ချောင်းကြည့်နေကြတဲ့ ကျောင်းသားတွေမှာ Taeyeon အရင်ကလို အေးအေးလေးမဟုတ်ဘဲ တော်တော်လေး ပြောင်းလဲသွားလို့ အံ့သြနေကြသည်။.... gameကစားတာမဟုတ်ဘဲ Fanyကို တကယ်ချစ်သွားတာများလား.......
Bạn đang đọc truyện trên: Truyen3h.Co