လူဆိုးမလေး ကိုယ့်ချစ်သူ Part-4
ထမင်းစားဆင်းချိန်တွင် Fanyတို့ အတန်းထဲကနေ ထမင်းစားဖို့ ထွက်လာကြသည်။
"Jagiya......"
Taeyeon အော်လိုက်ပြီး Fanyဆီကို ပြေးလာသည်။
"What the hell ....နင် ဒီကို ဘာလာလုပ်တာလည်း ...."
Fany မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
"မင်းနဲ့နေ့လည်စာ အတူစားချင်လို့လေ....."
"ငါကတော့ နင်နဲ့မစားချင်ဘူး.....ကိုယ့်ဘာသာကိုယ် သွားစားစမ်းပါ....."
"မင်း ငြင်းမယ်ဆိုတာ ကြိုသိထားလို့ အခုလို လုပ်ပါရစေ....."
Taeyeon ပြောပြီး Fany ကို ပွေ့ချီလိုက်သည်။
"Yah....Yah.... ဘာလုပ်တာလည်း အောက်ပြန်ချပေး......"
"ငါ....မင်းတို့ သူငယ်ချင်းကို ခဏခေါ်သွားမယ်နော်.....သိတယ်မလား အရင်ရက်ပိုင်းက သူနဲ့မတွေ့ရတော့ သတိရလို့......နှစ်ယောက်တည်း...."
Sunny တို့ကို ကြည့်ပြီး Taeyeon ပြောလိုက်သည်။
"No problem.. ..ခေါ်သွားလို့ ရပါတယ် Taeyeon shii"
"Fany အခုတလော ပိန်လာလို့ ၀အောင် ကျွေးလိုက်ပါနော် Taeyeon shii...."
Sicaတို့မှာ ၀မ်းသာအားရ ပြောနေကြ၏....
"Yah...အစုတ်ပလုတ်မတွေ နင်တို့....Yah Taeyeon ငါ့ကို အောက်ပြန်ချပေးစမ်း.....အရူးကောင်....ချီးထုပ်ကောင်......"
Taeyeon ကတော့ နားမထောင်ဘဲ လေလေးတချွန်ချွန်ဖြင့် Fany ကို ပွေ့ချီကာ ကန်တင်းဘက်ကို သွားသည်။
"Kim Taeyeon.. ...ငါ နင့်ကို သတ်မိတော့မယ်...အောက်ပြန်ချမှာလား....မချဘူးလားပြော..."
Fanyရဲ့ ကျယ်လောင်တဲ့ အသံကြောင့် ကန်တင်းက လူတွေလည်း ထူးဆန်းပြီး ၀ိုင်းကြည့်နေကြတယ်
Fanyကို ထိုင်ခုံပေါ် Taeyeon ချပေးတော့ Fany ထွက်ပြေးဖို့ ပြင်လိုက်သည်။
"ထွက်ပြေးရဲထွက်ပြေးကြည့်.....ကိုယ် မင်းကို အပြစ်ပေးမှာနော် ....."
Taeyeon ရဲ့ စကားကြောင့် Fanyပြန်ထိုင်လိုက်ပြီး Taeyeonကို စိတ်ထဲကနေ ကျိန်ဆဲနေ၏
"မုဒိမ်းကောင်....အထန်ကောင် ....အရူးကောင်..........💭💭"
Taeyeon လက်ခုပ်တီးလိုက်တော့ စားစရာတွေ အားလုံး စားပွဲပေါ်မှာ ရောက်လာကြသည်။
Fany စားပွဲအပြည့် စားစရာတွေကြည့်ပြီး
"Yah ဒါတွေအကုန်လုံး စားရအောင် ငါက ၀က်မှမဟုတ်တာ....."
"နည်းနည်းလောက် ပိန်သွားသလို ခံစားရလို့ စားလိုက်ပါ........"
"....."
'Jagiya......စားစမ်းပါ...ဒါတွေ လွှင့်ပစ်ဖို့ နှမြောတယ်မလား...."
Fany နှုတ်ခမ်းစူပြီး စားစရာတွေကို ကြည့်လိုက်သည်။ ကျောင်းက စားစရာတွေက ဈေးကြီးလွန်းလို့ Fanyတို့ ၀ယ်မစားဘဲ အပြင်သွားစားတာ များသည်။
"ဒါတွေအကုန် စားလို့ရတာ သေချာတယ်နော် 😒"
"ဒါပေါ့.....မင်းအတွက် ကိုယ် မှာထားတာ ကြိုက်သလောက်စား....."
'ငါတစ်ယောက်တည်း မကုန်ဘူး....နင်လည်း ကူစားလေ...."
"Omm ပါ......"
Fany ကလေးတစ်ယောက်လို အပြစ်ကင်းစွာ မြိန်ရေရှက်ရေ စားနေတာကို ကြည့်ပြီး Taeyeon သဘောကျ စွာ ပြုံးနေမိသည်။
"ဖြည်းဖြည်းစားပါ...နင်နေအုံးမယ်...ကုန်သွားရင် ထပ်မှာပေးမယ်......"
Taeyeon ရေထည့်ပြီး ဖန်ခွက်ကို Fanyအား ပေးလိုက်သည်။
Taeyeon ပေးတဲ့ ရေကို သောက်လိုက်ပြီး
"Thanks...."
ဘာ စကားမှ မပြောဘဲ Fany နှုတ်ခမ်းမှာ ပေနေတဲ့ ဟင်းအနှစ်တွေကို Taeyeon အနားတိုးကပ်ကာ လျှာနဲ့ ယှက်လိုက်သည်။
"Oh အရသာရှိလိုက်တာ...."
"Wooooo"
Taenyတို့ကို ကြည့်ပြီး ကန်တင်းက ကျောင်းသူကျောင်းသားတွေမှာ ထအော်ကြသည်။
"နှာဘူး....."
Fany ပြောပြီး Taeyeonရဲ့ လက်မောင်းကို ရိုက်လိုက်သည်
"Osh နာတယ်...."
Fany ၀က်သားကင်တစ်ခုကို တူနဲ့ ညှပ်တော့ Taeyeon ဖျက်ခနဲ လှမ်းယူပြီး တစ်ကိုက်ကိုက်ကာ နောက်တစ်ပိုင်းကို သူ့ပါးစပ်ကနေ Fany ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။(ရုပ်ရှင်ထဲကလိုလေ😁 သိပ်သရုပ်ဖော်မရေးတတ်လို့)
"တော်ပြီ....မစားချင်တော့ဘူး....."
Fany ပြောပြီး ထထွက်သွားတော့ Fanyရဲ့ လက်ကို လှမ်းဆွဲပြီး
"ကိုယ် မင်းကို အရမ်းလွမ်းနေတာကို မင်းကဒီလိုဘဲ ထွက်သွားတော့မှာလား......"
"......"
နေ့လည်စာ စားပြီးနောက် Taeyeon သူ့ချစ်သူကို အတန်းထဲ ပြန်ပို့ပေးသည်။ ပြန်ပို့ရင်း Fany အလစ် အာဘွားပေးကာ ထွက်ပြေးလာခဲ့သည်။
PE အချိန်တွင် ရေကူးရမည် ဖြစ်သောကြောင့် Fany စိတ်ညစ်နေလေ၏
Fany ငယ်ငယ်က ရေနစ်ဖူးပြီး သေမလိုဖြစ်သောကြောင့် ရေကူးရမှာ ကြောက်နေ၏
"Guys.....ငါ မလိုက်တော့ဘူး အတန်းထဲဘဲ နေတော့မယ်....."
"Fany...အတန်းထဲမှာ နင်တစ်ယောက်တည်း ကျန်ခဲ့မှာ ပျင်းနေမှာပေါ့ လာပါဟ ....."
"..."
Sunnyတို့ ဇွတ်ဆွဲလာသောကြောင့် ရေကူးကန်သို့ ရောက်လာကြသည်........
"ရေကူးကန်ဘေးနား စောင့်နေ ငါတို့အ၀တ်သွားလဲလိုက်အုံးမယ်...."
Sicaတို့ အ၀တ်သွားလဲချိန် Fany ရေကူးကန်ကြီးကို ငေးကြည့်နေ၏....
ထိုစဉ် Taeyeon ၀ယ်ပေးသော ဖုန်းက အသံမြည်လာသောကြောင့် ဖွင့်ကြည့်တော့ Taeyeonဆီက စာဖြစ်နေသည်။
Baby boy 💌 : Fany....ဘာလုပ်နေလဲ ကိုယ်အခု စာသင်ရင်း Fanyကို သတိရလာလို့.....
"အော့...အော့ သူ့ကိုယ်သူ Baby Boyတဲ့ ကလေးမသာရုပ်နဲ့😒😒😖😖"
Baby girl 💌 : စာဂျပိုးကြီးရယ် စာသာသေချာ လိုက်ကြည့်စမ်းပါ....အမှတ်တွေလျော့ရင် ငါ့ကြောင့်ဖြစ်နေအုံးမယ်.....
Fany ပြန်ရန်ထောင်နေစဉ် အနောက်က တစ်ယောက်ယောက်က သူ့ကို ဆောင့်တွန်းလိုက်သောကြောင့် ရေကူးကန်ထဲသို့ ပြုတ်ကျသွားလေ၏.........
Bạn đang đọc truyện trên: Truyen3h.Co