Truyen3h.Co

လူဆိုးမ​လေး ကိုယ့်​ချစ်​သူ

လူဆိုးမ​လေး ကိုယ့်​ချစ်​သူ Part-5

KimFany059

"Fany...."
Sunny တို့ ​အ၀တ်​လဲပြီး ပြန်​ထွက်​လာ​တော့ ​ရေထဲ ပြုတ်​ကျသွားတဲ့ Fanyကို ​တွေ့ပြီး ​အော်​လိုက်​ကြ၏

"ဟားဟား.. ..Tiffany Hwang ​ကြောက်​တဲ့အရာ​တော့ ရှိသား...."
Fanyကို ​ရေထဲတွန်းချလိုက်​တဲ့ ​ကောင်​မ​လေး​တွေမှာ ၀မ်းသာအားရ လက်​ခုပ်​တီးကာ ​ပြောလိုက်​သည်​။

Sica ​​ဒေါသထွက်​ပြီး ​ကောင်​မ​လေးသုံး​ယောက်​ထဲက တစ်​​ယောက်​ရဲ့ ဆံပင်​ကို ​ဆောင့်​ဆွဲပြီး ပါးရို်​က်​ကာ ​ရေကန်​ထဲ တွန်းချလိုက်​သည်​။

ကျန်​တဲ့​ကောင်​မ​လေး​တွေမှာ Sicaကို ​ကြောက်​လို့ ထွက်​​ပြေးသွား​လေ၏

Sunnyက​တော့ ​ရေကူးကန်​ထဲ ခုန်​ဆင်းပြီး Fanyကို ကယ်​​လေ၏

"Fany စိတ်​ထိန်း ငါတို့ ရှိတယ်​​လေ......"

Fany ​အော်​ဟစ်​​နေရင်း အသက်​ရှူ မ၀ဖြစ်​ကာ ​ချောင်း​တွေဆိုးလာသည်​။

Sunnyတို့ နည်းအမျိုးမျိုးနဲ့ ​ချော့​သော်​လည်းမရ....

"​ဆေးရုံပို့လိုက်​ရမလား........"

"​နေအုံး Sica.....Fanyကို သတိမ​မေ့​အောင်​ ခဏကြည့်​ထား......"

Sunny​ပြောပြီး  Taeyeon အတန်းဘက်​ကို ​ပြေးသွားတယ်

"Kim Taeyeon...."
Sunny ​အော်​ပြီး အတန်းထဲက Taeyeonကို ဆွဲ​ခေါ်လာတယ်​....Taeyeonမှာ အူ​ကြောင်​​ကြောင်​ဖြင့်​ Sunny§​ခေါ်ရာ ပါလာ​လေ၏

"Fany...."

ရေကူးကန်​ဘက်​​ရောက်​​တော့ သတိလစ်​​နေတဲ့ Fanyကို ​တွေ့ပြီး အရမ်းလန့်​သွားတယ်​......

"Fany yah....ဘယ်​လိုဖြစ်​တာလည်း သတိထားပါအုံး ...."

'Taeyeon သတိထားခိုင်းဖို့ မ​ပြောနဲ့....တစ်​ခုခု အရင်​လုပ်​ပါအုံး...."

'Fany....'

Fanyရဲ့ ရင်​ဘတ်​ကို လက်​နဲ့ ​ရေ​တွေထွက်​လာ​အောင်​ သက်​ကယ်​နည်းဖြင့်​ ဖိလိုက်​သည်​။

"Taeyeon လုပ်​လိုက်​​တော့....."

'ငါလည်း လုပ်​​နေတာဘဲ....'

Taeyeonရဲ့ စကား​ကြောင့်​  Sunny ​ခေါင်းကိုကုတ်​ပြီး
"No ငါ​ပြောတာက နင်​အမြဲ လုပ်​​နေကြဟာ...."

Sunnyရဲ့ စကား​ကို  Taeyeon နားမလည်​​ပေ....

"ဘာလည်းဟ........"

"Ash နင့်​ကို နမ်းခိုင်းတာ ငပိန်းရဲ့.....နှုတ်​ခမ်းကိုနမ်းပြီး ရုပ်​ရှင်​​တွေထဲကလို ကယ်​ခိုင်းတာ.....ပိန်း​နေတာနဲ့ Tiffanyက ​သေ​တာ ဆယ်​ဘ၀​လောက်​ရှိ​နေ​တော့မယ်​......"

Sica စိတ်​မရှည်​လို့ ၀င်​​ပြောမှ Taeyeon စပ်​ဖြီးဖြီးနဲ့ Fanyရဲ့ နှုတ်​ခမ်းကို ငုံ့နမ်းလိုက်​သည်​။

Fany သတိရလာပြီး သူ့​ရှေ့မှာ ရှိတဲ့ Taeyeonကို အားရပါးရ တင်းတင်းကြပ်​ကြပ်​ဖက်​ထား​လေ၏

"ငါရှိ​တယ်​​နော်​ မ​ကြောက်​နဲ့​​တော့....Aigoo...လူဆိုးမ​လေး ​ကြောက်​တဲ့အရာလည်းရှိ​သေးတာဘဲ...."

Fanyကို ပြန်​ဖက်​​ပြီး ​ခေါင်း​လေးကို ဖွဖွပုတ်​ကာ Taeyeon ​ပြောလိုက်​သည်​။

Fanyကို ​ပွေ့ချီလိုက်​ပြီး
"အ၀တ်​အစား​တွေကလည်း ​ရေ​တွေစိုရွှဲ​နေတာဘဲ ဖျားလိမ့်​မယ်​ လာ အ၀တ်လဲ​ပေးမ​ယ်​....."

Fanyကို အ၀တ်​လဲခန်းထဲ ​ခေါ်သွား​လေ၏

"Yah ဘာလုပ်​တာလည်း ...."

"Aigoo သတိရလာတာနဲ့ ချက်​ချင်း ရန်​​ထောင်​​တော့တာဘဲ.....မင်းကို အ၀တ်​လဲ​ပေးမလို့​လေ....."

"မလိုပါဘူး ကိုယ့်​ဘာသာကိုယ်​ လဲတတ်​တယ်​.....ချ​ပေး...နှာဘူး​ကောင်​ရဲ့.."

"Come on ....babyကလည်း ငါက မင်းရဲ့ချစ်​သူ​လေ ....."

"Yah....နှာဘူး​ကောင်​ ချ​ပေးပါဆို....."

"မင်းမှာ ၀တ်​စရာအပိုပါလို့လား....."

Fany ရုန်းကန်​​နေ​သော်​လည်း ​နောက်​ဆုံး​တော့........

Taeyeon အ၀တ်​လဲခန်းအပြင်​က​နေ သူ့ချစ်​သူကို ရပ်​​စောင့်​​နေတယ်​.....

ခဏကြာ​တော့ Fany တစ်​​ယောက်​ longcoat ကြီးနဲ့ ထွက်​လာ​လေ၏

"​ဆောင်းတွင်းလည်း မဟုတ်​ဘဲ ကုတ်​အင်္ကျီနဲ့ ရူး​နေတာလားမသိဘူး😐😐"

'မ၀တ်​ချင်​လည်း ချွတ်​....😒😒ငါ့မှာ ဒီတစ်​ထည်​ဘဲ ပါတာ ....."

"အရပ်​ကသာ ပုတာ ၀တ်​တာ​တွေက😷"

"ဘာ ဘာ​ပြောလိုက်​တယ်​.. ..."

"Nothing 😌😌"

"Fany ......ငါ မင်းကို အိမ်​ပြန်​ပို့​ပေးမယ်​......"

"Humm....ငါက ဆင်းရဲတယ်​​နော်​....ငါ​နေတဲ့ ရပ်​ကွက်​က နင်​တို့လိုမဟုတ်​ဘူး....."

"မင်းတို့ ရပ်​ကွက်​ကို ငါက ဘာလို့ ဂရုစိုက်​ရမှာလည်း မင်းအားနည်း​နေလို့ တစ်​ခုခုဖြစ်​မှာ စိုးရိမ်​လို့လိုက်​ပို့တာ လာ သွားကြစို့....."

Fanyရဲ့ လက်​ကို ဆွဲပြီး သူ့ရဲ့ပြိုင်​ကား​ပေါ် Taeyeon ​ခေါ်သွားတယ်​....

Fanyတို့ ရပ်​ကွက်​ထဲ​ရောက်​​တော့ သီချင်းသံ​တွေ ရန်​ဖြစ်​သံ​တွေနဲ့ ဆူညံ​နေတယ်​....ဒါ​ပေမယ့်​ ​နောက်​ဆုံး​ပေါ် ပြိုင်​ကားလည်း ရပ်​ကွက်​ထဲကို ​ရောက်​လာ​ရော ပြိုင်​ကား အသံသာကြားရပြီး ကျန်​တဲ့အသံ​တွေ လုံးဝမကြားရ​တော့​ပေ.......

"Omo Fany သမီးရဲ့ ချစ်​သူလား......"
Fanyတို့ အိမ်​နဲ့ မျက်​နှာချင်းဆိုင်​က အဘွားကြီးက လှမ်း​မေးသည်​။

"Fany Noonaကို ကြည့်​လိုက်​....ကုတ်​အင်္ကျီအရှည်​ကြီးနဲ့ လူမိုက်​ကျ​နေတာဘဲ....သူ့​ဘေးနားက အကိုက​တော့ ​ရွှေမင်းသား​လေးလိုလို....."

သူ့အိမ်​​ဘေးနားက ​ကောင်​​လေးကို Fany လက်​၀ါး​ထောင်​ပြ​တော့ ​ကောင်​လးမှာ ပါးစပ်​ပိတ်​ပြီး အိမ်​ထဲဝင်​သွားတယ်​.....

Taeyeonမှာ Fanyကို ကြည့်​ပြီး သ​ဘောကျစွာရယ်​​နေ၏....

Fany အိမ်​ထဲ မ၀င်​ခင်​ Taeyeonမှာ Fany မိသားစုနဲ့ ​တွေ့ရမှာမို့  စိတ်​လှုပ်​ရှား​နေ၏.....

"Fany yah ခဏ...."

Taeyeon ကားထဲက ​ရေဘူးကို ယူပြီး ​ရေတ၀ကြီး​သောက်​လိုက်​သည်​။

ပြီးမှ Fanyကို ရယ်​ပြပြီး အိမ်​ထဲကို အတူဝင်​လိုက်​ကြသည်​။

Bạn đang đọc truyện trên: Truyen3h.Co