Truyen3h.Co

နှောင်ကြိုး

Extra-3

Fi_Lay


<Unicode>

တစ်ညလုံးစိမ့်ကာရွာခဲ့သည့် မိုးအရှိန်ကြောင့် အခန်းတွင်းအအေးဓာတ်ပိုကာ ချမ်းစိမ့်စိမ့် ဖြစ်နေ၏။ အသိစိတ်က နိုးလာသော်လည်း မျက်လုံးမဖွင့်နိုင်သေးတာမို့ ခါးပေါ်ရှိ စောင်ပါးလေးအား ဆွဲယူကာ နှစ်ယောက်စာ ဆွဲခြုံလိုက်သည်။ သို့သော် ဘေးနားမှာ ခန့်ခန့်က ရှိမနေတော့။

အားယူကာ မျက်လုံးအစုံတို့ဖွင့်ရင်း အခန်းကို တစ်ချက်စောင်းငဲ့ကြည့်ရ၏။ မိုးတိမ်တို့ အုံ့မှိုင်းနေတာမို့ အချိန်ရှစ်နာရီကျော်သော်လည်း အခန်းဆီသို့ နေရောင်က ဝင်မလာသေးချေ။ ဒါကြောင့်လည်း ဇေယျာ ပုံမှန်နိုးချိန် မနိုးမိတာပင်၊ ညကအရှိန်လည်း ပါလိမ့်မည်ထင်သည်။

သူ အိပ်ယာပေါ်မှဆင်းကာ ပုံနေသည့်စောင်ပါးကို ညီနေအောင် ခေါက်သိမ်းလိုက်၏။ ပြီးမှသာ ကလေးကိုရှာရန် အောက်ထပ် ဆင်းလာခဲ့ရသည်။ ပုံမှန်ဆို နှိုးရင်တောင် အမြဲဂျစ်တိုက်ပြီး မထတတ်သည့်ကလေးက ဒီလိုကြည်ကြည်နူးနူး ထရမည့်မနက်ခင်းမှ ပျောက်ချင်းမလှ ပျောက်နေသည်။ အောက်ထပ်တွင် အနှံ့ရှာသော်လည်း မတွေ့တာမို့ ကားကိုလှမ်းကြည့်မှ ကားပါမရှိတော့။ ဇေယျာ့ကားကို အရှေ့မျက်နှာသာတွင် ထိုးထားခဲ့သည်။

တူတူစနေကတည်းက သည်လိုမပြောမဆို ထွက်မသွားဖူးတာမို့ ဇေယျာ စိုးရိမ်တကြီးနှင့် ဖုန်းဆက်ရန် အပေါ်ပြန်တက်လာခဲ့ရသည်။ စိတ်ထဲတွင်လည်း  မနေ့ညက ကိစ္စများ စိတ်ဆိုးသွားသလား၊ နာနေမလား၊ အဆင်ရောပြေရဲ့လားဟူ၍ တွေးပူမိသည်။ သိပ်တော့မဖြစ်နိုင်ပါ၊ နှစ်ယောက်လုံး ကြည်နူးခဲ့ကြတာပဲမလား။

"ဟဲလို ကလေး"

"ဟုတ်"

ခပ်တိုးတိုးသာ ဖြေလာသည့်အသံ။

"ဘယ်ရောက်နေတာလဲ မနက်စောစောစီးစီး။ ကိုယ့်မှာနိုးတော့မတွေ့လို့ စိတ်ပူလိုက်ရတာ"

ဇေယျာ့အသံမှာ စိုးရိမ်စိတ်နှောသည့် ဒေါသသံဖြစ်သည်။ ဟုတ်သည်လေ ... သည်လိုမနက်ခင်းမှာ မပြောမဆိုနဲ့ တစ်ယောက်တည်း ထွက်သွားရသလား။ ဂရုစိုက်ပေးရမည်။ ကြင်နာပေးရမည်။ တကယ်ဆို ရုံးတောင်ခွင့်ယူခိုင်းမလို့ဟာ။

"ဟို ... မနေ့က ပြောဖို့မေ့နေလို့။ ခန့်ကိုတို့အိမ်က ဘုန်းကြီးကျောင်းမှာ အာရုဏ်ဆွမ်းကပ်လို့လေ။ အဲဒါခေါ်ထားတော့ အစောကြီးထွက်လာခဲ့လိုက်တာ။ လူကြီးလည်း အိပ်နေတော့ မနှိုးလိုက်တော့ဘူးလေ၊ အင်း အဲဒါကြောင့်"

တစ်ဖက်ကခန့်ခန့်သည်လည်း စကားကိုချောအောင် သေချာပြောရင်းက အဆီအငေါ်မတည့် ဖြစ်နေသလိုပင်။ လူကြီးကို လိမ်ရသည်မှာ အတော်မလွယ်သည့်ကိစ္စ။ ဖုန်းနှင့်မို့သာ တော်တော့သည်၊ မျက်နှာမြင်လျှင်တော့ အလိမ်ပေါ်မှာ သေချာပေါက်။

"နာမနေဘူးလား။ သက်သာရဲ့လား ကိုယ့်ကလေး။ ဘယ်ချိန်ကထသွားတာလဲကွာ ... ကိုယ့်ကိုနှိုးရောပေါ့"

"ရပါတယ်၊ မိုးလင်းမှသွားတာ။ နောက်မှပြောမယ်နော် လူကြီး၊ ဘုန်းဘုန်းကြွလာပြီ"

ဖုန်းကိုအမြန်ချလိုက်ပြီးမှသာ ခန့်ခန့် အသက်ဝဝ ရှူရဲတော့သည်။ ညက သာယာမှုနှင့်နာကျင်မှုမှာ ရောယှက်ခဲ့ပြီး မနက်ခင်းတွင် အရှက်သည်းမှုကပါ ပိုတိုးလို့ဖုံးလွှမ်းလာသည်။ မဖြစ်သင့်မှန်းတော့သိသည်။ ဒါပေသိ သူ ထွက်လာခဲ့ချင်တာမို့။ အမည်မဖော်လိုသည့် ခန္ဓာကိုယ်အောက်ပိုင်း နာကျင်မှုတချို့ကလည်း တဆစ်ဆစ်နှင့်။ ကားနောက်မှီကို အသာမှီချလိုက်မိတော့သည်။

.....................

ဇေယျာတစ်ယောက်မှာဖြင့် တစ်နေကုန် သူ့ကလေးကို ဖမ်းလို့မမိချေ။ ဖုန်းဆက်တော့လည်း အစည်းအဝေးရှိနေလို့ဆိုပြီး ဘယ်လိုဆက်ဆက် မကိုင်တော့။ ကမ္ဘာ့အလုပ်ရှုပ်ဆုံး လူသားလေးသဖွယ် သူ့ကိုရှောင်ဖယ်နေ၏။

မပြောမဆိုနှင့် ရုံးလိုက်သွားလျှင်လည်း ကိုယ်တော်လေး စိတ်ဆိုးမှာက ကြောက်ရပြန်သည်။ သို့သော် နေရအဆင်ပြေရဲ့လား သိချင်စိတ်ကတော့ ပြင်းပြင်းပြပြရှိလှ၏။ ဒါမို့ ဇေယျာ Gym မသွားဘဲ အိမ်ကိုသာ တန်းပြန်လာခဲ့သည်။

အိမ်ပြန်ရင်း ယောက္ခမတွေအိမ်ကို ပတ်ကြည့်တော့ ခန့်ခန့်ကားက ရှိမနေ။ ဒါဆိုရင်တော့ အိမ်မှာရှိနေလိမ့်မည်ပင်။ ခြံရှေ့အရောက် ဇေယျာ ဟွန်းတီးမည်ကြံခိုက် ခြံသော့မှာအပြင်ကခတ်ထားဆဲ၊ ဒါဆို ပြန်မရောက်သေးသည့်သဘောပေါ့။ သည်ကလေး ဘယ်တွေရောက်နေပါသလဲ။ ဖုန်းထပ်ဆက်တော့လည်း မကိုင်။ ညနေခြောက်နာရီတောင် ကျော်နေပြီမို့ ဇေယျာ စိတ်ပူသလို စိတ်လည်းဆိုးမိလာသည်။

ဇေယျာ အိမ်ထဲအရင်ဝင်ကာ ရေချိုးပြီး ညနေစာကြိုပြင်နေလိုက်သည်။ ကြီးကြီး လာချက်ပေးထားတာမို့ သိပ်တော့ချက်စရာမလို၊ သို့သော် ကလေးကြိုက်သည့် တုန်ယမ်းဟင်းရည်လေးတစ်ခွက်တော့ ချက်ဖို့ စိတ်ကူးလိုက်၏။ ကလေးကို ချက်ကျွေးဖို့အတွက် ဟိုတယ် chef ဆီက ဟင်းချက်နည်းတွေ သွားလေ့လာနေကျမို့ သည်လောက်တော့ ချက်နိုင်နေပြီဖြစ်သည်။

ခါကျက်ဥကို အဝိုင်းမဟုတ်ဘဲ လှလှလေးဖြစ်အောင် လှီးဖြတ်ရသည်။ မှိုပွင့်လေးတွေပါ ဆေးကြောနေခိုက် စားပွဲပေါ်မှ ဖုန်းသံမြည်လာ၏။ ကလေးမေမေဆီကပင်။

"ဟုတ်ကဲ့"

"အေး ဇေယျာရေ ... ဒီမှာ မင်းအချစ်တော် ညနေထဲက အိမ်မှာလာအိပ်နေလို့၊ ခေါ်လှည့်ဦး"

အရင်က မကြည်ဖြူဖူးသော ခန့်ခန့်အမေက ဇေယျာအပေါ် ရင်းရင်းနှီးနှီး ဆက်ဆံလာခဲ့သည်။ အခုတောင် အန်တီသာ ဖုန်းမဆက်ရင် ခန့်ခန့် ဘယ်ရှိနေမည်ကို သိရမှာမဟုတ်။

"ဟုတ်လား။ ကျွန်တော် ညနေက ပတ်ကြည့်ခဲ့သေးတယ်။ ကားမမြင်တော့ မရှိဘူးထင်လို့ အိမ်တန်းပြန်ခဲ့လိုက်တာ"

"ဟုတ်တယ်၊ သူ့ကားက မနက်ကမုန့်သွားစားပြီးအပြန် နှိုးမရတော့လို့ ပြင်ထားရတယ်တဲ့လေ၊ ခုသူ့ဖေနဲ့ ပြန်လိုက်လာတာ။ အဲဒါ တစ်ကိုယ်လုံး ညောင်းကိုက်ပြီး မလှုပ်ချင်ဘူးဆိုပဲ။ အိမ်မပြန်ဘဲ ဒီမှာထိုးအိပ်နေလေရဲ့"

ဇေယျာ နည်းနည်းခေါင်းရှုပ်သွားသည်။ ဘုန်းကြီးကျောင်းသွားတဲ့သူက မနက်စာကို သပ်သပ်တော့ ထပ်မစားနိုင်လောက်ပေ။

"မနက်စာသွားစားရင်း ဖြစ်တာတဲ့လား။ ကျွန်တော့်ကိုမပြောပြဘူး"

"စိတ်ကောက်နေပြန်လားမှ မသိတာ"

"ဟုတ်ဟုတ်၊ ကျွန်တော် ခုလာခေါ်လိုက်မယ်"

"အေးအေး"

ဖုန်းချပြီးတာနှင့် ဇေယျာ ခန့်ကိုဆီ လှမ်းမေးရတော့သည့်အဖြစ်။ သူထင်သည့်အတိုင်းပါပဲ၊ ဘာဆွမ်းကျွေးမှရှိမနေပါ။

သေချာသည်၊ သည်ကောင်လေး သူ့ကို ဘုန်းကြီးကျောင်းဆိုပြီး မလှိမ့်တစ်ပတ်နှင့် ရှောင်ထွက်သွားခြင်း ဖြစ်လိမ့်မည်။ ညောင်းကိုက်နေတယ်ဆိုတော့ ဆေးရောသောက်ထားပါ့မလားမသိ။ မိုးမိထားတာရောပါပေါင်းလျှင် ဖျားနိုင်သည်မို့ တစ်ခါစိတ်ပူရပြန်တော့၏။

အိမ်လည်းနီးနေတာမို့ ဇေယျာ လမ်းလျှောက်၍သာ သွားခေါ်လိုက်သည်။ ထိုအိမ်ရောက်သွားတော့ အရင်က အခန်းလေးထဲတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ကလေးကို တွေ့ရ၏။ ပါးပြင်လေးအား ညင်သာစွာ နမ်းရှိုက်ကြည့်တော့ အထိအတွေ့မှာ ခပ်နွေးနွေးသာ။

အိမ်သားအားလုံး နှုတ်ဆက်ပြီး အပြန်လမ်းတွင် အန်တီပေးလိုက်သော ထောပတ်သီးတွေက တစ်ဖက်၊ ရင်ခွင်ကို မထိတထိမှီကာ လျှောက်လှမ်းနေသော ကလေးကတစ်ဖက်နှင့်။ တစ်လမ်းလုံး အိပ်ချင်မူးတူးမို့ ဘာစကားမှ မပြောသေးဘဲ ငူငူငိုင်ငိုင်ပါလာသော ခန့်ခန့်ကို အိမ်ရောက်တော့ ရေအရင်တိုက်ရ၏။ ပြီးမှသာ သူမေးချင်တာများ မေးရမည်။

"ဗိုက်ဆာလား၊ ဆက်အိပ်ချင်သေးလား။ အာ ... နေဦး၊ ဟိုဟာ အဆင်ပြေရဲ့လား။ ညောင်းကိုက်နေတယ်ဆိုတော့ ဆေးအရင်သောက်ရမယ်"

ဇေယျာ အရှေ့ခန်းရှိ ဆေးသေတ္တာထဲမှ သင့်တော်သည့်ဆေးကို ရွေးယူပြီး ရေတစ်ခွက်နှင့် ခန့်ခန့် ရှေ့သို ပြန်ရောက်လာသည်။ ခန့်ခန့်ကတော့ ဘာမှမပြောတော့ဘဲ ဆေးကိုမော့ကာ သောက်လိုက်၏၊ ဆေးဝင်သွားချိန် ခါး၍ ဖြစ်သွားသောမျက်နှာလေးမှာ မချိုမချဉ်နှင့် ချစ်ဖို့ကောင်းတာမို့ ဇေယျာ အနားသွားကာ ဖက်ထားလိုက်မိသည်။

ခန့်ခန့်က စားပွဲဘေးတွင် ထိုင်နေတာမို့ ဇေယျာ မတ်တပ်ရပ်အနေအထားနှင့် ဖက်လိုက်ချိန်တွင် ဦးခေါင်းက ဝမ်းဗိုက်ရှိကြွက်သားအဆိုင်အခဲတို့နှင့် တိုးတိုက်မိသည်။ သည်တော့မှ မနေ့ညကမြင်ခဲ့ရသည့် ကြွက်သားအဖုအထစ်တို့ကို ခန့်ခန့် တစ်ဖန်ပြန်မြင်ယောင်ကာ မရဲတရဲဖြစ်ရသေး၏။ သည်တစ်နေကုန်လည်း ရှက်ကိုးရှက်ကန်းနှင့် ရှောင်နေသည်ကို ရိပ်မိမလားလည်း မသိချေ။

"တစ်နေကုန် ကိုယ့်ကို ရှောင်နေတာမလား"

အတန်ကြာတိတ်ဆိတ်ပြီးမှ ထွက်လာသောမေးခွန်း။ ပြန်ဖြေရန်အတွက် စကားလုံးတို့က ခန့်ခန့် ရှာမတွေ့သေး။ သူ့ဖက်က အဆင်သင့်ဖြစ်ကြောင်းကို ခေါင်းညိတ်ပြခဲ့သော်လည်း မကြုံဖူးသည့် အထိအတွေ့တိုင်းကိုတော့ စိမ်းသက်မိနေ၏။

"ကိုယ့်ကိုရှက်နေတာလား"

"မဟုတ်ပါဘူး"

သည်စကားကိုတော့ ခန့်ခန့် အမြန်ပြန်ဖြေလိုက်သည်။ ဘယ်လိုပဲတစ််မျိုးကြီးဖြစ်ဖြစ် ဒါဟာမိန်းမဆန်တဲ့ အပြုအမူပဲမလား။

"ကိုယ့်ကိုကြည့်!"

မတ်တပ်ရပ်နေသော ဇေယျာက ဒူးတစ်ဖက်ထောက်ကာ ခန့်ခန့်ကို မော့ကြည့်ရင်းပြောလာသည်။

"မနက်က ဘုန်းကြီးဆွမ်းကပ်မရှိတာ ကိုယ်သိတယ်။ ခန့်ကိုကို ခုနက မေးပြီးသွားပြီ။ အဲတော့ဘာမှမငြင်းနဲ့၊ အမှန်အတိုင်းပဲပြော။ ကိုယ့်ကိုဘာလို့ရှောင်နေတာလဲ"

လိမ်ထားတာလည်းသိပြီး တည့်တည့်ကြီးမေးလာတာမို့ ခန့်ခန့် မငြင်းသာတော့။

"မနက်က ပြန်တွေးကြည့်တော့ စိတ်ထဲတစ်မျိုးကြီးမို့"

ဇေယျာ့ကိုမကြည့်ဘဲ ကြမ်းပြင်ကိုကြည့်ကာ ဖြေလိုက်သောအသံ။

"ကိုယ့်ကလေးရယ် ... ထင်တော့ထင်သားပဲ။ ဘာလို့တစ်မျိုးကြီး ဖြစ်ရမှာလဲ၊ ကိုယ်တို့က နှစ်ကိုယ့်တစ်စိတ် ဖြစ်နေကြပြီလေကွာ။ ဒါမျိုးတွေက ပုံမှန်ရှိလာတော့မှာ"

"တစ်ခါမှမကြုံဖူးတော့ တစ်မျိုးကြီးဖြစ်လို့ပါဆို"

သည်တစ်ခါတော့ မျက်ခွံကိုလှန်ကာ ဇေယျာမျက်ဝန်းဆီသို့ကြည့်ပြီး ပြောလိုက်ခြင်းဖြစ်သည်။

"အမလေးဗျာ၊ ကြံကြီးစီရ။ ကျွန်တော်မျိုးလည်း မကြုံဖူးပါဘူး"

အကြောက်အကန်ငြင်းနေသည့် ဇေယျာပုံကို ကြည့်ကာ ခန့်ခန့် ဟက်ဟက်ပက်ပက် ရယ်မိတော့သည်။ မကြုံဖူးတာချင်းဆိုတောင် ခန့်ခန့်က ခံရသူမလား။ ရယ်လိုက်မှ ပိုထွက်လာသော ပါးမို့မို့လေးအား ဇေယျာ လက်နှင့်ဖျစ်ညှစ်လိုက်ရင်း၊

"အခုမှပဲရယ်တော့တယ်။ ကလေးက ငယ်သေးလို့ခုလိုဖြစ်နေပေမဲ့ ဒီအကြောင်းတွေ တဖြည်းဖြည်း အသားကျလာလိမ့်မယ်။ ခုတော့ ညစာစားဖို့ ပြင်ရအောင်။ ကလေးအကြိုက် တုန်ယမ်းဟင်းရည်ချက်မလို့။ အစပ်တော့မရဘူး"

"အင်း စားချင်တယ်"

ခန့်ခန့်မှာ မီးဖိုခန်းဆီသို့ တက်တက်ကြွကြွနှင့် နောက်ကလိုက်လာသည်။ ဇေယျာကတော့ဖြင့် ရှေ့မှပြန်လှည့်ကြည့်ကာ တစ်ခါပြန်စလိုက်သည်။

"နာနေသေးလား"

"အဲ့လူကြီး!"

"ဟားဟား ... စတာ၊ စတာနော်။ ကိုယ်ကလေး ဘယ်လောက်နေရခက်နေမလဲသိတယ်၊ ဖြေးဖြေးလျှောက်။ ပြီးရင် ဆေးပါတိုက်မယ်"

သည်လိုဆိုတော့လည်း ရယ်ရယ်မောမောနှင့် နှစ်ယောက်သား ခါးချင်းဖက်လို့။

ဟင်းချက်တာဝန်ကို ဘယ်သူရယ်လို့ သတ်မှတ်မထားကြသော်လည်း မနက်စာကို စောစောထတတ်သည့် ဇေယျာကပြင်ပြီး ညနေစာအတွက်တော့ စောစောအိမ်ပြန်ရောက်တတ်သည့် ခန့်ခန့်က ပြင်ဖြစ်သည်။ တစ်ခါတရံလည်း အခုလိုဆုံမှ ချက်ကြတာမျိုးလည်း ရှိ၏။

ပွက်ပွက်ဆူလာသည့် ဟင်းရည်အိုးထဲသို့ ခန့်ခန့်က သူ့အကြိုက် ကောက်ရိုးမှိုများကိုထည့်ကာ အနှံ့မွှေနေတာပင်။ ပြီးနောက် ခါကြက်ဥလည်း ထပ်ဆင့်ထည့်သည်။

"လူကြီး ငရုတ်ပွ လှီးပြီးပြီလား။ နှပ်ထားတဲ့ ပုဇွန်ရောယူခဲ့တော့"

ချက်ကျွေးမည်ဆိုသည့်ဇေယျာက ရေခဲသေတ္တာဖွင့်ကာ ဟိုရှာသည်ရှာနှင့် ခန့်ခန့် ခိုင်းသမျှလုပ်နေရသည်။

"ရပါပြီဗျာ၊ ကိုယ်တော်လေးကလည်း ဒီကချက်ကျွေးပါ့မယ်ဆို ဇွတ်ဝင်လုပ်နေတော့တာပဲ။ နာနေပါမယ်ဆို"

"လူနာကြီးလို မဆက်ဆံပါနဲ။ ပေး ... ထည့်တော့မယ်။ ခုလိုတူတူချက်တော့ ပိုမကောင်းဘူးလား"

ပြောရင်း နှပ်ထားသည့်ပုဇွန်များကို အိုးထဲကို အသာထည့်လေ၏။

"ကောင်းပါတယ်၊ ဒါပေမဲ့ ကလေးက ခုနေလို့မှမကောင်းတာ"

ဇေယျာက ဟင်းချက်နေသည့် ခန့်ခန့်ကို အနောက်မှသိုင်းဖက်ရင်း ခပ်ချွဲချွဲပြောလိုက်သည်။

"အဲဒီနေလို့မကောင်းတဲ့သူကို ကပ်ချွဲနေတာ ဘယ်သူလဲ။ ရေချိုးပြီးသားမလား၊ အနံ့တွေစွဲကုန်မယ် ... သွားထိုင်နေတော့"

"ရတယ်လေ၊ ကလေးနဲ့တူတူ ရေပြန်ချိုးလိုက်မယ်"

ဆံစလေးများအား ပါးနှင့်ပွတ်သပ်ရင်း ပြောပြန်ပါ၏။ သည်လိုကပ်ချွဲရသည်ကို ဇေယျာ အတော်သဘောကျတာမို့။

"ဟင်းဟင်း ... လက်ထဲက ကိုင်ထားတာဇွန်းနော် အဲ့လူကြီး။ မထိုင်ချင်ရင် ထမင်းခူးနှင့် ... သွားဆို"

"အမိန့်တော်မြတ်အတိုင်းပါခင်ဗျာ"

ဇေယျာပြောပြီး ခေါင်းကိုရှေ့အတင်းတိုးဝင်ကာ နှုတ်ခမ်းဖူးဖူးအား မထိတထိ နမ်းယူလိုက်သည်။ ပြီးမှသာ ဇွန်းစာမမိခင် ထမင်းစားပွဲဆီ ပြေးရတော့၏။ အချစ်အငွေ့အသက်တွေအပြည့်နှင့် မီးဖိုခန်းလေးက အခုတော့လည်း သာယာနွေးထွေးလို့ပါပဲ။

5/12/2020
•••••••••••••••••••••••••••••••••••••••••

<Zawgyi>

တစ္ညလုံးစိမ့္ကာရြာခဲ့သည့္ မိုးအရွိန္ေၾကာင့္ အခန္းတြင္းအေအးဓာတ္ပိုကာ ခ်မ္းစိမ့္စိမ့္ ျဖစ္ေန၏။ အသိစိတ္က နိုးလာေသာ္လည္း မ်က္လုံးမဖြင့္နိုင္ေသးတာမို႔ ခါးေပၚရွိ ေစာင္ပါးေလးအား ဆြဲယူကာ ႏွစ္ေယာက္စာ ဆြဲျခဳံလိုက္သည္။ သို႔ေသာ္ ေဘးနားမွာ ခန့္ခန့္က ရွိမေနေတာ့။

အားယူကာ မ်က္လုံးအစုံတို႔ဖြင့္ရင္း အခန္းကို တစ္ခ်က္ေစာင္းငဲ့ၾကည့္ရ၏။ မိုးတိမ္တို႔ အုံ႔မွိုင္းေနတာမို႔ အခ်ိန္ရွစ္နာရီေက်ာ္ေသာ္လည္း အခန္းဆီသို႔ ေနေရာင္က ဝင္မလာေသးေခ်။ ဒါေၾကာင့္လည္း ေဇယ်ာ ပုံမွန္နိုးခ်ိန္ မနိုးမိတာပင္၊ ညကအရွိန္လည္း ပါလိမ့္မည္ထင္သည္။

သူ အိပ္ယာေပၚမွဆင္းကာ ပုံေနသည့္ေစာင္ပါးကို ညီေနေအာင္ ေခါက္သိမ္းလိုက္၏။ ၿပီးမွသာ ကေလးကိုရွာရန္ ေအာက္ထပ္ ဆင္းလာခဲ့ရသည္။ ပုံမွန္ဆို ႏွိုးရင္ေတာင္ အျမဲဂ်စ္တိုက္ၿပီး မထတတ္သည့္ကေလးက ဒီလိုၾကည္ၾကည္ႏူးႏူး ထရမည့္မနက္ခင္းမွ ေပ်ာက္ခ်င္းမလွ ေပ်ာက္ေနသည္။ ေအာက္ထပ္တြင္ အႏွံ့ရွာေသာ္လည္း မေတြ႕တာမို႔ ကားကိုလွမ္းၾကည့္မွ ကားပါမရွိေတာ့။ ေဇယ်ာ့ကားကို အေရွ႕မ်က္ႏွာသာတြင္ ထိုးထားခဲ့သည္။

တူတူစေနကတည္းက သည္လိုမေျပာမဆို ထြက္မသြားဖူးတာမို႔ ေဇယ်ာ စိုးရိမ္တႀကီးႏွင့္ ဖုန္းဆက္ရန္ အေပၚျပန္တက္လာခဲ့ရသည္။ စိတ္ထဲတြင္လည္း  မေန႔ညက ကိစၥမ်ား စိတ္ဆိုးသြားသလား၊ နာေနမလား၊ အဆင္ေရာေျပရဲ့လားဟူ၍ ေတြးပူမိသည္။ သိပ္ေတာ့မျဖစ္နိုင္ပါ၊ ႏွစ္ေယာက္လုံး ၾကည္ႏူးခဲ့ၾကတာပဲမလား။

"ဟဲလို ကေလး"

"ဟုတ္"

ခပ္တိုးတိုးသာ ေျဖလာသည့္အသံ။

"ဘယ္ေရာက္ေနတာလဲ မနက္ေစာေစာစီးစီး။ ကိုယ့္မွာနိုးေတာ့မေတြ႕လို႔ စိတ္ပူလိုက္ရတာ"

ေဇယ်ာ့အသံမွာ စိုးရိမ္စိတ္ေႏွာသည့္ ေဒါသသံျဖစ္သည္။ ဟုတ္သည္ေလ ... သည္လိုမနက္ခင္းမွာ မေျပာမဆိုနဲ႔ တစ္ေယာက္တည္း ထြက္သြားရသလား။ ဂ႐ုစိုက္ေပးရမည္။ ၾကင္နာေပးရမည္။ တကယ္ဆို ႐ုံးေတာင္ခြင့္ယူခိုင္းမလို႔ဟာ။

"ဟို ... မေန႔က ေျပာဖို႔ေမ့ေနလို႔။ ခန့္ကိုတို႔အိမ္က ဘုန္းႀကီးေက်ာင္းမွာ အာ႐ုဏ္ဆြမ္းကပ္လို႔ေလ။ အဲဒါေခၚထားေတာ့ အေစာႀကီးထြက္လာခဲ့လိုက္တာ။ လူႀကီးလည္း အိပ္ေနေတာ့ မႏွိုးလိုက္ေတာ့ဘူးေလ၊ အင္း အဲဒါေၾကာင့္"

တစ္ဖက္ကခန့္ခန့္သည္လည္း စကားကိုေခ်ာေအာင္ ေသခ်ာေျပာရင္းက အဆီအေငၚမတည့္ ျဖစ္ေနသလိုပင္။ လူႀကီးကို လိမ္ရသည္မွာ အေတာ္မလြယ္သည့္ကိစၥ။ ဖုန္းႏွင့္မို႔သာ ေတာ္ေတာ့သည္၊ မ်က္ႏွာျမင္လၽွင္ေတာ့ အလိမ္ေပၚမွာ ေသခ်ာေပါက္။

"နာမေနဘူးလား။ သက္သာရဲ့လား ကိုယ့္ကေလး။ ဘယ္ခ်ိန္ကထသြားတာလဲကြာ ... ကိုယ့္ကိုႏွိုးေရာေပါ့"

"ရပါတယ္၊ မိုးလင္းမွသြားတာ။ ေနာက္မွေျပာမယ္ေနာ္ လူႀကီး၊ ဘုန္းဘုန္းႂကြလာၿပီ"

ဖုန္းကိုအျမန္ခ်လိုက္ၿပီးမွသာ ခန့္ခန့္ အသက္ဝဝ ရွူရဲေတာ့သည္။ ညက သာယာမွုႏွင့္နာက်င္မွုမွာ ေရာယွက္ခဲ့ၿပီး မနက္ခင္းတြင္ အရွက္သည္းမွုကပါ ပိုတိုးလို႔ဖုံးလႊမ္းလာသည္။ မျဖစ္သင့္မွန္းေတာ့သိသည္။ ဒါေပသိ သူ ထြက္လာခဲ့ခ်င္တာမို႔။ အမည္မေဖာ္လိုသည့္ ခႏၶာကိုယ္ေအာက္ပိုင္း နာက်င္မွုတခ်ိဳ႕ကလည္း တဆစ္ဆစ္ႏွင့္။ ကားေနာက္မွီကို အသာမွီခ်လိုက္မိေတာ့သည္။

.....................

ေဇယ်ာတစ္ေယာက္မွာျဖင့္ တစ္ေနကုန္ သူ႔ကေလးကို ဖမ္းလို႔မမိေခ်။ ဖုန္းဆက္ေတာ့လည္း အစည္းအေဝးရွိေနလို႔ဆိုၿပီး ဘယ္လိုဆက္ဆက္ မကိုင္ေတာ့။ ကမၻာ့အလုပ္ရွုပ္ဆုံး လူသားေလးသဖြယ္ သူ႔ကိုေရွာင္ဖယ္ေန၏။

မေျပာမဆိုႏွင့္ ႐ုံးလိုက္သြားလၽွင္လည္း ကိုယ္ေတာ္ေလး စိတ္ဆိုးမွာက ေၾကာက္ရျပန္သည္။ သို႔ေသာ္ ေနရအဆင္ေျပရဲ့လား သိခ်င္စိတ္ကေတာ့ ျပင္းျပင္းျပျပရွိလွ၏။ ဒါမို႔ ေဇယ်ာ Gym မသြားဘဲ အိမ္ကိုသာ တန္းျပန္လာခဲ့သည္။

အိမ္ျပန္ရင္း ေယာကၡမေတြအိမ္ကို ပတ္ၾကည့္ေတာ့ ခန့္ခန့္ကားက ရွိမေန။ ဒါဆိုရင္ေတာ့ အိမ္မွာရွိေနလိမ့္မည္ပင္။ ၿခံေရွ႕အေရာက္ ေဇယ်ာ ဟြန္းတီးမည္ႀကံခိုက္ ၿခံေသာ့မွာအျပင္ကခတ္ထားဆဲ၊ ဒါဆို ျပန္မေရာက္ေသးသည့္သေဘာေပါ့။ သည္ကေလး ဘယ္ေတြေရာက္ေနပါသလဲ။ ဖုန္းထပ္ဆက္ေတာ့လည္း မကိုင္။ ညေနေျခာက္နာရီေတာင္ ေက်ာ္ေနၿပီမို႔ ေဇယ်ာ စိတ္ပူသလို စိတ္လည္းဆိုးမိလာသည္။

ေဇယ်ာ အိမ္ထဲအရင္ဝင္ကာ ေရခ်ိဳးၿပီး ညေနစာႀကိဳျပင္ေနလိုက္သည္။ ႀကီးႀကီး လာခ်က္ေပးထားတာမို႔ သိပ္ေတာ့ခ်က္စရာမလို၊ သို႔ေသာ္ ကေလးႀကိဳက္သည့္ တုန္ယမ္းဟင္းရည္ေလးတစ္ခြက္ေတာ့ ခ်က္ဖို႔ စိတ္ကူးလိုက္၏။ ကေလးကို ခ်က္ေကၽြးဖို႔အတြက္ ဟိုတယ္ chef ဆီက ဟင္းခ်က္နည္းေတြ သြားေလ့လာေနက်မို႔ သည္ေလာက္ေတာ့ ခ်က္နိုင္ေနၿပီျဖစ္သည္။

ခါက်က္ဥကို အဝိုင္းမဟုတ္ဘဲ လွလွေလးျဖစ္ေအာင္ လွီးျဖတ္ရသည္။ မွိုပြင့္ေလးေတြပါ ေဆးေၾကာေနခိုက္ စားပြဲေပၚမွ ဖုန္းသံျမည္လာ၏။ ကေလးေမေမဆီကပင္။

"ဟုတ္ကဲ့"

"ေအး ေဇယ်ာေရ ... ဒီမွာ မင္းအခ်စ္ေတာ္ ညေနထဲက အိမ္မွာလာအိပ္ေနလို႔၊ ေခၚလွည့္ဦး"

အရင္က မၾကည္ျဖဴဖူးေသာ ခန့္ခန့္အေမက ေဇယ်ာအေပၚ ရင္းရင္းႏွီးႏွီး ဆက္ဆံလာခဲ့သည္။ အခုေတာင္ အန္တီသာ ဖုန္းမဆက္ရင္ ခန့္ခန့္ ဘယ္ရွိေနမည္ကို သိရမွာမဟုတ္။

"ဟုတ္လား။ ကၽြန္ေတာ္ ညေနက ပတ္ၾကည့္ခဲ့ေသးတယ္။ ကားမျမင္ေတာ့ မရွိဘူးထင္လို႔ အိမ္တန္းျပန္ခဲ့လိုက္တာ"

"ဟုတ္တယ္၊ သူ႔ကားက မနက္ကမုန႔္သြားစားၿပီးအျပန္ ႏွိုးမရေတာ့လို႔ ျပင္ထားရတယ္တဲ့ေလ၊ ခုသူ႔ေဖနဲ႔ ျပန္လိုက္လာတာ။ အဲဒါ တစ္ကိုယ္လုံး ေညာင္းကိုက္ၿပီး မလွုပ္ခ်င္ဘူးဆိုပဲ။ အိမ္မျပန္ဘဲ ဒီမွာထိုးအိပ္ေနေလရဲ့"

ေဇယ်ာ နည္းနည္းေခါင္းရွုပ္သြားသည္။ ဘုန္းႀကီးေက်ာင္းသြားတဲ့သူက မနက္စာကို သပ္သပ္ေတာ့ ထပ္မစားနိုင္ေလာက္ေပ။

"မနက္စာသြားစားရင္း ျဖစ္တာတဲ့လား။ ကၽြန္ေတာ့္ကိုမေျပာျပဘူး"

"စိတ္ေကာက္ေနျပန္လားမွ မသိတာ"

"ဟုတ္ဟုတ္၊ ကၽြန္ေတာ္ ခုလာေခၚလိုက္မယ္"

"ေအးေအး"

ဖုန္းခ်ၿပီးတာႏွင့္ ေဇယ်ာ ခန႔္ကိုဆီ လွမ္းေမးရေတာ့သည့္အျဖစ္။ သူထင္သည့္အတိုင္းပါပဲ၊ ဘာဆြမ္းေကၽြးမွရွိမေနပါ။

ေသခ်ာသည္၊ သည္ေကာင္ေလး သူ႔ကို ဘုန္းႀကီးေက်ာင္းဆိုၿပီး မလွိမ့္တစ္ပတ္ႏွင့္ ေရွာင္ထြက္သြားျခင္း ျဖစ္လိမ့္မည္။ ေညာင္းကိုက္ေနတယ္ဆိုေတာ့ ေဆးေရာေသာက္ထားပါ့မလားမသိ။ မိုးမိထားတာေရာပါေပါင္းလၽွင္ ဖ်ားနိုင္သည္မို႔ တစ္ခါစိတ္ပူရျပန္ေတာ့၏။

အိမ္လည္းနီးေနတာမို႔ ေဇယ်ာ လမ္းေလၽွာက္၍သာ သြားေခၚလိုက္သည္။ ထိုအိမ္ေရာက္သြားေတာ့ အရင္က အခန္းေလးထဲတြင္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနေသာ ကေလးကို ေတြ႕ရ၏။ ပါးျပင္ေလးအား ညင္သာစြာ နမ္းရွိုက္ၾကည့္ေတာ့ အထိအေတြ႕မွာ ခပ္ေႏြးေႏြးသာ။

အိမ္သားအားလုံး ႏွုတ္ဆက္ၿပီး အျပန္လမ္းတြင္ အန္တီေပးလိုက္ေသာ ေထာပတ္သီးေတြက တစ္ဖက္၊ ရင္ခြင္ကို မထိတထိမွီကာ ေလၽွာက္လွမ္းေနေသာ ကေလးကတစ္ဖက္ႏွင့္။ တစ္လမ္းလုံး အိပ္ခ်င္မူးတူးမို႔ ဘာစကားမွ မေျပာေသးဘဲ ငူငူငိုင္ငိုင္ပါလာေသာ ခန့္ခန့္ကို အိမ္ေရာက္ေတာ့ ေရအရင္တိုက္ရ၏။ ၿပီးမွသာ သူေမးခ်င္တာမ်ား ေမးရမည္။

"ဗိုက္ဆာလား၊ ဆက္အိပ္ခ်င္ေသးလား။ အာ ... ေနဦး၊ ဟိုဟာ အဆင္ေျပရဲ့လား။ ေညာင္းကိုက္ေနတယ္ဆိုေတာ့ ေဆးအရင္ေသာက္ရမယ္"

ေဇယ်ာ အေရွ႕ခန္းရွိ ေဆးေသတၱာထဲမွ သင့္ေတာ္သည့္ေဆးကို ေရြးယူၿပီး ေရတစ္ခြက္ႏွင့္ ခန့္ခန့္ ေရွ႕သို ျပန္ေရာက္လာသည္။ ခန့္ခန့္ကေတာ့ ဘာမွမေျပာေတာ့ဘဲ ေဆးကိုေမာ့ကာ ေသာက္လိုက္၏၊ ေဆးဝင္သြားခ်ိန္ ခါး၍ ျဖစ္သြားေသာမ်က္ႏွာေလးမွာ မခ်ိဳမခ်ဥ္ႏွင့္ ခ်စ္ဖို႔ေကာင္းတာမို႔ ေဇယ်ာ အနားသြားကာ ဖက္ထားလိုက္မိသည္။

ခန့္ခန့္က စားပြဲေဘးတြင္ ထိုင္ေနတာမို႔ ေဇယ်ာ မတ္တပ္ရပ္အေနအထားႏွင့္ ဖက္လိုက္ခ်ိန္တြင္ ဦးေခါင္းက ဝမ္းဗိုက္ရွိႂကြက္သားအဆိုင္အခဲတို႔ႏွင့္ တိုးတိုက္မိသည္။ သည္ေတာ့မွ မေန႔ညကျမင္ခဲ့ရသည့္ ႂကြက္သားအဖုအထစ္တို႔ကို ခန့္ခန့္ တစ္ဖန္ျပန္ျမင္ေယာင္ကာ မရဲတရဲျဖစ္ရေသး၏။ သည္တစ္ေနကုန္လည္း ရွက္ကိုးရွက္ကန္းႏွင့္ ေရွာင္ေနသည္ကို ရိပ္မိမလားလည္း မသိေခ်။

"တစ္ေနကုန္ ကိုယ့္ကို ေရွာင္ေနတာမလား"

အတန္ၾကာတိတ္ဆိတ္ၿပီးမွ ထြက္လာေသာေမးခြန္း။ ျပန္ေျဖရန္အတြက္ စကားလုံးတို႔က ခန့္ခန့္ ရွာမေတြ႕ေသး။ သူ႔ဖက္က အဆင္သင့္ျဖစ္ေၾကာင္းကို ေခါင္းညိတ္ျပခဲ့ေသာ္လည္း မၾကဳံဖူးသည့္ အထိအေတြ႕တိုင္းကိုေတာ့ စိမ္းသက္မိေန၏။

"ကိုယ့္ကိုရွက္ေနတာလား"

"မဟုတ္ပါဘူး"

သည္စကားကိုေတာ့ ခန့္ခန့္ အျမန္ျပန္ေျဖလိုက္သည္။ ဘယ္လိုပဲတစ္္မ်ိဳးႀကီးျဖစ္ျဖစ္ ဒါဟာမိန္းမဆန္တဲ့ အျပဳအမူပဲမလား။

"ကိုယ့္ကိုၾကည့္!"

မတ္တပ္ရပ္ေနေသာ ေဇယ်ာက ဒူးတစ္ဖက္ေထာက္ကာ ခန့္ခန့္ကို ေမာ့ၾကည့္ရင္းေျပာလာသည္။

"မနက္က ဘုန္းႀကီးဆြမ္းကပ္မရွိတာ ကိုယ္သိတယ္။ ခန့္ကိုကို ခုနက ေမးၿပီးသြားၿပီ။ အဲေတာ့ဘာမွမျငင္းနဲ႔၊ အမွန္အတိုင္းပဲေျပာ။ ကိုယ့္ကိုဘာလို႔ေရွာင္ေနတာလဲ"

လိမ္ထားတာလည္းသိၿပီး တည့္တည့္ႀကီးေမးလာတာမို႔ ခန့္ခန့္ မျငင္းသာေတာ့။

"မနက္က ျပန္ေတြးၾကည့္ေတာ့ စိတ္ထဲတစ္မ်ိဳးႀကီးမို႔"

ေဇယ်ာ့ကိုမၾကည့္ဘဲ ၾကမ္းျပင္ကိုၾကည့္ကာ ေျဖလိုက္ေသာအသံ။

"ကိုယ့္ကေလးရယ္ ... ထင္ေတာ့ထင္သားပဲ။ ဘာလို႔တစ္မ်ိဳးႀကီး ျဖစ္ရမွာလဲ၊ ကိုယ္တို႔က ႏွစ္ကိုယ့္တစ္စိတ္ ျဖစ္ေနၾကၿပီေလကြာ။ ဒါမ်ိဳးေတြက ပုံမွန္ရွိလာေတာ့မွာ"

"တစ္ခါမွမၾကဳံဖူးေတာ့ တစ္မ်ိဳးႀကီးျဖစ္လို႔ပါဆို"

သည္တစ္ခါေတာ့ မ်က္ခြံကိုလွန္ကာ ေဇယ်ာမ်က္ဝန္းဆီသို႔ၾကည့္ၿပီး ေျပာလိုက္ျခင္းျဖစ္သည္။

"အမေလးဗ်ာ၊ ႀကံႀကီးစီရ။ ကၽြန္ေတာ္မ်ိဳးလည္း မၾကဳံဖူးပါဘူး"

အေၾကာက္အကန္ျငင္းေနသည့္ ေဇယ်ာပုံကို ၾကည့္ကာ ခန့္ခန့္ ဟက္ဟက္ပက္ပက္ ရယ္မိေတာ့သည္။ မၾကဳံဖူးတာခ်င္းဆိုေတာင္ ခန့္ခန့္က ခံရသူမလား။ ရယ္လိုက္မွ ပိုထြက္လာေသာ ပါးမို႔မို႔ေလးအား ေဇယ်ာ လက္ႏွင့္ဖ်စ္ညႇစ္လိုက္ရင္း၊

"အခုမွပဲရယ္ေတာ့တယ္။ ကေလးက ငယ္ေသးလို႔ခုလိုျဖစ္ေနေပမဲ့ ဒီအေၾကာင္းေတြ တျဖည္းျဖည္း အသားက်လာလိမ့္မယ္။ ခုေတာ့ ညစာစားဖို႔ ျပင္ရေအာင္။ ကေလးအႀကိဳက္ တုန္ယမ္းဟင္းရည္ခ်က္မလို႔။ အစပ္ေတာ့မရဘူး"

"အင္း စားခ်င္တယ္"

ခန့္ခန့္မွာ မီးဖိုခန္းဆီသို႔ တက္တက္ႂကြႂကြႏွင့္ ေနာက္ကလိုက္လာသည္။ ေဇယ်ာကေတာ့ျဖင့္ ေရွ႕မွျပန္လွည့္ၾကည့္ကာ တစ္ခါျပန္စလိုက္သည္။

"နာေနေသးလား"

"အဲ့လူႀကီး!"

"ဟားဟား ... စတာ၊ စတာေနာ္။ ကိုယ္ကေလး ဘယ္ေလာက္ေနရခက္ေနမလဲသိတယ္၊ ေျဖးေျဖးေလၽွာက္။ ၿပီးရင္ ေဆးပါတိုက္မယ္"

သည္လိုဆိုေတာ့လည္း ရယ္ရယ္ေမာေမာႏွင့္ ႏွစ္ေယာက္သား ခါးခ်င္းဖက္လို႔။

ဟင္းခ်က္တာဝန္ကို ဘယ္သူရယ္လို႔ သတ္မွတ္မထားၾကေသာ္လည္း မနက္စာကို ေစာေစာထတတ္သည့္ ေဇယ်ာကျပင္ၿပီး ညေနစာအတြက္ေတာ့ ေစာေစာအိမ္ျပန္ေရာက္တတ္သည့္ ခန့္ခန့္က ျပင္ျဖစ္သည္။ တစ္ခါတရံလည္း အခုလိုဆုံမွ ခ်က္ၾကတာမ်ိဳးလည္း ရွိ၏။

ပြက္ပြက္ဆူလာသည့္ ဟင္းရည္အိုးထဲသို႔ ခန့္ခန့္က သူ႔အႀကိဳက္ ေကာက္ရိုးမွိုမ်ားကိုထည့္ကာ အႏွံ့ေမႊေနတာပင္။ ၿပီးေနာက္ ခါၾကက္ဥလည္း ထပ္ဆင့္ထည့္သည္။

"လူႀကီး င႐ုတ္ပြ လွီးၿပီးၿပီလား။ ႏွပ္ထားတဲ့ ပုဇြန္ေရာယူခဲ့ေတာ့"

ခ်က္ေကၽြးမည္ဆိုသည့္ေဇယ်ာက ေရခဲေသတၱာဖြင့္ကာ ဟိုရွာသည္ရွာႏွင့္ ခန့္ခန့္ ခိုင္းသမၽွလုပ္ေနရသည္။

"ရပါၿပီဗ်ာ၊ ကိုယ္ေတာ္ေလးကလည္း ဒီကခ်က္ေကၽြးပါ့မယ္ဆို ဇြတ္ဝင္လုပ္ေနေတာ့တာပဲ။ နာေနပါမယ္ဆို"

"လူနာႀကီးလို မဆက္ဆံပါနဲ။ ေပး ... ထည့္ေတာ့မယ္။ ခုလိုတူတူခ်က္ေတာ့ ပိုမေကာင္းဘူးလား"

ေျပာရင္း ႏွပ္ထားသည့္ပုဇြန္မ်ားကို အိုးထဲကို အသာထည့္ေလ၏။

"ေကာင္းပါတယ္၊ ဒါေပမဲ့ ကေလးက ခုေနလို႔မွမေကာင္းတာ"

ေဇယ်ာက ဟင္းခ်က္ေနသည့္ ခန့္ခန့္ကို အေနာက္မွသိုင္းဖက္ရင္း ခပ္ခၽြဲခၽြဲေျပာလိုက္သည္။

"အဲဒီေနလို႔မေကာင္းတဲ့သူကို ကပ္ခၽြဲေနတာ ဘယ္သူလဲ။ ေရခ်ိဳးၿပီးသားမလား၊ အနံ႔ေတြစြဲကုန္မယ္ ... သြားထိုင္ေနေတာ့"

"ရတယ္ေလ၊ ကေလးနဲ႔တူတူ ေရျပန္ခ်ိဳးလိုက္မယ္"

ဆံစေလးမ်ားအား ပါးႏွင့္ပြတ္သပ္ရင္း ေျပာျပန္ပါ၏။ သည္လိုကပ္ခၽြဲရသည္ကို ေဇယ်ာ အေတာ္သေဘာက်တာမို႔။

"ဟင္းဟင္း ... လက္ထဲက ကိုင္ထားတာဇြန္းေနာ္ အဲ့လူႀကီး။ မထိုင္ခ်င္ရင္ ထမင္းခူးႏွင့္ ... သြားဆို"

"အမိန႔္ေတာ္ျမတ္အတိုင္းပါခင္ဗ်ာ"

ေဇယ်ာေျပာၿပီး ေခါင္းကိုေရွ႕အတင္းတိုးဝင္ကာ ႏွုတ္ခမ္းဖူးဖူးအား မထိတထိ နမ္းယူလိုက္သည္။ ၿပီးမွသာ ဇြန္းစာမမိခင္ ထမင္းစားပြဲဆီ ေျပးရေတာ့၏။ အခ်စ္အေငြ႕အသက္ေတြအျပည့္ႏွင့္ မီးဖိုခန္းေလးက အခုေတာ့လည္း သာယာေႏြးေထြးလို႔ပါပဲ။

5/12/2020
••••••••••••••••••••••••••••••••••••••••

Bạn đang đọc truyện trên: Truyen3h.Co