Truyen3h.Co

နှောင်ကြိုး

Extra-4

Fi_Lay


<Unicode>

အိမ်ထောင်သည်ဘဝ၏ အလုပ်နားရက်တို့ကား ကြည်နူးမှုတို့နှင့်သာ ပြည့်နှက်နေလိမ့်မည်ဟု ထင်ခဲ့မိသော ဇေယျာ့၏အတွေးတချို့မှာ လွဲနေလေ၏။ အကြောင်းမှာ နှစ်ယောက်ထဲသာနေသော သည်အိမ်ကြီး၏ ဝေယျဝစ္စများကို ပိတ်ရက်မှသာ စုရှင်းရခြင်းကြောင့်ပင်။ အပိုလူလည်း အိမ်မှာခေါ်မထားချင်၊ ချစ်ရသူကိုလည်း မခိုင်းရက်သဖြင့် မိမိတစ်ယောက်ထဲသာ အိမ်တွင်း၊ အိမ်ပြင် ရှုပ်ရှက်ခတ်နေသည်များကို သန့်ရှင်းရ၏။

ခန့်ခန့်တစ်ယောက်မှာတော့ အိပ်ယာနိုး၊ မနက်စာစားအပြီး၌ အိမ်တွင်းဖုန်သုတ်စရာရှိသည်ကိုတော့ သုတ်ပေးသွားသည်။ ပြီးလျှင် သူတောင်းဆိုထားသည့်အတိုင်း ပိတ်ရက်အတွက် ဂိမ်းဆော့ချိန် တစ်နာရီကို အခန်းအောင်းကာ ဆော့နေလေတော့သည်။

ဇေယျာ ခြံဝင်းထဲရှိ သစ်ရွက်မှိုက်များလှဲအပြီး၊ အိမ်ထဲသို့ တစ်ခေါက်ပြန်လာရှင်းရပြန်သည်။ တစ်ပတ်လုံး တင်ချင်ရာတင်ထားခဲ့ကြသည့် ဧည့်ခန်းမှပစ္စည်းများကို နေရာတကျ ပြန်စီထားရသည်။ မီးဖိုခန်းမှာတော့ ကြီးကြီး ရှင်းလင်းသွားတတ်သည်မို့ ထူးထွေကာ ကြာကြာမရှင်းလိုက်ရ။ နေမွန်းတည့်ချိန်မှသာ တစ်အိမ်လုံးကို သူစိတ်ကျေနပ်အောင် ရှင်းပြီးသွားသည်။ ချွေးများလည်းစိုနေပြီမို့ ဇေယျာ ရေချိုးအဝတ်အစားလဲရန် အပေါ်တက်လာခဲ့တော့၏။

လှေကားအကွေ့မှတစ်ဆင့် အခန်းသို့နီးလာသည်နှင့်အမျှ ခန့်ခန့် ဂိမ်းဆော့နေသည့်အသံများကို သူတဖြည်းဖြည်းကြားလာရသည်။ မောင်မင်းကြီးသားလေးမှာ ဂိမ်းဆော့လျှင် ဖုန်းနှင့်တောင်မဟုတ်၊ Desktop ကို Speaker နှင့်ချိတ်ပြီးမှ အားရပါးရဆော့တတ်သူဖြစ်သည်။ သူ ဂိမ်းမဆော့တတ်သော်ငြား သည်ကလေးကြောင့် ဂိမ်းတော်တော်များများကိုလည်း သိနေပြီပင်။ အခန်းရှေ့မရောက်ခင်ကတည်းက သေနတ်သံများဆူညံစွာ ကြားနေရသည်မို့ ဒါ PUBG ဆော့နေခြင်းဟု သူသိလိုက်သည်။

ဇေယျာ အခန်းတံခါးကိုဖွင့်ဝင်လိုက်သော် စုံလည်ထိုင်ခုံကြီးပေါ်၌ ဆောင့်ကြောင့်ထိုင်ကာ အားရပါးရဆော့နေသော ခန့်ခန့်ကို တွေ့လိုက်ရ၏။ သူ တကယ့်ကလေးကို ယူထားမိခြင်းပင်။

"ကလေးဆိုးလေး"

ဇေယျာ ခုံ၏အနောက်မှနေ၍ ခန့်ခန့် ပုခုံးကိုသိုင်းဖက်ကာ ခေါ်လိုက်၏။

"ဗျ"

ဂိမ်းဆော့ရင်း မအားနိုင်ဖြစ်နေသည့် ခန့်ခန့်မှာတော့ ပြန်ရန်မတွေ့နိုင်ဘဲ ခပ်မြန်မြန်ထူးလိုက်သည်။

"၁နာရီကျော်နေပြီနော်၊ တော်တော့"

"ခဏလေး ခဏလေး၊ ငါးယောက်ပဲကျန်တော့တာ။ ဒီမှာ လူကြီးမြင်လား၊ Killed 13! သတ်ထားတာအများကြီးပဲ။ ဒီပွဲတော့ ကြက်သားစားရဖို့ ကြိမ်းသေနေပြီ"

"ဒါမျိုးကျတတ်တယ်၊ ဒါဆို ကိုယ်ရေချိုးနှင့်မယ်။ ဒီတစ်ပွဲပြီးရင် သိမ်းတော့နော်"

"ဟုတ်"

ဇေယျာ ခန့်ခန့်၏ ညာဖက်ပါးအား တစ်ချက်နမ်းရှိုက်ပြီးမှ ရေချိုးခန်းဝင်ခဲ့တော့သည်။

ခန့်ခန့်တစ်ယောက်မှာတော့ စစ်မြေပြင်ရောက်နေသည့်နှယ် အားကြိုးမာန်တက် ဆက်ဆော့တော့၏။ ဒါပေသိ ကြက်သားကမစားရ နောက်ဆုံးမှ ကားနှင့်တိုက်အသတ်ခံရသည်။ ဟူး ... သူဂိမ်းဆော့ပြီးချိန်တွင်တော့ Desktopကိုပိတ်လိုက်ရသည်။ ပြီးမှ Closetထဲက သဘက်တစ်ထည်ယူကာ လူကြီးထွက်အလာကို စောင့်နေလိုက်သည်။

"အဲဒါဘာထိုင်လုပ်"

ထင်သည့်အတိုင်း လူကြီးက သဘက်ကိုခါးတွင်ပတ်ကာ ခေါင်းရေစိုလျက်သားနှင့် ထွက်လာသည်။

"ဆံပင်တွေစိုနေတာ သုတ်ပေးမလို့"

ဇေယျာက ထိုင်နေသည့် ခန့်ခန့်အနားသို့သွားကာ သဘက်ယူရန် လက်ကမ်းလိုက်ရင်း၊

"ကလေး အရပ်ကမှီလို့လား၊ ကိုယ့်ပေး"

"ဒီလိုဆို မှီတာပေါ့၊ ငြိမ်ငြိမ်နေ"

ခန့်ခန့်က အိပ်ယာပေါ်တွင် မတ်တပ်ရပ်လိုက်ရာ ဇေယျာ့အရပ်ထက် ခေါင်းတစ်လုံးစာမက ပိုရှည်သွားသည်။ ထို့နောက် ဆံသားတို့အား ညင်သာစွာကိုင်တွယ်ရင်း သုတ်ပေး၏။ သဘက်စနှစ်ဖက်ကြားရှိ ပွယောင်းနေသော ဆံနွယ်များထံမှ သင်းပျံ့သည့် ခေါင်းလျှော်ရည်ရနံ့ကို ခန့်ခန့် နှစ်သက်လှသည်။ ဒါတင်မျှမက လူကြီး၏ ကိုယ်သင်းရနံ့မှစ အရာရာတိုင်းကို နှစ်သက်သည်မို့ မြတ်နိုးစွာ ခိုးနမ်းလိုက်လေ၏။

"ကိုယ်သိတယ်နော်"

"ဘာသိတာလဲ"

ခန့်ခန့် ဝန်မခံဘဲ ပေါ်တင်မေးလိုက်ခြင်း။

"ထားပါ၊ ခိုးနမ်းတဲ့ကောင်လေး ရှက်သွားမှာစိုးလို့ မပြောတော့ပါဘူး"

ဒါကိုပင် ခန့်ခန့် ရှက်ရမ်း,ရမ်းကာ တဘက်နှင့် မျက်နှာကို သုတ်ချလိုက်၏။

"အား မျက်လုံးထိမယ်နော်"

"လုပ်မှာပဲ"

ဇေယျာ မရယ်ချင်ရယ်ချင်လုပ်နေသော ခန့်ခန့်အား မော့ကြည့်လိုက်ရင်း လက်နှစ်ဖက်ကို အသာဆွဲကာ ထိုင်စေသည်။

"ထိုင်ဦး၊ ကိုယ်ပြောစရာရှိတယ်"

"အင်း"

"နောက်အပတ်ကျရင် မေမေတို့က ရခိုင်ဘက်က မိဘမဲ့ကလေးတွေ စောင့်ရှောက်ပေးထားတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ အလှူသွားလုပ်ကြမှာတဲ့။ ကလေးမေမေတို့လည်းပါမှာ၊ အဲဒါ အလှူလုပ်ပြီးရင် မိသားစုတွေတူတူ ငပလီဖက်သွားကြမယ်တဲ့"

"ဟာ ပျော်စရာကြီး။ ငပလီပြန်သွားရတော့မယ်"

ခန့်ခန့်တစ်ယောက် ပျော်နေပုံမှာ မထသော်ငြား ထိုင်လျက်ပင် ခုန်ဆွခုန်ဆွ ဖြစ်နေတော့၏။

"အစွန်းထိုင်နေတာ၊ ပြုတ်ကျမယ် ကလေးရ။ ကိုယ်နဲ့ ငပလီသွားရမှာ အဲ့လောက်ပျော်လား"

"ဘယ်သူပြောလဲ၊ ဂဏန်းချဉ်စပ်နဲ့ ရခိုင်မုန့်တီ ပြန်စားရတော့မှာမို့ ပျော်နေတာ။ ငါးနီတူအစပ်သုပ်လေးရောဆို အားပါးပါး၊ သရေကျနေပြီ"

ဇေယျာ့မျက်နှာ ရှုံ့မဲ့သွားမှ ခန့်ခန့် ထပ်မစတော့ဘဲ အလိုက်သိစွာ ပြန်ချော့ဖို့ပြင်ရ၏။ တကယ်ဆို လက်ထပ်ပြီးကတည်းက ဟန်းနီးမွန်းပင် မသွားရသေးတာကြောင့် သူလည်းလူကြီးနှင့် ခရီးတော့ထွက်ချင်လှသည်။

"စတာပါ မျက်နှာကြီးကလည်း ရှုံ့မဲ့လို့၊ လူကြီးနဲ့ ခရီးသွားရမှာမို့ ပျော်တာပါ ဟဲ။ ခုနဟာတွေတော့ ဝယ်ကျွေးနော်"

"ရမလားကွ၊ အဲတုန်းက ဆေးခန်းမှာ တစ်ညလုံးနေခဲ့ရတာ ဝယ်မကျွေးနိုင်ပါဘူး"

သည်တိုင်းဆို တကယ်မကျွေးမှာ သေချာသည်မို့ ခန့်ခန့် အပျော့ဆွဲ,ဆွဲပြီး အင်္ကျီပင် မဝတ်ရသေးသည့် ဇေယျာ့ရင်ခွင်ထဲ အတင်းတိုးဝင်ကာ ချွဲတော့သည်။ သူ့ဘာသာဝယ်စားလျှင်တောင် မေမေတို့ကို တိုင်မှာစိုးရသည်မလား။

"လုပ်ပါနော်၊ တခြားစကားတွေ အကုန်နားထောင်ပါ့မယ်။ ဆေးသောက်ဆိုလည်း သောက်ပါ့မယ်နော်"

"အဲဒါဆို Kiss!"

ဇေယျာမှာလည်း အခွင့်ကောင်းကို ပါးနပ်စွာ အသုံးချသည်။ မဟုတ်လျှင် သည်ကလေးက ရှောင်ထွက်သွားဦးမည်။

"ဘယ်နားလဲ"

"နှုတ်ခမ်း"

"ဟင်း"

"ကြာကြာလေးနော်"

ခန့်ခန့် ဘုကြည့်တစ်ချက် ကြည့်လိုက်သည်။ ဒါအကွက်ကျကျလုပ်မှန်း သူသိလိုက်သည်။ သို့သော် တွက်ကြည့်လျှင် သူ့ဘက်ကပိုမြတ်သည်မို့ လူကြီး သဘောအတိုင်း လက်ခံလိုက်သည်။

"အိုခေ! Deal နော်။ အဲဒီရောက်မှ ကတိမဖျက်ကြေး"

"အင်း၊ စတော့"

ဘယ်နှခါပင် နမ်းဖူးပါစေ၊ ခန့်ခန့်အတွက်တော့ အနမ်းတိုင်းက ရင်ခုန်သည်ထက် ရင်ပိုတုန်စေသလိုလို။ အနောက်ကသာ လိုက်နမ်းဖူးသူမို့ ဘယ်နားကဘယ်လိုစနမ်းရမှန်းပင် သူ့ခမျာ အတွေးများနေရ၏။ လူကြီးကလည်း အစမပျိုးတတ်သည့် သူ့အနမ်းတို့နောက် အလိုက်သိစွာ ဆက်ပါမလာချေ။ တစ်ယောက်ထဲ ထိုနှုတ်ခမ်းတစ်စုံနှင့် တိုင်ပတ်နေသည့်အဖြစ်အား လူကြီးက ညစ်ကျယ်ကျယ်နှင့် ထရယ်ကာမှ သူ့လက်သီးဖြင့် ပုခုံးကိုထိုးလိုက်တော့သည်။

"သွား၊ မနမ်းတော့ဘူးဗျာ"

သူ လှည့်ထွက်မည်ပြုတော့ တစ်ဖက်မှ ပြန်ဆွဲထားခြင်းကို ခံလိုက်ရသည်။

"ဟားဟား၊ ကိုယ်ပဲနမ်းပါ့မယ် ကလေးဆိုးလေးရယ်"

လှည့်ကြည့်လာခိုက်တွေ့ရသော မာနတို့လွှမ်းခြုံသယောင်ရှိသည့် အကြည့်တစ်ချက်မှအစ အမူအရာ၊ အကျင့်စရိုက်အားလုံးကို ဇေယျာ ချစ်မြတ်နိုးရပါတော့သည်။

......................

ခရီးသွားခါနီးရက်တွေမှ ခန့်ခန့် ပိုအလုပ်ရှုပ်နေရသည်။ ပိတ်ရက်သွားမည်ဆိုသော်ငြား သောကြာတစ်ရက်ပါ ပါသည်မို့ တစ်ရက်စာအလုပ်တို့ ရှေ့တိုးကာလုပ်ရသည်။ ယခုလည်း တစ်နေကုန် သူ့အဖွဲ့နှင့် Service လိုက်ပေးနေရသည်မှာ သုံးနေရာသာပြီးသေးသည်။

နောက်ဆုံးပေးရမည့်ဟိုတယ်ရောက်ချိန်တွင် အချိန်ကား ညနေခြောက်နာရီပင် ထိုးလုတော့မည်။ ခန့်ခန့်အပါအဝင် ကျန်အစ်ကိုနှစ်ယောက်မှာလည်း Error ရှိ၊ မရှိ ပြန်စစ်ပေးရင်း၊ ဝန်ထမ်းတစ်ချို့၏ Software နှင့် ပတ်သက်သည့် အမေးများကိုလည်း ပြန်ရှင်းပြရ၏။ ခန့်ခန့်လည်း Reception တွင် အလုပ်ရှုပ်နေခိုက် အမျိုးသမီးတစ်ယောက် အသံကိုကြားလိုက်ရသည်။ ကြားဖူးသည်ထင်သောအသံကြောင့် မော့ကြည့်ရာ...၊

မစန္ဒီမျိုးမြတ်!

"ဪ ဟိုမောင်လေးပဲ"

ထိုအမျိုးသမီးမှလည်း မော့ကြည့်လာသည့် သူ့ကိုမှတ်မိကာ နှုတ်ဆက်၏။ ခန့်ခန့်မှာတော့ လူကြီးအိမ်ကို သူဖွင့်ပြောခဲ့သည်မို့ အခဲမကျေစွာ ပြန်နှုတ်မဆက်နိုင်၊ ဘုကြည့်သာကြည့်နေမိသည်။

"ကိုရော နေကောင်းရဲ့လား၊ မင်္ဂလာဆောင်ပြီးပြီလို့တော့ ကြားပါတယ်"

ဘေးလူတွေရှိနေသည်ကိုပင် အလိုက်မသိစွာ ထွက်လာသည့် ထိုစကားတို့ကြောင့် ခန့်ခန့် မျက်နှာပျက်သွားသည်။

"ဟိုဖက်မှာ စကားပြောရအောင် အစ်မ"

"အိုခေလေ"

Reception နှင့် အနည်းငယ်လှမ်းသည့် ဟိုတယ်ဧည့်ခန်းမရှိ ဆိုဖာခုံပေါ်တွင် နှစ်ယောက်သား မျက်နှာချင်းဆိုင်ထိုင်လိုက်ကြ၏။ ပြီးနောက် ထိုအမျိုးသမီးမှပင်စ၍၊

"သာကြောင်းမာကြောင်းလေးမေးတာကို ဘာတွေဒီလောက်မျက်နှာပျက်နေရတာလဲ ကောင်လေးရဲ့"

"အစ်မလည်း လူကြီးတစ်ယောက်ပဲ၊ အရိပ်အကဲတော့ နားလည်သင့်ပါတယ်။ ပြီးတော့ ကိုဇေယျာကို အဲလိုဆက်မခေါ်ပါနဲ့၊ မေးလည်းမမေးပါနဲ့။ ကျွန်တော့်အတွက် အဆင်မပြေဘူး"

ခန့်ခန့် စကားဆုံးသည်နှင့် စန္ဒီ အဓိပ္ပါယ်မဲ့စွာ ရယ်တော့သည်။

"သိပ်စွာမနေပါနဲ့ ကောင်လေးရယ်၊ တကယ်ဆို မင်းက တို့ကိုကျေးဇူးတင်သင့်တာနော်။ ကိုက တို့ကိုမေတ္တာနဲ့ကူညီပြီး တောင်းပန်လွန်းလို့ ထွက်သွားပေးခဲ့တာ။ မဟုတ်ရင် မင်း သူနဲ့အတူရှိနေနိုင်မှာတောင် မဟုတ်ဘူး"

ခပ်စွာစွာဖြစ်နေသော ထိုကောင်လေးအား စန္ဒီကြည့်မရ၍ ပိုပိုသာသာ ထိုးနှက်ပြောဆိုလိုက်သည်။ လူကိုမပိုင်ရသော်ငြား စကားအရာဖြင့်တော့ အနိုင်ပိုင်းချင်သေးသည်မို့။

"ကျွန်တော်က ဘာကိစ္စကျေးဇူးတင်ရမှာလဲ။ မေတ္တာနဲ့ကူညီပေးတယ်ဆိုကရော ဘာပေါက်တတ်ကရ စကားတွေလဲ။ မဟုတ်တာတွေမပြောပါနဲ့ အစ်မ"

"ဟော ... မင်းအိမ်ကို တို့ဓာတ်ပုံတွေပို့မယ့်ကိစ္စ ကိုကတားလိုက်တာလေ။ အဟင်း မေတ္တာ၊ အကြင်နာတွေနဲ့ပေါ့။ အဲအကြောင်းတွေ ကိုက ဘာမှပြောမပြထားဘူးလား"

ကောင်လေးမသိသည့်ကိစ္စမို့ စန္ဒီ ပိုပြော၍ကောင်းသွားသည်။ ကြောင်စီစီဖြစ်သွားသော ထိုကောင်လေးပုံစံကိုမြင်လိုက်ရ၍ သူပိုကျေနပ်သွား၏။

"ကဲ တို့သွားပြီ၊ ဟိုမှာ Check out လုပ်ဖို့ စောင့်နေလို့"

ထိုအမျိုးသမီးထွက်သွားသည်အထိ ခန့်ခန့်မှာ တွေဝေနေရဆဲ၊ နားမခံသာသည့် 'ကို' ဟူသော နာမ်စားကို ထပ်ကာထပ်ကာ သုံးသွားကာ သူနားမလည်သော ကိစ္စများကိုလည်း ပြောသွားသည်။ လူကြီးက သည်အမျိုးသမီး သူ့ကို ဒုက္ခမပေးအောင် ဘာတွေများလုပ်ပေးလိုက်ရသလဲ။ ပြီးတော့ 'မေတ္တာ၊ အကြင်နာ' တဲ့။

ခန့်ခန့် စိတ်တို့ထွေပြားလာသည်၊ လူကြီးကို တည့်မေးလျှင်လည်း သေချာပေါက် ဖြေမှာမဟုတ်၊ တကယ်ပြောချင်သည့်စိတ်သာရှိလျှင် အစထဲကပြောပြီးသား ဖြစ်နေရမည်။ လူကြီးအိမ်က သိသည့်ကိစ္စကိုတောင် အချိန်အတော်ကြာမှ ပြန်သိခဲ့ရတာမဟုတ်လား။

ညခုနှစ်နာရီကျော်လို့ ခန့်ခန့် အလုပ်မပြီးသေးသည့်တိုင် သိချင်စိတ်တို့က ထိန်းမရဖြစ်လာသည်။ လိုက်မေးလျှင်များ‌ ကောင်းမည်လား။ ထိုအမျိုးသမီးက နိုင်ငံခြားမှာနေတာဟု သိရသည်။ စိတ်ရှုပ်လာတော့သည့်နောက်ဆုံး ရင်းနှီးနေသည့် Receptionist အား ထိုအမျိုးသမီး ဘယ်သွားသည်ကို စုံစမ်းသည်။ ကံကောင်းစွာပဲ ဟိုတယ်ကစီစဉ်ပေးသည့်ကားကို စီးသွားသောကြောင့် နေရာအတိအကျကို သိလိုက်ရသည်။

သို့နှင့် လူကြီးအား ခန့်ကိုနှင့် သူငယ်ချင်းမွေးနေ့ တန်းသွားမည်ဟုလိမ်ကာ ထိုအမျိုးသမီးနောက် လိုက်လာခဲ့သည်။ သူအဖို့ သည်ည သိချင်သည့်အဖြေကိုမှ မသိရလျှင် တစ်သက်လုံး စိတ်မအေးနိုင် ဖြစ်ရလိမ့်သည်။ 'မေတ္တာ၊ အကြင်နာ' တဲ့လား၊ လူကြီးကိုယုံသော်ငြား ထိုအမျိုးသမီးကိုတော့ မယုံပါပေ။

ဒါ့အပြင် သူ့ကိုကာကွယ်ဖို့ဆို ဘာမဆိုလုပ်နိုင်သည့် လူကြီးစိတ်ကိုလည်း သိနေပြန်တော့ ခက်လှသည်။ ဖြစ်နိုင်ချေရှိသည့်အရာများကို တွေးကြည့်ရင်းပင် ခန့်ခန့်အတွက် သွေးပျက်စရာ ဖြစ်နေလျော့သည်။

မှောင်မိုက်နေသောလမ်းမပေါ်ရှိ ကားတစ်စီး၏ဦးတည်ချက်မှာ ပဲခူးဆီသို့။

........................

"ဇေယျာ ဟိုကောင်လေး ဘယ်သွားတာလဲ။ အန်တီ ဖုန်းဆက်တော့ သူပြန်မရောက်သေးလို့ သားကိုလာယူခိုင်းလိုက်ပါတဲ့၊ အဲဒါမို့ ခေါ်လိုက်တာ"

ဒေါ်မိမိနိုင်တစ်ယောက် ချက်ထားသည့်ဆီထမင်းနှင့် ဟင်းအချို့ကို ထည့်ရင်း ဇေယျာကို မေး၏။

"ခန့်ကိုတို့နဲ့ သူငယ်ချင်းမွေးနေ့ရှိလို့ တန်းသွားမယ်ပြောတယ်ဗျ"

"ဟဲ့ ခန့်ကိုက ဖျားနေတာဆို၊ ခုနကပဲ ဆီထမင်းလာယူခိုင်းမလို့ သူ့မေကို ဖုန်းဆက်တော့ပြောတာ"

"ဗျာ!"

ဇေယျာ သိပ်မသင်္ကာတော့ချေ။ မလိမ်တတ်သည့် ကလေးက သူ့ကိုလှည့်ချင်လျှင် ခန့်ကိုနှင့် အပြင်သွားသည်သာ ပြောတတ်သည်။ ခုတစ်ခေါက်ကရော ဘယ်သွားပြီး ဘာလုပ်ရပြန်သည်မသိ။ အန်တီ့ကိုကြည့်ကောင်းအောင် ပြန်ပြောခဲ့ရပြီး ဇေယျာ အိမ်အပြန်လမ်းတစ်လျှောက် ဖုန်းတောက်လျှောက်ခေါ်တော့သည်။ အိမ်ရောက်သည်ထိလည်း ထမင်းမစားနိုင်၊ စိုးရိမ်စိတ်ဖြင့် ဆက်တိုက်ခေါ်နေမိသည်။ လုံးဝမကိုင်သည်မို့ သူစိတ်ပူလာရ၏။ ခန့်ကိုပင် ဘယ်သွားသည်ကိုမသိ၍ ရှာရန်အတွက် အစဆွဲထုတ်မရဖြစ်နေတော့သည်။

ညကိုးနာရီခွဲသည်ထိ ပြန်ရောက်မလာသည့်အပြင်၊ ဘာအကြောင်းမှမသိရသည်မို့ ဇေယျာ စိတ်ပူရုံမက စိတ်လည်းတိုလာသည်။ အရာရာအလိုလိုက်ထားသည့်ကြားက သူ့ကိုလိမ်သွားရသည့် ကိစ္စကိုလည်း အတော်သိချင်လှသည်။ မဖြစ်ပါ၊ နောက်နေ့တော့ သူ့ကားတွင် GPS တပ်ထားရတော့မည်ဟု စိတ်ထဲတေးထားလိုက်၏။

တစ်ဖက်တွင်တော့ ခန့်ခန့်၏ဖုန်းမှာ ဆက်တိုက်မြည်နေသော်လည်း မကိုင်နိုင်သေးသည်မို့ silent လုပ်ထားလိုက်သည်။ ခုချိန်တွင် သူ့အတွက်အရေးကြီးဆုံးမှာ ညနေကပြောခဲ့သည့်ကိစ္စ၏အဖြေပင်။ ပဲခူးရောက်၍ ထိုအမျိုးသမီးရှိရာ ဟိုတယ်သို့ သူ တန်းလိုက်လာခဲ့သည်။ ခန့်ခန့်ရောက်ချိန်တွင် စန္ဒီမျိုးမြတ်ဆိုသည့် အစ်မကိုသာမက သူမ၏အမျိုးသားဆိုသူကိုပါ တွေ့လိုက်ရ၏။ ခန့်ခန့် လိုက်လာသည်ကိုမြင်၍ သူတို့လည်း အတော်အံ့ဩသွားပုံရကြသည်။

"ဘာလို့ ဒီထိများ..."

"အစ်မ ဖြေပေးပါ၊ ညနေကပြောခဲ့တဲ့ကိစ္စရဲ့အဖြေ။ ကိုဇေယျာ ဘာလုပ်ပေးခဲ့လို့ ကျွန်တော့်ကို ဒုက္ခမပေးဘဲ အမထွက်သွားပေးခဲ့တာလဲ။ အဲဒါသိရမှဖြစ်မယ်"

"ဘုရားရေ၊ အဲဒါမေးဖို့ ဒီထိလိုက်လာခဲ့တာလား။ ကိုယ့်လူကို မေးလိုက်ပါတော့လား"

နွမ်းနယ်နေဟန်ရှိသောကောင်လေးကို မြင်ရ၍ စန္ဒီလည်း တကယ်စိတ်မကောင်းဖြစ်သွားရသည်။ ညနေက သူ့၏ခပ်စွာစွာပုံစံလေးအား အနိုင်ယူချင်စိတ်ဖြင့် ပြောခဲ့သည့်စကားက သည်ကောင်လေးအပေါ် အတော်လွှမ်းမိုးသွားမည် မထင်ခဲ့မိ။ သူတို့ကတောက်ကဆလောက် ဖြစ်စေချင်ရုံလောက်ပင်။

"ဟုတ်တယ်၊ ဖြေပေးပါ"

"အမှန်တိုင်းပြောရရင် တို့ညနေက မင်းကို အမြင်မကြည်လို့ တမင်ပြောလိုက်တာပါ။ ပြီးတော့ မင်းထင်နေသလို ကိစ္စမဟုတ်ဘူး။ သူက မင်းကိုမနှောင့်ယှက်အောင် တို့ကို သိန်းရာချီပေးပြီး ထွက်သွားခိုင်းတယ်လေ။ အဲဒါပဲ"

"သိန်းရာချီတောင်!"

ရာချီတယ်ဆိုတာ နည်းတဲ့ပိုက်ဆံလား။ အတိအကျပါပြောလေတော့ ခန့်ခန့် အံ့ဩရလေတာ ဟာခနဲ။ သူထင်ထားသည်ထက် အများကြီး ပိုပေးဆပ်ထားသည့်လူကြီးပင်။

"ဟုတ်တယ်၊ အခု အစ်မအမျိုးသားကို သက်သေထားပြီး ပြောရဲတယ်။ မင်းထင်သလို တို့ကြားမှာ ဘာပတ်သက်မှုမှ မရှိခဲ့ဘူး။ သူ့ကြောင့် အစ်မတို့ အကြွေးတွေအကုန်ကျေသွားတာ။ ခုကလည်း မြန်မာပြည်ခဏအလည်ပြန်လာတာ"

"ကျွန်တော် သွားတော့မယ်"

ခန့်ခန့် ထိုအမျိုးသမီးကို ဘာမှသိပ်ပြောမနေတော့ဘဲ လူကြီးဆီ အမြန်ပြန်ခဲ့တော့သည်။

ထွေးပွေ့ထားချင်သည်၊ ဆူလည်းဆူပူချင်သည်၊ မေးခွန်းများစွာလည်း မေးဖို့ရှိနေသည်။ အချိန်လည်း ကိုးနာရီကျော်နေပြီမို့ စိတ်ပူနေလောက်ပြီပင်။ သူ ဖုန်းပြန်မခေါ်တော့ဘဲ အိမ်အရောက်အမြန်ပြန်မည်ဟု တွေးလာခဲ့ပေမဲ့ ထင်သည့်အတိုင်းဖြစ်မလာ။ လမ်းခုလတ်၌ပင် နောက်ဘီးပေါက်၍ ကားလည်းဟန်ချက်ပျက်သွားခဲ့လေပြီ။ လူရော၊ ကားပါ ဘာမှမဖြစ်သော်ငြား ရှေ့ဆက်သွား၍ မရတော့ချေ။ အောက်ဆင်းကြည့်လေတော့ ကားဘီးက ပြားနေလေပြီ။

'ငါကွာ ... အမြန်ပြန်ရပါမယ်ဆို"

ခန့်ခန့် စိတ်ပျက်ပျက်နှင့် စုတ်တစ်ချက်သပ်လိုက်စဉ် လူကြီးထံမှ ဖုန်းထပ်ဝင်လာ၏။

"လူကြီး"

"စိုင်းမင်းခန့်!"

သူ့နာမည်အပြည့်အစုံခေါ်သံကို နားထဲတွင် စူးရှစွာ ကြားလိုက်ရ၏။

"ဟုတ်"

"ခုဘယ်မှာလဲ၊ ဘာလုပ်နေတာလဲ"

"လမ်းဘေးမှာ၊ ကားဘီးပေါက်နေလို့။ အဲဒါ..."

"ကျန်တာနောက်မှပြော၊ ခုရောက်နေတဲ့နေရာကို Location ပို့လိုက်။ ပြီးရင် ကားထဲမှာ Lock ချပြီး စောင့်နေ"

တိကျသည့်အမိန့်ပေးသံအဆုံးတွင် ခန့်ခန့် ကျောချမ်းသွားရသည်။ တစ်ခါမျှပင် လေသံမာမာမပြောဖူးသူက ခု သူ့အားစိတ်တိုနေလေပြီ။ တွေ့လျှင် မည်သို့ရင်ဆိုင်ရပါမည်နည်း။  

ခန့်ခန့် စိတ်ရှုပ်စွာဖြင့် ပေါက်ပြီးသားကားဘီးကို ဆောင့်ကန်လိုက်မိတော့သည်။

.......................

<Zawgyi>

အိမ္ေထာင္သည္ဘဝ၏ အလုပ္နားရက္တို႔ကား ၾကည္ႏူးမွုတို႔ႏွင့္သာ ျပည့္ႏွက္ေနလိမ့္မည္ဟု ထင္ခဲ့မိေသာ ေဇယ်ာ့၏အေတြးတခ်ိဳ႕မွာ လြဲေနေလ၏။ အေၾကာင္းမွာ ႏွစ္ေယာက္ထဲသာေနေသာ သည္အိမ္ႀကီး၏ ေဝယ်ဝစၥမ်ားကို ပိတ္ရက္မွသာ စုရွင္းရျခင္းေၾကာင့္ပင္။ အပိုလူလည္း အိမ္မွာေခၚမထားခ်င္၊ ခ်စ္ရသူကိုလည္း မခိုင္းရက္သျဖင့္ မိမိတစ္ေယာက္ထဲသာ အိမ္တြင္း၊ အိမ္ျပင္ ရွုပ္ရွက္ခတ္ေနသည္မ်ားကို သန့္ရွင္းရ၏။

ခန့္ခန့္တစ္ေယာက္မွာေတာ့ အိပ္ယာနိုး၊ မနက္စာစားအၿပီး၌ အိမ္တြင္းဖုန္သုတ္စရာရွိသည္ကိုေတာ့ သုတ္ေပးသြားသည္။ ၿပီးလၽွင္ သူေတာင္းဆိုထားသည့္အတိုင္း ပိတ္ရက္အတြက္ ဂိမ္းေဆာ့ခ်ိန္ တစ္နာရီကို အခန္းေအာင္းကာ ေဆာ့ေနေလေတာ့သည္။

ေဇယ်ာ ၿခံဝင္းထဲရွိ သစ္ရြက္မွိုက္မ်ားလွဲအၿပီး၊ အိမ္ထဲသို႔ တစ္ေခါက္ျပန္လာရွင္းရျပန္သည္။ တစ္ပတ္လုံး တင္ခ်င္ရာတင္ထားခဲ့ၾကသည့္ ဧည့္ခန္းမွပစၥည္းမ်ားကို ေနရာတက် ျပန္စီထားရသည္။ မီးဖိုခန္းမွာေတာ့ ႀကီးႀကီး ရွင္းလင္းသြားတတ္သည္မို႔ ထူးေထြကာ ၾကာၾကာမရွင္းလိုက္ရ။ ေနမြန္းတည့္ခ်ိန္မွသာ တစ္အိမ္လုံးကို သူစိတ္ေက်နပ္ေအာင္ ရွင္းၿပီးသြားသည္။ ေခၽြးမ်ားလည္းစိုေနၿပီမို႔ ေဇယ်ာ ေရခ်ိဳးအဝတ္အစားလဲရန္ အေပၚတက္လာခဲ့ေတာ့၏။

ေလွကားအေကြ႕မွတစ္ဆင့္ အခန္းသို႔နီးလာသည္ႏွင့္အမၽွ ခန့္ခန့္ ဂိမ္းေဆာ့ေနသည့္အသံမ်ားကို သူတျဖည္းျဖည္းၾကားလာရသည္။ ေမာင္မင္းႀကီးသားေလးမွာ ဂိမ္းေဆာ့လၽွင္ ဖုန္းႏွင့္ေတာင္မဟုတ္၊ Desktop ကို Speaker ႏွင့္ခ်ိတ္ၿပီးမွ အားရပါးရေဆာ့တတ္သူျဖစ္သည္။ သူ ဂိမ္းမေဆာ့တတ္ေသာ္ျငား သည္ကေလးေၾကာင့္ ဂိမ္းေတာ္ေတာ္မ်ားမ်ားကိုလည္း သိေနၿပီပင္။ အခန္းေရွ႕မေရာက္ခင္ကတည္းက ေသနတ္သံမ်ားဆူညံစြာ ၾကားေနရသည္မို႔ ဒါ PUBG ေဆာ့ေနျခင္းဟု သူသိလိုက္သည္။

ေဇယ်ာ အခန္းတံခါးကိုဖြင့္ဝင္လိုက္ေသာ္ စုံလည္ထိုင္ခုံႀကီးေပၚ၌ ေဆာင့္ေၾကာင့္ထိုင္ကာ အားရပါးရေဆာ့ေနေသာ ခန့္ခန့္ကို ေတြ႕လိုက္ရ၏။ သူ တကယ့္ကေလးကို ယူထားမိျခင္းပင္။

"ကေလးဆိုးေလး"

ေဇယ်ာ ခုံ၏အေနာက္မွေန၍ ခန့္ခန့္ ပုခုံးကိုသိုင္းဖက္ကာ ေခၚလိုက္၏။

"ဗ်"

ဂိမ္းေဆာ့ရင္း မအားနိုင္ျဖစ္ေနသည့္ ခန့္ခန့္မွာေတာ့ ျပန္ရန္မေတြ႕နိုင္ဘဲ ခပ္ျမန္ျမန္ထူးလိုက္သည္။

"၁နာရီေက်ာ္ေနၿပီေနာ္၊ ေတာ္ေတာ့"

"ခဏေလး ခဏေလး၊ ငါးေယာက္ပဲက်န္ေတာ့တာ။ ဒီမွာ လူႀကီးျမင္လား၊ Killed 13! သတ္ထားတာအမ်ားႀကီးပဲ။ ဒီပြဲေတာ့ ၾကက္သားစားရဖို႔ ႀကိမ္းေသေနၿပီ"

"ဒါမ်ိဳးက်တတ္တယ္၊ ဒါဆို ကိုယ္ေရခ်ိဳးႏွင့္မယ္။ ဒီတစ္ပြဲၿပီးရင္ သိမ္းေတာ့ေနာ္"

"ဟုတ္"

ေဇယ်ာ ခန့္ခန့္၏ ညာဖက္ပါးအား တစ္ခ်က္နမ္းရွိုက္ၿပီးမွ ေရခ်ိဳးခန္းဝင္ခဲ့ေတာ့သည္။

ခန့္ခန့္တစ္ေယာက္မွာေတာ့ စစ္ေျမျပင္ေရာက္ေနသည့္ႏွယ္ အားႀကိဳးမာန္တက္ ဆက္ေဆာ့ေတာ့၏။ ဒါေပသိ ၾကက္သားကမစားရ ေနာက္ဆုံးမွ ကားႏွင့္တိုက္အသတ္ခံရသည္။ ဟူး ... သူဂိမ္းေဆာ့ၿပီးခ်ိန္တြင္ေတာ့ Desktopကိုပိတ္လိုက္ရသည္။ ၿပီးမွ Closetထဲက သဘက္တစ္ထည္ယူကာ လူႀကီးထြက္အလာကို ေစာင့္ေနလိုက္သည္။

"အဲဒါဘာထိုင္လုပ္"

ထင္သည့္အတိုင္း လူႀကီးက သဘက္ကိုခါးတြင္ပတ္ကာ ေခါင္းေရစိုလ်က္သားႏွင့္ ထြက္လာသည္။

"ဆံပင္ေတြစိုေနတာ သုတ္ေပးမလို႔"

ေဇယ်ာက ထိုင္ေနသည့္ ခန့္ခန့္အနားသို႔သြားကာ သဘက္ယူရန္ လက္ကမ္းလိုက္ရင္း၊

"ကေလး အရပ္ကမွီလို႔လား၊ ကိုယ့္ေပး"

"ဒီလိုဆို မွီတာေပါ့၊ ၿငိမ္ၿငိမ္ေန"

ခန့္ခန့္က အိပ္ယာေပၚတြင္ မတ္တပ္ရပ္လိုက္ရာ ေဇယ်ာ့အရပ္ထက္ ေခါင္းတစ္လုံးစာမက ပိုရွည္သြားသည္။ ထို႔ေနာက္ ဆံသားတို႔အား ညင္သာစြာကိုင္တြယ္ရင္း သုတ္ေပး၏။ သဘက္စႏွစ္ဖက္ၾကားရွိ ပြေယာင္းေနေသာ ဆံႏြယ္မ်ားထံမွ သင္းပ်ံ႕သည့္ ေခါင္းေလၽွာ္ရည္ရနံ႔ကို ခန့္ခန့္ ႏွစ္သက္လွသည္။ ဒါတင္မၽွမက လူႀကီး၏ ကိုယ္သင္းရနံ႔မွစ အရာရာတိုင္းကို ႏွစ္သက္သည္မို႔ ျမတ္နိုးစြာ ခိုးနမ္းလိုက္ေလ၏။

"ကိုယ္သိတယ္ေနာ္"

"ဘာသိတာလဲ"

ခန့္ခန့္ ဝန္မခံဘဲ ေပၚတင္ေမးလိုက္ျခင္း။

"ထားပါ၊ ခိုးနမ္းတဲ့ေကာင္ေလး ရွက္သြားမွာစိုးလို႔ မေျပာေတာ့ပါဘူး"

ဒါကိုပင္ ခန့္ခန့္ ရွက္ရမ္း,ရမ္းကာ တဘက္ႏွင့္ မ်က္ႏွာကို သုတ္ခ်လိုက္၏။

"အား မ်က္လုံးထိမယ္ေနာ္"

"လုပ္မွာပဲ"

ေဇယ်ာ မရယ္ခ်င္ရယ္ခ်င္လုပ္ေနေသာ ခန့္ခန့္အား ေမာ့ၾကည့္လိုက္ရင္း လက္ႏွစ္ဖက္ကို အသာဆြဲကာ ထိုင္ေစသည္။

"ထိုင္ဦး၊ ကိုယ္ေျပာစရာရွိတယ္"

"အင္း"

"ေနာက္အပတ္က်ရင္ ေမေမတို႔က ရခိုင္ဘက္က မိဘမဲ့ကေလးေတြ ေစာင့္ေရွာက္ေပးထားတဲ့ ဘုန္းႀကီးေက်ာင္းတစ္ေက်ာင္းမွာ အလွူသြားလုပ္ၾကမွာတဲ့။ ကေလးေမေမတို႔လည္းပါမွာ၊ အဲဒါ အလွူလုပ္ၿပီးရင္ မိသားစုေတြတူတူ ငပလီဖက္သြားၾကမယ္တဲ့"

"ဟာ ေပ်ာ္စရာႀကီး။ ငပလီျပန္သြားရေတာ့မယ္"

ခန့္ခန့္တစ္ေယာက္ ေပ်ာ္ေနပုံမွာ မထေသာ္ျငား ထိုင္လ်က္ပင္ ခုန္ဆြခုန္ဆြ ျဖစ္ေနေတာ့၏။

"အစြန္းထိုင္ေနတာ၊ ျပဳတ္က်မယ္ ကေလးရ။ ကိုယ္နဲ႔ ငပလီသြားရမွာ အဲ့ေလာက္ေပ်ာ္လား"

"ဘယ္သူေျပာလဲ၊ ဂဏန္းခ်ဥ္စပ္နဲ႔ ရခိုင္မုန့္တီ ျပန္စားရေတာ့မွာမို႔ ေပ်ာ္ေနတာ။ ငါးနီတူအစပ္သုပ္ေလးေရာဆို အားပါးပါး၊ သေရက်ေနၿပီ"

ေဇယ်ာ့မ်က္ႏွာ ရွုံ႔မဲ့သြားမွ ခန့္ခန့္ ထပ္မစေတာ့ဘဲ အလိုက္သိစြာ ျပန္ေခ်ာ့ဖို႔ျပင္ရ၏။ တကယ္ဆို လက္ထပ္ၿပီးကတည္းက ဟန္းနီးမြန္းပင္ မသြားရေသးတာေၾကာင့္ သူလည္းလူႀကီးႏွင့္ ခရီးေတာ့ထြက္ခ်င္လွသည္။

"စတာပါ မ်က္ႏွာႀကီးကလည္း ရွုံ႔မဲ့လို႔၊ လူႀကီးနဲ႔ ခရီးသြားရမွာမို႔ ေပ်ာ္တာပါ ဟဲ။ ခုနဟာေတြေတာ့ ဝယ္ေကၽြးေနာ္"

"ရမလားကြ၊ အဲတုန္းက ေဆးခန္းမွာ တစ္ညလုံးေနခဲ့ရတာ ဝယ္မေကၽြးနိုင္ပါဘူး"

သည္တိုင္းဆို တကယ္မေကၽြးမွာ ေသခ်ာသည္မို႔ ခန့္ခန့္ အေပ်ာ့ဆြဲ,ဆြဲၿပီး အကၤ်ီပင္ မဝတ္ရေသးသည့္ ေဇယ်ာ့ရင္ခြင္ထဲ အတင္းတိုးဝင္ကာ ခၽြဲေတာ့သည္။ သူ႔ဘာသာဝယ္စားလၽွင္ေတာင္ ေမေမတို႔ကို တိုင္မွာစိုးရသည္မလား။

"လုပ္ပါေနာ္၊ တျခားစကားေတြ အကုန္နားေထာင္ပါ့မယ္။ ေဆးေသာက္ဆိုလည္း ေသာက္ပါ့မယ္ေနာ္"

"အဲဒါဆို Kiss!"

ေဇယ်ာမွာလည္း အခြင့္ေကာင္းကို ပါးနပ္စြာ အသုံးခ်သည္။ မဟုတ္လၽွင္ သည္ကေလးက ေရွာင္ထြက္သြားဦးမည္။

"ဘယ္နားလဲ"

"ႏွုတ္ခမ္း"

"ဟင္း"

"ၾကာၾကာေလးေနာ္"

ခန့္ခန့္ ဘုၾကည့္တစ္ခ်က္ ၾကည့္လိုက္သည္။ ဒါအကြက္က်က်လုပ္မွန္း သူသိလိုက္သည္။ သို႔ေသာ္ တြက္ၾကည့္လၽွင္ သူ႔ဘက္ကပိုျမတ္သည္မို႔ လူႀကီး သေဘာအတိုင္း လက္ခံလိုက္သည္။

"အိုေခ! Deal ေနာ္။ အဲဒီေရာက္မွ ကတိမဖ်က္ေၾကး"

"အင္း၊ စေတာ့"

ဘယ္ႏွခါပင္ နမ္းဖူးပါေစ၊ ခန့္ခန့္အတြက္ေတာ့ အနမ္းတိုင္းက ရင္ခုန္သည္ထက္ ရင္ပိုတုန္ေစသလိုလို။ အေနာက္ကသာ လိုက္နမ္းဖူးသူမို႔ ဘယ္နားကဘယ္လိုစနမ္းရမွန္းပင္ သူ႔ခမ်ာ အေတြးမ်ားေနရ၏။ လူႀကီးကလည္း အစမပ်ိဳးတတ္သည့္ သူ႔အနမ္းတို႔ေနာက္ အလိုက္သိစြာ ဆက္ပါမလာေခ်။ တစ္ေယာက္ထဲ ထိုႏွုတ္ခမ္းတစ္စုံႏွင့္ တိုင္ပတ္ေနသည့္အျဖစ္အား လူႀကီးက ညစ္က်ယ္က်ယ္ႏွင့္ ထရယ္ကာမွ သူ႔လက္သီးျဖင့္ ပုခုံးကိုထိုးလိုက္ေတာ့သည္။

"သြား၊ မနမ္းေတာ့ဘူးဗ်ာ"

သူ လွည့္ထြက္မည္ျပဳေတာ့ တစ္ဖက္မွ ျပန္ဆြဲထားျခင္းကို ခံလိုက္ရသည္။

"ဟားဟား၊ ကိုယ္ပဲနမ္းပါ့မယ္ ကေလးဆိုးေလးရယ္"

လွည့္ၾကည့္လာခိုက္ေတြ႕ရေသာ မာနတို႔လႊမ္းျခဳံသေယာင္ရွိသည့္ အၾကည့္တစ္ခ်က္မွအစ အမူအရာ၊ အက်င့္စရိုက္အားလုံးကို ေဇယ်ာ ခ်စ္ျမတ္နိုးရပါေတာ့သည္။

......................

ခရီးသြားခါနီးရက္ေတြမွ ခန့္ခန့္ ပိုအလုပ္ရွုပ္ေနရသည္။ ပိတ္ရက္သြားမည္ဆိုေသာ္ျငား ေသာၾကာတစ္ရက္ပါ ပါသည္မို႔ တစ္ရက္စာအလုပ္တို႔ ေရွ႕တိုးကာလုပ္ရသည္။ ယခုလည္း တစ္ေနကုန္ သူ႔အဖြဲ႕ႏွင့္ Service လိုက္ေပးေနရသည္မွာ သုံးေနရာသာၿပီးေသးသည္။

ေနာက္ဆုံးေပးရမည့္ဟိုတယ္ေရာက္ခ်ိန္တြင္ အခ်ိန္ကား ညေနေျခာက္နာရီပင္ ထိုးလုေတာ့မည္။ ခန့္ခန့္အပါအဝင္ က်န္အစ္ကိုႏွစ္ေယာက္မွာလည္း Error ရွိ၊ မရွိ ျပန္စစ္ေပးရင္း၊ ဝန္ထမ္းတစ္ခ်ိဳ႕၏ Software ႏွင့္ ပတ္သက္သည့္ အေမးမ်ားကိုလည္း ျပန္ရွင္းျပရ၏။ ခန့္ခန့္လည္း Reception တြင္ အလုပ္ရွုပ္ေနခိုက္ အမ်ိဳးသမီးတစ္ေယာက္ အသံကိုၾကားလိုက္ရသည္။ ၾကားဖူးသည္ထင္ေသာအသံေၾကာင့္ ေမာ့ၾကည့္ရာ...၊

မစႏၵီမ်ိဳးျမတ္!

"ဪ ဟိုေမာင္ေလးပဲ"

ထိုအမ်ိဳးသမီးမွလည္း ေမာ့ၾကည့္လာသည့္ သူ႔ကိုမွတ္မိကာ ႏွုတ္ဆက္၏။ ခန့္ခန့္မွာေတာ့ လူႀကီးအိမ္ကို သူဖြင့္ေျပာခဲ့သည္မို႔ အခဲမေက်စြာ ျပန္ႏွုတ္မဆက္နိုင္၊ ဘုၾကည့္သာၾကည့္ေနမိသည္။

"ကိုေရာ ေနေကာင္းရဲ့လား၊ မဂၤလာေဆာင္ၿပီးၿပီလို႔ေတာ့ ၾကားပါတယ္"

ေဘးလူေတြရွိေနသည္ကိုပင္ အလိုက္မသိစြာ ထြက္လာသည့္ ထိုစကားတို႔ေၾကာင့္ ခန့္ခန့္ မ်က္ႏွာပ်က္သြားသည္။

"ဟိုဖက္မွာ စကားေျပာရေအာင္ အစ္မ"

"အိုေခေလ"

Reception ႏွင့္ အနည္းငယ္လွမ္းသည့္ ဟိုတယ္ဧည့္ခန္းမရွိ ဆိုဖာခုံေပၚတြင္ ႏွစ္ေယာက္သား မ်က္ႏွာခ်င္းဆိုင္ထိုင္လိုက္ၾက၏။ ၿပီးေနာက္ ထိုအမ်ိဳးသမီးမွပင္စ၍၊

"သာေၾကာင္းမာေၾကာင္းေလးေမးတာကို ဘာေတြဒီေလာက္မ်က္ႏွာပ်က္ေနရတာလဲ ေကာင္ေလးရဲ့"

"အစ္မလည္း လူႀကီးတစ္ေယာက္ပဲ၊ အရိပ္အကဲေတာ့ နားလည္သင့္ပါတယ္။ ၿပီးေတာ့ ကိုေဇယ်ာကို အဲလိုဆက္မေခၚပါနဲ႔၊ ေမးလည္းမေမးပါနဲ႔။ ကၽြန္ေတာ့္အတြက္ အဆင္မေျပဘူး"

ခန့္ခန့္ စကားဆုံးသည္ႏွင့္ စႏၵီ အဓိပၸါယ္မဲ့စြာ ရယ္ေတာ့သည္။

"သိပ္စြာမေနပါနဲ႔ ေကာင္ေလးရယ္၊ တကယ္ဆို မင္းက တို႔ကိုေက်းဇူးတင္သင့္တာေနာ္။ ကိုက တို႔ကိုေမတၱာနဲ႔ကူညီၿပီး ေတာင္းပန္လြန္းလို႔ ထြက္သြားေပးခဲ့တာ။ မဟုတ္ရင္ မင္း သူနဲ႔အတူရွိေနနိုင္မွာေတာင္ မဟုတ္ဘူး"

ခပ္စြာစြာျဖစ္ေနေသာ ထိုေကာင္ေလးအား စႏၵီၾကည့္မရ၍ ပိုပိုသာသာ ထိုးႏွက္ေျပာဆိုလိုက္သည္။ လူကိုမပိုင္ရေသာ္ျငား စကားအရာျဖင့္ေတာ့ အနိုင္ပိုင္းခ်င္ေသးသည္မို႔။

"ကၽြန္ေတာ္က ဘာကိစၥေက်းဇူးတင္ရမွာလဲ။ ေမတၱာနဲ႔ကူညီေပးတယ္ဆိုကေရာ ဘာေပါက္တတ္ကရ စကားေတြလဲ။ မဟုတ္တာေတြမေျပာပါနဲ႔ အစ္မ"

"ေဟာ ... မင္းအိမ္ကို တို႔ဓာတ္ပုံေတြပို႔မယ့္ကိစၥ ကိုကတားလိုက္တာေလ။ အဟင္း ေမတၱာ၊ အၾကင္နာေတြနဲ႔ေပါ့။ အဲအေၾကာင္းေတြ ကိုက ဘာမွေျပာမျပထားဘူးလား"

ေကာင္ေလးမသိသည့္ကိစၥမို႔ စႏၵီ ပိုေျပာ၍ေကာင္းသြားသည္။ ေၾကာင္စီစီျဖစ္သြားေသာ ထိုေကာင္ေလးပုံစံကိုျမင္လိုက္ရ၍ သူပိုေက်နပ္သြား၏။

"ကဲ တို႔သြားၿပီ၊ ဟိုမွာ Check out လုပ္ဖို႔ ေစာင့္ေနလို႔"

ထိုအမ်ိဳးသမီးထြက္သြားသည္အထိ ခန့္ခန့္မွာ ေတြေဝေနရဆဲ၊ နားမခံသာသည့္ 'ကို' ဟူေသာ နာမ္စားကို ထပ္ကာထပ္ကာ သုံးသြားကာ သူနားမလည္ေသာ ကိစၥမ်ားကိုလည္း ေျပာသြားသည္။ လူႀကီးက သည္အမ်ိဳးသမီး သူ႔ကို ဒုကၡမေပးေအာင္ ဘာေတြမ်ားလုပ္ေပးလိုက္ရသလဲ။ ၿပီးေတာ့ 'ေမတၱာ၊ အၾကင္နာ' တဲ့။

ခန့္ခန့္ စိတ္တို႔ေထြျပားလာသည္၊ လူႀကီးကို တည့္ေမးလၽွင္လည္း ေသခ်ာေပါက္ ေျဖမွာမဟုတ္၊ တကယ္ေျပာခ်င္သည့္စိတ္သာရွိလၽွင္ အစထဲကေျပာၿပီးသား ျဖစ္ေနရမည္။ လူႀကီးအိမ္က သိသည့္ကိစၥကိုေတာင္ အခ်ိန္အေတာ္ၾကာမွ ျပန္သိခဲ့ရတာမဟုတ္လား။

ညခုႏွစ္နာရီေက်ာ္လို႔ ခန့္ခန့္ အလုပ္မၿပီးေသးသည့္တိုင္ သိခ်င္စိတ္တို႔က ထိန္းမရျဖစ္လာသည္။ လိုက္ေမးလၽွင္မ်ား‌ ေကာင္းမည္လား။ ထိုအမ်ိဳးသမီးက နိုင္ငံျခားမွာေနတာဟု သိရသည္။ စိတ္ရွုပ္လာေတာ့သည့္ေနာက္ဆုံး ရင္းႏွီးေနသည့္ Receptionist အား ထိုအမ်ိဳးသမီး ဘယ္သြားသည္ကို စုံစမ္းသည္။ ကံေကာင္းစြာပဲ ဟိုတယ္ကစီစဥ္ေပးသည့္ကားကို စီးသြားေသာေၾကာင့္ ေနရာအတိအက်ကို သိလိုက္ရသည္။

သို႔ႏွင့္ လူႀကီးအား ခန့္ကိုႏွင့္ သူငယ္ခ်င္းေမြးေန႔ တန္းသြားမည္ဟုလိမ္ကာ ထိုအမ်ိဳးသမီးေနာက္ လိုက္လာခဲ့သည္။ သူအဖို႔ သည္ည သိခ်င္သည့္အေျဖကိုမွ မသိရလၽွင္ တစ္သက္လုံး စိတ္မေအးနိုင္ ျဖစ္ရလိမ့္သည္။ 'ေမတၱာ၊ အၾကင္နာ' တဲ့လား၊ လူႀကီးကိုယုံေသာ္ျငား ထိုအမ်ိဳးသမီးကိုေတာ့ မယုံပါေပ။

ဒါ့အျပင္ သူ႔ကိုကာကြယ္ဖို႔ဆို ဘာမဆိုလုပ္နိုင္သည့္ လူႀကီးစိတ္ကိုလည္း သိေနျပန္ေတာ့ ခက္လွသည္။ ျဖစ္နိုင္ေခ်ရွိသည့္အရာမ်ားကို ေတြးၾကည့္ရင္းပင္ ခန့္ခန့္အတြက္ ေသြးပ်က္စရာ ျဖစ္ေနေလ်ာ့သည္။

ေမွာင္မိုက္ေနေသာလမ္းမေပၚရွိ ကားတစ္စီး၏ဦးတည္ခ်က္မွာ ပဲခူးဆီသို႔။

........................

"ေဇယ်ာ ဟိုေကာင္ေလး ဘယ္သြားတာလဲ။ အန္တီ ဖုန္းဆက္ေတာ့ သူျပန္မေရာက္ေသးလို႔ သားကိုလာယူခိုင္းလိုက္ပါတဲ့၊ အဲဒါမို႔ ေခၚလိုက္တာ"

ေဒၚမိမိနိုင္တစ္ေယာက္ ခ်က္ထားသည့္ဆီထမင္းႏွင့္ ဟင္းအခ်ိဳ႕ကို ထည့္ရင္း ေဇယ်ာကို ေမး၏။

"ခန႔္ကိုတို႔နဲ႔ သူငယ္ခ်င္းေမြးေန႔ရွိလို႔ တန္းသြားမယ္ေျပာတယ္ဗ်"

"ဟဲ့ ခန႔္ကိုက ဖ်ားေနတာဆို၊ ခုနကပဲ ဆီထမင္းလာယူခိုင္းမလို႔ သူ႔ေမကို ဖုန္းဆက္ေတာ့ေျပာတာ"

"ဗ်ာ!"

ေဇယ်ာ သိပ္မသကၤာေတာ့ေခ်။ မလိမ္တတ္သည့္ ကေလးက သူ႔ကိုလွည့္ခ်င္လၽွင္ ခန႔္ကိုႏွင့္ အျပင္သြားသည္သာ ေျပာတတ္သည္။ ခုတစ္ေခါက္ကေရာ ဘယ္သြားၿပီး ဘာလုပ္ရျပန္သည္မသိ။ အန္တီ့ကိုၾကည့္ေကာင္းေအာင္ ျပန္ေျပာခဲ့ရၿပီး ေဇယ်ာ အိမ္အျပန္လမ္းတစ္ေလၽွာက္ ဖုန္းေတာက္ေလၽွာက္ေခၚေတာ့သည္။ အိမ္ေရာက္သည္ထိလည္း ထမင္းမစားနိုင္၊ စိုးရိမ္စိတ္ျဖင့္ ဆက္တိုက္ေခၚေနမိသည္။ လုံးဝမကိုင္သည္မို႔ သူစိတ္ပူလာရ၏။ ခန႔္ကိုပင္ ဘယ္သြားသည္ကိုမသိ၍ ရွာရန္အတြက္ အစဆြဲထုတ္မရျဖစ္ေနေတာ့သည္။

ညကိုးနာရီခြဲသည္ထိ ျပန္ေရာက္မလာသည့္အျပင္၊ ဘာအေၾကာင္းမွမသိရသည္မို႔ ေဇယ်ာ စိတ္ပူ႐ုံမက စိတ္လည္းတိုလာသည္။ အရာရာအလိုလိုက္ထားသည့္ၾကားက သူ႔ကိုလိမ္သြားရသည့္ ကိစၥကိုလည္း အေတာ္သိခ်င္လွသည္။ မျဖစ္ပါ၊ ေနာက္ေန႔ေတာ့ သူ႔ကားတြင္ GPS တပ္ထားရေတာ့မည္ဟု စိတ္ထဲေတးထားလိုက္၏။

တစ္ဖက္တြင္ေတာ့ ခန့္ခန့္၏ဖုန္းမွာ ဆက္တိုက္ျမည္ေနေသာ္လည္း မကိုင္နိုင္ေသးသည္မို႔ silent လုပ္ထားလိုက္သည္။ ခုခ်ိန္တြင္ သူ႔အတြက္အေရးႀကီးဆုံးမွာ ညေနကေျပာခဲ့သည့္ကိစၥ၏အေျဖပင္။ ပဲခူးေရာက္၍ ထိုအမ်ိဳးသမီးရွိရာ ဟိုတယ္သို႔ သူ တန္းလိုက္လာခဲ့သည္။ ခန႔္ခန႔္ေရာက္ခ်ိန္တြင္ စႏၵီမ်ိဳးျမတ္ဆိုသည့္ အစ္မကိုသာမက သူမ၏အမ်ိဳးသားဆိုသူကိုပါ ေတြ႕လိုက္ရ၏။ ခန့္ခန့္ လိုက္လာသည္ကိုျမင္၍ သူတို႔လည္း အေတာ္အံ့ဩသြားပုံရၾကသည္။

"ဘာလို႔ ဒီထိမ်ား..."

"အစ္မ ေျဖေပးပါ၊ ညေနကေျပာခဲ့တဲ့ကိစၥရဲ့အေျဖ။ ကိုေဇယ်ာ ဘာလုပ္ေပးခဲ့လို႔ ကၽြန္ေတာ့္ကို ဒုကၡမေပးဘဲ အမထြက္သြားေပးခဲ့တာလဲ။ အဲဒါသိရမွျဖစ္မယ္"

"ဘုရားေရ၊ အဲဒါေမးဖို႔ ဒီထိလိုက္လာခဲ့တာလား။ ကိုယ့္လူကို ေမးလိုက္ပါေတာ့လား"

ႏြမ္းနယ္ေနဟန္ရွိေသာေကာင္ေလးကို ျမင္ရ၍ စႏၵီလည္း တကယ္စိတ္မေကာင္းျဖစ္သြားရသည္။ ညေနက သူ႔၏ခပ္စြာစြာပုံစံေလးအား အနိုင္ယူခ်င္စိတ္ျဖင့္ ေျပာခဲ့သည့္စကားက သည္ေကာင္ေလးအေပၚ အေတာ္လႊမ္းမိုးသြားမည္ မထင္ခဲ့မိ။ သူတို႔ကေတာက္ကဆေလာက္ ျဖစ္ေစခ်င္႐ုံေလာက္ပင္။

"ဟုတ္တယ္၊ ေျဖေပးပါ"

"အမွန္တိုင္းေျပာရရင္ တို႔ညေနက မင္းကို အျမင္မၾကည္လို႔ တမင္ေျပာလိုက္တာပါ။ ၿပီးေတာ့ မင္းထင္ေနသလို ကိစၥမဟုတ္ဘူး။ သူက မင္းကိုမေႏွာင့္ယွက္ေအာင္ တို႔ကို သိန္းရာခ်ီေပးၿပီး ထြက္သြားခိုင္းတယ္ေလ။ အဲဒါပဲ"

"သိန္းရာခ်ီေတာင္!"

ရာခ်ီတယ္ဆိုတာ နည္းတဲ့ပိုက္ဆံလား။ အတိအက်ပါေျပာေလေတာ့ ခန႔္ခန႔္ အံ့ဩရေလတာ ဟာခနဲ။ သူထင္ထားသည္ထက္ အမ်ားႀကီး ပိုေပးဆပ္ထားသည့္လူႀကီးပင္။

"ဟုတ္တယ္၊ အခု အစ္မအမ်ိဳးသားကို သက္ေသထားၿပီး ေျပာရဲတယ္။ မင္းထင္သလို တို႔ၾကားမွာ ဘာပတ္သက္မွုမွ မရွိခဲ့ဘူး။ သူ႔ေၾကာင့္ အစ္မတို႔ အေႂကြးေတြအကုန္ေက်သြားတာ။ ခုကလည္း ျမန္မာျပည္ခဏအလည္ျပန္လာတာ"

"ကၽြန္ေတာ္ သြားေတာ့မယ္"

ခန့္ခန့္ ထိုအမ်ိဳးသမီးကို ဘာမွသိပ္ေျပာမေနေတာ့ဘဲ လူႀကီးဆီ အျမန္ျပန္ခဲ့ေတာ့သည္။

ေထြးေပြ႕ထားခ်င္သည္၊ ဆူလည္းဆူပူခ်င္သည္၊ ေမးခြန္းမ်ားစြာလည္း ေမးဖို႔ရွိေနသည္။ အခ်ိန္လည္း ကိုးနာရီေက်ာ္ေနၿပီမို႔ စိတ္ပူေနေလာက္ၿပီပင္။ သူ ဖုန္းျပန္မေခၚေတာ့ဘဲ အိမ္အေရာက္အျမန္ျပန္မည္ဟု ေတြးလာခဲ့ေပမဲ့ ထင္သည့္အတိုင္းျဖစ္မလာ။ လမ္းခုလတ္၌ပင္ ေနာက္ဘီးေပါက္၍ ကားလည္းဟန္ခ်က္ပ်က္သြားခဲ့ေလၿပီ။ လူေရာ၊ ကားပါ ဘာမွမျဖစ္ေသာ္ျငား ေရွ႕ဆက္သြား၍ မရေတာ့ေခ်။ ေအာက္ဆင္းၾကည့္ေလေတာ့ ကားဘီးက ျပားေနေလၿပီ။

'ငါကြာ ... အျမန္ျပန္ရပါမယ္ဆို"

ခန႔္ခန႔္ စိတ္ပ်က္ပ်က္ႏွင့္ စုတ္တစ္ခ်က္သပ္လိုက္စဥ္ လူႀကီးထံမွ ဖုန္းထပ္ဝင္လာ၏။

"လူႀကီး"

"စိုင္းမင္းခန့္!"

သူ႔နာမည္အျပည့္အစုံေခၚသံကို နားထဲတြင္ စူးရွစြာ ၾကားလိုက္ရ၏။

"ဟုတ္"

"ခုဘယ္မွာလဲ၊ ဘာလုပ္ေနတာလဲ"

"လမ္းေဘးမွာ၊ ကားဘီးေပါက္ေနလို႔။ အဲဒါ..."

"က်န္တာေနာက္မွေျပာ၊ ခုေရာက္ေနတဲ့ေနရာကို Location ပို႔လိုက္။ ၿပီးရင္ ကားထဲမွာ Lock ခ်ၿပီး ေစာင့္ေန"

တိက်သည့္အမိန့္ေပးသံအဆုံးတြင္ ခန့္ခန့္ ေက်ာခ်မ္းသြားရသည္။ တစ္ခါမၽွပင္ ေလသံမာမာမေျပာဖူးသူက ခု သူ႔အားစိတ္တိုေနေလၿပီ။ ေတြ႕လၽွင္ မည္သို႔ရင္ဆိုင္ရပါမည္နည္း။  

ခန့္ခန့္ စိတ္ရွုပ္စြာျဖင့္ ေပါက္ၿပီးသားကားဘီးကို ေဆာင့္ကန္လိုက္မိေတာ့သည္။

••••••••••••••••••••••••••••••••••••

Bạn đang đọc truyện trên: Truyen3h.Co