Extra-5
<Unicode>
ဇေယျာ မှာစရာရှိသည်များ အမြန်မှာပြီးနောက် ရင်းနှီးနေသည့် Mechanic တစ်ဦးအား ဖုန်းဆက်ပြီး ဝင်ခေါ်ရသည်။ ထို့နောက် သူ့ကားလေးကို အရှိန်ဟုန်ခွင်း မောင်းထွက်ခဲ့ရတာ ရန်ကုန်-ပဲခူးလမ်းမကြီးအတိုင်း။ စိတ်ထဲတွင်လည်း ပူပန်ရုံသာမက ဒေါသများလည်း ထွက်နေမိသည်။
သူ့ကိုလိမ်ပြီး ညဖက်ကြီး ပဲခူးထိ သွားရလောက်သည့်အကြောင်းကိစ္စကိုလည်း သိချင်လှသည်။ သို့သော် စိုးရိမ်စိတ်မှာလည်း နည်းနည်းမျှမလျော့၊ လူပြတ်သည့်နေရာဆိုလျှင် အန္တရာယ်ပြုလာနိုင်တာမို့ စိတ်လောနေရတော့၏။
အချိန်ကြာအောင်မောင်းပြီးနောက် လှည်ကူးအဝင်နားပင် ခန့်ခန့်ကားကို တွေ့ရသည်။ သည်တော့မှ ကားကို ဂငယ်ကွေ့ပြန်ကွေ့ပြီး ခေါ်လာသည့် Mechanic အား ကားဘီးတစ်ခါထဲ လဲစေသည်။ ထို့နောက် ကားကို ချက်ချင်းပြန်ယူခဲ့လျှင်ရသော်လည်း မစောင့်တော့၊ GPS တပ်ဖို့မှာကာ ယူသွားခိုင်းလိုက်သည်။ ပြီးမှ ခန့်ခန့်ကို တံခါးဖွင့်၊ ကားပေါ်တက်စေပြီး အိမ်ပြန်ခဲ့ကြသည်။
ညဆယ့်တစ်နာရီနာရီခန့်ရှိပြီဖြစ်၍ လမ်းမပေါ်၌ ကားအသွားအလာလည်း အတော်ရှင်းနေချေပြီ။ ကားပေါ်တွင်တော့ နှစ်ဦးသား တိတ်ဆိတ်နေကြလျက်။ ထို့ကြောင့် အပြစ်ရှိသူ ခန့်ခန့်မှ စကားစရန် ပြင်ရ၏။
"ဟို လူကြီး..."
"အိမ်ရောက်မှပြော"
ရှေ့တူရူသို့ ခပ်စိုက်စိုက်ကြည့်ကာမောင်းနေရင်း ထွက်လာသည့်စကားသံကြောင့် ခန့်ခန့်၏နှုတ်ခမ်းအစုံမှာ ဆွံ့အသွားရ၏။ ချစ်ရသူအား ဝမ်းနည်းစိတ်ဖြင့် ဘေးမှငေးမျှော်ကြည့်ရင်း ဘယ်ဖက်လက်မောင်းအုံအား သူ ခပ်ဖွဖွကိုင်လိုက်မိသည်။ သို့သော် သူ မျှော်လင့်မထားသည့် အကြည့်စိမ်းစိမ်းတစ်ချက်ကို ရလိုက်၍ လက်ချောင်းများ ပြန်တွန့်ဆုတ်သွား၏။ သူ့အားတော်တော်စိတ်ဆိုးနေလေပြီပင်။
ရုတ်တရက် အေးခဲသွားသည့်နှယ် ခံစားလိုက်ရပြီး ချစ်သူနှင့်အတူရှိလျှင် တစ်ခါမျှမခံစားဖူးသည့် ကြောက်စိတ်တို့လည်း ဆိုက်ဆိုက်မြိုက်မြိုက် ဝင်ရောက်လာတော့၏။ အားငယ်ဝမ်းနည်းသည့်စိတ်အား သူအနိုင်နိုင်ထိန်းချုပ်လိုက်ရင်း ကားဘေးမှန်မှတစ်ဆင့် ကောင်းကင်ကြီးအား အဓိပ္ပါယ်မဲ့စွာ လှည့်ကြည့်မိလိုက်သည်။ ကြယ်တာရာတို့ကင်းစင်နေသည့် မှောင်ပိတ်နေသော ကတ္ထီပါရောင် ကောင်းကင်ကြီးသာ။
အိမ်ပြန်ရောက်သော် ဇေယျာက ခန့်ခန့်ကို အပေါ်မတက်စေသေးဘဲ ဆီထမင်းပြင်ပေးကာ စားခိုင်း၏။ ဆာ၍ဆာမှန်းပင် မသိတော့သည့်ခန့်ခန့်မှာ အရမ်းကြိုက်သည့် ဆီထမင်းကိုပင် မျိုမကျတော့ပေ။
သို့သော် ဘေးနားက ထိုင်စောင့်ပေးနေတာမို့ မဝင်,ဝင်အောင် အားတင်းစားရသည်။ သူ့စိတ်အစဉ်တွင်တော့ ကြိုးမိန့်ပေးထားသည့် အပြစ်သားအား နောက်ဆုံးအစား စားခိုင်းနေသည့်နှယ် ခံစားနေရ၏။ ခဏအကြာမှ သူစားပြီးသားပန်းကန်အား ဇေယျာက သေချာဆေးကြောပေးပြီး နှစ်ဦးသားအပေါ်ထပ်ဆီသို့ တက်ခဲ့ကြသည်။
အခန်းရောက်လျှင် အသင့်ပြင်ထားသည့် ညဝတ်အင်္ကျီ ၂စုံအား သူရော၊ ကိုယ်ပါ လဲစေ၏။ အားလုံးပြီးစီးချိန်တွင် အချိန်အားဖြင့် သန်းခေါင်ကျော် ညဆယ့်နှစ်နာရီရှိလေပြီ။
"ကဲ ပြော၊ တကူးတကလိမ်ပြီး ပဲခူးထိ သွားရတဲ့အကြောင်းအရင်း"
အိပ်ယာပေါ်တွင် နှစ်ဦးသား မျက်နှာချင်းဆိုင်ထိုင်စေပြီးမှ မေးလာခြင်းဖြစ်သည်။ ခန့်ခန့်မှာတော့ အေးစက်နေသည့်လက်ဖျားတို့ကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း၊
"ညနေက ဟိုတယ်တစ်ခုမှာ service ဝင်နေရင်း မစန္ဒီမျိုးမြတ်ကို တွေ့တယ်"
"စန္ဒီမျိုးမြတ်!"
မူလက မကြည်လင်နေသည့်မျက်နှာမှာ ပိုခက်ထန်သွားသည်ကို ခန့်ခန့် ရိပ်မိလိုက်သည်။
"ဟုတ်။ သူကတွေ့တော့ လူကြီး နေကောင်းလားလို့မေးတယ်၊ လူကြားထဲမှာ 'ကို' လို့လည်းခေါ်သေးတယ်။ အဲဒါနဲ့ သပ်သပ်ခေါ်ပြီး ကျနော်အတွက် အဆင်မပြေဘူး၊ နောက်မခေါ်ပါနဲ့လို့ပြောတော့ သူ့ကိုကျေးဇူးတင်သင့်တဲ့ဟာ ဒီလိုတွေမပြောသင့်ဘူးလို့ပြောတယ်။ ဘာလို့လဲဆိုတော့ ငါမင်းကို ဒုက္ခမပေးအောင် ကိုက မေတ္တာ၊ အကြင်နာတွေနဲ့ ကူညီခဲ့လို့ ထွက်သွားပေးခဲ့တာကြောင့်တဲ့။ အဲလိုပြောပြီး ထွက်သွားတယ်"
"ဘယ်ကမေတ္တာ၊ အကြင်နာရမှာလဲ။ ရင့်ရင့်သီးသီးတောင် ပြောပစ်ခဲ့တာ"
ဒေါသအရှိန်ကြောင့် ဇေယျာအသံတို့ ပိုကျယ်လောင်လာ၏။
"သူကအဲလိုပြောတော့ ပူထူသွားတယ်။ လူကြီးက ဘာတွေများ လိုက်လျောပေးခဲ့ရတာလည်း သိချင်ဇောနဲ့၊ သူဘယ်သွားလဲစုံစမ်းပြီး လိုက်မေးတာ ပဲခူးထိရောက်သွားတာပါပဲ။ အဲဒီကျမှ သူက သိန်းရာဂဏန်းပေးလိုက်တာပါဆိုပြီး အဖြစ်မှန်ကို ပြောပြတယ်။ ညနေတွေ့တုန်းက အမြင်မကြည်လို့ ပြောလိုက်တာတဲ့"
ခန့်ခန့် စကားအဆုံး၌ ဇေယျာ ဇာတ်ရည်လည်သွားပြီဖြစ်သော်လည်း ပြဿနာက ပြီးမသွားသေး။
"နေပါဦး၊ အဲ့ဒါကို ကိုယ့်ကို ဖုန်းဆက်မေးလို့မရဘူးလား။ ဒါမှမဟုတ် အိမ်ရောက်မှ မေးပါတော့လား။ ဘာကိစ္စ ကိုယ်ကိုကျော်ပြီး အဲ့မိန်းမ သွေးခွဲစကားကို သွားယုံရတာလဲ၊ ဟမ်။ ကိုယ်က အဲမိန်းမနဲ့များ အိပ်ခဲ့မယ်ထင်လို့လား။ အဲလောက်တောင် ကိုယ်ယူထားတဲ့ယောကျ်ားကို အယုံအကြည်မရှိဘူးလား၊ စိုင်းမင်းခန့်"
ကျယ်လောင်သည်ထက် ပိုကျယ်လောင်လာသော ဒေါသသံတို့ကြောင့် ခန့်ခန့် အံကြိတ်ထားရင်းက မျက်ရည်တို့ ကျလာတော့သည်။ ပြန်ပြောဖို့ပင် စကားလုံးတို့ကမထွက်၊ ရင်ဘတ်အတွင်းကပါ အောင့်သည်မို့ ပြန်ပြောရန် အားအတော်ယူရသည်။
"တောင်းပန်ပါတယ်။ တကယ်ကြောက်လန့်ပြီး ပူထူသွားလို့ပါ။ လူကြီးကို မေးချင်ပေမဲ့ ပြောပြချင်စိတ်ရှိရင် အစထဲက ပြောပြမှာပေါ့လို့ အတွေးဝင်လာတာရော၊ ပြီးတော့ အမှန်ကို ထုတ်မပြောမှာစိုးတာရောကြောင့် လိုက်မေးမိတာပါ။ မဟုတ်ရင် တစ်သက်လုံး စိတ်ထဲတနုံ့နုံ့ဖြစ်နေမှာမို့"
ချစ်ရသည့်ကလေးမှ မျက်ရည်အသွင်သွင်ကျနေသည်ကို မြင်ရတော့ ဇေယျာသည်လည်း ရင်နာရသည်။ သို့သော် သူ့ကိုမယုံရကောင်းလားဟူ၍လည်း ဝမ်းနည်း၊ ဒေါသ ဖြစ်ရပြန်၏။
"ကိုယ်မပြောပြခဲ့ဘူးဆိုတာက အဲဒီငွေပမာဏပေးခဲ့ရတာကိုသာသိရင် ကိုယ့်အပေါ် အားနာသလို၊ အကြွေးတင်နေသလို မခံစားစေချင်လို့ တမင်မပြောပြခဲ့တာ။ ခုသိသွားပြီဆိုရင်လည်း ကိုယ် ပြောထားမယ်၊ အဲဒီငွေအတွက် ခုနကပြောသလိုတွေ ခံစားစရာမလိုဘူး။ အဲ့ပမာဏက ကလေး ... မင်းနဲ့ယှဉ်ရင် တကယ်ဘာမှမပြောပလောက်ဘူး။ အဲဒီအစား ကိုယ့်ကိုသာ ယုံကြည်စမ်းပါ၊ ဘေးကလူတွေထက် မင်းယောကျ်ားဖြစ်တဲ့ကိုယ့်ကိုသာ ယုံကြည်ပေးစမ်းပါ၊ ဟုတ်ပြီလား"
"ဟုတ်"
ခေါင်းညိတ်ရင်း အဆက်မပြတ် ကျနေသည့်ခန့်ခန့်၏မျက်ရည်များကို ဇေယျာက လက်ခုံဖြင့် ညင်သာစွာ သုတ်ပေးသည်။
"ပြီးရင် ဘယ်တော့မှ ကိုယ့်ကိုမလိမ်ပါနဲ့၊ နောက်တစ်ခါဆို ကိုယ်ခွင့်မလွှတ်ဘူးနော်"
ခန့်ခန့် ခေါင်းကိုသာ တဆတ်ဆတ်ငြိမ့်ပြမိသည်၊ စကားသံတို့က ထွက်မလာနိုင်တော့။ ဇေယျာလည်း စိတ်ထဲမပါသော်ငြား တစ်ခါတည်းမှာထားလိုက်သည်။ ဒီလိုမှမဟုတ်ဘဲ ဆက်အလိုလိုက်ထားလျှင် ဒီကလေးက အန်တီပြောသလို ဆက်ဆိုးနေလိမ့်မည်ပင်။
"အိပ်တော့"
ထိုစကားနှင့်အတူ ခန့်ခန့်ကိုယ်ပေါ်သို့ ခြေရင်းရှိစောင်းပါးအား လွှားခြုံပေးလာ၏။ ပြီးနောက် အခန်းမီးတို့ပိတ်ကာ လက်ကျန် နံရံကပ်မီးရောင်နှင့် ကိုယ်စီ မျက်နှာကျက်ကိုကြည့်နေမိကြသည်။ အတွေးကိုယ်စီနှင့်နှစ်ယောက်သားမှာ နောက်ဆုံးတော့ အိပ်ပျော်သွားကြတော့၏။
.........................
မှောင်ရီပျိုးချိန် ဝေဝါးနေသော ကမ်းစပ်တစ်ခုတွင် လူကြီးက သူ့ကိုကျောပေးကာ ရပ်နေ၏။ နားထဲတွင်လည်း 'ကိုယ့်ကိုမယုံဘူး'၊ 'မလိမ္မာဘူး'၊ 'စကားနားမထောင်ဘူး' ဟူသော စကားသံတို့ကို ထပ်တလဲလဲ ကြားနေရသည်။
သူ့အား လှည့်၍တစ်ချက်မကြည့်သည့်အပြင် နက်နေသည့်ရေပြင်ဆီသို့ တစ်လှမ်းချင်းဖြတ်လျှောက်ကာ သွားနေ၏။
ချန်မထားခဲ့ရန် အားယူကာ ပြောနေသော်လည်း သူ့၏နှုတ်မှ စကားသံတို့က ထွက်မလာ၊ လိုက်ရန်ပြင်သော်ငြား ခြေအစုံတို့ကလည်း လှုပ်မရ။ မြင်သာမြင်နေရပြီး တစ်ဖြည်းဖြည်းဝေးကွာသွားသော ရေပြင်ကျယ်တွင် နစ်မြုပ်ဝင်တော့မည့် ထိုသူကို မြင်နေရသည်မှာ ပင်ပန်းဆင်းရဲလှ၏။ ကျောပြင်အထက် ဦးခေါင်းပါနစ်မြုပ်တော့မည့်အချိန် ရှိသမျှအားတို့ကို စုရုန်းကာ ကျယ်လောင်သောအသံတို့ဖြင့် တားမြစ်လိုက်နိုင်၏။
"လူကြီး!"
အိပ်နေရာမှ ခန္ဓာကိုယ်တစ်ခုလုံး ဆွဲဆောင့်ခံလိုက်ရသည့်နှယ် တုန်ခါသွားတာမို့ ခန့်ခန့် လန့်နိုးလာသည်။ ကျယ်လောင်သောအသံတို့ကို ပြန်စဉ်းစားကြည့်မှ သူ အိပ်မက်မက်နေခြင်း။ ရင်ဘတ်တွင်းမှ နှလုံးခုန်သံမှာ ပုံမမှန်ဘဲ တဒိတ်ဒိတ်နှင့်။ အိပ်ယာပေါ်တွင် မိမိတစ်ယောက်ထဲသာရှိပြီး မိုးစင်စင်လည်း လင်းနေလေပြီ။ လူကြီးတစ်ယောက်လည်း ထလောက်ရောပေါ့။ ဟူး ဘယ်လိုအိပ်မက်ဆိုးပါလိမ့်။
"နိုးပြီလား"
အခန်းတံခါးဖွင့်ကာ ဝင်လာသည့် လူကြီးကိုပင် ခန့်ခန့် သတိမထားမိလိုက်ပါ။
"အင်း"
"ခုနက ခေါ်လိုက်သေးလား"
"ဟင့်အင်း၊ အိပ်မက်မက်ပြီး ယောင်လိုက်မိတာ"
ဘာမှမပြောဘဲ ခေါင်းတစ်ချက်သာ ညိတ်လိုက်သောလူကြီး။ ပုံမှန်ဆို ပျာယာခတ်နေမည့်သူက ခုတော့ အေးစက်နေသလို ခံစားလိုက်ရသည်။ သူ့အား မပစ်ပယ်သော်ငြား ဂရုစိုက်သည့်ဟန် အလျဉ်းမရှိ။ တကယ်ပဲ အိပ်မက်ထဲကလို မလိမ္မာဘူး၊ စကားနားမထောင်ဘူးဆိုပြီးများ ပျောက်ကွယ်သွားတော့မည်လား။
"ထတော့လေ။ ပြီးရင် ရေချိုး၊ မနက်စာစားမယ်။ ဆယ်နာရီအမှီ လေဆိပ်ဆင်းရမှာ"
ဟုတ်သည်ပင်၊ သည်နေ့သောကြာနေ့။ ညနေကျလျှင် မိဘမဲ့ကလေးများကို ထမင်းကျွေး၊ လှူစရာရှိသည့်ကျောင်းသုံးပစ္စည်းများနှင့် အဝတ်အထည်များ လှူရမည်။ ဘုန်းဘုန်းများအတွက်လည်း ဝတ္ထုငွေ ကပ်ကြမည်ဟုဆိုသည်။
ခန့်ခန့် ရေချိုးပြီးချိန်တွင် ညက သူ့ကားလေးလည်းပြန်ရောက်နေလေပြီ။ ဘီးဖာရုံဆိုသော်ငြား အဘယ်ကြောင့်ကားယူသွားသည်တော့မသိ၊ မနက်မှသာ ကားကရောက်လာသည်။
ထို့နောက် လေဆိပ်၌ နှစ်မိဘများစုံလင်စွာဖြင့် သံတွဲသို့ ချီတက်ခဲ့ကြသည်။ သံတွဲလေဆိပ်ရောက်ရောက်ချင်းပင် စင်းလုံးငှါးထားသည့်ကားနှစ်စီးဖြင့် ဘုန်းကြီးကျောင်းသို့ သွားကြ၏။
ဘုန်းကြီးကျောင်းရှိ ကလေးများမှာ ငယ်စဉ်ကတည်းက မိဘမရှိသူများသာမက မိဘရှိလျက်နှင့် အဆင်မပြေ၍ ပို့ထားကြသော ကလေးများလည်းပါသည်။ တချို့မှာ မိဘများက စစ်ဘေးရှောင်နိုင်ရန် ပို့ထားခြင်းဟူ၍လည်း သိရသည်။ ဤကလေးများကို ကျောင်းထိုင်ဘုန်းဘုန်းကြီးမှ တာဝန်ယူ၍ စာသင်၊ ထိန်းကျောင်းပေးနေခြင်းပင်။ ကျောင်းထိုင်ဘုန်းဘုန်းအား ဝတ္ထုငွေများ ဆပ်ကပ်ပြီး ညနေစောင်းတွင်တော့ ကလေးများအား ညနေစာကျွေးရင်း ကြိုတင်ပို့ထားပြီးဖြစ်သည့် အဝတ်အထည်နှင့် ကျောင်းသုံးပစ္စည်းများ လှူဖြစ်ကြသည်။
ကလေးများဘဝအား ဂရုဏာသက်မိရင်း ခန့်ခန့် ကိုယ့်အပူကိုယ်ပင် မေ့နေမိတော့သည်။ လူကြီးမှသူ့အား မနက်စထွက်လာကတည်းက စကားကို ဟုတ်တိပတ်တိမပြောချေ၊ မိဘတွေရှေ့တင်သာ မေးတစ်ခွန်း၊ ပြောတစ်ခွန်းရှိ၍ ခန့်ခန့် မျက်နှာပျက်နေမိလေသည်။ မမရွယ်ပင်လျှင် သူ့ကို ရိပ်မိ၍ မေးနေ၏။ မိဘများကတော့ သည်တိုင်းမသိချင်ယောင် ဆောင်နေပေးကြသည် ထင်ရတာပင်။
"မိရေ ... ခန့်ခန့်လေး မျက်နှာမကောင်းဘူးထင်တယ်နော်၊ ခရီးပမ်းလို့လား ဒီကလေး"
ဒေါ်ကြည်ပြာမှ ကလေးငယ်များအား ငေးကြည့်နေသော ဒေါ်မိမိနိုင်ရှိရာသို့ ကပ်ပြောလာခြင်းဖြစ်သည်။
"ဘာမှမဖြစ်ဘူး မမရေ။ မနေ့ညက သူအိမ်ပြန်နောက်ကျလို့ ဇေယျာ ဆူထားတာပဲဖြစ်မယ်။ ကောင်းတယ်၊ မိကတော့ အားပေးတယ်။ ဇေယျာကပါ တအားအလိုလိုက်ထားတော့ ဒီကလေးက ဟိုအိမ်ချွဲ၊ ဒီအိမ်ချွဲနဲ့ ကလေးလိုပဲ တစ်သက်လုံးဆိုးနေတော့မှာ။ ခုလိုလေး ဆူပေးဦးမှ၊ ဒါမှ တစ်သက်လုံးမှတ်မှာ။ ထားလိုက် မမ"
"ဟုတ်ရောဟုတ်ရဲ့လားနော်၊ ခရီးထွက်လာပါတယ်ဆို ကလေးက မျက်နှာမကောင်း၊ ဘယ်စိတ်ချမ်းသာပါ့မလဲလေ"
ခန့်ခန့် ဆူခံထားရ၍ အရယ်အပြုံးမရှိရုံသာမက အစားလည်းသိပ်မစားတာမို့ ဒေါ်ကြည်ပြာ စိတ်ပူမိသည်မှာအမှန်။ ဒေါ်မိမိနိုင်ကတော့ ကိုယ့်သားအကြောင်းကိုယ်သိတာမို့ မသနားသည့်အပြင် ဇေယျာကို အားပေးအားမြှောက်လုပ်သည်။
"ခဏပါ မမရယ်"
"ဒါပေမဲ့ မဖြစ်ပါဘူး။ Amata ရောက်ရင်တော့ သားကြီးကို ချော့ခိုင်းမှပါ။ ဘယ့်နှယ် ကလေး သနားပါတယ်၊ အစားလည်းစားဦးမှပေါ့။ ခုလည်းကြည့်ပါဦး၊ မျက်နှာငယ်လေးနဲ့ သူ့အဖွားနားက မခွါရှာဘူး"
ဟုတ်တော့လည်းဟုတ်သည်။ ရှစ်ယောက်ထွက်လာသည့် ခရီးစဉ်တွင် အဖေနှစ်ယောက်မှာတစ်တွဲ၊ အမေနှစ်ယောက်နှင့် ရွယ်ကတစ်တွဲ၊ အဘွာဍဖြစ်သူနှင့် ခန့်ခန့်မှာ တစ်တွဲ၊ ဇေယျာကတော့ ဖာသီးဖာသာ နေလေသည်။ ပူပူနွေးနွေး မင်္ဂလာဆောင်ထားသည့်အတွဲက စကားပင် ကောင်းကောင်းမပြောဖြစ်ကြ။
ဇေယျာသည်လည်း ခန့်ခန့် မျက်နှာမကောင်းမှန်း သိရှာသည်။ ထမင်းလည်း ကောင်းကောင်းမစားသလို၊ စိတ်ထောင်းကိုယ်ကြေနှင့် နွမ်းနယ်နေပုံလည်းရသည်။ အနီးကပ်စောင့်ရှောက်ကာ ထွေးပွေ့ချင်သော်ငြား သူအားတင်းထားသည်။
သူချစ်ရသည့်ကလေးကို ရင့်ကျက်စေချင်သည်၊ ကိုယ့်ကြင်ဖက်အပေါ် ယုံကြည်စေချင်သည်၊ တိုင်ပင်စေချင်သည်။ အိမ်ထောင်မှုတစ်ခု၏ အဓိပ္ပါယ်ကို နားလည်စေချင်သည်။ ဤသည်မှာ သူ့စိတ်ရင်းအမှန်ဖြစ်ပြီး ခန့်ခန့် အပေါ် တမင်ညှင်းဆဲထားခြင်းမျိုးလည်း မဟုတ်ပါချေ။
..........................
ညနေစောင်းသည်နှင့် ကျောင်းထိုင်ဘုန်းဘုန်းအပါအဝင် ကလေးများအားလုံးကို နှုတ်ဆက်ကာ ဟိုတယ်သို့ ထွက်ခွါခဲ့ကြသည်။ ဟိုတယ်ရောက်ချိန်တွင်တော့ နေဝင်သွားပြီဖြစ်၍ အားလုံးရေထဲမဆင်းဖြစ်ကြ။ ကိုယ်စီ ရေချိုး၊ အဝတ်အစားလဲကာ ညစာသာ တူတူစားကြသည်။ ထို့နောက် ကမ်းခြေတွင် လေညှင်းခံလမ်းလျှောက်ကြရင်း ည၏လှပမှုကို ခံစားဖြစ်ကြ၏။
ဇေယျာမှာတော့ သူငယ်ချင်းတစ်ယောက် ငပလီရောက်နေတာမို့ ခဏသွားတွေ့မည်ပြောကာ ထွက်သွားခဲ့သည်။ သူ့ကိုပင် လိုက်၊ မလိုက် မမေးသွားခြင်းကြောင့် ခန့်ခန့် ရင်နာမိသည်။
တကယ်ဆို သူလည်း တမင်တကာ လိမ်ခဲ့ခြင်းမျိုးမှမဟုတ်တာ။ လူကြီး ထိမ်ချိန်ထားသည့်ကိစ္စကို သိချင်ရုံသက်သက်သာ ရှိခဲ့သည်။ သို့သော် အပြစ်ရှိသည်မို့ သူ တောင်းပန်ပြီးတာတောင် ဒီလူကြီးက အမှတ်သည်းချေကြီးကာ သူ့အား ပစ်ပစ်ခါခါဆက်ဆံသည်။ စိတ်ထဲလည်း အတော်မကောင်းဖြစ်ရ၏။
မိဘများ အခန်းကိုယ်စီသို့ ဝင်ကုန်ကြသော်လည်း ခန့်ခန့်မှာတော့ တစ်ယောက်တည်းရှိနေမည်ဖြစ်သော အခန်းထဲသို့ မဝင်ဖြစ်ချေ။ အထီးကျန်ရတာခြင်းတူလျှင်တောင် ကြယ်ပေါင်းစုံရှိသည့်ကောင်းကင်ကြီးကို သူ ငေးကြည့်နေချင်သည်၊ ပင်လယ်မှ လှိုင်းသံတို့အား အားပါးတရ နားထောင်ချင်မိသည်။
လွန်ခဲ့သော သုံးနှစ်ဆီက ဤသို့ ကမ်းခြေတွင် အထီးကျန်စွာ ထိုင်နေသည့်သူမှာ လူကြီးဖြစ်ခဲ့ပြီး စိုးရိမ်တကြီးဖြင့် လာခေါ်သူမှာ ခန့်ခန့် ဖြစ်ခဲ့သည်။ ယခုတွင်တော့ အခြေအနေက ပြောင်းပြန်လှည့်ကာ သူထိုင်နေရလေပြီ၊ လာခေါ်မည့်သူမှာတော့ ရှိမနေခဲ့။
ခန့်ခန့် အတွေးနယ်ချဲ့နေစဉ် ရုတ်တရက် မီးရှူးမီးပန်းများ ကောင်းကင်ယံတွေ လှပစွာ ကွန့်မြူးလာကြ၏။ သစ်သားထိုင်ခုံရှည်ပေါ်တွင် ကျောမှီလျက်လဲလျောင်းနေသော ခန့်ခန့်တစ်ယောက် အမောထကြည့်ကာ မီးပန်းလာရာကို ရှာကြည့်မိသည်။ သူ့၏ညာဖက်ယွန်းယွန်းတွင်ရှိသော ယူနီဖောင်းနှင့် ဟိုတယ်ဝန်ထမ်းများ ဖောက်နေကြခြင်းပင်။
ဟူး။
'လူကြီးမဟုတ်သည်' ကို မြင်လိုက်ရ၍ စိတ်ညစ်သွားသည်ထက် 'လူကြီးဖြစ်မည်' ဟု ထင်လိုက်မိသော မိမိကိုယ်ကို ပိုစိတ်ပျက်မိသွားသည်။ တစ်ပြိုက်နက်တည်း ဝမ်းနည်းစိတ်နှင့်အတူ မျက်ရည်တို့လည်း စီးကျလာကုန်၏။
"ဟေး"
ထောင်ထားသည့်ဒူးနှစ်ဖက်ပေါ် ခေါင်းမှောက်ကာ ငိုနေသောကောင်လေးမှ ရုတ်တရက် အံ့ဩဟန်ဖြင့် မော့ကြည့်လာ၏။
"လူကြီး"
အသံပြုလာသော လူကြီး၏ မျက်နှာသွင်ပြင်မှာ အပြုံးအရယ်တစ်ချက်မရှိတာမို့ ခန့်ခန့် ပိုဝမ်းနည်းသွားမိသည်။ ဘာလဲ .. လာထိုင်နေလို့ဆိုပြီး ဆူဦးမှာပဲလား။
"ခဏပဲထိုင်နေတာ၊ ပြီးကျဝင်မှာ။ လာဆူမနေနဲ့"
"ဟာ ... ဘလိုင်းကြီးပါလား။ ကိုယ် ဘယ်မှာဆူနေလို့လဲ"
"အခန်းထဲမဝင်သေးလို့ အဲစူပုတ်ပုတ်မျက်နှာကြီးနဲ့ လာဆူတာမလား"
ခန့်ခန့် သူထင်ရာဆွဲပြောပစ်လိုက်သည်။ သည်တစ်ခါတော့ အဆူမခံရခင် သူ အရင်ကြိုပြောထားရမည်။
"မဟုတ်ပါဘူး၊ မီးပန်းဖောက်ပြတာ လှရဲ့လား မေးမလို့ပါ"
ခန့်ခန့် ကြောင်သွားသည်၊ ဒါဆို ခုနက...။
"ခုနက မီးပန်းက လူကြီးဖောက်ခိုင်းတာလား၊ ဟုတ်လို့လား"
"ကြည့် မယုံပြန်ဘူး။ ခင်ဗျားလေး မီးပန်းကြည့်ရတာကြိုက်မှန်းသိလို့ ငပလီမှာ မရရအောင်ရှာဝယ်နေရလို့ ကြာနေတာ။ ရန်ကုန်က ဝယ်ခဲ့မလို့ လုပ်ပေမဲ့ လေယာဉ်က အသယ်မခံဘူးလေ"
ဒါဆိုတကယ်လူကြီးပင်။ သူ့ကိုစိတ်ဆိုးနေသည် ထင်ထားရင်းက မီးပန်းများနှင့် လာချော့နေပြန်သည်။ သို့သော် ရန်ကုန်ကတည်းကဆိုလျှင်၊
"ဒါဆို ရန်ကုန်ကတည်းက စိတ်မဆိုးဘဲ လူကို တမင်ညှင်းဆဲထားတာပေါ့"
"အာ!"
ဇေယျာ ရပ်နေရာမှ ခန့်ခန့်ဘေးသို့ ဝင်တိုးထိုင်ရင်း ပုခုံးလေးအားဖက်ရင်း၊
"မဟုတ်ဘူးလေ"
"ဘာမဟုတ်တာလဲ"
"အင်း ဟုတ်တော့ဟုတ်ပါတယ်။ ဒီကိစ္စကနေ သင်ခန်းစာရအောင် ခဏပစ်ထားတဲ့သဘောပေါ့"
"ဪ..."
အသံနှင့်အတူ အားပါပါ လက်သီးတစ်ချက်ကလည်း ဇေယျာ့ဝမ်းဗိုက်ဆီသို အရှိန်နှင့်ကျရောက်သွား၏။
"နာတယ်။ မလုပ်ပါနဲ့ကွာ။"
"နောက်ခါလူကို ပစ်ထားရဲပစ်ထားကြည့်"
ဘုကလန့်ကြည့်ကာ ပြောနေသည့်ထိုကလေးမှာ ချစ်စရာအတိ။
"ချစ်လွန်းလို့ပါကွာ၊ ပြီးတော့ အိမ်ထောင်တစ်ခုမှာ ယုံကြည်မှုဆိုတာ အရေးကြီးဆုံးပဲ။ အဲ့ဒါလေးကို ကလေး သေချာနားလည်မိစေချင်လို့ ပစ်ထားတာပါ။ နောက်ပြီး ကလေးကို မြင်နေရက်နဲ့ ဂရုစိုက်မပေးရတာ ကိုယ့်အတွက်လည်း နာကျင်ရပါတယ်ကွာ။ တမင်ညှင်းဆဲတာမဟုတ်ဘူးနော်၊ ကိုယ့်ကိုနားလည်ပေး"
ဇေယျာက ခန့်ခန့်ဆံစလေးများအား ပွတ်သပ်ပေးရင်း တစ်ချက်ချင်းနားဝင်အောင်ပြော၏။
"အင်း သဘောပေါက်ပါပြီ။ နောက်ဆို လိမ်မပြောဘဲ ဘာကိစ္စနေနေတိုင်ပင်ပါ့မယ်။ အမြဲလည်းယုံကြည်ပါမယ်နော်။ ပစ်တော့မထားနဲ့၊ မနေတတ်ဘူး"
သူ့ကိုကြည့်ကာပြောနေသည့် ခန့်ခန့်၏နဖူးပြင်လေးအား အသာနမ်းရှိုက်လိုက်၏။
"ဟာ!"
အသံမှာ ဇေယျာရော၊ ခန့်ခန့်ဆီကပါ ဟုတ်မနေ။ ဇေယျာ နောက်လှည့်ကြည့်ပါမှ သူမှာထားသော ဟိုတယ်ဝန်ထမ်း ရောက်နေလေသည်။
"ဪ ညီလေး ... ရခဲ့ပြီလား"
ဇေယျာ လူမိသွားသည့်အဖြစ်ကို မသိဟန်ဆောင်ကာ ရှက်ရှက်နှင့်မေးလိုက်ရခြင်း။
"ဟုတ်၊ ဒါကပိုတဲ့ပိုက်ဆံပါ"
ကမ်းလာပေးသော ဖော့ဘူးအား သူ လှမ်းယူလိုက်ရင်း၊
"ရတယ်၊ ယူလိုက်တော့ ညီလေး။ ကျေးဇူးပါကွာ"
ဝန်ထမ်းကောင်လေး ထွက်သွားပြီးနောက်မှ ခန့်ခန့် အသံပြန်ထွက်လာသည်။
"ဘာတွေလဲ။ ဟင်! ဂဏန်းအနံ့ရတယ်။ ဂဏန်းချဉ်စပ်တွေလား လူကြီး"
Surprise လုပ်မည့်ကြံထားသည့် ဇေယျာ့အစီအစဉ် ပျက်သွားပြန်သည်။
"အနံ့ခံကလည်း ကောင်းလိုက်တာကွာ၊ ဘာသတ္တဝါလေးမို့လိုလဲ"
"ခင်ဗျားကြီးနော်"
"ဟေး လူကြီးကို ဘယ်လိုတွေခေါ်နေတာလဲ။ မကျွေးဘဲနေမှာနော်"
ခန့်ခန့် လှမ်းယူဟန်ပြင်နေသော ဖော့ဘူးအား ဇေယျာ နောက်ပြန်ယူထားလိုက်သည်။
"ကျွေးပါ စားချင်တယ်၊ ဘယ်တုန်းကဝယ်ခိုင်းလိုက်တာလဲ"
"ဟင်း ခင်ဗျားလေး ညနေက ထမင်းဘာမှမစားလို့ ဝယ်ခိုင်းလိုက်တာ။ ပြီးရင်တော့ ဆေးသောက်ရမှာနော်"
"အင်းပါ၊ မြန်မြန်သွားစားရအောင်လာ"
နှစ်ယောက်သား ခါးချင်းဖက်ကာ လျှောက်သွားကြသည်မှာ တစ်နေကုန် စကားမပြောထားကြသည့်သူတို့ မဟုတ်သည့်နှယ်။
.....................
မနက်ခင်း နေရောင်ခြည်နွေးနွေးတို့ဖြင့် နှစ်ဦးသား ကြည်နူးစွာ နိုးထလာကြ၏။ တစ်ယောက်ရင်ဘတ်ပေါ် တစ်ယောက်တက်နေကာ မထဖြစ်ကြသေးဘဲ ကျီစယ်နေကြသည်။
"Kiss"
"မပေးချင်ဘူး"
"အဲဒါဆို မနက်ခင်း တစ်ပွဲတစ်လမ်းနွှဲချင်တာပေါ့"
စကားနှင့်အတူ လက်တစ်စုံ၏ ဆွဲလှည့်လိုက်မှုကြောင့် နှစ်ကိုယ်သား အပေါက်အောက် ပြောင်းပြန်ဖြစ်သွားသည်။
"အာ...အာ၊ မလုပ်နဲ့နော်"
"နမ်းမှာလား"
"နမ်းမယ်"
နှုတ်ခမ်းလွှာနှစ်ခု ဂဟေဆက်ကြပြန်ပါသည်။
သာယာသော နံနက်ခင်း။
တိုက်ခတ်နေသော လှိုင်းသံ။
နွေးထွေးလှသော နေရောင်ခြည်။
နှောင်ကြိုးတို့ ရစ်သိုင်းနေသော ထိုကြင်သူနှစ်ဦး။
အားလုံးက သာယာကြည်နူးသည့်သဘောကိုသာ ဆောင်ကြဉ်းနေ၏။ ထိုသည်သာမက လှပသော အနာဂတ်ခရီးကလည်း ကြင်သူနှစ်ဦးအား ကမ်းလင့်ကာ ကြိုနေလေပြီ။
ချစ်ကြသူတိုင်းကိုယ်စီ
နှောင်ကြိုးတို့ ရစ်သိုင်းပါစေသော်ဝ်...။
18/12/2020
💛💛💛💛💛
ချစ်ခင်လေးစားလျက်၊
~ Fi ~
••••••••••••••••••••••••••••••••••••••••••
<Zawgyi>
ေဇယ်ာ မွာစရာရွိသည္မ်ား အျမန္မွာၿပီးေနာက္ ရင္းႏွီးေနသည့္ Mechanic တစ္ဦးအား ဖုန္းဆက္ၿပီး ဝင္ေခၚရသည္။ ထို႔ေနာက္ သူ႔ကားေလးကို အရွိန္ဟုန္ခြင္း ေမာင္းထြက္ခဲ့ရတာ ရန္ကုန္-ပဲခူးလမ္းမႀကီးအတိုင္း။ စိတ္ထဲတြင္လည္း ပူပန္႐ုံသာမက ေဒါသမ်ားလည္း ထြက္ေနမိသည္။
သူ႔ကိုလိမ္ၿပီး ညဖက္ႀကီး ပဲခူးထိ သြားရေလာက္သည့္အေၾကာင္းကိစၥကိုလည္း သိခ်င္လွသည္။ သို႔ေသာ္ စိုးရိမ္စိတ္မွာလည္း နည္းနည္းမၽွမေလ်ာ့၊ လူျပတ္သည့္ေနရာဆိုလၽွင္ အႏၲရာယ္ျပဳလာနိုင္တာမို႔ စိတ္ေလာေနရေတာ့၏။
အခ်ိန္ၾကာေအာင္ေမာင္းၿပီးေနာက္ လွည္ကူးအဝင္နားပင္ ခန့္ခန့္ကားကို ေတြ႕ရသည္။ သည္ေတာ့မွ ကားကို ဂငယ္ေကြ႕ျပန္ေကြ႕ၿပီး ေခၚလာသည့္ Mechanic အား ကားဘီးတစ္ခါထဲ လဲေစသည္။ ထို႔ေနာက္ ကားကို ခ်က္ခ်င္းျပန္ယူခဲ့လၽွင္ရေသာ္လည္း မေစာင့္ေတာ့၊ GPS တပ္ဖို႔မွာကာ ယူသြားခိုင္းလိုက္သည္။ ၿပီးမွ ခန့္ခန့္ကို တံခါးဖြင့္၊ ကားေပၚတက္ေစၿပီး အိမ္ျပန္ခဲ့ၾကသည္။
ညဆယ့္တစ္နာရီနာရီခန့္ရွိၿပီျဖစ္၍ လမ္းမေပၚ၌ ကားအသြားအလာလည္း အေတာ္ရွင္းေနေခ်ၿပီ။ ကားေပၚတြင္ေတာ့ ႏွစ္ဦးသား တိတ္ဆိတ္ေနၾကလ်က္။ ထို႔ေၾကာင့္ အျပစ္ရွိသူ ခန့္ခန့္မွ စကားစရန္ ျပင္ရ၏။
"ဟို လူႀကီး..."
"အိမ္ေရာက္မွေျပာ"
ေရွ႕တူ႐ူသို႔ ခပ္စိုက္စိုက္ၾကည့္ကာေမာင္းေနရင္း ထြက္လာသည့္စကားသံေၾကာင့္ ခန့္ခန့္၏ႏွုတ္ခမ္းအစုံမွာ ဆြံ႕အသြားရ၏။ ခ်စ္ရသူအား ဝမ္းနည္းစိတ္ျဖင့္ ေဘးမွေငးေမၽွာ္ၾကည့္ရင္း ဘယ္ဖက္လက္ေမာင္းအုံအား သူ ခပ္ဖြဖြကိုင္လိုက္မိသည္။ သို႔ေသာ္ သူ ေမၽွာ္လင့္မထားသည့္ အၾကည့္စိမ္းစိမ္းတစ္ခ်က္ကို ရလိုက္၍ လက္ေခ်ာင္းမ်ား ျပန္တြန့္ဆုတ္သြား၏။ သူ႔အားေတာ္ေတာ္စိတ္ဆိုးေနေလၿပီပင္။
႐ုတ္တရက္ ေအးခဲသြားသည့္ႏွယ္ ခံစားလိုက္ရၿပီး ခ်စ္သူႏွင့္အတူရွိလၽွင္ တစ္ခါမၽွမခံစားဖူးသည့္ ေၾကာက္စိတ္တို႔လည္း ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ ဝင္ေရာက္လာေတာ့၏။ အားငယ္ဝမ္းနည္းသည့္စိတ္အား သူအနိုင္နိုင္ထိန္းခ်ဳပ္လိုက္ရင္း ကားေဘးမွန္မွတစ္ဆင့္ ေကာင္းကင္ႀကီးအား အဓိပၸါယ္မဲ့စြာ လွည့္ၾကည့္မိလိုက္သည္။ ၾကယ္တာရာတို႔ကင္းစင္ေနသည့္ ေမွာင္ပိတ္ေနေသာ ကတၳီပါေရာင္ ေကာင္းကင္ႀကီးသာ။
အိမ္ျပန္ေရာက္ေသာ္ ေဇယ်ာက ခန့္ခန့္ကို အေပၚမတက္ေစေသးဘဲ ဆီထမင္းျပင္ေပးကာ စားခိုင္း၏။ ဆာ၍ဆာမွန္းပင္ မသိေတာ့သည့္ခန့္ခန့္မွာ အရမ္းႀကိဳက္သည့္ ဆီထမင္းကိုပင္ မ်ိဳမက်ေတာ့ေပ။
သို႔ေသာ္ ေဘးနားက ထိုင္ေစာင့္ေပးေနတာမို႔ မဝင္,ဝင္ေအာင္ အားတင္းစားရသည္။ သူ႔စိတ္အစဥ္တြင္ေတာ့ ႀကိဳးမိန့္ေပးထားသည့္ အျပစ္သားအား ေနာက္ဆုံးအစား စားခိုင္းေနသည့္ႏွယ္ ခံစားေနရ၏။ ခဏအၾကာမွ သူစားၿပီးသားပန္းကန္အား ေဇယ်ာက ေသခ်ာေဆးေၾကာေပးၿပီး ႏွစ္ဦးသားအေပၚထပ္ဆီသို႔ တက္ခဲ့ၾကသည္။
အခန္းေရာက္လၽွင္ အသင့္ျပင္ထားသည့္ ညဝတ္အကၤ်ီ ၂စုံအား သူေရာ၊ ကိုယ္ပါ လဲေစ၏။ အားလုံးၿပီးစီးခ်ိန္တြင္ အခ်ိန္အားျဖင့္ သန္းေခါင္ေက်ာ္ ညဆယ့္ႏွစ္နာရီရွိေလၿပီ။
"ကဲ ေျပာ၊ တကူးတကလိမ္ၿပီး ပဲခူးထိ သြားရတဲ့အေၾကာင္းအရင္း"
အိပ္ယာေပၚတြင္ ႏွစ္ဦးသား မ်က္ႏွာခ်င္းဆိုင္ထိုင္ေစၿပီးမွ ေမးလာျခင္းျဖစ္သည္။ ခန့္ခန့္မွာေတာ့ ေအးစက္ေနသည့္လက္ဖ်ားတို႔ကို က်စ္က်စ္ပါေအာင္ ဆုပ္ရင္း၊
"ညေနက ဟိုတယ္တစ္ခုမွာ service ဝင္ေနရင္း မစႏၵီမ်ိဳးျမတ္ကို ေတြ႕တယ္"
"စႏၵီမ်ိဳးျမတ္!"
မူလက မၾကည္လင္ေနသည့္မ်က္ႏွာမွာ ပိုခက္ထန္သြားသည္ကို ခန့္ခန့္ ရိပ္မိလိုက္သည္။
"ဟုတ္။ သူကေတြ႕ေတာ့ လူႀကီး ေနေကာင္းလားလို႔ေမးတယ္၊ လူၾကားထဲမွာ 'ကို' လို႔လည္းေခၚေသးတယ္။ အဲဒါနဲ႔ သပ္သပ္ေခၚၿပီး က်ေနာ္အတြက္ အဆင္မေျပဘူး၊ ေနာက္မေခၚပါနဲ႔လို႔ေျပာေတာ့ သူ႔ကိုေက်းဇူးတင္သင့္တဲ့ဟာ ဒီလိုေတြမေျပာသင့္ဘူးလို႔ေျပာတယ္။ ဘာလို႔လဲဆိုေတာ့ ငါမင္းကို ဒုကၡမေပးေအာင္ ကိုက ေမတၱာ၊ အၾကင္နာေတြနဲ႔ ကူညီခဲ့လို႔ ထြက္သြားေပးခဲ့တာေၾကာင့္တဲ့။ အဲလိုေျပာၿပီး ထြက္သြားတယ္"
"ဘယ္ကေမတၱာ၊ အၾကင္နာရမွာလဲ။ ရင့္ရင့္သီးသီးေတာင္ ေျပာပစ္ခဲ့တာ"
ေဒါသအရွိန္ေၾကာင့္ ေဇယ်ာအသံတို႔ ပိုက်ယ္ေလာင္လာ၏။
"သူကအဲလိုေျပာေတာ့ ပူထူသြားတယ္။ လူႀကီးက ဘာေတြမ်ား လိုက္ေလ်ာေပးခဲ့ရတာလည္း သိခ်င္ေဇာနဲ႔၊ သူဘယ္သြားလဲစုံစမ္းၿပီး လိုက္ေမးတာ ပဲခူးထိေရာက္သြားတာပါပဲ။ အဲဒီက်မွ သူက သိန္းရာဂဏန္းေပးလိုက္တာပါဆိုၿပီး အျဖစ္မွန္ကို ေျပာျပတယ္။ ညေနေတြ႕တုန္းက အျမင္မၾကည္လို႔ ေျပာလိုက္တာတဲ့"
ခန့္ခန့္ စကားအဆုံး၌ ေဇယ်ာ ဇာတ္ရည္လည္သြားၿပီျဖစ္ေသာ္လည္း ျပႆနာက ၿပီးမသြားေသး။
"ေနပါဦး၊ အဲ့ဒါကို ကိုယ့္ကို ဖုန္းဆက္ေမးလို႔မရဘူးလား။ ဒါမွမဟုတ္ အိမ္ေရာက္မွ ေမးပါေတာ့လား။ ဘာကိစၥ ကိုယ္ကိုေက်ာ္ၿပီး အဲ့မိန္းမ ေသြးခြဲစကားကို သြားယုံရတာလဲ၊ ဟမ္။ ကိုယ္က အဲမိန္းမနဲ႔မ်ား အိပ္ခဲ့မယ္ထင္လို႔လား။ အဲေလာက္ေတာင္ ကိုယ္ယူထားတဲ့ေယာက်္ားကို အယုံအၾကည္မရွိဘူးလား၊ စိုင္းမင္းခန့္"
က်ယ္ေလာင္သည္ထက္ ပိုက်ယ္ေလာင္လာေသာ ေဒါသသံတို႔ေၾကာင့္ ခန့္ခန့္ အံႀကိတ္ထားရင္းက မ်က္ရည္တို႔ က်လာေတာ့သည္။ ျပန္ေျပာဖို႔ပင္ စကားလုံးတို႔ကမထြက္၊ ရင္ဘတ္အတြင္းကပါ ေအာင့္သည္မို႔ ျပန္ေျပာရန္ အားအေတာ္ယူရသည္။
"ေတာင္းပန္ပါတယ္။ တကယ္ေၾကာက္လန့္ၿပီး ပူထူသြားလို႔ပါ။ လူႀကီးကို ေမးခ်င္ေပမဲ့ ေျပာျပခ်င္စိတ္ရွိရင္ အစထဲက ေျပာျပမွာေပါ့လို႔ အေတြးဝင္လာတာေရာ၊ ၿပီးေတာ့ အမွန္ကို ထုတ္မေျပာမွာစိုးတာေရာေၾကာင့္ လိုက္ေမးမိတာပါ။ မဟုတ္ရင္ တစ္သက္လုံး စိတ္ထဲတႏုံ႔ႏုံ႔ျဖစ္ေနမွာမို႔"
ခ်စ္ရသည့္ကေလးမွ မ်က္ရည္အသြင္သြင္က်ေနသည္ကို ျမင္ရေတာ့ ေဇယ်ာသည္လည္း ရင္နာရသည္။ သို႔ေသာ္ သူ႔ကိုမယုံရေကာင္းလားဟူ၍လည္း ဝမ္းနည္း၊ ေဒါသ ျဖစ္ရျပန္၏။
"ကိုယ္မေျပာျပခဲ့ဘူးဆိုတာက အဲဒီေငြပမာဏေပးခဲ့ရတာကိုသာသိရင္ ကိုယ့္အေပၚ အားနာသလို၊ အေႂကြးတင္ေနသလို မခံစားေစခ်င္လို႔ တမင္မေျပာျပခဲ့တာ။ ခုသိသြားၿပီဆိုရင္လည္း ကိုယ္ ေျပာထားမယ္၊ အဲဒီေငြအတြက္ ခုနကေျပာသလိုေတြ ခံစားစရာမလိုဘူး။ အဲ့ပမာဏက ကေလး ... မင္းနဲ႔ယွဥ္ရင္ တကယ္ဘာမွမေျပာပေလာက္ဘူး။ အဲဒီအစား ကိုယ့္ကိုသာ ယုံၾကည္စမ္းပါ၊ ေဘးကလူေတြထက္ မင္းေယာက်္ားျဖစ္တဲ့ကိုယ့္ကိုသာ ယုံၾကည္ေပးစမ္းပါ၊ ဟုတ္ၿပီလား"
"ဟုတ္"
ေခါင္းညိတ္ရင္း အဆက္မျပတ္ က်ေနသည့္ခန့္ခန့္၏မ်က္ရည္မ်ားကို ေဇယ်ာက လက္ခုံျဖင့္ ညင္သာစြာ သုတ္ေပးသည္။
"ၿပီးရင္ ဘယ္ေတာ့မွ ကိုယ့္ကိုမလိမ္ပါနဲ႔၊ ေနာက္တစ္ခါဆို ကိုယ္ခြင့္မလႊတ္ဘူးေနာ္"
ခန့္ခန့္ ေခါင္းကိုသာ တဆတ္ဆတ္ၿငိမ့္ျပမိသည္၊ စကားသံတို႔က ထြက္မလာနိုင္ေတာ့။ ေဇယ်ာလည္း စိတ္ထဲမပါေသာ္ျငား တစ္ခါတည္းမွာထားလိုက္သည္။ ဒီလိုမွမဟုတ္ဘဲ ဆက္အလိုလိုက္ထားလၽွင္ ဒီကေလးက အန္တီေျပာသလို ဆက္ဆိုးေနလိမ့္မည္ပင္။
"အိပ္ေတာ့"
ထိုစကားႏွင့္အတူ ခန့္ခန့္ကိုယ္ေပၚသို႔ ေျခရင္းရွိေစာင္းပါးအား လႊားျခဳံေပးလာ၏။ ၿပီးေနာက္ အခန္းမီးတို႔ပိတ္ကာ လက္က်န္ နံရံကပ္မီးေရာင္ႏွင့္ ကိုယ္စီ မ်က္ႏွာက်က္ကိုၾကည့္ေနမိၾကသည္။ အေတြးကိုယ္စီႏွင့္ႏွစ္ေယာက္သားမွာ ေနာက္ဆုံးေတာ့ အိပ္ေပ်ာ္သြားၾကေတာ့၏။
.........................
ေမွာင္ရီပ်ိဳးခ်ိန္ ေဝဝါးေနေသာ ကမ္းစပ္တစ္ခုတြင္ လူႀကီးက သူ႔ကိုေက်ာေပးကာ ရပ္ေန၏။ နားထဲတြင္လည္း 'ကိုယ့္ကိုမယုံဘူး'၊ 'မလိမၼာဘူး'၊ 'စကားနားမေထာင္ဘူး' ဟူေသာ စကားသံတို႔ကို ထပ္တလဲလဲ ၾကားေနရသည္။
သူ႔အား လွည့္၍တစ္ခ်က္မၾကည့္သည့္အျပင္ နက္ေနသည့္ေရျပင္ဆီသို႔ တစ္လွမ္းခ်င္းျဖတ္ေလၽွာက္ကာ သြားေန၏။
ခ်န္မထားခဲ့ရန္ အားယူကာ ေျပာေနေသာ္လည္း သူ႔၏ႏွုတ္မွ စကားသံတို႔က ထြက္မလာ၊ လိုက္ရန္ျပင္ေသာ္ျငား ေျခအစုံတို႔ကလည္း လွုပ္မရ။ ျမင္သာျမင္ေနရၿပီး တစ္ျဖည္းျဖည္းေဝးကြာသြားေသာ ေရျပင္က်ယ္တြင္ နစ္ျမဳပ္ဝင္ေတာ့မည့္ ထိုသူကို ျမင္ေနရသည္မွာ ပင္ပန္းဆင္းရဲလွ၏။ ေက်ာျပင္အထက္ ဦးေခါင္းပါနစ္ျမဳပ္ေတာ့မည့္အခ်ိန္ ရွိသမၽွအားတို႔ကို စု႐ုန္းကာ က်ယ္ေလာင္ေသာအသံတို႔ျဖင့္ တားျမစ္လိုက္နိုင္၏။
"လူႀကီး!"
အိပ္ေနရာမွ ခႏၶာကိုယ္တစ္ခုလုံး ဆြဲေဆာင့္ခံလိုက္ရသည့္ႏွယ္ တုန္ခါသြားတာမို႔ ခန့္ခန့္ လန့္နိုးလာသည္။ က်ယ္ေလာင္ေသာအသံတို႔ကို ျပန္စဥ္းစားၾကည့္မွ သူ အိပ္မက္မက္ေနျခင္း။ ရင္ဘတ္တြင္းမွ ႏွလုံးခုန္သံမွာ ပုံမမွန္ဘဲ တဒိတ္ဒိတ္ႏွင့္။ အိပ္ယာေပၚတြင္ မိမိတစ္ေယာက္ထဲသာရွိၿပီး မိုးစင္စင္လည္း လင္းေနေလၿပီ။ လူႀကီးတစ္ေယာက္လည္း ထေလာက္ေရာေပါ့။ ဟူး ဘယ္လိုအိပ္မက္ဆိုးပါလိမ့္။
"နိုးၿပီလား"
အခန္းတံခါးဖြင့္ကာ ဝင္လာသည့္ လူႀကီးကိုပင္ ခန့္ခန့္ သတိမထားမိလိုက္ပါ။
"အင္း"
"ခုနက ေခၚလိုက္ေသးလား"
"ဟင့္အင္း၊ အိပ္မက္မက္ၿပီး ေယာင္လိုက္မိတာ"
ဘာမွမေျပာဘဲ ေခါင္းတစ္ခ်က္သာ ညိတ္လိုက္ေသာလူႀကီး။ ပုံမွန္ဆို ပ်ာယာခတ္ေနမည့္သူက ခုေတာ့ ေအးစက္ေနသလို ခံစားလိုက္ရသည္။ သူ႔အား မပစ္ပယ္ေသာ္ျငား ဂ႐ုစိုက္သည့္ဟန္ အလ်ဥ္းမရွိ။ တကယ္ပဲ အိပ္မက္ထဲကလို မလိမၼာဘူး၊ စကားနားမေထာင္ဘူးဆိုၿပီးမ်ား ေပ်ာက္ကြယ္သြားေတာ့မည္လား။
"ထေတာ့ေလ။ ၿပီးရင္ ေရခ်ိဳး၊ မနက္စာစားမယ္။ ဆယ္နာရီအမွီ ေလဆိပ္ဆင္းရမွာ"
ဟုတ္သည္ပင္၊ သည္ေန႔ေသာၾကာေန႔။ ညေနက်လၽွင္ မိဘမဲ့ကေလးမ်ားကို ထမင္းေကၽြး၊ လွူစရာရွိသည့္ေက်ာင္းသုံးပစၥည္းမ်ားႏွင့္ အဝတ္အထည္မ်ား လွူရမည္။ ဘုန္းဘုန္းမ်ားအတြက္လည္း ဝတၳဳေငြ ကပ္ၾကမည္ဟုဆိုသည္။
ခန့္ခန့္ ေရခ်ိဳးၿပီးခ်ိန္တြင္ ညက သူ႔ကားေလးလည္းျပန္ေရာက္ေနေလၿပီ။ ဘီးဖာ႐ုံဆိုေသာ္ျငား အဘယ္ေၾကာင့္ကားယူသြားသည္ေတာ့မသိ၊ မနက္မွသာ ကားကေရာက္လာသည္။
ထို႔ေနာက္ ေလဆိပ္၌ ႏွစ္မိဘမ်ားစုံလင္စြာျဖင့္ သံတြဲသို႔ ခ်ီတက္ခဲ့ၾကသည္။ သံတြဲေလဆိပ္ေရာက္ေရာက္ခ်င္းပင္ စင္းလုံးငွါးထားသည့္ကားႏွစ္စီးျဖင့္ ဘုန္းႀကီးေက်ာင္းသို႔ သြားၾက၏။
ဘုန္းႀကီးေက်ာင္းရွိ ကေလးမ်ားမွာ ငယ္စဥ္ကတည္းက မိဘမရွိသူမ်ားသာမက မိဘရွိလ်က္ႏွင့္ အဆင္မေျပ၍ ပို႔ထားၾကေသာ ကေလးမ်ားလည္းပါသည္။ တခ်ိဳ႕မွာ မိဘမ်ားက စစ္ေဘးေရွာင္နိုင္ရန္ ပို႔ထားျခင္းဟူ၍လည္း သိရသည္။ ဤကေလးမ်ားကို ေက်ာင္းထိုင္ဘုန္းဘုန္းႀကီးမွ တာဝန္ယူ၍ စာသင္၊ ထိန္းေက်ာင္းေပးေနျခင္းပင္။ ေက်ာင္းထိုင္ဘုန္းဘုန္းအား ဝတၳဳေငြမ်ား ဆပ္ကပ္ၿပီး ညေနေစာင္းတြင္ေတာ့ ကေလးမ်ားအား ညေနစာေကၽြးရင္း ႀကိဳတင္ပို႔ထားၿပီးျဖစ္သည့္ အဝတ္အထည္ႏွင့္ ေက်ာင္းသုံးပစၥည္းမ်ား လွူျဖစ္ၾကသည္။
ကေလးမ်ားဘဝအား ဂ႐ုဏာသက္မိရင္း ခန့္ခန့္ ကိုယ့္အပူကိုယ္ပင္ ေမ့ေနမိေတာ့သည္။ လူႀကီးမွသူ႔အား မနက္စထြက္လာကတည္းက စကားကို ဟုတ္တိပတ္တိမေျပာေခ်၊ မိဘေတြေရွ႕တင္သာ ေမးတစ္ခြန္း၊ ေျပာတစ္ခြန္းရွိ၍ ခန့္ခန့္ မ်က္ႏွာပ်က္ေနမိေလသည္။ မမရြယ္ပင္လၽွင္ သူ႔ကို ရိပ္မိ၍ ေမးေန၏။ မိဘမ်ားကေတာ့ သည္တိုင္းမသိခ်င္ေယာင္ ေဆာင္ေနေပးၾကသည္ ထင္ရတာပင္။
"မိေရ ... ခန့္ခန့္ေလး မ်က္ႏွာမေကာင္းဘူးထင္တယ္ေနာ္၊ ခရီးပမ္းလို႔လား ဒီကေလး"
ေဒၚၾကည္ျပာမွ ကေလးငယ္မ်ားအား ေငးၾကည့္ေနေသာ ေဒၚမိမိနိုင္ရွိရာသို႔ ကပ္ေျပာလာျခင္းျဖစ္သည္။
"ဘာမွမျဖစ္ဘူး မမေရ။ မေန႔ညက သူအိမ္ျပန္ေနာက္က်လို႔ ေဇယ်ာ ဆူထားတာပဲျဖစ္မယ္။ ေကာင္းတယ္၊ မိကေတာ့ အားေပးတယ္။ ေဇယ်ာကပါ တအားအလိုလိုက္ထားေတာ့ ဒီကေလးက ဟိုအိမ္ခၽြဲ၊ ဒီအိမ္ခၽြဲနဲ႔ ကေလးလိုပဲ တစ္သက္လုံးဆိုးေနေတာ့မွာ။ ခုလိုေလး ဆူေပးဦးမွ၊ ဒါမွ တစ္သက္လုံးမွတ္မွာ။ ထားလိုက္ မမ"
"ဟုတ္ေရာဟုတ္ရဲ့လားေနာ္၊ ခရီးထြက္လာပါတယ္ဆို ကေလးက မ်က္ႏွာမေကာင္း၊ ဘယ္စိတ္ခ်မ္းသာပါ့မလဲေလ"
ခန့္ခန့္ ဆူခံထားရ၍ အရယ္အျပဳံးမရွိ႐ုံသာမက အစားလည္းသိပ္မစားတာမို႔ ေဒၚၾကည္ျပာ စိတ္ပူမိသည္မွာအမွန္။ ေဒၚမိမိနိုင္ကေတာ့ ကိုယ့္သားအေၾကာင္းကိုယ္သိတာမို႔ မသနားသည့္အျပင္ ေဇယ်ာကို အားေပးအားေျမႇာက္လုပ္သည္။
"ခဏပါ မမရယ္"
"ဒါေပမဲ့ မျဖစ္ပါဘူး။ Amata ေရာက္ရင္ေတာ့ သားႀကီးကို ေခ်ာ့ခိုင္းမွပါ။ ဘယ့္ႏွယ္ ကေလး သနားပါတယ္၊ အစားလည္းစားဦးမွေပါ့။ ခုလည္းၾကည့္ပါဦး၊ မ်က္ႏွာငယ္ေလးနဲ႔ သူ႔အဖြားနားက မခြါရွာဘူး"
ဟုတ္ေတာ့လည္းဟုတ္သည္။ ရွစ္ေယာက္ထြက္လာသည့္ ခရီးစဥ္တြင္ အေဖႏွစ္ေယာက္မွာတစ္တြဲ၊ အေမႏွစ္ေယာက္ႏွင့္ ရြယ္ကတစ္တြဲ၊ အဘြာဍျဖစ္သူႏွင့္ ခန့္ခန့္မွာ တစ္တြဲ၊ ေဇယ်ာကေတာ့ ဖာသီးဖာသာ ေနေလသည္။ ပူပူေႏြးေႏြး မဂၤလာေဆာင္ထားသည့္အတြဲက စကားပင္ ေကာင္းေကာင္းမေျပာျဖစ္ၾက။
ေဇယ်ာသည္လည္း ခန့္ခန့္ မ်က္ႏွာမေကာင္းမွန္း သိရွာသည္။ ထမင္းလည္း ေကာင္းေကာင္းမစားသလို၊ စိတ္ေထာင္းကိုယ္ေၾကႏွင့္ ႏြမ္းနယ္ေနပုံလည္းရသည္။ အနီးကပ္ေစာင့္ေရွာက္ကာ ေထြးေပြ႕ခ်င္ေသာ္ျငား သူအားတင္းထားသည္။
သူခ်စ္ရသည့္ကေလးကို ရင့္က်က္ေစခ်င္သည္၊ ကိုယ့္ၾကင္ဖက္အေပၚ ယုံၾကည္ေစခ်င္သည္၊ တိုင္ပင္ေစခ်င္သည္။ အိမ္ေထာင္မွုတစ္ခု၏ အဓိပၸါယ္ကို နားလည္ေစခ်င္သည္။ ဤသည္မွာ သူ႔စိတ္ရင္းအမွန္ျဖစ္ၿပီး ခန့္ခန့္ အေပၚ တမင္ညႇင္းဆဲထားျခင္းမ်ိဳးလည္း မဟုတ္ပါေခ်။
..........................
ညေနေစာင္းသည္ႏွင့္ ေက်ာင္းထိုင္ဘုန္းဘုန္းအပါအဝင္ ကေလးမ်ားအားလုံးကို ႏွုတ္ဆက္ကာ ဟိုတယ္သို႔ ထြက္ခြါခဲ့ၾကသည္။ ဟိုတယ္ေရာက္ခ်ိန္တြင္ေတာ့ ေနဝင္သြားၿပီျဖစ္၍ အားလုံးေရထဲမဆင္းျဖစ္ၾက။ ကိုယ္စီ ေရခ်ိဳး၊ အဝတ္အစားလဲကာ ညစာသာ တူတူစားၾကသည္။ ထို႔ေနာက္ ကမ္းေျခတြင္ ေလညႇင္းခံလမ္းေလၽွာက္ၾကရင္း ည၏လွပမွုကို ခံစားျဖစ္ၾက၏။
ေဇယ်ာမွာေတာ့ သူငယ္ခ်င္းတစ္ေယာက္ ငပလီေရာက္ေနတာမို႔ ခဏသြားေတြ႕မည္ေျပာကာ ထြက္သြားခဲ့သည္။ သူ႔ကိုပင္ လိုက္၊ မလိုက္ မေမးသြားျခင္းေၾကာင့္ ခန့္ခန့္ ရင္နာမိသည္။
တကယ္ဆို သူလည္း တမင္တကာ လိမ္ခဲ့ျခင္းမ်ိဳးမွမဟုတ္တာ။ လူႀကီး ထိမ္ခ်ိန္ထားသည့္ကိစၥကို သိခ်င္႐ုံသက္သက္သာ ရွိခဲ့သည္။ သို႔ေသာ္ အျပစ္ရွိသည္မို႔ သူ ေတာင္းပန္ၿပီးတာေတာင္ ဒီလူႀကီးက အမွတ္သည္းေခ်ႀကီးကာ သူ႔အား ပစ္ပစ္ခါခါဆက္ဆံသည္။ စိတ္ထဲလည္း အေတာ္မေကာင္းျဖစ္ရ၏။
မိဘမ်ား အခန္းကိုယ္စီသို႔ ဝင္ကုန္ၾကေသာ္လည္း ခန့္ခန့္မွာေတာ့ တစ္ေယာက္တည္းရွိေနမည္ျဖစ္ေသာ အခန္းထဲသို႔ မဝင္ျဖစ္ေခ်။ အထီးက်န္ရတာျခင္းတူလၽွင္ေတာင္ ၾကယ္ေပါင္းစုံရွိသည့္ေကာင္းကင္ႀကီးကို သူ ေငးၾကည့္ေနခ်င္သည္၊ ပင္လယ္မွ လွိုင္းသံတို႔အား အားပါးတရ နားေထာင္ခ်င္မိသည္။
လြန္ခဲ့ေသာ သုံးႏွစ္ဆီက ဤသို႔ ကမ္းေျခတြင္ အထီးက်န္စြာ ထိုင္ေနသည့္သူမွာ လူႀကီးျဖစ္ခဲ့ၿပီး စိုးရိမ္တႀကီးျဖင့္ လာေခၚသူမွာ ခန့္ခန့္ ျဖစ္ခဲ့သည္။ ယခုတြင္ေတာ့ အေျခအေနက ေျပာင္းျပန္လွည့္ကာ သူထိုင္ေနရေလၿပီ၊ လာေခၚမည့္သူမွာေတာ့ ရွိမေနခဲ့။
ခန့္ခန့္ အေတြးနယ္ခ်ဲ့ေနစဥ္ ႐ုတ္တရက္ မီးရွူးမီးပန္းမ်ား ေကာင္းကင္ယံေတြ လွပစြာ ကြန့္ျမဴးလာၾက၏။ သစ္သားထိုင္ခုံရွည္ေပၚတြင္ ေက်ာမွီလ်က္လဲေလ်ာင္းေနေသာ ခန့္ခန့္တစ္ေယာက္ အေမာထၾကည့္ကာ မီးပန္းလာရာကို ရွာၾကည့္မိသည္။ သူ႔၏ညာဖက္ယြန္းယြန္းတြင္ရွိေသာ ယူနီေဖာင္းႏွင့္ ဟိုတယ္ဝန္ထမ္းမ်ား ေဖာက္ေနၾကျခင္းပင္။
ဟူး။
'လူႀကီးမဟုတ္သည္' ကို ျမင္လိုက္ရ၍ စိတ္ညစ္သြားသည္ထက္ 'လူႀကီးျဖစ္မည္' ဟု ထင္လိုက္မိေသာ မိမိကိုယ္ကို ပိုစိတ္ပ်က္မိသြားသည္။ တစ္ၿပိဳက္နက္တည္း ဝမ္းနည္းစိတ္ႏွင့္အတူ မ်က္ရည္တို႔လည္း စီးက်လာကုန္၏။
"ေဟး"
ေထာင္ထားသည့္ဒူးႏွစ္ဖက္ေပၚ ေခါင္းေမွာက္ကာ ငိုေနေသာေကာင္ေလးမွ ႐ုတ္တရက္ အံ့ဩဟန္ျဖင့္ ေမာ့ၾကည့္လာ၏။
"လူႀကီး"
အသံျပဳလာေသာ လူႀကီး၏ မ်က္ႏွာသြင္ျပင္မွာ အျပဳံးအရယ္တစ္ခ်က္မရွိတာမို႔ ခန့္ခန့္ ပိုဝမ္းနည္းသြားမိသည္။ ဘာလဲ .. လာထိုင္ေနလို႔ဆိုၿပီး ဆူဦးမွာပဲလား။
"ခဏပဲထိုင္ေနတာ၊ ၿပီးက်ဝင္မွာ။ လာဆူမေနနဲ႔"
"ဟာ ... ဘလိုင္းႀကီးပါလား။ ကိုယ္ ဘယ္မွာဆူေနလို႔လဲ"
"အခန္းထဲမဝင္ေသးလို႔ အဲစူပုတ္ပုတ္မ်က္ႏွာႀကီးနဲ႔ လာဆူတာမလား"
ခန့္ခန့္ သူထင္ရာဆြဲေျပာပစ္လိုက္သည္။ သည္တစ္ခါေတာ့ အဆူမခံရခင္ သူ အရင္ႀကိဳေျပာထားရမည္။
"မဟုတ္ပါဘူး၊ မီးပန္းေဖာက္ျပတာ လွရဲ့လား ေမးမလို႔ပါ"
ခန့္ခန့္ ေၾကာင္သြားသည္၊ ဒါဆို ခုနက...။
"ခုနက မီးပန္းက လူႀကီးေဖာက္ခိုင္းတာလား၊ ဟုတ္လို႔လား"
"ၾကည့္ မယုံျပန္ဘူး။ ခင္ဗ်ားေလး မီးပန္းၾကည့္ရတာႀကိဳက္မွန္းသိလို႔ ငပလီမွာ မရရေအာင္ရွာဝယ္ေနရလို႔ ၾကာေနတာ။ ရန္ကုန္က ဝယ္ခဲ့မလို႔ လုပ္ေပမဲ့ ေလယာဥ္က အသယ္မခံဘူးေလ"
ဒါဆိုတကယ္လူႀကီးပင္။ သူ႔ကိုစိတ္ဆိုးေနသည္ ထင္ထားရင္းက မီးပန္းမ်ားႏွင့္ လာေခ်ာ့ေနျပန္သည္။ သို႔ေသာ္ ရန္ကုန္ကတည္းကဆိုလၽွင္၊
"ဒါဆို ရန္ကုန္ကတည္းက စိတ္မဆိုးဘဲ လူကို တမင္ညႇင္းဆဲထားတာေပါ့"
"အာ!"
ေဇယ်ာ ရပ္ေနရာမွ ခန့္ခန့္ေဘးသို႔ ဝင္တိုးထိုင္ရင္း ပုခုံးေလးအားဖက္ရင္း၊
"မဟုတ္ဘူးေလ"
"ဘာမဟုတ္တာလဲ"
"အင္း ဟုတ္ေတာ့ဟုတ္ပါတယ္။ ဒီကိစၥကေန သင္ခန္းစာရေအာင္ ခဏပစ္ထားတဲ့သေဘာေပါ့"
"ဪ..."
အသံႏွင့္အတူ အားပါပါ လက္သီးတစ္ခ်က္ကလည္း ေဇယ်ာ့ဝမ္းဗိုက္ဆီသို အရွိန္ႏွင့္က်ေရာက္သြား၏။
"နာတယ္။ မလုပ္ပါနဲ႔ကြာ။"
"ေနာက္ခါလူကို ပစ္ထားရဲပစ္ထားၾကည့္"
ဘုကလန့္ၾကည့္ကာ ေျပာေနသည့္ထိုကေလးမွာ ခ်စ္စရာအတိ။
"ခ်စ္လြန္းလို႔ပါကြာ၊ ၿပီးေတာ့ အိမ္ေထာင္တစ္ခုမွာ ယုံၾကည္မွုဆိုတာ အေရးႀကီးဆုံးပဲ။ အဲ့ဒါေလးကို ကေလး ေသခ်ာနားလည္မိေစခ်င္လို႔ ပစ္ထားတာပါ။ ေနာက္ၿပီး ကေလးကို ျမင္ေနရက္နဲ႔ ဂ႐ုစိုက္မေပးရတာ ကိုယ့္အတြက္လည္း နာက်င္ရပါတယ္ကြာ။ တမင္ညႇင္းဆဲတာမဟုတ္ဘူးေနာ္၊ ကိုယ့္ကိုနားလည္ေပး"
ေဇယ်ာက ခန့္ခန့္ဆံစေလးမ်ားအား ပြတ္သပ္ေပးရင္း တစ္ခ်က္ခ်င္းနားဝင္ေအာင္ေျပာ၏။
"အင္း သေဘာေပါက္ပါၿပီ။ ေနာက္ဆို လိမ္မေျပာဘဲ ဘာကိစၥေနေနတိုင္ပင္ပါ့မယ္။ အျမဲလည္းယုံၾကည္ပါမယ္ေနာ္။ ပစ္ေတာ့မထားနဲ႔၊ မေနတတ္ဘူး"
သူ႔ကိုၾကည့္ကာေျပာေနသည့္ ခန့္ခန့္၏နဖူးျပင္ေလးအား အသာနမ္းရွိုက္လိုက္၏။
"ဟာ!"
အသံမွာ ေဇယ်ာေရာ၊ ခန့္ခန့္ဆီကပါ ဟုတ္မေန။ ေဇယ်ာ ေနာက္လွည့္ၾကည့္ပါမွ သူမွာထားေသာ ဟိုတယ္ဝန္ထမ္း ေရာက္ေနေလသည္။
"ဪ ညီေလး ... ရခဲ့ၿပီလား"
ေဇယ်ာ လူမိသြားသည့္အျဖစ္ကို မသိဟန္ေဆာင္ကာ ရွက္ရွက္ႏွင့္ေမးလိုက္ရျခင္း။
"ဟုတ္၊ ဒါကပိုတဲ့ပိုက္ဆံပါ"
ကမ္းလာေပးေသာ ေဖာ့ဘူးအား သူ လွမ္းယူလိုက္ရင္း၊
"ရတယ္၊ ယူလိုက္ေတာ့ ညီေလး။ ေက်းဇူးပါကြာ"
ဝန္ထမ္းေကာင္ေလး ထြက္သြားၿပီးေနာက္မွ ခန့္ခန့္ အသံျပန္ထြက္လာသည္။
"ဘာေတြလဲ။ ဟင္! ဂဏန္းအနံ႔ရတယ္။ ဂဏန္းခ်ဥ္စပ္ေတြလား လူႀကီး"
Surprise လုပ္မည့္ႀကံထားသည့္ ေဇယ်ာ့အစီအစဥ္ ပ်က္သြားျပန္သည္။
"အနံ႔ခံကလည္း ေကာင္းလိုက္တာကြာ၊ ဘာသတၱဝါေလးမို႔လိုလဲ"
"ခင္ဗ်ားႀကီးေနာ္"
"ေဟး လူႀကီးကို ဘယ္လိုေတြေခၚေနတာလဲ။ မေကၽြးဘဲေနမွာေနာ္"
ခန့္ခန့္ လွမ္းယူဟန္ျပင္ေနေသာ ေဖာ့ဘူးအား ေဇယ်ာ ေနာက္ျပန္ယူထားလိုက္သည္။
"ေကၽြးပါ စားခ်င္တယ္၊ ဘယ္တုန္းကဝယ္ခိုင္းလိုက္တာလဲ"
"ဟင္း ခင္ဗ်ားေလး ညေနက ထမင္းဘာမွမစားလို႔ ဝယ္ခိုင္းလိုက္တာ။ ၿပီးရင္ေတာ့ ေဆးေသာက္ရမွာေနာ္"
"အင္းပါ၊ ျမန္ျမန္သြားစားရေအာင္လာ"
ႏွစ္ေယာက္သား ခါးခ်င္းဖက္ကာ ေလၽွာက္သြားၾကသည္မွာ တစ္ေနကုန္ စကားမေျပာထားၾကသည့္သူတို႔ မဟုတ္သည့္ႏွယ္။
.....................
မနက္ခင္း ေနေရာင္ျခည္ေႏြးေႏြးတို႔ျဖင့္ ႏွစ္ဦးသား ၾကည္ႏူးစြာ နိုးထလာၾက၏။ တစ္ေယာက္ရင္ဘတ္ေပၚ တစ္ေယာက္တက္ေနကာ မထျဖစ္ၾကေသးဘဲ က်ီစယ္ေနၾကသည္။
"Kiss"
"မေပးခ်င္ဘူး"
"အဲဒါဆို မနက္ခင္း တစ္ပြဲတစ္လမ္းႏႊဲခ်င္တာေပါ့"
စကားႏွင့္အတူ လက္တစ္စုံ၏ ဆြဲလွည့္လိုက္မွုေၾကာင့္ ႏွစ္ကိုယ္သား အေပါက္ေအာက္ ေျပာင္းျပန္ျဖစ္သြားသည္။
"အာ...အာ၊ မလုပ္နဲ႔ေနာ္"
"နမ္းမွာလား"
"နမ္းမယ္"
ႏွုတ္ခမ္းလႊာႏွစ္ခု ဂေဟဆက္ၾကျပန္ပါသည္။
သာယာေသာ နံနက္ခင္း။
တိုက္ခတ္ေနေသာ လွိုင္းသံ။
ေႏြးေထြးလွေသာ ေနေရာင္ျခည္။
ေႏွာင္ႀကိဳးတို႔ ရစ္သိုင္းေနေသာ ထိုၾကင္သူႏွစ္ဦး။
အားလုံးက သာယာၾကည္ႏူးသည့္သေဘာကိုသာ ေဆာင္ၾကဥ္းေန၏။ ထိုသည္သာမက လွပေသာ အနာဂတ္ခရီးကလည္း ၾကင္သူႏွစ္ဦးအား ကမ္းလင့္ကာ ႀကိဳေနေလၿပီ။
ခ်စ္ၾကသူတိုင္းကိုယ္စီ
ေႏွာင္ႀကိဳးတို႔ ရစ္သိုင္းပါေစေသာ္ဝ္...။
18/12/2020
💛💛💛💛💛
ခ်စ္ခင္ေလးစားလ်က္၊
~ Fi ~
••••••••••••••••••••••••••••••••••••••••••
Bạn đang đọc truyện trên: Truyen3h.Co