Part-2
<Unicode>
ပြည်လမ်းမကြီးတစ်လျှောက် ကားအသွယ်သွယ်တို့ ပိတ်ညပ်နေသည်။ ခပ်ဖြည်းဖြည်းတိုးနေရသော်လည်း တစ်နေရာမှတစ်နေရာသို့ တော်တော်နှင့်မရွေ့နိုင်။ အပျင်းပြေ FM လေးကောက်ဖွင့်ကြည့်တော့ အဆိုတော်ဘိုဖြူ၏အသံက အေးအေးငြိမ့်ငြိမ့်။ သူကတော့ မြေနီလမ်းသီချင်းနှင့်ဆန့်ကျင်ဘက် မြို့ပြက လမ်းမပေါ်ရောက်နေချေသည်။ လေအေးပေးစက်ကို အနည်းငယ်ပြန်လျှော့ရင်း လက်ကနာရီကိုကြည့်မိတော့ အချိန်ကား ၉နာရီထိုးလုဆဲဆဲ။
သည်လိုကားပိတ်ပုံမျိုးကြောင့် စောထွက်လာခဲ့တာ ဟိန်းဇေယျာ မှန်သွားလေပြီ။ အများနှင့်တက်ရမည့်အတန်းမို့ နောက်ကျနေတာမျိုး သူမဖြစ်စေချင်။ ဆရာအရင်တော့ ရောက်နေမှဖြစ်မည်။ စာအုပ်ကြီးသမားလို့ပဲ ဆိုလေမည်လား၊ ကျောင်းသားအရွယ်ကတည်းက အချိန်တိကျတတ်တာ သူ့အကျင့်တစ်ခုဖြစ်သည်။
ကိုယ်တိုင်တင်ပဲလားဆိုတော့လည်းမဟုတ်။ အလုပ်တွင်လည်း ဝန်ထမ်းတွေအား အလုပ်ဝင်ချိန်၊ ဆင်းချိန် မှန်ကန်အောင်သေချာကျင့်ပေးထားသည်။ ၉နာရီထိုးလို့မှ အဝင်တွင်လက်ဗွေမနှိပ်ရသူသေးများအား HR က မှတ်သားထားပြီးသား ဖြစ်လေသည်။ ဒါတင်မဟုတ် စောလာတတ်သူများကိုလည်း မှတ်သားတတ်ပြီး ဆုပေး၊ ဒဏ်ပေးတာမျိုး ကျင့်ပေးထား၏။ ဒါမို့ တချို့ဝန်ထမ်းတွေ စည်းကမ်းတင်းကျပ်သည့် ဇေယျာ့လက်အောက်တွင် အလုပ်မလုပ်နိုင်ကြပါပေ။
ထိုအချိန် ကားအံကလေးထဲတွင် ထည့်ထားသောဖုန်းက တဂျွီဂျွီမြည်လာချေသည်။ တစ်ချက်ငုံ့ကြည့်လေတော့ ထင်ထားသည့်အတိုင်း ဖေဖေပင်။ မနက်က သူထွက်လာခဲ့တော့ ဖေဖေမနိုးသေး၊ မေမေနှင့် ညီမလေးရွယ်ရွယ်သာ မီးဖိုခန်းထဲ တကုပ်ကုပ်ရှိလှသည်။
"ဟုတ် ဖေဖေ"
"အေး မင်း သင်တန်းသွားတက်တာဆို ... ထူးထူးဆန်းဆန်း"
အသက်၂၇နှစ်ပြည့်ပြီးကာမှ သင်တန်းလေးတစ်ခုဝင်တက်သည်က သူ့အိမ်အတွက်တော့ အထူးအဆန်းဖြစ်နေကြပုံရသည်။ ရူပဗေဒနှင့်ကျောင်းပြီးခဲ့သူက အိမ်အလုပ်တွင်သာ တစ်စိုက်မတ်မတ်ရှိခဲ့တာပင်။
"ထက်မြက်ညွှန်းပေးတဲ့ Management သင်တန်းလေးပါ ဖေဖေရာ။ လူလတ်ပိုင်းတွေ တက်ကြပါတယ်။ ခုလိုစာတွေ့လေးပါတတ်ထားတော့ ဖေဖေ လုပ်ငန်းအတွက် ပိုအကျိုးမရှိပေဘူးလား ကဲ!"
"အင်း၊ ဒါပေါ့ ဒါပေါ့။ ငါက မင်းနားရက်မရှိဘဲ ပင်ပန်းမှာစိုးလို့ပြောတာ။ ဒါဆိုလည်း ကြည့်မြင့်တိုင်ဆိုင်ကို အဖေသွားလိုက်မယ်"
"ရတယ်လေ၊ အဲမှာမင်းမင်း ရှိလိမ့်မယ်"
အသက် ၂၇နှစ်အရွယ်ဆိုသော်ငြား ဟိန်းဇေယျာသည် အလုပ်လုပ်လျှင် တည်ကြည်ပြတ်သားပြီး စည်းစနစ်ကျလွန်းသူ စာအုပ်ကြီးသမားဖြစ်သည်။ ဒါမို့လည်း ဖခင်ကသူ့ကို ယုံကြည်အားထားရတာပင်။ ဆိုင်ခွဲတွေလှည့်ထိုင်ရတာများသော်လည်း သူ့တာဝန်နှင့်သူ ရှိကြပြီးသားမို့ အတန်းသွားတက်လည်း သိပ်ထူးထွေအလုပ်မရှုပ်ပေ။
သူ တဖြည်းဖြည်းတိုးမောင်းခဲ့ရင်း ၉နာရီခွဲပြီးချိန်တွင်တော့ တက်ရမည့်သင်တန်းသို့ ရောက်ခဲ့သည်။ ကားကိုအကျအနရပ်ပြီး Note စာအုပ်ကိုင်ကာ ထွက်ခဲ့၏။ သင်တန်းရှေ့ဝင်ခါနီးမှ ခပ်ထင်းထင်းရှိသော မျက်လုံး၊ မျက်ခုံးတို့ မှေးကျုံ့သွားလေတာ သိသိသာသာ။ ဖေဖေ့ကိုသာ လူလတ်ပိုင်းတွေ တက်ကြပါတယ်ဟု ပြောခဲ့သည်။ အခုဖြင့် သည်အရွယ်ကြီးမှ စာပြန်သင်ရမည်ကို တွေးကြည့်တော့ ခံစားချက်ကတစ်မျိုးတစ်ဖုံ။
သင်တန်းရှေ့တည့်တည့်တွင် ၆ပေခန့်ရှည်သည့်အရပ်ကြီးနှင့် နဖူးကြောတွေရှုံ့အောင် မတ်တပ်ရပ်တွေးနေပုံကြောင့် တချို့ကကြည့်သွားကြလေပြီ။ သူလည်း သည်တော့မှ မျက်ခုံးလေးပြန်ပင့်ရင်း ရောဝင်ခဲ့ရလေ၏။
ဟိန်းဇေယျာ အတန်းကိုရောက်တော့ ၁၅မိနစ်ပင် စောနေသေးသည်။ အတန်းပထမဆုံးနေ့မို့ နှစ်ယောက်တွဲခုံတွေထဲက ထိုင်စရာနေရာစရွေးရတော့ လူရှင်းသည့်အနောက်ဆုံးခုံမှာပင် ကပ်ထိုင်လိုက်သည်။ ခဏကြာတော့ အသက်၅၀လောက်ရှိမည့် ဝဝဖိုင့်ဖိုင့် ဆရာတစ်ယောက်ဝင်လာသည်။ ဝင်ဝင်ချင်း စာမသင်သေးဘဲ တစ်ယောက်ချင်းမိတ်ဆက်ခြင်းအမှုကို ပြုစေ၏။ နယ်ပယ်ပေါင်းစုံကလူတွေ လာတက်ကြတာမို့ အချင်းချင်း Network တစ်ခုရပြီး သူ့စီးပွါး၊ ကိုယ့်စီးပွါး ကူညီကာ ရောင်းဝယ်ဖောက်ကားစေချင်သည်ဟု ဆိုသည်။
ကျွီ!
ဆရာဝင်ပြီး မိနစ်၂၀လောက်ကြာမှ တံခါးဖွင့်ဝင်လာသော ထိုအသံ...။
အားလုံး၏အကြည့်တွေက တံခါးဝဆီရောက်တော့ ကလေးတစ်ယောက်ပုံသဏ္ဌာန်။ လူကောင်သေးသေး၊ အသားဖြူဖြူနှင့် သေချာပေါက် အသက်၂၀တောင် မပြည့်လောက်သေးသည့် ချာတိတ်လေး။ သည်အရွယ်ကလည်း သည်အတန်းတွင် တက်လေသလား။ ဘယ်လိုပဲဖြစ်ဖြစ် အတော်နောက်ကျမှ ရောက်လာတာကတော့ အတော်ရုပ်ပေါက်လွန်းသည်။
ဆရာမို့ ဝင်ခွင့်ပြုပေးလေတာ၊ သူသာဆရာဆို အတန်းထဲကို အဝင်မခံဘူးဟု ဇေယျာ ညစ်ကျယ်ကျယ်တွေးလိုက်မိတာပင်။
ဘယ်နှယ့် စာသင်ရမည့်သူက နောက်ကျရတယ်လို့ ... ဇေယျာ ကိုယ့်အတွေးနှင့်ကိုယ်ရှိနေခိုက် ဘေးကဝင်ထိုင်လာသည်မှာ ထိုနောက်ကျသည့်ကောင်လေး ဖြစ်သည်။ တယ်မျက်ကြောမတည့်ပါဘူးဆိုကာမှ သူ့ဘေးနားတွင် လာထိုင်သည့်အဖြစ်။
သိပ်မကြာလိုက်၊ ဇေယျာမိတ်ဆက်ဖို့ အလှည့်ရောက်လာတာမို့ ထွက်ဖို့ပြင်ရသည်။ သို့သော် အလိုက်တသိဖယ်မပေးဘဲ ငေးကြောင်နေသော ထိုချာတိတ်အား ချောင်းတစ်ချက်ဟန့်ကာ အသိပေးလိုက်ရသေး၏။
ဇေယျာ ကိုယ့်ကိုယ်ကိုမိတ်ဆက်ရတော့ အကျယ်ချဲ့မပြောဖြစ်ခဲ့။ ဖေဖေ့လုပ်ငန်းကို ကူလုပ်ကိုင်ပေးနေရသူအဖြစ်သာ ပြောလိုက်သည်။ တကယ်တော့ ဖေဖေမှာ လက်ရှိ branch အားလုံး သူ့ကိုအပ်ထားပြီး ဆောက်လုပ်ရေးပိုင်း ထပ်ချဲ့ဖို့သာ အာရုံရနေသူဖြစ်၏။ သူ့ကိုတော့ အလုပ်တွေပုံပေးပြီး ဖေဖေက ဝါသနာပါသည့်ဆောက်လုပ်ရေးပိုင်းတွင် အေးရာအေးကြောင်း။
ဇေယျာပြောပြီးနောက် စင်ပေါ်တက်သွားသည်က ထိုချာတိတ်။ ရှပ်ပျာပျာနိုင်လိုက်တာများ စင်ပေါ်အတက်ထိပင် ခလုတ်ကတိုက်နေသေးသည်။ ဒီလိုနမော်နမဲ့နိုင်တာမျိုးတွေ သူ မကြိုက်လှပါပေ။ ဝန်ထမ်းတွေကိုပင် ဧည့်သည်တွေရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သတိနှင့်အမြဲလုပ်ကိုင်တတ်ဖို့ မှာနေရသေးသည်။ နမော်နမဲ့နိုင်ခြင်းသည် ကိုယ့်လုပ်နေသည့်အရာပေါ်တွင် အလေးမထားဘဲ လုပ်ကိုင်ခြင်းကြောင့်ဟု မှတ်ယူသည်။
မေမေကတော့ ပြောရှာပါ၏။ ဘယ်သူမဆို သားစိတ်တိုင်းကျတော့ ဘယ်ဖြစ်မလဲတဲ့လေ။ သူဟာ သက်သက်အပေါက်ဆိုးသူများ ဖြစ်နေရော့သလား။
အတွေးတို့ကို ပြန်ရုတ်သိမ်းရင် ထိုချာတိတ်အပြောကို အများနည်းတူ နားစွင့်လိုက်သည်။ ကွန်ပျူတာတက္ကသိုလ်က တတိယနှစ်ကျောင်းသားဟုဆိုသည်။ လာတက်တာကလည်း အမေလွှတ်လိုက်လို့တဲ့လေ။ ဖြစ်နိုင်ပါသည် .. ဒီလိုရှပ်ပျာပျာပုံစံမျိုးက ကိုယ့်အသိစိတ်နှင့်ကိုယ် လာတက်သည်ဆိုတာဘယ်လိုမှမဖြစ်နိုင်။ နောက် ဒီလိုပုံစံနဲ့ရော အလုပ်ဘယ်လိုလုပ်ပါမည်လဲ။ ခက်ပါတယ်ဟုသာ ခေါင်းအသာရမ်းရင်း တွေးမိလိုက်သည်။
အချိန်နောက်ကျမှ ရောက်လာသော ထိုကောင်လေးအား ဟိန်းဇေယျာ ဘာကြောင့်မှန်းမသိ အလိုလို ကြည့်မရဖြစ်နေတော့၏။ ဒါတောင် ကိုယ့်ဝန်ထမ်းကလေးမဟုတ်၍ သူ့စိတ်ထဲ သိပ်မထည့်ဖြစ်ခြင်း။ ရှေ့ကလူတွေကတော့ သူ့ကို ချစ်စရာလေးလို့ ပြောနေသံတွေ ကြားရသည်။
"ကဲ အားလုံးလည်းမိတ်ဆက်ပြီးကြပြီဆိုတော့ ကျွန်တော်ကိုယ်ကျွန်တော်လည်း မိတ်ဆက်ပါမယ်"
အားလုံးပြီးသွားတော့ ဆရာက ရယ်ကျဲကျဲနှင့် သူ့ကိုယ်သူ ကျွန်တော်ဟုသုံးနှုန်းပြီး ပြောလာသည်။ ဒါသည်ပင် အတော်သဘောကျလေးစားမိစရာပဲမလား။ လူလတ်ပိုင်းတွေများတာမို့ ဆရာဟုမသုံးဘဲ ပညာရှိပီပီစကားကို ယဉ်ကျေးပျူငှါစွာပြောသည်။
"ကျွန်တော့်နာမည် ကျော်အောင်ပါ။ Dr. ကျော်အောင်ပေါ့လေ။ ကျွန်တော်က စာသင်တယ်ဆိုပေမယ့် သီအိုရီဆန်ဆန်တွေမပြောဘဲ လက်တွေ့လုပ်ငန်းခွင်တွေနဲ့ ဥပမာပေးပြီး သင်ပေးသွားပါမယ်၊ assignment ပေးစရာလိုတဲ့ သင်ခန်းစာဆို assignment ပေးပါမယ်၊ group work လိုတဲ့ခါမျိုးဆိုလည်း groupအလိုက် လုပ်ပေးရတာမျိုးတွေ ရှိပါမယ်။ အဆင်ပြေပါတယ်နော်။ ကဲ... ကျွန်တော်တို့ စလိုက်ကြရအောင်"
ဆရာက စာအသင်အပြလည်း ကောင်းပါ၏။ စာရှင်းရင်း လက်တွေ့အဖြစ်အပျက်များနှင့် ယှဉ်ပြသည်။ ဟာသလေးများလည်း ထည့်ပြောတာကို စာသင်ခန်းက ရယ်လိုက်မောလိုက်နှင့်။ ကနဦးသင်ခန်းစာ၏ Case Study တစ်ပုဒ်ပြီးချိန်တွင်တော့ သူတို့အဖို့ Coffee break ၁၀မိနစ်ပေးလေသည်။
ဆရာအပြင်ခဏထွက်တော့ အားလုံးကလည်း coffee ထွက်သောက်ကြ၊ မုန့်စားကြ၊ အချင်းချင်း မိတ်ဆက်စကားပြောကြနှင့် အပြင်စာပွဲဝိုင်းတွေတွင် လူစည်ကားနေသည်။ ဇေယျာကတော့ ဘယ်သူနဲ့မှ သိပ်မရောချင်တာမို့ Toiletခဏဝင်ပြီး နေရာမှာသာ ပြန်ဝင်ထိုင်နေလိုက်သည်။
ဘေးကကောင်လေးကလည်း coffeeခွက်ကိုင်ကာ ပြန်ဝင်လာပြီး ရသည့်အချိန်လေးကို ဂိမ်းဆော့နေလေရဲ့။ အခုခေတ်လူငယ်တွေများ သည်ဂိမ်းတွေကိုပဲ အချိန်ပြည့် ဆော့နေကြသည်။ သူ့အလုပ်မှာဆိုရင်တော့ ဆော့တာမြင်တာနှင့်တင် ချက်ချင်းခေါ်ဆူပြီးသားပင်။ ဒီချာတိတ်မြင်ရင်းက မဆီမဆိုင် ထိန်းရခက်သည့် ဝန်ထမ်းတွေအကြောင်း သတိရပြန်ပါသည်။ သူ HRM (Human Resource Management) အတန်းပါ ယူတက်လိုက်ရင် ကောင်းမလားမသိ။
..............
ခန့်ခန့်တစ်ယောက် ဂိမ်းဆော့ရင်း၊ ကော်ဖီသောက်ရင်းနှင့် အခန်းတွင်းပြန်ဝင်လာခဲ့သည်။ အရှေ့ခဏထွက်ကြည့်တော့ အသိလည်းမရှိ၊ အလုပ်အကိုင်လည်းမရှိနှင့် တစ်ယောက်တည်း အူလည်လည်ဖြစ်နေသည်။ ဒါမို့အထဲပြန်ထိုင်ရင်း ဂိမ်းဆော့လိုက်ဖို့သာ ဆုံးဖြတ်လိုက်၏။ သည်လိုနှင့် ခန့်ကိုခေါ်တာကြောင့် ဂိမ်းတစ်ပွဲထိုင်ဆော့ရင်း ကော်ဖီခွက်ပြန်အချတွင် လက်ချော်သွားမိသည်ကိုမသိလိုက်။ လျင်မြန်သောအဖြစ်အပျက်အတွင်း ကော်ဖီတွေမှာ ဘေးလူ၏စာအုပ်ဆီသို့ စီးကျကုန်လေသည်။
"ဟေး .. မင်းကော်ဖီတွေ ကိုယ့်ဘက်စီးလာပြီ။ ဘယ်လိုတွေလုပ်နေတာလဲကွ"
ထိုသို့အော်သံကြားချိန်မှ သတိပြန်ဝင်လာပြီး မျက်လုံးမျက်ဆန်ပြူး ဖြစ်ရတော့တာ ခန့်ခန့်တစ်ယောက်ပင်။
"ဟာ ... ဆောရီးပါဗျာ၊ တစ်ရှုး တစ်ရှုး"
ခန့်ခန့်မှာ ကော်ဖီခွက်ပြန်ထောင်လိုက်ရင်း ပါးစပ်က တစ်ရှုးထအော်သော်လည်း အိတ်ထဲတွင်ကရှာမတွေ့။ တကယ်တော့ ရှာလည်းအပိုပါပေ၊ တစ်ရှူးကို သူမှမဆောင်တတ်ဘဲ။ လုပ်မိလုပ်ရာလုပ်နေရင်း ထုံးစံအတိုင်း မျောက်မီးခဲကိုင်မိသလို ပျာယာတွေခတ်နေတာဖြစ်သည်။ ထိုအခိုက်-
"မောင်လေး ရော့၊ ဒီတစ်ရှူးလေးသုံးလိုက်။ လိုရင်အမမှာ ထပ်ပါသေးတယ် ယူ .. ယူ"
ရှေ့အတန်းမှ အမတစ်ယောက်ကလည်း သူ့အဖြစ်ကိုမြင်၍ တစ်ရှူးကမ်းလာပေးလေတော့ သူ့အတွေးမယ် မေခလာနတ်သမီးလေးအတိုင်း။
"ဟုတ် အမ၊ ကျေးဇူးပါဗျာ"
ခန့်ခန့် ကပျာကယာသုတ်နေပေမယ့် ဘေးလူ၏စာအုပ်မှာ ကော်ဖီတွေပေနေလေပြီ။ တရှုးရှုးတရှဲရှဲနှင့် စိတ်လည်းတိုနေပြီထင်၏။
"ဟို ... စာအုပ်က တော်တော်စိုသွားပြီ၊ အားနာလိုက်တာ။ ဖြစ်နိုင်ရင် ကျွန်တော့် Text book ကိုပဲ ယူလိုက်ပါလားဗျ။ နာမည်လည်း မတပ်ထားရသေးပါဘူး"
"ဖြစ်မလားကွ၊ ဒီမှာ တချို့တဝက်တောင် noteမှတ်ထားပြီးပြီ။ ထားလိုက်တော့ နောက်ခါ မဖြစ်စေနဲ့ကွာ"
ခန့်ခန့်မှာ ယို့ကျိုးစွာပြောနေသော်လည်း တစ်ဖက်သူက စိတ်ဆိုးဆိုးနှင့်သာ တုံ့ပြန်လာသည်။ ဘေးလူတချို့တောင် ကြည့်နေကြပြီမို့ ခန့်ခန့်တစ်ယောက် ရှက်ကလည်းရှက်၊ ဒေါသကလည်း ထွက်ရချေပြီ။ စာအုပ်ချင်းအတူတူ လှယ်ပေးမယ်ပြောတာတောင် အကြီးဖြစ်ပြီး သူ့ကိုအော်နေသည့်အဖြစ်။
ဇေယျာကမူ ထိုသို့တွေးသည်မဟုတ်။ ဒါသည် ရိုးရိုးဗလာစာအုပ်မဟုတ်ဘဲ ကိုယ်တိုင်တောင် ဝယ်ရခက်သည့်နိုင်ငံခြား Authorရဲ့ စာအုပ်မျိုးဖြစ်သည်။ ပြီးလျှင် သူ့လက်ရေးနှင့်မှတ်ပြီးသာ Note တချို့ကိုလည်း နှမြောတသနှင့်။ အဆိုးဆုံးက သူများစာအုပ်လည်း မလိုချင်တာပင်၊ ဘာအစွန်းရှိရှိ ကိုယ်ပိုင်ဆိုင်ထားသည်သာ ကိုယ်မြတ်နိုးတာမို့။
"ဟုတ်ကဲ့၊ ကျွန်တော် နောက်မဖြစ်စေရပါဘူး"
ခန့်ခန့်လည်း ဘောက်ဆတ်ဆတ်သာ ပြန်ပြောလိုက်သည်။ ပုံမှန်ဆို စိုင်းမင်းခန့်ဆိုတဲ့ကောင်က ခပ်ချေချေနေတတ်သူပါပေ။ သည်ကိစ္စက ကိုယ်မှားတာမို့ ဒီလောက်အဆင်ပြေအောင် တောင်းပန်နေတာကို ထိုသူကကြီးကျယ်လို့ပါပဲ။ ဒါမျိုးများ ဘယ်သူကဖြစ်ချင်ပါ့မလဲ။
"ကျွန်မကပဲ ကြားကတောင်းပန်ပါတယ်။ ဒီမောင်လေးလည်း မတော်တဆပဲဟာ"
ရှေ့ကအမပါ မဆီမဆိုင်ဝင်ပြောမှ ထိုလူက လေသံအေးအေး ထွက်လာသည်။
"ရပါတယ်"
မပြောချင်ပြောချင်နှင့် ထွက်လာသောအသံပါ။ သူလည်း သိပ်ဂရုစိုက်နေတတ်သူမဟုတ်။ နှစ်ယောက်ထိုင်ပေမဲ့ ထိုလူကို မျက်စိထောင့်စွန်းကနေတောင် မမြင်ချင်တာမို့ တစ်ဘက်ဆီထိ စောင်းထိုင်ချလိုက်သည်။ ပြီးမှသာ ရှေ့ကအမကို ပြန်ကြည့်မိတာဖြစ်၏။
"ဟို ... မောင်လေးက ဒေါက်တာမိမိနိုင်ရဲ့သားလားဟင်"
"ဟုတ်တယ်ဗျ၊ မေမေ့သားမှန်း ဘယ်လိုလုပ်သိ.."
လာပြန်ပါပြီ မေမေ့သား။ ဆရာ့အပြင် မေမေက ဘယ်သူတွေကိုပါ လျှောက်ပြောထားသေးတာပါလိမ့်။ စကားလာပြောနေသေးတာမို့ ဂိမ်းကဆက်ဆော့မရသေးဘဲ အပေါ်သာမော့ကြည့်နေရသည်၊ ခန့်ကိုကတော့ သူ့ကိုဆဲနေလောက်မည်မှာ မြေကြီးလက်ခတ် မလွဲပါပေ။
"ဪ ... ဆရာက မမနိုင်ရဲ့သားလို့လည်းပြော၊ ကျောင်းချင်းလည်းတူတော့ ဟုတ်များဟုတ်လေမလားလို့ပါ။ ပြီးတော့ ရုပ်လေးကလည်း တီချယ်နိုင်နဲ့တူတော့ မမကမှန်းပြီး မေးကြည့်တာ။ တီချယ်နိုင်က မမ ညီမလေးရဲ့ supervisorလေ၊ ခုသူက thesis ရေးနေတော့ မမလိုက်ပို့ရင်းကနေ တီချယ်နိုင်နဲ့ ခင်နေတာ"
"ဪ ဟုတ်လား။ မမနာမည်က"
"မေသက်ပါ၊ ခင်မေသက်"
ဆံပင်အညိုရောင်ဆိုးထားပြီး ရှေ့ချထားသောအမက ပျူငှါပါ၏။ စကားအပြောအဆိုလည်း သိမ်မွေ့တာမို့ သူလည်း ကောင်းကောင်းပြန်ပြောဖြစ်ပါသည်။
"ဟုတ် မမခင်မေသက်နဲ့တွေ့ခဲ့တယ်ဆိုပြီး မေမေ့ကို ပြောပြလိုက်ပါမယ်၊ ကျွန်တော့်ကို ကူညီတာလည်း ကျေးဇူးပါဗျ"
"ရပါတယ်ရှင် .. အကူအညီလိုရင်ပြောနော် မောင်လေး၊ မမလည်းဒီနားပဲထိုင်တာဆိုတော့"
"ဟုတ်ကဲ့ဗျ"
ဆရာပြန်ဝင်လာတော့ ခန့်ခန့်တို့ စကားစပြတ်သွားကြလေသည်။ ခန့်ခန့်စိတ်ထဲတော့ အခဲကြေလှတာမဟုတ်လှ။ အလုပ်အကိုင်နှင့် ပုံသဏ္ဌာန်အရ လူချမ်းသာဖြစ်ပြီး တည်ကြည်မည်ထင်ရသော်လည်း တကယ်ကဟုတ်မနေ။ သည်လူပြောလိုက်သည့် ကုမ္ပဏီနာမည်ကြားကတည်းက သူ့အခြေအနေကို သိလိုက်ပြီးသားဖြစ်သည်။ သိဆို သည်လူ့အဖေ၏ ဆိုင်ခွဲအားလုံးအတွက် Point-of-Sale software ပိုင်းတွင် ဖေဖေက တာဝန်ယူပေးထားတာမို့ပင်။
အတော်ချမ်းသာမည်မှန်း သိသော်လည်း သူ့အပေါ်သည်လောက်အပေါက်ဆိုးမှတော့ စိတ်ထဲမှာတော့ အမှတ်ကို လုံးဝသုညပေးထားလိုက်လေ၏။ နောက်နေ့ နေရာလွတ်ရှိရင် ပြောင်းကိုထိုင်ပစ်ဦးမည်။
(6/9/2020)
••••••••••••••••••••••••••••••••••••••
<Zawgyi>
ျပည္လမ္းမႀကီးတစ္ေလၽွာက္ ကားအသြယ္သြယ္တို႔ ပိတ္ညပ္ေနသည္။ ခပ္ျဖည္းျဖည္းတိုးေနရေသာ္လည္း တစ္ေနရာမွတစ္ေနရာသို႔ ေတာ္ေတာ္ႏွင့္မေရြ႕နိုင္။ အပ်င္းေၿပ FM ေလးေကာက္ဖြင့္ၾကည့္ေတာ့ အဆိုေတာ္ဘိုျဖဴ၏အသံက ေအးေအးၿငိမ့္ၿငိမ့္။ သူကေတာ့ ေျမနီလမ္းသီခ်င္းႏွင့္ဆန႔္က်င္ဘက္ ၿမိဳ႕ျပက လမ္းမေပၚေရာက္ေနေခ်သည္။ ေလေအးေပးစက္ကို အနည္းငယ္ျပန္ေလၽွာ့ရင္း လက္ကနာရီကိုၾကည့္မိေတာ့ အခ်ိန္ကား ၉နာရီထိုးလုဆဲဆဲ။
သည္လိုကားပိတ္ပုံမ်ိဳးေၾကာင့္ ေစာထြက္လာခဲ့တာ ဟိန္းေဇယ်ာ မွန္သြားေလၿပီ။ အမ်ားႏွင့္တက္ရမည့္အတန္းမို႔ ေနာက္က်ေနတာမ်ိဳး သူမျဖစ္ေစခ်င္။ ဆရာအရင္ေတာ့ ေရာက္ေနမွျဖစ္မည္။ စာအုပ္ႀကီးသမားလို႔ပဲ ဆိုေလမည္လား၊ ေက်ာင္းသားအရြယ္ကတည္းက အခ်ိန္တိက်တတ္တာ သူ႔အက်င့္တစ္ခုျဖစ္သည္။
ကိုယ္တိုင္တင္ပဲလားဆိုေတာ့လည္းမဟုတ္။ အလုပ္တြင္လည္း ဝန္ထမ္းေတြအား အလုပ္ဝင္ခ်ိန္၊ ဆင္းခ်ိန္ မွန္ကန္ေအာင္ေသခ်ာက်င့္ေပးထားသည္။ ၉နာရီထိုးလို႔မွ အဝင္တြင္လက္ေဗြမႏွိပ္ရသူေသးမ်ားအား HR က မွတ္သားထားၿပီးသား ျဖစ္ေလသည္။ ဒါတင္မဟုတ္ ေစာလာတတ္သူမ်ားကိုလည္း မွတ္သားတတ္ၿပီး ဆုေပး၊ ဒဏ္ေပးတာမ်ိဳး က်င့္ေပးထား၏။ ဒါမို႔ တခ်ိဳ႕ဝန္ထမ္းေတြ စည္းကမ္းတင္းက်ပ္သည့္ ေဇယ်ာ့လက္ေအာက္တြင္ အလုပ္မလုပ္နိုင္ၾကပါေပ။
ထိုအခ်ိန္ ကားအံကေလးထဲတြင္ ထည့္ထားေသာဖုန္းက တဂၽြီဂၽြီျမည္လာေခ်သည္။ တစ္ခ်က္ငုံ႔ၾကည့္ေလေတာ့ ထင္ထားသည့္အတိုင္း ေဖေဖပင္။ မနက္က သူထြက္လာခဲ့ေတာ့ ေဖေဖမနိုးေသး၊ ေမေမႏွင့္ ညီမေလးရြယ္ရြယ္သာ မီးဖိုခန္းထဲ တကုပ္ကုပ္ရွိလွသည္။
"ဟုတ္ ေဖေဖ"
"ေအး မင္း သင္တန္းသြားတက္တာဆို ... ထူးထူးဆန္းဆန္း"
အသက္၂၇ႏွစ္ျပည့္ၿပီးကာမွ သင္တန္းေလးတစ္ခုဝင္တက္သည္က သူ႔အိမ္အတြက္ေတာ့ အထူးအဆန္းျဖစ္ေနၾကပုံရသည္။ ႐ူပေဗဒႏွင့္ေက်ာင္းၿပီးခဲ့သူက အိမ္အလုပ္တြင္သာ တစ္စိုက္မတ္မတ္ရွိခဲ့တာပင္။
"ထက္ျမက္ညႊန္းေပးတဲ့ Management သင္တန္းေလးပါ ေဖေဖရာ။ လူလတ္ပိုင္းေတြ တက္ၾကပါတယ္။ ခုလိုစာေတြ႕ေလးပါတတ္ထားေတာ့ ေဖေဖ လုပ္ငန္းအတြက္ ပိုအက်ိဳးမရွိေပဘူးလား ကဲ!"
"အင္း၊ ဒါေပါ့ ဒါေပါ့။ ငါက မင္းနားရက္မရွိဘဲ ပင္ပန္းမွာစိုးလို႔ေျပာတာ။ ဒါဆိုလည္း ၾကည့္ျမင့္တိုင္ဆိုင္ကို အေဖသြားလိုက္မယ္"
"ရတယ္ေလ၊ အဲမွာမင္းမင္း ရွိလိမ့္မယ္"
အသက္ ၂၇ႏွစ္အရြယ္ဆိုေသာ္ျငား ဟိန္းေဇယ်ာသည္ အလုပ္လုပ္လၽွင္ တည္ၾကည္ျပတ္သားၿပီး စည္းစနစ္က်လြန္းသူ စာအုပ္ႀကီးသမားျဖစ္သည္။ ဒါမို႔လည္း ဖခင္ကသူ႔ကို ယုံၾကည္အားထားရတာပင္။ ဆိုင္ခြဲေတြလွည့္ထိုင္ရတာမ်ားေသာ္လည္း သူ႔တာဝန္ႏွင့္သူ ရွိၾကၿပီးသားမို႔ အတန္းသြားတက္လည္း သိပ္ထူးေထြအလုပ္မရွုပ္ေပ။
သူ တျဖည္းျဖည္းတိုးေမာင္းခဲ့ရင္း ၉နာရီခြဲၿပီးခ်ိန္တြင္ေတာ့ တက္ရမည့္သင္တန္းသို႔ ေရာက္ခဲ့သည္။ ကားကိုအက်အနရပ္ၿပီး Note စာအုပ္ကိုင္ကာ ထြက္ခဲ့၏။ သင္တန္းေရွ႕ဝင္ခါနီးမွ ခပ္ထင္းထင္းရွိေသာ မ်က္လုံး၊ မ်က္ခုံးတို႔ ေမွးက်ဳံ႕သြားေလတာ သိသိသာသာ။ ေဖေဖ့ကိုသာ လူလတ္ပိုင္းေတြ တက္ၾကပါတယ္ဟု ေျပာခဲ့သည္။ အခုျဖင့္ သည္အရြယ္ႀကီးမွ စာျပန္သင္ရမည္ကို ေတြးၾကည့္ေတာ့ ခံစားခ်က္ကတစ္မ်ိဳးတစ္ဖုံ။
သင္တန္းေရွ႕တည့္တည့္တြင္ ၆ေပခန႔္ရွည္သည့္အရပ္ႀကီးႏွင့္ နဖူးေၾကာေတြရွုံ႔ေအာင္ မတ္တပ္ရပ္ေတြးေနပုံေၾကာင့္ တခ်ိဳ႕ကၾကည့္သြားၾကေလၿပီ။ သူလည္း သည္ေတာ့မွ မ်က္ခုံးေလးျပန္ပင့္ရင္း ေရာဝင္ခဲ့ရေလ၏။
ဟိန္းေဇယ်ာ အတန္းကိုေရာက္ေတာ့ ၁၅မိနစ္ပင္ ေစာေနေသးသည္။ အတန္းပထမဆုံးေန႔မို႔ ႏွစ္ေယာက္တြဲခုံေတြထဲက ထိုင္စရာေနရာစေရြးရေတာ့ လူရွင္းသည့္အေနာက္ဆုံးခုံမွာပင္ ကပ္ထိုင္လိုက္သည္။ ခဏၾကာေတာ့ အသက္၅၀ေလာက္ရွိမည့္ ဝဝဖိုင့္ဖိုင့္ ဆရာတစ္ေယာက္ဝင္လာသည္။ ဝင္ဝင္ခ်င္း စာမသင္ေသးဘဲ တစ္ေယာက္ခ်င္းမိတ္ဆက္ျခင္းအမွုကို ျပဳေစ၏။ နယ္ပယ္ေပါင္းစုံကလူေတြ လာတက္ၾကတာမို႔ အခ်င္းခ်င္း Network တစ္ခုရၿပီး သူ႔စီးပြါး၊ ကိုယ့္စီးပြါး ကူညီကာ ေရာင္းဝယ္ေဖာက္ကားေစခ်င္သည္ဟု ဆိုသည္။
ကၽြီ!
ဆရာဝင္ၿပီး မိနစ္၂၀ေလာက္ၾကာမွ တံခါးဖြင့္ဝင္လာေသာ ထိုအသံ...။
အားလုံး၏အၾကည့္ေတြက တံခါးဝဆီေရာက္ေတာ့ ကေလးတစ္ေယာက္ပုံသဏၭာန္။ လူေကာင္ေသးေသး၊ အသားျဖဴျဖဴႏွင့္ ေသခ်ာေပါက္ အသက္၂၀ေတာင္ မျပည့္ေလာက္ေသးသည့္ ခ်ာတိတ္ေလး။ သည္အရြယ္ကလည္း သည္အတန္းတြင္ တက္ေလသလား။ ဘယ္လိုပဲျဖစ္ျဖစ္ အေတာ္ေနာက္က်မွ ေရာက္လာတာကေတာ့ အေတာ္႐ုပ္ေပါက္လြန္းသည္။
ဆရာမို႔ ဝင္ခြင့္ျပဳေပးေလတာ၊ သူသာဆရာဆို အတန္းထဲကို အဝင္မခံဘူးဟု ေဇယ်ာ ညစ္က်ယ္က်ယ္ေတြးလိုက္မိတာပင္။
ဘယ္ႏွယ့္ စာသင္ရမည့္သူက ေနာက္က်ရတယ္လို႔ ... ေဇယ်ာ ကိုယ့္အေတြးႏွင့္ကိုယ္ရွိေနခိုက္ ေဘးကဝင္ထိုင္လာသည္မွာ ထိုေနာက္က်သည့္ေကာင္ေလး ျဖစ္သည္။ တယ္မ်က္ေၾကာမတည့္ပါဘူးဆိုကာမွ သူ႔ေဘးနားတြင္ လာထိုင္သည့္အျဖစ္။
သိပ္မၾကာလိုက္၊ ေဇယ်ာမိတ္ဆက္ဖို႔ အလွည့္ေရာက္လာတာမို႔ ထြက္ဖို႔ျပင္ရသည္။ သို႔ေသာ္ အလိုက္တသိဖယ္မေပးဘဲ ေငးေၾကာင္ေနေသာ ထိုခ်ာတိတ္အား ေခ်ာင္းတစ္ခ်က္ဟန့္ကာ အသိေပးလိုက္ရေသး၏။
ေဇယ်ာ ကိုယ့္ကိုယ္ကိုမိတ္ဆက္ရေတာ့ အက်ယ္ခ်ဲ့မေျပာျဖစ္ခဲ့။ ေဖေဖ့လုပ္ငန္းကို ကူလုပ္ကိုင္ေပးေနရသူအျဖစ္သာ ေျပာလိုက္သည္။ တကယ္ေတာ့ ေဖေဖမွာ လက္ရွိ branch အားလုံး သူ႔ကိုအပ္ထားၿပီး ေဆာက္လုပ္ေရးပိုင္း ထပ္ခ်ဲ့ဖို႔သာ အာ႐ုံရေနသူျဖစ္၏။ သူ႔ကိုေတာ့ အလုပ္ေတြပုံေပးၿပီး ေဖေဖက ဝါသနာပါသည့္ေဆာက္လုပ္ေရးပိုင္းတြင္ ေအးရာေအးေၾကာင္း။
ေဇယ်ာေျပာၿပီးေနာက္ စင္ေပၚတက္သြားသည္က ထိုခ်ာတိတ္။ ရွပ္ပ်ာပ်ာနိုင္လိုက္တာမ်ား စင္ေပၚအတက္ထိပင္ ခလုတ္ကတိုက္ေနေသးသည္။ ဒီလိုနေမာ္နမဲ့နိုင္တာမ်ိဳးေတြ သူ မႀကိဳက္လွပါေပ။ ဝန္ထမ္းေတြကိုပင္ ဧည့္သည္ေတြရွိသည္ျဖစ္ေစ၊ မရွိသည္ျဖစ္ေစ သတိႏွင့္အျမဲလုပ္ကိုင္တတ္ဖို႔ မွာေနရေသးသည္။ နေမာ္နမဲ့နိုင္ျခင္းသည္ ကိုယ့္လုပ္ေနသည့္အရာေပၚတြင္ အေလးမထားဘဲ လုပ္ကိုင္ျခင္းေၾကာင့္ဟု မွတ္ယူသည္။
ေမေမကေတာ့ ေျပာရွာပါ၏။ ဘယ္သူမဆို သားစိတ္တိုင္းက်ေတာ့ ဘယ္ျဖစ္မလဲတဲ့ေလ။ သူဟာ သက္သက္အေပါက္ဆိုးသူမ်ား ျဖစ္ေနေရာ့သလား။
အေတြးတို႔ကို ျပန္႐ုတ္သိမ္းရင္ ထိုခ်ာတိတ္အေျပာကို အမ်ားနည္းတူ နားစြင့္လိုက္သည္။ ကြန္ပ်ဴတာတကၠသိုလ္က တတိယႏွစ္ေက်ာင္းသားဟုဆိုသည္။ လာတက္တာကလည္း အေမလႊတ္လိုက္လို႔တဲ့ေလ။ ျဖစ္နိုင္ပါသည္ .. ဒီလိုရွပ္ပ်ာပ်ာပုံစံမ်ိဳးက ကိုယ့္အသိစိတ္ႏွင့္ကိုယ္ လာတက္သည္ဆိုတာဘယ္လိုမွမျဖစ္နိုင္။ ေနာက္ ဒီလိုပုံစံနဲ႔ေရာ အလုပ္ဘယ္လိုလုပ္ပါမည္လဲ။ ခက္ပါတယ္ဟုသာ ေခါင္းအသာရမ္းရင္း ေတြးမိလိုက္သည္။
အခ်ိန္ေနာက္က်မွ ေရာက္လာေသာ ထိုေကာင္ေလးအား ဟိန္းေဇယ်ာ ဘာေၾကာင့္မွန္းမသိ အလိုလို ၾကည့္မရျဖစ္ေနေတာ့၏။ ဒါေတာင္ ကိုယ့္ဝန္ထမ္းကေလးမဟုတ္၍ သူ႔စိတ္ထဲ သိပ္မထည့္ျဖစ္ျခင္း။ ေရွ႕ကလူေတြကေတာ့ သူ႔ကို ခ်စ္စရာေလးလို႔ ေျပာေနသံေတြ ၾကားရသည္။
"ကဲ အားလုံးလည္းမိတ္ဆက္ၿပီးၾကၿပီဆိုေတာ့ ကၽြန္ေတာ္ကိုယ္ကၽြန္ေတာ္လည္း မိတ္ဆက္ပါမယ္"
အားလုံးၿပီးသြားေတာ့ ဆရာက ရယ္က်ဲက်ဲႏွင့္ သူ႔ကိုယ္သူ ကၽြန္ေတာ္ဟုသုံးႏွုန္းၿပီး ေျပာလာသည္။ ဒါသည္ပင္ အေတာ္သေဘာက်ေလးစားမိစရာပဲမလား။ လူလတ္ပိုင္းေတြမ်ားတာမို႔ ဆရာဟုမသုံးဘဲ ပညာရွိပီပီစကားကို ယဥ္ေက်းပ်ဴငွါစြာေျပာသည္။
"ကၽြန္ေတာ့္နာမည္ ေက်ာ္ေအာင္ပါ။ Dr. ေက်ာ္ေအာင္ေပါ့ေလ။ ကၽြန္ေတာ္က စာသင္တယ္ဆိုေပမယ့္ သီအိုရီဆန္ဆန္ေတြမေျပာဘဲ လက္ေတြ႕လုပ္ငန္းခြင္ေတြနဲ႔ ဥပမာေပးၿပီး သင္ေပးသြားပါမယ္၊ assignment ေပးစရာလိုတဲ့ သင္ခန္းစာဆို assignment ေပးပါမယ္၊ group work လိုတဲ့ခါမ်ိဳးဆိုလည္း groupအလိုက္ လုပ္ေပးရတာမ်ိဳးေတြ ရွိပါမယ္။ အဆင္ေျပပါတယ္ေနာ္။ ကဲ... ကၽြန္ေတာ္တို႔ စလိုက္ၾကရေအာင္"
ဆရာက စာအသင္အျပလည္း ေကာင္းပါ၏။ စာရွင္းရင္း လက္ေတြ႕အျဖစ္အပ်က္မ်ားႏွင့္ ယွဥ္ျပသည္။ ဟာသေလးမ်ားလည္း ထည့္ေျပာတာကို စာသင္ခန္းက ရယ္လိုက္ေမာလိုက္ႏွင့္။ ကနဦးသင္ခန္းစာ၏ Case Study တစ္ပုဒ္ၿပီးခ်ိန္တြင္ေတာ့ သူတို႔အဖို႔ Coffee break ၁၀မိနစ္ေပးေလသည္။
ဆရာအျပင္ခဏထြက္ေတာ့ အားလုံးကလည္း coffee ထြက္ေသာက္ၾက၊ မုန့္စားၾက၊ အခ်င္းခ်င္း မိတ္ဆက္စကားေျပာၾကႏွင့္ အျပင္စာပြဲဝိုင္းေတြတြင္ လူစည္ကားေနသည္။ ေဇယ်ာကေတာ့ ဘယ္သူနဲ႔မွ သိပ္မေရာခ်င္တာမို႔ Toiletခဏဝင္ၿပီး ေနရာမွာသာ ျပန္ဝင္ထိုင္ေနလိုက္သည္။
ေဘးကေကာင္ေလးကလည္း coffeeခြက္ကိုင္ကာ ျပန္ဝင္လာၿပီး ရသည့္အခ်ိန္ေလးကို ဂိမ္းေဆာ့ေနေလရဲ့။ အခုေခတ္လူငယ္ေတြမ်ား သည္ဂိမ္းေတြကိုပဲ အခ်ိန္ျပည့္ ေဆာ့ေနၾကသည္။ သူ႔အလုပ္မွာဆိုရင္ေတာ့ ေဆာ့တာျမင္တာႏွင့္တင္ ခ်က္ခ်င္းေခၚဆူၿပီးသားပင္။ ဒီခ်ာတိတ္ျမင္ရင္းက မဆီမဆိုင္ ထိန္းရခက္သည့္ ဝန္ထမ္းေတြအေၾကာင္း သတိရျပန္ပါသည္။ သူ HRM (Human Resource Management) အတန္းပါ ယူတက္လိုက္ရင္ ေကာင္းမလားမသိ။
..............
ခန့္ခန့္တစ္ေယာက္ ဂိမ္းေဆာ့ရင္း၊ ေကာ္ဖီေသာက္ရင္းႏွင့္ အခန္းတြင္းျပန္ဝင္လာခဲ့သည္။ အေရွ႕ခဏထြက္ၾကည့္ေတာ့ အသိလည္းမရွိ၊ အလုပ္အကိုင္လည္းမရွိႏွင့္ တစ္ေယာက္တည္း အူလည္လည္ျဖစ္ေနသည္။ ဒါမို႔အထဲျပန္ထိုင္ရင္း ဂိမ္းေဆာ့လိုက္ဖို႔သာ ဆုံးျဖတ္လိုက္၏။ သည္လိုႏွင့္ ခန့္ကိုေခၚတာေၾကာင့္ ဂိမ္းတစ္ပြဲထိုင္ေဆာ့ရင္း ေကာ္ဖီခြက္ျပန္အခ်တြင္ လက္ေခ်ာ္သြားမိသည္ကိုမသိလိုက္။ လ်င္ျမန္ေသာအျဖစ္အပ်က္အတြင္း ေကာ္ဖီေတြမွာ ေဘးလူ၏စာအုပ္ဆီသို႔ စီးက်ကုန္ေလသည္။
"ေဟး .. မင္းေကာ္ဖီေတြ ကိုယ့္ဘက္စီးလာၿပီ။ ဘယ္လိုေတြလုပ္ေနတာလဲကြ"
ထိုသို႔ေအာ္သံၾကားခ်ိန္မွ သတိျပန္ဝင္လာၿပီး မ်က္လုံးမ်က္ဆန္ျပဴး ျဖစ္ရေတာ့တာ ခန႔္ခန႔္တစ္ေယာက္ပင္။
"ဟာ ... ေဆာရီးပါဗ်ာ၊ တစ္ရွုး တစ္ရွုး"
ခန့္ခန့္မွာ ေကာ္ဖီခြက္ျပန္ေထာင္လိုက္ရင္း ပါးစပ္က တစ္ရွုးထေအာ္ေသာ္လည္း အိတ္ထဲတြင္ကရွာမေတြ႕။ တကယ္ေတာ့ ရွာလည္းအပိုပါေပ၊ တစ္ရွူးကို သူမွမေဆာင္တတ္ဘဲ။ လုပ္မိလုပ္ရာလုပ္ေနရင္း ထုံးစံအတိုင္း ေမ်ာက္မီးခဲကိုင္မိသလို ပ်ာယာေတြခတ္ေနတာျဖစ္သည္။ ထိုအခိုက္-
"ေမာင္ေလး ေရာ့၊ ဒီတစ္ရွူးေလးသုံးလိုက္။ လိုရင္အမမွာ ထပ္ပါေသးတယ္ ယူ .. ယူ"
ေရွ႕အတန္းမွ အမတစ္ေယာက္ကလည္း သူ႔အျဖစ္ကိုျမင္၍ တစ္ရွူးကမ္းလာေပးေလေတာ့ သူ႔အေတြးမယ္ ေမခလာနတ္သမီးေလးအတိုင္း။
"ဟုတ္ အမ၊ ေက်းဇူးပါဗ်ာ"
ခန့္ခန့္ ကပ်ာကယာသုတ္ေနေပမယ့္ ေဘးလူ၏စာအုပ္မွာ ေကာ္ဖီေတြေပေနေလၿပီ။ တရွုးရွုးတရွဲရွဲႏွင့္ စိတ္လည္းတိုေနၿပီထင္၏။
"ဟို ... စာအုပ္က ေတာ္ေတာ္စိုသြားၿပီ၊ အားနာလိုက္တာ။ ျဖစ္နိုင္ရင္ ကၽြန္ေတာ့္ Text book ကိုပဲ ယူလိုက္ပါလားဗ်။ နာမည္လည္း မတပ္ထားရေသးပါဘူး"
"ျဖစ္မလားကြ၊ ဒီမွာ တခ်ိဳ႕တဝက္ေတာင္ noteမွတ္ထားၿပီးၿပီ။ ထားလိုက္ေတာ့ ေနာက္ခါ မျဖစ္ေစနဲ႔ကြာ"
ခန႔္ခန႔္မွာ ယို႔က်ိဳးစြာေျပာေနေသာ္လည္း တစ္ဖက္သူက စိတ္ဆိုးဆိုးႏွင့္သာ တုံ႔ျပန္လာသည္။ ေဘးလူတခ်ိဳ႕ေတာင္ ၾကည့္ေနၾကၿပီမို႔ ခန႔္ခန႔္တစ္ေယာက္ ရွက္ကလည္းရွက္၊ ေဒါသကလည္း ထြက္ရေခ်ၿပီ။ စာအုပ္ခ်င္းအတူတူ လွယ္ေပးမယ္ေျပာတာေတာင္ အႀကီးျဖစ္ၿပီး သူ႔ကိုေအာ္ေနသည့္အျဖစ္။
ေဇယ်ာကမူ ထိုသို႔ေတြးသည္မဟုတ္။ ဒါသည္ ရိုးရိုးဗလာစာအုပ္မဟုတ္ဘဲ ကိုယ္တိုင္ေတာင္ ဝယ္ရခက္သည့္နိုင္ငံျခား Authorရဲ့ စာအုပ္မ်ိဳးျဖစ္သည္။ ၿပီးလၽွင္ သူ႔လက္ေရးႏွင့္မွတ္ၿပီးသာ Note တခ်ိဳ႕ကိုလည္း ႏွေျမာတသႏွင့္။ အဆိုးဆုံးက သူမ်ားစာအုပ္လည္း မလိုခ်င္တာပင္၊ ဘာအစြန္းရွိရွိ ကိုယ္ပိုင္ဆိုင္ထားသည္သာ ကိုယ္ျမတ္နိုးတာမို႔။
"ဟုတ္ကဲ့၊ ကၽြန္ေတာ္ ေနာက္မျဖစ္ေစရပါဘူး"
ခန့္ခန့္လည္း ေဘာက္ဆတ္ဆတ္သာ ျပန္ေျပာလိုက္သည္။ ပုံမွန္ဆို စိုင္းမင္းခန့္ဆိုတဲ့ေကာင္က ခပ္ေခ်ေခ်ေနတတ္သူပါေပ။ သည္ကိစၥက ကိုယ္မွားတာမို႔ ဒီေလာက္အဆင္ေျပေအာင္ ေတာင္းပန္ေနတာကို ထိုသူကႀကီးက်ယ္လို႔ပါပဲ။ ဒါမ်ိဳးမ်ား ဘယ္သူကျဖစ္ခ်င္ပါ့မလဲ။
"ကၽြန္မကပဲ ၾကားကေတာင္းပန္ပါတယ္။ ဒီေမာင္ေလးလည္း မေတာ္တဆပဲဟာ"
ေရွ႕ကအမပါ မဆီမဆိုင္ဝင္ေျပာမွ ထိုလူက ေလသံေအးေအး ထြက္လာသည္။
"ရပါတယ္"
မေျပာခ်င္ေျပာခ်င္ႏွင့္ ထြက္လာေသာအသံပါ။ သူလည္း သိပ္ဂ႐ုစိုက္ေနတတ္သူမဟုတ္။ ႏွစ္ေယာက္ထိုင္ေပမဲ့ ထိုလူကို မ်က္စိေထာင့္စြန္းကေနေတာင္ မျမင္ခ်င္တာမို႔ တစ္ဘက္ဆီထိ ေစာင္းထိုင္ခ်လိုက္သည္။ ၿပီးမွသာ ေရွ႕ကအမကို ျပန္ၾကည့္မိတာျဖစ္၏။
"ဟို ... ေမာင္ေလးက ေဒါက္တာမိမိနိုင္ရဲ့သားလားဟင္"
"ဟုတ္တယ္ဗ်၊ ေမေမ့သားမွန္း ဘယ္လိုလုပ္သိ.."
လာျပန္ပါၿပီ ေမေမ့သား။ ဆရာ့အျပင္ ေမေမက ဘယ္သူေတြကိုပါ ေလၽွာက္ေျပာထားေသးတာပါလိမ့္။ စကားလာေျပာေနေသးတာမို႔ ဂိမ္းကဆက္ေဆာ့မရေသးဘဲ အေပၚသာေမာ့ၾကည့္ေနရသည္၊ ခန့္ကိုကေတာ့ သူ႔ကိုဆဲေနေလာက္မည္မွာ ေျမႀကီးလက္ခတ္ မလြဲပါေပ။
"ဪ ... ဆရာက မမနိုင္ရဲ့သားလို႔လည္းေျပာ၊ ေက်ာင္းခ်င္းလည္းတူေတာ့ ဟုတ္မ်ားဟုတ္ေလမလားလို႔ပါ။ ၿပီးေတာ့ ႐ုပ္ေလးကလည္း တီခ်ယ္နိုင္နဲ႔တူေတာ့ မမကမွန္းၿပီး ေမးၾကည့္တာ။ တီခ်ယ္နိုင္က မမ ညီမေလးရဲ့ supervisorေလ၊ ခုသူက thesis ေရးေနေတာ့ မမလိုက္ပို႔ရင္းကေန တီခ်ယ္နိုင္နဲ႔ ခင္ေနတာ"
"ဪ ဟုတ္လား။ မမနာမည္က"
"ေမသက္ပါ၊ ခင္ေမသက္"
ဆံပင္အညိဳေရာင္ဆိုးထားၿပီး ေရွ႕ခ်ထားေသာအမက ပ်ဴငွါပါ၏။ စကားအေျပာအဆိုလည္း သိမ္ေမြ႕တာမို႔ သူလည္း ေကာင္းေကာင္းျပန္ေျပာျဖစ္ပါသည္။
"ဟုတ္ မမခင္ေမသက္နဲ႔ေတြ႕ခဲ့တယ္ဆိုၿပီး ေမေမ့ကို ေျပာျပလိုက္ပါမယ္၊ ကၽြန္ေတာ့္ကို ကူညီတာလည္း ေက်းဇူးပါဗ်"
"ရပါတယ္ရွင္ .. အကူအညီလိုရင္ေျပာေနာ္ ေမာင္ေလး၊ မမလည္းဒီနားပဲထိုင္တာဆိုေတာ့"
"ဟုတ္ကဲ့ဗ်"
ဆရာျပန္ဝင္လာေတာ့ ခန႔္ခန႔္တို႔ စကားစျပတ္သြားၾကေလသည္။ ခန႔္ခန႔္စိတ္ထဲေတာ့ အခဲေၾကလွတာမဟုတ္လွ။ အလုပ္အကိုင္ႏွင့္ ပုံသဏၭာန္အရ လူခ်မ္းသာျဖစ္ၿပီး တည္ၾကည္မည္ထင္ရေသာ္လည္း တကယ္ကဟုတ္မေန။ သည္လူေျပာလိုက္သည့္ ကုမၸဏီနာမည္ၾကားကတည္းက သူ႔အေျခအေနကို သိလိုက္ၿပီးသားျဖစ္သည္။ သိဆို သည္လူ႔အေဖ၏ ဆိုင္ခြဲအားလုံးအတြက္ Point-of-Sale software ပိုင္းတြင္ ေဖေဖက တာဝန္ယူေပးထားတာမို႔ပင္။
အေတာ္ခ်မ္းသာမည္မွန္း သိေသာ္လည္း သူ႔အေပၚသည္ေလာက္အေပါက္ဆိုးမွေတာ့ စိတ္ထဲမွာေတာ့ အမွတ္ကို လုံးဝသုညေပးထားလိုက္ေလ၏။ ေနာက္ေန႔ ေနရာလြတ္ရွိရင္ ေျပာင္းကိုထိုင္ပစ္ဦးမည္။
(6/9/2020)
••••••••••••••••••••••••••••••••••••••
Bạn đang đọc truyện trên: Truyen3h.Co