Truyen3h.Co

နှောင်ကြိုး

Part-10

Fi_Lay

<Unicode>

If I was your boyfriend,
I'd never let you go.
I can take you places,
you ain't never been before.

Baby take a chance or
you'll never ever know.
I got money in my hands
that I'd really like to blow.

သီချင်းတအေးအေးနှင့် ရေချိုးနေသောခန့်ခန့်မှာ ဒေါ်မိမိနိုင် အော်လည်းအော်ချင်စရာပင်။ အငြိမ်မနေနိုင်လောက်အောင် ရေဗန်းအောက် ဝင်ကနေသေးသည်။ တစ်ခါရေချိုးလိုက်လျှင် သည်လိုတွေလျှောက်လုပ်နေတတ်တာမို့ တမေ့တဆွေးကြာနေတတ်၏။ သူကြိုက်သည့် ဂျပ်စတင်၏သီချင်းကို ဆိုနေရတာမို့ လူကရေနွေးနွေးနှင့် ပိုကလို့ကောင်းနေတာပင်။

ရေချိုးခန်းကထွက်တော့ တဘက်ကို ခါးတွင်ပတ်ရင်း တဂတ်ဂတ်တုန်ခိုက်လာသည်။ ရေနွေးနှင့်ချိုးစဉ်က သိပ်မသိသာသော်လည်း လေအေးပေးစက်ဖွင့်ထားသည့် အခန်းတွင်းဝင်တော့ သိသာလာလေ၏။ သည်တော့လည်း ထုံးစံအတိုင်း တဆတ်ဆတ်တုန်ရင်းက သင်တန်းဝတ်သွားဖို့ လိုက်ဖက်သည့်ပုံစံရှာရသည်။

သို့သော် ဘယ်လောက်ပုံစံပြောင်းပါစေ ... သူကြိုက်သည့် ဂျပ်စတင်၏စတိုင်လ်တွေထဲက လုံးဝမထွက်။ အင်စတာဂရမ်က သူ့သဘောကျသည့်ဘဲကြီးတွေ အကုန်ကြည့်ပြီးလည်း ခန့်ခန့်ဆိုတာ ထင်ရာဝတ်သူတစ်ဦးပင်။ လူကောင်သေးပေမဲ့ ပေါ့ပေါ့ပါးပါးနှင့် ဖားဖားရားရားဝတ်ရတာကို သဘောကျသူပါပေ။

သီချင်းတကြော်ကြော်ဆိုရင်း တစ်ဖက်တွင်က အဲ့လူကြီးတောင်းဆိုထားသည့်ကိစ္စကို လက်ခံဖို့ စဉ်းစားရကြပ်နေပြန်သည်။ နဂိုကမှ ကျေးဇူးကြွေး အတင်မခံချင်သူကို ထိုသူမှအကြို၊အပို့ပါ လုပ်ပေးမည်တဲ့။ လက်ခံလိုက်လျှင် သိပ်များဒုက္ခပေးရာကျနေမလားဟု တွေးပူမိသည်။ သင်တန်းသွားဖို့ရာကတော့ လမ်းသင့်တာပါပဲ။

တစ်မျိုးတွေးကြည့်ပြန်တော့လည်း သူပြန်ကူညီပေးနိုင်ပါ၏။ အဘိုးကြီးပေါက်စပုံပေါက်နေသော အဲ့လူကြီး၏ပုံစံကို ခပ်လန်းလန်းဘဲကြီးအသွင်ပြောင်းပေးဖို့ ဘာမှမခက်ခဲ။ သူအရွယ်နှင့်ဝတ်စရာတွေ ပြပေးမည်။ လူငယ်ဆန်သောဖန်စီအရောင်တွေ ရွေးပေးမည်။ မရှိလျှင်လည်း သူပြောသလို ဈေးဝယ်ထွက်တဲ့အခါ လိုက်ပေးရုံပေါ့။ သူလည်း Taxi ခမကုန်တဲ့အပြင် မာစီးဒီးနှင့်ငြိမ့်ငြိမ့်ညောင်းညောင်း သင်တန်းသွားရဖို့က ခုလိုဆိုတော့လည်း မခက်ပါပဲ။ နှစ်ဦးနှစ်ဖက် အဆင်ပြေမည့်ကိစ္စပါပေ။

ခန့်ခန့် ရေစိုနေသောဆံစတို့ကို သဘက်နှင့်သုတ်နေခိုက် ဖုန်းခေါ်သံမြည်လာလေသည်။ Unknown number ... နံရံကနာရီကိုမော့ကြည့်လေတော့ သင်တန်းချိန်ရောက်ဖို့ နာရီဝက်အလို၊ ဟင်း ... သေချာပေါက် အဲ့လူကြီးဆက်တာပဲဖြစ်လိမ့်မည်။

"ဟဲလို"

"ချာတိတ်၊ ကိုယ်ပါ ဟိန်းဇေယျာ"

"အင်း"

"ကိုယ် မင်းအိမ်ရှေ့ရောက်နေပြီ"

ခန့်ခန့် အပြေးလေး ပြတင်းပေါက်ကခန်းဆီးကို ဖယ်ကြည့်လိုက်မိတာပင်။ အနက်ရောင်မာစီးဒီးကားကြီးက သူ့အိမ်ရှေ့တွင် နေရောင်ကြောင့်လင်းထင်းလို့ပါပဲ။ ဒီလူက အလာကြီး ... သူလက်ခံမှာကို ကြိုတွက်ထားသည့်နှယ် အိမ်ရှေ့တန်းရောက်လာသည်မှာ တော်တော်အမြင်ကတ်စရာကောင်းပြန်၏။

"ဘယ်သူက သဘောတူတယ်ပြောလို့ လာခေါ်တာလဲ"

"ကိုယ်ရှေ့တောင် ရောက်နေပြီကို"

"ကျွန်တော်မပြီးသေးဘူး၊ စောင့်ပေတော့"

ဖုန်းချပြီးပြီးချင်း လျှာတစ်လစ်ထုတ်ပြီး သဘောကျသွားသူမှာ ခန့်ခန့်ပါပေ။ မှတ်လောက်သားလောက်အောင် ဆယ့်ငါးမိနစ်လောက်နေမှ ဆင်းသွားရမည်။

...................

စောင့်ပေတော့ဆိုကာ တိခနဲဖုန်းချသွားပုံက သူပြောတာကို လက်ခံသွားသည့်သဘောမျိုးလား။ ဒါဆိုရင်‌တော့ စောင့်ရလည်းကိစ္စမရှိပါပေ။ ငြင်းမှာစိုးလို့တောင် အိမ်ရှေ့ရောက်မှ ဖုန်းဆက်လိုက်တာမို့ စောင့်ရခြင်းကဘာအရေးလဲ။ ဟိန်းဇေယျာတစ်ယောက်လည်း သည်ချာတိတ်နှင့်တွေ့မှ တစ်မျိုးပြီးတစ်မျိုး မရိုးရပါပေ။

သူကိုယ်တိုင်ကလည်း စိတ်ပျော်ရွှင်ရလေတော့ အကြီးဟူသည့်မာနမထားဘဲ၊ ထုံးစံလို စာအုပ်ကြီးအတိုင်း မကျင့်ကြံဘဲ ပေါ့ပေါ့ပါးပါးနေ,နေမိတာပင်။ ပုံမှန်ဆို သူငယ်ချင်းဖြစ်သည့် ထက်မြက်နှင့်ပဲ သည်လိုနေတတ်တာဖြစ်၏။ အခုတော့ ခပ်လန်းလန်းမိတ်ဆွေငယ်ငယ်လေး တိုးရလေပြီ။

"မောင်ဇေယျာလား"

ကားအပြင်ထွက်စောင့်နေခိုက် ခြံထဲကထွက်လာသည်မှာ ချာတိတ်မဟုတ်ဘဲ အန်ကယ်ဦးမင်းဟန် ဖြစ်နေသည်။ အားကစားဘောင်းဘီရှည်နှင့် ဆွယ်တာဝတ်ထားသူမှာ သူ့ကိုမြင်လို့ အံ့ဩနေဟန်နှင့်။ သူ အလျင်အမြန်ပဲ နှုတ်ဆက်ရပါ၏။

"ဟုတ် အန်ကယ်၊ စိုင်းမင်းခန့် လာကြိုပေးနေတာ"

"ဟောဗျာ အတူသွားကြမလို့လား၊ ဒါကို မောင်မင်းကြီးသားကို ဆင်းမလာသေးဘူး"

"နောက်မယ် လာနေပြီအန်ကယ်"

ပြောရင်းဆိုရင်း ခြံထဲက ချာတိတ်ထွက်လာလို့ တော်သေးသည်။ မဟုတ်ရင် သူအိမ်ရှေ့မှာစောင့်နေရတယ်ဆိုပြီး ဆူခံနေရဦးမည်။

"ငါ့သားက ပဲများနေလို့လား၊ လာခေါ်တဲ့သူစောင့်နေရတာ အားနာစရာ"

"မပြောဘဲ လာခေါ်တာကိုး၊ ခုပြီးပါပြီ ဖေကြီးရ"

"ကဲ ... ကဲ သေချာသွား"

တီရှပ်အဖြူခပ်ပွပွကို ဂျင်းနှင့်လိုက်ဖက်ညီအောင် ဝတ်ထားသည့်ချာတိတ်က ဦးမင်းဟန်ကိုလည်း သိပ်ကြောက်ပုံမပေါ်။ လွယ်အိတ်တစောင်းလွယ်ကာ ရှေ့ဆံပင်သပ်ရင်း ထွက်လာတာပင်။ ဘယ်ချိန်ကြည့်ကြည့် အမြဲလန်းနေသည့်ကလေး။

"သွားမယ်လေ"

"ဒါဆို ကျွန်တော်တို့သွားဦးမယ် အန်ကယ်"

နှုတ်ဆက်ပြီးကားပေါ်ပြန်တက်တော့ ချာတိတ်က ထိုင်လို့ခါးပတ်တောင် ပတ်ပြီးနေပြီပင်။ ကားအတွင်းခန်းအနက်ရောင်တွင် ထိုကောင်လေး၏ချောမောမှုက ဖြူလျလျနှင့် ချစ်စရာအတိ။ သူငယ်ငယ်ကဖြင့် သည်ကောင်လေးလို ဝတ်စားတတ်ခြင်းမျိုး မရှိပါပေ။

"မောင်းတော့လေ၊ ဘာကြည့်နေတာလဲ"

အထက်အောင်စုန်ဆန်ချည် ကြည့်နေမိတော့ ထိုချာတိတ် မလုံမလဲဖြစ်လာချေပြီ။ ဇေယျာလည်း ကားစက်နှိုး ခါးပတ်,ပတ်ပြီး ထွက်ဖို့ပြင်ရပါတော့၏။

"မင်းဝတ်ထားတာကြည့်ကောင်းလို့ပါ၊ ကိုယ့်ကို တကယ်ကူညီမှာနော်"

"အင်းဆို"

"ဒါဆို ကိုယ်က ခု ချာတိတ်ဝတ်ထားသလို လက်ပတ်တို့၊ ဆွဲကြိုးတို့ပါ ဝတ်ရမှာလား။ ကိုယ့်အရွယ်ကြီးနဲ့ကျ နည်းနည်းကြောင်မယ်ထင်တယ်နော်"

ကားမောင်းနေရင်းလည်း ဇေယျာ အသံပြန်ထွက်မိပြန်သည်။ တကယ်ဆို ဒါဇေယျာ့ပုံစံမဟုတ်၊ အနေတည်လွန်းပြီး တော်ရုံစကားမပြောသူဖြစ်သည်။ ခန့်ခန့်နှင့်မှ စကားတွေကို စိတ်လိုလက်ရပြောမိနေတတ်ခြင်းပင်။

"ဒါတွေကတော့ မဝတ်ရဲရင် ဝတ်စရာမလိုပါဘူး၊ ကျွန်တော်က ကြိုက်လို့ဝတ်တာ"

"ဪ ... မင်းနဲ့လိုက်တယ်၊ ဒီပုံစံနဲ့ဆို ကောင်မလေးတွေတော့ ဝိုင်းဝိုင်းလည်လို့နေမှာပဲ။ ဟုတ်တယ်မလား"

"သူတို့ကြိုက်အောင် ဝတ်တာမှမဟုတ်တာ၊ ကျွန်တော့်ဘာသာ ကြိုက်လို့ဝတ်တာ။ သူများအတွက် ရှင်သန်နေစရာမလိုပါဘူး။ အဲ့လူကြီးလည်း ကြိုက်တယ်ဆိုရင် အဘိုးကြီးဒီဇိုင်းဖြစ်နေနေ ဆက်ဝတ်နေ။ ပြောင်းချင်တယ်ဆိုရင်တော့ ကူညီပေးမယ်"

"အကြိုက်ရယ်လည်း မရှိပါဘူး၊ ဒီလိုပဲ ဝတ်ဖြစ်သွားတာ"

ပြောရင်းနှင့်ပင် သူတို့နှစ်ယောက်စကားစပြတ်သွား၍ ကားထဲ၌ ခေတ္တမျှ ဆိတ်ငြိမ်သွားပြန်သည်။ အသက်အရွယ်ကွာဟမှုရော၊ ရင်းနှီးတာမကြာသေးတာကြောင့် သူတို့နှစ်ဦးကြား ပြောစရာစကားရယ်လို့ မယ်မယ်ရရရှိမနေ။ စာသင်ရမည့်အတန်းအကြောင်း ပြောရင်ကောင်းလေမလား။ သူ့အဝတ်အစားတွေ လိုက်ကြည့်ပေးဖို့များ တောင်းဆိုရလေမလား။

အတွေးတွေနှင့် ဇေယျာတစ်ယောက် ခပ်ထွေထွေရယ်သာ။

"ဒီနေ့ကိုယ့်အိမ်မှာ စာစုလုပ်တာက သိပ်တော့ကြာမယ်မထင်ဘူး၊ မပြန်ခင် ကိုယ့်အဝတ်အစားတွေ ဝင်ကြည့်ပေးမလား။ ဒါမှ မင်းအကြံပေးနိုင်မယ်ထင်တယ်"

"ရတယ်လေ။ အား ... ဒီနေ့တစ်နေကုန် ဂိမ်းမဆော့ရတော့ဘူးပဲ"

သည်ချာတိတ်နှင့်တော့ ထိုင်နေရင်းက ထအော်လာပြန်ပါပြီ။ အတန်းတက်ရတာ၊ သူ့ကိုကူပေးရမှာ မပျော်လေဘူးလားမသိ။ ဇေယျာမှာ ကားမောင်းရင်း လမ်းကြည့်လိုက်၊ ထိုချာတိတ်ကြည့်လိုက်နှင့်။

"ကိုယ့်ဆီကပြန်ရင် ဆော့လို့ရပြီမဟုတ်ဘူးလား"

"မဖြစ်ဘူး၊ Roll လျှောလိမ့်မယ်။ ကျောင်းစာလုပ်စရာတွေ ရှိသေးတယ်"

မျက်လုံးအကြည့်ကို တစ်နေရာထဲမှာစူးစိုက်ရင်း လုပ်စရာရှိသည်များကို အစဉ်တကျတွေးနေသည့် ချာတိတ်က သည်လိုတော့လည်း လိမ္မာသားဟု တွေးမိပြန်သည်။ ဂိမ်းဆော့ပေမဲ့ စာပါမျှမျှတတလုပ်ရင်တော့လည်း မဆိုးပါလေ။

.........................

အတန်းထဲတွင်တော့ ဇေယျာသည် ခန့်ခန့် နာမည်မခေါ်လည်း စာပြပေးပါသည်။ စာမှတ်စရာ လိုက်မမှီလျှင်တောင် တစ်ယောက်နှင့်တစ်ယောက် ခေါင်းစောင်းကြည့်ကာ ကူးရေးလိုက်ရုံပင်။ အရင်လို အထူးအထွေမဟုတ်တော့၊ ပြောရဆိုရလည်း လက်ပေါက်မကပ်ကြတော့။

ခန့်ခန့်သည်လည်း စီးပွားရေးနယ်ပယ်က စကားလုံးတွေ၊ အဓိပ္ပါယ်တွေကို တဖြည်းဖြည်းသိလာပြီဖြစ်၍ စာတွင်စိတ်ဝင်စားလာသည်။ နားချိန်တွင်လည်း ဘေးရှိဇေယျာနှင့် သေချာစကားပြောဖြစ်လာသည်။ နှစ်ယောက်သား အဆင်ပြေသွားလို့ တဖြည်းဖြည်း စကားပြောကြည့်ရင်းသိလာသည်က အဲ့လူကြီးက စိတ်ရှည်သည်းခံတတ်သည်ဆိုတာကိုပါပဲ။

တွေ့စကတည်းက ခန့်ခန့် ဘယ်လောက်ဂျစ်ကန်ကန်ပြောလေသလဲ သူ့ကိုယ်သူအသိဆုံးပင်။ သို့ပေမဲ့ အဲ့လူကြီး သည်းခံပေးရှာသည်။ မိုးသည်းသည့်နေ့ကစလို့ သူ့အပေါ် စေတနာထားပေးခဲ့မှန်း ပြန်တွေးတောမိသည်။ ခန့်ခန့်ကသာ တလွဲမာနတွေ ထားမိလေတာ။

ဒါ့အပြင် သူ့ကားပေါ်တက်လျှင် ဖွင့်ပေးတတ်တာတောင် ထုံးစံတစ်ခုလို ဖြစ်လာလေပြီ။ ခန့်ခန့် တမင်ဖွင့်ခိုင်းတာလည်းမဟုတ်ဘဲ မလိုက်ချင်မှန်းသိလို့ တမင်ဖွင့်နေပေးတာမျိုး။ တစ်နည်းအားဖြင့် လူကြီးလူကောင်းပုံစံ အပြည့်အဝရှိသည်ဆိုရမည်။

သည်လိုနှင့် နေ့လယ်အတန်းပြီးကြလေတော့ တစ်ဖွဲ့လုံး ဇေယျာ့အိမ်သို့ သွားကြရပြန်သည်။ ယမန့်နေ့ကအကြမ်းချထားသည့် ပုံစံတွေကို ကိုယ်စီတာဝန်ခွဲယူရခြင်းမျိုးဖြစ်၏။ သည်ထဲတွင် ခန့်ခန့်က PowerPoint ပြင်ရမည့်သူဖြစ်ပြီး ဇေယျာက တစ်ဖွဲ့လုံးကိုကိုယ်စားပြုပြီး Presentation လုပ်ရမှာပင်။ ကျန်သုံးယောက်က သူ့တာဝန်နှင့်သူ။

"ကဲ တို့တွေပထမဆုရရင်တော့ မုန့်အဝစားမှာနော်"

"ကျွန်တော်က ဆိုင်တောင်ရွေးပြီးနေပြီ"

မပြန်ခင်လေး စနောက်နေကြသည့်အဖွဲ့ဝင်တွေကို ခန့်ခန့်ကလည်း ပြန်နောက်ပြောင်ဖို့ ဝန်မလေး။ သူတို့အဖွဲ့လေး တစ်ဦးနှင့်တစ်ဦး ပိုရင်းနှီးလာလေပြီ။ Business Plan ပြင်တာဆိုပေမဲ့ စာချည်းလုပ်နေကြခြင်းလည်းမဟုတ်။ ပေါ့ပေါ့ပါးပါး စကားပြောရင်း ဆွေးနွေးကြတာမို့ ပျင်းရိစရာကောင်းမနေပေ။ နောက်မှနေ၍ စားစရာအသင့်လုပ်ပေးနေသော ဒေါ်ကြည်ပြာကလည်း တာဝန်မပြတ်ပဲမလား။ ခန့်ခန့်ကတော့ အဖွဲ့သားတွေပြောသမျှ မှတ်စရာရှိသည်များကို သေချာမှတ်သားရသည်။ ဒါမှလည်း သူ့တာဝန်ဖြစ်သည့် PowerPoint ပြင်ဖို့အရေး ဘာမှမကျန်ခဲ့မှာပင်။

"အဲ့လူကြီး ... အဝတ်အစားတွေ လိုက်ကြည့်ပေးရမယ်ဆို"

အားလုံးပြီးစီးလို့ ပြန်ကြလေတော့ ခန့်ခန့်က လွယ်အိတ်သိမ်းရင်း သတိပေးသည်။ ဇေယျာကမူ အလောမကြီး။ 'ဖြည်းဖြည်းပေါ့ ချာတိတ်ရယ်' ဟု ခပ်ပြုံးပြုံးသာပြောသည်။

"လူငယ်ဟန်ပေါက်ချင်ရင် သွက်သွက်လက်လက် လုပ်ရတယ်ဗျ"

"ကိုယ် မသွက်လက်တာမှမဟုတ်တာ။ ဒီတိုင်းမပြန်စေချင်သေးလို့ ဖြည်းဖြည်းပေါ့ပြောတာ"

ခပ်တည်တည်ပြောပြီး မုန့်ပန်းကန်တချို့သိမ်းသွားလိုက်တာ ခန့်ခန့်တောင် စောင့်ဖော်မရ။ တိုက်ထဲနောက်ကလိုက်ဝင်ရင်း တွေးမိပြန်ပါသည်။ သည်လူကြီး အဘိုးကြီးပေါက်စနှင့်သာ တူလေတာ စကားပြောရင်ဖြင့် အနှောင့်မလွတ်၊ အသွားမလွတ်။ ဒါမျိုးအပြောတွေဆို မိန်းကလေးတွေ သိပ်ကြွေကြမည်မလား။

မုန့်ပန်းကန်တွေ မီးဖိုခန်းဝင်ထားပြီးလေတော့ အဲ့လူကြီးက အပေါ်ထပ်လှေကားအတိုင်း ဦးဆောင်တက်လေသည်။ ပါကေးခင်းထားသော အပေါ်ထပ်ကြမ်းပြင်ဆီ ခြေဖျားထိမိလေတော့ အေးမြခြင်းအတွေ့ကို သူခံစားရလေ၏။ တံခါးတွေပိတ်ထားလို့ပဲလား၊ လူမရှိ၍ပဲလား ... ကျယ်ဝန်းသောအပေါ်ထပ်မှာ ကျောချမ်းမိသလိုတောင် ခံစားမိလေသည်။

"လာ ... ကိုယ့်အခန်းကဒီဘက်"

"အင်း"

ကျွန်းတံခါးကြီး၏ လက်ကိုင်ကိုလှည့်ဖွင့်ကာ အဲ့လူကြီးက သူ့ကိုအရင်ဝင်စေ၏။ အေးစိမ့်နေသောအခန်းမှာ ခန်းစီးတွေကာရံထားမှုကြောင့် မှောင်မဲခြင်းအတိ ပိတ်ဖုံးနေသည်။ အဲ့လူကြီး အနောက်ကမီးဖွင့်ပေးမှပဲ တစ်ခန်းလုံးဝင်းထိန်သွားတာဖြစ်၏။

အိုး!

အသံတိတ်ထွက်မိသည့် အာမေဍိတ်က ခန္ဓာကိုယ်အတွင်းတော့ ပျံ့နှံ့သွားလေပြီ။ ခဲနက်ရောင်အငွေ့အသက်တို့ ထုံမွှမ်းနေသောအခန်းက သူ့အတွက်အံအားသင့်စရာ အပြည့်ပင်။ ပထမဆုံးဝင်လာသည့် ခံစားချက်မှာ အားကျခြင်းဖြစ်လေသည်။ သူ့အခန်းလည်း သည်လောက်ကျယ်လျှင် ကောင်းလိမ့်မည်။

နှစ်ယောက်အိပ်မွေ့ယာနှင့် မီးအပြင်အဆင်၊ တီဗွီ၊ အမွှေးပွခြေခင်း၊ ထိုင်ခုံကအစ အားလုံးကတန်ဖိုးကြီး ပစ္စည်းတွေဆိုတာထက် သန့်ပြန့်နေတာက ပိုချီးကျူးစရာ။ သူဝင်မှာမို့များ သန့်ရှင်းထားသလားမပြောတတ်။ ခန့်ခန့်လိုဆိုရင်တော့ မေမေနှင့်ကြီးကြီး ဝင်ရှင်းပေးရင်တောင် သုံး၊ လေးရက်ဆို ပြန်ရှုပ်ပွနေတတ်၏။ သည်အခန်းကျယ်နှင့်တော့ တခြားစီ။

ဇေယျာမှာ သူ့ပစ္စည်းတွေနေရာချရင်း ဖုန်းအားသွင်းကျန်ခဲ့သည်။ ခန့်ခန့်က မနေနိုင်၊ မထိုင်နိုင် ... ပိတ်ထားသည့်ခန်းဆီး ခဲရောင်ကိုသွားဖွင့်ကြည့်မိ၏။ ထင်သည့်အတိုင်း အောက်ထပ်ကသူတို့ စာလုပ်သည့်မြက်ခင်းပြင်ကအစ ကားရပ်ထားသည့်ဆင်ဝင်အဆုံး အားလုံးကိုမြင်နေရတာပင်။

"မိုက်တယ်"

ခန့်ခန့် ခပ်တိုးတိုးပြောမိသည့်အသံရယ်ပါ။

"ဟင်"

နောက်ကကပ်ပါလာသည့် အသံကိုလှည့်ကြည့်မိလေတော့ အဲ့လူကြီးလက်ချောင်းတွေက သူ့ခေါင်းကိုကိုင်တော့မယောင်။ အနားရောက်လာတာလည်း မသိလိုက်ပါချေ။

"ဘာလုပ်မလို့လဲ"

"ဘာမှမလုပ်ပါဘူးဗျာ။ ဟိုဖက်ခန်းလိုက်ပြမလို့လေ၊ ဒီဖက်ငေးနေလို့ လာခေါ်တာ"

"ဟုတ်သားပဲ၊ အင်္ကျီတွေက ဘယ်မှာထားတာလဲ"

"လာ"

ဇေယျာအရှေ့က ဦးဆောင်သွားလေတော့ ခန့်ခန့်ပါသွားလိုက်တာ‌ ယောင်ချာချာ။ အဝင်တုန်းက ဘေးဖက်မှာ ခန်းဆီးကာထားသည်ကို မတွေ့ခဲ့တာဖြစ်သည်။ အဲ့လူကြီးအခန်းက ကျယ်ပြောလွန်းလေတာ ဟိုတယ်တွေက Master bedroom တွေကဲ့သို့ တွဲလျက်အခန်းငယ်နှင့်ဖြစ်သည်။

"ဝိုး"

သည်တစ်ခါတော့ ခန့်ခန့် အသံထွက်ကာ ထပ်အံ့ဩမိခြင်းဖြစ်၏။ အဲ့လူကြီးလည်း သေချာပေါက်ကြားမှာဖြစ်သည်။ ဒါခန့်ခန့် အရမ်းလိုချင်နေသည့် Walk-in Closet ပဲမလား။ အခန်းတွင် နေရာကျယ်ကျယ်ရှိမှသာ ထားလို့ရတာမျိုးဖြစ်သည်။ ချိတ်နှင့်ထားစရာနေရာ၊ သပ်သပ်ခေါက်သိမ်းရမည့်နေရာ၊ ဖိနပ်၊ နာရီထားရမည့်နေရာတွေသာမက နက်ကတိုင်ထားရမည့် အံကလေးပင် ပါသေးသည်။ တော်တော်လည်း စုံလင်အောင်ထည့်ထားတာမို့ မီးအလင်းရောင်အောက်တွင် အထည်သားဖြစ်နေသည်။

"အဲ့လူကြီးက သိပ်မဝတ်တတ်ဘူးဆိုပေမဲ့ ဒါမျိုးတွေတော့ သေချာဆင်ထားသားပဲ"

"ရွယ်ရွယ်က သူ့အခန်းလုပ်ရင်း ကိုယ့်ဖို့ပါစီစဉ်ပေးတာ ချာတိတ်ရဲ့၊ ကိုယ့်ဘာသာဆို ဒါတွေမလုပ်ဖြစ်ပါဘူး။ မင်းမမက သူ့အခန်း Closet ဆို ဒီထက်တောင်ကြီးတယ်၊ အလှကြိုက်တယ်လေ"

"ဟုတ်လား"

အားကျသည့်စိတ်နှင့် ခန့်ခန့် မျက်လုံးတို့အရောင်လက်နေတော့သည်။ အမေးတွေမှာလည်း မရပ်မနားနှင့် သိချင်သမျှ စုံစမ်းကြည့်နေရတာ အရင်ကဂျစ်ကန်ကန်ပုံစံလေးမှာ သူမဟုတ်သည့်နှယ်။

"ကြိုက်တာဖွင့်ကြည့်နော်၊ ဒါမှကိုယ့်မှာရှိတာတွေ မင်းသိမှာ"

"ဒါဆို အကုန်မွှေကြည့်မှာနော်"

"စိတ်ကြိုက်ကြည့်ပါဗျာ"

ဂျစ်ကန်ကန်အမြဲနေတတ်တဲ့ မာနခဲလေးမှာ အင်္ကျီ၊ ဘောင်းဘီတွေ တစ်ထည်ပြီးတစ်ထည်ကြည့်သည်။ ပြီးလျှင် ဇေယျာ့ကို ဟိုလိုဝတ်၊ ဒီလိုဝတ်နဲ့ အကြံပေးလိုက်၊ ပြောလိုက်နှင့် သူထင်ရာလုပ်နေရတော့ လူကြီးလေးအတိုင်း။ ရုံးသွားလျှင်တစ်မျိုး၊ အပြင်ပေါ့ပေါ့ပါးပါးသွားရင်တစ်ဖုံ၊ Gymသွားရင်ဘယ်လိုနှင့် ... အဝတ်တွေသေချာခွဲပေးပြီး သေချာရှင်းပြနေသေးတာဖြစ်၏။

ဇေယျာတစ်ယောက် သိပ်ပင်မသုံးဖြစ်သော Instagram မှာလည်း သူပြောသည့်လူတချို့ကို Follow လုပ်ရသေးသည်။ Pinterest လည်းသုံးစေပြီး Men outfits တွေ ရှာပြသေး၏၊ ဒါတွေလေ့လာပြီးဝတ်လျှင် အလန်းပဲဆိုတာချည်း ပြောနေမိတာပင်။ ဝါသနာပါတာ၊ စိတ်ဝင်စားတာများ လုပ်နေရလျှင် မာနလည်းမရှိသလို၊ မောတယ်ပမ်းတယ်လည်း မရှိပါပေ။

"ကဲ ချာတိတ်ရေ ... ပြောတာတွေလည်း များနေပြီ၊ ဟိုမွှေဒီမွှေနဲ့ ဗိုက်မဆာဘူးလား။ နေ့လယ်ကလည်း ကိတ်နည်းနည်းပဲစားတယ်"

"တစ်ခါတည်း သတိရတုန်း အကုန်ပြောပြတာလေ"

"နောက် PowerPoint ပြင်ဖို့လည်း လာရဦးမှာပဲဟာ၊ အခုပြန်ပို့ပေးရင်း တစ်ခုခုစားကြရအောင်။ လာ ... ထ"

ပြောရင်း ကြမ်းပြင်တွင် အားရပါးရထိုင်နေသော ခန့်ခန့်လက်ကိုကိုင်ကာ ဆွဲထူပေးသည်။ ညနေစောင်းမို့ အချိန်ကလည်း မနည်းတော့လေပြီ။ ဗိုက်ဆာနေသောသူလည်း တစ်ခုခုစားချင်ပြီမို့ ပြန်ဖို့ကိုပဲ သဘောတူလိုက်လေ၏။

"အဲ့လူကြီးဝယ်ကျွေးမှာဆို မလိုက်ဘူးနော်"

"ဒါဆို မင်းရှင်းမှာလား"

"မဟုတ်ပါဘူး၊ ကိုယ်စားတာကိုယ်ရှင်းကြေး ... ဘယ်လိုလဲ"

တဟားဟားရယ်ရင်း ထွက်သွားသူက ခန့်ခန့်ပြောတာကို ဟာသများထင်နေသလားမသိ။ ကျောင်းမှာဆိုလည်း သည်လိုပဲ ကိုယ်မှာတာကိုယ်ပေးပြီး စုရှင်းကြတာပဲလေ။ ဒါဆို ဘယ်သူ့ဘယ်သူမှ ကျေးဇူးတင်စရာမလို၊ အကြွေးလည်းတင်စရာမလို၊ ယုတ်စွအဆုံး ဝယ်ကျွေးထားလို့ဆိုပြီး အားနာနေစရာကိုမလို။ အဲ့လူကြီးတို့လို အရွယ်တွေကတော့ ငွေရေးကြေးရေးကိစ္စမှာ ပမွှားပဲလားမသိ၊ သူတို့လို ပေးသည့်မုန့်ဖိုးပဲ သုံးရသူတွေအဖို့ကတော့ သည်နည်းလမ်းကသာ အဆင်ပြေတာဧကန်ပင်။

"Lotteria သွားမယ်နော် ... ဘာဂါအစပ်မစားရတာ ကြာနေပြီ"

"ဟုတ်ပြီဗျာ"

နှစ်ယောက်ထိုင်ကားလေးတွင် အစားအသောက်အတွက် တက်ကြွနေကြတာဖြစ်သည်။ အချိန်က ညနေစောင်းစမို့ သူတို့ဦးတည်ရာအနောက်အရပ်တွင် နေလုံးကြီးက ဝင်လုဆဲဆဲ။ နေရှိန်လောက်အောင် မတောက်ပတော့သည်မို့ ညနေခင်းက ဘယ်ညာကြိုက်ရာ လှည့်ကြည့်လည်း သာယာနေဆဲပင်။

အလုပ်ပြန်နေကြသည့်လူတချို့၊ သူငယ်ချင်းတွေနှင့် အဖွဲ့လိုက်လျှောက်လှမ်းနေကြသူတွေ၊ ချစ်သူရည်းစားအတွဲတွေနှင့် ကားလမ်းဘေးက ပလက်ဖောင်းတွင် လူအသွယ်သွယ် သွားလာနေကြသည်။ ကားပေါ်ကခန့်ခန့်လည်း တစ်နေကုန် အိမ်မပြန်ရသေးပေမဲ့ သည်လိုအပြင်ထွက်လိုက်ရတော့လည်း ဝန်းကျင်အနေအထားကို နှစ်သစ်နေမိပြန်ပါ၏။

သူ့ညနေခင်းမှာမူ တောင်ငေးလိုက်၊ မြောက်ငေးလိုက် ... အဲ့လူကြီးနှင့်စကားပြောရင်း ရယ်လိုက်မောလိုက်ရယ်ပေါ့။ လူတစ်ယောက်အပေါ် အမြင်ကြည်သွားတော့လည်း ခင်မင်ရာ သူငယ်ချင်းတစ်ယောက် ရသွားသလိုလို။

"ကျွန်တော့်ကို Crazy Hot Burger ရယ်၊ အာလူးချောင်းကြော်ကို ချိစ်နဲ့ရယ်၊ ပြီးရင် ရေသန့်တစ်ဗူးပေးပါနော်"

"အဲ့လူကြီး လာမှာလေ"

ကောင်တာတွင်လက်တင်ကာ ကြိုက်ရာမှာပြီးမှ နောက်ကလူကို နေရာပေးဖို့ သတိရတာဖြစ်သည်။ လှည့်ကြည့်ပြန်တော့ ရိုးရိုးမရ၊ သူ့ထက်ခေါင်းတစ်လုံးစာလောက် ရှည်နေသည့်အရပ်ကို မော့ကြည့်ရတာမျိုးပင်။

တကတဲ ... ရှည်လိုက်သည့်အရပ်။

"ကိုရီးယားကြက်ကြော် တစ်ပွဲရယ်၊ Cheese stick ၂ချောင်းရယ်၊ Pesi ၁ဗူးရယ်ပေးပါ"

ဇေယျာမှာပြီးသည်နှင့် လူမရှိသေးသည့်တစ်ဝိုင်းကို အမြန်သွားဦးရသေးသည်။ ပိတ်ရက်လည်းဖြစ်၊ ညနေလည်းစောင်း နေကျချိန်လည်းဖြစ်ဆိုတော လူရှုပ်နေလေပြီ။ စားစရာတွေစောင့်ဖို့ကတော့ အကြီးဖြစ်သည့် အဲ့လူကြီး၏တာဝန်ဟုတွေးကာ ပစ်ထားခဲ့လိုက်တာပင်။

ဘာဂါရလာမှသာ အငမ်းမရကိုက်ရတာ ဆယ်ကမ္ဘာလောက် မစားခဲ့ရသည့်အတိုင်း။ ညစာလွတ်အောင် ဝက်သားပြားကိုနှစ်ထပ်မှာခဲ့တာမို့ ဘာဂါကပုံမှန်ထပ် ပိုထူနေသည်။ ဒါကိုအားရပါးရကိုက်စားရတာမို့ ပါးမှာပေပွနေတာလည်း ခန့်ခန့်သတိမထားမိ။ ဒါကိုမျက်နှာချင်းဆိုင်တွင် ကိုရီးယားကြက်ကြော်ကို ခက်ရင်းနှင့်ဟန်ပါပါ ထိုင်စားနေသောဇေယျာက တစ်ရှုးယူပြီး သုတ်ပေးဖို့ပြင်ရသည်။

"ဘာလုပ်မလို့လဲ"

တစ်ရှုးကြီးကိုင်ကာ လက်ကပါးနားရောက်လာမှတော့ သုတ်ပေးတော့မှာမှန်း ခန့်ခန့် သိပါသည်။ သို့သော် မေးလိုက်မိတာက သုတ်ပေးလိုက်လျှင် ထူးဆန်းနေမှာမို့ဖြစ်သည်။ ဒါယောက်ျားတစ်ယောက်ဖြစ်သည့်သူ့ကို ဂရုစိုက်ပေးနေစရာမျိုးမဟုတ်။ မိန်းကလေးတွေသာ ဒါမျိုးအခြေအနေကို နှစ်သက်ပါလိမ့်မည်။ ဒါမို့ တွန့်ခနဲနောက်ဆုတ်ရင်း မေးလိုက်တာဖြစ်၏။

"ပါးမှာပေနေတာ သုတ်ပေးမလို့ပါ။ သူများတွေကြည့်နေပြီ၊ လာ ... ရှေ့တိုး"

လက်ကလည်း တန်းလန်းကြီးဖြစ်နေပြီး လူတွေလည်း တကယ်ကြည့်နေမှာစိုး၍ ခန့်ခန့် အမြန်ပဲရှေ့တိုးပေးလိုက်ရသည်။ အဲ့လူကြီးတို့များ သူ့ထက်ငယ်တာနှင့်ပဲ လူကိုကလေးအရွယ်၊ ချာတိတ်အရွယ် ထင်နေတော့တာလားမသိ။

"ခုနထဲက မေးမလို့၊ ဖျော်ရည်မသောက်ဘူးလား။ Pesi ထပ်ယူပေးရမလား"

"ဟင့်အင်း ရေပဲသောက်မယ်။ ဂတ်စ်ပါတဲ့ဖျော်ရည်တွေ မကြိုက်ဘူး"

"ဒါဆို လိမ္မော်ရည်ရတယ်လေ"

"တော်ပြီ ... ရေသန့်ပဲ"

ထယူတော့ဟန်ပြင်နေပြီးမှ ခေါင်းတဆတ်ဆတ်ညိတ်လိုက်ပုံကို ခန့်ခန့် ရယ်ချင်မိတာပင်။ သူ သည်လောက်ဂျစ်တစ်တစ်နိုင်တာကို စိတ်ရှည်ပေးနေသေး၏။ အဲ့လူကြီးကိုကြည့်ရင်း ခန့်ခန့် ခံစားမိသည်က အဖေကသားတစ်ယောက်ကို ဂရုစိုက်ပေးနေသလိုမျိုး၊ မဟုတ်သေး ... အစ်ကိုတစ်ယောက်က သူ့ညီအရင်းတစ်ယောက်ကို တယုတယ ဂရုစိုက်ပေးနေပုံမျိုးပင်။

တစ်ဦးတည်းသောသားဖြစ်သည့် ခန့်ခန့်အဖို့ တကယ်ပဲ ... အစ်ကိုတစ်ယောက် ကောက်ရလေသလား။

(17/9/2020)
•••••••••••••••••••••••••••••••••••••••••••

<Zawgyi>

If I was your boyfriend,
I'd never let you go.
I can take you places,
you ain't never been before.

Baby take a chance or
you'll never ever know.
I got money in my hands
that I'd really like to blow.

သီခ်င္းတေအးေအးႏွင့္ ေရခ်ိဳးေနေသာခန႔္ခန႔္မွာ ေဒၚမိမိနိုင္ ေအာ္လည္းေအာ္ခ်င္စရာပင္။ အၿငိမ္မေနနိုင္ေလာက္ေအာင္ ေရဗန္းေအာက္ ဝင္ကေနေသးသည္။ တစ္ခါေရခ်ိဳးလိုက္လၽွင္ သည္လိုေတြေလၽွာက္လုပ္ေနတတ္တာမို႔ တေမ့တေဆြးၾကာေနတတ္၏။ သူႀကိဳက္သည့္ ဂ်ပ္စတင္၏သီခ်င္းကို ဆိုေနရတာမို႔ လူကေရေႏြးေႏြးႏွင့္ ပိုကလို႔ေကာင္းေနတာပင္။

ေရခ်ိဳးခန္းကထြက္ေတာ့ တဘက္ကို ခါးတြင္ပတ္ရင္း တဂတ္ဂတ္တုန္ခိုက္လာသည္။ ေရေႏြးႏွင့္ခ်ိဳးစဥ္က သိပ္မသိသာေသာ္လည္း ေလေအးေပးစက္ဖြင့္ထားသည့္ အခန္းတြင္းဝင္ေတာ့ သိသာလာေလ၏။ သည္ေတာ့လည္း ထုံးစံအတိုင္း တဆတ္ဆတ္တုန္ရင္းက သင္တန္းဝတ္သြားဖို႔ လိုက္ဖက္သည့္ပုံစံရွာရသည္။

သို႔ေသာ္ ဘယ္ေလာက္ပုံစံေျပာင္းပါေစ ... သူႀကိဳက္သည့္ ဂ်ပ္စတင္၏စတိုင္လ္ေတြထဲက လုံးဝမထြက္။ အင္စတာဂရမ္က သူ႔သေဘာက်သည့္ဘဲႀကီးေတြ အကုန္ၾကည့္ၿပီးလည္း ခန႔္ခန႔္ဆိုတာ ထင္ရာဝတ္သူတစ္ဦးပင္။ လူေကာင္ေသးေပမဲ့ ေပါ့ေပါ့ပါးပါးႏွင့္ ဖားဖားရားရားဝတ္ရတာကို သေဘာက်သူပါေပ။

သီခ်င္းတေၾကာ္ေၾကာ္ဆိုရင္း တစ္ဖက္တြင္က အဲ့လူႀကီးေတာင္းဆိုထားသည့္ကိစၥကို လက္ခံဖို႔ စဥ္းစားရၾကပ္ေနျပန္သည္။ နဂိုကမွ ေက်းဇူးေႂကြး အတင္မခံခ်င္သူကို ထိုသူမွအႀကိဳ၊အပို႔ပါ လုပ္ေပးမည္တဲ့။ လက္ခံလိုက္လၽွင္ သိပ္မ်ားဒုကၡေပးရာက်ေနမလားဟု ေတြးပူမိသည္။ သင္တန္းသြားဖို႔ရာကေတာ့ လမ္းသင့္တာပါပဲ။

တစ္မ်ိဳးေတြးၾကည့္ျပန္ေတာ့လည္း သူျပန္ကူညီေပးနိုင္ပါ၏။ အဘိုးႀကီးေပါက္စပုံေပါက္ေနေသာ အဲ့လူႀကီး၏ပုံစံကို ခပ္လန္းလန္းဘဲႀကီးအသြင္ေျပာင္းေပးဖို႔ ဘာမွမခက္ခဲ။ သူအရြယ္ႏွင့္ဝတ္စရာေတြ ျပေပးမည္။ လူငယ္ဆန္ေသာဖန္စီအေရာင္ေတြ ေရြးေပးမည္။ မရွိလၽွင္လည္း သူေျပာသလို ေဈးဝယ္ထြက္တဲ့အခါ လိုက္ေပး႐ုံေပါ့။ သူလည္း Taxi ခမကုန္တဲ့အျပင္ မာစီးဒီးႏွင့္ၿငိမ့္ၿငိမ့္ေညာင္းေညာင္း သင္တန္းသြားရဖို႔က ခုလိုဆိုေတာ့လည္း မခက္ပါပဲ။ ႏွစ္ဦးႏွစ္ဖက္ အဆင္ေျပမည့္ကိစၥပါေပ။

ခန့္ခန့္ ေရစိုေနေသာဆံစတို႔ကို သဘက္ႏွင့္သုတ္ေနခိုက္ ဖုန္းေခၚသံျမည္လာေလသည္။ Unknown number ... နံရံကနာရီကိုေမာ့ၾကည့္ေလေတာ့ သင္တန္းခ်ိန္ေရာက္ဖို႔ နာရီဝက္အလို၊ ဟင္း ... ေသခ်ာေပါက္ အဲ့လူႀကီးဆက္တာပဲျဖစ္လိမ့္မည္။

"ဟဲလို"

"ခ်ာတိတ္၊ ကိုယ္ပါ ဟိန္းေဇယ်ာ"

"အင္း"

"ကိုယ္ မင္းအိမ္ေရွ႕ေရာက္ေနၿပီ"

ခန႔္ခန႔္ အေျပးေလး ျပတင္းေပါက္ကခန္းဆီးကို ဖယ္ၾကည့္လိုက္မိတာပင္။ အနက္ေရာင္မာစီးဒီးကားႀကီးက သူ႔အိမ္ေရွ႕တြင္ ေနေရာင္ေၾကာင့္လင္းထင္းလို႔ပါပဲ။ ဒီလူက အလာႀကီး ... သူလက္ခံမွာကို ႀကိဳတြက္ထားသည့္ႏွယ္ အိမ္ေရွ႕တန္းေရာက္လာသည္မွာ ေတာ္ေတာ္အျမင္ကတ္စရာေကာင္းျပန္၏။

"ဘယ္သူက သေဘာတူတယ္ေျပာလို႔ လာေခၚတာလဲ"

"ကိုယ္ေရွ႕ေတာင္ ေရာက္ေနၿပီကို"

"ကၽြန္ေတာ္မၿပီးေသးဘူး၊ ေစာင့္ေပေတာ့"

ဖုန္းခ်ၿပီးၿပီးခ်င္း လၽွာတစ္လစ္ထုတ္ၿပီး သေဘာက်သြားသူမွာ ခန႔္ခန႔္ပါေပ။ မွတ္ေလာက္သားေလာက္ေအာင္ ဆယ့္ငါးမိနစ္ေလာက္ေနမွ ဆင္းသြားရမည္။

...................

ေစာင့္ေပေတာ့ဆိုကာ တိခနဲဖုန္းခ်သြားပုံက သူေျပာတာကို လက္ခံသြားသည့္သေဘာမ်ိဳးလား။ ဒါဆိုရင္‌ေတာ့ ေစာင့္ရလည္းကိစၥမရွိပါေပ။ ျငင္းမွာစိုးလို႔ေတာင္ အိမ္ေရွ႕ေရာက္မွ ဖုန္းဆက္လိုက္တာမို႔ ေစာင့္ရျခင္းကဘာအေရးလဲ။ ဟိန္းေဇယ်ာတစ္ေယာက္လည္း သည္ခ်ာတိတ္ႏွင့္ေတြ႕မွ တစ္မ်ိဳးၿပီးတစ္မ်ိဳး မရိုးရပါေပ။

သူကိုယ္တိုင္ကလည္း စိတ္ေပ်ာ္ရႊင္ရေလေတာ့ အႀကီးဟူသည့္မာနမထားဘဲ၊ ထုံးစံလို စာအုပ္ႀကီးအတိုင္း မက်င့္ႀကံဘဲ ေပါ့ေပါ့ပါးပါးေန,ေနမိတာပင္။ ပုံမွန္ဆို သူငယ္ခ်င္းျဖစ္သည့္ ထက္ျမက္ႏွင့္ပဲ သည္လိုေနတတ္တာျဖစ္၏။ အခုေတာ့ ခပ္လန္းလန္းမိတ္ေဆြငယ္ငယ္ေလး တိုးရေလၿပီ။

"ေမာင္ေဇယ်ာလား"

ကားအျပင္ထြက္ေစာင့္ေနခိုက္ ၿခံထဲကထြက္လာသည္မွာ ခ်ာတိတ္မဟုတ္ဘဲ အန္ကယ္ဦးမင္းဟန္ ျဖစ္ေနသည္။ အားကစားေဘာင္းဘီရွည္ႏွင့္ ဆြယ္တာဝတ္ထားသူမွာ သူ႔ကိုျမင္လို႔ အံ့ဩေနဟန္ႏွင့္။ သူ အလ်င္အျမန္ပဲ ႏွုတ္ဆက္ရပါ၏။

"ဟုတ္ အန္ကယ္၊ စိုင္းမင္းခန႔္ လာႀကိဳေပးေနတာ"

"ေဟာဗ်ာ အတူသြားၾကမလို႔လား၊ ဒါကို ေမာင္မင္းႀကီးသားကို ဆင္းမလာေသးဘူး"

"ေနာက္မယ္ လာေနၿပီအန္ကယ္"

ေျပာရင္းဆိုရင္း ၿခံထဲက ခ်ာတိတ္ထြက္လာလို႔ ေတာ္ေသးသည္။ မဟုတ္ရင္ သူအိမ္ေရွ႕မွာေစာင့္ေနရတယ္ဆိုၿပီး ဆူခံေနရဦးမည္။

"ငါ့သားက ပဲမ်ားေနလို႔လား၊ လာေခၚတဲ့သူေစာင့္ေနရတာ အားနာစရာ"

"မေျပာဘဲ လာေခၚတာကိုး၊ ခုၿပီးပါၿပီ ေဖႀကီးရ"

"ကဲ ... ကဲ ေသခ်ာသြား"

တီရွပ္အျဖဴခပ္ပြပြကို ဂ်င္းႏွင့္လိုက္ဖက္ညီေအာင္ ဝတ္ထားသည့္ခ်ာတိတ္က ဦးမင္းဟန္ကိုလည္း သိပ္ေၾကာက္ပုံမေပၚ။ လြယ္အိတ္တေစာင္းလြယ္ကာ ေရွ႕ဆံပင္သပ္ရင္း ထြက္လာတာပင္။ ဘယ္ခ်ိန္ၾကည့္ၾကည့္ အျမဲလန္းေနသည့္ကေလး။

"သြားမယ္ေလ"

"ဒါဆို ကၽြန္ေတာ္တို႔သြားဦးမယ္ အန္ကယ္"

ႏွုတ္ဆက္ၿပီးကားေပၚျပန္တက္ေတာ့ ခ်ာတိတ္က ထိုင္လို႔ခါးပတ္ေတာင္ ပတ္ၿပီးေနၿပီပင္။ ကားအတြင္းခန္းအနက္ေရာင္တြင္ ထိုေကာင္ေလး၏ေခ်ာေမာမွုက ျဖဴလ်လ်ႏွင့္ ခ်စ္စရာအတိ။ သူငယ္ငယ္ကျဖင့္ သည္ေကာင္ေလးလို ဝတ္စားတတ္ျခင္းမ်ိဳး မရွိပါေပ။

"ေမာင္းေတာ့ေလ၊ ဘာၾကည့္ေနတာလဲ"

အထက္ေအာင္စုန္ဆန္ခ်ည္ ၾကည့္ေနမိေတာ့ ထိုခ်ာတိတ္ မလုံမလဲျဖစ္လာေခ်ၿပီ။ ေဇယ်ာလည္း ကားစက္ႏွိုး ခါးပတ္,ပတ္ၿပီး ထြက္ဖို႔ျပင္ရပါေတာ့၏။

"မင္းဝတ္ထားတာၾကည့္ေကာင္းလို႔ပါ၊ ကိုယ့္ကို တကယ္ကူညီမွာေနာ္"

"အင္းဆို"

"ဒါဆို ကိုယ္က ခု ခ်ာတိတ္ဝတ္ထားသလို လက္ပတ္တို႔၊ ဆြဲႀကိဳးတို႔ပါ ဝတ္ရမွာလား။ ကိုယ့္အရြယ္ႀကီးနဲ႔က် နည္းနည္းေၾကာင္မယ္ထင္တယ္ေနာ္"

ကားေမာင္းေနရင္းလည္း ေဇယ်ာ အသံျပန္ထြက္မိျပန္သည္။ တကယ္ဆို ဒါေဇယ်ာ့ပုံစံမဟုတ္၊ အေနတည္လြန္းၿပီး ေတာ္႐ုံစကားမေျပာသူျဖစ္သည္။ ခန့္ခန့္ႏွင့္မွ စကားေတြကို စိတ္လိုလက္ရေျပာမိေနတတ္ျခင္းပင္။

"ဒါေတြကေတာ့ မဝတ္ရဲရင္ ဝတ္စရာမလိုပါဘူး၊ ကၽြန္ေတာ္က ႀကိဳက္လို႔ဝတ္တာ"

"ဪ ... မင္းနဲ႔လိုက္တယ္၊ ဒီပုံစံနဲ႔ဆို ေကာင္မေလးေတြေတာ့ ဝိုင္းဝိုင္းလည္လို႔ေနမွာပဲ။ ဟုတ္တယ္မလား"

"သူတို႔ႀကိဳက္ေအာင္ ဝတ္တာမွမဟုတ္တာ၊ ကၽြန္ေတာ့္ဘာသာ ႀကိဳက္လို႔ဝတ္တာ။ သူမ်ားအတြက္ ရွင္သန္ေနစရာမလိုပါဘူး။ အဲ့လူႀကီးလည္း ႀကိဳက္တယ္ဆိုရင္ အဘိုးႀကီးဒီဇိုင္းျဖစ္ေနေန ဆက္ဝတ္ေန။ ေျပာင္းခ်င္တယ္ဆိုရင္ေတာ့ ကူညီေပးမယ္"

"အႀကိဳက္ရယ္လည္း မရွိပါဘူး၊ ဒီလိုပဲ ဝတ္ျဖစ္သြားတာ"

ေျပာရင္းႏွင့္ပင္ သူတို႔ႏွစ္ေယာက္စကားစျပတ္သြား၍ ကားထဲ၌ ေခတၱမၽွ ဆိတ္ၿငိမ္သြားျပန္သည္။ အသက္အရြယ္ကြာဟမွုေရာ၊ ရင္းႏွီးတာမၾကာေသးတာေၾကာင့္ သူတို႔ႏွစ္ဦးၾကား ေျပာစရာစကားရယ္လို႔ မယ္မယ္ရရရွိမေန။ စာသင္ရမည့္အတန္းအေၾကာင္း ေျပာရင္ေကာင္းေလမလား။ သူ႔အဝတ္အစားေတြ လိုက္ၾကည့္ေပးဖို႔မ်ား ေတာင္းဆိုရေလမလား။

အေတြးေတြႏွင့္ ေဇယ်ာတစ္ေယာက္ ခပ္ေထြေထြရယ္သာ။

"ဒီေန႔ကိုယ့္အိမ္မွာ စာစုလုပ္တာက သိပ္ေတာ့ၾကာမယ္မထင္ဘူး၊ မျပန္ခင္ ကိုယ့္အဝတ္အစားေတြ ဝင္ၾကည့္ေပးမလား။ ဒါမွ မင္းအႀကံေပးနိုင္မယ္ထင္တယ္"

"ရတယ္ေလ။ အား ... ဒီေန႔တစ္ေနကုန္ ဂိမ္းမေဆာ့ရေတာ့ဘူးပဲ"

သည္ခ်ာတိတ္ႏွင့္ေတာ့ ထိုင္ေနရင္းက ထေအာ္လာျပန္ပါၿပီ။ အတန္းတက္ရတာ၊ သူ႔ကိုကူေပးရမွာ မေပ်ာ္ေလဘူးလားမသိ။ ေဇယ်ာမွာ ကားေမာင္းရင္း လမ္းၾကည့္လိုက္၊ ထိုခ်ာတိတ္ၾကည့္လိုက္ႏွင့္။

"ကိုယ့္ဆီကျပန္ရင္ ေဆာ့လို႔ရၿပီမဟုတ္ဘူးလား"

"မျဖစ္ဘူး၊ Roll ေလၽွာလိမ့္မယ္။ ေက်ာင္းစာလုပ္စရာေတြ ရွိေသးတယ္"

မ်က္လုံးအၾကည့္ကို တစ္ေနရာထဲမွာစူးစိုက္ရင္း လုပ္စရာရွိသည္မ်ားကို အစဥ္တက်ေတြးေနသည့္ ခ်ာတိတ္က သည္လိုေတာ့လည္း လိမၼာသားဟု ေတြးမိျပန္သည္။ ဂိမ္းေဆာ့ေပမဲ့ စာပါမၽွမၽွတတလုပ္ရင္ေတာ့လည္း မဆိုးပါေလ။

.........................

အတန္းထဲတြင္ေတာ့ ေဇယ်ာသည္ ခန့္ခန့္ နာမည္မေခၚလည္း စာျပေပးပါသည္။ စာမွတ္စရာ လိုက္မမွီလၽွင္ေတာင္ တစ္ေယာက္ႏွင့္တစ္ေယာက္ ေခါင္းေစာင္းၾကည့္ကာ ကူးေရးလိုက္႐ုံပင္။ အရင္လို အထူးအေထြမဟုတ္ေတာ့၊ ေျပာရဆိုရလည္း လက္ေပါက္မကပ္ၾကေတာ့။

ခန႔္ခန႔္သည္လည္း စီးပြားေရးနယ္ပယ္က စကားလုံးေတြ၊ အဓိပၸါယ္ေတြကို တျဖည္းျဖည္းသိလာၿပီျဖစ္၍ စာတြင္စိတ္ဝင္စားလာသည္။ နားခ်ိန္တြင္လည္း ေဘးရွိေဇယ်ာႏွင့္ ေသခ်ာစကားေျပာျဖစ္လာသည္။ ႏွစ္ေယာက္သား အဆင္ေျပသြားလို႔ တျဖည္းျဖည္း စကားေျပာၾကည့္ရင္းသိလာသည္က အဲ့လူႀကီးက စိတ္ရွည္သည္းခံတတ္သည္ဆိုတာကိုပါပဲ။

ေတြ႕စကတည္းက ခန႔္ခန႔္ ဘယ္ေလာက္ဂ်စ္ကန္ကန္ေျပာေလသလဲ သူ႔ကိုယ္သူအသိဆုံးပင္။ သို႔ေပမဲ့ အဲ့လူႀကီး သည္းခံေပးရွာသည္။ မိုးသည္းသည့္ေန႔ကစလို႔ သူ႔အေပၚ ေစတနာထားေပးခဲ့မွန္း ျပန္ေတြးေတာမိသည္။ ခန႔္ခန႔္ကသာ တလြဲမာနေတြ ထားမိေလတာ။

ဒါ့အျပင္ သူ႔ကားေပၚတက္လၽွင္ ဖြင့္ေပးတတ္တာေတာင္ ထုံးစံတစ္ခုလို ျဖစ္လာေလၿပီ။ ခန႔္ခန႔္ တမင္ဖြင့္ခိုင္းတာလည္းမဟုတ္ဘဲ မလိုက္ခ်င္မွန္းသိလို႔ တမင္ဖြင့္ေနေပးတာမ်ိဳး။ တစ္နည္းအားျဖင့္ လူႀကီးလူေကာင္းပုံစံ အျပည့္အဝရွိသည္ဆိုရမည္။

သည္လိုႏွင့္ ေန႔လယ္အတန္းၿပီးၾကေလေတာ့ တစ္ဖြဲ႕လုံး ေဇယ်ာ့အိမ္သို႔ သြားၾကရျပန္သည္။ ယမန႔္ေန႔ကအၾကမ္းခ်ထားသည့္ ပုံစံေတြကို ကိုယ္စီတာဝန္ခြဲယူရျခင္းမ်ိဳးျဖစ္၏။ သည္ထဲတြင္ ခန႔္ခန႔္က PowerPoint ျပင္ရမည့္သူျဖစ္ၿပီး ေဇယ်ာက တစ္ဖြဲ႕လုံးကိုကိုယ္စားျပဳၿပီး Presentation လုပ္ရမွာပင္။ က်န္သုံးေယာက္က သူ႔တာဝန္ႏွင့္သူ။

"ကဲ တို႔ေတြပထမဆုရရင္ေတာ့ မုန႔္အဝစားမွာေနာ္"

"ကၽြန္ေတာ္က ဆိုင္ေတာင္ေရြးၿပီးေနၿပီ"

မျပန္ခင္ေလး စေနာက္ေနၾကသည့္အဖြဲ႕ဝင္ေတြကို ခန႔္ခန႔္ကလည္း ျပန္ေနာက္ေျပာင္ဖို႔ ဝန္မေလး။ သူတို႔အဖြဲ႕ေလး တစ္ဦးႏွင့္တစ္ဦး ပိုရင္းႏွီးလာေလၿပီ။ Business Plan ျပင္တာဆိုေပမဲ့ စာခ်ည္းလုပ္ေနၾကျခင္းလည္းမဟုတ္။ ေပါ့ေပါ့ပါးပါး စကားေျပာရင္း ေဆြးေႏြးၾကတာမို႔ ပ်င္းရိစရာေကာင္းမေနေပ။ ေနာက္မွေန၍ စားစရာအသင့္လုပ္ေပးေနေသာ ေဒၚၾကည္ျပာကလည္း တာဝန္မျပတ္ပဲမလား။ ခန႔္ခန႔္ကေတာ့ အဖြဲ႕သားေတြေျပာသမၽွ မွတ္စရာရွိသည္မ်ားကို ေသခ်ာမွတ္သားရသည္။ ဒါမွလည္း သူ႔တာဝန္ျဖစ္သည့္ PowerPoint ျပင္ဖို႔အေရး ဘာမွမက်န္ခဲ့မွာပင္။

"အဲ့လူႀကီး ... အဝတ္အစားေတြ လိုက္ၾကည့္ေပးရမယ္ဆို"

အားလုံးၿပီးစီးလို႔ ျပန္ၾကေလေတာ့ ခန႔္ခန႔္က လြယ္အိတ္သိမ္းရင္း သတိေပးသည္။ ေဇယ်ာကမူ အေလာမႀကီး။ 'ျဖည္းျဖည္းေပါ့ ခ်ာတိတ္ရယ္' ဟု ခပ္ျပဳံးျပဳံးသာေျပာသည္။

"လူငယ္ဟန္ေပါက္ခ်င္ရင္ သြက္သြက္လက္လက္ လုပ္ရတယ္ဗ်"

"ကိုယ္ မသြက္လက္တာမွမဟုတ္တာ။ ဒီတိုင္းမျပန္ေစခ်င္ေသးလို႔ ျဖည္းျဖည္းေပါ့ေျပာတာ"

ခပ္တည္တည္ေျပာၿပီး မုန႔္ပန္းကန္တခ်ိဳ႕သိမ္းသြားလိုက္တာ ခန႔္ခန႔္ေတာင္ ေစာင့္ေဖာ္မရ။ တိုက္ထဲေနာက္ကလိုက္ဝင္ရင္း ေတြးမိျပန္ပါသည္။ သည္လူႀကီး အဘိုးႀကီးေပါက္စႏွင့္သာ တူေလတာ စကားေျပာရင္ျဖင့္ အေႏွာင့္မလြတ္၊ အသြားမလြတ္။ ဒါမ်ိဳးအေျပာေတြဆို မိန္းကေလးေတြ သိပ္ေႂကြၾကမည္မလား။

မုန႔္ပန္းကန္ေတြ မီးဖိုခန္းဝင္ထားၿပီးေလေတာ့ အဲ့လူႀကီးက အေပၚထပ္ေလွကားအတိုင္း ဦးေဆာင္တက္ေလသည္။ ပါေကးခင္းထားေသာ အေပၚထပ္ၾကမ္းျပင္ဆီ ေျခဖ်ားထိမိေလေတာ့ ေအးျမျခင္းအေတြ႕ကို သူခံစားရေလ၏။ တံခါးေတြပိတ္ထားလို႔ပဲလား၊ လူမရွိ၍ပဲလား ... က်ယ္ဝန္းေသာအေပၚထပ္မွာ ေက်ာခ်မ္းမိသလိုေတာင္ ခံစားမိေလသည္။

"လာ ... ကိုယ့္အခန္းကဒီဘက္"

"အင္း"

ကၽြန္းတံခါးႀကီး၏ လက္ကိုင္ကိုလွည့္ဖြင့္ကာ အဲ့လူႀကီးက သူ႔ကိုအရင္ဝင္ေစ၏။ ေအးစိမ့္ေနေသာအခန္းမွာ ခန္းစီးေတြကာရံထားမွုေၾကာင့္ ေမွာင္မဲျခင္းအတိ ပိတ္ဖုံးေနသည္။ အဲ့လူႀကီး အေနာက္ကမီးဖြင့္ေပးမွပဲ တစ္ခန္းလုံးဝင္းထိန္သြားတာျဖစ္၏။

အိုး!

အသံတိတ္ထြက္မိသည့္ အာေမဍိတ္က ခႏၶာကိုယ္အတြင္းေတာ့ ပ်ံ႕ႏွံ့သြားေလၿပီ။ ခဲနက္ေရာင္အေငြ႕အသက္တို႔ ထုံမႊမ္းေနေသာအခန္းက သူ႔အတြက္အံအားသင့္စရာ အျပည့္ပင္။ ပထမဆုံးဝင္လာသည့္ ခံစားခ်က္မွာ အားက်ျခင္းျဖစ္ေလသည္။ သူ႔အခန္းလည္း သည္ေလာက္က်ယ္လၽွင္ ေကာင္းလိမ့္မည္။

ႏွစ္ေယာက္အိပ္ေမြ႕ယာႏွင့္ မီးအျပင္အဆင္၊ တီဗြီ၊ အေမႊးပြေျခခင္း၊ ထိုင္ခုံကအစ အားလုံးကတန္ဖိုးႀကီး ပစၥည္းေတြဆိုတာထက္ သန႔္ျပန႔္ေနတာက ပိုခ်ီးက်ဴးစရာ။ သူဝင္မွာမို႔မ်ား သန႔္ရွင္းထားသလားမေျပာတတ္။ ခန႔္ခန႔္လိုဆိုရင္ေတာ့ ေမေမႏွင့္ႀကီးႀကီး ဝင္ရွင္းေပးရင္ေတာင္ သုံး၊ ေလးရက္ဆို ျပန္ရွုပ္ပြေနတတ္၏။ သည္အခန္းက်ယ္ႏွင့္ေတာ့ တျခားစီ။

ေဇယ်ာမွာ သူ႔ပစၥည္းေတြေနရာခ်ရင္း ဖုန္းအားသြင္းက်န္ခဲ့သည္။ ခန႔္ခန႔္က မေနနိုင္၊ မထိုင္နိုင္ ... ပိတ္ထားသည့္ခန္းဆီး ခဲေရာင္ကိုသြားဖြင့္ၾကည့္မိ၏။ ထင္သည့္အတိုင္း ေအာက္ထပ္ကသူတို႔ စာလုပ္သည့္ျမက္ခင္းျပင္ကအစ ကားရပ္ထားသည့္ဆင္ဝင္အဆုံး အားလုံးကိုျမင္ေနရတာပင္။

"မိုက္တယ္"

ခန့္ခန့္ ခပ္တိုးတိုးေျပာမိသည့္အသံရယ္ပါ။

"ဟင္"

ေနာက္ကကပ္ပါလာသည့္ အသံကိုလွည့္ၾကည့္မိေလေတာ့ အဲ့လူႀကီးလက္ေခ်ာင္းေတြက သူ႔ေခါင္းကိုကိုင္ေတာ့မေယာင္။ အနားေရာက္လာတာလည္း မသိလိုက္ပါေခ်။

"ဘာလုပ္မလို႔လဲ"

"ဘာမွမလုပ္ပါဘူးဗ်ာ။ ဟိုဖက္ခန္းလိုက္ျပမလို႔ေလ၊ ဒီဖက္ေငးေနလို႔ လာေခၚတာ"

"ဟုတ္သားပဲ၊ အကၤ်ီေတြက ဘယ္မွာထားတာလဲ"

"လာ"

ေဇယ်ာအေရွ႕က ဦးေဆာင္သြားေလေတာ့ ခန႔္ခန႔္ပါသြားလိုက္တာ‌ ေယာင္ခ်ာခ်ာ။ အဝင္တုန္းက ေဘးဖက္မွာ ခန္းဆီးကာထားသည္ကို မေတြ႕ခဲ့တာျဖစ္သည္။ အဲ့လူႀကီးအခန္းက က်ယ္ေျပာလြန္းေလတာ ဟိုတယ္ေတြက Master bedroom ေတြကဲ့သို႔ တြဲလ်က္အခန္းငယ္ႏွင့္ျဖစ္သည္။

"ဝိုး"

သည္တစ္ခါေတာ့ ခန့္ခန့္ အသံထြက္ကာ ထပ္အံ့ဩမိျခင္းျဖစ္၏။ အဲ့လူႀကီးလည္း ေသခ်ာေပါက္ၾကားမွာျဖစ္သည္။ ဒါခန့္ခန့္ အရမ္းလိုခ်င္ေနသည့္ Walk-in Closet ပဲမလား။ အခန္းတြင္ ေနရာက်ယ္က်ယ္ရွိမွသာ ထားလို႔ရတာမ်ိဳးျဖစ္သည္။ ခ်ိတ္ႏွင့္ထားစရာေနရာ၊ သပ္သပ္ေခါက္သိမ္းရမည့္ေနရာ၊ ဖိနပ္၊ နာရီထားရမည့္ေနရာေတြသာမက နက္ကတိုင္ထားရမည့္ အံကေလးပင္ ပါေသးသည္။ ေတာ္ေတာ္လည္း စုံလင္ေအာင္ထည့္ထားတာမို႔ မီးအလင္းေရာင္ေအာက္တြင္ အထည္သားျဖစ္ေနသည္။

"အဲ့လူႀကီးက သိပ္မဝတ္တတ္ဘူးဆိုေပမဲ့ ဒါမ်ိဳးေတြေတာ့ ေသခ်ာဆင္ထားသားပဲ"

"ရြယ္ရြယ္က သူ႔အခန္းလုပ္ရင္း ကိုယ့္ဖို႔ပါစီစဥ္ေပးတာ ခ်ာတိတ္ရဲ့၊ ကိုယ့္ဘာသာဆို ဒါေတြမလုပ္ျဖစ္ပါဘူး။ မင္းမမက သူ႔အခန္း Closet ဆို ဒီထက္ေတာင္ႀကီးတယ္၊ အလွႀကိဳက္တယ္ေလ"

"ဟုတ္လား"

အားက်သည့္စိတ္ႏွင့္ ခန့္ခန့္ မ်က္လုံးတို႔အေရာင္လက္ေနေတာ့သည္။ အေမးေတြမွာလည္း မရပ္မနားႏွင့္ သိခ်င္သမၽွ စုံစမ္းၾကည့္ေနရတာ အရင္ကဂ်စ္ကန္ကန္ပုံစံေလးမွာ သူမဟုတ္သည့္ႏွယ္။

"ႀကိဳက္တာဖြင့္ၾကည့္ေနာ္၊ ဒါမွကိုယ့္မွာရွိတာေတြ မင္းသိမွာ"

"ဒါဆို အကုန္ေမႊၾကည့္မွာေနာ္"

"စိတ္ႀကိဳက္ၾကည့္ပါဗ်ာ"

ဂ်စ္ကန္ကန္အျမဲေနတတ္တဲ့ မာနခဲေလးမွာ အကၤ်ီ၊ ေဘာင္းဘီေတြ တစ္ထည္ၿပီးတစ္ထည္ၾကည့္သည္။ ၿပီးလၽွင္ ေဇယ်ာ့ကို ဟိုလိုဝတ္၊ ဒီလိုဝတ္နဲ႔ အႀကံေပးလိုက္၊ ေျပာလိုက္ႏွင့္ သူထင္ရာလုပ္ေနရေတာ့ လူႀကီးေလးအတိုင္း။ ႐ုံးသြားလၽွင္တစ္မ်ိဳး၊ အျပင္ေပါ့ေပါ့ပါးပါးသြားရင္တစ္ဖုံ၊ Gymသြားရင္ဘယ္လိုႏွင့္ ... အဝတ္ေတြေသခ်ာခြဲေပးၿပီး ေသခ်ာရွင္းျပေနေသးတာျဖစ္၏။

ေဇယ်ာတစ္ေယာက္ သိပ္ပင္မသုံးျဖစ္ေသာ Instagram မွာလည္း သူေျပာသည့္လူတခ်ိဳ႕ကို Follow လုပ္ရေသးသည္။ Pinterest လည္းသုံးေစၿပီး Men outfits ေတြ ရွာျပေသး၏၊ ဒါေတြေလ့လာၿပီးဝတ္လၽွင္ အလန္းပဲဆိုတာခ်ည္း ေျပာေနမိတာပင္။ ဝါသနာပါတာ၊ စိတ္ဝင္စားတာမ်ား လုပ္ေနရလၽွင္ မာနလည္းမရွိသလို၊ ေမာတယ္ပမ္းတယ္လည္း မရွိပါေပ။

"ကဲ ခ်ာတိတ္ေရ ... ေျပာတာေတြလည္း မ်ားေနၿပီ၊ ဟိုေမႊဒီေမႊနဲ႔ ဗိုက္မဆာဘူးလား။ ေန႔လယ္ကလည္း ကိတ္နည္းနည္းပဲစားတယ္"

"တစ္ခါတည္း သတိရတုန္း အကုန္ေျပာျပတာေလ"

"ေနာက္ PowerPoint ျပင္ဖို႔လည္း လာရဦးမွာပဲဟာ၊ အခုျပန္ပို႔ေပးရင္း တစ္ခုခုစားၾကရေအာင္။ လာ ... ထ"

ေျပာရင္း ၾကမ္းျပင္တြင္ အားရပါးရထိုင္ေနေသာ ခန႔္ခန႔္လက္ကိုကိုင္ကာ ဆြဲထူေပးသည္။ ညေနေစာင္းမို႔ အခ်ိန္ကလည္း မနည္းေတာ့ေလၿပီ။ ဗိုက္ဆာေနေသာသူလည္း တစ္ခုခုစားခ်င္ၿပီမို႔ ျပန္ဖို႔ကိုပဲ သေဘာတူလိုက္ေလ၏။

"အဲ့လူႀကီးဝယ္ေကၽြးမွာဆို မလိုက္ဘူးေနာ္"

"ဒါဆို မင္းရွင္းမွာလား"

"မဟုတ္ပါဘူး၊ ကိုယ္စားတာကိုယ္ရွင္းေၾကး ... ဘယ္လိုလဲ"

တဟားဟားရယ္ရင္း ထြက္သြားသူက ခန႔္ခန႔္ေျပာတာကို ဟာသမ်ားထင္ေနသလားမသိ။ ေက်ာင္းမွာဆိုလည္း သည္လိုပဲ ကိုယ္မွာတာကိုယ္ေပးၿပီး စုရွင္းၾကတာပဲေလ။ ဒါဆို ဘယ္သူ႔ဘယ္သူမွ ေက်းဇူးတင္စရာမလို၊ အေႂကြးလည္းတင္စရာမလို၊ ယုတ္စြအဆုံး ဝယ္ေကၽြးထားလို႔ဆိုၿပီး အားနာေနစရာကိုမလို။ အဲ့လူႀကီးတို႔လို အရြယ္ေတြကေတာ့ ေငြေရးေၾကးေရးကိစၥမွာ ပမႊားပဲလားမသိ၊ သူတို႔လို ေပးသည့္မုန႔္ဖိုးပဲ သုံးရသူေတြအဖို႔ကေတာ့ သည္နည္းလမ္းကသာ အဆင္ေျပတာဧကန္ပင္။

"Lotteria သြားမယ္ေနာ္ ... ဘာဂါအစပ္မစားရတာ ၾကာေနၿပီ"

"ဟုတ္ၿပီဗ်ာ"

ႏွစ္ေယာက္ထိုင္ကားေလးတြင္ အစားအေသာက္အတြက္ တက္ႂကြေနၾကတာျဖစ္သည္။ အခ်ိန္က ညေနေစာင္းစမို႔ သူတို႔ဦးတည္ရာအေနာက္အရပ္တြင္ ေနလုံးႀကီးက ဝင္လုဆဲဆဲ။ ေနရွိန္ေလာက္ေအာင္ မေတာက္ပေတာ့သည္မို႔ ညေနခင္းက ဘယ္ညာႀကိဳက္ရာ လွည့္ၾကည့္လည္း သာယာေနဆဲပင္။

အလုပ္ျပန္ေနၾကသည့္လူတခ်ိဳ႕၊ သူငယ္ခ်င္းေတြႏွင့္ အဖြဲ႕လိုက္ေလၽွာက္လွမ္းေနၾကသူေတြ၊ ခ်စ္သူရည္းစားအတြဲေတြႏွင့္ ကားလမ္းေဘးက ပလက္ေဖာင္းတြင္ လူအသြယ္သြယ္ သြားလာေနၾကသည္။ ကားေပၚကခန႔္ခန႔္လည္း တစ္ေနကုန္ အိမ္မျပန္ရေသးေပမဲ့ သည္လိုအျပင္ထြက္လိုက္ရေတာ့လည္း ဝန္းက်င္အေနအထားကို ႏွစ္သစ္ေနမိျပန္ပါ၏။

သူ႔ညေနခင္းမွာမူ ေတာင္ေငးလိုက္၊ ေျမာက္ေငးလိုက္ ... အဲ့လူႀကီးႏွင့္စကားေျပာရင္း ရယ္လိုက္ေမာလိုက္ရယ္ေပါ့။ လူတစ္ေယာက္အေပၚ အျမင္ၾကည္သြားေတာ့လည္း ခင္မင္ရာ သူငယ္ခ်င္းတစ္ေယာက္ ရသြားသလိုလို။

"ကၽြန္ေတာ့္ကို Crazy Hot Burger ရယ္၊ အာလူးေခ်ာင္းေၾကာ္ကို ခ်ိစ္နဲ႔ရယ္၊ ၿပီးရင္ ေရသန့္တစ္ဗူးေပးပါေနာ္"

"အဲ့လူႀကီး လာမွာေလ"

ေကာင္တာတြင္လက္တင္ကာ ႀကိဳက္ရာမွာၿပီးမွ ေနာက္ကလူကို ေနရာေပးဖို႔ သတိရတာျဖစ္သည္။ လွည့္ၾကည့္ျပန္ေတာ့ ရိုးရိုးမရ၊ သူ႔ထက္ေခါင္းတစ္လုံးစာေလာက္ ရွည္ေနသည့္အရပ္ကို ေမာ့ၾကည့္ရတာမ်ိဳးပင္။

တကတဲ ... ရွည္လိုက္သည့္အရပ္။

"ကိုရီးယားၾကက္ေၾကာ္ တစ္ပြဲရယ္၊ Cheese stick ၂ေခ်ာင္းရယ္၊ Pesi ၁ဗူးရယ္ေပးပါ"

ေဇယ်ာမွာၿပီးသည္ႏွင့္ လူမရွိေသးသည့္တစ္ဝိုင္းကို အျမန္သြားဦးရေသးသည္။ ပိတ္ရက္လည္းျဖစ္၊ ညေနလည္းေစာင္း ေနက်ခ်ိန္လည္းျဖစ္ဆိုေတာ လူရွုပ္ေနေလၿပီ။ စားစရာေတြေစာင့္ဖို႔ကေတာ့ အႀကီးျဖစ္သည့္ အဲ့လူႀကီး၏တာဝန္ဟုေတြးကာ ပစ္ထားခဲ့လိုက္တာပင္။

ဘာဂါရလာမွသာ အငမ္းမရကိုက္ရတာ ဆယ္ကမၻာေလာက္ မစားခဲ့ရသည့္အတိုင္း။ ညစာလြတ္ေအာင္ ဝက္သားျပားကိုႏွစ္ထပ္မွာခဲ့တာမို႔ ဘာဂါကပုံမွန္ထပ္ ပိုထူေနသည္။ ဒါကိုအားရပါးရကိုက္စားရတာမို႔ ပါးမွာေပပြေနတာလည္း ခန့္ခန့္သတိမထားမိ။ ဒါကိုမ်က္ႏွာခ်င္းဆိုင္တြင္ ကိုရီးယားၾကက္ေၾကာ္ကို ခက္ရင္းႏွင့္ဟန္ပါပါ ထိုင္စားေနေသာေဇယ်ာက တစ္ရွုးယူၿပီး သုတ္ေပးဖို႔ျပင္ရသည္။

"ဘာလုပ္မလို႔လဲ"

တစ္ရွုးႀကီးကိုင္ကာ လက္ကပါးနားေရာက္လာမွေတာ့ သုတ္ေပးေတာ့မွာမွန္း ခန႔္ခန႔္ သိပါသည္။ သို႔ေသာ္ ေမးလိုက္မိတာက သုတ္ေပးလိုက္လၽွင္ ထူးဆန္းေနမွာမို႔ျဖစ္သည္။ ဒါေယာက္်ားတစ္ေယာက္ျဖစ္သည့္သူ႔ကို ဂ႐ုစိုက္ေပးေနစရာမ်ိဳးမဟုတ္။ မိန္းကေလးေတြသာ ဒါမ်ိဳးအေျခအေနကို ႏွစ္သက္ပါလိမ့္မည္။ ဒါမို႔ တြန့္ခနဲေနာက္ဆုတ္ရင္း ေမးလိုက္တာျဖစ္၏။

"ပါးမွာေပေနတာ သုတ္ေပးမလို႔ပါ။ သူမ်ားေတြၾကည့္ေနၿပီ၊ လာ ... ေရွ႕တိုး"

လက္ကလည္း တန္းလန္းႀကီးျဖစ္ေနၿပီး လူေတြလည္း တကယ္ၾကည့္ေနမွာစိုး၍ ခန႔္ခန႔္ အျမန္ပဲေရွ႕တိုးေပးလိုက္ရသည္။ အဲ့လူႀကီးတို႔မ်ား သူ႔ထက္ငယ္တာႏွင့္ပဲ လူကိုကေလးအရြယ္၊ ခ်ာတိတ္အရြယ္ ထင္ေနေတာ့တာလားမသိ။

"ခုနထဲက ေမးမလို႔၊ ေဖ်ာ္ရည္မေသာက္ဘူးလား။ Pesi ထပ္ယူေပးရမလား"

"ဟင့္အင္း ေရပဲေသာက္မယ္။ ဂတ္စ္ပါတဲ့ေဖ်ာ္ရည္ေတြ မႀကိဳက္ဘူး"

"ဒါဆို လိေမၼာ္ရည္ရတယ္ေလ"

"ေတာ္ၿပီ ... ေရသန႔္ပဲ"

ထယူေတာ့ဟန္ျပင္ေနၿပီးမွ ေခါင္းတဆတ္ဆတ္ညိတ္လိုက္ပုံကို ခန႔္ခန႔္ ရယ္ခ်င္မိတာပင္။ သူ သည္ေလာက္ဂ်စ္တစ္တစ္နိုင္တာကို စိတ္ရွည္ေပးေနေသး၏။ အဲ့လူႀကီးကိုၾကည့္ရင္း ခန႔္ခန႔္ ခံစားမိသည္က အေဖကသားတစ္ေယာက္ကို ဂ႐ုစိုက္ေပးေနသလိုမ်ိဳး၊ မဟုတ္ေသး ... အစ္ကိုတစ္ေယာက္က သူ႔ညီအရင္းတစ္ေယာက္ကို တယုတယ ဂ႐ုစိုက္ေပးေနပုံမ်ိဳးပင္။

တစ္ဦးတည္းေသာသားျဖစ္သည့္ ခန႔္ခန႔္အဖို႔ တကယ္ပဲ ... အစ္ကိုတစ္ေယာက္ ေကာက္ရေလသလား။

(17/9/2020)
•••••••••••••••••••••••••••••••••••••••••••

Bạn đang đọc truyện trên: Truyen3h.Co