Truyen3h.Co

နှောင်ကြိုး

Part-11

Fi_Lay


<Unicode>

ဆောင်းရက်တွေ တဖြည်းဖြည်းကုန်လာလေပြီ။ ညဆိုအချမ်းပေါ့လာသလို နေ့ဆိုပူစပ်စပ်နှင့်။ ရော်ရွက်ဝါတွေကမူ ကျောင်းဝန်းထဲဝယ် လှဲမကုန်နိုင်အောင် ကြွေနေကြချေပြီ။ မကြွေသေးသည့် ရွက်စိမ်းတို့မှာမူ ဖုန်အလိမ်းလိမ်းနှင့်။ မိုးမရွာတာကြာပြီမို့ အပင်တွေမှာ စိမ်းလန်းမှုအားနည်းနေသည်။ ဖုန်ရောင်ညစ်နွမ်းနေတာရော၊ ရွက်ဝါရောထွေးလေတာရော။

ဪ ... ဖေဖော်ဝါရီလပေတည်း။

ထိုအချိန်် နေ့လယ်ထမင်းစားနားခိုက် ကျောင်းထဲရှိ တယ်ပင်အောက်တွင် ကြိုးစားပမ်းစား ဂိမ်းထိုင်ဆော့နေကြသော သူငယ်ချင်းနှစ်ယောက်လည်း ရှိလေသည်။ စာကြိုးစားသည့်သူငယ်ချင်းကို ကျောင်းတွင်အမိအရတွေ့တုန်း ဆွဲခေါ်ပြီးဂိမ်းဆော့တာ C ခန်းက ခန့်ကိုပင်။ ည,ညဆိုလျှင် ခန့်ခန့် စာကျက်ချိန်မို့ ဆော့ဖို့တော်တော်နှင့် ခေါ်မရပေဘူးမလား။ ဒါမို့ အချိန်ရှိခိုက် လုံ့လစိုက်နေကြတာဖြစ်၏။

"ဟိတ်ကောင် နောက်တစ်ချိန် တက်မနေနဲ့တော့။ ဆော့ရတာ အရှိန်ရနေပြီ၊ မပြီးလောက်ဘူး"

ထမင်းစားနားသည့် တစ်နာရီဆိုသည်မှာ ခန့်ကိုအတွက် သိပ်မလောက်ချင်၊ စားရင်းသောက်ရင်း ဆော့လျှင်တောင် ဂိမ်းကနှစ်ပွဲမပြီးတတ်တာကိုး။

"မင်းအဖေက ဆေးရုံတက်တုန်းက လေးရက်ပျက်ထားတာကွ၊ ဒီလ roll call မပြည့်ရင် အိမ်တိုင်စာပို့ခံရမှာ"

"အဲဒါ ဆေးခွင့်တင်လိုက်လေကွာ၊ ဒီဖက်လာ ... ဒီဖက်လာ"

ခေါင်းမဖော်နိုင်ဘဲ ဖုန်းကိုလက်နှစ်ဖက်နှင့် သဲကြီးမဲကြီးကိုင်ဆော့ရင်း ပြောနေကြတာဖြစ်၏။

"တင်ထားတယ်၊ ထပ်မပျက်ချင်လို့။ နှစ်ဝက်စာမေးပွဲက နောက်လဆိုတာလည်း သတိရဦး၊ တီချယ်တွေ စာအမြန်ဖြတ်နေကြပြီ။ အတန်းတက်၊ ပြီးမှ 'D' တွေတန်းစီထိလို့ မအော်နဲ့"

"အေးပါကွာ၊ ဒါဆို ညခဏဆက်ဆော့မယ်။ ၇နာရီလောက် ငါဖုန်းဆက်လိုက်မယ်"

'၇နာရီ'

အသံကြားတာနှင့်တင် ခန့်ခန့်ကိုယ်လေး မတ်ခနဲဖြစ်သွားသည်။ အဲ့လူကြီးနှင့် ဈေးဝယ်လိုက်ပေးမည်ဟု ပြောထားပြီးသားမလား။ မဖြစ်ချေ၊ အဲသည်ကပြန်လာလျှင်လည်း စာလုပ်ရဦးမှာနှင့် ... ဂိမ်းဆော့ဖို့ အားလပ်မနေချေ။

"ညလည်း ငါမအားဘူး။ အပြင်သွားဖို့ ချိန်းထားတာရှိတယ်"

အဲ့လူကြီးနဲ့ သွားမှာကိုတော့ သူမပြောဖြစ်။ မဟုတ်လျှင် ဒီကောင်အစအဆုံးစပ်စုပုံနှင့် အတန်းတောင်တက်ရမည်မထင်။

"မင်းရိုးမှရိုးရဲ့လား"

"ဘာလို့လဲ"

ခန့်ခန့်က သဘောမပေါက်သဖြင့် ခပ်အေးအေးသာပြန်မေးသည်။ သစ်ပင်ရိပ်အောက်တွင် ဂိမ်းဆော့သံတွေညံနေသည့်ကြားက စကားကိုလည်း မရမကပြောနေကြခြင်းဖြစ်သည်။

"ဒီနေ့ Valentine day လေ။ ငါမသိအောင် ရည်းစားထားနေတာမလား"

ဂိမ်းကို သဲကြီးမဲကြီးဆော့နေရင်းက မယုံသင်္ကာနှင့် ခေါင်းမော့ကာ မေးလာလေတာ ခန့်ကိုရယ်ပါ။ ရည်းစားထားခိုင်းဖူးတာလည်း သူပါပဲ၊ အခုကျလည်း ရည်းစားရှိနေသလားဟုဆိုကာ အချိန်ဖဲ့ပေးရမှာစိုးတာလည်း သူကိုယ်တိုင်ပါပဲ။

"မင်းအဖေက ရည်းစားထားတဲ့ပုံ ပေါက်နေလို့လား။ မင်းသာ ပန်းလေးနဲ့လည်နေမှာ"

"ငါတို့က ညနေပိုင်းပဲလည်မယ်။ မင်းကသာညထိ ဘယ်သူနဲ့ချိန်းထားမှန်းမသိ။ ပြောရတာမဟုတ်ဘူးလေ၊ ဟိုသင်တန်းတက်ကတည်းက ငါ့ကို ပလစ်နေတာ၊ အဲ့မှာ အကြိုက်ရှိရင် ရှိနေမှာပေါ့"

ဟုတ်တော့လည်းဟုတ်ပါသည်။ ဒီရက်ပိုင်း ခန့်ကိုနှင့်အပြင်လည်း အတူမသွားဖြစ်၊ ဂိမ်းလည်းသေချာမဆော့ဖြစ်။ အရင်ကဆို ပိတ်ရက်ဖြစ်ဖြစ်၊ ညတွေဖြစ်ဖြစ် အပြင်အတူသွားနေကျဆိုတော့ သည်ကောင့်ကို ပလစ်ထားသလို ဖြစ်နေလေပြီ။

'ဟိုလူကြီးကြောင့်ပေါ့'

ခန့်ခန့် စိတ်ထဲတွေးမိရင်း မျက်မှောင်ကုပ်ကာ နှုတ်ခမ်းတစ်ချက်မဲ့သွားသည်။ မဆီမဆိုင်ဆိုပေမဲ့ အဲ့လူကြီးနှင့် သူအခုတလော အတော်ပေါင်းနေမိသည်မလား။ သင်တန်းနှစ်ရက်လုံးလည်း အကြို၊ အပို့လုပ်ပေးသည်။ ပြီးလျှင်လည်း PowerPoint ပြင်ဖို့၊ သူ့အဝတ်အစားကိစ္စ ကူညီဖို့ တစ်နေကုန်နီးပါး တွေ့နေရတာများသည်။

ဒါတောင် ညဆိုဖုန်းဆက်ပြီး အရေးကြီးပွဲတွေအတွက် ဖုန်းလှမ်းဆက်မေးတာတွေ မပါသေး။ စကားပြောလျှင် အာလာပ၊ သလာပပြောတာနှင့်တင် အချိန်ကမသိလိုက်ဘဲ ကုန်,ကုန်သွားတတ်သေးသည်။ ဒါတွေက သူ့စာကျက်ချိန်တွေ၊ ဂိမ်းဆော့ချိန်တွေကို လျော့ပါးစေတာပါပဲ။

တစ်ဖက်ကကြည့်ပြန်တော့လည်း သူမနှစ်သက်ဘဲ အတင်းလုပ်ပေးနေရတာတော့လည်းမဟုတ်။ စိတ်ပါလက်ပါ ပြောပေး၊ လုပ်ပေးနေတာမို့ အဲ့လူကြီးတစ်ယောက်တည်းကိုပဲ အပြစ်မဆိုသာ။ ဂိမ်းဆော့ရင်း ရူးရူးနှမ်းနှမ်းအတွေးတွေက ကြားဖြတ်ဝင်ရောက်နေလေတာ Messenger က စာတစ်စောင်ဝင်မှာပဲ အတွေးစပြတ်သွားတော့၏။

"ချာတိတ် ... စာမသင်ဘဲ ဂိမ်းခိုးဆော့နေသလား" တဲ့လေ။

အဲ့လူကြီး အကြားအမြင်များ ရနေသလား။

..........................

အိမ်ဆောက်ပစ္စည်းဆိုင်က ဇေယျာတစ်ယောက် ပစ္စည်းတွေစစ်၊ ဧည့်သည်တွေနှင့် မပြတ်တွေ့နေသည့်ကြားက နာရီတကြည့်ကြည့်ဖြစ်နေသည်။ အချိန်ကြည့်တော့ တစ်နာရီကျော်ရုံရှိသေး။ ညနေ ချာတိတ်နှင့် Shopping သွားကြမည်ဟု ပြောထားတာအတွက် မိနစ်တွေအများကြီးလိုနေသေးသည်။

နေ့လယ်စာလည်း မစားချင်သေး၍ အပေါ်ထပ်ရုံးခန်းပြန်တက်လာခဲ့၏။ အလုပ်တွေပြန်မလုပ်ခင် လက်ကမနေနိုင်၊ မထိုင်နိုင်ဘဲ ... Messenger ကဝင်ကြည့်မိသေးတာက ကနဦးအလုပ်တစ်ခုလို။ ဘာရယ်မဟုတ်၊ ကျောင်းပြန်တက်ချိန်ဆိုတာ သိနေတော့ ထိုချာတိတ်စာမှလိုက်ကြည့်ရဲ့လားဆိုတာ သေချာချင်နေခြင်းပင်။

ဆန္ဒစောစွာ ဖွင့်ကြည့်မိတော့ ထိပ်ဆုံးကပင်မီးစိမ်းနေလေတာ စိုင်းမင်းခန့်ဆိုသည့် Account ပင်။ ညကမှပြောထားသေးတော့ သေချာတောင်ရှာကြည့်စရာလိုမနေ။ တကယ်ကို ထင်သည့်အတိုင်း စာလိုက်မကြည့်ဘဲ ဂိမ်းဆော့နေလေသလား သည်ချာတိတ်။

စာကြောင်းလေးတစ်ကြောင်း ကောက်ရိုက်လိုက်မိတာ အလျင်စလို။

'ချာတိတ် ... စာမသင်ဘဲ ဂိမ်းခိုးဆော့နေသလား'

စာပို့အပြီး ဇေယျာ အလုပ်စမလုပ်သေးဘဲ ပြန်ပြောလာမည့်စာကို စောင့်နေလိုက်သည်။

တစ်မိနစ်။

နှစ်မိနစ်။

နောက်မှီထိုင်ခုံတွင် မှီရင်းစောင့်ရာမှ အကြောင်းပြချက်မရှိ လမ်းထလျှောက်လိုက်သေး၏။ ခပ်ကျဉ်းကျဉ်းရုံးခန်းမို့ နေရာကသိပ်မရှိ။ ဒါမို့ ဘယ်ညာလျှောက်ရသည်မှာ ခေါက်တုံ့ခေါက်ပြန်။

သုံးမိနစ်။

လေးမိနစ်။

ငါးမိနစ်ကြာသည်အထိ စာဝင်သောအချက်ပေးသံ မကြားရတာမို့ ပြန်ဖွင့်ကြည့်လေတော့ စောစောကတည်းကပင် လိုင်းဆင်းသွားလေပြီ။ သူ့စာပို့ထားတာကိုတော့ ကြည့်သွားသေးတာပင်။ ဇေယျာ သက်ပြင်းရှည်တစ်ချက်ချရင်း အလုပ်စလုပ်လိုက်ရတော့သည်။

"မင်းမင်း"

"ဟာ ... အစ်ကိုအစောကြီး ပြန်တော့မလို့လား"

ညနေလေးနာရီသည် ဇေယျာ ပြန်နေကျအချိန်မဟုတ်၊ ဒါမို့အထူးတဆန်း မေးလာတာဖြစ်မည်။ မင်းမင်းအဖို့ လေးနာရီက စောတယ်ထင်ရသော်လည်း သူ့အဖို့က လေးနာရီရောက်အောင် အောင့်အီးစောင့်လိုက်ရသည့်အဖြစ်။ အချိန်သည် ပုံမှန်ရွေ့လျားတတ်သည့် တည်မြဲခြင်းသဘောရှိသော်လည်း လူတို့၏ခံစားချက်အပေါ်လိုက်၍ နှေးချင်နှေးကာ၊ မြန်ချင်လည်း မြန်တယ်ဖြစ်ရသေး၏။

"ငါ ဝင်စရာရှိသေးလို့၊ သေချာပိတ်ဖို့မှာခဲ့နော်"

ချာတိတ် ကျောင်းဆင်းရောက်ချိန်ကိုမှန်းကာ ထွက်လာခဲ့ရသော်လည်း တကယ်ဆို ချာတိတ်ကျောင်းကိုသွားသည့် ဘတ်စ်တွေက သူ့ဆိုင်ရှေ့က ဖြတ်ရသည်ဟုပြောဖူးသည်။ ဆိုင်မှာဆင်းနေခဲ့လျှင်တောင် ပြီးရောမလား။ ဒါလည်း လက်ခံမည်မဟုတ်ပါချေ။ အပြင်သွားလျှင် အမြဲလန်းနေအောင်ဝတ်တတ်သည့်ကောင်လေးက ကျောင်းဝတ်စုံ ... အထူးသဖြင့် ပုဆိုးနှင့် လိုက်မည်မဟုတ်ပါချေ။ သူ့အရပ်နှင့် ပုဆိုးဝတ်ရတာမလိုက်ဘူးဟု ပြောဖူးတာကို ဇေယျာ မှတ်သားထားဖူးတာပင်။

သူကိုယ်တိုင်ကတော့ အိမ်မဝင်တော့ချေ။ အချိန်မရမှာစိုးတာမို့ ချာတိတ်ကိုခေါ်ပြီး တစ်ခါတည်းတန်းသွားလိုက်မည် စိတ်ကူးသည်။ အိမ်အဝင်လမ်းကိုရောက်တော့ အိမ်ပြန်ရောက်ပြီဖြစ်ကြောင်း သူ့အားဖုန်းဆက်လာပါ၏။ စာဘာပို့ပြန်မပို့သလဲတော့ မမေးဖြစ်ပါချေ။ သိတော့သိချင်ပေမဲ့ ခဏနေပဲ လူချင်းတွေ့တော့မည်မလား။

ဇေယျာ အိမ်ရှေ့အရောက်တွင်တော့ ဝင်ခေါ်ရကောင်း၊ မကောင်း စဉ်းစားရသည်။ သို့ပေမဲ့ အိမ်ပြန်ညမိုးချုပ်နေလျှင် လူကြီးတွေ ဆူပူနေမည်ကို တွေးပူမိတာကြောင့် ဝင်ပြောပြီးခေါ်ရန်သာ ဆုံးဖြတ်လိုက်၏။

ချာတိတ်တို့ခြံနှင့် မျက်နှာချင်းဆိုင်အိမ်က လူမနေတာမို့ ထိုရှေ့မှတင် ထုံးစံအတိုင်းကားရပ်လိုက်သည်။ ကားသော့ပိတ်ပြီး ခြံအဝင်မှာတင် ထိုင်နေသောအဘွားနှင့် တွေ့ရသည်။ သူ့ကိုမြင်လျှင် အပြုံးချိုချိုနှင့်နှုတ်ဆက်တတ်သော အဘွားအား ဇေယျာ ခင်မိနေပြီဖြစ်သည်။

မြေးဖြစ်သူကို အပေါ်ထပ်အော်ခေါ်ပေးတော့ ပြတင်းဖွင့်ကာပြန်ပြောသည်က 'အဲ့လူကြီး ခဏနော်' တဲ့လေ။ ချာတိတ်အခန်းက အိမ်ရှေ့နှင့်လမ်းဘက်ကို လှမ်းမြင်ရသည်ကိုး။

အဘွားနှင့်စကားပြောဖြစ်မှ အန်ကယ်နှင့်အန်တီတို့ ပြန်မရောက်ကြသေးမှန်း သိရသည်။ မြေးဖြစ်သူအကြောင်းပါ ရယ်သွမ်းရင်းပြောပြနေတော့ ဇေယျာ စောင့်နေရတာမပျင်းရိတော့။ ညီတစ်ယောက်လို စောင့်ရှောက်ဖို့လည်း အထပ်ထပ်မှာရှာပြန်၏။ သူလည်း ချာတိတ်ကို ခင်နေမိတာပါပဲ။ ထူးထူးခြားခြားလည်း ပျော်နေမိတာ။

ခဏကြာတော့ ချာတိတ််ထွက်လာသည်။ မင်းသားက ထုံးစံအတိုင်း အလန််းဇယားတွေ ဝတ်နေရလို့ ကြာတာဖြစ်ရမည်။ ထွက်လာသည့်ပုံစံကိုကြည့်တာနှင့် ဇေယျာ ခန့်မှန်းလိုက်တာဖြစ်၏။ အသားကဖွေးဖွေး၊ တီရှပ်ကဖြူဖြူ၊ ခဲရင့်ရောင်စင်းဘောင်းဘီပွကို ဝတ်ဆင်ထားပုံမှာ သူ့အမြင်တွင် သိပ်အထာကျနေသည်။ ယောကျ်ားလေးဆိုသော်လည်း အသားအရည်ဝင်းမွတ်မှုက မထိရက်၊ မကိုင်ရက်စရာ။

"သွားမယ် အဲ့လူကြီး"

"အဘွားကိုနှုတ်ဆက်ခဲ့ဦးလေ"

"အပြင်သွားရမယ်ဆို မေ့ပြီပေါ့လေ"

သည်လိုပြောသောအဘွားကို ကပ်ချွဲပုံက သေးသေးကွေးကွေးချာတိတ်ကို ပိုကလေးဆန်သွားစေသည်။ ဆယ့်ကိုးနှစ်၊ တစ်ဦးတည်းသောသားဆိုတော့လည်း ဟုတ်မှာပါပဲလေ။

"အဘွား ဒါဆိုသွားပြီဗျ ... လာ"

ချာတိတ်ကို ကားတံခါးဖွင့်ပေးပြီးမှ သူတစ်ဖက်သို့ ဝင်ထိုင်လိုက်သည်။ အထဲရောက်သည်နှင့် သူ့ကိုခေါင်းအစခြေအဆုံး လိုက်စစ်နေသောအကြည့်တစ်စုံနှင့် ထိပ်တိုက်တွေ့ရလေ၏။

"ဘာမှားလို့လဲ"

"ကျွန်တော်ပြောတဲ့အတိုင်း ဝတ်ရဲ့လားလို့"

ပုံစံကိုမြင်ရုံနှင့် ရုံးကတန်းလာမှန်း သိပုံရသည်။ ဇေယျာ၏သည်နေ့ အဝတ်အစားကို ချာတိတ်ကိုယ်တိုင်ရွေးပေးထားတာပင်။ လူကြီးတွေနှင့် အရေးကြီးအစည်းအဝေးရှိတာမို့ ဘာဝတ်ရမလဲလှမ်းမေးတော့ video call ခေါ်ကာ အဆင်ပြေရာများ ရွေးပေးလေသည်။ သူလည်း ကြိုက်ရာဝတ်ရတာပေမဲ့ ချာတိတ်လက်ညှိုးညွှန်ရာပဲ ဝတ်လိုက်မိတာ တသွေမတိမ်း။ ဒါမျိုးဆို မာနခဲလေးက သာလိကာအသွင်ရှိလှသည်မလား။

"ကိုယ်က ညနေ မင်းမအားတော့ဘူး ထင်နေတာ၊ ဖုန်းဆက်ခေါ်လို့ တော်သေးတာပေါ့"

"အားပါတယ်၊ ဘာလို့လဲ"

"နေ့လယ်ကစာမပြန်တော့ Valentine day မှာ အလုပ်ရှုပ်နေတာလားလို့"

သွေးတိုးစမ်းကာ သူမေးလိုက်သည်အား ချာတိတ်က မသိကျိုးကျွန်နှင့် ရိုးရိုးသားသားဖြေရှာသည်က၊

"သူငယ်ချင်းက သူ့ကိုအချိန်မပေးဘူးပြောလို့ ဂိမ်းဆော့ပေးနေတာ၊ ဝင်လာတာမြင်လိုက်ပေမဲ့ ပြန်ပြောခါနီးမှ အတန်းဝင်လိုက်ရတယ်"

"ဪ...ကိုယ်က တခြားမအားတာကို ခေါ်လာမိတာလားလို့"

"တကယ်ဆို မအားဘူး၊ အဲကောင်နဲ့ညကျရင် ခဏထပ်ဆော့ပေးရဦးမယ်။ သူ့ကို ပလစ်ထားတော့ ချော့ရဦးမယ်"

ရှေ့တည့်တည့်ကြည့်ကာ ကားမောင်းနေသည့် ဇေယျာ ပုခုံးတွန့်လိုက်မိသည်။ ဒါကို ချာတိိတ်က မြင်ဖြစ်အောင်မြင်ပါ၏။

"ဘာလို့ပုခုံးတွန့်တာလဲ"

"တွေးမိလို့ပါ။ သူငယ်ချင်းက ရစ်တော့ချော့ပေးပြီး ကိုယ့်ကိုတော့ အမြဲတမ်းဂျစ်ကန်ကန်ပြန်ပြောတယ်"

"တူမလား"

ချာတိတ်ပြောလိုက်သည့် ထိုစကားက ဇေယျာ့ရင်ကို အရှိုက်ထိသွားစေမည်ဟု ကိုယ်တိုင်လည်း မထင်ထားမိ။ တစ်ခါတရံ ဘာတွေမျှော်လင့်မိလို့ မျှော်လင့်မိမှန်းလည်း ကိုယ့်ကိုယ်ကိုယ် နားမလည်နိုင်တော့ချေ။ အသက်အရွယ်တစ်ခုထိ ရောက်လာတာတောင် ခင်မင်မိသောသူ၊ တွယ်တာမိသောသူဆို ကိုယ်အလေးထားသလို ဖြစ်စေချင်တာ စိတ္တဇတစ်ခုနှယ်။ လူတိုင်းတစ်ယောက်နှင့်တစ်ယောက် ခံစားချက်၊ စိတ်သဘောထား မတူတတ်တာကို ဇေယျာ တစ်ချက်ပြန်တွေးယူလိုက်ရသည်။ ပြီးမှသာ နှုတ်ခမ်းလေးတွန့်ရုံ ပြုံးလိုက်ရတာ ခပ်ယဲ့ယဲ့။ "

"အဲ့လူကြီးကလည်း ကျွန်တော်စတာကို"

ပါးနပ်သောချာတိတ်က သူစက္ကန့်အနည်းငယ် မူပျက်သွားတာကို ရိပ်မိဟန်တူပါသည်။ သူလည်း ကလေးအရွယ်နှင့်တုပြီး စိတ်ဆိုးနေတယ် ထင်လေသလားမသိ။ တကယ်ဆို စိတ်မကောင်းရုံသက်သက်သာ။
'ရပါတယ် ချာတိတ်ရ' ဟူသော သူ့အသံတွင် အဆင်မပြေခြင်းတချို့ပါနေမှန်း သေချာပေါက်သိလိုက်သည်။

ဟိန်းဇေယျာ ... ဘာမှမဟုတ်တာလေးကို မင်းအကဲမပိုလေစမ်းနဲ့ ... ကိုယ့်ကိုယ်ကိုယ် ကြိတ်ပြောဆိုနေလေမိတာ မချိတင်ကဲ။

........................

Junction Square တွင် ဟိုဆိုင်ဝင်၊ သည်ဆိုင်ဝင်နှင့် ခြေရှုပ်နေကြသော အမျိုးသားနှစ်ယောက်။ တစ်ယောက်မှာမူ အရပ်ရှည်ရှည် ခန္ဓာကိုယ်တောင့်တင်းသူမို့ အများကြားတွင် ထင်ရှားနေသည့်သူမျိုး။ ဒါပေသိ ဘေးကအမျိုးသားငယ်မှာလည်း အဖြူရောင်ရှပ်လွင်လွင်ကလေးနှင့် ချစ်စရာကောင်းနေသေးတာ မြင်သူတိုင်း ငြင်းဖွယ်ရာမရှိပေ။

သည်နှစ်ယောက်တွင် ဦးဆောင်နေသူမှာ သေးသေးကွေးကွေး ချာတိတ်ကလေးပင်။ တစ်ဆိုင်ပြီးတစ်ဆိုင်ဝင်ကြည့်ရင်း ဇေယျာနှင့်လိုက်မည့် အဝတ်မှန်သမျှ ကိုယ်ပေါ်ကပ်ကြည့်လိုက်၊ ပြန်ချလိုက်နှင့် အလုပ်တွေရှုပ်နေလေလိုက်တာ Stylist လေးတစ်ယောက်အတိုင်း။

ဇေယျာဆိုသည်ကလည်း ခန့်ခန့် ဒါလိုက်တယ်၊ ဒါဝယ်ဆိုလျှင် နှစ်ခါမတွေးဘဲ ဝယ်လိုက်သူမျိုး။ ရောက်တုန်းရောက်ခိုက် ပိုက်ဆံလည်း အသင့်အတင့်သုံးဖြစ်သလို ဇေယျာ့လက်ထဲတွင်လည်း အင်္ကျီအိတ်များဖြင့် ပြည့်နက်နေလေပြီ။

ခန့်ခန့်မှာတော့ မိခင်နှင့်မဆုံလိုက်၍ ပိုက်ဆံကမလောက်။ မှင်သေသေဖြင့်သာ ရှိသည့်မုန့်ဖိုးနှင့် အဆင်ပြေလှသော ရှပ်လက်တိုတစ်ထည်သာ ဝယ်ဖြစ်လိုက်သည်။

တကယ်ဆို ခန့်ခန့် Pangaia က အသားအိစက်နေသော တီရှပ်လေးကို လိုချင်သည့်စိတ်နှင့် ကိုင်ကြည့်လို့မဆုံး။ အကြိုက်ဆုံးဖြစ်သော အဖြူရောင်ဖြစ်တာပေမဲ့ $130ကျော်ဆိုတော့ မိဘတွေကို ပူဆာမှရမည်ပင်။ စိတ်ထဲတွင်လည်း ပိုက်ဆံများများ ပေးမကိုင်သည့်မိခင်ကို တွေးစိတ်ဆိုးမိပြန်သည်။ သို့နှင့် မဝယ်နိုင်သည့်အင်္ကျီနား သူတဝဲဝဲလည်လည်နှင့်။ သူဆိုသည်မှာလည်း ကြိုက်လျှင်အစွဲအလမ်းကြီးသလို လိုချင်လျှင်လည်း ချက်ချင်းရချင်သည့်လူမျိုးပင်။

"အဲ့လူကြီး ပြန်တော့မလား"

"အင်း ကိုယ် ဒါလေးကြည့်နေတာ၊ ပြီးရင်ပြန်မယ်လေ"

"အဲဒါဆို အဘွားအတွက် မုန့်သွားဝယ်ဦးမယ်။ ကြည့်ပြီးဆင်းခဲ့တော့နော်၊ Parking ကပဲ စောင့်တော့မယ်"

ဝယ်ထားပြီးသော အိတ်ကိုကိုင်ရင်း ခန့်ခန့်လျှောက်လာခဲ့တာ ပေါ့ပေါ့ပါးပါး။ အပြင်သွားလျှင် အနည်းဆုံးအဘွားအတွက်တော့ မုန့်ပါအောင်ဝယ်တတ်တာ သူ့အကျင့်တစ်ခုပင်။ အပြင်သိပ်မထွက်နိုင်သည့် အဘွားအတွက် အစားအသောက်ကောင်းကောင်းနှင့် အဆန်းအပြားတွေဆိုတာ ကိုယ်တကူးတကဝယ်ပေးမှ စားဖြစ်တော့မှာဖြစ်သည်။

ဒါမို့လည်း ခန့်ခန့်သည် အဘွားအချစ်တော်ဖြစ်နေလေတာ နည်းနည်းမှမဆန်းပါချေ။

မုန့်ဝယ်အပြီး အဲ့လူကြီးကားနားရောက်လေတော့ ခဏတာ ရပ်စောင့်လိုက်ရသေးသည်။ ပြီးမှသာ အထုပ်စုံနှင့် အဘိုးကြီးပေါက်စက ထွက်လာတာဖြစ်၏။ ပြောလို့သာပြောရသည်၊ သူဝတ်ခိုင်းသည့်အတိုင်း သေချာကျကျနန ဝတ်လေတော့လည်း ခန္ဓာကိုယ်အချိုးအစား မိုက်တာရော၊ ရုပ်ခံရှိတာရောကြောင့်ပါ အဲ့လူကြီးက ခပ်မိုက်မိုက်ဘဲကြီးဖြစ်နေချေပြီ။

"စောင့်နေတာကြာပြီလား"

"မဟုတ်ဘူး၊ အခုပဲရောက်တာ"

ဇေယျာ ကားလော့ခ်ဖွင့်ပြီး ခန့်ခန့်ကို တံခါးဖွင့်ပေးလိုက်သည်။ တစ်ဆက်တည်း သူလည်းနေရာဝင်ထိုင်ပြီး အိတ်တွေနေရာချထားသည်။ သည်တွင် တစ်ထုတ်ကိုတော့ မထားဖြစ်၊ လက်ထဲတွင်သာ ဖောက်ချလိုက်သည်။

"ရော့!"

မထင်မှတ်ထားလို့ပဲလား၊ ချာတိတ်မော့ကြည့်လာလေတာ တအံ့တဩ။ ရမယ်ထင်မထားလို့ပဲလား၊ ဒါမှမဟုတ် သူကပေးတာမို့လို့များလား။ တစ်မျိုးမြင်ပြီး စိတ်ခုမှာလည်း စိုးထိတ်ရသေးတာ ဟိန်းဇေယျာပင်။

"Valentine day လေ၊ ရည်းစားမရှိဘူးဆိုတော့ ချောကလက်မစားရမှာစိုးလို့"

ဗူးထဲမှထုတ်ကျွေးသော ချောကလက်အလုံးမှာ အိတ်ခွံလေးပတ်လျက်သာ ရှိသေးသည်။ ဇေယျာ တစ်ဗူးလုံးပေးဖို့ ရည်ရွယ်ထားသော်လည်း စားစေချင်၍သာ တစ်လုံးအရင်ထုတ်ပေးလိုက်သည်။ ချာတိတ်ကဖြင့် လက်လှမ်းမယူသေး။

"ဖေဖော်ဝါရီ ၁၄ မှာ ချောကလက်စားမှဖြစ်မယ်ဆိုတဲ့ ဥပဒေမှမရှိတာ။ ထုတ်လာရင်လည်း ဒါမမျှတတာပဲ"

"ကဲပါ ... ကိုယ်ကျေနပ်အောင် စားလိုက်"

သည်လိုပြောတော့လည်း ပေးလက်စတစ်လုံးကို အခွံခွာပြီး ကောက်ခနဲစားပေးပါ၏။ ဗူးကိုတော့ သူ့အိမ်ရှေ့ရောက်မှ ပေးရမည်။ ရိုးရိုးပေးလို့တော့မရ၊ သည်နေ့အတူလိုက်ပေးတာ ကျေးဇူးတင်လို့ဆိုတာမျိုး ပြောပေးရမည်ပင်။

ဤသို့ဖြင့် ညနေကထွက်ခဲ့ကြသော သူတို့နှစ်ယောက်မှာ အပြန်လမ်းတွင် ညရောက်နေချေပြီ။ ညစာကို အိမ်မှာပဲစားချင်တယ်ဟူသော ခန့်ခန့်အပြောကြောင့် သူတို့ဘာမှမစားဖြစ်ကြ။ လိုတာတွေဝယ်ပြီး အိမ်တန်းပြန်ကြရုံပင်။ ခန့်ခန့်မှာမူ ဝယ်လာသည့်အဝတ်အစားတွေကို သွားရမည့်နေရာအလိုက် တွဲစပ်ဝတ်ဖို့၊ အရောင်အနေအထားကအစ တတွတ်တွတ်ပြောလာခဲ့သည်။

ထိုအချိန် တတွင်တွင်မြည်လာသော အဲ့လူကြီး၏ဖုန်းမြည်သံ။ ကား၏ Bluetooth စနစ်နှင့်ချိတ်ဆက်ထားပြီးသားမို့ အလယ်ကမျက်နှာပြင်တွင်‌ ခေါ်ဆိုသူနာမည်ကိုပါ ခန့်ခန့်မြင်နေရလေသည်။ 'ထက်မြက်' ဆိုတော့ အဲ့လူကြီးသူငယ်ချင်းပင် ဖြစ်ပါလိမ့်မည်။ ခန့်ခန့် မျက်နှာတစ်ဖက်လွှဲရင်း မှန်ဘောင်ကတဆင့် လူတွေကိုငေးနေလိုက်သည်။

"အေး ထက်မြတ် ... ပြော"

"ဟေ့ကောင် ငခန့်"

အဲ့လူကြီးမှာ ဖုန်းကိုင်မပြောဘဲ Bluetooth နှင့်ပဲ ဆက်ပြောနေတာမို့ ခန့်ခန့်ပါ နှစ်ဦးနှစ်ဖက်ပြောသမျှအကုန် ကြားနေရသည့်အနေအထားပင်။

"ငါ့ကိုပြောတော့ ဒီညမအားဘူးဆို၊ ခုကျဈေးဝယ်လာထွက်နေတယ်ပေါ့"

"အေးလေ၊ ဈေးဝယ်ထွက်မှာမို့ မအားဘူးပြောတာ။ မင်းမြင်လိုက်လို့လား"

"မင်းနဲ့ငါ ကားအဝင်အထွက်ပဲ။ အဲဒါထားပါဦး၊ ခုနက မင်းတံခါးဖွင့်ပေးလိုက်တဲ့‌ကောင်လေးက ဘယ်သူလဲ။ တစ်ခါမှမမြင်ဖူးပါဘူး၊ အမျိုးလား"

ခန့်ခန့် သူ့အကြောင်းပါ,ပါလာတော့ လှည့်မကြည့်ဘဲမနေနိုင်။ ဇေယျာ့ဆီ ခေါင်းစောင်းကြည့်လေတော့ နှစ်ဦးသားအကြည့်ချင်း ဆုံမိကြသည်။ အဲ့လူကြီးက သူ့ကိုချိုချိုသာသာ ပြုံးပြတော့ ခန့်ခန့်လည်း မျက်ခုံးအပင့်သား။ အဟုတ်သားလေ ... သူတို့ဈေးဝယ်ထွက်ကြတာ ဘာဆန်းနေလေလို့လဲ"

"မဟုတ်ပါဘူး၊ သင်တန်းကအသိ"

"ခွေးကောင်! သူစိမ်းမပြောနဲ့ ... ကားတူတူလိုက်ဝယ်ပေးတဲ့ သူငယ်ချင်းအရင်းကြီးကိုတောင် တစ်ခါမှတင်မစီးတာ။ နောက်မှခင်တဲ့ကလေးကျ ကားတံခါးဖွင့်ပေးရတာနဲ့၊ နှစ်ယောက်ထဲစီးရတာနဲ့ ... ပြောတော့ ရည်းစားရမှ တင်စီးတော့မှာလိုလိုနဲ့၊ ပြော ... ဟိတ်ကောင်၊ အဲဒါဘယ်သူလဲ"

သူ့အကြောင်းတည့်တည့်ကြီး ဦးတည်ပြောလာတာမို့ ခန့်ခန့် သေချာနားထောင်ရင်း အကြည့်မလွှဲဖြစ်။ အဲ့လူကြီးကဖြင့် ထိန်းမနိုင်ဘဲ ကရားရေလွှတ်ပြောနေသည့် သူငယ်ချင်းကြောင့် အားတုံ့အားနာဟန်ရှိသည်။

"ပါးစပ်ပိတ် ဟိတ်ကောင် ... ကား Bluetooth နဲ့ ပြောနေတာ အကုန်ကြားနေရတယ်။ ဒါပဲ ... ဒါပဲ၊ ပြီးမှပြန်ဆက်မယ်"

အဲ့လူကြီး ရှက်ရှက်နဲ့ ဖုန်းချပစ်လိုက်မှန်း ခန့်ခန့် သိပါသည်။ တကယ်ပဲ အဘိုးကြီးပေါက်စနှင့်တူအောင် ဇီဇာတွေကြောင်ခဲ့တာကိုး။ သူငယ်ချင်းကိုတောင် ကားပေါ်တင်မစီးသူက အထင်လွဲချင်သည့်သူဆို မာနကြီးသည့်ကောင်ဆိုပြီး စိတ်ဆိုးနိုင်သည့်အဖြစ်။ သို့သော် သူ့ကိုယ်ကျ ဘာလို့တင်စီးနေသလဲ။

"စိတ်ထဲမထားနဲ့နော်"

"အဲ့လူကြီးက ကားပေါ်ဘယ်သူမှ တင်မစီးဘူးလား"

"အင်း"

မဟုတ်တာလုပ်ထားသည့် လူတွေကပဲ မျက်လုံးချင်းမဆိုင်ရဲတာဟု ခန့်ခန့်ထင်ခဲ့သည်။ တကယ်ဆို ရှက်တတ်သည့်သူတွေကလည်း ထိုသို့တစ်ပုံစံတည်းပါပေ။ အဖြေကို အထစ်ထစ်အငေါ့ငေါ့ပြောတတ်ပြီး အကြည့်ချင်းလည်း မဆုံတတ်။

"ဘာလို့လဲ။ အခုကျွန်တော်လိုက်စီးနေတာရော အဆင်ပြေရဲ့လား။ တကယ်လို့ အဆင်မပြေရင် နောက်နေ့..."

"အာ မဟုတ်ပါဘူးကွာ။ အရင်ကဒီလိုပဲ စိတ်ကူးထားတာလေး ရှိတာပါ။ ဘာမှမဖြစ်ဘူး၊ နောက်နေ့လည်း ကိုယ်လာခေါ်မယ်။ ကိုယ်ကိုယ်တိုင်တောင် တံခါးဖွင့်ပေးတာမို့ မင််း စိတ်သန့်သန့်နဲ့လိုက်စီးလို့ရတယ်"

ခန့်ခန့် ဘာမှလည်းမပြောရသေးပါဘဲ အတင်းဖြေရှင်းနေသော အဲ့လူကြီးပါပဲ။ သူငယ်ချင်းဆိုသူ ပြောပုံအရ ခန့်ခန့်က သူကိုယ်သူပင် ဂုဏ်ယူမဆုံးဖြစ်ရမလို။ အမြင်မကြည်ဘူး ထင်ခဲ့သည့်အချိန် မိုးရွာကြီးထဲကတည်းက သူ့ကိုကားပေါ်တက်ဖို့ ခေါ်တင်ခဲ့သည်မလား။ ထို့နောက်လည်း အကြိမ်ပေါင်းမနည်း။ တံခါးဖွင့်ပေးမှ တက်တတ်သည်က ခန့်ခန့်အတွက် အကျင့်တောင်ဖြစ်တော့မလိုလို။

"တခြားသူတွေလည်း တင်စီးတယ်မလား"

မနေနိုင်စွာ မေးလိုက်မိပြန်သည်။

"မင်းတစ်ယောက်တည်း"

တရွေ့ရွေ့မောင်းနေသော ကားလေးပေါ်တွင် စကားသံတို့ ဆိတ်သုဉ်းသွားလေပြီ။

(19/9/2020)
••••••••••••••••••••••••••••••••••••••••••••••

<Zawgyi>

ေဆာင္းရက္ေတြ တျဖည္းျဖည္းကုန္လာေလၿပီ။ ညဆိုအခ်မ္းေပါ့လာသလို ေန႔ဆိုပူစပ္စပ္ႏွင့္။ ေရာ္ရြက္ဝါေတြကမူ ေက်ာင္းဝန္းထဲဝယ္ လွဲမကုန္နိုင္ေအာင္ ေႂကြေနၾကေခ်ၿပီ။ မေႂကြေသးသည့္ ရြက္စိမ္းတို႔မွာမူ ဖုန္အလိမ္းလိမ္းႏွင့္။ မိုးမရြာတာၾကာၿပီမို႔ အပင္ေတြမွာ စိမ္းလန္းမွုအားနည္းေနသည္။ ဖုန္ေရာင္ညစ္ႏြမ္းေနတာေရာ၊ ရြက္ဝါေရာေထြးေလတာေရာ။

ဪ ... ေဖေဖာ္ဝါရီလေပတည္း။

ထိုအခ်ိန္္ ေန႔လယ္ထမင္းစားနားခိုက္ ေက်ာင္းထဲရွိ တယ္ပင္ေအာက္တြင္ ႀကိဳးစားပမ္းစား ဂိမ္းထိုင္ေဆာ့ေနၾကေသာ သူငယ္ခ်င္းႏွစ္ေယာက္လည္း ရွိေလသည္။ စာႀကိဳးစားသည့္သူငယ္ခ်င္းကို ေက်ာင္းတြင္အမိအရေတြ႕တုန္း ဆြဲေခၚၿပီးဂိမ္းေဆာ့တာ C ခန္းက ခန႔္ကိုပင္။ ည,ညဆိုလၽွင္ ခန႔္ခန႔္ စာက်က္ခ်ိန္မို႔ ေဆာ့ဖို႔ေတာ္ေတာ္ႏွင့္ ေခၚမရေပဘူးမလား။ ဒါမို႔ အခ်ိန္ရွိခိုက္ လုံ႔လစိုက္ေနၾကတာျဖစ္၏။

"ဟိတ္ေကာင္ ေနာက္တစ္ခ်ိန္ တက္မေနနဲ႔ေတာ့။ ေဆာ့ရတာ အရွိန္ရေနၿပီ၊ မၿပီးေလာက္ဘူး"

ထမင္းစားနားသည့္ တစ္နာရီဆိုသည္မွာ ခန႔္ကိုအတြက္ သိပ္မေလာက္ခ်င္၊ စားရင္းေသာက္ရင္း ေဆာ့လၽွင္ေတာင္ ဂိမ္းကႏွစ္ပြဲမၿပီးတတ္တာကိုး။

"မင္းအေဖက ေဆး႐ုံတက္တုန္းက ေလးရက္ပ်က္ထားတာကြ၊ ဒီလ roll call မျပည့္ရင္ အိမ္တိုင္စာပို႔ခံရမွာ"

"အဲဒါ ေဆးခြင့္တင္လိုက္ေလကြာ၊ ဒီဖက္လာ ... ဒီဖက္လာ"

ေခါင္းမေဖာ္နိုင္ဘဲ ဖုန္းကိုလက္ႏွစ္ဖက္ႏွင့္ သဲႀကီးမဲႀကီးကိုင္ေဆာ့ရင္း ေျပာေနၾကတာျဖစ္၏။

"တင္ထားတယ္၊ ထပ္မပ်က္ခ်င္လို႔။ ႏွစ္ဝက္စာေမးပြဲက ေနာက္လဆိုတာလည္း သတိရဦး၊ တီခ်ယ္ေတြ စာအျမန္ျဖတ္ေနၾကၿပီ။ အတန္းတက္၊ ၿပီးမွ 'D' ေတြတန္းစီထိလို႔ မေအာ္နဲ႔"

"ေအးပါကြာ၊ ဒါဆို ညခဏဆက္ေဆာ့မယ္။ ၇နာရီေလာက္ ငါဖုန္းဆက္လိုက္မယ္"

'၇နာရီ'

အသံၾကားတာႏွင့္တင္ ခန႔္ခန႔္ကိုယ္ေလး မတ္ခနဲျဖစ္သြားသည္။ အဲ့လူႀကီးႏွင့္ ေဈးဝယ္လိုက္ေပးမည္ဟု ေျပာထားၿပီးသားမလား။ မျဖစ္ေခ်၊ အဲသည္ကျပန္လာလၽွင္လည္း စာလုပ္ရဦးမွာႏွင့္ ... ဂိမ္းေဆာ့ဖို႔ အားလပ္မေနေခ်။

"ညလည္း ငါမအားဘူး။ အျပင္သြားဖို႔ ခ်ိန္းထားတာရွိတယ္"

အဲ့လူႀကီးနဲ႔ သြားမွာကိုေတာ့ သူမေျပာျဖစ္။ မဟုတ္လၽွင္ ဒီေကာင္အစအဆုံးစပ္စုပုံႏွင့္ အတန္းေတာင္တက္ရမည္မထင္။

"မင္းရိုးမွရိုးရဲ့လား"

"ဘာလို႔လဲ"

ခန႔္ခန႔္က သေဘာမေပါက္သျဖင့္ ခပ္ေအးေအးသာျပန္ေမးသည္။ သစ္ပင္ရိပ္ေအာက္တြင္ ဂိမ္းေဆာ့သံေတြညံေနသည့္ၾကားက စကားကိုလည္း မရမကေျပာေနၾကျခင္းျဖစ္သည္။

"ဒီေန႔ Valentine day ေလ။ ငါမသိေအာင္ ရည္းစားထားေနတာမလား"

ဂိမ္းကို သဲႀကီးမဲႀကီးေဆာ့ေနရင္းက မယုံသကၤာႏွင့္ ေခါင္းေမာ့ကာ ေမးလာေလတာ ခန႔္ကိုရယ္ပါ။ ရည္းစားထားခိုင္းဖူးတာလည္း သူပါပဲ၊ အခုက်လည္း ရည္းစားရွိေနသလားဟုဆိုကာ အခ်ိန္ဖဲ့ေပးရမွာစိုးတာလည္း သူကိုယ္တိုင္ပါပဲ။

"မင္းအေဖက ရည္းစားထားတဲ့ပုံ ေပါက္ေနလို႔လား။ မင္းသာ ပန္းေလးနဲ႔လည္ေနမွာ"

"ငါတို႔က ညေနပိုင္းပဲလည္မယ္။ မင္းကသာညထိ ဘယ္သူနဲ႔ခ်ိန္းထားမွန္းမသိ။ ေျပာရတာမဟုတ္ဘူးေလ၊ ဟိုသင္တန္းတက္ကတည္းက ငါ့ကို ပလစ္ေနတာ၊ အဲ့မွာ အႀကိဳက္ရွိရင္ ရွိေနမွာေပါ့"

ဟုတ္ေတာ့လည္းဟုတ္ပါသည္။ ဒီရက္ပိုင္း ခန႔္ကိုႏွင့္အျပင္လည္း အတူမသြားျဖစ္၊ ဂိမ္းလည္းေသခ်ာမေဆာ့ျဖစ္။ အရင္ကဆို ပိတ္ရက္ျဖစ္ျဖစ္၊ ညေတြျဖစ္ျဖစ္ အျပင္အတူသြားေနက်ဆိုေတာ့ သည္ေကာင့္ကို ပလစ္ထားသလို ျဖစ္ေနေလၿပီ။

'ဟိုလူႀကီးေၾကာင့္ေပါ့'

ခန့္ခန့္ စိတ္ထဲေတြးမိရင္း မ်က္ေမွာင္ကုပ္ကာ ႏွုတ္ခမ္းတစ္ခ်က္မဲ့သြားသည္။ မဆီမဆိုင္ဆိုေပမဲ့ အဲ့လူႀကီးႏွင့္ သူအခုတေလာ အေတာ္ေပါင္းေနမိသည္မလား။ သင္တန္းႏွစ္ရက္လုံးလည္း အႀကိဳ၊ အပို႔လုပ္ေပးသည္။ ၿပီးလၽွင္လည္း PowerPoint ျပင္ဖို႔၊ သူ႔အဝတ္အစားကိစၥ ကူညီဖို႔ တစ္ေနကုန္နီးပါး ေတြ႕ေနရတာမ်ားသည္။

ဒါေတာင္ ညဆိုဖုန္းဆက္ၿပီး အေရးႀကီးပြဲေတြအတြက္ ဖုန္းလွမ္းဆက္ေမးတာေတြ မပါေသး။ စကားေျပာလၽွင္ အာလာပ၊ သလာပေျပာတာႏွင့္တင္ အခ်ိန္ကမသိလိုက္ဘဲ ကုန္,ကုန္သြားတတ္ေသးသည္။ ဒါေတြက သူ႔စာက်က္ခ်ိန္ေတြ၊ ဂိမ္းေဆာ့ခ်ိန္ေတြကို ေလ်ာ့ပါးေစတာပါပဲ။

တစ္ဖက္ကၾကည့္ျပန္ေတာ့လည္း သူမႏွစ္သက္ဘဲ အတင္းလုပ္ေပးေနရတာေတာ့လည္းမဟုတ္။ စိတ္ပါလက္ပါ ေျပာေပး၊ လုပ္ေပးေနတာမို႔ အဲ့လူႀကီးတစ္ေယာက္တည္းကိုပဲ အျပစ္မဆိုသာ။ ဂိမ္းေဆာ့ရင္း ႐ူး႐ူးႏွမ္းႏွမ္းအေတြးေတြက ၾကားျဖတ္ဝင္ေရာက္ေနေလတာ Messenger က စာတစ္ေစာင္ဝင္မွာပဲ အေတြးစျပတ္သြားေတာ့၏။

"ခ်ာတိတ္ ... စာမသင္ဘဲ ဂိမ္းခိုးေဆာ့ေနသလား" တဲ့ေလ။

အဲ့လူႀကီး အၾကားအျမင္မ်ား ရေနသလား။

..........................

အိမ္ေဆာက္ပစၥည္းဆိုင္က ေဇယ်ာတစ္ေယာက္ ပစၥည္းေတြစစ္၊ ဧည့္သည္ေတြႏွင့္ မျပတ္ေတြ႕ေနသည့္ၾကားက နာရီတၾကည့္ၾကည့္ျဖစ္ေနသည္။ အခ်ိန္ၾကည့္ေတာ့ တစ္နာရီေက်ာ္႐ုံရွိေသး။ ညေန ခ်ာတိတ္ႏွင့္ Shopping သြားၾကမည္ဟု ေျပာထားတာအတြက္ မိနစ္ေတြအမ်ားႀကီးလိုေနေသးသည္။

ေန႔လယ္စာလည္း မစားခ်င္ေသး၍ အေပၚထပ္႐ုံးခန္းျပန္တက္လာခဲ့၏။ အလုပ္ေတြျပန္မလုပ္ခင္ လက္ကမေနနိုင္၊ မထိုင္နိုင္ဘဲ ... Messenger ကဝင္ၾကည့္မိေသးတာက ကနဦးအလုပ္တစ္ခုလို။ ဘာရယ္မဟုတ္၊ ေက်ာင္းျပန္တက္ခ်ိန္ဆိုတာ သိေနေတာ့ ထိုခ်ာတိတ္စာမွလိုက္ၾကည့္ရဲ့လားဆိုတာ ေသခ်ာခ်င္ေနျခင္းပင္။

ဆႏၵေစာစြာ ဖြင့္ၾကည့္မိေတာ့ ထိပ္ဆုံးကပင္မီးစိမ္းေနေလတာ စိုင္းမင္းခန႔္ဆိုသည့္ Account ပင္။ ညကမွေျပာထားေသးေတာ့ ေသခ်ာေတာင္ရွာၾကည့္စရာလိုမေန။ တကယ္ကို ထင္သည့္အတိုင္း စာလိုက္မၾကည့္ဘဲ ဂိမ္းေဆာ့ေနေလသလား သည္ခ်ာတိတ္။

စာေၾကာင္းေလးတစ္ေၾကာင္း ေကာက္ရိုက္လိုက္မိတာ အလ်င္စလို။

'ခ်ာတိတ္ ... စာမသင္ဘဲ ဂိမ္းခိုးေဆာ့ေနသလား'

စာပို႔အၿပီး ေဇယ်ာ အလုပ္စမလုပ္ေသးဘဲ ျပန္ေျပာလာမည့္စာကို ေစာင့္ေနလိုက္သည္။

တစ္မိနစ္။

ႏွစ္မိနစ္။

ေနာက္မွီထိုင္ခုံတြင္ မွီရင္းေစာင့္ရာမွ အေၾကာင္းျပခ်က္မရွိ လမ္းထေလၽွာက္လိုက္ေသး၏။ ခပ္က်ဥ္းက်ဥ္း႐ုံးခန္းမို႔ ေနရာကသိပ္မရွိ။ ဒါမို႔ ဘယ္ညာေလၽွာက္ရသည္မွာ ေခါက္တုံ႔ေခါက္ျပန္။

သုံးမိနစ္။

ေလးမိနစ္။

ငါးမိနစ္ၾကာသည္အထိ စာဝင္ေသာအခ်က္ေပးသံ မၾကားရတာမို႔ ျပန္ဖြင့္ၾကည့္ေလေတာ့ ေစာေစာကတည္းကပင္ လိုင္းဆင္းသြားေလၿပီ။ သူ႔စာပို႔ထားတာကိုေတာ့ ၾကည့္သြားေသးတာပင္။ ေဇယ်ာ သက္ျပင္းရွည္တစ္ခ်က္ခ်ရင္း အလုပ္စလုပ္လိုက္ရေတာ့သည္။

"မင္းမင္း"

"ဟာ ... အစ္ကိုအေစာႀကီး ျပန္ေတာ့မလို႔လား"

ညေနေလးနာရီသည္ ေဇယ်ာ ျပန္ေနက်အခ်ိန္မဟုတ္၊ ဒါမို႔အထူးတဆန္း ေမးလာတာျဖစ္မည္။ မင္းမင္းအဖို႔ ေလးနာရီက ေစာတယ္ထင္ရေသာ္လည္း သူ႔အဖို႔က ေလးနာရီေရာက္ေအာင္ ေအာင့္အီးေစာင့္လိုက္ရသည့္အျဖစ္။ အခ်ိန္သည္ ပုံမွန္ေရြ႕လ်ားတတ္သည့္ တည္ျမဲျခင္းသေဘာရွိေသာ္လည္း လူတို႔၏ခံစားခ်က္အေပၚလိုက္၍ ေႏွးခ်င္ေႏွးကာ၊ ျမန္ခ်င္လည္း ျမန္တယ္ျဖစ္ရေသး၏။

"ငါ ဝင္စရာရွိေသးလို႔၊ ေသခ်ာပိတ္ဖို႔မွာခဲ့ေနာ္"

ခ်ာတိတ္ ေက်ာင္းဆင္းေရာက္ခ်ိန္ကိုမွန္းကာ ထြက္လာခဲ့ရေသာ္လည္း တကယ္ဆို ခ်ာတိတ္ေက်ာင္းကိုသြားသည့္ ဘတ္စ္ေတြက သူ႔ဆိုင္ေရွ႕က ျဖတ္ရသည္ဟုေျပာဖူးသည္။ ဆိုင္မွာဆင္းေနခဲ့လၽွင္ေတာင္ ၿပီးေရာမလား။ ဒါလည္း လက္ခံမည္မဟုတ္ပါေခ်။ အျပင္သြားလၽွင္ အျမဲလန္းေနေအာင္ဝတ္တတ္သည့္ေကာင္ေလးက ေက်ာင္းဝတ္စုံ ... အထူးသျဖင့္ ပုဆိုးႏွင့္ လိုက္မည္မဟုတ္ပါေခ်။ သူ႔အရပ္ႏွင့္ ပုဆိုးဝတ္ရတာမလိုက္ဘူးဟု ေျပာဖူးတာကို ေဇယ်ာ မွတ္သားထားဖူးတာပင္။

သူကိုယ္တိုင္ကေတာ့ အိမ္မဝင္ေတာ့ေခ်။ အခ်ိန္မရမွာစိုးတာမို႔ ခ်ာတိတ္ကိုေခၚၿပီး တစ္ခါတည္းတန္းသြားလိုက္မည္ စိတ္ကူးသည္။ အိမ္အဝင္လမ္းကိုေရာက္ေတာ့ အိမ္ျပန္ေရာက္ၿပီျဖစ္ေၾကာင္း သူ႔အားဖုန္းဆက္လာပါ၏။ စာဘာပို႔ျပန္မပို႔သလဲေတာ့ မေမးျဖစ္ပါေခ်။ သိေတာ့သိခ်င္ေပမဲ့ ခဏေနပဲ လူခ်င္းေတြ႕ေတာ့မည္မလား။

ေဇယ်ာ အိမ္ေရွ႕အေရာက္တြင္ေတာ့ ဝင္ေခၚရေကာင္း၊ မေကာင္း စဥ္းစားရသည္။ သို႔ေပမဲ့ အိမ္ျပန္ညမိုးခ်ဳပ္ေနလၽွင္ လူႀကီးေတြ ဆူပူေနမည္ကို ေတြးပူမိတာေၾကာင့္ ဝင္ေျပာၿပီးေခၚရန္သာ ဆုံးျဖတ္လိုက္၏။

ခ်ာတိတ္တို႔ၿခံႏွင့္ မ်က္ႏွာခ်င္းဆိုင္အိမ္က လူမေနတာမို႔ ထိုေရွ႕မွတင္ ထုံးစံအတိုင္းကားရပ္လိုက္သည္။ ကားေသာ့ပိတ္ၿပီး ၿခံအဝင္မွာတင္ ထိုင္ေနေသာအဘြားႏွင့္ ေတြ႕ရသည္။ သူ႔ကိုျမင္လၽွင္ အျပဳံးခ်ိဳခ်ိဳႏွင့္ႏွုတ္ဆက္တတ္ေသာ အဘြားအား ေဇယ်ာ ခင္မိေနၿပီျဖစ္သည္။

ေျမးျဖစ္သူကို အေပၚထပ္ေအာ္ေခၚေပးေတာ့ ျပတင္းဖြင့္ကာျပန္ေျပာသည္က 'အဲ့လူႀကီး ခဏေနာ္' တဲ့ေလ။ ခ်ာတိတ္အခန္းက အိမ္ေရွ႕ႏွင့္လမ္းဘက္ကို လွမ္းျမင္ရသည္ကိုး။

အဘြားႏွင့္စကားေျပာျဖစ္မွ အန္ကယ္ႏွင့္အန္တီတို႔ ျပန္မေရာက္ၾကေသးမွန္း သိရသည္။ ေျမးျဖစ္သူအေၾကာင္းပါ ရယ္သြမ္းရင္းေျပာျပေနေတာ့ ေဇယ်ာ ေစာင့္ေနရတာမပ်င္းရိေတာ့။ ညီတစ္ေယာက္လို ေစာင့္ေရွာက္ဖို႔လည္း အထပ္ထပ္မွာရွာျပန္၏။ သူလည္း ခ်ာတိတ္ကို ခင္ေနမိတာပါပဲ။ ထူးထူးျခားျခားလည္း ေပ်ာ္ေနမိတာ။

ခဏၾကာေတာ့ ခ်ာတိတ္္ထြက္လာသည္။ မင္းသားက ထုံးစံအတိုင္း အလန္္းဇယားေတြ ဝတ္ေနရလို႔ ၾကာတာျဖစ္ရမည္။ ထြက္လာသည့္ပုံစံကိုၾကည့္တာႏွင့္ ေဇယ်ာ ခန႔္မွန္းလိုက္တာျဖစ္၏။ အသားကေဖြးေဖြး၊ တီရွပ္ကျဖဴျဖဴ၊ ခဲရင့္ေရာင္စင္းေဘာင္းဘီပြကို ဝတ္ဆင္ထားပုံမွာ သူ႔အျမင္တြင္ သိပ္အထာက်ေနသည္။ ေယာက်္ားေလးဆိုေသာ္လည္း အသားအရည္ဝင္းမြတ္မွုက မထိရက္၊ မကိုင္ရက္စရာ။

"သြားမယ္ အဲ့လူႀကီး"

"အဘြားကိုႏွုတ္ဆက္ခဲ့ဦးေလ"

"အျပင္သြားရမယ္ဆို ေမ့ၿပီေပါ့ေလ"

သည္လိုေျပာေသာအဘြားကို ကပ္ခၽြဲပုံက ေသးေသးေကြးေကြးခ်ာတိတ္ကို ပိုကေလးဆန္သြားေစသည္။ ဆယ့္ကိုးႏွစ္၊ တစ္ဦးတည္းေသာသားဆိုေတာ့လည္း ဟုတ္မွာပါပဲေလ။

"အဘြား ဒါဆိုသြားၿပီဗ် ... လာ"

ခ်ာတိတ္ကို ကားတံခါးဖြင့္ေပးၿပီးမွ သူတစ္ဖက္သို႔ ဝင္ထိုင္လိုက္သည္။ အထဲေရာက္သည္ႏွင့္ သူ႔ကိုေခါင္းအစေျခအဆုံး လိုက္စစ္ေနေသာအၾကည့္တစ္စုံႏွင့္ ထိပ္တိုက္ေတြ႕ရေလ၏။

"ဘာမွားလို႔လဲ"

"ကၽြန္ေတာ္ေျပာတဲ့အတိုင္း ဝတ္ရဲ့လားလို႔"

ပုံစံကိုျမင္႐ုံႏွင့္ ႐ုံးကတန္းလာမွန္း သိပုံရသည္။ ေဇယ်ာ၏သည္ေန႔ အဝတ္အစားကို ခ်ာတိတ္ကိုယ္တိုင္ေရြးေပးထားတာပင္။ လူႀကီးေတြႏွင့္ အေရးႀကီးအစည္းအေဝးရွိတာမို႔ ဘာဝတ္ရမလဲလွမ္းေမးေတာ့ video call ေခၚကာ အဆင္ေျပရာမ်ား ေရြးေပးေလသည္။ သူလည္း ႀကိဳက္ရာဝတ္ရတာေပမဲ့ ခ်ာတိတ္လက္ညႇိုးညႊန္ရာပဲ ဝတ္လိုက္မိတာ တေသြမတိမ္း။ ဒါမ်ိဳးဆို မာနခဲေလးက သာလိကာအသြင္ရွိလွသည္မလား။

"ကိုယ္က ညေန မင္းမအားေတာ့ဘူး ထင္ေနတာ၊ ဖုန္းဆက္ေခၚလို႔ ေတာ္ေသးတာေပါ့"

"အားပါတယ္၊ ဘာလို႔လဲ"

"ေန႔လယ္ကစာမျပန္ေတာ့ Valentine day မွာ အလုပ္ရွုပ္ေနတာလားလို႔"

ေသြးတိုးစမ္းကာ သူေမးလိုက္သည္အား ခ်ာတိတ္က မသိက်ိဳးကၽြန္ႏွင့္ ရိုးရိုးသားသားေျဖရွာသည္က၊

"သူငယ္ခ်င္းက သူ႔ကိုအခ်ိန္မေပးဘူးေျပာလို႔ ဂိမ္းေဆာ့ေပးေနတာ၊ ဝင္လာတာျမင္လိုက္ေပမဲ့ ျပန္ေျပာခါနီးမွ အတန္းဝင္လိုက္ရတယ္"

"ဪ...ကိုယ္က တျခားမအားတာကို ေခၚလာမိတာလားလို႔"

"တကယ္ဆို မအားဘူး၊ အဲေကာင္နဲ႔ညက်ရင္ ခဏထပ္ေဆာ့ေပးရဦးမယ္။ သူ႔ကို ပလစ္ထားေတာ့ ေခ်ာ့ရဦးမယ္"

ေရွ႕တည့္တည့္ၾကည့္ကာ ကားေမာင္းေနသည့္ ေဇယ်ာ ပုခုံးတြန့္လိုက္မိသည္။ ဒါကို ခ်ာတိိတ္က ျမင္ျဖစ္ေအာင္ျမင္ပါ၏။

"ဘာလို႔ပုခုံးတြန့္တာလဲ"

"ေတြးမိလို႔ပါ။ သူငယ္ခ်င္းက ရစ္ေတာ့ေခ်ာ့ေပးၿပီး ကိုယ့္ကိုေတာ့ အျမဲတမ္းဂ်စ္ကန္ကန္ျပန္ေျပာတယ္"

"တူမလား"

ခ်ာတိတ္ေျပာလိုက္သည့္ ထိုစကားက ေဇယ်ာ့ရင္ကို အရွိုက္ထိသြားေစမည္ဟု ကိုယ္တိုင္လည္း မထင္ထားမိ။ တစ္ခါတရံ ဘာေတြေမၽွာ္လင့္မိလို႔ ေမၽွာ္လင့္မိမွန္းလည္း ကိုယ့္ကိုယ္ကိုယ္ နားမလည္နိုင္ေတာ့ေခ်။ အသက္အရြယ္တစ္ခုထိ ေရာက္လာတာေတာင္ ခင္မင္မိေသာသူ၊ တြယ္တာမိေသာသူဆို ကိုယ္အေလးထားသလို ျဖစ္ေစခ်င္တာ စိတၱဇတစ္ခုႏွယ္။ လူတိုင္းတစ္ေယာက္ႏွင့္တစ္ေယာက္ ခံစားခ်က္၊ စိတ္သေဘာထား မတူတတ္တာကို ေဇယ်ာ တစ္ခ်က္ျပန္ေတြးယူလိုက္ရသည္။ ၿပီးမွသာ ႏွုတ္ခမ္းေလးတြန႔္႐ုံ ျပဳံးလိုက္ရတာ ခပ္ယဲ့ယဲ့။ "

"အဲ့လူႀကီးကလည္း ကၽြန္ေတာ္စတာကို"

ပါးနပ္ေသာခ်ာတိတ္က သူစကၠန႔္အနည္းငယ္ မူပ်က္သြားတာကို ရိပ္မိဟန္တူပါသည္။ သူလည္း ကေလးအရြယ္ႏွင့္တုၿပီး စိတ္ဆိုးေနတယ္ ထင္ေလသလားမသိ။ တကယ္ဆို စိတ္မေကာင္း႐ုံသက္သက္သာ။
'ရပါတယ္ ခ်ာတိတ္ရ' ဟူေသာ သူ႔အသံတြင္ အဆင္မေျပျခင္းတခ်ိဳ႕ပါေနမွန္း ေသခ်ာေပါက္သိလိုက္သည္။

ဟိန္းေဇယ်ာ ... ဘာမွမဟုတ္တာေလးကို မင္းအကဲမပိုေလစမ္းနဲ႔ ... ကိုယ့္ကိုယ္ကိုယ္ ႀကိတ္ေျပာဆိုေနေလမိတာ မခ်ိတင္ကဲ။

........................

Junction Square တြင္ ဟိုဆိုင္ဝင္၊ သည္ဆိုင္ဝင္ႏွင့္ ေျခရွုပ္ေနၾကေသာ အမ်ိဳးသားႏွစ္ေယာက္။ တစ္ေယာက္မွာမူ အရပ္ရွည္ရွည္ ခႏၶာကိုယ္ေတာင့္တင္းသူမို႔ အမ်ားၾကားတြင္ ထင္ရွားေနသည့္သူမ်ိဳး။ ဒါေပသိ ေဘးကအမ်ိဳးသားငယ္မွာလည္း အျဖဴေရာင္ရွပ္လြင္လြင္ကေလးႏွင့္ ခ်စ္စရာေကာင္းေနေသးတာ ျမင္သူတိုင္း ျငင္းဖြယ္ရာမရွိေပ။

သည္ႏွစ္ေယာက္တြင္ ဦးေဆာင္ေနသူမွာ ေသးေသးေကြးေကြး ခ်ာတိတ္ကေလးပင္။ တစ္ဆိုင္ၿပီးတစ္ဆိုင္ဝင္ၾကည့္ရင္း ေဇယ်ာႏွင့္လိုက္မည့္ အဝတ္မွန္သမၽွ ကိုယ္ေပၚကပ္ၾကည့္လိုက္၊ ျပန္ခ်လိုက္ႏွင့္ အလုပ္ေတြရွုပ္ေနေလလိုက္တာ Stylist ေလးတစ္ေယာက္အတိုင္း။

ေဇယ်ာဆိုသည္ကလည္း ခန့္ခန့္ ဒါလိုက္တယ္၊ ဒါဝယ္ဆိုလၽွင္ ႏွစ္ခါမေတြးဘဲ ဝယ္လိုက္သူမ်ိဳး။ ေရာက္တုန္းေရာက္ခိုက္ ပိုက္ဆံလည္း အသင့္အတင့္သုံးျဖစ္သလို ေဇယ်ာ့လက္ထဲတြင္လည္း အကၤ်ီအိတ္မ်ားျဖင့္ ျပည့္နက္ေနေလၿပီ။

ခန့္ခန့္မွာေတာ့ မိခင္ႏွင့္မဆုံလိုက္၍ ပိုက္ဆံကမေလာက္။ မွင္ေသေသျဖင့္သာ ရွိသည့္မုန႔္ဖိုးႏွင့္ အဆင္ေျပလွေသာ ရွပ္လက္တိုတစ္ထည္သာ ဝယ္ျဖစ္လိုက္သည္။

တကယ္ဆို ခန့္ခန့္ Pangaia က အသားအိစက္ေနေသာ တီရွပ္ေလးကို လိုခ်င္သည့္စိတ္ႏွင့္ ကိုင္ၾကည့္လို႔မဆုံး။ အႀကိဳက္ဆုံးျဖစ္ေသာ အျဖဴေရာင္ျဖစ္တာေပမဲ့ $130ေက်ာ္ဆိုေတာ့ မိဘေတြကို ပူဆာမွရမည္ပင္။ စိတ္ထဲတြင္လည္း ပိုက္ဆံမ်ားမ်ား ေပးမကိုင္သည့္မိခင္ကို ေတြးစိတ္ဆိုးမိျပန္သည္။ သို႔ႏွင့္ မဝယ္နိုင္သည့္အကၤ်ီနား သူတဝဲဝဲလည္လည္ႏွင့္။ သူဆိုသည္မွာလည္း ႀကိဳက္လၽွင္အစြဲအလမ္းႀကီးသလို လိုခ်င္လၽွင္လည္း ခ်က္ခ်င္းရခ်င္သည့္လူမ်ိဳးပင္။

"အဲ့လူႀကီး ျပန္ေတာ့မလား"

"အင္း ကိုယ္ ဒါေလးၾကည့္ေနတာ၊ ၿပီးရင္ျပန္မယ္ေလ"

"အဲဒါဆို အဘြားအတြက္ မုန႔္သြားဝယ္ဦးမယ္။ ၾကည့္ၿပီးဆင္းခဲ့ေတာ့ေနာ္၊ Parking ကပဲ ေစာင့္ေတာ့မယ္"

ဝယ္ထားၿပီးေသာ အိတ္ကိုကိုင္ရင္း ခန႔္ခန႔္ေလၽွာက္လာခဲ့တာ ေပါ့ေပါ့ပါးပါး။ အျပင္သြားလၽွင္ အနည္းဆုံးအဘြားအတြက္ေတာ့ မုန႔္ပါေအာင္ဝယ္တတ္တာ သူ႔အက်င့္တစ္ခုပင္။ အျပင္သိပ္မထြက္နိုင္သည့္ အဘြားအတြက္ အစားအေသာက္ေကာင္းေကာင္းႏွင့္ အဆန္းအျပားေတြဆိုတာ ကိုယ္တကူးတကဝယ္ေပးမွ စားျဖစ္ေတာ့မွာျဖစ္သည္။

ဒါမို႔လည္း ခန႔္ခန႔္သည္ အဘြားအခ်စ္ေတာ္ျဖစ္ေနေလတာ နည္းနည္းမွမဆန္းပါေခ်။

မုန႔္ဝယ္အၿပီး အဲ့လူႀကီးကားနားေရာက္ေလေတာ့ ခဏတာ ရပ္ေစာင့္လိုက္ရေသးသည္။ ၿပီးမွသာ အထုပ္စုံႏွင့္ အဘိုးႀကီးေပါက္စက ထြက္လာတာျဖစ္၏။ ေျပာလို႔သာေျပာရသည္၊ သူဝတ္ခိုင္းသည့္အတိုင္း ေသခ်ာက်က်နန ဝတ္ေလေတာ့လည္း ခႏၶာကိုယ္အခ်ိဳးအစား မိုက္တာေရာ၊ ႐ုပ္ခံရွိတာေရာေၾကာင့္ပါ အဲ့လူႀကီးက ခပ္မိုက္မိုက္ဘဲႀကီးျဖစ္ေနေခ်ၿပီ။

"ေစာင့္ေနတာၾကာၿပီလား"

"မဟုတ္ဘူး၊ အခုပဲေရာက္တာ"

ေဇယ်ာ ကားေလာ့ခ္ဖြင့္ၿပီး ခန႔္ခန႔္ကို တံခါးဖြင့္ေပးလိုက္သည္။ တစ္ဆက္တည္း သူလည္းေနရာဝင္ထိုင္ၿပီး အိတ္ေတြေနရာခ်ထားသည္။ သည္တြင္ တစ္ထုတ္ကိုေတာ့ မထားျဖစ္၊ လက္ထဲတြင္သာ ေဖာက္ခ်လိုက္သည္။

"ေရာ့!"

မထင္မွတ္ထားလို႔ပဲလား၊ ခ်ာတိတ္ေမာ့ၾကည့္လာေလတာ တအံ့တဩ။ ရမယ္ထင္မထားလို႔ပဲလား၊ ဒါမွမဟုတ္ သူကေပးတာမို႔လို႔မ်ားလား။ တစ္မ်ိဳးျမင္ၿပီး စိတ္ခုမွာလည္း စိုးထိတ္ရေသးတာ ဟိန္းေဇယ်ာပင္။

"Valentine day ေလ၊ ရည္းစားမရွိဘူးဆိုေတာ့ ေခ်ာကလက္မစားရမွာစိုးလို႔"

ဗူးထဲမွထုတ္ေကၽြးေသာ ေခ်ာကလက္အလုံးမွာ အိတ္ခြံေလးပတ္လ်က္သာ ရွိေသးသည္။ ေဇယ်ာ တစ္ဗူးလုံးေပးဖို႔ ရည္ရြယ္ထားေသာ္လည္း စားေစခ်င္၍သာ တစ္လုံးအရင္ထုတ္ေပးလိုက္သည္။ ခ်ာတိတ္ကျဖင့္ လက္လွမ္းမယူေသး။

"ေဖေဖာ္ဝါရီ ၁၄ မွာ ေခ်ာကလက္စားမွျဖစ္မယ္ဆိုတဲ့ ဥပေဒမွမရွိတာ။ ထုတ္လာရင္လည္း ဒါမမၽွတတာပဲ"

"ကဲပါ ... ကိုယ္ေက်နပ္ေအာင္ စားလိုက္"

သည္လိုေျပာေတာ့လည္း ေပးလက္စတစ္လုံးကို အခြံခြာၿပီး ေကာက္ခနဲစားေပးပါ၏။ ဗူးကိုေတာ့ သူ႔အိမ္ေရွ႕ေရာက္မွ ေပးရမည္။ ရိုးရိုးေပးလို႔ေတာ့မရ၊ သည္ေန႔အတူလိုက္ေပးတာ ေက်းဇူးတင္လို႔ဆိုတာမ်ိဳး ေျပာေပးရမည္ပင္။

ဤသို႔ျဖင့္ ညေနကထြက္ခဲ့ၾကေသာ သူတို႔ႏွစ္ေယာက္မွာ အျပန္လမ္းတြင္ ညေရာက္ေနေခ်ၿပီ။ ညစာကို အိမ္မွာပဲစားခ်င္တယ္ဟူေသာ ခန႔္ခန႔္အေျပာေၾကာင့္ သူတို႔ဘာမွမစားျဖစ္ၾက။ လိုတာေတြဝယ္ၿပီး အိမ္တန္းျပန္ၾက႐ုံပင္။ ခန႔္ခန႔္မွာမူ ဝယ္လာသည့္အဝတ္အစားေတြကို သြားရမည့္ေနရာအလိုက္ တြဲစပ္ဝတ္ဖို႔၊ အေရာင္အေနအထားကအစ တတြတ္တြတ္ေျပာလာခဲ့သည္။

ထိုအခ်ိန္ တတြင္တြင္ျမည္လာေသာ အဲ့လူႀကီး၏ဖုန္းျမည္သံ။ ကား၏ Bluetooth စနစ္ႏွင့္ခ်ိတ္ဆက္ထားၿပီးသားမို႔ အလယ္ကမ်က္ႏွာျပင္တြင္‌ ေခၚဆိုသူနာမည္ကိုပါ ခန႔္ခန႔္ျမင္ေနရေလသည္။ 'ထက္ျမက္' ဆိုေတာ့ အဲ့လူႀကီးသူငယ္ခ်င္းပင္ ျဖစ္ပါလိမ့္မည္။ ခန႔္ခန႔္ မ်က္ႏွာတစ္ဖက္လႊဲရင္း မွန္ေဘာင္ကတဆင့္ လူေတြကိုေငးေနလိုက္သည္။

"ေအး ထက္ျမတ္ ... ေျပာ"

"ေဟ့ေကာင္ ငခန႔္"

အဲ့လူႀကီးမွာ ဖုန္းကိုင္မေျပာဘဲ Bluetooth ႏွင့္ပဲ ဆက္ေျပာေနတာမို႔ ခန႔္ခန႔္ပါ ႏွစ္ဦးႏွစ္ဖက္ေျပာသမၽွအကုန္ ၾကားေနရသည့္အေနအထားပင္။

"ငါ့ကိုေျပာေတာ့ ဒီညမအားဘူးဆို၊ ခုက်ေဈးဝယ္လာထြက္ေနတယ္ေပါ့"

"ေအးေလ၊ ေဈးဝယ္ထြက္မွာမို႔ မအားဘူးေျပာတာ။ မင္းျမင္လိုက္လို႔လား"

"မင္းနဲ႔ငါ ကားအဝင္အထြက္ပဲ။ အဲဒါထားပါဦး၊ ခုနက မင္းတံခါးဖြင့္ေပးလိုက္တဲ့‌ေကာင္ေလးက ဘယ္သူလဲ။ တစ္ခါမွမျမင္ဖူးပါဘူး၊ အမ်ိဳးလား"

ခန႔္ခန႔္ သူ႔အေၾကာင္းပါ,ပါလာေတာ့ လွည့္မၾကည့္ဘဲမေနနိုင္။ ေဇယ်ာ့ဆီ ေခါင္းေစာင္းၾကည့္ေလေတာ့ ႏွစ္ဦးသားအၾကည့္ခ်င္း ဆုံမိၾကသည္။ အဲ့လူႀကီးက သူ႔ကိုခ်ိဳခ်ိဳသာသာ ျပဳံးျပေတာ့ ခန႔္ခန႔္လည္း မ်က္ခုံးအပင့္သား။ အဟုတ္သားေလ ... သူတို႔ေဈးဝယ္ထြက္ၾကတာ ဘာဆန္းေနေလလို႔လဲ"

"မဟုတ္ပါဘူး၊ သင္တန္းကအသိ"

"ေခြးေကာင္! သူစိမ္းမေျပာနဲ႔ ... ကားတူတူလိုက္ဝယ္ေပးတဲ့ သူငယ္ခ်င္းအရင္းႀကီးကိုေတာင္ တစ္ခါမွတင္မစီးတာ။ ေနာက္မွခင္တဲ့ကေလးက် ကားတံခါးဖြင့္ေပးရတာနဲ႔၊ ႏွစ္ေယာက္ထဲစီးရတာနဲ႔ ... ေျပာေတာ့ ရည္းစားရမွ တင္စီးေတာ့မွာလိုလိုနဲ႔၊ ေျပာ ... ဟိတ္ေကာင္၊ အဲဒါဘယ္သူလဲ"

သူ႔အေၾကာင္းတည့္တည့္ႀကီး ဦးတည္ေျပာလာတာမို႔ ခန႔္ခန႔္ ေသခ်ာနားေထာင္ရင္း အၾကည့္မလႊဲျဖစ္။ အဲ့လူႀကီးကျဖင့္ ထိန္းမနိုင္ဘဲ ကရားေရလႊတ္ေျပာေနသည့္ သူငယ္ခ်င္းေၾကာင့္ အားတုံ႔အားနာဟန္ရွိသည္။

"ပါးစပ္ပိတ္ ဟိတ္ေကာင္ ... ကား Bluetooth နဲ႔ ေျပာေနတာ အကုန္ၾကားေနရတယ္။ ဒါပဲ ... ဒါပဲ၊ ၿပီးမွျပန္ဆက္မယ္"

အဲ့လူႀကီး ရွက္ရွက္နဲ႔ ဖုန္းခ်ပစ္လိုက္မွန္း ခန႔္ခန႔္ သိပါသည္။ တကယ္ပဲ အဘိုးႀကီးေပါက္စႏွင့္တူေအာင္ ဇီဇာေတြေၾကာင္ခဲ့တာကိုး။ သူငယ္ခ်င္းကိုေတာင္ ကားေပၚတင္မစီးသူက အထင္လြဲခ်င္သည့္သူဆို မာနႀကီးသည့္ေကာင္ဆိုၿပီး စိတ္ဆိုးနိုင္သည့္အျဖစ္။ သို႔ေသာ္ သူ႔ကိုယ္က် ဘာလို႔တင္စီးေနသလဲ။

"စိတ္ထဲမထားနဲ႔ေနာ္"

"အဲ့လူႀကီးက ကားေပၚဘယ္သူမွ တင္မစီးဘူးလား"

"အင္း"

မဟုတ္တာလုပ္ထားသည့္ လူေတြကပဲ မ်က္လုံးခ်င္းမဆိုင္ရဲတာဟု ခန႔္ခန႔္ထင္ခဲ့သည္။ တကယ္ဆို ရွက္တတ္သည့္သူေတြကလည္း ထိုသို႔တစ္ပုံစံတည္းပါေပ။ အေျဖကို အထစ္ထစ္အေငါ့ေငါ့ေျပာတတ္ၿပီး အၾကည့္ခ်င္းလည္း မဆုံတတ္။

"ဘာလို႔လဲ။ အခုကၽြန္ေတာ္လိုက္စီးေနတာေရာ အဆင္ေျပရဲ့လား။ တကယ္လို႔ အဆင္မေျပရင္ ေနာက္ေန႔..."

"အာ မဟုတ္ပါဘူးကြာ။ အရင္ကဒီလိုပဲ စိတ္ကူးထားတာေလး ရွိတာပါ။ ဘာမွမျဖစ္ဘူး၊ ေနာက္ေန႔လည္း ကိုယ္လာေခၚမယ္။ ကိုယ္ကိုယ္တိုင္ေတာင္ တံခါးဖြင့္ေပးတာမို႔ မင္္း စိတ္သန႔္သန႔္နဲ႔လိုက္စီးလို႔ရတယ္"

ခန႔္ခန႔္ ဘာမွလည္းမေျပာရေသးပါဘဲ အတင္းေျဖရွင္းေနေသာ အဲ့လူႀကီးပါပဲ။ သူငယ္ခ်င္းဆိုသူ ေျပာပုံအရ ခန႔္ခန႔္က သူကိုယ္သူပင္ ဂုဏ္ယူမဆုံးျဖစ္ရမလို။ အျမင္မၾကည္ဘူး ထင္ခဲ့သည့္အခ်ိန္ မိုးရြာႀကီးထဲကတည္းက သူ႔ကိုကားေပၚတက္ဖို႔ ေခၚတင္ခဲ့သည္မလား။ ထို႔ေနာက္လည္း အႀကိမ္ေပါင္းမနည္း။ တံခါးဖြင့္ေပးမွ တက္တတ္သည္က ခန႔္ခန႔္အတြက္ အက်င့္ေတာင္ျဖစ္ေတာ့မလိုလို။

"တျခားသူေတြလည္း တင္စီးတယ္မလား"

မေနနိုင္စြာ ေမးလိုက္မိျပန္သည္။

"မင္းတစ္ေယာက္တည္း"

တေရြ႕ေရြ႕ေမာင္းေနေသာ ကားေလးေပၚတြင္ စကားသံတို႔ ဆိတ္သုဥ္းသြားေလၿပီ။

(19/9/2020)
••••••••••••••••••••••••••••••••••••••••••••••

Bạn đang đọc truyện trên: Truyen3h.Co